《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(13) နှိပ်စက်စစ်မေးခြင်း
Advertisement
ပြင်ပမှသတ်ဖြတ်ခြင်းနှင့် အော်ဟစ်သံများသည် ရှားပါးသည်မဟုတ်ပေ၊ ကြီးမားသောအရေအတွက်သည် ရွှီရှင်းကျီ စွန့်ပစ်မြေရိုင်းထဲသို့ ပထမဆုံးရောက်ရှိသည့်နေ့၏ တပ်ဖွဲ့များနှင့် လုံးဝနှိုင်းယှဉ်မရနိုင်ကြောင်း ပြောနိုင်သည်။
......ကံကောင်းထောက်မစွာ၊ ထိုနေ့နှင့်မတူဘဲ၊ မုံ့ချုံ့ကွမ်းသည် အပြင်ဘက်ခံစစ်တပ်ဖွဲ့တွင် ပါဝင်သည်။
ရွှီရှင်းကျီသည် အခြားသူများမည်မျှအားကောင်းသည်ကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း မုံ့ချုံ့ကွမ်းကို ဝတ္ထုထဲတွင် သူမွေးထားသည့်သွေးသားအဖြစ် မှတ်ယူနိုင်သည်။ မြေရိုင်းမှဘီလူးတစ်ဝက်လောက်က မျှော်စင်ကို ဝိုင်းရံထားသော်လည်း မုံ့ချုံ့ကွမ်း ခုခံကာကွယ်နေသရွေ့ မထိမခိုက်ဘဲ ဆုတ်ခွာနိုင်သည်။
ရွှီရှင်းကျီသည် ဤသက်သာရာရလာသော ခံစားချက် ဘယ်ကရောက်လာမှန်း မပြောနိုင်သော်လည်း ၎င်းကို လေးလေးနက်နက် စူးစမ်းရန် ယခုအချိန်တွင် သူစိတ်မ၀င်စားနိုင်။
ခဏကြာ ဓါးသွားသံများ၊ ခိုက်ရန်ဖြစ်သံများကို နားထောင်ပြီးနောက် သူသည် အဝတ်အစားများကို ဆွဲယူကာ ပေါ့ပေါ့ဆဆ ထုပ်ပိုးပြီးနောက် ပျင်းရိစွာ ကုတင်ပေါ် ပြန်လှဲချလိုက်သည်– “ဖုန့်တောင်ရဲ့ ခေါင်းဆောင်က အဲဒီအခန်းကျဉ်းလေးထဲမှာ ချုပ်ခံထားရတဲ့သူလား?”
ကျိုးဝမ့်က ခေါင်းညိတ်လိုက်သည်။
ရွှီရှင်းကျီလည်း အကြမ်းဖျင်း မှန်းဆထားသည်။
ဖုန့်တောင်၏ခေါင်းဆောင်၊ သားရဲလူသားသည် မုံ့ချုံ့ကွမ်း နှင့်တစ်ကြိမ်သာတွေ့ဆုံခဲ့ပြီး ထိုကဲ့သို့သောဝမ်းနည်းဖွယ်အခြေအနေသို့ရောက်သွားခဲ့သည်။ စွန့်ပစ်မြေမှ လူအနည်းငယ်သည် မုံ့ချုံ့ကွမ်းနှင့် ယှဉ်နိုင်မည်ဟု ဟိုးရှေးရှေးကတည်းက သိခဲ့သော်လည်း၊ ဤအဖြစ်အပျက်ကြောင့် မုံ့ချုံ့ကွမ်းသည် အမှန်ပင် ရွေးရလွယ်ကူသော အရိုးမဟုတ်ကြောင်း ထင်ရှားသည်။
သူ့ခြေထောက်ပေါ်ရှိ သံကြိုးများကို ဖယ်ထားပြီးဖြစ်သည်။ ရွှီရှင်းကျီသည် မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး သူ့ခြေကျင်းဝတ်ကို အကြိမ်အနည်းငယ် လှည့်ကာ “မင်း ဘာပြောလိုက်တာလဲ? အဲဒီလူတွေက သူတို့ခေါင်းဆောင်ကို အသက်စွန့်ပြီးကယ်ဖို့ လုပ်နေတာလား?"
