《အချစ်ဝိုင် ( Complete )》Part 9
Advertisement
အချစ်ဝိုင် ( Part - 9 )
▪▪▪▪▪▪▪▪▪▪
"မခက မလာသေးဘူးလားဟာ ငါပျင်းလှပြီ"
"ခဏတော့စောင့်ပါဟ နင်ကလည်း"
ခေသည် စိတ်ရှုပ်သလိုဆံပင်တွေကိုစိတ်ရှိလက်ရှိဆွဲဖွပစ်ရင်း လွယ်ထားသည့်အိတ်ကို ပေါင်ပေါင်တင်ကာဆောင့်ခနဲထိုင်ချသည်။
နားဆွဲလေးတလှုပ်လှုပ်ဖြစ်သွား၍ ခေ့ပုံစံလေးက ချစ်စရာကောင်းနေသည်။
ခေက တီရှပ်အင်္ကျီအပွလေးကို ခါးမှာစုချည်ထားပြီး ဂျင်းဘောင်းဘီအတိုနှင့်ဖြစ်ကာ ရှူးဖိနပ်စီးထား၍ လူငယ်ဆန်ဆန်ဖြစ်နေသည်။
အလှအပဆို သိပ်စိတ်မဝင်စားတတ်ဘဲ အများအားဖြင့် မိတ်ကပ်လိမ်း တို့ဖတ်ဖ်ရိုက်၊ နှုတ်ခမ်းနီလေးဆိုးရုံနဲ့တင် ပြီးတတ်သူလည်းဖြစ်သည်။
"နင့်ရဲ့ထွဋ်ကရော မလိုက်ချင်ဘူးလား"
"ငါဒီကိုလာတာ သူမသိဘူး ရှုပ်လို့"
"အဲ့ဒါကိုပြောတာပေါ့ ခေစုတ်မရယ် နင်သာသူ့ကိုတကယ်ချစ်ရင်ရှုပ်တယ်လို့တွေးမိမှာမဟုတ်ဘူး"
"Awww ဒီပီယဟာလေ သိပ်အဆဲခံချင်နေတယ်ထင်တယ် ငါထွဋ်ကိုချစ်ပါတယ် လို့နင့်ကိုဝန်ခံဖူးလို့လား"
"ဘာလဲ နင်သူ့ကိုချစ်တယ်လို့ပြောတယ်လေ ငါ့ရှေ့မှာတင်"
"အဲ့ဒါကအဲ့ဒါပဲလေ ပီယရယ် နင်နဲ့ငါကသူငယ်ချင်းညီအစ်မတွေပါ နင့်ကိုတော့ငါလိမ်ပါ့မလား"
"နင့်မေကလွား ညီအစ်မ"
ပီယ ပျစ်ပျစ်နှစ်နှစ်ကျိန်ဆဲသော်လည်း ခေအပြုံးမပျက်ဘဲရယ်မိလေသည်။
ခေ့မျက်နှာကိုကြည့်ကာ ကျက်သရေကိုတုံးတယ်လို့ ပီယတွေးနေမှာမလွဲချေ။
"နင် ရုပ်ရှင်ရုံမှာတုန်းက အဆင်ပြေလား နင်တို့ကိုကြည့်ရတာ ရန်ဖြစ်ထားသလိုပဲ"
"မဖြစ်ပါဘူး နင်ပြောသလို ထွဋ်ကချစ်သင့်တဲ့လူပဲ နည်းနည်းလောက်နူးညံ့ပေးလိုက်တာ"
"အဆင်ပြေရင်လည်း ပြီးတာပဲ နင့်ကိုပဲစိတ်ပူနေရတာ"
ခေ ခေါင်းလေးညိတ်ပြီး ဖုန်းကိုထုတ်တော့ ပီယက နာရီလှမ်းကြည့်သည်။
"ကို မခနောက်ကျသွားတယ်"
မခရောက်လာ၍ ပီယက ထပြီးကြိုလိုက်သလို ခေကလည်းဆံပင်တွေသပ်တင်ရင်း ထရပ်သည်။
ဦးပိန်တံတားက ရေပြည့်နေချိန်ဆိုပို၍လှသည်မို့ သာသာယာယာလမ်းလျှောက်လာကြရင်း နေပူပူမှာ လေကခပ်ပြင်းပြင်းတိုက်လာသည်။
ထိုအခါ ပီယက အပေါ်ဝတ်အင်္ကျီကိုချွတ်ကာ မခအပေါ်မိုးပေးခြင်းဖြင့် ယုယကြင်နာပြလိုက်တော့ ခေတစ်ယောက် အမြင်ကတ်စိတ်တွေ တဖွားဖွားဖြစ်လာ၏။
"အကဲကိုပိုတယ်"
"အံမယ် နင့်ကိုနင့်ဘဲကအဲ့လိုလုပ်မပေးလို့ သဝန်တိုနေမလား ခေစုတ်မ"
"ဆုတောင်းလေ ငါလေး ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်ရင်ကို ထွဋ်တို့ကပျာယာခတ်နေပြီ"
"ခတ်မှာပေါ့ အဲ့ကောင်ကနားပူမှာအသားကုန် ကြောက်တယ်လေ ငါတို့ကတော့မကြောက်ပါဘူး"
"ပီယစုတ်"
"တကယ်ပြောတာ ဝက်မရဲ့"
"ဘာဝက်လဲ"
ခေသည် ပီယကိုစိတ်ကောက်ကာ ခြေဆောင့်ပြီးခုန်ပေါက်နေလေသည်။
ခေတို့ ၃ယောက်လုံးက သူငယ်ချင်းတွေလည်းဖြစ်သည်မို့ ပီယရော မခကပါပြောမနာဆိုမနာဖြစ်သည်။
သို့သော် ပီယနှင့်ခေရဲ့ဆက်ဆံရေးက ပိုပြီးပွင့်ပွင့်လင်းလင်းရှိသည်မို့ မခ မသိသောကိစ္စတစ်ချို့ကိုလည်း နှစ်ယောက်သားတိုင်ပင်ကြသည်။
ခေ စိတ်ဆိုးစိတ်ကောက်လျှင် သူတို့ချော့နေကျဖြစ်ပြီး တခြားဘယ်သူစိတ်ကောက်နေနေ ကျန်နှစ်ယောက်ကချော့ရတာဖြစ်ကာ ဒါကသူတို့ကြားမှာဓလေ့တစ်ခုလိုဖြစ်နေသည်။
"ခေရယ်စိတ်မဆိုးကြေးကွာ"
"စိတ်ဆိုးရင်လိပ်သိုးကြီးနဲ့တူတယ်တဲ့နော်"
"တူတူဟာ ငါကတော့မပြေနိုင်ဘူး နင်တို့ငါ့ကိုတစ်ခုခုဝယ်ကျွေးမှပြေနိုင်မယ်"
"တွေ့လားစိတ်ကောက်တာကနည်းနည်း ငတ်ကြီးကျချင်တာကများများ"
"ခေစုတ်မ အာ့ဆိုလည်း ဟိုဘက်ကမ်းရောက်ရင် ဘူးသီးကြော်စားကြမယ်ဟာ ဘယ်လိုလဲ"
မခ အကြံကို လက်ခံလိုက်ကာ တံတားအဆင်းက မယ်ဇယ်တန်းမှာဝင်ထိုင်ရင်း ခေကဖုန်းကိုပဲကလိနေလိုက်သည်။
သူတို့ကတော့ သမီးရည်းစားတွေမို့ တိုးတိုးတိတ်တိတ်စကားကပ်ပြောနေတာကိုလည်း နားလည်စွာဖြင့်ဖုန်းကလိရင်း စောင့်ပေးနေတာဖြစ်သည်။
ဘာတဲ့ ..
