《အချစ်ဝိုင် ( Complete )》Part 10
Advertisement
အချစ်ဝိုင် ( part - 10 )
▪▪▪▪▪▪▪▪▪▪▪▪
ပီယ တစ်နေ့လုံးအခန်းထဲကထွက်မလာ၍ ခေ စိတ်ပူသွားပြီး အောက်က receptionမှာ ပီယရဲ့အခန်းသော့အပိုလှမ်းတောင်းလိုက်သည်။
ခေတို့နှစ်ယောက်က ဒီမှာနေနေကျမို့ မန်နေဂျာအစ်ကိုကြီးကိုယ်တိုင် သော့ကိုင်ပြီး ခေတို့အထပ်သို့ ရောက်လာသည်။
"ဖုန်းဆက်တော့လည်းမကိုင်ဘူး တံခါးခေါက်တော့လည်းဘာသံမှမကြားရဘူး"
"ဖုန်းကို silentလုပ်ပြီး အိပ်ပျော်နေတာလားမှမသိဘဲ ညီမရယ်"
"လုပ်ပါ တံခါးဖွင့်ပေးပါ ခေစိတ်ပူလို့သေတော့မယ်"
တံခါးဖွင့်လိုက်တော့ ပီယသည် ဝရံတာမှာထိုင်နေလျက် မန္တလေးတောင်နှင့်ကျုံးကြီးကို ငူငူကြီးကြည့်နေသည်။
မန်နေဂျာရော ခေပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အနားကပ်သွားတော့ ပီယကလှည့်မကြည့်ဘဲ....
"မီးလောင်နေတယ် ခေ"
ဆို၍ ဘယ်မှာများလောင်နေသလဲဟု ဝရံတာကိုထွက်ကာ ပြူးပြူးပြဲပြဲရှာမိသည်။
"မီးခိုးလည်းမတွေ့ပါဘူး ပီယရယ်"
"ငါ့ရင်ထဲမှာလောင်နေတာဟ"
ထိုအခါမှ ခေရော၊ မန်နေဂျာပါ ရယ်လိုက်မိရင်း မန်နေဂျာက ခေ့ကိုအသံတိတ်နှုတ်ဆက်ကာ အခန်းထဲကပြန်ထွက်သွားသည်။
အခန်းထဲမှာ လူမရှိတော့မှ ခေက ပီယပခုံးကိုတွန်းပစ်လိုက်ရင်း •••••
"ဘာဖြစ်လို့လဲ"
"မခကိုဖုန်းပိတ်သွားပြီ ဟိုအရူးကောင် ဆေးသမားလက်ချက်ပဲနေမှာ"
ပီယ ပျစ်ပျစ်နှစ်နှစ်ကျိန်ဆဲတော့ အသည်းကွဲနေသူလို ဆွေးဆွေးမြေ့မြေ့ကြီးဖြစ်နေသည့် ထိုမျက်နှာကိုကြည့်ရင်း ခေက ကြိတ်ရယ်လေသည်။
ခေရယ်သည်ကို မကျေနပ်သလို လှည့်ကြည့်လာသည့်မျက်နှာကလည်း ပြတ်ကျလုမတတ်ဆွေးမြေ့နေဟန်...
"ဘာရယ်တာလဲ နင်က"
"နင် ငါ့ကိုမေ့ထားလို့လေ"
"နင့်ကိုပဲအကူအညီတောင်းနေရတာ အဆင်မပြေလို့ပါဟ မေ့ထားပါ့မလား"
"ငါ မခဆီလိုက်သွားမယ် အနည်းဆုံးတော့ အကျိုးအကြောင်းသိရတာပေါ့"
"မသွားပါနဲ့ဟာ ငါနင့်ကိုလည်းစိတ်မချဘူး ဟိုဆေးသမားက.."
