《အချစ်ဝိုင် ( Complete )》Part 6
Advertisement
အချစ်ဝိုင် ( Part - 6 )
▪▪▪▪▪▪▪▪▪▪▪▪
"မခအစ်ကိုကကွာ ငါ့ချစ်သူလေးကိုတော်တော်ကြပ်နေတာပဲ ခုဆိုကျောင်းသွားလည်းလိုက်ပို့ ကျောင်းပြန်လည်းလာကြိုမှာတဲ့"
တတိယနှစ်ရဲ့ 2nd semesterပြန်ဖွင့်ပြီမို့ ပီယနှင့်မခက ကျောင်းဖွင့်ရက်တိုင်းတွေ့ခွင့်ရနေသည်။
ဒါကြောင့်မို့လည်း ခေ သက်သာနေခြင်းဖြစ်ပြီး အေးအေးလူလူနေခွင့်ရနေခြင်းဖြစ်သည်။
ဒီနေ့ မခကျောင်းနောက်ကျနေတာမို့ ပီယက ခိုတစ်ကောင်လို တညည်းညည်း တညူညူ။
"ကောင်းသားပဲ နင်အကြိုအပို့လုပ်စရာမလိုတော့ရင် ငါ့ကိုကြိုပို့လေ"
"တိတ်စမ်း နင့်ထွဋ်ကိုလုပ်ခိုင်းပါ့လား"
ခေ့ မျက်နှာလေးမှုန်မှိုင်းသွားမှ စကားမှားသွားမှန်းသိကာ ပီယ ကမန်းကတန်းစကားပြန်ပြင်ပြီး ခေ့ပခုံးကိုဖိဆုပ်လိုက်သည်။
"ဆောရီးဟာ နင် အဲ့ကောင်နဲ့စကားများထားတာလား"
"မများပါဘူး ငါစိတ်ညစ်နေလို့ရှောင်နေတာ"
"ဘာလို့လဲ ဘာညစ်နေတာလဲ ပြော ငါ့ကို"
ခေ တစ်ခုခုများဖြစ်နေသလားဆိုသည့် စိုးရိမ်စိတ်ကအရင်ဝင်လာကာ ဒေါသကနောက်မှကပ်ပါလာ၏။
ချစ်စရာဆိုလို့ ဒီသူငယ်ချင်းလေးနှစ်ယောက်ပဲရှိတာမလား....
"ငါလေ သူ့ကိုဘယ်လိုမှရင်ခုန်လို့မရဘူး ပီယရယ်"
"အဲ့ဒါပဲငါပြောတာက သူကနင့်ကိုအသည်းအသန်ကြွေနေရုံနဲ့တင် နင်ကပြန်ချစ်ပစ်လိုက်တာကိုး"
"သူကဟာ ငါ့ကို၈တန်းကတည်းကလိုက်တာကိုး အခုငါ 3rd yearတောင်ရောက်နေပြီ သူတကယ်ချစ်တယ်ဆိုတာ ယုံချင်စရာကြီးပါဟာ"
"ယုံပါ ဒါပေမယ့်ယုံတိုင်းပြန်ချစ်စရာလား အခုနင်ရင်မခုန်ဘူးမလား"
"အေး အတိအကျပဲ"
"ငါ့အထင်ပြောရရင်"
ပီယက ပညာရှိစတိုင်နှင့် မုတ်ဆိတ်မွှေးမရှိသည့်မေးချွန်ချွန်ကိုသပ်ကာခေါင်းတဆတ်ဆတ်ညိတ်သည်။
"နင် ထွဋ်ခေါင်ကိုပြန်ချစ်သင့်တယ်"
"ဟမ့်"
ဒါသည်အမှန်ပဲဖြစ်နေပေမယ့် ခေလက်မခံချင်တာသေချာသည်။
ထွဋ်သည် ခေ့အပေါ်အရိပ်တကြည့်ကြည့်ရှိမှန်းလည်းသိသည်။
ရတနာပုံဆိုက်ဘာစီးတီးကနေ ခေတို့ရတနာပုံကို မမောနိုင်၊ မပမ်းနိုင်ခဏခဏလာတွေ့တတ်သလို ပြင်ဦးလွင်မှာရှိတုန်းကလည်း ခေက ခေါ်ရင်ချက်ချင်းရောက်လာသူ။
"မဆိုင်တာတွေနော် ပီယ နင်ဆွဲမထည့်နဲ့ သူ့ကိုမချစ်လို့မှ ရှောင်နေချင်ပါတယ်ဆိုမှ ပြန်ချစ်ခိုင်းနေတယ်"
"ရော် ငါတကယ်ပြောနေတာ"
"အချစ်ဆိုတာ ဟိုလူ့ကိုချစ်ပါ ဒီလူ့ကိုချစ်ပါနဲ့တောင်းဆိုလို့ရလို့လား"
