《အချစ်ဝိုင် ( Complete )》Part 1
Advertisement
အချစ်ဝိုင် ( Part - 1 )
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"နင်သူ့ကိုတကယ်ချစ်တယ်လို့ ထင်လား ခေ"
ခေ့မျက်နှာကို သေသေချာချာကြည့်ရင်း မေးလိုက်သောအခါ ခေကပခုံးလေးတွန့်ပြလိုက်သည်။
ကော်ဖီခွက်ကိုကောက်ယူပြီးမသောက်သေးဘဲ အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည့်အခါ ကင်မရာလေးတစ်လုံးဖြင့်မြင်ကွင်းတစ်ခုကို အသေအချာချိန်နေသောကောင်လေးတစ်ယောက်။
ခေကတော့ ထွဋ်လို့ပဲခေါ်ပါသည်။
"ငါမေးနေတာကိုဟာ"
ပီယအသံကြားမှ ကော်ဖီကိုသောက်မလိုပြင်ကာ မသောက်ဖြစ်။
"ငါချစ်ဖို့မလိုပါဘူးပီယရယ် သူကငါ့ကိုချစ်တာပဲ ဒါပဲလိုတာ"
"သူရောကိုယ်ရော ချစ်မှ ပြည့်စုံတယ်လို့ နင်မထင်ဘူးလား"
ခေပြုံးလေသည်။
ပြီးမှကော်ဖီကိုတစ်ငုံသောက်လိုက်ကာ ပီယကို ရယ်ကျဲကျဲနှင့်ပြန်ကြည့်တော့ ပီယသည် စိတ်ပေါက်ပေါက်ဖြင့် အသံမထွက်အောင်ကြိတ်ဆဲလေသည်။
"ကျော်ပီယ"
"ဘာတုန်း"
"နင်ကလေ အချစ်ဆိုတာကြီးကိုခေါင်းထဲသိပ်ထည့်တာပဲ ကိုးကွယ်လွန်းတယ်"
"ငါကိုးကွယ်နေတာမဟုတ်ဘူး ချစ်တာလို့ခေါ်တယ် သူ့အနားနေရမယ်ဆို ဘယ်လောက်ခံရခက်တဲ့နာကျင်မှုမျိုးပဲဖြစ်ပါစေ"
"နေမယ်ပေါ့"
"ဒါပေါ့ နင့်မှာအဲ့လိုစိတ်ရှိလို့လား"
ခေ့မျက်နှာရှုံ့မဲ့သွားပြီး ကော်ဖီခွက်ကိုပြန်ချကာ ပီယရှေ့ကမုန့်တစ်ခုကိုလှမ်းယူသည်။
ပီယက ခေ့လက်ကိုလှမ်းဖမ်းလိုက်ကာ ခေါင်းခါပြလိုက်တော့ ခေသည်နောက်တစ်ဖက်ဖြင့်လှမ်းယူပြန်သည်။
ပီယကထိုလက်ကိုပါ ပုတ်ထုတ်ကာ မုန့်ပန်းကန်ကို သူ့ဘက်ပြန်ဆွဲယူ၍
"ပြိတ္တာမ နင်မချစ်ချင်ရင်နေ ငါ့မုန့်တွေတော့လာမလုနဲ့"
"ဘာလဲဟာ ငါမဝသေးလို့ကို"
"မဝသေးရင် ထပ်မှာပေါ့"
ပြောပြီးမှ တစ်ခုခုကိုသတိရသွားသလို မုန့်ပန်းကန်ကိုရှေ့ပြန်တိုးပေးရင်း
"နင်အဝစားချင်လား ငါတကယ်အဝကျွေးမယ်"
ခေသည် မုန့်ယူစားတော့မည့်လက်တွေကိုပြန်ရုတ်ကာ လက်ပိုက်ပြီး မယုံသလိုကြည့်တော့ ပီယကတော့ ပြုံးစေ့စေ့နှင့်မေးစေ့ကိုပွတ်ကာ ပြန်ကြည့်နေသည်။
ဒင်းဒီလောက်ရက်ရောနေတာအကြောင်းမဲ့တော့ မဟုတ်နိုင်ချေ။
"နင် မခနဲ့တွေ့ချင်လို့မလား"
"မဆိုးဘူး နင်တော်တယ်"
"ဟဲ့ မုန့်လောက်နဲ့တက်မလာနဲ့ ငါမကူညီနိုင်ဘူး ဆောတီးပဲ"
"နင် ဘန့်ဘွေးရေတံခွန် မသွားရသေးဘူးမလား"
"မသွားရလည်းဘာအရေးလဲ ထွဋ်ကိုလိုက်ပို့ခိုင်းရင် ဘာအပေးအယူမှမရှိဘူး နင့်ကိုများအားကိုးမနေဘူး okလား"