သူများအကျိုးဆောင်ကိုယ့်အကျိုးအောင်တဲ့လေ...
▪▪▪⏳⏳⏳▪▪▪
မခကို ကျောင်းပို့ကျောင်းကြိုလုပ်ဖို့ အစီအစဥ်က သူမကိုတွေ့ချင်၍ဖြစ်ပေမယ့် ယောင်လို့တောင်မှ သူမနဲ့တွေ့ခွင့်မရ။
မခနှင့်အတူ ကျောင်းထဲကထွက်လာပေမယ့် သူမက ကားပေါ်ကမဆင်းဘဲ မှန်အပြည့်တင်ထားပြီး မခကသာ သူမရဲ့ကားပေါ်ကဆင်းလာတတ်သည်။
သူမဘက်က စိမ်းကားသည့်ပြတ်သားမှုကို မြင်တွေ့နေရပေမယ့် ထိုစိမ်းကားမှုကို လက်မခံနိုင်။
"စာတွေက လိုက်နိုင်ရဲ့လား"
"ဟုတ် လိုက်နိုင်ပါတယ် ကိုမင်းရော ပြန်မသွားရတော့ဘူးလား"
"ငါကပြီးခဲ့ပြီ ပြန်မသွားတော့ဘူး"
"ကိုမင်း ဟိုကိစ္စကိုရော"
မခ စကားစလာတိုင်း သူ မပြုံးမရယ် ခေါင်းညိတ်ရုံပဲမို့ မခ ဆက်မမေးရဲ။
မေမေလည်း ခုချိန်ထိမသိသေးတာမို့ မခ ဘယ်သူ့ကိုမှမပြောထားမှန်းသိသည်။
ဒီကိစ္စကို မခရဲ့သူငယ်ချင်းဖြစ်သော သူမ ရော သိထားသလား။
"ငါ ဒါမျိုးဖြစ်နေတာ နင့်သူငယ်ချင်းရောသိလား"
ထင်မထားသည့်မေးခွန်းကြောင့် မခ အံ့အားသင့်သွားသလို မဝံ့မရဲကြည့်ရင်း ခေါင်းလေးညိတ်သည်။
"မခတောင် သူပြောလို့သိတာပါ ကိုမင်းကိုကြည့်ရတာ မူမမှန်ဘူးတဲ့"
ရင်ထဲဆတ်ခနဲဖြစ်သွားပြီး စတီယာရင်ကိုဖိဆုပ်ထားသည့်လက်တွေ ပိုတင်းသွားသည်။
ဒါကြောင့်မို့ သူမက လိုတာထက်ပိုပြီးမဆက်ဆံခဲ့တာပေါ့။
မကောင်းတဲ့ကောင် လို့ မြင်နေခဲ့တာပေါ့။
▪▪▪⏳⏳⏳▪▪▪
"မင်း ဘာဖြစ်နေတာလဲ မင်းစေ"
ဟိန်းခန့်က မေးလာတော့မှ အသိစိတ်ပြန်ဝင်လာကာ လက်ထဲကစီးကရက်ကိုငုံ့ကြည့်မိသည်။
တစ်ဝက်လောက်ကျန်သေးပေမယ့် ပြာခွက်ထဲထိုးချေပစ်ရင်း တောက်တစ်ချက်ခေါက်မိသည်။
ဘာကိုစိတ်တိုလို့ တိုနေမှန်းမသိဘဲ သူ့ရှေ့မှာပြန့်ကျဲနေသည့် ဓာတ်ပုံတွေကိုတစ်ခါပြန်ကြည့်မိသည်။
"မြတ်သူ လာပေးသွားတာ သူကတော့ photographerဆိုတော့ ပုံကောင်းကောင်းထွက်အောင်ရိုက်တတ်သားပဲ"
သူမက မြင်နေကျပုံစံတွေနဲ့ကွဲကာ ဂါဝန်အဖြူရောင်လေးကို စွပ်ဖိနပ်အဖြူလေးစီးထားပြီး အစိမ်းရောင်ဆံပင်တွေကို ကပိုကရိုထုံးထားသည်။
အညိုရောင်သားရေအိတ်ကို စလွယ်သိုင်းလွယ်ထားပြီး သူမလက်ကလေးကိုဆုပ်ကိုင်ထားသည့် လူတစ်ယောက်။
"အဲ့ဒီဘဲက ပြင်ဦးလွင်က တော်တော်ရေလျှံတယ်လို့ကြားတယ် လက်ရှိမင်းကောင်မလေးရဲ့ရည်းစားပေါ့"
"မင်းကောင်မလေးက ပြင်ဦးလွင်သူကွ အဲ့မှာပဲကြီးလာတာ"
သူမ ရန်ကုန်သူမဟုတ်မှန်း သိခဲ့ချိန်မှာတော့ သူဖွဖွလေးပြုံးမိပြန်သည်။
လိမ်ပါကောင်မလေးရယ်၊ မင်းအကြောင်းတွေ ငါ ဘာမှမသိစေချင်လို့လား။
"မင်း ကြိုက်ရင်လည်းလိုက်လေ မင်းစေ ခုဟာကအသည်းကွဲနေတဲ့ကောင်လိုလို ဘာလိုလို"
"မင်းတို့မသိလို့ပါကွာ သူ ငါ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်ဘူး စကားပြောရင်လည်း ဝတ်ကျေတမ်းကျေပဲ သူ အဲ့လိုဆက်ဆံတာကို ငါမခံစားနိုင်ဘူး"
"မင်း တကယ်ကြီးလား"
စိတ်ထဲရှိသလိုထွက်လာတော့ တစ်အုပ်စုလုံး အံ့သြသွားကြ၏။
သူက အားလုံးထဲမှာသွေးအဆိုးဆုံးဖြစ်ခဲ့ကာ ထင်သလိုပျော်ပါးသွားလာခဲ့ပြီးမှ သူ့အတွက် ဘာမှမထူးခြားသည့်ကောင်မလေးကိုမှ ဘာလို့ခုလောက်ထိစွဲလမ်းမိမှန်းမသိ။
သူလိုက်စရာမလိုဘဲ အလိုလိုလာငြိသည့်အလှပဂေးတွေကိုလည်း ခုလောက်ထိစိတ်မဝင်စားခဲ့ဖူး။
"အဲ့ဒါဆို မင်းဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ"