"နင်မကောင်းဘူးနော် ခေစုတ်မ တကယ်မကောင်းဘူး အခုနင်လုပ်နေတာက ဟိုကောင့်ကိုကြိုးရှည်ရှည်နဲ့လှန်ထားသလိုဖြစ်နေတယ် ထွဋ်ခေါင်ကိုလည်း ငါကြည့်မရပါဘူး ဒါပေမယ့် ဒီကောင်က နင့်အပေါ်အမှန်အကန်ကြီးဟ"
ခေ မျက်နှာပျက်သွားကာ လေးထပ်ဆောင်ဝရံတာကနေ အောက်ဆီကို ငုံ့ငေးကြည့်သည်။
"ခေ ငါနင့်အကြောင်းကိုအသိဆုံးပါ နင်ဘယ်လိုတွေဖြစ်နေတာလဲ"
"ဟုတ်တယ် ငါ ထွဋ်ကိုမချစ်ဘူး နည်းနည်းလေးမှလည်းရင်မခုန်ဘူး နင်ပြောပြောနေတဲ့အချစ်ဆိုတာကြီးက ဝိုင်တစ်ခွက်သောက်ရတာလောက်တောင် ယစ်မူးဖို့မကောင်းဘူး ဝိုင်သောက်သလိုမျိုး အချစ်ဆိုတာကို ချိုချိုလေးနဲ့ ပြင်းရှရှလေးခံစားကြည့်ချင်တာ"
"လုပ်ပြီ"
"နင်ပြောပြစမ်းပါ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ"
ပီယမျက်နှာသည် ငယ်ငယ်တုန်းကနှစ်ယောက်သားအတူတူ စင်ဒရဲလားပုံပြင်ကို ကိုယ်ပိုင်စိတ်ကူးဖြင့်ပုံဖော်နေသလိုမျိုး ငေးငေးပြုံးပြုံးလေးဖြစ်လာသည်။
ခေက ထိုမျက်နှာကိုကြည့်ရင်း ပီယစိတ်ကူးထဲကအိမ်ကလေးကိုမနှောက်ယှက်ဘဲ တိတ်ဆိတ်စွာနားထောင်နေလိုက်သည်။
ပြုံးနေရင်းမှ ပီယက သက်ပြင်းချ၍ပြောသည်။
"ငါ့အတွက်အချစ်ဆိုတာက မေမိုးမခပဲ အဲ့ဒီတော့အချစ်ဆိုတာကအရမ်းကိုအေးဆေးတည်ငြိမ်တာပဲ ငါလေ မခကိုတွေ့တိုင်း ထိုင်ကြည့်ချင်နေတာပဲသိတော့တယ်"
"ငါလည်း မေမိုးမခကို သူငယ်ချင်းလို ညီအစ်မလိုချစ်တာပါပဲဟဲ့ ငါသိချင်တဲ့ သမီးရည်းစားချစ်တဲ့အချစ်ကိုပြောစမ်းပါဟာ ဝေးလိုက်တာ"
"အဲ့ဒီလိုအချစ်ကတော့ လူကိုအရူးလုပ်တယ်ကွာ မဆီမဆိုင်သူ့အကြောင်းတွေးမိရင် ဖျတ်ခနဲပြုံးမိတာမျိုး သူ့အနားရောက်နေရင်ပျော်တယ် သူ့ကိုမတွေ့ရရင် ဝမ်းနည်းသလိုလို ငိုချင်သလိုလို"
ထိုသို့ ပီယ ရင်ဖွင့်ပြောပြတော့လည်း ခေကပခုံးတွန့်ပြသည်။
"ငါ့မှာအဲ့လိုတစ်ခါမှမဖြစ်ဘူး"
"နင်မမိုက်ဘူးလို့ ထင်တယ်"
"ဟမ် ဘာလို့လဲ"
"တကယ့်လက်တွေ့ဘဝမှာ နင့်ရည်းစားက ထွဋ်ခေါင်လေ နင်ကိုယ်တိုင်ပဲလက်ခံထားတာ မချစ်ဘူးဆိုရင်တောင်မှ နည်းနည်းလေးနူးညံ့ပေးလိုက်ပါဟာ"
ခေ့ မျက်နှာလေးပျက်သွားကာ သက်ပြင်းဖွဖွချသည်။
အချစ်က လုပ်ယူလို့ရရင်လည်းအကောင်းသား...
အခုတော့ ပိုင်ဆိုင်ခဲ့တာနဲ့လိုအပ်တာက တခြားစီ။
"နင့်ကိုဘာလုပ်ပါ ဘယ်လိုနေပါလို့ ငါ့မှာအမိန့်ပေးခွင့်မရှိဘူး ခေ ဒါပေမယ့် နင့်စိတ်ထဲမသက်မသာဖြစ်နေရင်လည်း ဖြတ်လိုက်တော့ အဲ့ဒါအကောင်းဆုံးပဲ"
ဒါဆို ခေက ထွဋ်ကိုဖြတ်ရမှာလား၊ မရေရာမသေချာသော ခေချစ်လာမည့်တစ်စုံတစ်ယောက်အချစ်ကိုမျှော်လင့်ရမှာလား ....
