《အချစ်ဝိုင် ( Complete )》Part 8
Advertisement
အချစ်ဝိုင် ( Part - 8 )
▪▪▪▪▪▪▪▪▪▪
"နည်းနည်းအဆင်ပြေသွားပြီပြောရမယ်"
ရယ်ရယ်မောမောဖြင့်စကားပြောနေသော သူမအသံကိုကြားလိုက်တော့ ဝရံတာကနေငုံ့ကြည့်လိုက်မိသည်။
မခနဲ့အတူ ကားပေါ်က ဆင်းလာသည့်သူမ။
အပြာဘက်သမ်းသော အစိမ်းရောင်ဆံပင်တွေဖြင့် လွင့်ပျံနေသည့်ကောင်မလေး။
"အဆင်ပြေလည်းပြီးတာပါပဲ ထွဋ်ခေါင်ကနင့်ကိုချစ်ပါတယ် ပဲ့ကြွေကျမတတ် ဖူးဖူးမှုတ်ထားတာ"
မခဆီမှ ထွက်လာသည့်စကားကြောင့် အလိုမကျစွာမျက်မှောင်ကုတ်ပစ်လိုက်သည်။
သူမမှာ ချစ်သူရှိနေတာလား။
သူကြည့်နေမိသည့်မျက်နှာသည် အပြုံးလေးဖြစ်သွားကာ မခကိုမျက်စောင်းထိုးလိုက်၏။
ထိုအပြုံးသည် သူ့ကိုပြုံးပြသလို ဝတ်ကျေတမ်းကျေအပြုံးမျိုးမဟုတ်။
ချစ်စဖွယ် ရှက်ကိုးရှက်ကန်းအပြုံးမျိုး။
"ကဲပါ နောက်ဆိုခုလိုထွက်ရဖို့လည်းမသေချာတော့ဘူး ဒီနေ့ကျေနပ်တယ်မလား"
သူမ မေးလာတော့ မခက ခေါင်းညိတ်သည်။
သူမကဆိုင်ကယ်ပြန်လာယူတာဖြစ်ပြီး ဆိုင်ကယ်ပေါ်ရောက်သည်အထိ စကားမပြတ်သေးဘဲ အိမ်ရှေ့မှာပဲရပ်ကာ စကားပြောနေကြသည်။
"မင်းစေ ကြည့်လှချေလား ဘယ်သူမို့လို့လဲ"
ဝရံတာမှာအတူထိုင်ကြသည့် သူ့သူငယ်ချင်းတွေကပါ သတိထားမိလာသည်အထိ သူငေးနေမိခြင်းဖြစ်သည်။
ဆံပင်အစိမ်းရောင်ဖြင့် သူမကို အားလုံးကလှမ်းတွေ့လိုက်သလို အသံတွေထွက်လာကြသည်။
"အဲ့ဒီအရောင်လှတယ်နော် ကြက်တူရွေးရောင်မလား"
"မဟုတ်ဘူး ဒေါင်းမြီးစိမ်းရောင်"
သူ့ဆီကထွက်လာသည့် လေးလေးပင်ပင်စကားကြောင့် တစ်ဖွဲ့လုံးရယ်သံတွေတစ်စတစ်စဖြင့် ငြိမ်သွားသည်။
မခပြန်ရောက်ပြီမို့ တစ်ဖွဲ့လုံးကိုမေးငေါ့ပြလိုက်ကာ အပြင်ထွက်ဖို့အချက်ပြလိုက်သည်။
သူ့ညီမကိုတော့ အနေမကျပ်စေချင်။
"ဘယ်သွားမှာလဲ"
"ဒါလေးတောင်မသိဘူးလားကွာ"
ကားပေါ်ရောက်လာသည့် သူတို့အုပ်စုသည် စောစောက ဆိုင်ကယ်နှင့်ထွက်သွားသည့်ကောင်မလေးနောက်ကို ဖြည်းဖြည်းချင်းလိုက်လာခဲ့သည်။
ဟိန်းခန့်က သူမနဲ့ခပ်လှမ်းလှမ်းလောက်ကနေ ကပ်မောင်းပေး၍ မလှမ်းမကမ်းမှာမြင်နေရသည့် သူမကို ငေးခွင့်ရနေ၏။