"ငါက ဘယ်သူမို့လို့လဲ ခရေဝိုင်ပါ ပီယရယ် စိတ်ချစမ်းပါ ခုပဲသွားမယ်ဟာ ကြာတယ်"
ချက်ချင်းဆုံးဖြတ်ချက်ချပြီး ခေ အခန်းထဲကထွက်ပြေးလာခဲ့တော့ ပီယ အော်ဟစ်ရင်းကျန်နေခဲ့သည်။
တားလည်းလုပ်မှာမို့ ပီယရဲ့တံခါးကိုပိတ်ထားခဲ့တော့ အသံတိတ်လျက်ကျန်ခဲ့ကာ ခေ အောက်ထပ်ကိုပဲ ဆင်းလာခဲ့သည်။
မခတို့အိမ်ကိုရောက်တော့ တိတ်ဆိတ်နေသည့်အပြင် မင်းစေရာက ဧည့်ခန်းမှာထိုင်ပြီး ကွန်ပျူတာတစ်လုံးဖြင့် ဘာလုပ်နေသလဲမသိ။
"အစ်ကို မခရှိလား"
ခေ့အသံကြားလိုက်သည်နှင့် ဖျတ်ခနဲမော့လာသည့်အကြည့်တွေက ခါတိုင်းလိုစူးရဲစွာ။
ထိုအကြည့်တွေဟာ ခေ့ရင်ထဲကိုဖောက်ဝင်တော့မတတ် စူးရဲလွန်းတာမို့ သူ ထိုသို့ကြည့်လာတိုင်း ခေသည် မနှစ်မြို့စွာဖြင့် ကြိတ်ကျိန်ဆဲမိစမြဲ။
သူက ခေါင်းညိတ်ပြရုံသာရှိပြီး မခ အခန်းကိုမေးငေါ့ပြ၍ စကားတစ်ခွန်းမှပြန်မပြောတာမို့ ခေ တိတ်တိတ်လေးဝင်လာခဲ့သည်။
မခက အခန်းထဲမှာငူငူလေးထိုင်နေသည်မှာ ပီယအတိုင်း။
"ခေ"
ခေ့ကိုမြင်တော့ မခ ထပြေးလာပြီး ရှိုက်ကြီးတငင်ငိုနေသည်မို့ ဘာမှမပြောသေးဘဲငြိမ်နေလိုက်သည်။
မခရဲ့ ရှိုက်သံလေး တဖြည်းဖြည်းလျော့နည်းသွားမှ မျက်နှာလေးကိုမော့ယူပြီး မျက်ရည်သုတ်ပေးသည်။
"တော်ပြီ အခုက ဘယ်လိုဖြစ်တာလဲ"
"ကိုနဲ့ဖုန်းပြောနေတာ ကိုမင်းတွေ့သွားတာ ပြီးတော့"
မခရှင်းပြသည့်စကားတွေအဆုံးမှာ ခေ သက်ပြင်းမောကြီးချလိုက်မိသည်။
မင်းစေရာရဲ့သဘောထားက ထင်ထားတာထက်ပိုပြီး ပြတ်သားနေသည်မို့ ရုတ်တရက် ဘာလုပ်ရမှန်းမသိအောင်တွေဝေသွားမိသည်။
သို့သော် ခေသည် တွေဝေပြနေ၍မဖြစ်တာမို့ တရှုံ့ရှုံ့ငိုနေသော မခရဲ့ခေါင်းလေးကိုပုတ်ကာ...
"မငိုပါနဲ့ မခရယ် ငါတို့တစ်ခုခုလုပ်ကြမယ်လေ"
"ဘာလုပ်ရမှာလဲ"
"ဘာလုပ်ရမယ်လို့ထင်လဲ"
ခေ့ရဲ့ရယ်ကျဲကျဲမေးခွန်းကြောင့် မခမျက်လုံးလေးဝိုင်းသွားပြီး မျက်ရည်တွေကိုဖြစ်သလို ပွတ်ဆွဲသုတ်ကာ တွေဝေသွားသည်။
ခေက အိတ်ထဲကဖုန်းအသစ်ကိုထုတ်ကာ မခဆီလှမ်းပေးလိုက်ရင်း..
"ငါ နင့်အတွက်ဖုန်းဝယ်လာတယ် သေချာသိမ်းထားနော် နင့်အစ်ကိုတွေ့သွားမယ် နင့်ဘက်ကပဲ ပီယကိုဆက် ကျန်တဲ့အချိန်ပိတ်သာထား"
"အင်းပါ"
"ဘာလုပ်ရမလဲဆိုတာ နင်သိတယ်မလား နင်သေချာစဥ်းစားပါ မခရယ် ကျန်တာကိုပီယနဲ့ငါပဲ ဆက်လုပ်ပါ့မယ် နော်"
"ညကျရင် ငါဖုန်းပြန်ဆက်မယ် သူ့ကိုပြောပေးနော်"
"ဒါဆို ငါပြန်တော့မယ်"
▪▪▪⏳⏳⏳▪▪▪
မခ မေမေ့အခန်းထဲရောက်နေပြီး နှုတ်ဆက်ဖို့အတွက်စကားစီနေမိပေမယ့် မေမေက စိတ်မကောင်းသလိုငိုင်နေ၍ ဘာမှမပြောဖြစ်ပြန်။
မေမေဘာကိုစိတ်မကောင်းဖြစ်နေသလဲ။
"သမီးရဲ့ချစ်သူကောင်လေးက ဘာလုပ်တာလဲ"
ရုတ်တရက်စကားစလိုက်သော မေမေကြောင့် မခ ထိတ်လန့်သွားမိပေမယ့် ထွက်ပေါက်တစ်ခုရလိုရငြား မေမေ့ကိုပြောဖို့ စိတ်ကူးမိသည်။
ကို့အကြောင်းအပါအဝင် အိမ်ကိုမကြာခဏလာတတ်သော ခေ့အကြောင်းပါ ပြောပြလိုက်တော့ မေမေက ခဏတော့တိတ်ဆိတ်သွား၏။
"သမီးကို မင်းစေစိတ်တိုင်းကျစီစဥ်နေတာမျိုး မေမေလက်မခံနိုင်ဘူး ဒါပေမယ့် မင်းစေစီစဥ်သမျှကို သူ့အဖေလက်ခံမှာမှန်းသိနေတော့လည်း မေမေဘာမှမပြောနိုင်ဘူးဖြစ်နေတယ်"
"သမီးဘယ်လိုလုပ်ရမလဲ မေမေ"
"သမီး စိတ်ချမ်းသာသလိုလုပ်သွားပါ မချစ်ဘဲ လက်ထပ်လိုက်ရတဲ့ အိမ်ထောင်တစ်ခုအကြောင်း မေမေသိတာပေါ့"