"မသိသေးဘူး ဘာမှစိတ်မကူးရသေးဘူး ဒီကောင်နဲ့က တွဲတာကြာပြီလား"
Advertisement
"တစ်နှစ်နီးပါးတော့ရှိပြီ အဲ့ကောင်ကလည်း သူတို့အထက်တန်းကျောင်းကတည်းက အသေအလဲလိုက်ခဲ့တာတဲ့ နည်းနည်းနောနော ဇွဲတော့မဟုတ်ဘူး"
"ပြီးတော့ တစ်ခုရှိသေးတယ် ခရေဝိုင်ဆိုရင် ကျော်ပီယဆိုပြီးမြင်လာရတဲ့အထိ အတွဲညီတဲ့ကောင်ရှိသေးတယ် အဲ့ကောင်အကြောင်းတော့ မစုံစမ်းရသေးဘူး"
"ကျော်ပီယ ဟုတ်လား သူကရောဘာလဲ"
"အဲ့ဘဲက ခရေဝိုင်ရဲ့အချစ်ဆုံးသူငယ်ချင်းတဲ့ အဖေချင်းလည်းသူငယ်ချင်းမို့ သူတို့ချင်းလည်း ငယ်ငယ်ကတည်းက ပေါင်းလာတာလို့ပြောတယ် သူလည်းပြင်ဦးလွင်မှာနာမည်ကျော်ပဲ"
စုံစမ်းသိရသမျှမှာ သူ့အတွက်ကောင်းတာမရှိ။
ခရေဝိုင်ဆိုသည့်နာမည်ကိုက ထူးခြားနေသလို သူမရဲ့ထူးခြားမှုကလည်း ခပ်ချောချောဘဲနှစ်ပွေကိုခြံရံပြီး ထင်ရာစိုင်းတတ်သူအဖြစ်။
"မင်းကောင်မလေးကလည်း ခပ်ဆိုးဆိုးလေးကွ EDMပွဲတိုင်း၊ clubတိုင်း သူ့ခြေရာချည်းပဲ ဟိုကျော်ပီယဆိုတာကလည်း ကိုယ်ရံတော်အတိုင်းပဲ သူ့နောက်မှာအမြဲပါတယ် ပြောချင်တာကကွာ ခရေဝိုင်အပြင်ထွက်တိုင်း ကျော်ပီယပါရင်ပါ မပါရင် မင်းရဲထွဋ်ခေါင်ပါတယ် မင်းမလွယ်ဘူး"
သူ ပြုံးလိုက်ရင်း ဂါဝန်ဖြူလေးဖြင့် ဝင်းစက်နေသော သူမမျက်နှာလေးကိုကြည့်ရင်း ပြုံးမိသည်။
"မဆန်းပါဘူး တန်ဖိုးကြီးတဲ့အရာတိုင်းက ခက်ခဲတာချည်းပဲလေ"
▪▪▪⏳⏳⏳▪▪▪
"လွမ်းတယ် မခရယ်"
"ကိုကလည်းပိုပြီ နေ့လည်ကမှတွေ့ခဲ့တာကို"
"မပိုပါဘူး လိုတောင်လိုနေသေးတယ် ကို မခနဲ့လက်ထပ်ပြီးရင်ကလေးနှစ်ယောက်ယူမယ် ပြင်ဦးလွင်မှာနေမယ်"
"အံမယ် ဘယ်သူကနေမယ်ပြောလို့လဲ"
ကိုမင်းအပြင်ထွက်သွားတာ ပြန်မရောက်လောက်သေးဘူးထင်ထား၍ မခဧည့်ခန်းမှာထိုင်ပြီး ဖုန်းပြောနေမိကာ ဖုန်းကိုဆွဲယူခံလိုက်ရမှ မခလန့်သွားမိသည်။
"ရည်းစားထားတတ်နေပြီပေါ့"
"ကိုမင်း"
"နင့်ကို ဒီလောက်ကြပ်နေတာတောင်မှ ငါ့ကိုဂရုမစိုက်သလိုလုပ်ပြနေတာလား"
"မဟုတ်ပါဘူး မခက"
"တော်တော့ ဘာမှမပြောနဲ့တော့ သွား.. အခန်းကိုပြန် ပစ္စည်းတွေသိမ်း မနက်ဖြန်မိုးကုတ်ကိုပြန်"
"ဘာလို့မိုးကုတ်ကိုပြန်ရမှာလဲ ကိုမင်းရဲ့ မခကျောင်းတက်နေတုန်းပဲဟာ"
မခ ထိတ်လန့်စွာမေးမိပေမယ့် ကိုမင်းက ဂရုမစိုက်ဘဲ မခဖုန်းကိုစက်ပိတ်ပြီးသိမ်းလိုက်သည်။
ရုတ်တရက်ပြောင်းလဲသွားသည့်အခြေအနေကြောင့် မခ ရင်ထဲစိုးထိတ်သွားသလို မီးဖိုခန်းထဲက မေမေလည်းထွက်လာသည်။
"နောက်နှစ်မှတက် သွားတော့"
"ဘာလို့သွားရမှာလဲ သား မခကကျောင်းတက်လျက်တန်းလန်းကြီး မင်းအဲ့လို လုပ်ချင်တိုင်းလုပ်လို့ရမလား မင်းစေရာ"
မေမေ့ဆီက တားဆီးစကားထွက်လာတော့ မခ အားကိုးရာရသွားကာ မေမေ့ကိုပြေးဖက်လိုက်မိသည်။
မေမေက မခပခုံးလေးကို ပြန်ဖက်ထားရင်း•••••
"ဒီအရွယ်ရည်းစားထားတာ ဘာဆန်းလို့လဲ သားရယ်"
"မဆန်းဘူး ဒါပေမယ့် ကျွန်တော်သဘောမတူဘူး မေမေ ဘယ်ကကောင်နဲ့ ဘယ်လိုဖြစ်နေမှာကို ထိုင်ပြီးစိတ်ပူမနေနိုင်ဘူး နင့်ကို မြတ်သူနဲ့နေရာချပေးဖို့စဥ်းစားထားပြီးသား"
မခ မျက်ရည်တွေဝဲတက်လာပြီး မေမေ့ကိုအားကိုးသလိုမော့ကြည့်ရင်း ခေါင်းခါပြမိ၏။
ကိုမင်းကို မေမေလည်းမလွန်ဆန်နိုင်တာကို သတိရသွားတော့ ကို့အတွက် တစ်ခါလောက်ရင်ဆိုင်ချင်စိတ်ဖြင့် ကိုမင်းကိုပြန်ကြည့်ကာ...