▪▪▪⏳⏳⏳▪▪▪
"ဝိုင် နေမကောင်းဘူးလား ပိန်သွားသလိုပဲ"
ထွဋ်က ခေ့နဖူးကိုစမ်းပြီးမျက်နှာလေးကိုဆွဲပင့်ကြည့်သည်။
ဂရုစိုက်ခံရခြင်းအပေါ် ခေ စိတ်မပါသလိုဖြစ်သွားသည့်အခါ ပီယက ခေ့ခြေထောက်ကိုတက်နင်းခြင်းဖြင့် သတိပေးလေသည်။
"ရာသီဥတုကပူတယ်လေ ခေ ထမင်းသိပ်မစားနိုင်ဘူး"
"ဘာစားချင်သေးလဲ ကိုယ်သွားဝယ်ပေးမယ်လေ"
သူက တကယ်ကိုဂရုတစိုက်နဲ့ပါ။
သို့သော်ခေ သူ့ဆီကဂရုစိုက်မှူတွေကိုမလိုချင်။
ပီယဆီ အကူအညီတောင်းသလိုလှမ်းကြည့်တော့ ပီယက ခေါင်းတစ်ချက်ယမ်းကာ ထွဋ်ကို ပထုတ်ဖို့စကားစ၏။
"ဟေ့ကောင် ထွဋ်ခေါင် မင်းကလည်း အဲ့လောက်လေးတောင်အလိုက်မသိဘူးလား လီမွန်တီးသွားဝယ်လိုက်ကွာ"
"အေး ဟုတ်သားပဲ ဝိုင်ခဏနော် ကိုယ်ပြန်လာခဲ့မယ်"
ထွဋ် အမောတကောနှင့်ထပြေးသည်နှင့် ပီယကအလွန်အမင်းအောင့်အည်းထားရသည့်မျက်နှာမျိုးဖြင့် ခေ့လက်မောင်းကိုတစ်ချက်လှမ်းရိုက်သည်။
"ခရေဝိုင် နင်နော် နင်"
"ဘာလဲဟာ ငါမလိုက်ချင်တာကို သူကဇွတ်လာခေါ်တာကို"
"တော် တော် နင် ကဂျီကဂျောင်လုပ်နေလို့ ငါလည်းလိုက်လာရပြီ အခုနင့်မျက်နှာကြီးကိုပြင်စမ်းပါဟာ ဖြတ်ဆိုတော့ကျလည်းမဖြတ်ဘူး တွေ့တော့လည်းမျက်နှာသေကြီးနဲ့"
ပီယစကားကြောင့်ခေက ဖုန်းကိုထောင်ကာမှန်လိုလုပ်ကြည့်ရင်းပြုံးကြည့်သည်။
ပါးစပ်သာ ဟ သွားပြီး ပြုံးပျော်နေတဲ့ပုံမျိုးမဖြစ်။
"လုပ်မနေနဲ့ မချိသွားဖြဲနေသလိုပဲ ဘယ်လိုကြည့်ကြည့်ပျော်နေတဲ့ရုပ်ကိုမပေါက်ဘူး"
"ပီယ ငါစိတ်ညစ်တယ်ဟာ ငါဘာလုပ်ရမလဲ"
"နင်ပဲသေချာဆုံးဖြတ် ကျန်တာအပထား ဒီကောင့်ကိုဖြတ်ချင်ဖြတ် မဖြတ်ရင်လည်းအရင်လိုမျိုးအလိုက်သင့်လေးနေ မဟုတ်ရင်"
ထိုစဥ် ထွဋ်ပြန်ရောက်လာသဖြင့် စကားစပြတ်သွားကာ ပီယကဖုန်းကိုယူပြီးထရပ်သည်။
"မင်း ဘယ်လဲ ပီယ"
"ငါ့ကောင်မလေးဆီဆက်လိုက်ဦးမယ်ကွာ ဒီနေ့မဆက်ရသေးလို့ မင်းတို့ခဏထိုင်ခဲ့လေ"
ထွဋ်က ဘာမှအရေးမကြီးသလိုခေါင်းညိတ်ကာ လီမွန်တီးဘူးလေးကို ခေ့ဆီလှမ်းပေး၏။
ပီယ ခေ့ကိုကြည့်သည့်အကြည့်တွေကိုနားလည်မိသည်မို့ ခေမျက်နှာလွှဲထားလိုက်သည်။
"ထွဋ်ကိုပြောစရာရှိတယ်"
"အင်း ပြောလေ"
လမ်းခွဲစကားပြောဖို့ဆုံးဖြတ်ထားပေမယ့် တကယ်တမ်းကျ ထွဋ်မျက်နှာကိုကြည့်ကာ ခေပြောမထွက်။
အတန်ကြာစိုက်ကြည့်နေမိရင်း ခေ ငြိမ်သက်နေတော့ ထွဋ်က ခေ့လက်ကိုဆွဲယူလိုက်သည်။
Advertisement
"ဘာတွေခက်ခဲနေလို့လဲ ဝိုင်"
"ခေက"
"အင်း"
"ထွဋ်ကိုမချစ်ဘူး"
ထိုသို့ပြောလိုက်တော့ ထွဋ်ကနာကျင်ခံရခက်သွားရမည့်အစား ခေ့ဆံပင်တွေကိုချစ်စနိုးဆွဲဖွသည်။
"ဘာများလဲလို့ အဲ့ဒါကိုယ်သိပါတယ် ဝိုင်ရယ် မင်းမချစ်လည်းကိုယ်ချစ်တယ်လေ ပြီးတော့မင်းချစ်လာမယ့်အချိန်ထိကိုယ်စောင့်နိုင်ပါတယ်ဆို မင်းမယုံဘူးလား"