"အဲ့တာဆိုလည်း ပြီးတာပါပဲ မန္တလေးမှာ EDMပွဲရှိတာ ငါပဲသွားရတော့မှာပေါ့ နင့်အတွက်စိတ်မကောင်းဘူး"
ခေ ဖျတ်ခနဲဟန်မဆောင်နိုင်အောင်ဖြစ်သွားတော့ ပီယက မေးစေ့ကိုတမင်ပွတ်ကာ စိတ်မကောင်းဟန်ပြသည်။
ထွဋ်က တခြားနေရာတွေသာ လိုက်ပို့ပေးတတ်သော်လည်း EDMပွဲတွေဆိုရင်တော့ မလိုက်ချင်။
မတတ်သာလို့လိုက်လို့ရရင်လည်း အသေကောင်ကြီးအလား ပူအိုက်စိတ်ကျဉ်းကျပ်ပြတတ်သည်မို့ ထိုနေရာတွင်တော့ ပီယကသာအဖော်ကောင်းဖြစ်သည်။
"အေး သဘောတူတယ် သဘောတူတယ် ဘယ်တော့လဲEDMပွဲက"
"၁၀ရက်လောက်လိုပါသေးတယ်အေးဆေးပေါ့"
"နင်နဲ့မခကရော ဘာလဲဟာ မယူကြသေးဘူးလား"
"အဝေးကြီးလိုသေးတယ်"
မခက ပီယရဲ့ချစ်သူဖြစ်ကာ ခေတို့ကျောင်းတက်ခဲ့တုန်းက သိခဲ့တာဖြစ်သည်။
1st yearကတည်းက တွဲခဲ့တာမို့ ပီယတို့ရည်းစားသက်တမ်းသည် ၃နှစ်ကျော်ရှိပြီဖြစ်သည်။
မခက မန္တလေးသူမို့ကျောင်းပိတ်တိုင်းတွေ့ဖို့ ကြံရဖန်ရသည်က အလုပ်တစ်ခုလိုဖြစ်နေသည်။
ပိုဆိုးသည်က မခက အိမ်မပိုင်သူမို့ သူတို့နှစ်ဦးတွေ့ရဖို့အတွက် ဉာဏ်နီဉာဏ်နက်များသော ခေကသာ ကြံစည်ပြုလုပ်ပေးတာကများသည်မို့ ....
"ဝိုင် ပြန်တော့မှာလား"
ထွဋ်က ကင်မရာကိုဘေးမှာချရင်း ခေ့ဘေးကိုဝင်ထိုင်ကာ ခေ့လက်ကလေးကိုကိုင်လိုက်တော့ ပီယကမသိမသာမျက်နှာလွှဲ၏။
ပီယစိတ်ထဲအခုအခံလေးရှိနေတာကို ခေရိပ်မိသွားသည်မို့ ထွဋ်ကိုပြုံးပြုံးလေးကြည့်ကာ ထွဋ်ပခုံးပေါ်မှာမှီလိုက်သည်။
"ထွဋ်ပြန်တော့နော် ခေနေချင်သေးလို့"
"ပြန်ရင်ရော ဘယ်လိုပြန်မလဲ ပြီးမှသပ်သပ်လာခေါ်ပေးရမလား"
"နေပါစေ ပီယနဲ့ပြန်လိုက်မယ်"
"ဟုတ်ပြီ ကိုယ်ပြန်ရောက်ရင်ဖုန်းဆက်မယ်နော်"
ထွဋ်က ခေ့နဖူးလေးကိုဖွဖွလေးနမ်းကာ နှုတ်ဆက်၏။
"ကဲ ပြန်ပါတော့"
ထွဋ်ပြန်သွားသည့်အခါ ပီယက သက်ပြင်းချလျက်ခေါင်းခါသည်။
ခေကတော့ ပီယဖြစ်နေပုံကိုသဘောတကျရယ်လိုက်ရင်း ပီယရှေ့ကမုန့်ကိုလှမ်းယူကာစားလိုက်သည်။
"နင့်ရုပ်ကြီးကြည့်ရတာလည်း အဆင်မပြေလိုက်တာ ဘာဖြစ်လဲ အေးဆေးပေါ့"
"နင်ပဲအေးဆေးနေပါ ငါအကူညီတောင်းထားတာမမေ့နဲ့ ငါ့မှာကနင်ပဲရှိတာ"
"အေးပါ EDMပွဲအတွက်သာ ငါ့ကိုမမေ့နဲ့"
ပီယ မျက်လုံးတစ်ဖက်ဖျတ်ခနဲမှိတ်ပြရင်း ခေါင်းညိတ်သည်။
ခေကတော့ ဉာဏ်များရဦးမည်မို့ ပြုံးလိုက်ရင်း မုန့်တစ်ခုယူစားလိုက်၏။
▪▪▪▪▪⏳⏳⏳▪▪▪▪▪
"မမေ့ပါဘူးကိုရယ် ဒီမှာကိုမင်း ပြန်ရောက်နေတာ မခ လာလို့ရမှာမဟုတ်တော့ဘူး"
