《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(14) အကဲခတ်ခြင်း
Advertisement
သားရဲလူသည် ချိနဲ့နေပြီဖြစ်ပြီး ယခုတော့ သူ့နှလုံးသားလည်း တုန်လှုပ်နေကာ သူ့စိတ်က မတည်မငြိမ်ဖြစ်နေသည်။ ထို့အပြင် ရွှီရှင်းကျီသည် ဓားမြှောင်ကို အသုံးပြု၍ အက်ကွဲကြောင်းတစ်ခု လုပ်လိုက်ကာ ထိုအက်ကွဲကြောင်းသည် ကီလိုမီတာထောင်ပေါင်းများစွာအထိ နစ်မြုပ်သွားခဲ့သည်။ ယခု သူ၏အခြေအနေမှာ လုံးဝမျှော်လင့်ချက်ကင်းမဲ့နေကြောင်း သိလိုက်ရပြီးနောက် အမြန်သာသေလိုသော ဆန္ဒရှိခဲ့သည်။
သူက "အပိုင်းအစကို ကိုယ်နဲ့မကွာဆောင်ထားတာ၊ အဲ့ဒါ ငါ့ခန္ဓာကိုယ်မှာ"
ရွှီရှင်းကျီ နှင့်ကျိုးဝမ့် အကြည့်ချင်းဖလှယ်ပြီးနောက်၊ ကျိုးဝမ့်သည် သူမ၏ခြေဖဝါးကို မြှောက်ကာ ဓားမြှောင်ကို သားရေဖိနပ်ရိုးထဲသို့ ပြန်ထည့်လိုက်သည်။
ရွှီရှင်းကျီက အလျင်မလိုစွာဖြင့် "မင်းအပိုင်းအစကို ဘယ်မှာဝှက်ထားတာလဲ?"
သားရဲလူက “ငါ့ခန္ဓာကိုယ်ထဲမှာ မြှုပ်ထားတယ်၊ ဗိုက်နားမှာ” ဟု ပြန်ဖြေ၏။
ရွှီရှင်းကျီ မျက်ခုံးပင့်လိုက်ပြီး “...အသေအချာကို အစွမ်းကုန်လုပ်ထားတာပဲ"
ရှုထောင့်ကြောင့်လား မသိသော်လည်း သားရဲလူ၏ အပြုံးသည် ထိုအချိန်တွင် အနည်းငယ် စိတ်မချပုံပေါ်သည်- "ဒီတောကြီးထဲမှာ အစွမ်းကုန်မကြိုးစားရင်၊ အရိုးတောင်ရှာမတွေ့ဘဲ သေသွားတာကြာပြီ။ ဒီသော့အပိုင်းအစထဲနဲ့တင် စွန့်ပစ်မြေပြင်ကလွတ်မြောက်ချင်နေတဲ့ အဖွဲ့တွေကို ဆွဲဆောင်နိုင်တယ်။ ငါဘယ်လိုလုပ် သေချာမဝှက်ထားလို့ ရမှာလဲ?"
ရွှီရှင်းကျီ စကားမပြောမီ ကျိုးဝမ့်က သူမပြန်ထည့်လိုက်သော အေးစက်သော သံဓားမြှောင်ကို ဆွဲထုတ်နေပြီဖြစ်သည်။
ရွှီရှင်းကျီက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး "မင်းဘာလုပ်နေတာလဲ?"
"သော့ကို ခွဲထုတ်မလို့လေ" ကျိုးဝမ့်က သားရဲလူထံ ချဉ်းကပ်ပြီး "ကျွန်မဦးလေးနဲ့ ခေါင်းကိုင်အဖေ ဒါကိုရှာနေတာ 13နှစ်ရှိပြီ"
ရွှီရှင်းကျီက ဆက်ပြောသည်– “သော့ကို သူ့ခန္ဓာကိုယ်ထဲမှာ မြှုပ်ထားတယ်လို့ ပြောတာ မကြားဘူးလား? သူက ယောက်ျားတစ်ယောက်ဖြစ်ပြီး မင်းက မိန်းကလေးပဲ၊ ဒီလိုညစ်ပတ်တဲ့အရာတွေကို မြင်လို့မဖြစ်ဘူး"
ကျိုးဝမ့်က အံ့အားသင့်သွားပြီး “ကျွန်မဦးလေး ငယ်ငယ်ကတည်းက ပြပေးပြီးသားပါ...”
ရွှီရှင်းကျီက သူမလက်ထဲက ဓားမြှောင်ကို သိမ်းလိုက်ပြီး "အဲဒါက မင်းဦးလေး ဘယ်လိုသင်ပေးရမလည်းမသိလို့.....မင်းမျက်လုံးမှိတ်ပြီး နံရံနားရပ်နေလိုက်၊ လှည့်လို့ရပြီပြောမှလှည့်"
ကျိုးဝမ့်က သူ့ကို မျက်စောင်းလေးတစ်ချက်ပြလိုက်သော်လည်း နာခံစွာဖြင့် နံရံဆီသို့ လျှောက်သွားသေးသည်။
ရွှီရှင်းကျီသည် သားရဲလူ၏ ရင်ဘတ်အင်္ကျီကို ဆုတ်ဖြဲလိုက်ပြီး လေနှင့်သဲများဖြင့် ပွတ်တိုက်နေသော ကြမ်းတမ်းသော အသားအရေနှင့် ကြွက်သားများတဝိုက်တွင် လက်နှစ်ချောင်းခန့်ရှည်သော မြွေကဲ့သို့အမာရွတ်ကို မြင်လိုက်ရသည်။
ရွှီရှင်းကျီက ဓားမြှောင်စိုက်ဖို့ နေရာရွေးရန် အချိန်အတော်ကြာအောင် ကြိုးစားရင်း ရုတ်တရက် လှည့်ကြည့်လိုက်ကာ ကျိုးဝမ့်အား မေးလိုက်သည်။ "မုံ့ချုံ့ကွမ်းနဲ့ တခြားသူတွေ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ?"