ထိုအခါမှ မေမေနှင့်ဖေဖေ့ရဲ့ အိမ်ထောင်ရေးအကြောင်း မခ တစ်စွန်းတစ်စနားလည်သွားသည်။
ဖေဖေက ကျောက်တွင်းမှာသာပျော်နေပြီး မေမေက မခတို့နှင့်အတူလာနေသည်က ဒီလိုအကြောင်းတွေကြောင့်ကိုး။
"ဒါပေမယ့် မေမေ မသိဘဲနဲ့တော့ ဘာမှမလုပ်ပါနဲ့ သမီးရယ် အနည်းဆုံးတော့ မေမေသိတာပဲဆိုပြီး သမီးကိုကာကွယ်လို့ရတာပေါ့"
"မေမေ"
"မနက်က သမီးသူငယ်ချင်း ရောက်လာကတည်းက မေမေသိလိုက်တယ်"
မခ မေမေ့လက်ကိုဆုပ်ကိုင်ရင်း မေမေ့ပေါင်ပေါ်မှာ မျက်နှာလေးအပ်ကာ ငိုချပစ်သည်။
မေမေဟာ မခရဲ့မွေးမိခင်မဟုတ်ခဲ့ပေမယ့် အမေတစ်ယောက်ပဲဖြစ်ကာ ကိုမင်းထက် မလျော့ခဲ့သောအချစ်တွေနှင့်ဖြစ်၏။
မခတို့မိသားစုနှင့် အသိုင်းအဝိုင်းထဲမှာ ဖေဖေပြီးရင် ကိုမင်းရဲ့စကားသာအတည်မို့ လွန်ဆန်ရမှာကို ကြောက်နေမိသော်လည်း မေမေရပ်တည်ပေးလာတော့ အားတက်သလိုတော့ရှိသည်။
"သမီး လိုက်သွားမယ်ဆိုရင်ရော မေမေခွင့်ပြုမှာလား"
"သမီးကောင်လေးနဲ့အရင် မေမေစကားပြောကြည့်ချင်တယ်"
မေမေ့ဆီက ထိုစကားဟာ မခအတွက်မျှော်လင့်ချက်တစ်ခုလိုယှက်သန်းသွားတာမို့ ချက်ချင်း ကို့ဆီဖုန်းခေါ်လိုက်သည်။
"ဟဲလို မခ"
"ကို မေမေကဖုန်းပြောချင်လို့တဲ့"
မခ မေမေ့လက်ထဲဖုန်းထည့်ပေးလိုက်တော့ မခရဲ့လက်မှာ ချွေးတွေစိုစွတ်နေပြီး မသိမသာတုန်ယင်နေခဲ့သည်။
မေမေခွင့်ပြုလိုက်ပါစေ...
"အန်တီ ကျွန်တော်ကျော်ပီယပါ"
Advertisement
"သားကို အန်တီမမြင်ဖူးပေမယ့် အန်တီ့သမီးလေးက သားနဲ့ပဲလက်ထပ်ချင်တယ်ဆိုတော့ အန်တီ့အနေနဲ့ မေးစရာလေးရှိလို့ပါ ဒီဘက်ကအခြေအနေကိုလည်း သားသိထားတယ်မလား"
"ဟုတ်ကဲ့ သိပါတယ်"
"အန်တီက သမီးလေးကို ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတာမဟုတ်ပေမယ့် မခကအန်တီ့သမီးပါပဲ ဒီသမီးလေးအရွေးမှားမှာကို အန်တီကြောက်မိတယ် သား
တကယ်လို့ မခကသာ သားနဲ့လိုက်ခဲ့မယ်ဆိုရင် သားအနေနဲ့ ဘယ်လိုတာဝန်ယူနိုင်မလဲ"
"ကျွန်တော် အရင်ဆုံးတောင်းပန်ချင်တာက မခကို ခိုးယူချင်တာကိုပါ
ကျွန်တော့်အနေနဲ့ အမြတ်တနိုး တင့်တောင်းတင့်တယ် တောင်းယူချင်ပေမယ့် အခြေအနေက မပေးဘူးဖြစ်နေတယ် အဲ့ဒီအတွက်ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ
တကယ်လို့ မခသာ ကျွန်တော်နဲ့လိုက်ခဲ့မယ်ဆိုရင် ကျွန်တော် သူ့ကိုပြည့်ပြည့်စုံစုံထားမှာပါ သူ့အပေါ် မေတ္တာရော၊ သစ္စာရော မကြောင့်မကျတဲ့စည်းစိမ်ကိုရော ပုံအပ်ပေးမှာပါ အန်တီလည်း ကျွန်တော့်ကို ယုံကြည်ပေးပါ ကျွန်တော်က မိကောင်းဖခင်သားသမီးပါ"
သူ တရှည်တလျားကြီးရင်ဖွင့်နေစဥ် ခေက လက်သည်းလေးကိုက်ကာ အသက်ရှူဖို့မေ့နေသလို မော့ကြည့်နေခဲ့၏။
သူ့စကားအဆုံးမှာ တစ်ဖက်က မခမေမေရဲ့သက်ပြင်းချသံ ကြားလိုက်ရပြီးနောက်••••
"သမီးလေးကို စိတ်ချမ်းသာအောင်ထားပေးပါ"
သူ့ရင်ထဲလှိုက်ခနဲဖြစ်သွားစဥ် ဖုန်းကလက်လွှဲသွားပြီး မခလက်ထဲပြန်ရောက်သွားသည်။
"ကို စီစဥ်လိုက်တော့နော် မခ ကိုနဲ့လိုက်ခဲ့မယ်"
"ကို အမြန်ဆုံးစီစဥ်ပါ့မယ်"
ဖုန်းချလိုက်ပြီးသော ပီယမျက်နှာကို ပြူးကြည့်နေရင်း ခေ ငြိမ်နေကာ ပီယပြုံးလိုက်သည်ကိုတွေ့မှ ဟူးခနဲ လေပူကြီးမှုတ်ထုတ်ပြီး ပီယကို ထဖက်လေသည်။
ဒီတစ်ခါတော့ မခ တကယ်သတ္တိရှိခဲ့ပြီပဲ...
