《အချစ်ဝိုင် ( Complete )》Part 11
Advertisement
အချစ်ဝိုင် ( part - 11 )
▪▪▪▪▪▪▪▪▪▪
"ငါတို့ထွက်ခဲ့ပြီ ခေ"
မက်ဆေ့ဝင်လာတော့ ခေသည်ဖုန်းကိုပြန်ချထားလိုက်ပြီး မျက်မှန်ကိုကောက်တပ်လိုက်သည်။
သူတို့မေမေ့ရဲ့ခိုင်းစေချက်ကြောင့် ကျောက်ဆည်ကိုမောင်နှမ နှစ်ယောက်အတူထွက်လာမည်ဟု မခက ပြောသည်။
အတွင်းလူအဖြစ် မခနဲ့မခရဲ့အမေပါ ပါသည်မို့ ခေတို့planအောင်မြင်ဖို့အတွက်က ပိုပြီးလမ်းပွင့်နေ၏။
ကျောက်ဆည်သို့သွားမည့်လမ်းသည်လည်း ရှင်းလင်းလျက်ရှိနေသည်မို့ ခေတို့ကြံစည်ထားသမျှ အောင်မြင်မှာသေချာသည်။
ခေက ပီယရဲ့ကားကိုယူလာ၍ ဒီကိစ္စမှာ ခေပါလိမ့်မည်ဟု မင်းစေရာ ရိပ်မိမှာတော့မဟုတ်။
"နင့်ကားက သူနဲ့တိုက်ဖူးတယ်လေ ပီယရဲ့ သူမှတ်မိရင်မှတ်မိနေမှာပေါ့"
"အေး သိတယ် ခေ ငါလုပ်တာလို့ပဲထင်စေချင်တာ နင်ပါတယ်လို့ ဘယ်သူမှမသိစေချင်ဘူး"
အစီအစဥ်တစ်ခုလုံး ခေ့ရဲ့Planမို့ ဒီတစ်ခုကိုတော့ ပီယရဲ့သဘောထားအတိုင်းသာ လိုက်လျောလိုက်သည်။
ထွဋ်ကတော့ ခေ ခိုင်းသမျှအကုန်လုပ်ပေးတတ်သူမို့ ထူးပြီးညှိနေစရာမရှိသလို တိုင်ပင်တုန်းကလည်း နှုတ်ဆိတ်နေသည်။
"ပီယ နင်တို့ဘယ်မှာလဲ"
"မြစ်ငယ်မှာငါတို့ရောက်နေပြီ မခတို့တော့မလာသေးဘူး"
"ဂရုစိုက်နော် နှစ်ယောက်လုံး ဂွင်ကောင်းရင် မင်းစေရာကိုခေါင်းကွဲအောင်ပါချပစ် ကြားလား"
ခေ့စကားကြောင့် ရယ်သံတွေထွက်လာ၍ ခေ ဖုန်းကိုပြန်ချပြီး ခရီးစဥ်ကိုစိတ်တွက်နဲ့ တွက်နေမိသည်။
မြစ်ငယ်ရဲ့ မြောက်ဘက်လမ်းသည် ဟိုက်ဝေးလမ်းဖြစ်ပြီး ကားအသွားအလာရှင်းသည်မို့ ထိုနေရာမှာပဲ ဖြုတ်ချဖို့ ခေ့စိတ်ထဲမှတ်ထားလိုက်သည်။
နာရီဝက်လောက်ကြာတော့ ပီယဆီက ဖုန်းဝင်လာပြီး ပီယက မခတို့ကားနောက်က ခပ်ခွာခွာလိုက်လာသည်ဟု ဆိုသည်။
"နင်က ဘယ်မှာလဲ ခေ"
"စဥ့်ကိုင်မှာ"
"ငါတို့ရောက်တော့မယ်"
ခေ ရင်တွေခုန်လာပြီး လက်ဖဝါးမှာချွေးစေးတွေထွက်လာသည်အထိ စိတ်လှုပ်ရှားနေမိသည်။
မကြာပါ...