မခအပြောကြောင့် သူအားပြတ်သွားသလို ထိုင်ခုံပေါ်ကိုထိုင်ချလိုက်တော့ linerဆွဲနေသည့် ခေကလှမ်းကြည့်သည်။
"မခကလည်းကွာ"
"ကိုကလည်း ဇွတ်မလုပ်ပါနဲ့လား မဟုတ်ရင်လည်း ကျောင်းတက်တဲ့အခါတွေ့ရမှာပဲကို"
"ကျောင်းတက်ဖို့ကအဝေးကြီးလိုသေးတယ်လေကွာ အခု ကိုလည်းလာခဲ့မယ်ပြောနေတာကို"
"ကိုမင်းပြန်ရောက်နေပါပြီဆို"
"မင်းစေရာလား"
"ဟုတ်တယ်"
ပီယ ကျွတ်ခနဲစုပ်သပ်လိုက်မိ၏။
မင်းစေရာက ဘန်ကောက်မှာကျောင်းတက်နေသော မခရဲ့အစ်ကိုဖြစ်သည်။
မတော်ရသေးသည့်ယောက်ဖကို တစ်ခါမှမမြင်ဖူးပေမယ့် မခအပေါ်တင်းကြပ်လွန်း၍ ကြည့်မရသည်ကတော့ အမှန်။
"အဲ့ဒါ ခေ့လူကြီးမလား သူရှင်းလိမ့်မယ်ကွာ"
"ဟာ ဟေ့ဟေ့ ငါမပါဘူးနော်"
ခေ့၏အလန့်တကြားငြင်းသံကြောင့် ပီယရော မခပါစိတ်ညစ်နေတဲ့အထဲက ရယ်မိကြသည်။
အပြင်သွားဖို့လာခေါ်တာတောင်ခုထိပြင်ဆင်လို့မပြီးနိုင်သေးသည့်ခေ့ကို ပြန်လှည့်ကြည့်ကာ ပီယအသံတိတ်ကျိန်ဆဲ၏။
ခေက တကယ်ကိုလွင့်ပျံနေတဲ့ဒီဇိုင်းမျိုးဖြင့် ပြင်လို့ဆင်လို့မပြီးနိုင်အောင်ပဲများနေ၏။
"မခလေ ခေ့ကိုအရမ်းအားကျတယ် သူ့ကြည့်ရတာကိုကအရမ်းလွတ်လပ်ပေါ့ပါးနေသလိုမျိုး"
"မခရယ် အဲ့လိုလွတ်လပ်ချင်ရင် ကို့ကိုလက်ထပ်လိုက်လေ ကို မင်းနဲ့အတူနေချင်ပြီ"
"မခလည်းနေချင်တာပေါ့ကိုရယ် ဒါပေမယ့် ကိုမင်းကိုကြောက်တယ် ဖေဖေနဲ့မေမေကလည်း သူ့ကိုအပ်ထားတာဆိုတော့လေ"
"နည်းနည်းလေးလောက်သတ္တိရှိလိုက်ပါ့လားဟင် ကို့နောက်လိုက်ခဲ့လေ ကို မင်းကိုပြည့်စုံအောင်ထားနိုင်ပါတယ်"
"ဟင် အဲ့လိုကြီးလည်း မခမလုပ်ချင်ဘူး"
"မခရယ် ကိုယ့်ချစ်သူကိုဘယ်သူကခိုးပြေးချင်မှာလဲကွာ တန်ဖိုးရှိရှိတောင်းရမ်းလက်ထပ်ချင်တာပေါ့ မခအစ်ကိုကမှ သဘောမတူနေတာ ပြီးတော့ ကို့မှာဘာချို့ယွင်းချက်တွေရှိနေလို့လဲ"
"ကိုမင်းကို အပြစ်မပြောပါနဲ့ ကိုရယ်"
"ကိုအပြစ်တင်တာမဟုတ်ဘူး မခပဲစဉ်းစားကြည့်လေ ကိုယ့်ဘ၀နဲ့ကိုယ် အစစအရာရာပြည့်စုံနိုင်လျက်နဲ့ သဘောမတူဘူးဆိုတာက"
"ကိုမင်းက မခကိုငယ်ငယ်ကတည်းက ချီပိုးပြီးထိန်းခဲ့ရတာကြောင့်မို့ပါ ပြီးတော့ အိမ်ထောင်တစ်ခုတည်ဆောက်ဖို့လည်း မခတို့ကအရမ်းငယ်သေးတယ်လေ"
တစ်ခါတစ်လေ မခ၏မပြတ်သားသောစိတ်ကို စိတ်ညစ်မိပေမယ့်လည်း ပီယဘာမှမတတ်နိုင်။
ကိုယ့်ချစ်သူကမှ မစွန့်စားရဲသည်မို့ ဘယ်သူ့အပြစ်လို့မှခေါင်းစဉ်တပ်မရ။
ဘယ်တော့မှနီးစပ်မှာလဲ မခရယ်...