"တစ်ဆင့်အောင်မြင်သွားပြီ"
"မခက လိုက်ခဲ့မယ်တဲ့ လုပ်ပါ ခေ ငါတို့အစီအစဥ်ဆွဲကြစို့"
"နင့်မင်္ဂလာဆောင်မှာ ငါ့နာမည်ပါမယ်လို့ကတိပေးစမ်း ပီယ အခုချက်ချင်းကို သွားခိုးလိုက်ဦးမယ်"
"ပေးတယ်ဟာ ပေးတယ် အချစ်ဆုံးသူငယ်ချင်းဆိုပြီး နင့်နာမည်ကိုထည့်ပေးမယ်"
နှစ်ယောက်သား အော်ရယ်လိုက်သည့်အသံတွေက အခန်းအပြင်ထိရောက်အောင်လျှံလို့ •••••
▪▪▪⏳⏳⏳▪▪▪
"အားလုံးအဆင်ပြေတယ်မလား"
ခေ့အမေးစကားကြောင့် ပီယရော၊ ထွဋ်ပါ ခေါင်းညိတ်လိုက်ကြသည်။
"နင့်ကိုမလိုက်စေချင်ဘူး ခေ ဒီကိစ္စက ငါတို့နှစ်ယောက်တည်းနဲ့လည်းပြီးတယ်"
ပီယစကားကို ခေ ခေါင်းခါပြီးငြင်းဆန်ခြင်းက ခေ့ကိုတွေ့တိုင်း စူးစိုက်ကြည့်တတ်သော မင်းစေရာရဲ့အကြည့်တွေကို လက်စားချေလိုခြင်းကြောင့်ဖြစ်သည်။
"လိုက်ရမယ် အထူးသဖြင့် အဲ့ဒီလူရိုင်းကောင်ကို အမြင်ကတ်လို့ကိုလိုက်ဦးမှာ မခကိုလည်းသေချာမှာထားနော် တစ်ခုခုလွဲလို့မဖြစ်ဘူး"
"အေးပါ"
"အခွင့်အရေးက တစ်ခါပဲရမယ် ငါတို့ညီစေနော်"
"ညီစေ"
▪▪▪⏳⏳⏳▪▪▪
Part 11 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( part - 10 )
▪▪▪▪▪▪▪▪▪▪▪▪
ပီယ တစ္ေန့လံုးအခန္းထဲကထြက္မလာ၍ ေခ စိတ္ပူသြားၿပီး ေအာက္က receptionမွာ ပီယရဲ့အခန္းေသာ့အပိုလွမ္းေတာင္းလိုက္သည္။
ေခတို႔ႏွစ္ေယာက္က ဒီမွာေနေနက်မို႔ မန္ေနဂ်ာအစ္ကိုႀကီးကိုယ္တိုင္ ေသာ့ကိုင္ၿပီး ေခတို႔အထပ္သို႔ ေရာက္လာသည္။
"ဖုန္းဆက္ေတာ့လည္းမကိုင္ဘူး တံခါးေခါက္ေတာ့လည္းဘာသံမွမၾကားရဘူး"
"ဖုန္းကို silentလုပ္ၿပီး အိပ္ေပ်ာ္ေနတာလားမွမသိဘဲ ညီမရယ္"
"လုပ္ပါ တံခါးဖြင့္ေပးပါ ေခစိတ္ပူလို႔ေသေတာ့မယ္"
တံခါးဖြင့္လိုက္ေတာ့ ပီယသည္ ဝရံတာမွာထိုင္ေနလ်က္ မႏၲေလးေတာင္ႏွင့္က်ဳံးႀကီးကို ငူငူႀကီးၾကၫ့္ေနသည္။
မန္ေနဂ်ာေရာ ေခပါ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္ရင္း အနားကပ္သြားေတာ့ ပီယကလွၫ့္မၾကၫ့္ဘဲ....