မခတို့ရဲ့ကားအဝါရောင်လေး ခေ့ရှေ့က ဝေါခနဲဖြတ်မောင်းသွားပြီး မလှမ်းမကမ်းမှာလိုက်လာသည့် ထွဋ်ရဲ့ကားကလည်း ခေ့ရှေ့က ဖြတ်မောင်းသွားသည်။
ထိုအခါမှ ခေ ကားကိုစက်နှိုးလိုက်ကာ ထိုကားတွေနောက်က အရှိန်တင်ပြီးလိုက်လာခဲ့သည်။
စဥ့်ကိုင်အထွက်လမ်းတွေသည် ကားမရှိသလောက်ရှင်းနေတာမို့ လီဗာကိုဖိနင်းကာ ထွဋ်ရဲ့ကားကိုကျော်ပစ်သည်။
"OK"
ထွဋ်က လက်ပြလိုက်သဖြင့် ခေသည် မခတို့ကားလေးကိုပါကျော်တက်ပြီး လမ်းဘေးကိုဆွဲချခြင်းဖြင့် ထိုးရပ်လိုက်သည်။
မခတို့ကားအဝါလေး ဖရိုဖရဲရပ်သွားပြီး ထင်ထားသည့်အတိုင်း ဆတ်ဆတ်ထိမခံသော မင်းစေရာက ဒေါသတကြီးဖြင့် ကားပေါ်ကဆင်းလာသည်။
"ဟေ့ ကားကိုဘယ်လိုမောင်းနေတာလဲ"
မရှေးမနှောင်းမှာပဲ ထွဋ်တို့ကားပါရပ်သွားပြီး ပီယရော ထွဋ်ပါ maskကိုယ်စီဖြင့်ဆင်းလာပြီး ရှေ့ကိုမဲနေသောမင်းစေရာကိုဆွဲလှည့်ကာ ပီယကဝမ်းဗိုက်ဆီကို လက်သီးတစ်ချက်ထိုးပစ်၏။
နောက်မှာလူတွေဆင်းလာတာကို သတိပြုမိပေမယ့် နောက်ကျသွားပြီမို့ မင်းစေရာသည် အွတ်ခနဲဖြစ်ကာ အလျှော့မပေးလိုသည့်ဒေါသဖြင့် ပီယကိုပြန်ထိုးလေ၏။
ပီယဘက်ကို အာရုံရောက်သွားသည့်အခါ ထွဋ်က အသင့်ယူလာသည့်baseballတုတ်တံဖြင့် ခွပ်ခနဲရိုက်ချပစ်လိုက်သည်။
"တောက်!! မင်းတို့"
မင်းစေရာက ခေါင်းကိုကိုင်ထားရင်း ထွဋ်ကို လှည့်ကြည့်လာပေမယ့် ထွဋ်ရဲ့လက်ဆက ကွက်တိပဲမို့ ဝုန်းခနဲလဲကျသွား၏။
ထိုအခါမှ ခေက ကားပေါ်ကဆင်းလာပြီး မင်းစေရာကိုငုံ့ကြည့်ကာ...
"ဘာမှတော့မဖြစ်ဘူးမလား"
"မဖြစ်ပါဘူး ဝိုင် ခဏမေ့သွားရုံပါ"
"ကို"
ထိုအခါမှ မခလည်းကားပေါ်ကဆင်းပြေးလာပြီး ပီယဆီအရင်ပြေးဖက်၍ အားလုံးရယ်လိုက်ရသေးသည်။
သွေးဆိုးသည့်လူမို့ ပီယတစ်ယောက်တည်း မနိုင်မှာစိုး၍ ထွဋ်ကိုအဖော်ခေါ်လာခဲ့ခြင်းက အဆင်ပြေသွားတာမို့ ပီယက ထွဋ်ကိုလက်ဆွဲနှုတ်ဆက်လေ၏။