ကျိုးဝမ့်က နံရံကို မျက်နှာမူရင်း “နာရီဝက်လောက်တော့ရှိပြီ” ဟု ဖြေလိုက်သည်။
ရွှီရှင်းကျီက "ဒါဆို ခဏနေပြန်လာလောက်တော့မယ်"
ကျိုးဝမ့်သည် အလွန်လိမ္မာပါးနပ်ပြီး မကြာမီ သဘောပေါက်လာသည်- "ရွှီရှစ်ရှုန်း ဓားမြှောင်မစိုက်ရဲဘူးလားအာ"
ရွှီရှင်းကျီ: "......”
ရိုးရိုးသားသားပြောရရင် ရွှီရှင်းကျီဟာ လက်တွေ့ကမ္ဘာတွင် အကောင်းနဲ့အဆိုးကြား မရေမတွက်နိုင်တဲ့ မျဉ်းကြောင်းတွေနဲ့ အမြဲတစေ အထိန်းအကွပ်မဲ့စွာ ပြုမူတတ်ပြီး သူ့မှာ မကြာခဏ ပုန်ကန်တတ်တဲ့ အတွေးတွေ ရှိခဲ့ပါတယ်။ သူ့အသက်အန္တရာယ်သာကြုံခဲ့ရင် ဓားနှစ်လက်ဘီလူးကိုသတ်တုန်းကလိုပဲ သနားညှာတာမှုကင်းမဲ့သွားမှာ သေချာပါတယ်၊ ဒါပေမယ့် သားရဲလူကတော့ သတ်ဖို့စောင့်နေတဲ့ ဝက်တစ်ကောင်လိုပင်၊ ရွှီရှင်းကျီသည် ဓားမြှောင်ကို မစိုက်နိုင်လောက်အောင် ဖြစ်သွားသည်။
ကျိုးဝမ့်က နောက်လှည့်ချင်နေသည်- "ကျွန်မပဲ လုပ်လိုက်ပါ့မယ်အာ"
“မလုပ်နဲ့” ရွှီရှင်းကျီသည် သားရဲလူ၏ ဝတ်လစ်စားလစ်ပုံကို ပိတ်ဆို့ရန် ချက်ခြင်းကာလိုက်သည်။ "မင်းကိုကြည့်ခွင့်မပေးဘူး၊ ပြန်လှည့်လိုက်"
သူ သားရဲလူကို ပြန်ကြည့်ကာ စူးစမ်းချင်စိတ်ဖြင့် ရုတ်တရက် မေးလိုက်သည်– “မင်း မျက်လုံးမှိတ်ထားလို့ရလား?”
ကျိုးဝမ့်: ".......”
သားရဲလူ: “.......”
ရွှီရှင်းကျီသည်လည်း စကားလုံးများ သူ့ပါးစပ်ထဲမှ ထွက်သွားသည်နှင့် အဓိပ္ပါယ်မရှိသည့်စကားဆိုတာသိသည်။ အသက်ပြင်းပြင်းရှူကာ "ထားလိုက်တော့၊ သော့ကပျောက်သွားမှာမှမဟုတ်တာ၊ မုန့်ချုံ့ကွမ်းပြန်လာမှ ဆက်ကြတာပေါ့"
သူလှည့်သွားမလို့ လုပ်နေတုန်း သားရဲလူက ရုတ်တရက် လှမ်းခေါ်လိုက်သည်။ “ငါသိတာ နောက်တစ်ခုရှိသေးတယ်။ မင်းနားထောင်ချင်လား?”