"နင် မပြီးသေးဘူးလား ခေ ငါတို့ကော်ဖီဆိုင်သွားထိုင်ရုံလေးနော်"
"ရော် ကြည့်စမ်း သူ့ကောင်မလေးကိုမကျေနပ်တာနဲ့ ငါ့ကိုလာရမ်းနေတယ်"
Advertisement
"မရမ်းပါဘူးဟ သူအဲ့လိုဖြစ်နေတာ ငါတစ်ခါတစ်လေကျ စိတ်ညစ်တယ်သိလား တွေ့ချင်တယ် တွေ့ချင်တယ် တွေ့ချင်တယ်"
ပီယရဲ့မနားတမ်းအော်ဟစ်ညည်းညူသံကြောင့် ခေ နှာခေါင်းရှုံ့ကာ ပီယမျက်နှာကို တို့ပတ်ဖ်ဖြင့်ဘတ်ခနဲတစ်ချက်ရိုက်လိုက်၏။
"ဘာလဲဟ ငါ့ကိုဂေးမှတ်နေတာလား"
"ငါ့ကိုယုံတယ်မလား"
"ဘာဆိုင်လို့တုန်း"
"နင်က ငါ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းပါ ပီယရယ် ဘယ်သူ့ကိုမှမယုံရင်တောင် ငါ့ကိုတော့ယုံလိုက်ပါ နင် မခနဲ့တွေ့ရမယ် OK?"
ပီယမျက်နှာ ဖျတ်ခနဲပြုံးသွားပြီး မိတ်ကပ်ပေသွားသည့်နေရာကိုပွတ်သပ်ရင်း လက်မ ထောင်ပြလိုက်၏။
"OK"
▪▪▪▪▪⏳⏳⏳▪▪▪▪▪
part 2 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကို လေးစားလျက်
#shinthant1141997
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
အခ်စ္ဝိုင္ ( Part - 1 )
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"နင္သူ႔ကိုတကယ္ခ်စ္တယ္လို႔ ထင္လား ေခ"
ေခ့မ်က္ႏွာကို ေသေသခ်ာခ်ာၾကၫ့္ရင္း ေမးလိုက္ေသာအခါ ေခကပခံုးေလးတြန႔္ျပလိုက္သည္။
ေကာ္ဖီခြက္ကိုေကာက္ယူၿပီးမေသာက္ေသးဘဲ အျပင္ဘက္ကိုလွမ္းၾကၫ့္လိုက္သၫ့္အခါ ကင္မရာေလးတစ္လံုးျဖင့္ျမင္ကြင္းတစ္ခုကို အေသအခ်ာခ်ိန္ေနေသာေကာင္ေလးတစ္ေယာက္။
ေခကေတာ့ ထြဋ္လို႔ပဲေခၚပါသည္။
"ငါေမးေနတာကိုဟာ"
ပီယအသံၾကားမွ ေကာ္ဖီကိုေသာက္မလိုျပင္ကာ မေသာက္ျဖစ္။
"ငါခ်စ္ဖို႔မလိုပါဘူးပီယရယ္ သူကငါ့ကိုခ်စ္တာပဲ ဒါပဲလိုတာ"
"သူေရာကိုယ္ေရာ ခ်စ္မွ ျပၫ့္စံုတယ္လို႔ နင္မထင္ဘူးလား"
ေခႃပံုးေလသည္။
ၿပီးမွေကာ္ဖီကိုတစ္ငံုေသာက္လိုက္ကာ ပီယကို ရယ္က်ဲက်ဲႏွင့္ျပန္ၾကၫ့္ေတာ့ ပီယသည္ စိတ္ေပါက္ေပါက္ျဖင့္ အသံမထြက္ေအာင္ႀကိတ္ဆဲေလသည္။
"ေက်ာ္ပီယ"
"ဘာတုန္း"
"နင္ကေလ အခ်စ္ဆိုတာႀကီးကိုေခါင္းထဲသိပ္ထၫ့္တာပဲ ကိုးကြယ္လြန္းတယ္"
"ငါကိုးကြယ္ေနတာမဟုတ္ဘူး ခ်စ္တာလို႔ေခၚတယ္ သူ႔အနားေနရမယ္ဆို ဘယ္ေလာက္ခံရခက္တဲ့နာက်င္မႈမ်ိဳးပဲျဖစ္ပါေစ"
"ေနမယ္ေပါ့"
"ဒါေပါ့ နင့္မွာအဲ့လိုစိတ္ရိွလို႔လား"