"ကျေးဇူးပဲ သားကြီးရာ"
"ရပါတယ်ကွာ အေးဆေး သူ့ကိုကားပေါ်ပဲ ပြန်တင်ပေးခဲ့ရအောင်"
မင်းစေရာကို ကားပေါ်ပြန်တင်အပြီးမှာ ပီယက မခနဲ့အတူ ပြင်ဦးလွင်ပြန်တက်မှာဖြစ်သလို ခေကတော့ Hotelကိုသာ ပြန်မည်ဖြစ်သည်။
ခေက ပြုံးပြီးအင်္ကျီအိပ်ကပ်ထဲက သော့တစ်တွဲကို ပီယဆီလှမ်းပစ်ပေးရင်း မျက်လုံးတစ်ဖက်မှိတ်ပြ၏။
"တောင်ကြီးအိမ်သော့"
တောင်ကြီးအိမ်က အဖေ့ရဲ့အိမ်မို့ ပီယ အံ့သြသွားမိပေမယ့် အဖေက ခေ့ကိုချစ်ပြီးသားပဲမို့ အလွယ်တကူရလာခြင်းဖြစ်မည်။
"အဖေပေးလိုက်တာလား ခေ"
"အင်း အပမ်းဖြေခရီးထွက်ချင်လို့ဆိုပြီး အန်ကယ့်ဆီက သွားတောင်းလာတာ တစ်ပတ်လောက်တော့ ရှောင်နေလိုက်ဟာ ငါ့ဆီတော့ဖုန်းဆက်"
"အေးပါ နင်လည်းဂရုစိုက်နော် ခေမ"
"အေး wedding မှာပြန်တွေ့မယ်"
"သွားမယ် ထွဋ်ခေါင် မင်းကိုလည်း ကျေးဇူးတင်တယ်"
ထွဋ်က ပြုံးပြခေါင်းညိတ်သည်။
မင်းစေရာကို သူ့ကားနဲ့လမ်းဘေးမှာပဲရပ်ထားခဲ့ပြီး ထွဋ်က ခေ့ကိုHotelအထိပြန်လိုက်ပို့ပေးသည်။
"ဝိုင် ကိုယ်လည်းမင်းကိုအဲ့လိုခိုးရမလား"
"အံမယ် မလိုက်ပါဘူး ခိုးရဲခိုးကြည့်ပါလား ဒီတစ်ခါ baseballတုတ်က ဘယ်သူ့ခေါင်းပေါ်ကျသွားမယ်ထင်လဲ"
"မင်းကိုရမယ်ဆို ခေါင်းကွဲရလည်းဖြစ်ပါတယ် တန်တယ်လေ"
ခေ ထွဋ်ကိုမျက်စောင်းထိုးပစ်လိုက်၏။
အစီအစဥ်က ချောချောမွေ့မွေ့ပြီးသွားသည်မို့ ခေ့စိတ်ထဲမြူးကြွနေရင်း တစ်ယောက်တည်းသဘောတကျရယ်မိသည်။
ရိုင်းစိုင်းတဲ့လူ..
ရှင်မှတ်ပြီလား......
▪▪▪⏳⏳⏳▪▪▪
တစ်ရက်တည်းဖြင့် နောင်ချိုအထိတက်လာခဲ့တာမို့ မခက ပင်ပန်းကာ အိပ်နှင့်နေပြီဖြစ်သည်။
သူ့အနေနဲ့ ဒီခရီးလောက်ကို မပင်ပန်းသလို မခကိုပိုင်ဆိုင်ရပြီဆိုသော ကြည်နူးစိတ်ဖြင့် အိပ်မပျော်သေးဘဲ အဖေ့ဆီဖုန်းဆက်လိုက်သည်။
ဒါမှလည်း မခအတွက်စီစဥ်စရာရှိတာတွေ စီစဥ်နိုင်မှာမလား...