"မယူနိုင်ဘူး ကိုကလွဲပြီး ဘယ်သူနဲ့မှလက်မထပ်နိုင်ဘူး ကိုမင်း ညီမလေးကိုဇွတ်မစီစဥ်ပါနဲ့"
"မေမိုးမခ"
"သား စိတ်အေးအေးထားပြီးစဥ်းစားစမ်း မေမေလည်းသဘောမတူဘူး"
"ဘယ်သူ သဘောတူတူ မတူတူ ကျွန်တော်ကတော့ဆက်လုပ်မှာပဲ နင် အဲ့ကောင်နဲ့အဆက်အသွယ်ဖြတ် မဟုတ်ရင်ငါ့အကြောင်းသိမယ်"
သူ ဘာလို့အဲ့လောက်ထိ စိတ်တိုသွားလဲ သူ့ကိုယ်သူမသိပါ။
အခန်းထဲကိုဝုန်းဒိုင်းကျဲဝင်လာရင်း မခဖုန်းလေးကိုပြန်ဖွင့်ကြည့်မိတော့ Galleryထဲမှာ တခြားယောကျာ်းတစ်ယောက်ကိုတွေ့လေသည်။
မခရဲ့ ရည်းစားဆိုတဲ့ကောင်။
Koreaအဆိုတော်တွေလို နုဖတ်ချောမွေ့နေသည့်မျက်နှာက သူမြင်ခဲ့ဖူးသလိုထင်မိ၏။
"ဒီကောင့်ကို ငါမြင်ဖူးပါတယ်"
မြင်ဖူးသည်မှာသေချာသွားသည်မို့ ဦးနှောက်ကိုအလုပ်ပေးတော့လည်း သူ စဥ်းစားမရ။
ဖုန်းထဲမှာ သူမရဲ့ပုံလေးတွေလည်းပါသည်မို့ စူးစိုက်ကြည့်ရင်း ဒေါသဖြစ်လာကာ ဖုန်းကိုအိပ်ယာပေါ်လွှင့်ပစ်လိုက်သည်။
သူ မတွေ့ဖူးခဲ့သော အပြုံးတွေ၊ ချစ်စရာအမူအယာတွေ။
သူကလွဲလို့ တခြားသူတွေအပေါ် သူမ ပြုံးပြ၊ ချစ်စရာအမူအယာတွေလုပ်ပြတတ်ပြီး ဘာလို့ သူ့ကိုမှ...
"ဘာဖြစ်လို့လဲ ခရေဝိုင်.. မင်း ဘာဖြစ်လို့ ငါ့ကိုမှလဲ"
စိတ်တွေ ကစဥ့်ကလျားဖြစ်ကာ မနေနိုင်တော့သည်မို့ ဆေးထုတ်ကို သူထုတ်ယူလိုက်သည်။
လက်ရှိအချိန်မှာ ဒါတွေကသာ သူ့ရဲ့အဖော်မွန်••••
▪▪▪⏳⏳⏳▪▪▪
Part 10ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( Part - 9 )
▪▪▪▪▪▪▪▪▪▪
"မခက မလာေသးဘူးလားဟာ ငါပ်င္းလွၿပီ"
"ခဏေတာ့ေစာင့္ပါဟ နင္ကလည္း"
ေခသည္ စိတ္ရႈပ္သလိုဆံပင္ေတြကိုစိတ္ရိွလက္ရိွဆဲြဖြပစ္ရင္း လြယ္ထားသၫ့္အိတ္ကို ေပါင္ေပါင္တင္ကာေဆာင့္ခနဲထိုင္ခ်သည္။
နားဆဲြေလးတလႈပ္လႈပ္ျဖစ္သြား၍ ေခ့ပံုစံေလးက ခ်စ္စရာေကာင္းေနသည္။
ေခက တီရွပ္အက်ႌအပြေလးကို ခါးမွာစုခ်ည္ထားၿပီး ဂ်င္းေဘာင္းဘီအတိုႏွင့္ျဖစ္ကာ ရႉးဖိနပ္စီးထား၍ လူငယ္ဆန္ဆန္ျဖစ္ေနသည္။
အလွအပဆို သိပ္စိတ္မဝင္စားတတ္ဘဲ အမ်ားအားျဖင့္ မိတ္ကပ္လိမ္း တို႔ဖတ္ဖ္ရိုက္၊ ႏႈတ္ခမ္းနီေလးဆိုးရံုနဲ႔တင္ ၿပီးတတ္သူလည္းျဖစ္သည္။
"နင့္ရဲ့ထြဋ္ကေရာ မလိုက္ခ်င္ဘူးလား"
"ငါဒီကိုလာတာ သူမသိဘူး ရႈပ္လို႔"
"အဲ့ဒါကိုေျပာတာေပါ့ ေခစုတ္မရယ္ နင္သာသူ႔ကိုတကယ္ခ်စ္ရင္ရႈပ္တယ္လို႔ေတြးမိမွာမဟုတ္ဘူး"
"Awww ဒီပီယဟာေလ သိပ္အဆဲခံခ်င္ေနတယ္ထင္တယ္ ငါထြဋ္ကိုခ်စ္ပါတယ္ လို႔နင့္ကိုဝန္ခံဖူးလို႔လား"
"ဘာလဲ နင္သူ႔ကိုခ်စ္တယ္လို႔ေျပာတယ္ေလ ငါ့ေရ႔ွမွာတင္"
"အဲ့ဒါကအဲ့ဒါပဲေလ ပီယရယ္ နင္နဲ႔ငါကသူငယ္ခ်င္းညီအစ္မေတြပါ နင့္ကိုေတာ့ငါလိမ္ပါ့မလား"