ခေ ဘာမှထပ်မပြောချင်လောက်အောင်ဖြစ်သွားကာ လီမွန်တီးဘူးကိုပဲဆွဲယူသောက်လိုက်သည်။
သူက ခေ့ကိုကျောင်းမှာကတည်းကအသည်းအသန်လိုက်ခဲ့သူ။
လူတွေအများကြီးရှေ့မှာချစ်ရေးဆိုခဲ့သူမို့ ခေ့ကိုလွယ်လွယ်နဲ့အလျှော့မပေးမှာမှန်းလည်း ခေသိနေသည်။
"နင်ဘယ်လောက်ငြင်းနေနေ တစ်နေ့နေ့နင့်ချစ်သူက ငါပဲဖြစ်ရမှာ"
"နင်ပဲငြင်းနိုင်မလား ငါပဲဇွဲနဲ့လိုက်နိုင်မလား စောင့်ကြည့်ပေါ့"
ခေ သက်ပြင်းလေးချကာ လီမွန်တီးဘူးကိုအဝေးတွန်းပို့လိုက်တော့ ထွဋ်ကပြန်ကြည့်၏။
"မကောင်းဘူးလား ဝိုင်"
"ကောင်းပါတယ် ထွဋ်ဘက်ကအရမ်းချစ်နေတာကို ခေက မချစ်ဘူးဆိုတာတော့ နည်းနည်းလွန်သလိုပဲ အဲ့ဒါကိုစိတ်မကောင်းဖြစ်နေတာ"
"ကိုယ်တောင်ဘာမှမဖြစ်တာ ဝိုင်ရယ် စိတ်မကောင်းမဖြစ်နဲ့ ကိုယ်စိတ်ရှည်လက်ရှည်စောင့်နေတယ် ဘာလို့လဲသိလား"
ခေ မသိပါ။ သူဘာလို့အဲ့လောက်ထိ ခေ့အပေါ်ချစ်နိုင်ရတာလဲ။
"ဝိုင်က ကိုယ့်ရဲ့အချစ်ဦးမို့လေ ပထမဆုံးအချစ် ပထမဆုံးရည်းစား"
"ခေကမှ"
"တော်ပြီကွာ ဝိုင့်ကို ကိုယ်လက်ထပ်ဖို့အထိရည်ရွယ်ထားတယ် ဘယ်တော့မှလက်မလွှတ်ဘူးနော် ပြီးတော့ ဝိုင့်ဘက်က လက်ခံလာမယ့်အချိန်အထိ ကိုယ်စောင့်မယ်"
ခေ သူနဲ့ပြိုင်မငြင်းတော့ဘဲ နှုတ်ဆိတ်နေလိုက်ပြီး လီမွန်တီးကိုပဲပြန်ယူသောက်သည့်အခါ ထွဋ်က ခေ့ဆံပင်တွေကို သိမ်းဖယ်ပေးသည်။
ထားလိုက်ပါတော့မယ်။
တစ်ချိန်ချိန်ကျရင် ခေ့အပေါ်နားလည်အလိုက်သိလွန်းတဲ့သူ့အပေါ် ခေ သံယောဇဥ်တွယ်ငြိသွားမှာပါ .....
▪▪▪⏳⏳⏳▪▪▪
Part 7 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~
အခ်စ္ဝိုင္ ( Part - 6 )
▪▪▪▪▪▪▪▪▪▪▪▪
"မခအစ္ကိုကကြာ ငါ့ခ်စ္သူေလးကိုေတာ္ေတာ္ၾကပ္ေနတာပဲ ခုဆိုေက်ာင္းသြားလည္းလိုက္ပို႔ ေက်ာင္းျပန္လည္းလာႀကိဳမွာတဲ့"
တတိယႏွစ္ရဲ့ 2nd semesterျပန္ဖြင့္ၿပီမို႔ ပီယႏွင့္မခက ေက်ာင္းဖြင့္ရက္တိုင္းေတြ့ခြင့္ရေနသည္။
ဒါေၾကာင့္မို႔လည္း ေခ သက္သာေနျခင္းျဖစ္ၿပီး ေအးေအးလူလူေနခြင့္ရေနျခင္းျဖစ္သည္။
ဒီေန့ မခေက်ာင္းေနာက္က်ေနတာမို႔ ပီယက ခိုတစ္ေကာင္လို တညည္းညည္း တၫူၫူ။
"ေကာင္းသားပဲ နင္အႀကိဳအပို႔လုပ္စရာမလိုေတာ့ရင္ ငါ့ကိုႀကိဳပို႔ေလ"
"တိတ္စမ္း နင့္ထြဋ္ကိုလုပ္ခိုင္းပါ့လား"
ေခ့ မ်က္ႏွာေလးမႈန္မိႈင္းသြားမွ စကားမွားသြားမွန္းသိကာ ပီယ ကမန္းကတန္းစကားျပန္ျပင္ၿပီး ေခ့ပခံုးကိုဖိဆုပ္လိုက္သည္။
"ေဆာရီးဟာ နင္ အဲ့ေကာင္နဲ႔စကားမ်ားထားတာလား"
"မမ်ားပါဘူး ငါစိတ္ညစ္ေနလို႔ေရွာင္ေနတာ"
"ဘာလို႔လဲ ဘာညစ္ေနတာလဲ ေျပာ ငါ့ကို"
ေခ တစ္ခုခုမ်ားျဖစ္ေနသလားဆိုသၫ့္ စိုးရိမ္စိတ္ကအရင္ဝင္လာကာ ေဒါသကေနာက္မွကပ္ပါလာ၏။
ခ်စ္စရာဆိုလို႔ ဒီသူငယ္ခ်င္းေလးႏွစ္ေယာက္ပဲရိွတာမလား....