ခိုးရာလိုက်လာသည့်မိန်းကလေးအဖြစ် မခကို ဘယ်သူမှအထင်မသေးစေချင်သလို သူမကို တန်ဖိုးထားယုယချင်သည်။
"အဖေ"
"ပြော ငါ့သား"
"ကျွန်တော် မိန်းမခိုးလာတယ်"
"မင်းကလည်း လုပ်ပြီကွာ ဘယ်သူလဲ ဘယ်ကလဲ"
"မန္တလေးကပါ အဖေကလည်း တွေ့ရင်သိရမှာပေါ့ဗျာ ကျွန်တော် အဲ့ဒါအကြောင်းကြားတာ တစ်ပတ်လောက်နေရင် လူကြီးစုံရာနဲ့ ပြန်အပ်ပေးဖို့ ပြီးတော့ မင်္ဂလာပွဲ"
"နေပါဦးကွာ"
အဖေသည် သူပြောသွားသည့် စကားတွေကိုနားထောင်ရင်း ရယ်သံသဲ့သဲ့ဖြင့် အစီအစဥ်တစ်ခုဆွဲပေးသည်။
အဖေဟာ သူ မိန်းမ ခိုးလာလို့ ဆူပူမှာမဟုတ်ကြောင်း သိသည်။
ထို့အတူ ခေရော၊ လေးလေးပါ သူ့အတွက်အစစအရာရာ ပြည့်စုံအောင်ကူညီကြမှာကိုသိသည်။
Advertisement
ဒါကြောင့်လည်း ခေနဲ့တိုင်ပင်ကာ မခကို အေးအေးလူလူ ခေါ်ထုတ်လာနိုင်ခြင်းဖြစ်သည်။
"အဖေက အခု မြစ်ကြီးနားရောက်နေတယ် ငါ့သား မနက်ဖြန်ညနေပြန်ရမှာ အဖေမန္တလေးကိုပြန်နှင့်မယ် မင်းရဲ့လေးလေးကိုရော အဖေခေါ်ထားလိုက်မယ် မိန်းကလေးဘက်ကို လူကြီးချင်း အရင်စကားပြောကြတာပေါ့"
"ဟုတ်ကဲ့"
"အခုက ဘယ်ကိုသွားမှာလဲ မင်းက"
"တောင်ကြီးကိုသွားမှာ အဖေ့ဆီက သော့ယူလာတယ်"
"Aww ဟိုကောင်မလေး ခေခေ ဂဂျီဂကျောင်လုပ်နေတာ ဒါကြောင့်ကိုး ဒီကောင်မလေးမှ ပါပါ့မလားလို့စိတ်ပူနေတာ"
"မပူနဲ့ အဖေ ခရေဝိုင်မပါရင်ပွဲမစည်ဘူး"
"အခုရော ခေခေပါခဲ့လား"
"မန္တလေးမှာကျန်ခဲ့တယ် ဟိုမှာအခြေအနေတွေသိဖို့လိုသေးတယ်လေ အဖေရဲ့"
"ကောင်းပါ့ကွာ မင်းတို့နှစ်ကောင်ကတော့ အတော်လိုက်လည်းလိုက်တယ် တကယ့်ဗရုတ်သုတ်ခ"
အဖေ သူနဲ့စကားမပြောဖြစ်တာကြာပြီမို့ စကားတွေပြောနေရင်း မခနိုးလာ၍ အဖေ့ကိုနှုတ်ဆက်ကာ ဖုန်းချလိုက်သည်။
မခက အိပ်ယာထဲကထလာပြီး သူ့အနားကိုရောက်လာ၍ မခလက်ကလေးကိုဆွဲယူပြီး ဖွဖွလေးနမ်းမိသည်။
"ကို မအိပ်သေးဘူးလား"
"အိပ်မပျော်ဘူးဖြစ်နေတယ် ကိုယ်ပျော်နေတာလားမသိဘူး မခကရော တစ်ရေးနိုးလာတာလား"
"အင်း မခလည်းအိပ်မရပါဘူး ကိုရယ် အိမ်မှာဘာတွေဖြစ်ကျန်ခဲ့မလဲမသိဘူးနော် မခလေ ကိုမင်းကိုအရမ်းကြောက်တယ်သိလား အခုလည်းမေမေနဲ့ပဲကျန်ခဲ့မှာ မေမေ့ကိုရိုက်နှက်နေမလားမသိဘူး"
"အမေကိုတော့ မရိုက်လောက်ပါဘူး မခရယ် ကလေးသေးသေးလေးကျနေတာပဲ တွေးပူနေလိုက်တာ"