ေခ့မ်က္ႏွာရႈံ႔မဲ့သြားၿပီး ေကာ္ဖီခြက္ကိုျပန္ခ်ကာ ပီယေရ႔ွကမုန႔္တစ္ခုကိုလွမ္းယူသည္။
ပီယက ေခ့လက္ကိုလွမ္းဖမ္းလိုက္ကာ ေခါင္းခါျပလိုက္ေတာ့ ေခသည္ေနာက္တစ္ဖက္ျဖင့္လွမ္းယူျပန္သည္။
ပီယကထိုလက္ကိုပါ ပုတ္ထုတ္ကာ မုန႔္ပန္းကန္ကို သူ႔ဘက္ျပန္ဆဲြယူ၍
"ၿပိတၲာမ နင္မခ်စ္ခ်င္ရင္ေန ငါ့မုန႔္ေတြေတာ့လာမလုနဲ႔"
"ဘာလဲဟာ ငါမဝေသးလို႔ကို"
"မဝေသးရင္ ထပ္မွာေပါ့"
ေျပာၿပီးမွ တစ္ခုခုကိုသတိရသြားသလို မုန႔္ပန္းကန္ကိုေရ႔ျွပန္တိုးေပးရင္း
"နင္အဝစားခ်င္လား ငါတကယ္အဝကၽြေးမယ္"
ေခသည္ မုန႔္ယူစားေတာ့မၫ့္လက္ေတြကိုျပန္ရုတ္ကာ လက္ပိုက္ၿပီး မယံုသလိုၾကၫ့္ေတာ့ ပီယကေတာ့ ႃပံုးေစ့ေစ့ႏွင့္ေမးေစ့ကိုပြတ္ကာ ျပန္ၾကၫ့္ေနသည္။
ဒင္းဒီေလာက္ရက္ေရာေနတာအေၾကာင္းမဲ့ေတာ့ မဟုတ္ႏိုင္ေခ်။
"နင္ မခနဲ႔ေတြ့ခ်င္လို႔မလား"
"မဆိုးဘူး နင္ေတာ္တယ္"
"ဟဲ့ မုန႔္ေလာက္နဲ႔တက္မလာနဲ႔ ငါမကူညီႏိုင္ဘူး ေဆာတီးပဲ"
"နင္ ဘန႔္ေဘြးေရတံခြန္ မသြားရေသးဘူးမလား"
"မသြားရလည္းဘာအေရးလဲ ထြဋ္ကိုလိုက္ပို႔ခိုင္းရင္ ဘာအေပးအယူမွမရိွဘူး နင့္ကိုမ်ားအားကိုးမေနဘူး okလား"
"အဲ့တာဆိုလည္း ၿပီးတာပါပဲ မႏၲေလးမွာ EDMပဲြရိွတာ ငါပဲသြားရေတာ့မွာေပါ့ နင့္အတြက္စိတ္မေကာင္းဘူး"
ေခ ဖ်တ္ခနဲဟန္မေဆာင္ႏိုင္ေအာင္ျဖစ္သြားေတာ့ ပီယက ေမးေစ့ကိုတမင္ပြတ္ကာ စိတ္မေကာင္းဟန္ျပသည္။
ထြဋ္က တျခားေနရာေတြသာ လိုက္ပို႔ေပးတတ္ေသာ္လည္း EDMပဲြေတြဆိုရင္ေတာ့ မလိုက္ခ်င္။
မတတ္သာလို႔လိုက္လို႔ရရင္လည္း အေသေကာင္ႀကီးအလား ပူအိုက္စိတ္က်ဉ္းက်ပ္ျပတတ္သည္မို႔ ထိုေနရာတြင္ေတာ့ ပီယကသာအေဖာ္ေကာင္းျဖစ္သည္။
"ေအး သေဘာတူတယ္ သေဘာတူတယ္ ဘယ္ေတာ့လဲEDMပဲြက"
"၁၀ရက္ေလာက္လိုပါေသးတယ္ေအးေဆးေပါ့"
"နင္နဲ႔မခကေရာ ဘာလဲဟာ မယူၾကေသးဘူးလား"
"အေဝးႀကီးလိုေသးတယ္"
မခက ပီယရဲ့ခ်စ္သူျဖစ္ကာ ေခတို႔ေက်ာင္းတက္ခဲ့တုန္းက သိခဲ့တာျဖစ္သည္။
1st yearကတည္းက တဲြခဲ့တာမို႔ ပီယတို႔ရည္းစားသက္တမ္းသည္ ၃ႏွစ္ေက်ာ္ရိွၿပီျဖစ္သည္။
မခက မႏၲေလးသူမို႔ေက်ာင္းပိတ္တိုင္းေတြ့ဖို႔ ႀကံရဖန္ရသည္က အလုပ္တစ္ခုလိုျဖစ္ေနသည္။
ပိုဆိုးသည္က မခက အိမ္မပိုင္သူမို႔ သူတို႔ႏွစ္ဦးေတြ့ရဖို႔အတြက္ ဉာဏ္နီဉာဏ္နက္မ်ားေသာ ေခကသာ ႀကံစည္ျပဳလုပ္ေပးတာကမ်ားသည္မို႔ ....