ကျိုးဝမ့်က “ကျွန်မသိသလောက်တော့ မုံ့သာ့ကောနဲ့ ကျွန်မဦးလေးတို့ စွန့်ပစ်မြေထဲမ၀င်ခင်တုန်းက ဖုန့်တောင်ရဲ့ခေါင်းဆောင်က ဒီနယ်မြေရဲ့ခေါင်းဆောင်ဖြစ်ပြီး အားလုံးရဲ့လေးစားမှုကိုခံရတယ်။ မုံ့သာ့ကော စွန့်ပစ်မြေကိုရောက်လာပြီး ဒီနေရာမှာ အခြေချကတည်းက ဖုန့်တောင်ရဲ့ခေါင်းဆောင်က ထောင့်ပေါင်းစုံကနေ မုံ့သာ့ကောကို ဖိနှိပ်တယ်။ အဲ့လိုနဲ့ ဖုန့်တောင်က ကျွန်မတို့ကို အရန်းမုန်းပြီး တစ်ခါတလေ မုံ့သာ့ကောမရှိတဲ့အချိန် ကျွန်မတို့ကိုသတ်ဖို့ လူစုပြီး အခွင့်ကောင်းယူတတ်တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူတို့က မုံ့သာ့ကော ထွက်သွားတာကိုမစောင့်ဘဲ သူတို့ခေါင်းဆောင်ကို ပြန်ခေါ်မယ်လို့ကတိပြုပြီး မျက်ကန်းဆုံမှိတ်ပြိး လာတိုက်ကြတယ်။ ဒါသစ္စာရှိပြီး ဖြောင့်မတ်တဲ့ လုပ်ရပ်ပါပဲ”
ရွှီရှင်းကျီ ခေါင်းကို နောက်ပြန်လှည့်ပြီး ခေါင်မိုးကို မော့ကြည့်ရင်း ရယ်မောကာ ညည်းတွားလိုက်သည်။ “....သစ္စာရှိပြီး ဖြောင့်မတ်တယ်အာ”
ကျိုးဝမ့်: "ဘာဖြစ်လို့လဲ?"
ရွှီရှင်းကျီ "အားလုံးမှားတယ်"
ကျိုးဝမ့် အံ့ဩသွားသည်။ သူမသည် နံရံကိုမမှီတော့ဘဲ ကုတင်ဘေးနားသို့ ချဉ်းကပ်လာသည်။ ထွင်းထုထားတဲ့ ကုတင်ဘောင်ကို မှီရင်း လက်နှစ်ဖက်ကိုပိုက်ကာ ရွှီရှင်းကျီကို စိုက်ကြည့်နေသည်။ “ဘယ်လို?”
ရွှီရှင်းကျီက သူ့လက်ပေါ် ခေါင်းနောက်ကိုထားကာ ခေါင်းအုံးပြီး "မင်းကို မေးအုံးမယ်၊ မင်းတို့ထဲကတစ်ယောက်ယောက်ကို ဖုန့်တောင်အုပ်စုက ပြန်ပေးဆွဲသွားပေမယ့် ကယ်တင်ဖို့အတွက် ကြီးမားတဲ့ စမ်းသပ်မှုတွေနဲ့ ဒုက္ခတွေကို ကျော်ဖြတ်ဖို့ လိုအပ်တယ်ဆိုရင် မင်း ကယ်တင်မှာလား?"
ကျိုးဝမ့်က မတွေးဘဲ တုံ့ပြန်ခဲ့သည်– “ပြင်းထန်တဲ့ စမ်းသပ်မှုတွေက စောင့်ကြိုနေတယ်ဆိုရင်တောင် ဘာဖြစ်လဲ? သွားရမှာပဲ"
ရွှီရှင်းကျီ: "ဘာလို့လဲ?"
ကျိုးဝမ့်က "ဒါအကြောင်းပြချက် လိုသေးလို့လား?"
ရွှီရှင်းကျီ: "ဘာလို့ မလိုရမှာလဲ?"
ကျိုးဝမ့်: "ရှင်ဘာကိုဆိုလိုတာလဲ?"
ရွှီရှင်းကျီက လှောင်ပြောင်ရယ်မောရင်း “လူဦးရေနည်းတဲ့နေရာမှာ အငြင်းပွားမှုတွေလည်း နည်းတယ်။ လူများလေလေ၊ အငြင်းပွားမှု များလေလေပဲ။ ဖုန့်တောင်က စွန့်ပစ်မြေမှာ နှစ်ပေါင်းများစွာလောက် ကျောက်ချထားတာ။ သူတို့က ဖြေရှင်းရခက်တယ်၊ လက်အောက်ငယ်သားများတယ်၊ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ ဖုန့်တောင်ခေါင်းဆောင်ရာထူးကို လူဘယ်လောက် လိုချင်တပ်မက်နေလဲ မသိရဘူး။ တကယ်လို့ ငါသာ ဖုန့်တောင်ရဲ့အဖွဲ့ဝင်သာဆို ခေါင်းဆောင်သေသေရှင်ရှင် ဂရုစိုက်မှာမဟုတ်ဘူး။ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ဖုန့်တောင်ရဲ့ပုလ္လင်ကို သိမ်းပိုက်ဖို့ပဲ ငါ့ရဲ့ခွန်အားကိုချန်ထားလိုက်မှာ။ ဒါကမှ မှန်ကန်တဲ့ လုပ်ဆောင်ချက် မဟုတ်လား?”