"မီးေလာင္ေနတယ္ ေခ"
ဆို၍ ဘယ္မွာမ်ားေလာင္ေနသလဲဟု ဝရံတာကိုထြက္ကာ ျပဴးျပဴးၿပဲျပဲရွာမိသည္။
"မီးခိုးလည္းမေတြ့ပါဘူး ပီယရယ္"
"ငါ့ရင္ထဲမွာေလာင္ေနတာဟ"
ထိုအခါမွ ေခေရာ၊ မန္ေနဂ်ာပါ ရယ္လိုက္မိရင္း မန္ေနဂ်ာက ေခ့ကိုအသံတိတ္ႏႈတ္ဆက္ကာ အခန္းထဲကျပန္ထြက္သြားသည္။
အခန္းထဲမွာ လူမရိွေတာ့မွ ေခက ပီယပခံုးကိုတြန္းပစ္လိုက္ရင္း •••••
"ဘာျဖစ္လို႔လဲ"
"မခကိုဖုန္းပိတ္သြားၿပီ ဟိုအရူးေကာင္ ေဆးသမားလက္ခ်က္ပဲေနမွာ"
ပီယ ပ်စ္ပ်စ္ႏွစ္ႏွစ္က်ိန္ဆဲေတာ့ အသည္းကဲြေနသူလို ေဆြးေဆြးေႁမ့ေႁမ့ၾကီးျဖစ္ေနသၫ့္ ထိုမ်က္ႏွာကိုၾကၫ့္ရင္း ေခက ႀကိတ္ရယ္ေလသည္။
ေခရယ္သည္ကို မေက်နပ္သလို လွၫ့္ၾကၫ့္လာသၫ့္မ်က္ႏွာကလည္း ျပတ္က်လုမတတ္ေဆြးေႁမ့ေနဟန္...
"ဘာရယ္တာလဲ နင္က"
"နင္ ငါ့ကိုေမ့ထားလို႔ေလ"
"နင့္ကိုပဲအကူအညီေတာင္းေနရတာ အဆင္မေျပလို႔ပါဟ ေမ့ထားပါ့မလား"
"ငါ မခဆီလိုက္သြားမယ္ အနည္းဆံုးေတာ့ အက်ိဳးအေၾကာင္းသိရတာေပါ့"
"မသြားပါနဲ႔ဟာ ငါနင့္ကိုလည္းစိတ္မခ်ဘူး ဟိုေဆးသမားက.."
"ငါက ဘယ္သူမို႔လို႔လဲ ခေရဝိုင္ပါ ပီယရယ္ စိတ္ခ်စမ္းပါ ခုပဲသြားမယ္ဟာ ၾကာတယ္"
ခ်က္ခ်င္းဆံုးျဖတ္ခ်က္ခ်ၿပီး ေခ အခန္းထဲကထြက္ေျပးလာခဲ့ေတာ့ ပီယ ေအာ္ဟစ္ရင္းက်န္ေနခဲ့သည္။
တားလည္းလုပ္မွာမို႔ ပီယရဲ့တံခါးကိုပိတ္ထားခဲ့ေတာ့ အသံတိတ္လ်က္က်န္ခဲ့ကာ ေခ ေအာက္ထပ္ကိုပဲ ဆင္းလာခဲ့သည္။
မခတို႔အိမ္ကိုေရာက္ေတာ့ တိတ္ဆိတ္ေနသၫ့္အျပင္ မင္းေစရာက ဧၫ့္ခန္းမွာထိုင္ၿပီး ကြန္ပ်ူတာတစ္လံုးျဖင့္ ဘာလုပ္ေနသလဲမသိ။
"အစ္ကို မခရိွလား"
ေခ့အသံၾကားလိုက္သည္ႏွင့္ ဖ်တ္ခနဲေမာ့လာသၫ့္အၾကၫ့္ေတြက ခါတိုင္းလိုစူးရဲစြာ။
ထိုအၾကၫ့္ေတြဟာ ေခ့ရင္ထဲကိုေဖာက္ဝင္ေတာ့မတတ္ စူးရဲလြန္းတာမို႔ သူ ထိုသို႔ၾကၫ့္လာတိုင္း ေခသည္ မႏွစ္ၿမိဳ႔စြာျဖင့္ ႀကိတ္က်ိန္ဆဲမိစၿမဲ။
သူက ေခါင္းညိတ္ျပရံုသာရိွၿပီး မခ အခန္းကိုေမးေငါ့ျပ၍ စကားတစ္ခြန္းမျွပန္မေျပာတာမို႔ ေခ တိတ္တိတ္ေလးဝင္လာခဲ့သည္။
မခက အခန္းထဲမွာငူငူေလးထိုင္ေနသည္မွာ ပီယအတိုင္း။
"ေခ"
ေခ့ကိုျမင္ေတာ့ မခ ထေျပးလာၿပီး ရိႈက္ႀကီးတငင္ငိုေနသည္မို႔ ဘာမွမေျပာေသးဘဲၿငိမ္ေနလိုက္သည္။
မခရဲ့ ရိႈက္သံေလး တျဖည္းျဖည္းေလ်ာ့နည္းသြားမွ မ်က္ႏွာေလးကိုေမာ့ယူၿပီး မ်က္ရည္သုတ္ေပးသည္။
"ေတာ္ၿပီ အခုက ဘယ္လိုျဖစ္တာလဲ"
"ကိုနဲ႔ဖုန္းေျပာေနတာ ကိုမင္းေတြ့သြားတာ ၿပီးေတာ့"
မခရွင္းျပသၫ့္စကားေတြအဆံုးမွာ ေခ သက္ျပင္းေမာႀကီးခ်လိုက္မိသည္။
မင္းေစရာရဲ့သေဘာထားက ထင္ထားတာထက္ပိုၿပီး ျပတ္သားေနသည္မို႔ ရုတ္တရက္ ဘာလုပ္ရမွန္းမသိေအာင္ေတြေဝသြားမိသည္။
သို႔ေသာ္ ေခသည္ ေတြေဝျပေန၍မျဖစ္တာမို႔ တရႈံ႔ရႈံ႔ငိုေနေသာ မခရဲ့ေခါင္းေလးကိုပုတ္ကာ...