"ငါေလ သူ႔ကိုဘယ္လိုမွရင္ခုန္လို႔မရဘူး ပီယရယ္"
"အဲ့ဒါပဲငါေျပာတာက သူကနင့္ကိုအသည္းအသန္ႂကြေေနရံုနဲ႔တင္ နင္ကျပန္ခ်စ္ပစ္လိုက္တာကိုး"
"သူကဟာ ငါ့ကို၈တန္းကတည္းကလိုက္တာကိုး အခုငါ 3rd yearေတာင္ေရာက္ေနၿပီ သူတကယ္ခ်စ္တယ္ဆိုတာ ယံုခ်င္စရာႀကီးပါဟာ"
"ယံုပါ ဒါေပမယ့္ယံုတိုင္းျပန္ခ်စ္စရာလား အခုနင္ရင္မခုန္ဘူးမလား"
"ေအး အတိအက်ပဲ"
"ငါ့အထင္ေျပာရရင္"
ပီယက ပညာရိွစတိုင္ႏွင့္ မုတ္ဆိတ္ေမႊးမရိွသၫ့္ေမးခၽြန္ခၽြန္ကိုသပ္ကာေခါင္းတဆတ္ဆတ္ညိတ္သည္။
"နင္ ထြဋ္ေခါင္ကိုျပန္ခ်စ္သင့္တယ္"
"ဟမ့္"
ဒါသည္အမွန္ပဲျဖစ္ေနေပမယ့္ ေခလက္မခံခ်င္တာေသခ်ာသည္။
ထြဋ္သည္ ေခ့အေပၚအရိပ္တၾကၫ့္ၾကၫ့္ရိွမွန္းလည္းသိသည္။
ရတနာပံုဆိုက္ဘာစီးတီးကေန ေခတို႔ရတနာပံုကို မေမာႏိုင္၊ မပမ္းႏိုင္ခဏခဏလာေတြ့တတ္သလို ျပင္ဦးလြင္မွာရိွတုန္းကလည္း ေခက ေခၚရင္ခ်က္ခ်င္းေရာက္လာသူ။
"မဆိုင္တာေတြေနာ္ ပီယ နင္ဆဲြမထၫ့္နဲ႔ သူ႔ကိုမခ်စ္လို႔မွ ေရွာင္ေနခ်င္ပါတယ္ဆိုမွ ျပန္ခ်စ္ခိုင္းေနတယ္"
"ေရာ္ ငါတကယ္ေျပာေနတာ"
"အခ်စ္ဆိုတာ ဟိုလူ႔ကိုခ်စ္ပါ ဒီလူ႔ကိုခ်စ္ပါနဲ႔ေတာင္းဆိုလို႔ရလို႔လား"
"နင္မေကာင္းဘူးေနာ္ ေခစုတ္မ တကယ္မေကာင္းဘူး အခုနင္လုပ္ေနတာက ဟိုေကာင့္ကိုႀကိဳးရွည္ရွည္နဲ႔လွန္ထားသလိုျဖစ္ေနတယ္ ထြဋ္ေခါင္ကိုလည္း ငါၾကၫ့္မရပါဘူး ဒါေပမယ့္ ဒီေကာင္က နင့္အေပၚအမွန္အကန္ႀကီးဟ"
ေခ မ်က္ႏွာပ်က္သြားကာ ေလးထပ္ေဆာင္ဝရံတာကေန ေအာက္ဆီကို ငံု႔ေငးၾကၫ့္သည္။
"ေခ ငါနင့္အေၾကာင္းကိုအသိဆံုးပါ နင္ဘယ္လိုေတျြဖစ္ေနတာလဲ"
"ဟုတ္တယ္ ငါ ထြဋ္ကိုမခ်စ္ဘူး နည္းနည္းေလးမွလည္းရင္မခုန္ဘူး နင္ေျပာေျပာေနတဲ့အခ်စ္ဆိုတာႀကီးက ဝိုင္တစ္ခြက္ေသာက္ရတာေလာက္ေတာင္ ယစ္မူးဖို႔မေကာင္းဘူး ဝိုင္ေသာက္သလိုမ်ိဳး အခ်စ္ဆိုတာကို ခ်ိဳခ်ိဳေလးနဲ႔ ျပင္းရွရွေလးခံစားၾကၫ့္ခ်င္တာ"