ရွှီရှင်းကျီက ခေါင်းညိတ်သည်။ "မင်းပြောကြည့်"
သားရဲလူ၏ မျက်နှာပေါ်မှအပြုံးသည် ပို၍တွန့်လိမ်လာသည်- "ဒီိနားလာ ငါပြောပြမယ်"
ရွှီရှင်းကျီ တစ်စုံတစ်ခုနှင့် မကိုက်ညီကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။
ကျိုးဝမ့် သည်းမခံနိုင်တော့ပေ။ သူမ နောက်လှည့်ကာ ရွှီရှင်းကျီ ၏လက်ထဲမှ ဓားမြှောင်ကို လုယူလိုက်သည်။
သူမသည် ထိုဓားကြီးနှစ်ချောင်းကိုပင် လွှဲယမ်းနိုင်ခဲ့သောကြောင့် သူမ၏အားအင်အား လျှော့မတွက်သင့်ပါ။ ရွှီရှင်းကျီ ၏လက်များ လွတ်သွားသည်နှင့် တစ်ဖန် မော့ကြည့်လိုက်တော့ ကျိုးဝမ့်၏ မျက်နှာမှ သူမ၏ ပုံမှန်မထူးခြားမှုများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရတော့ အံ့အားသင့်သွားသည်။ သွေးဆာနေသော ဝံပုလွေတစ်ကောင်သည် နောက်ဆုံးတွင် အသက်ရှိနေသော သားကောင်ကို ဖမ်းမိသွားသလို၊ သူမသည် သားရဲလူကို ချက်ချင်းဓားဖြင့်ခုတ်ကာ ခွဲဖွင့်ရန် မစောင့်နိုင်တော့ပေ။
ရွှီရှင်းကျီ သူမ၏ပခုံးပေါ်သို့ လက်တစ်ဖက်ကို တင်ထားလိုက်ပြီး “ဒီထက်ပိုပြီး အနားမကပ်လာနဲ့၊ တစ်ခုခုထူးဆန်း.."
သို့သော်လည်း ကျိုးဝမ့်က သူပြောနေတာကို နားမဝင်ဘဲ ရွှီရှင်းကျီကို ဘေးဖယ်ထားလိုက်သည်။
Advertisement
ကျိုးဝမ့်သည် အနည်းငယ်သေးငယ်ပြီး သူမ၏အရပ်သည် ရွှီရှင်းကျီ၏ ပုခုံးပင် မပြည့်သေးသောကြောင့် သူမ၏ ခွန်အားကို မပျော့ညံ့စေရန် မျှော်လင့်ထားသော်လည်း ဤမျှသန်မာလောက်မည်ဟု မမျှော်လင့်ထားပေ။
ရွှီရှင်းကျီ ဘေးဘက်သို့ လှဲချခံလိုက်ရသည့်အခိုက်တွင် ကျိုးဝမ့်သည် ဓားမြှောင်ကို မြှောက်ကာ မျက်လုံးတစ်မှိတ်အတွင်း သားရဲလူ၏ဝမ်းဗိုက်ကို ထိုးဖောက်လိုက်တော့သည်။
ဓားသည် ဝမ်းဗိုက်ထဲသို့ မြုပ်သွားသော်လည်း သားရဲလူ၏ မျက်နှာတွင် နာကျင်မှု အရိပ်အယောင်ကို မတွေ့နိုင်ပေ။ ယင်းအစား၊ ကွဲလွဲနေသော အပြုံးသည် သူ့ပါးစပ်ထောင့်များ ကွဲလုမတတ်။
ရွှီရှင်းကျီ ရုတ်တရက်ထကာ ကျိုးဝမ့်အား နောက်သို့တွန်းလိုက်သောအခါ သူမဘာမှတုံ့ပြန်ရသေးပေ။
သားရဲလူ၏ဒဏ်ရာအနီးတွင် ရွှီရှင်းကျီသည် သူ၏သွေးစွန်းနေသောအသားထဲတွင် ဖုံးကွယ်ထားသော အလင်းလုံးသည် ဝမ်းဗိုက်ရှိ ဒဏ်ရာမှ ရုတ်တရက် လင်းလက်သွားသည်ကို တွေ့လိုက်ရသည်။ အဖြူရောင်အလင်းတန်းများက သူ့မျက်လုံးများကို မှိန်ဖျော့စေကာ စူးရှနာကျင်မှုများ ခံစားလာရသည်။
—သားရဲလူသည် သူ့ခန္ဓာကိုယ်အတွင်း သော့ကို မြှုပ်နှံထားသော်လည်း ၎င်းတွင် ဝိညာဉ်စွမ်းအင် ကြိုးမျှင်တစ်ခုကိုလည်း ထည့်သွင်းထားသည်။ ထိုနည်းအားဖြင့် တစ်စုံတစ်ယောက်သာ သော့ကိုရယူရန် သူ၏ခန္ဓာကိုယ်ကိုဖွင့်ချင်ပါက၊ သူသည် ဝိညာဥ်စွမ်းအားအနည်ငယ် စုဆောင်းကာ သော့အပိုင်းအစကိုသူနဲ့အတူ ပေါက်ကွဲသွားစေမှာဖြစ်သည်။
ရှောင်လို့မရတော့တာကို မြင်လိုက်ရသဖြင့် ရွှီရှင်းကျီသည် ပိတ်ဆို့ရန် သူ့လက်များကို ဆန့်ထုတ်လိုက်ကာ အကျိုးဆက်များကို လက်ခံရန်အသင့်ဖြစ်နေသည်။