မခပုံစံလေးက တကယ်စိတ်မကောင်းဖြစ်နေတာမို့ ဟိုကောင်ဘယ်လောက်အနိုင်ကျင့်ထားတာလဲဟု တွေးရင်း ကြိတ်ဒေါသဖြစ်မိသည်။
လူကြည့်တော့ မင်းသားရှုံးလောက်သည့်ပုံစံဖြင့်။
မင်းသားခေါင်းဆောင်းတဲ့ဘီလူးဆိုတာ ဒီကောင့်အတွက် သီးသန့်ပေါ်လာသည့်စကား ဖြစ်ရမည်။
"တကယ်ပြောတာ ကိုရဲ့ ကိုမင်းကလေ ဘန်ကောက်ကပြန်ရောက်ကတည်းက အရမ်းလည်းစိတ်ဆတ်လာတာ အရင်ကပုံစံနဲ့တခြားစီပဲ တခြားလူတစ်ယောက်ဖြစ်သွားသလိုပဲ ကြည့်ရတာဟိုကိစ္စကြောင့်ထင်ပါရဲ့"
"သူက အရင်ကတည်းက စိတ်ဆတ်တယ်မဟုတ်ဘူးလား"
မခပုံစံက စိတ်ပြေလက်ပျောက် မင်းစေရာအကြောင်းပြောပြချင်နေသလိုမို့ သူ စကားထောက်ပေးလိုက်သည်။
မဟုတ်လည်း ယောက်ဖတော်ရတော့မှာပဲမို့ ထိုလူအကြောင်း ပိုသိထားတော့ ပိုကောင်းသည်ကိုး။
"အရင်ကလည်း စိတ်ဆတ်ပေမယ့် ဒီလောက်မဆိုးဘူးကိုရဲ့ အများအားဖြင့်တော့ စိတ်ရှည်ပါတယ်
အရင်ကဆို ကိုမင်းက စာအရမ်းတော်တာသိလား စာတော်လို့ ပညာသင်လွှတ်ရင်လည်း သြဇီတို့ UKတို့ကိုမလွှတ်ဘဲနဲ့ ဖေဖေကဘာလို့ ဘန်ကောက်ကိုလွှတ်လိုက်မှန်းမသိဘူး
အဲ့မှာလေးနှစ်သွားနေလာပြီး အရမ်းပျက်စီးသွားတာပဲ
ကိုမင်းအခုဖြစ်နေတာက တခြားသူတစ်ယောက်လိုပဲ အရင်ကနဲ့လုံးဝကို မတူတော့တာ"
"အခု ဘယ်လိုဖြစ်နေလို့လဲ"
"အခုတော့ ကိုမင်းက ကောင်မလေးတွေလည်း ရှုပ်တတ်လာတယ် ဆေးလိပ်တွေ ဘီယာတွေဆိုတာလည်း အမြဲသောက်နေတော့တာပဲ အရမ်းလည်းစိတ်ဆတ်လာသလို ရိုင်းလည်းရိုင်းလာတယ်
သူငယ်ချင်းတွေနဲ့အပြင်သွားရင် တစ်ခါတစ်လေဆို ၂ရက် ၃ရက်လောက် အိမ်ပြန်မလာဘူး တစ်ခုရှိတာက ကိုမင်းက သူ့သူငယ်ချင်းတွေကို မခရှိနေရင်ခေါ်မလာဘူး မခအိမ်မှာမရှိတော့ရင်တော့ အုပ်စုလိုက်ဂစ်တာတီးကြ ဘာညာပေါ့"
ဒီကောင်က ဒီလိုတော့စည်းရှိသားဟု တွေးရင်း တစ်မှတ်ပေးလိုက်မိသေးသည်။
ဆေးသုံး၊ ဘီယာသောက်၊ ဆေးလိပ်သောက်၊ မိန်းမရှုပ်သည့်အပြင် တခြားဘယ်လိုဂုဏ်ထူးတွေရှိသေးသလဲမသိသော ယောက်ဖကို ခုချိန်ဆွေ့ဆွေ့ခုန်နေမလားဟု တစ်ချက်သတိရလိုက်သေး၏။
"အဲ့ဒီကို မခ စ ရောက်တုန်းက ကိုမင်းကပဲ စောင့်ရှောက်ခဲ့တာလေ ဖေဖေရော မေမေပါ အလုပ်အမြဲရှုပ်နေတတ်ကြတာ