"ဝိုင္ ျပန္ေတာ့မွာလား"
ထြဋ္က ကင္မရာကိုေဘးမွာခ်ရင္း ေခ့ေဘးကိုဝင္ထိုင္ကာ ေခ့လက္ကေလးကိုကိုင္လိုက္ေတာ့ ပီယကမသိမသာမ်က္ႏွာလႊဲ၏။
ပီယစိတ္ထဲအခုအခံေလးရိွေနတာကို ေခရိပ္မိသြားသည္မို႔ ထြဋ္ကိုႃပံုးႃပံုးေလးၾကၫ့္ကာ ထြဋ္ပခံုးေပၚမွာမွီလိုက္သည္။
"ထြဋ္ျပန္ေတာ့ေနာ္ ေခေနခ်င္ေသးလို႔"
"ျပန္ရင္ေရာ ဘယ္လိုျပန္မလဲ ၿပီးမွသပ္သပ္လာေခၚေပးရမလား"
"ေနပါေစ ပီယနဲ႔ျပန္လိုက္မယ္"
"ဟုတ္ၿပီ ကိုယ္ျပန္ေရာက္ရင္ဖုန္းဆက္မယ္ေနာ္"
ထြဋ္က ေခ့နဖူးေလးကိုဖြဖြေလးနမ္းကာ ႏႈတ္ဆက္၏။
"ကဲ ျပန္ပါေတာ့"
ထြဋ္ျပန္သြားသၫ့္အခါ ပီယက သက္ျပင္းခ်လ်က္ေခါင္းခါသည္။
ေခကေတာ့ ပီယျဖစ္ေနပံုကိုသေဘာတက်ရယ္လိုက္ရင္း ပီယေရ႔ွကမုန႔္ကိုလွမ္းယူကာစားလိုက္သည္။
"နင့္ရုပ္ႀကီးၾကၫ့္ရတာလည္း အဆင္မေျပလိုက္တာ ဘာျဖစ္လဲ ေအးေဆးေပါ့"
"နင္ပဲေအးေဆးေနပါ ငါအကူညီေတာင္းထားတာမေမ့နဲ႔ ငါ့မွာကနင္ပဲရိွတာ"
"ေအးပါ EDMပဲြအတြက္သာ ငါ့ကိုမေမ့နဲ႔"
ပီယ မ်က္လံုးတစ္ဖက္ဖ်တ္ခနဲမိွတ္ျပရင္း ေခါင္းညိတ္သည္။
ေခကေတာ့ ဉာဏ္မ်ားရဦးမည္မို႔ ႃပံုးလိုက္ရင္း မုန႔္တစ္ခုယူစားလိုက္၏။
▪▪▪▪▪⏳⏳⏳▪▪▪▪▪
"မေမ့ပါဘူးကိုရယ္ ဒီမွာကိုမင္း ျပန္ေရာက္ေနတာ မခ လာလို႔ရမွာမဟုတ္ေတာ့ဘူး"
မခအေျပာေၾကာင့္ သူအားျပတ္သြားသလို ထိုင္ခံုေပၚကိုထိုင္ခ်လိုက္ေတာ့ linerဆဲြေနသၫ့္ ေခကလွမ္းၾကၫ့္သည္။
"မခကလည္းကြာ"
"ကိုကလည္း ဇြတ္မလုပ္ပါနဲ႔လား မဟုတ္ရင္လည္း ေက်ာင္းတက္တဲ့အခါေတြ့ရမွာပဲကို"
"ေက်ာင္းတက္ဖို႔ကအေဝးႀကီးလိုေသးတယ္ေလကြာ အခု ကိုလည္းလာခဲ့မယ္ေျပာေနတာကို"
"ကိုမင္းျပန္ေရာက္ေနပါၿပီဆို"
"မင္းေစရာလား"
"ဟုတ္တယ္"
ပီယ ကၽြတ္ခနဲစုပ္သပ္လိုက္မိ၏။
မင္းေစရာက ဘန္ေကာက္မွာေက်ာင္းတက္ေနေသာ မခရဲ့အစ္ကိုျဖစ္သည္။