သို့သော် နာကျင်မှုမရောက်ခင် နွေးထွေးသော ပွေ့ဖက်မှုတစ်ခု ရောက်ရှိလာပြီး ရွှီရှင်းကျီအား တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားလိုက်သည်။
ထိုလက်နှစ်ဖက်သည် တင်းကျပ်ခြင်းမရှိဘဲ တစ်ချက်ထဲနဲ့ အပိုင်းပိုင်းပြိုကွဲသွားမည့် အိပ်မက်မြင်ကွင်းလေးကို ကာကွယ်နေသကဲ့သို့ ရွှီရှင်းကျီ၏ပခုံးများကိုသာ ဝိုင်းရံထားသည်။
အပင်၏ရနံ့များအပြည့်ဖြင့် ပွေ့ဖက်ထားခြင်းကြောင့် ရွှီရှင်းကျီသည် ထိုလူကိုချက်ချင်း အသိအမှတ်ပြုခဲ့သည်။
သူ မျက်လုံးဖွင့်လိုက်တော့ မုန့်ချုံ့ကွမ်း၏ အကြည့်နှင့် ထိပ်တိုက်စုံသွားသည်။
ရွှီရှင်းကျီသည် သူ့တစ်သက်တာလုံးတွင် ဤကဲ့သို့သော အကြည့်မျိုးကို တစ်ခါမျှ မမြင်ဖူးပေ။ နက်နဲတယ်၊ နူးညံ့တယ်၊ အောက်ခြေမမြင်ရတဲ့ ပင်လယ်နဲ့တူတယ်။ ဒါပေမယ့်လည်း သူ့မှာ အချိန်မရွေး လူကိုမျိုချင်နေတဲ့ လေပွေလှိုင်းကိုအောက်မှာ အမြဲဝှက်ထားပုံရတယ်။ အသက်သေရင်တောင် တစ်ဖက်လူနှင့် သေအတူရှင်မကွာ ပေါင်းစည်းလိုပုံရသည်။
ရွှီရှင်းကျီတစ်ယောက် ကျောရိုးတစ်လျှောက် ကြက်သီးထသွားသည်အထိ စိုက်ကြည့်နေခဲ့ပြီး ခဏတာမျှပင် လေက ပူပြင်းခြောက်သွေ့လာသောကြောင့် သူပြောချင်တာကိုပင် မေ့သွားသည်။
မုန့်ချုံ့ကွမ်းက သူ့ကို ပွေ့ဖက်လိုက်ပြီး ခွေးကလေးတစ်ကောင်လို အရမ်းစိတ်တိုနေပုံနဲ့ တိုးတိုးလေးပြောသည်- "ရှစ်ရှုန်း၊ နောက်တခါ ထပ်လျှောက်သွားနေပြန်ပြီ။ ကျွန်တော်ပြန်လာမချင်း ဘာလို့ အခန်းထဲမှာ မစောင့်နေတာလဲ?”
သူ၏လှပသောပုံသဏ္ဍာန်နှင့် ချောမောလှသောနှုတ်ခမ်းများသည် ရွှီရှင်းကျီ၏ နှာခေါင်းအထက်နေရာအနီးတွင် ပျံဝဲသွားပြီး၊ သူ့ပါးစပ်မှထွက်ရှိလာသည့် အပူသည် ရွှီရှင်းကျီ၏မျက်နှာကို ရိုက်ခတ်လာကာ ကြက်သွေးရောင်သန်းလာသည်အထိ ပွတ်တိုက်သွားသည်။
မနေ့ညက သူ့နှုတ်ခမ်းထောင့်မှ မရည်ရွယ်တဲ့ ခဏတာအထိအတွေ့၊ သားရဲလူပြောတဲ့ "ယုန်အရှင်"၊ သူ့ရဲ့ထွက်သက်နဲ့ လေသံဖြင့် အစခံနေရတဲ့ ရွှီရှင်းကျီရဲ့ နားရွက်လေးအပေါ် ယားယံတဲ့ခံစားချက်ကြောင့် ရွှီရှင်းကျီ၏ စိတ်ကိုလုံးဝ ရှုပ်ထွေးသွားစေသည်။ "မင်း" ဟူသော စကားလုံးကို ရေရွတ်လိုက်ရုံဖြင့် သူ့လည်ချောင်း တင်းကျပ်လာသည်။
မုန့်ချုံ့ကွမ်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားသည်။
သဘောထားပျော့ပျောင်းတဲ့သူတစ်ယောက်ရဲ့ မျက်နှာပေါ်မှာသာ သူ့အပြုံးကို ထားလိုက်မယ်ဆိုရင် ဒါဟာ သံသယစိတ်တွေကို မလွဲမသွေဖြစ်ပေါ်စေလိမ့်ပေမည်။ သို့သော် သူ့မျက်နှာတွင်တော့ ဆွဲဆောင်အားကောင်းလွန်းသဖြင့် စိုက်ကြည့်နေသောလူများအား အံ့ဩစွာ ပါးစပ်ဟသွားစေသည်။ "....ရှစ်ရှုန်းက တကယ်ချစ်ဖို့ကောင်းတာပဲ"
သူတို့နှစ်ယောက်ကြားက လေထုဟာ မရေရာတဲ့ အတားအဆီးတွေဖြစ်လာတာနဲ့ တပြိုင်နက် သူမရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ အခြေအနေကနေ ရုန်းထွက်လိုက်တဲ့ ကျိုးဝမ့်က အမြန်ပြေးလာသည်။ “ရွှီရှစ်ရှုန်း၊ ဒဏ်ရာရသွားသေးလား?"