ငယ်ငယ်လေးကတည်းက မခကို သူပဲထိန်းခဲ့တော့ ကိုမင်းက မခအပေါ်သံယောဇဥ်ရှိပါတယ် အခုလည်း ဘယ်လောက်တောင်စိတ်တိုနေမလဲမသိဘူး"
"စိတ်တိုမှာတော့ အသေအချာပဲ"
"ကိုမင်း စိတ်ပြန်ပြေလောက်မှာပါနော"
ကလေးလေးလိုစိတ်ပူနေသော မခဆံပင်လေးကိုဖွကာ ပါးလေးကိုငုံ့နမ်းပြီး သိုင်းဖက်လိုက်သည်။
"အချစ်ဆိုတာ အမိန့်ပေးပြီး လုပ်ယူလို့မရမှန်း သူသဘောပေါက်သွားတဲ့တစ်နေ့ကျ မခကိုနားလည်သွားမှာပါ စိတ်ပူမနေနဲ့တော့နော် ပျော်ပျော်နေ"
▪▪▪⏳⏳⏳▪▪▪
"နားနားနေနေ နေနော် မင်းစေ သိပ်မကြီးပေမယ့် မင်းခေါင်းမူးမယ်"
သူ့ဒဏ်ရာကိုဆေးထည့်ပေးနေသည့် မျက်ခြယ်ကို နည်းနည်းဖယ်ခိုင်းလိုက်ကာ ဖုန်းကိုလှမ်းယူလိုက်သည်။
"ဟိန်းခန့် အေး ငါပဲ"
"-----"
"မင်းဆီကို ကားနံပါတ်တစ်ခုပို့ပေးမယ် ပိုင်ရှင်ဘယ်သူလဲ စုံစမ်းပေး"
"-----"
သူ ဖုန်းချလိုက်တော့ မျက်ခြယ်က ဘာမှမပြောဘဲ ဆေးပစ္စည်းတွေကိုသာ သိမ်းနေခဲ့သည်။
သူ့ဒေါသကို သိနေတာမို့ ဘာမှမပြောတာဖြစ်နိုင်ကာ သူ့ကိုမှ ရန်စသွားသူဟာဘယ်သူလဲဟု သိချင်နေပုံလည်းရသည်။
"ခြယ် နင်ငါ့ကိုတစ်ခုကူညီ"
"ပြော"
"Heaven Hotelကို တစ်ချက်လောက်သွားကြည့်ပေး Hotelပိုင်ရှင်ရဲ့သမီး ခရေဝိုင်ဆိုတဲ့မိန်းကလေး.. ဒီနေ့ဘယ်သွားလဲ စုံစမ်းပေး ဒီကိစ္စမှာ သေချာပေါက်သူပါမယ်ထင်တယ်"
"ဒေါသကိုလျှော့စမ်းပါ မင်းစေရယ် နင်အဲ့လိုတွေဇွတ်လုပ်လို့ မခလည်း ထွက်ပေါက်ရှာ..."
"နင် တော်တော့! မကူညီချင်နေ နားလာမညည်းနဲ့ ပြီးပြီလား ဆေးထည့်လို့"
မျက်ခြယ်စကားကို ဆက်နားမထောင်တော့ဘဲ သူ ချက်ချင်းထရပ်ကာ ဟိန်းခန့်ဆီမက်ဆေ့ပို့လိုက်ပြီး ဖုန်းကိုကျိုးကြေမတက်ဖိဆုပ်ပစ်ရင်း အံကြိတ်ထားလိုက်သည်။
မင်း ဘယ်သူပဲဖြစ်နေနေ..
ငါ့လက်ကလွတ်မယ်မထင်နဲ့ •••••
▪▪▪⏳⏳⏳▪▪▪
Part 12 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( part - 11 )
▪▪▪▪▪▪▪▪▪▪
"ငါတို့ထွက်ခဲ့ပြီ ခေ"
Advertisement
"ပီယ နင်တို့ဘယ်မှာလဲ"
"နင်က ဘယ်မှာလဲ ခေ"
"စဥ့်ကိုင်မှာ"
"ငါတို့ရောက်တော့မယ်"
မကြာပါ...
"OK"
"တောက်!! မင်းတို့"
"ကို"
"ကျေးဇူးပဲ သားကြီးရာ"
"တောင်ကြီးအိမ်သော့"
"အဖေပေးလိုက်တာလား ခေ"
ရိုင်းစိုင်းတဲ့လူ..
ရှင်မှတ်ပြီလား......