နောက်ဆုံး သူမက Heaven Hotelထဲကိုဝင်သွားတော့ နောက်ကလိုက်လာရင်း receptionမှာ သူမ ရပ်နေ၍ ကျော်ဇင်က အလိုက်တသိဖြင့်ကားပေါ်ကဆင်းသွားသည်။
"Hotelကတော့အမိုက်စားပဲ"
သူမ ဓာတ်လှေကားထဲဝင်သွားခြင်းကို လိုက်ကြည့်နေမိစဥ် ကျော်ဇင်က ကားထဲပြန်ရောက်လာသည်။
"Hotelပိုင်ရှင်ရဲ့တစ်ဦးတည်းသော သမီးတဲ့ hotelမှာပဲနေပြီး ကျောင်းတက်တာတဲ့"
"ရန်ကုန်ကလား ပိုင်ရှင်က"
"ရန်ကုန်မှာလည်း ရှိတယ်တဲ့ ဒါပေမယ့် ပိုင်ရှင်ကနောင်ချိုက မင်းကောင်မလေးက တော်တော်အလိုလိုက်ခံထားရတာနော် သူ့အဖေက မျက်နှာတောင်အညိုမခံဘူးတဲ့"
"ငါ့ကောင်မလေး မဟုတ်သေးပါဘူး"
"ဟုတ်တော့မှာပေါ့"
"သူ့မှာချစ်သူရှိတယ်"
"ချစ်သူရှိတာ ယောကျာ်းရှိတာမှမဟုတ်တာ မင်းကလည်း အရင်က မင်းစေ မဟုတ်တဲ့အတိုင်းပဲ ဘန်ကောက်ထိတောင် တစ်ပွေတည်းသွားကျဲလာပြီး ဒီကောင်မလေးကျမှ စစ်မရောက်ခင်မျှားကုန်နေတာ"
"မတူဘူးဟ ငါ့အတွက် ဘန်ကောက်ကစော်တွေက သူ့လောက်တောင်ဆွဲဆောင်မှုမရှိသလိုပဲ"
ပြောမယ့်သာပြောနေတာ။
သူမက ချစ်စရာကောင်းစွာ လူငယ်ဆန်ဆန်ဝတ်တာမျိုးပဲ တွေ့ဖူးကာ သူနဲ့တွဲခဲ့သည့်ကောင်မလေးတွေလိုsexyကျတာမျိုးလည်းမရှိ။
ပိန်ပိန်သေးသေးခန္ဓာကိုယ်လေးက သူ့နေရာနဲ့သူရှိပေမယ့် တွဲခဲ့ဖူးသည့်ကောင်မလေးတွေလို လှတာလည်းမဟုတ်။
ဒါကိုဘာလို့ သူစိတ်ဝင်စားမိနေတာလဲ။
"Hotelတစ်ခုသွားပြီး စော်ခေါ်မယ်ကွာ ငါ့စိတ်တွေမငြိမ်ဘူး"
သူ့စကားကို အားလုံးက သဘောတူလိုက်ကြပြီး တခြားHotelတစ်ခုကိုထွက်လာခဲ့ကြသည်။ မိန်းကလေးတွေခေါ်ပြီး ပျော်ကြပါးကြသည့်အကျင့်ကိုလည်း ဘန်ကောက်ရောက်မှတက်ခဲ့ခြင်းဖြစ်သလို ခုချိန်ထိလည်းမစွန့်လွှတ်နိုင်သေး။
မခကိုပြောခဲ့သလို နောက်မှပေါ့၊
ဘယ်အချိန်လဲဆိုရင် သူမကိုခဏလေးဖြစ်ဖြစ် အပိုင်ရတဲ့အချိန်••••
▪▪▪⏳⏳⏳▪▪▪
သူတို့အုပ်စုအမြဲရောက်နေကျ Hotelက ကောင်မလေးခေါ်ချင်ရင် ခေါ်လို့ရသည်မို့ အဆင်ပြေသည်။