ရွှီရှင်းကျီမှာ အပြစ်ရှိကြောင်း အနည်းငယ်ခံစားပြီး မုန့်ချုံ့ကွမ်းကို တွန်းထုတ်လိုက်သည်။
မုန့်ချုံ့ကွမ်း သတိမမူမိဘဲ ခြေလှမ်းနှစ်လှမ်း နောက်ပြန်ဆုတ်သွားခဲ့ပြီး မျက်နှာတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
ကျိုးဝမ့်သည် ရွှီရှင်းကျီ၏ ခေါင်းစည်းပင် မရွဲ့သွားသည့်အထိ ထိခိုက်မှုမရှိကြောင်း မြင်သောအခါတွင် ငြိမ်သက်သွားခဲ့သည်။ ထိုမှသာလျှင် သူမသည် သားရဲလူကို လက်ညှိုးထိုးပြပြီး “သော့!”
ဤသတိပေးချက်ဖြင့်၊ ရွှီရှင်းကျီသည် အိပ်ရာမှနိုးထလာပြီး သားရဲလူ၏အခြေအနေကို စစ်ဆေးရန် မုန့်ချုံ့ကွမ်း၏ လက်များမှ မိမိကိုယ်ကို ဖယ်ရှားလိုက်သည်။
သူ့ရှစ်ရှုန်းဆီမှ ပြတ်ပြတ်သားသား ဖယ်ထားခံလိုက်တာကြောင့် မုန့်ချုံ့ကွမ်းဟာ ချက်ချင်းဆိုသလို မျက်နှာတွေပြာလာပြီး တခြားဘယ်သူမှ သတိမပြုမိဘဲ ဒေါသဖြင့်ခြေဖဝါးကိုသာ တိတ်တဆိတ် နင်းချေပစ်လိုက်သည်။
သူ မကြည့်မိရင်ကောင်းမှာ၊ ဒါပေမယ့်အခုတော့ ရွှီရှင်းကျီ အန်မိလုနီးနီးပါပဲ။
သားရဲလူ၏မျက်နှာပေါ်ရှိ အောင်ပွဲအမူအရာသည် လူသားမဟုတ်တော့သည့်တိုင်အောင် နာကျင်မှုများနှင့် အရုပ်ဆိုးနေပြီဖြစ်သည်။ လက်မပေါင်းများစွာ နက်တဲ့အပေါက်ကို ဖောက်ထုတ်လိုက်တဲ့ ဝိညာဉ်စွမ်းအားရဲ့ ပေါက်ကွဲမှုကြောင့် သူ့ဝမ်းဗိုက်မှာ ဒဏ်ရာတွေ ရခဲ့ပေမယ့် ဝိညာဉ်စွမ်းအားက နောက်ထပ် မပြန့်ပွားသွားတော့ပေ။ ယင်းအစား၊ ၎င်းအား ပိုမိုအားကောင်းသော ဝိညာဉ်စွမ်းအားဖြင့် ဖန်တီးထားသည့် အလင်းလုံးတွင် ထုပ်ပိုးထားကာ အသွေးအသားစိုင်များအတွင်း နစ်မြုပ်နေပြီး အတွင်းတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။
တုန်လှုပ်နေသော လှုပ်ရှားမှုများ၏ ပြင်းထန်မှုကို သုံးသပ်ကြည့်လျှင် မုန့်ချုံ့ကွမ်းသာ ကြားဝင်မစွက်ဖက်ပါက၊ ဤအခန်းငယ်လေးသည် ယခုအချိန်လောက်ဆို ရစရာမရှိလောက်တော့ပေ။
Advertisement
သွေးစွန်းနေသော တွင်းနက်ကြီးထဲတွင်လည်း ကျိုးပဲ့နေသော ကျောက်စိမ်းတုံးကဲ့သို့ အပိုင်းအစများကို ဖျတ်ခနဲမြင်ရပြီး ဖြည်းညှင်းစွာ တောက်ပနေလေသည်။
ကျိုးဝမ့်သည် အညစ်အကြေးများကို လျစ်လျူရှုကာ ကျိုးပဲ့နေသော ကျောက်စိမ်းကို လက်နှင့် ချက်ချင်း ဆွဲထုတ်လိုက်သည်။
သားရဲလူ၏ နောက်ဆုံးထောင်ချောက်သည် ကျရှုံးသွားလေသည်။ သူညှာတာပေးရန် မတောင်းနိုင်သလို၊ သေခြင်းကိုလည်း မရှာနိုင်ပေ။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကြောင့် လှုပ်တောင်မလှုပ်နိုင်ခဲ့။
သူ ပြင်းပြင်းထန်ထန် အော်ဟစ်နေတော့သည်– “ငါ့ကိုသတ်လိုက်! ငါ့ကိုသေခွင့်ပေးပါတော့ကွာ! ငါ့ကိုသတ်လိုက်ပါအာ!"