မေတာ္ရေသးသၫ့္ေယာက္ဖကို တစ္ခါမွမျမင္ဖူးေပမယ့္ မခအေပၚတင္းၾကပ္လြန္း၍ ၾကၫ့္မရသည္ကေတာ့ အမွန္။
"အဲ့ဒါ ေခ့လူႀကီးမလား သူရွင္းလိမ့္မယ္ကြာ"
"ဟာ ေဟ့ေဟ့ ငါမပါဘူးေနာ္"
ေခ့၏အလန႔္တၾကားျငင္းသံေၾကာင့္ ပီယေရာ မခပါစိတ္ညစ္ေနတဲ့အထဲက ရယ္မိၾကသည္။
အျပင္သြားဖို႔လာေခၚတာေတာင္ခုထိျပင္ဆင္လို႔မၿပီးႏိုင္ေသးသၫ့္ေခ့ကို ျပန္လွၫ့္ၾကၫ့္ကာ ပီယအသံတိတ္က်ိန္ဆဲ၏။
ေခက တကယ္ကိုလြင့္ပ်ံေနတဲ့ဒီဇိုင္းမ်ိဳးျဖင့္ ျပင္လို႔ဆင္လို႔မၿပီးႏိုင္ေအာင္ပဲမ်ားေန၏။
"မခေလ ေခ့ကိုအရမ္းအားက်တယ္ သူ႔ၾကၫ့္ရတာကိုကအရမ္းလြတ္လပ္ေပါ့ပါးေနသလိုမ်ိဳး"
"မခရယ္ အဲ့လိုလြတ္လပ္ခ်င္ရင္ ကို႔ကိုလက္ထပ္လိုက္ေလ ကို မင္းနဲ႔အတူေနခ်င္ၿပီ"
"မခလည္းေနခ်င္တာေပါ့ကိုရယ္ ဒါေပမယ့္ ကိုမင္းကိုေၾကာက္တယ္ ေဖေဖနဲ႔ေမေမကလည္း သူ႔ကိုအပ္ထားတာဆိုေတာ့ေလ"
"နည္းနည္းေလးေလာက္သတၲိရိွလိုက္ပါ့လားဟင္ ကို႔ေနာက္လိုက္ခဲ့ေလ ကို မင္းကိုျပၫ့္စံုေအာင္ထားႏိုင္ပါတယ္"
"ဟင္ အဲ့လိုႀကီးလည္း မခမလုပ္ခ်င္ဘူး"
"မခရယ္ ကိုယ့္ခ်စ္သူကိုဘယ္သူကခိုးေျပးခ်င္မွာလဲကြာ တန္ဖိုးရိွရိွေတာင္းရမ္းလက္ထပ္ခ်င္တာေပါ့ မခအစ္ကိုကမွ သေဘာမတူေနတာ ၿပီးေတာ့ ကို႔မွာဘာခ်ိဳ႕ယြင္းခ်က္ေတြရိွေနလို႔လဲ"
"ကိုမင္းကို အျပစ္မေျပာပါနဲ႔ ကိုရယ္"
"ကိုအျပစ္တင္တာမဟုတ္ဘူး မခပဲစဉ္းစားၾကၫ့္ေလ ကိုယ့္ဘ၀နဲ႔ကိုယ္ အစစအရာရာျပၫ့္စံုႏိုင္လ်က္နဲ႔ သေဘာမတူဘူးဆိုတာက"
"ကိုမင္းက မခကိုငယ္ငယ္ကတည္းက ခ်ီပိုးၿပီးထိန္းခဲ့ရတာေၾကာင့္မို႔ပါ ၿပီးေတာ့ အိမ္ေထာင္တစ္ခုတည္ေဆာက္ဖို႔လည္း မခတို႔ကအရမ္းငယ္ေသးတယ္ေလ"
တစ္ခါတစ္ေလ မခ၏မျပတ္သားေသာစိတ္ကို စိတ္ညစ္မိေပမယ့္လည္း ပီယဘာမွမတတ္ႏိုင္။
ကိုယ့္ခ်စ္သူကမွ မစြန႔္စားရဲသည္မို႔ ဘယ္သူ႔အျပစ္လို႔မွေခါင္းစဉ္တပ္မရ။
ဘယ္ေတာ့မွနီးစပ္မွာလဲ မခရယ္...