ဒီကိုလာသူအတော်များများကလည်း ဒါအတွက်ပဲဖြစ်ကာ တစ်ခါတစ်လေဆို ထူးဆန်းစွာကြားရသည့်သတင်းတွေလည်းရှိ၏။
"ပါကင်လိုချင်တယ်"
ကျော်ဇင်က မသိမသာလှည့်ကြည့်တော့ အသက်၅၀လောက်ရှိမည့်ဦးလေးကြီးဖြစ်ကာ ဒီHotelမှာတော့ ဒါတွေဟာမဆန်း။
"ငါတို့ယောကျာ်းတွေက ဘယ်တော့မှအိုမင်းမသွားကြဘူးနော်"
ဟု ရယ်ရယ်မောမောပြောတော့ သူ မျက်မှောင်ကုပ်သွားမိ၏။
ဖေဖေလည်းအဲ့လိုပဲလားဟု အတွေးဝင်တော့ နာကျည်းသလိုတစ်ချက်ပြုံးမိသည်။
"မင်းမှာ ဆေးပါခဲ့လား"
ဟိန်းခန့်အမေးကို တာယာကခေါင်းညိတ်ပြသည်။
ကြည့်ရတာ ဒီကောင်တွေ ဆေးသုံးပြီးဇိမ်ယူကြမည်ထင်၏။
အခန်းရတော့ ၆လွှာမှာမို့ အေးအေးလူလူပင်တက်လာခဲ့ကာ အခန်းထဲကိုရောက်တော့ လိုက်ကာကိုဆွဲဖွင့်ကြည့်မိသည်။
မြို့ပြရှူခင်းက လူတွေသွားလာနေကြပေမယ့် ကြည့်လို့တော့ကောင်း၏။
တံခါးခေါက်သံကြောင့် နောက်လှည့်ကြည့်တော့ မိန်းကလေးတစ်ယောက်ရောက်နေ၏။
"သက်ထားရောက်ပါပြီရှင့်"
ထိုမိန်းကလေးကို ခေါင်းအစခြေအဆုံးကြည့်ပြီး ခေါင်းညိတ်ပြလိုက်တော့ သက်ထားဆိုသည့်မိန်းကလေးက တံခါးကို lockချလိုက်သည်။
သူကတော့ လိုက်ကာကိုပြန်ပိတ်နေစဥ်မှာ
ခါးကနေ ဖွဖွလေးဖက်လိုက်သည့်လက်တွေကြောင့် တစ်ချက်ငုံ့ကြည့်မိသည်။
အနီရောင်ဆေးဆိုးထားသည့် လက်ချောင်းလေးတွေက ဖြူဖွေးသွယ်လျစွာ။
"လာပါ ကိုရယ် သက်ထားပြုစုပေးပါရစေ"
ကောင်မလေးက သူ့ရှေ့ကိုရောက်လာပြီး အင်္ကျီကြယ်သီးတွေတစ်လုံးချင်းဖြုတ်ကာ ညှို့ငင်သလိုကြည့်ရင်း သူ့ကိုမော့နမ်းသည်။
ပန်းရောင်လွင်နေသောနှုတ်ခမ်းတွေကို မျက်လုံးထဲပြန်မြင်ကာ မျက်နှာလွှဲပစ်လိုက်မိတော့ ကောင်မလေးက ခဏတော့ရပ်သွားသည်။
"ကို စိတ်မပါသေးလို့လား"
"မဟုတ်ဘူး ရတယ်"
သူ ကောင်မလေးကို အနားရောက်အောင်ဆွဲယူကာ နှုတ်ခမ်းတွေကိုငုံ့နမ်းမိသည်။
ကောင်မလေးက ခပ်အီအီရေမွှေးဆွတ်ထား၍ ထိုအနံ့က သူ့စိတ်တွေထွေပြားလာသလိုပင်။
မျက်လုံးထဲမြင်နေရသည်က အစိမ်းရောင်ဆံပင်တွေနှင့် ဝတ်ကျေတမ်းကျေပြုံးပြနေသည့်အပြုံးတွေ။
ရှက်ကိုးရှက်ကန်းမျက်စောင်းထိုးလိုက်ဟန်လေး။
"တောက်!!"