"လုပ္ၿပီ"
"နင္ေျပာျပစမ္းပါ အခ်စ္ဆိုတာ ဘယ္လိုမ်ိဳးလဲ"
ပီယမ်က္ႏွာသည္ ငယ္ငယ္တုန္းကႏွစ္ေယာက္သားအတူတူ စင္ဒရဲလားပံုျပင္ကို ကိုယ္ပိုင္စိတ္ကူးျဖင့္ပံုေဖာ္ေနသလိုမ်ိဳး ေငးေငးႃပံုးႃပံုးေလးျဖစ္လာသည္။
ေခက ထိုမ်က္ႏွာကိုၾကၫ့္ရင္း ပီယစိတ္ကူးထဲကအိမ္ကေလးကိုမေနွာက္ယွက္ဘဲ တိတ္ဆိတ္စြာနားေထာင္ေနလိုက္သည္။
ႃပံုးေနရင္းမွ ပီယက သက္ျပင္းခ်၍ေျပာသည္။
"ငါ့အတြက္အခ်စ္ဆိုတာက ေမမိုးမခပဲ အဲ့ဒီေတာ့အခ်စ္ဆိုတာကအရမ္းကိုေအးေဆးတည္ၿငိမ္တာပဲ ငါေလ မခကိုေတြ့တိုင္း ထိုင္ၾကၫ့္ခ်င္ေနတာပဲသိေတာ့တယ္"
"ငါလည္း ေမမိုးမခကို သူငယ္ခ်င္းလို ညီအစ္မလိုခ်စ္တာပါပဲဟဲ့ ငါသိခ်င္တဲ့ သမီးရည္းစားခ်စ္တဲ့အခ်စ္ကိုေျပာစမ္းပါဟာ ေဝးလိုက္တာ"
"အဲ့ဒီလိုအခ်စ္ကေတာ့ လူကိုအရူးလုပ္တယ္ကြာ မဆီမဆိုင္သူ႔အေၾကာင္းေတြးမိရင္ ဖ်တ္ခနဲႃပံုးမိတာမ်ိဳး သူ႔အနားေရာက္ေနရင္ေပ်ာ္တယ္ သူ႔ကိုမေတြ့ရရင္ ဝမ္းနည္းသလိုလို ငိုခ်င္သလိုလို"
ထိုသို႔ ပီယ ရင္ဖြင့္ေျပာျပေတာ့လည္း ေခကပခံုးတြန႔္ျပသည္။
"ငါ့မွာအဲ့လိုတစ္ခါမွမျဖစ္ဘူး"
"နင္မမိုက္ဘူးလို႔ ထင္တယ္"
"ဟမ် ဘာလို႔လဲ"
"တကယ့္လက္ေတြ့ဘဝမွာ နင့္ရည္းစားက ထြဋ္ေခါင္ေလ နင္ကိုယ္တိုင္ပဲလက္ခံထားတာ မခ်စ္ဘူးဆိုရင္ေတာင္မွ နည္းနည္းေလးႏူးညံ့ေပးလိုက္ပါဟာ"
ေခ့ မ်က္ႏွာေလးပ်က္သြားကာ သက္ျပင္းဖြဖြခ်သည္။
အခ်စ္က လုပ္ယူလို႔ရရင္လည္းအေကာင္းသား...
အခုေတာ့ ပိုင္ဆိုင္ခဲ့တာနဲ႔လိုအပ္တာက တျခားစီ။
"နင့္ကိုဘာလုပ္ပါ ဘယ္လိုေနပါလို႔ ငါ့မွာအမိန႔္ေပးခြင့္မရိွဘူး ေခ ဒါေပမယ့္ နင့္စိတ္ထဲမသက္မသာျဖစ္ေနရင္လည္း ျဖတ္လိုက္ေတာ့ အဲ့ဒါအေကာင္းဆံုးပဲ"
ဒါဆို ေခက ထြဋ္ကိုျဖတ္ရမွာလား၊ မေရရာမေသခ်ာေသာ ေခခ်စ္လာမၫ့္တစ္စံုတစ္ေယာက္အခ်စ္ကိုေမ်ွာ္လင့္ရမွာလား ....