"နင့္ေမကလြား ညီအစ္မ"
ပီယ ပ်စ္ပ်စ္ႏွစ္ႏွစ္က်ိန္ဆဲေသာ္လည္း ေခအႃပံုးမပ်က္ဘဲရယ္မိေလသည္။
ေခ့မ်က္ႏွာကိုၾကၫ့္ကာ က်က္သေရကိုတံုးတယ္လို႔ ပီယေတြးေနမွာမလဲြေခ်။
"နင္ ရုပ္ရွင္ရံုမွာတုန္းက အဆင္ေျပလား နင္တို႔ကိုၾကၫ့္ရတာ ရန္ျဖစ္ထားသလိုပဲ"
"မျဖစ္ပါဘူး နင္ေျပာသလို ထြဋ္ကခ်စ္သင့္တဲ့လူပဲ နည္းနည္းေလာက္ႏူးညံ့ေပးလိုက္တာ"
"အဆင္ေျပရင္လည္း ၿပီးတာပဲ နင့္ကိုပဲစိတ္ပူေနရတာ"
ေခ ေခါင္းေလးညိတ္ၿပီး ဖုန္းကိုထုတ္ေတာ့ ပီယက နာရီလွမ္းၾကၫ့္သည္။
"ကို မခေနာက္က်သြားတယ္"
မခေရာက္လာ၍ ပီယက ထၿပီးႀကိဳလိုက္သလို ေခကလည္းဆံပင္ေတြသပ္တင္ရင္း ထရပ္သည္။
ဦးပိန္တံတားက ေရျပၫ့္ေနခ်ိန္ဆိုပို၍လွသည္မို႔ သာသာယာယာလမ္းေလ်ွာက္လာၾကရင္း ေနပူပူမွာ ေလကခပ္ျပင္းျပင္းတိုက္လာသည္။
ထိုအခါ ပီယက အေပၚဝတ္အက်ႌကိုခၽြတ္ကာ မခအေပၚမိုးေပးျခင္းျဖင့္ ယုယၾကင္နာျပလိုက္ေတာ့ ေခတစ္ေယာက္ အျမင္ကတ္စိတ္ေတြ တဖြားဖြားျဖစ္လာ၏။
Advertisement
"အကဲကိုပိုတယ္"
"အံမယ္ နင့္ကိုနင့္ဘဲကအဲ့လိုလုပ္မေပးလို႔ သဝန္တိုေနမလား ေခစုတ္မ"
"ဆုေတာင္းေလ ငါေလး ဟြန႔္ခနဲ ႏွာေခါင္းရႈံ႔လိုက္ရင္ကို ထြဋ္တို႔ကပ်ာယာခတ္ေနၿပီ"
"ခတ္မွာေပါ့ အဲ့ေကာင္ကနားပူမွာအသားကုန္ ေၾကာက္တယ္ေလ ငါတို႔ကေတာ့မေၾကာက္ပါဘူး"
"ပီယစုတ္"
"တကယ္ေျပာတာ ဝက္မရဲ့"
"ဘာဝက္လဲ"
ေခသည္ ပီယကိုစိတ္ေကာက္ကာ ေျခေဆာင့္ၿပီးခုန္ေပါက္ေနေလသည္။
ေခတို႔ ၃ေယာက္လံုးက သူငယ္ခ်င္းေတြလည္းျဖစ္သည္မို႔ ပီယေရာ မခကပါေျပာမနာဆိုမနာျဖစ္သည္။
သို႔ေသာ္ ပီယႏွင့္ေခရဲ့ဆက္ဆံေရးက ပိုၿပီးပြင့္ပြင့္လင္းလင္းရိွသည္မို႔ မခ မသိေသာကိစၥတစ္ခ်ိဳ႕ကိုလည္း ႏွစ္ေယာက္သားတိုင္ပင္ၾကသည္။
ေခ စိတ္ဆိုးစိတ္ေကာက္လ်ွင္ သူတို႔ေခ်ာ့ေနက်ျဖစ္ၿပီး တျခားဘယ္သူစိတ္ေကာက္ေနေန က်န္ႏွစ္ေယာက္ကေခ်ာ့ရတာျဖစ္ကာ ဒါကသူတို႔ၾကားမွာဓေလ့တစ္ခုလိုျဖစ္ေနသည္။
"ေခရယ္စိတ္မဆိုးေၾကးကြာ"
"စိတ္ဆိုးရင္လိပ္သိုးႀကီးနဲ႔တူတယ္တဲ့ေနာ္"
"တူတူဟာ ငါကေတာ့မေျပႏိုင္ဘူး နင္တို႔ငါ့ကိုတစ္ခုခုဝယ္ကၽြေးမွေျပႏိုင္မယ္"
"ေတြ့လားစိတ္ေကာက္တာကနည္းနည္း ငတ္ႀကီးက်ခ်င္တာကမ်ားမ်ား"
"ေခစုတ္မ အာ့ဆိုလည္း ဟိုဘက္ကမ္းေရာက္ရင္ ဘူးသီးေၾကာ္စားၾကမယ္ဟာ ဘယ္လိုလဲ"
မခ အႀကံကို လက္ခံလိုက္ကာ တံတားအဆင္းက မယ္ဇယ္တန္းမွာဝင္ထိုင္ရင္း ေခကဖုန္းကိုပဲကလိေနလိုက္သည္။
သူတို႔ကေတာ့ သမီးရည္းစားေတြမို႔ တိုးတိုးတိတ္တိတ္စကားကပ္ေျပာေနတာကိုလည္း နားလည္စြာျဖင့္ဖုန္းကလိရင္း ေစာင့္ေပးေနတာျဖစ္သည္။
ဘာတဲ့ ..
သူမ်ားအက်ိဳးေဆာင္ကိုယ့္အက်ိဳးေအာင္တဲ့ေလ...