"အမေ့"
ကောင်မလေးကို သူတွန်းဖယ်ပစ်တော့ မွေ့ယာပေါ်ပက်လက်ကလေးလဲကျသွား၏။
ထိုကောင်မလေးကိုကြည့်ရင်း ဘယ်လိုမှဖြစ်မသွားသော သူ့ရင်ခုန်သံတွေကိုပြန်ကြားနေရပြီး ဘာကိုစိတ်ဆိုးမှန်းမသိ စိတ်ဆိုးသွားမိသည်။
ဒီမိန်းမဘယ်လောက်ပဲလှနေနေ၊ ဘယ်လောက်ပဲမြှူဆွယ်နေနေ သ
ူလိုချင်နေသောပြုစုယုယမှု၊ နှုတ်ခမ်းတွေသည် ခရေဝိုင်ဆိုသော မိန်းကလေးဆီက...
"ကို သက်ထားကိုသဘောမကျလို့လားဟင်"
"မင်း ပြန်တော့"
"ရှင်!!! ဘာလို့လဲ သက်ထားဘာလုပ်ပေးရမလဲ"
"ပြန်တော့လို့ပြောနေတာ မင်းမကြားဘူးလား"
သူ ဒေါသဖြစ်လာသည်နှင့်အမျှ စားပွဲဘေးမှာအလှချထားသည့်ပန်းအိုးကြီးကို ရိုက်ခွဲပစ်လိုက်သည်။
ကောင်မလေးကလည်း ထိုအချိန်မှ ထပြေးသွားကာ ပန်းအိုးကွဲသံကြောင့် တာယာနှင့် နေသူတို့နှစ်ယောက် သူ့အခန်းထဲရောက်လာသည်။
ဒီနှစ်ကောင်က အသောက်သမားတွေမို့ သူတို့ဒီကိုရောက်တိုင်း အရက်သောက်ရင်းစောင့်ပေးကြသည်ကများသည်။
"ဘာဖြစ်တာလဲ မင်းစေ"
"မသိဘူး"
မျက်မှောင်ကုတ်ပြီး အလိုမကျဖြစ်နေသောသူ့ကို ကြည့်ကာ နေသူက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ဆိုဖာမှာဝင်ထိုင်သည်။
"ခရေဝိုင်က အတော်စွမ်းပုံပဲ"
"ဘာဆိုင်လို့လဲ"
"ဆိုင်ပါပေါ့လား မင်းစေရာဆိုတဲ့ကောင်ကို မြေလှန်ပစ်လိုက်တာပဲ ကြည့်ပါလား အခုဆို ဒီကောင် စော်တွေနဲ့တောင်မနေနိုင်တော့ဘူး စိတ်ထဲမှာ အဲ့ဒီကောင်မလေးပဲရှိနေတာ"
Advertisement
နေသူပြောတာဟုတ်နေတာမို့ သူပါ ဝင်ထိုင်လိုက်ရင်း ခပ်လျော့လျော့ထိုင်ကာ မျက်နှာကျက်ကိုမော့ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
ဘာလို့သူမကိုပဲ မျက်လုံးထဲမြင်နေတာလဲ။
"သူ့ပါးလေးတွေက နမ်းလိုက်ရရင် အိစက်နေမှာနော် အဝေးကကြည့်ရတာကို ဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကွာ"
ပြောနေရင်းရယ်ချင်လာ၍ ဟက်ခနဲရယ်ချမိတော့ တာယာကမျက်လုံးပြူးသွားပြီး နေသူက ပခုံးတွန့်ပြ၏။
ငါမပြောဘူးလားဆိုသည့်ပုံစံ။
"တကယ် စော်တွေနဲ့နေလို့မရတော့ဘူး ငါ့မျက်လုံးထဲသူ့ကိုပဲမြင်နေတယ် တစ်ခါလောက်စိတ်ရှိလက်ရှိပွေ့ပြီး နမ်းပစ်လိုက်ချင်တာ အဲ့လိုဆို သူက စိတ်ဆိုးမှာသေချာတယ်"
"မင်းဟာက တကယ်ကြီးလား သူ့ပုံစံက မင်းတွဲခဲ့တဲ့စော်တွေနဲ့ ဘာမှမဆိုင်ဘူးနော် အဲ့ကောင်မလေးက ခပ်ဆိုးဆိုးလေးလို့သာပြောတာ တကယ့်ကလေးအထာ"