သားရဲလူ၏ အော်ဟစ်သံကြားတွင် မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီနှင့် ကျိုးဝမ့်ကို တံခါးဆီသို့ တွန်းလိုက်သည်- "ရှစ်ရှုန်း၊ ကျိုးဝမ့် နှစ်ယောက်လုံး အရင်ထွက်သွားနှင့်၊ သူထဖောက်ပြီး ဒဏ်ရာရအောင်လုပ်မိလိမ့်မယ်" သူ့အကြည့်တွေက ဒီထက်ပိုရိုးသားလို့မရတော့။ "...အားလုံးကို ကျွန်တော်ကိုင်တွယ်လိုက်ပါ့မယ်"
ကျိုးဝမ့်သည် သူမ၏ နှလုံးသားဆန္ဒရတနာကို ရရှိခဲ့ပြီး သေချာပေါက် သားရဲလူအတွက် စကားလုံးများကို ထပ်မဖြုန်းတီးချင်တော့ပါ။ ရွှီရှင်းကျီသည်လည်း ဤနေရာမှ လေကိုဖြည့်သွင်းလိုက်သော သွေးအနံ့ကြောင့် ရင်ဆို့သွားပြီး ဆက်မနေချင်တော့ပါ။
သူတို့နှစ်ယောက် ထွက်သွားပြီးနောက်၊ မုန့်ချုံ့ကွမ်း၏ မျက်လုံးများမှ ပြုံးနေသော အမူအရာသည် ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများမှ အလင်းရောင်သည် တဖြည်းဖြည်း စူးရှလာကာ သားရဲလူ၏ တစ်ကိုယ်လုံးကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
မကြာမီတွင်၊ သူဝပ်တွားကာ သားရဲလူ၏ ဝိညာဥ်ကြောမဖားကိုရှင်းလင်းရန် ဝိညာဉ်ရေးစွမ်းအားကို လှုံ့ဆော်လိုက်သည်။
"အေးဆေးပေါ့၊ ငါမင်းအသက်ကို မယူဘူး" မုန့်ချုံ့ကွမ်းက အရင်ကလိုကလေးဆန်တဲ့ မျက်နှာလေးဖြင့် သူ့လေသံက နူးညံ့လွန်းလှသည် "...ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီးမသေသွားလို့ နောက်တရစေရမယ်"
အမုန်းတရားတွေကို ဖုံးကွယ်ထားတဲ့ သားရဲလူရဲ့အမူအရာဟာ ပြောင်းလဲသွားပြီး သူ့လည်ချောင်းထဲမှ ဆူညံညံအသံတွေ ထွက်ပေါ်နေပေမယ့် နည်းနည်းမှတောင် မအော်ဟစ်နိုင်ခဲ့။
အခန်းကျဉ်းလေးထဲက ထွက်လာချိန်မှာတော့ ကျိုးဝမ့်ရဲ့ သွေးစွန်းနေတဲ့ လက်ဖဝါးထဲမှာ ကျိုးပဲနေတဲ့ ကျောက်စိမ်းတုံးတစ်တုံးပါလာသည်။ ရှားရှားပါးပါး ရွှင်လန်းနေတဲ့အမူအရာကို ထုတ်ဖော်လိုက်ကာ သကြားလုံးတစ်လုံးရလိုက်တဲ့ ကလေးတစ်ယောက်လို မနေနိုင်ဘဲ သူမအဝတ်တွေနဲ့ ထပ်ခါထပ်ခါ သုတ်နေတော့သည်။
ထွက်သွားပြီးနောက် သူမသည် လူတစ်ဦးကို တိုက်ရိုက်တွေ့လိုက်ရပြီး ၎င်းတို့ကို ပြေးကာ နှုတ်ဆက်လိုက်သည်- "ခေါင်းကိုင်အမေ! ခေါင်းကိုင်အဖေရောဟင်? သမီးတို့တော့ တကယ့်ပစ္စည်းကြီးရပြီ!"
ကျိုးဝမ့်ဆီမှ “ခေါင်းကိုင်အမေ” လို့ ခေါ်သံကြားတော့ အခန်းကျဉ်းလေးထဲက သူမနောက်ကိုလိုက်လာတဲ့ ရွှီရှင်းကျီဟာ မျှော်စင်ထဲမှာ သူမတွေ့ဖူးသေးတဲ့ အမျိုးသမီးတစ်ယောက်ရှိနေသေးတယ်ဆိုတာ ရိပ်မိသွားခဲ့သည်။
သို့သော် အနီးကပ်ကြည့်လိုက်သောအခါ ရယ်ရမလား ငိုရမလားမသိ။
ကျိုးဝမ့်ခေါ်လိုက်သော “ခေါင်းကိုင်အမေ” သည် ရွှီရှင်းကျီမှတ်မိသလောက်တော့ ထောင်ယန်တောင်၏ တပည့်များဝတ်သည့် ၀တ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားဖြစ်သည်။ သူသည် ပျော့ပျောင်းပုံရပြီး ပြင်းထန်သော ဝေဒနာမှ သက်သာပျောက်ကင်းသွားသလို မျက်နှာသည် ဖြူဖျော့နေသော်လည်း၊ သူ့မျက်နှာတွင် အရောင်အနည်းငယ်တော့ ရှိနေသေးသည်။