▪▪▪⏳⏳⏳▪▪▪
မခကို ေက်ာင္းပို႔ေက်ာင္းႀကိဳလုပ္ဖို႔ အစီအစဥ္က သူမကိုေတြ့ခ်င္၍ျဖစ္ေပမယ့္ ေယာင္လို႔ေတာင္မွ သူမနဲ႔ေတြ့ခြင့္မရ။
မခႏွင့္အတူ ေက်ာင္းထဲကထြက္လာေပမယ့္ သူမက ကားေပၚကမဆင္းဘဲ မွန္အျပၫ့္တင္ထားၿပီး မခကသာ သူမရဲ့ကားေပၚကဆင္းလာတတ္သည္။
သူမဘက္က စိမ္းကားသၫ့္ျပတ္သားမႈကို ျမင္ေတြ့ေနရေပမယ့္ ထိုစိမ္းကားမႈကို လက္မခံႏိုင္။
"စာေတြက လိုက္ႏိုင္ရဲ့လား"
"ဟုတ္ လိုက္ႏိုင္ပါတယ္ ကိုမင္းေရာ ျပန္မသြားရေတာ့ဘူးလား"
"ငါကၿပီးခဲ့ၿပီ ျပန္မသြားေတာ့ဘူး"
"ကိုမင္း ဟိုကိစၥကိုေရာ"
မခ စကားစလာတိုင္း သူ မႃပံုးမရယ္ ေခါင္းညိတ္ရံုပဲမို႔ မခ ဆက္မေမးရဲ။
ေမေမလည္း ခုခ်ိန္ထိမသိေသးတာမို႔ မခ ဘယ္သူ႔ကိုမွမေျပာထားမွန္းသိသည္။
ဒီကိစၥကို မခရဲ့သူငယ္ခ်င္းျဖစ္ေသာ သူမ ေရာ သိထားသလား။
"ငါ ဒါမ်ိဳးျဖစ္ေနတာ နင့္သူငယ္ခ်င္းေရာသိလား"
ထင္မထားသၫ့္ေမးခြန္းေၾကာင့္ မခ အံ့အားသင့္သြားသလို မဝံ့မရဲၾကၫ့္ရင္း ေခါင္းေလးညိတ္သည္။
"မခေတာင္ သူေျပာလို႔သိတာပါ ကိုမင္းကိုၾကၫ့္ရတာ မူမမွန္ဘူးတဲ့"
ရင္ထဲဆတ္ခနဲျဖစ္သြားၿပီး စတီယာရင္ကိုဖိဆုပ္ထားသၫ့္လက္ေတြ ပိုတင္းသြားသည္။
ဒါေၾကာင့္မို႔ သူမက လိုတာထက္ပိုၿပီးမဆက္ဆံခဲ့တာေပါ့။
မေကာင္းတဲ့ေကာင္ လို႔ ျမင္ေနခဲ့တာေပါ့။
▪▪▪⏳⏳⏳▪▪▪
"မင္း ဘာျဖစ္ေနတာလဲ မင္းေစ"
ဟိန္းခန႔္က ေမးလာေတာ့မွ အသိစိတ္ျပန္ဝင္လာကာ လက္ထဲကစီးကရက္ကိုငံု႔ၾကၫ့္မိသည္။
တစ္ဝက္ေလာက္က်န္ေသးေပမယ့္ ျပာခြက္ထဲထိုးေခ်ပစ္ရင္း ေတာက္တစ္ခ်က္ေခါက္မိသည္။
ဘာကိုစိတ္တိုလို႔ တိုေနမွန္းမသိဘဲ သူ႔ေရ႔ွမွာျပန႔္က်ဲေနသၫ့္ ဓာတ္ပံုေတြကိုတစ္ခါျပန္ၾကၫ့္မိသည္။
"ျမတ္သူ လာေပးသြားတာ သူကေတာ့ photographerဆိုေတာ့ ပံုေကာင္းေကာင္းထြက္ေအာင္ရိုက္တတ္သားပဲ"
သူမက ျမင္ေနက်ပံုစံေတြနဲ႔ကဲြကာ ဂါဝန္အျဖဴေရာင္ေလးကို စြပ္ဖိနပ္အျဖဴေလးစီးထားၿပီး အစိမ္းေရာင္ဆံပင္ေတြကို ကပိုကရိုထံုးထားသည္။
အညိုေရာင္သားေရအိတ္ကို စလြယ္သိုင္းလြယ္ထားၿပီး သူမလက္ကေလးကိုဆုပ္ကိုင္ထားသၫ့္ လူတစ္ေယာက္။
"အဲ့ဒီဘဲက ျပင္ဦးလြင္က ေတာ္ေတာ္ေရလ်ွံတယ္လို႔ၾကားတယ္ လက္ရိွမင္းေကာင္မေလးရဲ့ရည္းစားေပါ့"
"မင္းေကာင္မေလးက ျပင္ဦးလြင္သူကြ အဲ့မွာပဲႀကီးလာတာ"
သူမ ရန္ကုန္သူမဟုတ္မွန္း သိခဲ့ခ်ိန္မွာေတာ့ သူဖြဖြေလးႃပံုးမိျပန္သည္။
လိမ္ပါေကာင္မေလးရယ္၊ မင္းအေၾကာင္းေတြ ငါ ဘာမွမသိေစခ်င္လို႔လား။
"မင္း ႀကိဳက္ရင္လည္းလိုက္ေလ မင္းေစ ခုဟာကအသည္းကဲြေနတဲ့ေကာင္လိုလို ဘာလိုလို"
"မင္းတို႔မသိလို႔ပါကြာ သူ ငါ့ကိုမ်က္ႏွာခ်င္းေတာင္မဆိုင္ခ်င္ဘူး စကားေျပာရင္လည္း ဝတ္ေက်တမ္းေက်ပဲ သူ အဲ့လိုဆက္ဆံတာကို ငါမခံစားႏိုင္ဘူး"
"မင္း တကယ္ႀကီးလား"
စိတ္ထဲရိွသလိုထြက္လာေတာ့ တစ္အုပ္စုလံုး အံ့ၾသသြားၾက၏။
သူက အားလံုးထဲမွာေသြးအဆိုးဆံုးျဖစ္ခဲ့ကာ ထင္သလိုေပ်ာ္ပါးသြားလာခဲ့ၿပီးမွ သူ႔အတြက္ ဘာမွမထူးျခားသၫ့္ေကာင္မေလးကိုမွ ဘာလို႔ခုေလာက္ထိစဲြလမ္းမိမွန္းမသိ။
သူလိုက္စရာမလိုဘဲ အလိုလိုလာၿငိသၫ့္အလွပေဂးေတြကိုလည္း ခုေလာက္ထိစိတ္မဝင္စားခဲ့ဖူး။
"အဲ့ဒါဆို မင္းဘယ္လိုလုပ္မယ္စိတ္ကူးထားလဲ"
"မသိေသးဘူး ဘာမွစိတ္မကူးရေသးဘူး ဒီေကာင္နဲ႔က တဲြတာၾကာၿပီလား"