"မင်းကလည်းကွာ ကလေးအထာမကလို့ ဘာကြီးဖြစ်နေနေ မင်းကောင်ကတော့ လုံးဝကျရှုံးသွားပြီ သူ့ပုံစံနဲ့ဒါမျိုးဖြစ်နေတာမင်းမြင်ဖူးလို့လား တာယာ"
တကယ်လည်း မမြင်ဖူးခဲ့သောတာယာက ခပ်ဆဆလေးတွေးရင်း ခေါင်းညိတ်ထောက်ခံသည်။
သူမက တကယ့်ကလေးအထာလေးပါ။
သူ့ရဲ့အဖြူထည်နတ်သမီးလေး။
"ဘာနဲ့တူသလဲဆိုရင်တော့ ငါ့အတွက်တော့ နေရောင်ခြည်လေးလိုပဲ ဒီရင်ဘတ်ကိုအနွေးဓာတ်တွေပေးတယ်ကွာ"
"ဟိုကဗျာလေးလိုပေါ့
You are my sunshine
My only sunshine
You make me happy when skies are grey
You'll never know, dear
How much I love you
Please don't take my sunshine away"
"အတိအကျပဲ"
ထိုကဗျာလေးကို သူ ဖတ်ဖူးသလို သီချင်းတစ်ပုဒ်အဖြစ်လည်းနားထောင်ဖူးသည်။
သူ့ရဲ့sunshineလေးလည်း အပြင်မှာရှိလာလိမ့်မည်ဟု မထင်ခဲ့မိပေမယ့်•••••
▪▪▪⏳⏳⏳▪▪▪
ဖုန်းကိုတစိမ့်စိမ့်ကြည့်နေမိရင်း ခေါ်ရမလား၊ မခေါ်ရဘူးလား ဇဝေဇဝါဖြင့် ကိုင်လိုက်၊ ပြန်ချလိုက်။
ဘဝမှာဖုန်းတစ်ခါခေါ်ဖို့ သွေးရူးသွေးတန်းဖြစ်မိတာ ဒါပထမဆုံးဖြစ်သလို ဘာကိုကြောက်နေမိမှန်းလည်းမသိ။
You are my sunshineသီချင်းလေး ဆိုမိရင်း ဆုံးဖြတ်ချက် ချလိုက်ကာ ဖုန်းကိုခေါ်ပစ်လိုက်သည်။
တူ••• တူ•••
"ဟဲလို"
အိပ်ချင်မူးတူးအသံလေးက ညှောင်နာနာလေးဖြစ်နေပေမယ့် ထိုအသံလေးကြားလိုက်သည်နှင့် သူ ပြုံးမိသည်။
သူမ အထပ်ထပ်အသံပေးနေတာကိုလည်း ပြန်မဖြေဘဲ နားထောင်နေရင်း ဖုန်းကိုတယုတယ လက်ညှိုးနှင့်ထိတို့မိသည်။
"ဟဲ့ လူအိပ်ချိန်ကိုဖုန်းတွေဆက်ပြီးနှောက်ယှက်မနေနဲ့ အရူး"
သူမ ရန်ထောင်ကာ ဖုန်းချသွားတော့ သူ ဟက်ခနဲရယ်လိုက်မိရင်း ဆံပင်တွေကိုဆွဲဖွပစ်မိသည်။
နှောက်ယှက်တာမဟုတ်ပါဘူး၊ ခေရယ်။
ကိုယ် မင်းအသံလေးကြားချင်လို့ပါ•••••
You are my sunshine
My only sunshine
▪▪▪⏳⏳⏳▪▪▪
Part 9 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~~~
အချစ်ဝိုင် ( Part - 8 )
▪▪▪▪▪▪▪▪▪▪
အပြာဘက်သမ်းသော အစိမ်းရောင်ဆံပင်တြွေဖင့် လွင့်ပျံနေသည့်ကောင်မလေး။
"အဆင်ပြေလည်းပြီးတာပါပဲ ထွဋ်ခေါင်ကနင့်ကိုချစ်ပါတယ် ပဲ့ကြွကျေမတတ် ဖူးဖူးမှုတ်ထားတာ"
"ဘယ်သွားမှာလဲ"
"ဟုတ်တော့မှာပေါ့"
"သူ့မှာချစ်သူရှိတယ်"
ပြောမယ့်သာပြောနေတာ။
▪▪▪⏳⏳⏳▪▪▪
"ပါကင်လိုချင်တယ်"
"မင်းမှာ ဆေးပါခဲ့လား"
"မဟုတ်ဘူး ရတယ်"
ကောင်မလေးက ခပ်အီအီရေမွှေးဆွတ်ထား၍ ထိုအနံ့က သူ့စိတ်တွေထြွေပားလာသလိုပင်။
"တောက်!!"