▪▪▪⏳⏳⏳▪▪▪
"ဝိုင္ ေနမေကာင္းဘူးလား ပိန္သြားသလိုပဲ"
ထြဋ္က ေခ့နဖူးကိုစမ္းၿပီးမ်က္ႏွာေလးကိုဆဲြပင့္ၾကၫ့္သည္။
ဂရုစိုက္ခံရျခင္းအေပၚ ေခ စိတ္မပါသလိုျဖစ္သြားသၫ့္အခါ ပီယက ေခ့ေျခေထာက္ကိုတက္နင္းျခင္းျဖင့္ သတိေပးေလသည္။
"ရာသီဥတုကပူတယ္ေလ ေခ ထမင္းသိပ္မစားႏိုင္ဘူး"
"ဘာစားခ်င္ေသးလဲ ကိုယ္သြားဝယ္ေပးမယ္ေလ"
သူက တကယ္ကိုဂရုတစိုက္နဲ႔ပါ။
သို႔ေသာ္ေခ သူ႔ဆီကဂရုစိုက္မွဴေတြကိုမလိုခ်င္။
ပီယဆီ အကူအညီေတာင္းသလိုလွမ္းၾကၫ့္ေတာ့ ပီယက ေခါင္းတစ္ခ်က္ယမ္းကာ ထြဋ္ကို ပထုတ္ဖို႔စကားစ၏။
"ေဟ့ေကာင္ ထြဋ္ေခါင္ မင္းကလည္း အဲ့ေလာက္ေလးေတာင္အလိုက္မသိဘူးလား လီမြန္တီးသြားဝယ္လိုက္ကြာ"
"ေအး ဟုတ္သားပဲ ဝိုင္ခဏေနာ္ ကိုယ္ျပန္လာခဲ့မယ္"
ထြဋ္ အေမာတေကာႏွင့္ထေျပးသည္ႏွင့္ ပီယကအလြန္အမင္းေအာင့္အည္းထားရသၫ့္မ်က္ႏွာမ်ိဳးျဖင့္ ေခ့လက္ေမာင္းကိုတစ္ခ်က္လွမ္းရိုက္သည္။
"ခေရဝိုင္ နင္ေနာ္ နင္"
"ဘာလဲဟာ ငါမလိုက္ခ်င္တာကို သူကဇြတ္လာေခၚတာကို"
"ေတာ္ ေတာ္ နင္ ကဂ်ီကေဂ်ာင္လုပ္ေနလို႔ ငါလည္းလိုက္လာရၿပီ အခုနင့္မ်က္ႏွာႀကီးကိုျပင္စမ္းပါဟာ ျဖတ္ဆိုေတာ့က်လည္းမျဖတ္ဘူး ေတြ့ေတာ့လည္းမ်က္ႏွာေသႀကီးနဲ႔"
ပီယစကားေၾကာင့္ေခက ဖုန္းကိုေထာင္ကာမွန္လိုလုပ္ၾကၫ့္ရင္းႃပံုးၾကၫ့္သည္။
ပါးစပ္သာ ဟ သြားၿပီး ႃပံုးေပ်ာ္ေနတဲ့ပံုမ်ိဳးမျဖစ္။
"လုပ္မေနနဲ႔ မခ်ိသြားၿဖဲေနသလိုပဲ ဘယ္လိုၾကည့္ၾကၫ့္ေပ်ာ္ေနတဲ့ရုပ္ကိုမေပါက္ဘူး"
"ပီယ ငါစိတ္ညစ္တယ္ဟာ ငါဘာလုပ္ရမလဲ"
"နင္ပဲေသခ်ာဆံုးျဖတ္ က်န္တာအပထား ဒီေကာင့္ကိုျဖတ္ခ်င္ျဖတ္ မျဖတ္ရင္လည္းအရင္လိုမ်ိဳးအလိုက္သင့္ေလးေန မဟုတ္ရင္"
ထိုစဥ္ ထြဋ္ျပန္ေရာက္လာသျဖင့္ စကားစျပတ္သြားကာ ပီယကဖုန္းကိုယူၿပီးထရပ္သည္။
"မင္း ဘယ္လဲ ပီယ"
"ငါ့ေကာင္မေလးဆီဆက္လိုက္ၪီးမယ္ကြာ ဒီေန့မဆက္ရေသးလို႔ မင္းတို႔ခဏထိုင္ခဲ့ေလ"
ထြဋ္က ဘာမွအေရးမႀကီးသလိုေခါင္းညိတ္ကာ လီမြန္တီးဘူးေလးကို ေခ့ဆီလွမ္းေပး၏။
ပီယ ေခ့ကိုၾကၫ့္သၫ့္အၾကၫ့္ေတြကိုနားလည္မိသည္မို႔ ေခမ်က္ႏွာလႊဲထားလိုက္သည္။
"ထြဋ္ကိုေျပာစရာရိွတယ္"
"အင္း ေျပာေလ"
လမ္းခဲြစကားေျပာဖို႔ဆံုးျဖတ္ထားေပမယ့္ တကယ္တမ္းက် ထြဋ္မ်က္ႏွာကိုၾကၫ့္ကာ ေခေျပာမထြက္။
အတန္ၾကာစိုက္ၾကၫ့္ေနမိရင္း ေခ ၿငိမ္သက္ေနေတာ့ ထြဋ္က ေခ့လက္ကိုဆဲြယူလိုက္သည္။
"ဘာေတြခက္ခဲေနလို႔လဲ ဝိုင္"
"ေခက"
"အင္း"
"ထြဋ္ကိုမခ်စ္ဘူး"
ထိုသို႔ေျပာလိုက္ေတာ့ ထြဋ္ကနာက်င္ခံရခက္သြားရမၫ့္အစား ေခ့ဆံပင္ေတြကိုခ်စ္စႏိုးဆဲြဖြသည္။
"ဘာမ်ားလဲလို႔ အဲ့ဒါကိုယ္သိပါတယ္ ဝိုင္ရယ္ မင္းမခ်စ္လည္းကိုယ္ခ်စ္တယ္ေလ ၿပီးေတာ့မင္းခ်စ္လာမယ့္အခ်ိန္ထိကိုယ္ေစာင့္ႏိုင္ပါတယ္ဆို မင္းမယံုဘူးလား"
ေခ ဘာမွထပ္မေျပာခ်င္ေလာက္ေအာင္ျဖစ္သြားကာ လီမြန္တီးဘူးကိုပဲဆဲြယူေသာက္လိုက္သည္။
သူက ေခ့ကိုေက်ာင္းမွာကတည္းကအသည္းအသန္လိုက္ခဲ့သူ။
လူေတြအမ်ားႀကီးေရ႔ွမွာခ်စ္ေရးဆိုခဲ့သူမို႔ ေခ့ကိုလြယ္လြယ္နဲ႔အေလ်ွာ့မေပးမွာမွန္းလည္း ေခသိေနသည္။
"နင္ဘယ္ေလာက္ျငင္းေနေန တစ္ေန့ေန့နင့္ခ်စ္သူက ငါပဲျဖစ္ရမွာ"
"နင္ပဲျငင္းႏိုင္မလား ငါပဲဇဲြနဲ႔လိုက္ႏိုင္မလား ေစာင့္ၾကၫ့္ေပါ့"
ေခ သက္ျပင္းေလးခ်ကာ လီမြန္တီးဘူးကိုအေဝးတြန္းပို႔လိုက္ေတာ့ ထြဋ္ကျပန္ၾကၫ့္၏။
"မေကာင္းဘူးလား ဝိုင္"
"ေကာင္းပါတယ္ ထြဋ္ဘက္ကအရမ္းခ်စ္ေနတာကို ေခက မခ်စ္ဘူးဆိုတာေတာ့ နည္းနည္းလြန္သလိုပဲ အဲ့ဒါကိုစိတ္မေကာင္းျဖစ္ေနတာ"
"ကိုယ္ေတာင္ဘာမွမျဖစ္တာ ဝိုင္ရယ္ စိတ္မေကာင္းမျဖစ္နဲ႔ ကိုယ္စိတ္ရွည္လက္ရွည္ေစာင့္ေနတယ္ ဘာလို႔လဲသိလား"