"မငိုပါနဲ႔ မခရယ္ ငါတို႔တစ္ခုခုလုပ္ၾကမယ္ေလ"
"ဘာလုပ္ရမွာလဲ"
"ဘာလုပ္ရမယ္လို႔ထင္လဲ"
ေခ့ရဲ့ရယ္က်ဲက်ဲေမးခြန္းေၾကာင့္ မခမ်က္လံုးေလးဝိုင္းသြားၿပီး မ်က္ရည္ေတြကိုျဖစ္သလို ပြတ္ဆဲြသုတ္ကာ ေတြေဝသြားသည္။
ေခက အိတ္ထဲကဖုန္းအသစ္ကိုထုတ္ကာ မခဆီလွမ္းေပးလိုက္ရင္း..
"ငါ နင့္အတြက္ဖုန္းဝယ္လာတယ္ ေသခ်ာသိမ္းထားေနာ္ နင့္အစ္ကိုေတြ့သြားမယ္ နင့္ဘက္ကပဲ ပီယကိုဆက္ က်န္တဲ့အခ်ိန္ပိတ္သာထား"
"အင္းပါ"
"ဘာလုပ္ရမလဲဆိုတာ နင္သိတယ္မလား နင္ေသခ်ာစဥ္းစားပါ မခရယ္ က်န္တာကိုပီယနဲ႔ငါပဲ ဆက္လုပ္ပါ့မယ္ ေနာ္"
"ညက်ရင္ ငါဖုန္းျပန္ဆက္မယ္ သူ႔ကိုေျပာေပးေနာ္"
"ဒါဆို ငါျပန္ေတာ့မယ္"
▪▪▪⏳⏳⏳▪▪▪
မခ ေမေမ့အခန္းထဲေရာက္ေနၿပီး ႏႈတ္ဆက္ဖို႔အတြက္စကားစီေနမိေပမယ့္ ေမေမက စိတ္မေကာင္းသလိုငိုင္ေန၍ ဘာမွမေျပာျဖစ္ျပန္။
ေမေမဘာကိုစိတ္မေကာင္းျဖစ္ေနသလဲ။
"သမီးရဲ့ခ်စ္သူေကာင္ေလးက ဘာလုပ္တာလဲ"
ရုတ္တရက္စကားစလိုက္ေသာ ေမေမေၾကာင့္ မခ ထိတ္လန႔္သြားမိေပမယ့္ ထြက္ေပါက္တစ္ခုရလိုရျငား ေမေမ့ကိုေျပာဖို႔ စိတ္ကူးမိသည္။
ကို႔အေၾကာင္းအပါအဝင္ အိမ္ကိုမၾကာခဏလာတတ္ေသာ ေခ့အေၾကာင္းပါ ေျပာျပလိုက္ေတာ့ ေမေမက ခဏေတာ့တိတ္ဆိတ္သြား၏။
"သမီးကို မင္းေစစိတ္တိုင္းက်စီစဥ္ေနတာမ်ိဳး ေမေမလက္မခံႏိုင္ဘူး ဒါေပမယ့္ မင္းေစစီစဥ္သမ်ွကို သူ႔အေဖလက္ခံမွာမွန္းသိေနေတာ့လည္း ေမေမဘာမွမေျပာႏိုင္ဘူးျဖစ္ေနတယ္"
"သမီးဘယ္လိုလုပ္ရမလဲ ေမေမ"
"သမီး စိတ္ခ်မ္းသာသလိုလုပ္သြားပါ မခ်စ္ဘဲ လက္ထပ္လိုက္ရတဲ့ အိမ္ေထာင္တစ္ခုအေၾကာင္း ေမေမသိတာေပါ့"
ထိုအခါမွ ေမေမႏွင့္ေဖေဖ့ရဲ့ အိမ္ေထာင္ေရးအေၾကာင္း မခ တစ္စြန္းတစ္စနားလည္သြားသည္။
ေဖေဖက ေက်ာက္တြင္းမွာသာေပ်ာ္ေနၿပီး ေမေမက မခတို႔ႏွင့္အတူလာေနသည္က ဒီလိုအေၾကာင္းေတြေၾကာင့္ကိုး။
"ဒါေပမယ့္ ေမေမ မသိဘဲနဲ႔ေတာ့ ဘာမွမလုပ္ပါနဲ႔ သမီးရယ္ အနည္းဆံုးေတာ့ ေမေမသိတာပဲဆိုၿပီး သမီးကိုကာကြယ္လို႔ရတာေပါ့"
"ေမေမ"
"မနက္က သမီးသူငယ္ခ်င္း ေရာက္လာကတည္းက ေမေမသိလိုက္တယ္"
မခ ေမေမ့လက္ကိုဆုပ္ကိုင္ရင္း ေမေမ့ေပါင္ေပၚမွာ မ်က္ႏွာေလးအပ္ကာ ငိုခ်ပစ္သည္။
ေမေမဟာ မခရဲ့ေမြးမိခင္မဟုတ္ခဲ့ေပမယ့္ အေမတစ္ေယာက္ပဲျဖစ္ကာ ကိုမင္းထက္ မေလ်ာ့ခဲ့ေသာအခ်စ္ေတြႏွင့္ျဖစ္၏။