"နင္ မၿပီးေသးဘူးလား ေခ ငါတို႔ေကာ္ဖီဆိုင္သြားထိုင္ရံုေလးေနာ္"
"ေရာ္ ၾကၫ့္စမ္း သူ႔ေကာင္မေလးကိုမေက်နပ္တာနဲ႔ ငါ့ကိုလာရမ္းေနတယ္"
"မရမ္းပါဘူးဟ သူအဲ့လိုျဖစ္ေနတာ ငါတစ္ခါတစ္ေလက် စိတ္ညစ္တယ္သိလား ေတြ့ခ်င္တယ္ ေတြ့ခ်င္တယ္ ေတြ့ခ်င္တယ္"
ပီယရဲ့မနားတမ္းေအာ္ဟစ္ညည္းၫူသံေၾကာင့္ ေခ ႏွာေခါင္းရႈံ႔ကာ ပီယမ်က္ႏွာကို တို႔ပတ္ဖ္ျဖင့္ဘတ္ခနဲတစ္ခ်က္ရိုက္လိုက္၏။
"ဘာလဲဟ ငါ့ကိုေဂးမွတ္ေနတာလား"
"ငါ့ကိုယံုတယ္မလား"
"ဘာဆိုင္လို႔တုန္း"
"နင္က ငါ့ရဲ့တစ္ဦးတည္းေသာ သူငယ္ခ်င္းပါ ပီယရယ္ ဘယ္သူ႔ကိုမွမယံုရင္ေတာင္ ငါ့ကိုေတာ့ယံုလိုက္ပါ နင္ မခနဲ႔ေတြ့ရမယ္ OK?"
ပီယမ်က္ႏွာ ဖ်တ္ခနဲႃပံုးသြားၿပီး မိတ္ကပ္ေပသြားသည့္ေနရာကိုပြတ္သပ္ရင္း လက္မ ေထာင္ျပလိုက္၏။
"OK"
▪▪▪▪▪⏳⏳⏳▪▪▪▪▪
Part 2 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကို ေလးစားလ်က္
#shinthant1141997
Advertisement
- End233 Chapters
Breakers
My name is Joo In-gong. The name that my parents gave me meant ‘protagonist’ of the world. As anyone can predict, I was constantly teased due to my name. In kindergarten, elementary school, middle school and high school. If I went to university as planned then I would probably be laughed at there as well. So, at one point, I really hated my name. But not anymore. Now, I think slightly differently. Maybe being named Joo In-gong was a type of foreshadowing?
8 640 - In Serial86 Chapters
The Heavens System Subsidiary (I Was Chosen By The Word)
Vincent Gate, A Middle-Class man with a below low-class life. His mother was a rape victim in coma.To bring his mother out of her coma, He tried all he can but one day all his efforts went to nought a...
8 1267 - In Serial659 Chapters
I Don’t Want To Defy The Heavens
Seven years ago, she freely and easily abandoned ¥100 and ran away, carrying her unborn son with her. Seven years later, she returned with the lady killer’s genius son, never expecting that her darling son would sell her out to MBS International. Unexpectedly, her immediate superior was the Mr. ¥100 from seven years ago! “……Terrible girl, seven years ago, you dared to humiliate me so much! This time, I’ll definitely let you pay the price! For ¥1,000,000,000,000, I’ll buy you for the rest of your life!” Isn’t that too much for a buy one get one free bargain? The most two-faced couple, along with their two-faced son, staking their lives on the outcome…
8 300 - In Serial24 Chapters
Mark of Time: A LitRPG Timeloop
NOTE: This story has a patreon. It has not been linked into the fiction page due to some issues. You can find the Patreon at this link ***Previously titled Truth Seeker. Synopsis 1: In a trial of gods, where eight Marks would compete to find treasures unseen and vast, a ninth one appears with the ability to revert time. *** Synopsis 2: Jennifer was ready to enter Lienmont's Mage Academy, the place she'd been aspiring to reach for years now, in hopes of learning the many secrets of magic. What she hadn’t expected was to be dragged into the city's dungeon. Her journey found her in a trial of life and death that left a Mark seared on not just her body, but her very soul. And if that wasn’t enough, when she escaped the dungeon, she found her city in flames, burning as monstrous invaders slaughtered everyone they came across, including her. When Jennifer closed her eyes, she was certain her life had taken an unfair and tragic turn. But then she opened them, only to find that none of it had ever happened. The only proof she hadn’t gone mad was the Mark on her hand, burning with an inner fire.
8 194 - In Serial7 Chapters
Three And a Half Horsemen
The three horsemen plucks a poor soul out of hell as the forth horsemen to properly get the apocalypses started. But they seem to encounter more trouble than they bargained for. Read as the trios attempt to bring the new forth horsemen up to speed with their fair share of ups and downs. Updated every Sunday
8 97 - In Serial4 Chapters
Skz smut & fluff
Smuts and request are open!!!!!!
8 162