"တစ္ႏွစ္နီးပါးေတာ့ရိွၿပီ အဲ့ေကာင္ကလည္း သူတို႔အထက္တန္းေက်ာင္းကတည္းက အေသအလဲလိုက္ခဲ့တာတဲ့ နည္းနည္းေနာေနာ ဇဲြေတာ့မဟုတ္ဘူး"
"ၿပီးေတာ့ တစ္ခုရိွေသးတယ္ ခေရဝိုင္ဆိုရင္ ေက်ာ္ပီယဆိုၿပီးျမင္လာရတဲ့အထိ အတဲြညီတဲ့ေကာင္ရိွေသးတယ္ အဲ့ေကာင္အေၾကာင္းေတာ့ မစံုစမ္းရေသးဘူး"
"ေက်ာ္ပီယ ဟုတ္လား သူကေရာဘာလဲ"
"အဲ့ဘဲက ခေရဝိုင္ရဲ့အခ်စ္ဆံုးသူငယ္ခ်င္းတဲ့ အေဖခ်င္းလည္းသူငယ္ခ်င္းမို႔ သူတို႔ခ်င္းလည္း ငယ္ငယ္ကတည္းက ေပါင္းလာတာလို႔ေျပာတယ္ သူလည္းျပင္ဦးလြင္မွာနာမည္ေက်ာ္ပဲ"
စံုစမ္းသိရသမ်ွမွာ သူ႔အတြက္ေကာင္းတာမရိွ။
ခေရဝိုင္ဆိုသၫ့္နာမည္ကိုက ထူးျခားေနသလို သူမရဲ့ထူးျခားမႈကလည္း ခပ္ေခ်ာေခ်ာဘဲႏွစ္ေပြကိုၿခံရံၿပီး ထင္ရာစိုင္းတတ္သူအျဖစ္။
"မင္းေကာင္မေလးကလည္း ခပ္ဆိုးဆိုးေလးကြ EDMပဲြတိုင္း၊ clubတိုင္း သူ႔ေျခရာခ်ည္းပဲ ဟိုေက်ာ္ပီယဆိုတာကလည္း ကိုယ္ရံေတာ္အတိုင္းပဲ သူ႔ေနာက္မွာအၿမဲပါတယ္ ေျပာခ်င္တာကကြာ ခေရဝိုင္အျပင္ထြက္တိုင္း ေက်ာ္ပီယပါရင္ပါ မပါရင္ မင္းရဲထြဋ္ေခါင္ပါတယ္ မင္းမလြယ္ဘူး"
သူ ႃပံုးလိုက္ရင္း ဂါဝန္ျဖဴေလးျဖင့္ ဝင္းစက္ေနေသာ သူမမ်က္ႏွာေလးကိုၾကၫ့္ရင္း ႃပံုးမိသည္။
"မဆန္းပါဘူး တန္ဖိုးႀကီးတဲ့အရာတိုင္းက ခက္ခဲတာခ်ည္းပဲေလ"
▪▪▪⏳⏳⏳▪▪▪
"လြမ္းတယ္ မခရယ္"
"ကိုကလည္းပိုၿပီ ေန့လည္ကမွေတြ့ခဲ့တာကို"
"မပိုပါဘူး လိုေတာင္လိုေနေသးတယ္ ကို မခနဲ႔လက္ထပ္ၿပီးရင္ကေလးႏွစ္ေယာက္ယူမယ္ ျပင္ၪီးလြင္မွာေနမယ္"
"အံမယ္ ဘယ္သူကေနမယ္ေျပာလို႔လဲ"
ကိုမင္းအျပင္ထြက္သြားတာ ျပန္မေရာက္ေလာက္ေသးဘူးထင္ထား၍ မခဧၫ့္ခန္းမွာထိုင္ၿပီး ဖုန္းေျပာေနမိကာ ဖုန္းကိုဆဲြယူခံလိုက္ရမွ မခလန႔္သြားမိသည္။
"ရည္းစားထားတတ္ေနၿပီေပါ့"
"ကိုမင္း"
"နင့္ကို ဒီေလာက္ၾကပ္ေနတာေတာင္မွ ငါ့ကိုဂရုမစိုက္သလိုလုပ္ျပေနတာလား"
"မဟုတ္ပါဘူး မခက"
"ေတာ္ေတာ့ ဘာမွမေျပာနဲ႔ေတာ့ သြား.. အခန္းကိုျပန္ ပစၥည္းေတြသိမ္း မနက္ျဖန္မိုးကုတ္ကိုျပန္"
"ဘာလို႔မိုးကုတ္ကိုျပန္ရမွာလဲ ကိုမင္းရဲ့ မခေက်ာင္းတက္ေနတုန္းပဲဟာ"
မခ ထိတ္လန႔္စြာေမးမိေပမယ့္ ကိုမင္းက ဂရုမစိုက္ဘဲ မခဖုန္းကိုစက္ပိတ္ၿပီးသိမ္းလိုက္သည္။
ရုတ္တရက္ေျပာင္းလဲသြားသၫ့္အေျခအေနေၾကာင့္ မခ ရင္ထဲစိုးထိတ္သြားသလို မီးဖိုခန္းထဲက ေမေမလည္းထြက္လာသည္။
"ေနာက္ႏွစ္မွတက္ သြားေတာ့"
"ဘာလို႔သြားရမွာလဲ သား မခကေက်ာင္းတက္လ်က္တန္းလန္းႀကီး မင္းအဲ့လို လုပ္ခ်င္တိုင္းလုပ္လို႔ရမလား မင္းေစရာ"
ေမေမ့ဆီက တားဆီးစကားထြက္လာေတာ့ မခ အားကိုးရာရသြားကာ ေမေမ့ကိုေျပးဖက္လိုက္မိသည္။
ေမေမက မခပခံုးေလးကို ျပန္ဖက္ထားရင္း•••••
"ဒီအရြယ္ရည္းစားထားတာ ဘာဆန္းလို႔လဲ သားရယ္"
"မဆန္းဘူး ဒါေပမယ့္ ကၽြန္ေတာ္သေဘာမတူဘူး ေမေမ ဘယ္ကေကာင္နဲ႔ ဘယ္လိုျဖစ္ေနမွာကို ထိုင္ၿပီးစိတ္ပူမေနႏိုင္ဘူး နင့္ကို ျမတ္သူနဲ႔ေနရာခ်ေပးဖို႔စဥ္းစားထားၿပီးသား"
မခ မ်က္ရည္ေတြဝဲတက္လာၿပီး ေမေမ့ကိုအားကိုးသလိုေမာ့ၾကၫ့္ရင္း ေခါင္းခါျပမိ၏။
ကိုမင္းကို ေမေမလည္းမလြန္ဆန္ႏိုင္တာကို သတိရသြားေတာ့ ကို႔အတြက္ တစ္ခါေလာက္ရင္ဆိုင္ခ်င္စိတ္ျဖင့္ ကိုမင္းကိုျပန္ၾကၫ့္ကာ...