မခတို႔မိသားစုႏွင့္ အသိုင္းအဝိုင္းထဲမွာ ေဖေဖၿပီးရင္ ကိုမင္းရဲ့စကားသာအတည္မို႔ လြန္ဆန္ရမွာကို ေၾကာက္ေနမိေသာ္လည္း ေမေမရပ္တည္ေပးလာေတာ့ အားတက္သလိုေတာ့ရိွသည္။
"သမီး လိုက္သြားမယ္ဆိုရင္ေရာ ေမေမခြင့္ျပဳမွာလား"
"သမီးေကာင္ေလးနဲ႔အရင္ ေမေမစကားေျပာၾကၫ့္ခ်င္တယ္"
ေမေမ့ဆီက ထိုစကားဟာ မခအတြက္ေမ်ွာ္လင့္ခ်က္တစ္ခုလိုယွက္သန္းသြားတာမို႔ ခ်က္ခ်င္း ကို႔ဆီဖုန္းေခၚလိုက္သည္။
"ဟဲလို မခ"
"ကို ေမေမကဖုန္းေျပာခ်င္လို႔တဲ့"
မခ ေမေမ့လက္ထဲဖုန္းထၫ့္ေပးလိုက္ေတာ့ မခရဲ့လက္မွာ ခၽြေးေတြစိုစြတ္ေနၿပီး မသိမသာတုန္ယင္ေနခဲ့သည္။
ေမေမခြင့္ျပဳလိုက္ပါေစ...
"အန္တီ ကၽြန္ေတာ္ေက်ာ္ပီယပါ"
"သားကို အန္တီမျမင္ဖူးေပမယ့္ အန္တီ့သမီးေလးက သားနဲ႔ပဲလက္ထပ္ခ်င္တယ္ဆိုေတာ့ အန္တီ့အေနနဲ႔ ေမးစရာေလးရိွလို႔ပါ ဒီဘက္ကအေျခအေနကိုလည္း သားသိထားတယ္မလား"
"ဟုတ္ကဲ့ သိပါတယ္"
"အန္တီက သမီးေလးကို ဝမ္းနဲ႔လြယ္ၿပီးေမြးခဲ့ရတာမဟုတ္ေပမယ့္ မခကအန္တီ့သမီးပါပဲ ဒီသမီးေလးအေရြးမွားမွာကို အန္တီေၾကာက္မိတယ္ သား
တကယ္လို႔ မခကသာ သားနဲ႔လိုက္ခဲ့မယ္ဆိုရင္ သားအေနနဲ႔ ဘယ္လိုတာဝန္ယူႏိုင္မလဲ"
"ကၽြန္ေတာ္ အရင္ဆံုးေတာင္းပန္ခ်င္တာက မခကို ခိုးယူခ်င္တာကိုပါ
ကၽြန္ေတာ့္အေနနဲ႔ အျမတ္တႏိုး တင့္ေတာင္းတင့္တယ္ ေတာင္းယူခ်င္ေပမယ့္ အေျခအေနက မေပးဘူးျဖစ္ေနတယ္ အဲ့ဒီအတြက္ကၽြန္ေတာ့္ကိုခြင့္လႊတ္ေပးပါ
တကယ္လို႔ မခသာ ကၽြန္ေတာ္နဲ႔လိုက္ခဲ့မယ္ဆိုရင္ ကၽြန္ေတာ္ သူ႔ကိုျပၫ့္ျပၫ့္စံုစံုထားမွာပါ သူ႔အေပၚ ေမတၲာေရာ၊ သစၥာေရာ မေၾကာင့္မက်တဲ့စည္းစိမ္ကိုေရာ ပံုအပ္ေပးမွာပါ အန္တီလည္း ကၽြန္ေတာ့္ကို ယံုၾကည္ေပးပါ ကၽြန္ေတာ္က မိေကာင္းဖခင္သားသမီးပါ"
သူ တရွည္တလ်ားႀကီးရင္ဖြင့္ေနစဥ္ ေခက လက္သည္းေလးကိုက္ကာ အသက္ရႉဖို႔ေမ့ေနသလို ေမာ့ၾကၫ့္ေနခဲ့၏။
သူ႔စကားအဆံုးမွာ တစ္ဖက္က မခေမေမရဲ့သက္ျပင္းခ်သံ ၾကားလိုက္ရၿပီးေနာက္••••
"သမီးေလးကို စိတ္ခ်မ္းသာေအာင္ထားေပးပါ"
သူ႔ရင္ထဲလိႈက္ခနဲျဖစ္သြားစဥ္ ဖုန္းကလက္လႊဲသြားၿပီး မခလက္ထဲျပန္ေရာက္သြားသည္။
"ကို စီစဥ္လိုက္ေတာ့ေနာ္ မခ ကိုနဲ႔လိုက္ခဲ့မယ္"
"ကို အျမန္ဆံုးစီစဥ္ပါ့မယ္"
ဖုန္းခ်လိုက္ၿပီးေသာ ပီယမ်က္ႏွာကို ျပဴးၾကၫ့္ေနရင္း ေခ ၿငိမ္ေနကာ ပီယႃပံုးလိုက္သည္ကိုေတြ့မွ ဟူးခနဲ ေလပူႀကီးမႈတ္ထုတ္ၿပီး ပီယကို ထဖက္ေလသည္။
ဒီတစ္ခါေတာ့ မခ တကယ္သတၲိရိွခဲ့ၿပီပဲ...