ေခ မသိပါ။ သူဘာလို႔အဲ့ေလာက္ထိ ေခ့အေပၚခ်စ္ႏိုင္ရတာလဲ။
"ဝိုင္က ကိုယ့္ရဲ့အခ်စ္ဦးမို႔ေလ ပထမဆံုးအခ်စ္ ပထမဆံုးရည္းစား"
"ေခကမွ"
"ေတာ္ၿပီကြာ ဝိုင့္ကို ကိုယ္လက္ထပ္ဖို႔အထိရည္ရြယ္ထားတယ္ ဘယ္ေတာ့မွလက္မလႊတ္ဘူးေနာ္ ၿပီးေတာ့ ဝိုင့္ဘက္က လက္ခံလာမယ့္အခ်ိန္အထိ ကိုယ္ေစာင့္မယ္"
ေခ သူနဲ႔ၿပိဳင္မျငင္းေတာ့ဘဲ ႏႈတ္ဆိတ္ေနလိုက္ၿပီး လီမြန္တီးကိုပဲျပန္ယူေသာက္သၫ့္အခါ ထြဋ္က ေခ့ဆံပင္ေတြကို သိမ္းဖယ္ေပးသည္။
ထားလိုက္ပါေတာ့မယ္။
တစ္ခ်ိန္ခ်ိန္က်ရင္ ေခ့အေပၚနားလည္အလိုက္သိလြန္းတဲ့သူ႔အေပၚ ေခ သံေယာဇဥ္တြယ္ၿငိသြားမွာပါ .....
▪▪▪⏳⏳⏳▪▪▪
Part 7 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997
Advertisement
- In Serial279 Chapters
KING OF BEASTS (ON HIATUS)
Come join my Discord: https://discord.gg/d3JZYqY This is the first draft of a project that I try to update daily. A man has been reborn into a land of magic that is rife with strife, death, and war. Perhaps he can shift the world into a new age with his newfound powers and create an empire that will last the test of time.
8 149 - In Serial12 Chapters
Through The Gate
Miyo is washed up. A former instructor of a prodigious sword-school brought low by his own principles, now nothing more than a reclusive alcoholic. He is about to take on two pupils for the first time in a decade, and together they are going to embark on an expedition to maintain the fabric of reality. Will he be able to overcome a decade of fermented insecurity? Can the widening gates ever be shut?
8 206 - In Serial14 Chapters
Origin
Aden, 17 finds himself in a strange world devoid of society, here, the strong eat the weak, strange creatures are common, godlike beings are as many as stars in a universe, and living gods aren't humans, the more you explore, the more you realize, this has no end, this world has no end in it. Omnicael is a diverse plane of creatures, lands, and powers. This is the origin of the man who will initiate the Newman Era
8 302 - In Serial8 Chapters
The Bees of Burntwood
Bedtime tales to read to your children. Each chapter is a stand alone story, while also adding to the overall tale. The Bees of Burntwood is a tale of a year in the life of a hive and their mythology.
8 164 - In Serial11 Chapters
Kaleidoscope
A collection of short meditative stories about love and beauty, myths and legends, just some elusive moments and fragments of bright dreams.
8 152 - In Serial12 Chapters
Codename Prometheus
In a world where a select few people are given enhanced intelligence through an alien ancestor known as the Gifted, Kazuo Tsukiyama must align himself with child prodigy Gifted Rikyu to protect a Gifted named Tomoyo Aburame, who would be involved in a series of events that leads them to wacky adventures in space and beyond!
8 220