"မယူႏိုင္ဘူး ကိုကလဲြၿပီး ဘယ္သူနဲ႔မွလက္မထပ္ႏိုင္ဘူး ကိုမင္း ညီမေလးကိုဇြတ္မစီစဥ္ပါနဲ႔"
"ေမမိုးမခ"
"သား စိတ္ေအးေအးထားၿပီးစဥ္းစားစမ္း ေမေမလည္းသေဘာမတူဘူး"
"ဘယ္သူ သေဘာတူတူ မတူတူ ကၽြန္ေတာ္ကေတာ့ဆက္လုပ္မွာပဲ နင္ အဲ့ေကာင္နဲ႔အဆက္အသြယ္ျဖတ္ မဟုတ္ရင္ငါ့အေၾကာင္းသိမယ္"
သူ ဘာလို႔အဲ့ေလာက္ထိ စိတ္တိုသြားလဲ သူ႔ကိုယ္သူမသိပါ။
အခန္းထဲကိုဝုန္းဒိုင္းက်ဲဝင္လာရင္း မခဖုန္းေလးကိုျပန္ဖြင့္ၾကၫ့္မိေတာ့ Galleryထဲမွာ တျခားေယာက်ာ္းတစ္ေယာက္ကိုေတြ့ေလသည္။
မခရဲ့ ရည္းစားဆိုတဲ့ေကာင္။
Koreaအဆိုေတာ္ေတြလို ႏုဖတ္ေခ်ာေမြ့ေနသၫ့္မ်က္ႏွာက သူျမင္ခဲ့ဖူးသလိုထင္မိ၏။
"ဒီေကာင့္ကို ငါျမင္ဖူးပါတယ္"
ျမင္ဖူးသည္မွာေသခ်ာသြားသည္မို႔ ဦးေနွာက္ကိုအလုပ္ေပးေတာ့လည္း သူ စဥ္းစားမရ။
ဖုန္းထဲမွာ သူမရဲ့ပံုေလးေတြလည္းပါသည္မို႔ စူးစိုက္ၾကၫ့္ရင္း ေဒါသျဖစ္လာကာ ဖုန္းကိုအိပ္ယာေပၚလႊင့္ပစ္လိုက္သည္။
သူ မေတြ့ဖူးခဲ့ေသာ အႃပံုးေတြ၊ ခ်စ္စရာအမူအယာေတြ။
သူကလဲြလို႔ တျခားသူေတြအေပၚ သူမ ႃပံုးျပ၊ ခ်စ္စရာအမူအယာေတြလုပ္ျပတတ္ၿပီး ဘာလို႔ သူ႔ကိုမွ...
"ဘာျဖစ္လို႔လဲ ခေရဝိုင္.. မင္း ဘာျဖစ္လို႔ ငါ့ကိုမွလဲ"
စိတ္ေတြ ကစဥ့္ကလ်ားျဖစ္ကာ မေနႏိုင္ေတာ့သည္မို႔ ေဆးထုတ္ကို သူထုတ္ယူလိုက္သည္။
လက္ရိွအခ်ိန္မွာ ဒါေတြကသာ သူ႔ရဲ့အေဖာ္မြန္••••
▪▪▪⏳⏳⏳▪▪▪
Part 10ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial6 Chapters
The Cutest Demon Lord
One day out of nowhere, Kaede is summoned to another world. One eerily similar to New World Online with one key difference. As she treads the same path she once took, Kaede quickly figures out the differences between seasoned gamers and feudal citizens. This is a Fanfiction of Bofuri. I do not own Bofuri, it is owned by Yuumikan. Please support the original.
8 136 - In Serial11 Chapters
A Crone's Trade
Latgalay lusts for beauty, power. When her tribe’s raid is repulsed, and when a wizard counter attacks, Latgalay seizes power. But there is a cost: her soul. Setting is in an alternate reality during the Roman incursion of Britania. Latgalay is from an embellished tribe of Picts, there are Spirits, Magic, and some pretty dark shit. I wrote this one back in 2015, when I was in a completely different headspace. Like, seriously. Dark. I've gone through and edited some of the worst of it out, but the tone is still there.
8 142 - In Serial32 Chapters
Thug Love
FIND OUT!!
8 111 - In Serial6 Chapters
Small Pond
In a world without systems, levels, or any standard power levels, Faust is a naturally skeptical person who always asks questions first and accepts after he gets confirmation. A lot of it. With some information unknown to the reader, represented as [?], Faust is left to discover who kidnapped him, where he is, if magic exists, and what to do while the reader silently observes him. And as for the YOU dear reader, I'll need your help choosing some things... Small Pond isn't meant to be a high-paced action light novel, but instead, there's a greater focus on world and character building in order to create a greater narrative. Expect the unexpected in this story ;) The release schedule will be paused, for now, I'm going to try and spend some time rethinking the intro and work on school. Credit for Cover Photo:Giovanni Ussihttps://commons.wikimedia.org/wiki/File:Small_Lake_of_Monticolo_-_Photo_by_Giovanni_Ussi_93.jpg
8 125 - In Serial3 Chapters
Drews Mountain Dew
A short poem of Drews Mountain Dew
8 111 - In Serial82 Chapters
[✓] Mate || Park Jihoon
"Park jihoon, jodoh aku?! Gak, ini pasti mimpi buruk." "Biasa aja kali, gak pernah ya dapat jodoh ganteng kaya park jihoon." Kisah seorang gadis bernama Park Jihan yang berkuliah di Fakultas Seoul National University harus bertemu dengan bad boy di kampus yang memiliki ribuan penggemar wanita siapa lagi kalo bukan park Jihoon, perjodohan antara keluarga Park membuat mereka harus seringkali bertemu bahkan harus menikah diam-diam karena belum ingin anak kampus mengetahui pernikahan mereka kecuali teman-teman dari Jihan dan jihoon.# 1 - Kuliah - 13/04/22# 1 - Kuliah - 25/05/22# 1 - Parkjihoon -28/04/22# 1 - Treasure - 03/05/22# 1 - SungchanNct - 26/05/22#1 - Jihoontreasure - 02/06/22#1 - kuliah - 01/07/22#1 - Fiksi penggemar 18/07/22
8 137