"တစ္ဆင့္ေအာင္ျမင္သြားၿပီ"
"မခက လိုက္ခဲ့မယ္တဲ့ လုပ္ပါ ေခ ငါတို႔အစီအစဥ္ဆဲြၾကစို႔"
"နင့္မဂၤလာေဆာင္မွာ ငါ့နာမည္ပါမယ္လို႔ကတိေပးစမ္း ပီယ အခုခ်က္ခ်င္းကို သြားခိုးလိုက္ဦးမယ္"
"ေပးတယ္ဟာ ေပးတယ္ အခ်စ္ဆံုးသူငယ္ခ်င္းဆိုၿပီး နင့္နာမည္ကိုထၫ့္ေပးမယ္"
ႏွစ္ေယာက္သား ေအာ္ရယ္လိုက္သၫ့္အသံေတြက အခန္းအျပင္ထိေရာက္ေအာင္လ်ွံလို႔ •••••
▪▪▪⏳⏳⏳▪▪▪
"အားလံုးအဆင္ေျပတယ္မလား"
ေခ့အေမးစကားေၾကာင့္ ပီယေရာ၊ ထြဋ္ပါ ေခါင္းညိတ္လိုက္ၾကသည္။
"နင့္ကိုမလိုက္ေစခ်င္ဘူး ေခ ဒီကိစၥက ငါတို႔ႏွစ္ေယာက္တည္းနဲ႔လည္းၿပီးတယ္"
ပီယစကားကို ေခ ေခါင္းခါၿပီးျငင္းဆန္ျခင္းက ေခ့ကိုေတြ့တိုင္း စူးစိုက္ၾကၫ့္တတ္ေသာ မင္းေစရာရဲ့အၾကၫ့္ေတြကို လက္စားေခ်လိုျခင္းေၾကာင့္ျဖစ္သည္။
"လိုက္ရမယ္ အထူးသျဖင့္ အဲ့ဒီလူရိုင္းေကာင္ကို အျမင္ကတ္လို႔ကိုလိုက္ဦးမွာ မခကိုလည္းေသခ်ာမွာထားေနာ္ တစ္ခုခုလဲြလို႔မျဖစ္ဘူး"
"ေအးပါ"
"အခြင့္အေရးက တစ္ခါပဲရမယ္ ငါတို႔ညီေစေနာ္"
"ညီေစ"
▪▪▪⏳⏳⏳▪▪▪
Part 11 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial185 Chapters
Blood Evolution System
There is a war going on between the dimensions of the living and the Hell Dimension!
8 124 - In Serial86 Chapters
I'm Not The Hero
Orrin is NOT the hero of the story. That would be his best friend, Daniel. Somehow they stumbled into this new world with magic. While Daniel is the Hero, Orrin gained a new class Utility Warder. Who brought them here? Why does Orrin seem to have powers even the Hero doesn't? And why does Daniel seem to be pulling away from him? Updates: Saturday Morning like an old school cartoon. Also Thursdays on weekdays I can keep my life together. Update: April 1, 2022. Participant in the Royal Road Writathon challenge
8 366 - In Serial15 Chapters
Joker's way of life
What will happen if an avid gambler wakes up to see that his world had a massive change. Jack awakens to see a blue screen telling him to prepare for a great change. "Screw this lets go gambling. Gambling is the way of life."
8 197 - In Serial11 Chapters
Stranded in a Strange World(Dropped)
A soldier of the Morsadian Empire was first part of a scout division whose job was to invade another world after Morsad had conquered the entirety of their homeworld. Using the Gates, Morsad sought to expand its empire further, the scout division only one of thousands that were sent through the Gates, archaic means of transport that has been rumored to have created by the gods. But this scout division was defeated by a large horde of goblins, strange and new creatures in the eyes of the Morsadian soldiers who were forced to retreat except for the rearguard, now trapped in an inhospitable world. They are surrounded by hostiles and their odds of survival are quite low.
8 129 - In Serial338 Chapters
Infinitium, Book 1
From a Universe devoid of magic Johnathan finds himself poised to confront an enemy so vast that Gods have fled before it. By accident, divine edict, or fate he is forever changed by the actions of another. Johnathan must learn all that he can so that he can eventually help save the multiverse itself.
8 174 - In Serial17 Chapters
Heathens in Us (First Draft)
Have you ever lost control? Had a moment where you acted purely on impulse? When the devil on your shoulder whispers in your ear, it can be hard to ignore. What if it was real? Detective Scott Hanes is out to find the truth after a bloody rage caused the death of his wife. Now he has to uncover the truth while blurring the lines of reality. Follow him as he clears his name. Or damns it.
8 175