▪▪▪⏳⏳⏳▪▪▪
"အဖေ"
"ပြော ငါ့သား"
"နေပါဦးကွာ"
"ဟုတ်ကဲ့"
"အခုရော ခေခေပါခဲ့လား"
"ကို မအိပ်သေးဘူးလား"
"အင်း မခလည်းအိပ်မရပါဘူး ကိုရယ် အိမ်မှာဘာတြွေဖစ်ကျန်ခဲ့မလဲမသိဘူးနော် မခလေ ကိုမင်းကိုအရမ်းကြောက်တယ်သိလား အခုလည်းမေမေနဲ့ပဲကျန်ခဲ့မှာ မေမေ့ကိုရိုက်နှက်နေမလားမသိဘူး"
▪▪▪⏳⏳⏳▪▪▪
"ဟိန်းခန့် အေး ငါပဲ"
"-----"
Advertisement
- In Serial1463 Chapters
The Legendary Mechanic
What do you do when you wake up and find yourself inside the very game that you love? What do you do when you realize you that you have not only become an NPC — you have even been thrown back in time to before the game even launched!What will happen when our protagonist’s two realities coincide?Han Xiao was a professional power leveler before his transmigration. Using his past life’s knowledge, Han Xiao sweeps through the universe as he prepares for the arrival of the players. This is definitely not your typical transmigration novel.
8 6218 - In Serial7 Chapters
The devil's got my number
Dalton was always a nice place. Always had been. When that new couple moved here, we were all ecstatic. They were wealthy, but not arrogant, always willing to help out their neighbors. All around the perfect kind of migrant. They brought a child with them. Jacob. He was beautiful, just like his parents. He had his mother's beautiful hair, and his father's beautiful eyes. But he was different. He wasn't social, or nice, like his parents. He mainly kept to himself. Until one day he didn't. Strange tales, of the boy running around the neighborhood at night started to pop up. Of sacrificing children and dark rituals. The average person dismissed it as just that, rumors. But those of us that had seen the boy, knew the truth. His eyes were no longer the deep, vibrant color of his father. They were the green of rot, his skin the color of a corpse. The devil had taken the boy, and, like a disease, he was spreading his curse.
8 222 - In Serial18 Chapters
The New Destiny ( New Game +)
My name is Harris Cage. Several years ago, a game called The New Destiny was released. A game so successful, it created it own phenomena but also the hardest game in history. It didn't take long for me to get addicted to it. After 5 years of being a shut in, I finally managed to beat this game. As a consequence, I lost my job and love life,but who need those? . I then decided to play the new game + mode and to my surprise, I get plunged into the game world. Well then, how should I survive?
8 185 - In Serial6 Chapters
Ordinary Island
Vinlo's life was at that point just before rock bottom where you're completely sure that its ineivitable to get out and he was sure that he was going to just live the rest of his life that way That was until a letter from the grandfather in his estranged family sent him an envelope containing a letter, a ticket, and a necklace Regarding this as a generic "Call to Adventure" trope in the media he consumed. He took the ticket and set out for Ordinary Island. A place of new beginnings, old relations, and quite a few angry rocks.Follow the story of Vinlo and maybe even the stories of a few other characters if I run out of ideas! Credits to WOMBO Dream for the cover art!I release a new chapter estimated every other day.
8 94 - In Serial15 Chapters
Child of Fate
The story of when the darkness slowly started to devour the land. Human dying, Animals turned into monsters, and the land lose it ability. When the darkness slowly covering the world, the light would shine and seal the darkness away. Follow the journey of three heroes who have to do this heroic mission, to seal the Darkness. However, their journey is not smooth as they expected. Story of romance, comedy, and trust. They are only a human, where their heart also can be contaminated by the darkness of their desire. When the road to their goal is harsh can they still able to maintain their trust of each other when they have their own problem and ego? Their target was a thousand year monster which sealed by the previous hero, but it also have experience far exceed them. Is the story would repeated with them manage to seal the Darkness or they was the one failing? ______________________________________________________________Guys, this is my new novel project. I planned for oneshot, but somehow it ended in (very) long story... I want to know your opinion and comment, and is it good for me to update it all or make it into parts? Thanks.
8 269 - In Serial4 Chapters
Natsu's Fairytail Harem
This is a story about how almost EVERY boy in Fairytail is in love with Natsu, what happens when things happen? It's either all or none. None of the art is mine unless I say so, and if not I just edit it. All credit goes to the artist
8 178