သူ့မှာ မုန့်ချုံ့ကွမ်းနဲ့ သူမတူတဲ့ အလှရှိတယ်။ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင်တော့ သူ့ရှေ့ကလူရဲ့ စိတ်နေစိတ်ထားဟာ ပြဇာတ်အဖွဲ့တစ်ခုရဲ့ ဇာတ်ခုံပေါ်က ဇာတ်လိုက်တစ်ယောက်၊ ပျော့ညံ့ပြီး သိမ်မွေ့တဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိတဲ့ အားနည်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆင်တူပါတယ်။
.....၎င်းသည် ခေါင်းကိုင်အမေ၏ “အမေ” ဟူသော စကားလုံးဖြင့် အမှန်တကယ် လိုက်ဖက်ပေသည်။
ထိုယောက်ျား၏အသံသည် အလွန်နူးညံ့သိမ်မွေ့သောကြောင့် ၎င်းကိုပထမဆုံးအကြိမ်ကြားလိုက်ရသောအခါတွင် ယောက်ျားလေးလား အမျိုးသမီးအသံလား ခွဲခြားရခက်စေသည်- "ဘာ၊ ဘာကိုလဲ"
ကျိုးဝမ့်သည် အခန်းကျဉ်းလေးထဲတွင် ဖြစ်ပျက်ခဲ့သမျှအားလုံးကို ရှင်းပြချင်သော်လည်း ထိုလူက အနည်းငယ် တုန်လှုပ်သွားကာ “တကယ်လို့ တစ်ခုခုပြောချင်ရင်လဲ ရှောင်လုရဲ့အခန်းကို သွားရအောင်။ သူ....ပခုံးပေါ် မြှားဒဏ်ရာရထားလို့ တော်တော်ပြင်းသည်။ ယွမ်၊ ယွမ်ရှစ်ကျဲက သူ့ကို အခုကုပေးနေတယ်"
လုယွီကျို့ ဟူသောအမည်ကိုကြားလိုက်ရသည်နှင့် မူလပိုင်ရှင်၏ အမှတ်ဉာဏ်များထဲမှ ရွှီရှင်းကျီ ၏မျက်လုံးများရှေ့တွင် ကလေးမျက်နှာနှင့် တစ္ဆေကျင့်ကြံသည့် လူငယ်လေးတစ်ယောက် ချက်ချင်းပေါ်လာသည်။
ခဏကြာတော့ မှိန်းခနဲ ဖြစ်သွားသည်။
ထိုနှစ်တွင်၊ သူ့အသိအကျွမ်းများဟုပင် မယူဆနိုင်သော အခြားဂိုဏ်းများ၏ တပည့်များကို ကယ်တင်ရန်အတွက် သူ(လုယွီကျို့)သည် ဖေးယီ၏ အစားအစာဖြစ်လုနီးပါးပင်။
ထိုသို့သောလူသည် ဘာ့ကြောင့် နတ်ဘုရားများ၏ ပစ္စည်းများခိုးယူပြီး စွန့်ပစ်မြေတွေ ပြစ်ဒဏ်ချခံရသလဲ?
လွင်တီးခေါင်မှာ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြတဲ့ လူတိုင်းဟာ နှလုံးသားများတစ်သားတည်းဖြစ်သွားကာ လုယွီကျို့ဒဏ်ရာရသွားတယ်လို့ကြားတော့ ကျိုးဝမ့်က ဘယ်လိုလုပ်ဆက်ထိုင်နေနိုင်မလဲ? သူမသည် အပိုင်းအစများကိုစုကိုင်လိုက်ပြီး အခန်းတစ်ခုဆီသို့ ချက်ချင်း လျှောက်သွားတော့သည်။
အခန်းထဲကနေ ကျိုးဝမ့်ရဲ့နောက်ကို အနီးကပ်လိုက်လာတဲ့ ရွှီရှင်းကျီ ကိုတွေ့လိုက်တဲ့အခါ ထက်မြက်သောလူဟာ မရှောင်လွှဲဘဲ သူ့ကို မကြောက်ရွံ့စွာ ချဉ်းကပ်ကာ နှုတ်ဆက်လိုက်သည်။ “ရွှီရှစ်ရှုန်း ပြန်လာပြီလို့ ချွီရှစ်ရှုန်း ပြောတာကြားပါတယ်၊ ဒါပေမယ့် အရင်2ရက်လောက်က ကျွန်-ကျွန်တော် နန်တောင်ကနေ ဝိညာဉ်ကျောက်တုံးတွေရှာရင်း ပြန်လာတော့ အိပ်ရာထဲမှာလဲနေပြီး မထနိုင်သေးတာမို့လို့....လာမနှုတ်ဆက်ခဲ့တာပါ။ ရွှီရှစ်ရှုန်း ကျွန်တော့်ကို မှတ်မိသေးလားမသိဘူး?"
ရွှီရှင်းကျီ: "........"
မူလပိုင်ရှင်ရဲ့ အမှတ်ဉာဏ်တွေထဲမဇ သူ့ရှေ့ကလူရဲ့ ခြေရာတွေကို ရွေးထုတ်ဖို့ ရုန်းကန်နေချိန်မှာ တဖက်လူက အရင်ပြုံးပြလာသည်- “ရွှီရှစ်ရှုန်း မမှတ်မိတာ...မထူးဆန်းပါဘူး။ နောက်ဆုံးအကြိမ် ရှစ်ရှုန်းကိုတွေ့တုန်းက....ကျွန်တော်က အငိုသန်ကလေးလေးပဲ ရှိသေးတာ"
ရွှီရှင်းကျီ မျက်မှောင်ကြုတ်လိုက်သည်။ “.....မင်းက ထောင်ရှန်းလား?"