"အမေ့"
ထိုကောင်မလေးကိုကြည့်ရင်း ဘယ်လိုမြှဖစ်မသွားသော သူ့ရင်ခုန်သံတွေကိုပြန်ကြားနေရပြီး ဘာကိုစိတ်ဆိုးမှန်းမသိ စိတ်ဆိုးသွားမိသည်။
"မင်း ပြန်တော့"
"ဘာဖြစ်တာလဲ မင်းစေ"
"မသိဘူး"
"ဘာဆိုင်လို့လဲ"
"ဟိုကဗျာလေးလိုပေါ့
You are my sunshine
My only sunshine
You'll never know, dear
How much I love you
"အတိအကျပဲ"
▪▪▪⏳⏳⏳▪▪▪
တူ••• တူ•••
"ဟဲလို"
You are my sunshine
My only sunshine
▪▪▪⏳⏳⏳▪▪▪
Part 9 ဆက်ရန်
#shinthant1141997
Advertisement
- In Serial147 Chapters
Dial (Ben 10/MCU SI)
A man from our world is dropped into the Marvel Cinematic Universe with nothing but a watch on his wrist to make a life with. Luckily, it's one hell of a cool watch. Now if only he'd gotten the manual...
8 479 - In Serial16 Chapters
Asd: A Werelion's Journey To Arcane Supremacy
In a world where being a Were meant being a slave, the last Werelion Asd just gained his freedom after being a slave for all seventeen years of his life. He decides he would use his new found freedom to study and master the one thing that led to his people's defeat and downfall..... Magic. But this is easier said than done as magic is fickle and the society he lives in would not be willing to see him as anything other than a slave and animal beneath the heels of civilization. with his freedom gained all he hopes for is a chance to have a better life for himself and what's left of the Were/Beast people race, and power to be with the one he loves. But as he will soon come to find out, the universe has a grander destiny in store than the path he has chosen for himself. and it is a destiny that would set him up against kingdoms and empires, Gods and emperors, darkness and light, vampires and dragons and even hell itself until he stands at the peak of it all..... King of his own domain. Image does not belong to me. Updates are ahead on Webnovel with a few chapters. Will update here at 3 chapters a week till it catches up. All criticism is and will be appreciated.
8 120 - In Serial7 Chapters
Whiskey Gun-Smoke
In the city of East Diamond Gate crime flows like the blood of its victims. 2048 is the year of Crime lords and local gangs running the streets, as the cities government turns a blind eye and the police wither away. In order to get a grip on crime an assassin agency has been established, and one of its newer employees being Whiskey, an unranked Gun slinging assassin with a selfish motive. That selfish motive will lead Whiskey down an unexpected road.
8 83 - In Serial12 Chapters
Strategy's Mistress
A young seven year old girl enters an academy for strategists where only one in a thousand students has a shot at becoming a rank ten strategist! The path to the top is hard, hellish and unforgiving. Blood will flow like rivers, she will have to walk over heads and she will have to prove time and time again that she is the wisest, the smarters, the most brutal, the most decisive, the most sly and the cruelest. Even though the odds are low, she must persist and grasp her one chance. If not for herself then she has to do it for her late parents. Link to my blog
8 52 - In Serial40 Chapters
Six of Crows One-Shots
Just some one-shots with the characters from Six of Crows! All characters and places belong to the amazing author, Leigh Bardugo!Highest rank: #1 in crookedkingdom
8 118 - In Serial90 Chapters
Conquer {BLEACH}
In a world beyond this one is death. Death is dealt out by Shinigami who keep the world in balance like gods. But these gods are flawed and war IS coming.Agito chooses the wrong side, not for lack of judgement but because she's protecting something worth more than her own soul.She would fight death if she had to.[Bleach fanfic][renamed from To Fight Death]
8 134