ချွီချီနှင့် ရွှီရှင်းကျီတို့ စကားစမြည်ပြောနေစဉ် "ထောင်ရှန်း" ဟု အမည်ရသော လူတစ်ဦးအကြောင်း ချွီချီ ပြောသည်ကို ကြားဖူးသည်။
အဲဒီအချိန်တုန်းက သူ့မျက်နှာမှာ မပြသပေမယ့် စိတ်ထဲမှာတော့ ကြိုတွေးထားပြီးသားပင်။
....ဒီ "ထောင်ရှန်း" သည် အလွန်ထူးဆန်းလှသည်။
ဟုတ်တာပေါ့၊ သူ့အပြောအဆိုနဲ့ အမူအရာက ထူးဆန်းတာမဟုတ်ဘဲ၊ ထောင်ရှန်းရဲ့ ဖြစ်တည်မှုကိုက ထူးထူးခြားခြားပါပဲ။
-မူရင်းပိုင်ရှင်၏ မှတ်ဉာဏ်တွင် သူမရှိခဲ့ရုံသာမက ရွှီရှင်းကျီ ကိုယ်တိုင်ရေးသားခဲ့သော ဝတ္ထုထဲတွင်လည်း မပေါ်ခဲ့ပေ။
သူသည် ရုတ်တရက် ပေါ်လာပုံရသော်လည်း မုန့်ချုံ့ကွမ်းမှ ယုံကြည်ထိုက်သူအဖြစ် လက်ခံခဲ့ပြီး လွင်တီးခေါင်ရှိ ဤခုနစ်ယောက်ပါအဖွဲ့သို့ ကြိုဆိုခဲ့သည်။
ဒီစကားထစ်တဲ့ မိန်းမလျာလေးမှာ ထူးထူးခြားခြား တစ်ခုခုတော့ ရှိမလား?
ဒီစာအုပ်မှာ တစ်ခုတည်းသော ရှင်းလင်းပြတ်သားတဲ့CPက ရှစ်ရှုန်းနှင့် ချုံ့ကွမ်းလေးဆိုတာ သတိပြုပေးပါနော်~
______________
Advertisement
- In Serial91 Chapters
The Knights Himura
When a masked man stabs her best friend, Tsukiko Himura vows to find out who's responsible. Her search uncovers a brewing conflict between two rival gangs. The safety of her beloved city hangs in the balance. Following in her sister's footsteps, she dons the jacket of a Knight Himura. Tsukiko takes to the streets, fighting for a new purpose. As a vigilante-turned-hero, she must do whatever it takes to protect the people of Tokyo from all-out war. All feedback is appreciated.
8 94 - In Serial331 Chapters
God Rank Upgrade System
“As long as I level up another 10 times, I will be able to activate the Gene Lock. At that time, I will be able to destroy this celestial body!” After transmigrating into the body of a trash in a future where zombies and intellectual beasts existed, Lin Xiu accidentally obtained an upgrade system to transcend human limitations and devour the heavens!
8 4298 - In Serial16 Chapters
Warlock of the Magus World -offline reading-
What happens when a scientist from a futuristic world reincarnates in a World of Magic and Knights?An awesome MC - that's what happens!A scientist's goal is to explore the secrets of the universe, and this is exactly what Leylin sets out to do when he is reincarnated. Dark, cold and calculating, he makes use of all his resources as he sets off on his adventures to meet his goal.Face? Who needs that... Hmmm... that guy seems too powerful for me to take on now... I better keep a low profile for now.You want me to help you? Sure... but what benefit can I get out of it? Nothing? Bye.Hmmm... that guy looks like he might cause me problems in the future. Should I let him off for now and let him grow into someone that can threaten me..... Nahhh. *kill*
8 85 - In Serial42 Chapters
Living With A Police Officer *Completed*
Harmony Kingston has been through more in her short life, then anyone good ever image going through. She's a homeless delinquent, always getting into trouble. When Harmony robs a drug story at the legal age of eighteen she finds herself behind bars, giving her plenty of free time to remember her past. Drew Edwards is a young police officer, fresh out of school. His life is nothing compared to Harmony's. He has a loving family, and people that care about him. But Drew's hiding something, keeping it from people who don't know about what happened the night of his engagement.At Harmony's court session, the judge delcares that Harmony will be living with Drew. A delinquent and a police offcer? Doesn't sound very pleasant. Read Harmony and Drew's story as their secrets are reveal and sparks fly in Living with a police officer, book one in the series of Living With A.
8 104 - In Serial21 Chapters
Summer '09 [Larry Stylinson]
Это лето должно стать лучшим летом в жизни Гарри, ведь он едет в лагерь, о котором так долго мечтал. Но будет ли это его лучшее лето, когда он познакомится со своим соседом по комнате - Луи , которого силой запихнули в этот лагерь, в качестве наказания.
8 148 - In Serial34 Chapters
Cold Night Boy (Larry au; BDSM)
A story about a 17 year old boy called Louis Tomlinson who lost his parents and suffers from anxiety of loosing people that he grows to like. So he stays quiet, watching the world go on around him with no one acknowledging him. What will happen if the 27 year old Harry Styles, a wealthy handsome businessman will acknowledge and adopt the boy? Will it end well or will Harry's dark past continue to haunt him?
8 294