ကျိုးဝမ့်က ဒါကိုကြည့်ပြီး ဒီစကားတွေက နည်းနည်းတော့ ရိုင်းစိုင်းပေမယ့် အမှန်တရားတစ်ခုတော့ ရှိသည်၊ ဒါကြောင့် သူမ လိုက်ပါလာခဲ့သည်- “....ဆိုတော့?"
"ဖုန့်တောင်ကလူတွေက သေတဲ့အထိတိုက်ဖို့ အသိုက်ကို ချန်ထားခဲ့တယ် မဟုတ်လား?" ရွှီရှင်းကျီက "သူတို့ရဲ့ဆက်ဆံရေးကိုတန်ဖိုးထားပြီး သစ္စာစောင့်သိတဲ့လူတွေ ဒီကမ္ဘာပေါ်မှာ အများကြီးရှိတယ်လို့ ငါယုံကြည်တယ်၊ ဒါပေမယ့် အရပ်ရပ်ကို ပြန့်ကျဲနေတဲ့ဖုန့်တောင်က ဒီအဖွဲ့ဟာ စိတ်ရင်းမှန်နဲ့ လက်အောက်ငယ်သားတွေလို့ ငါမယုံဘူး။ သူတို့ဒီလောက် အရမ်းစိတ်ပျက်ဖို့ကောင်းနေရအောင် တစ်ခုခု ကြံစည်နေရမယ်"
သူထထိုင်ပြီး ကောက်ချက်ချလိုက်သည်။ "...ဖုန့်တောင်ရဲ့ခေါင်းဆောင်မှာ သူတို့အသက်နဲ့ ထိုက်တန်တဲ့ တစ်ခုခုတော့ ရှိရမယ်”
သူပြောရင်း ကျိုးဝမ့်ကို မျက်လုံးမှိတ်ပြရင်း “ဘယ်လိုလဲ? ဖုန့်တောင်ရဲ့ခေါင်းဆောင်မှာ ဘယ်လို ကတ်မျိုးဖွက်ထားလဲဆိုတာ ငါနဲ့အတူ သွားကြည့်ချင်လား?"
ရွှီရှင်းကျီ၏ အပြုံးသည် ကြည့်ရအရမ်းကောင်းသည်၊ ကြော့ရှင်းပြီး ရွှင်လန်း၊ အားအင်ပြည့်စေပြီး နူးညံ့သိမ်မွေ့သည်။ တစ်ဖက်လိင်အပေါ် စိတ်ဝင်စားမှုမရှိသော ကျိုးဝမ့်တောင် သူ၏အပြုံးကြောင့် မိန်းမောတွေဝေသွားသည်။
Advertisement
နောက်တစ်စက္ကန့်တွင်၊ ရွှီရှင်းကျီ တစ်ဖက်သို့လှည့်သွားပြီး ထရန်ပြင်လိုက်သောအခါ သူ့ခြေထောက်များ ပျော့ခွေပြီး ကျိုးဝမ့်ရှေ့ ဒူးထောက်ကျသွားသည်။
....မနေ့က ရွှီရှင်းကျီဟာ စဉ်းတီတုံးပေါ်မှ အသားအဖြစ် ညဝက်လောက်အထိ နေခဲ့ရသည်။ သူ၏ဂုဏ်အသရေရှိနေဆဲဖြစ်သော်လည်း သူ၏ခါးကတော့ အလွန်နာနေပါသည်။
ကျိုးဝမ့်သည် ချောင်းဆိုးပြီး သူမ၏ကြည်နူးမှုကို ဖုံးကွယ်ရန် ပတ်တီးအလွှာဖြင့် ပတ်ထားသည့် လက်ဖဝါးဖြင့် ပါးစပ်ကို အုပ်လိုက်သည်။
ရွှီရှင်းကျီသည် အရေထူပြီး ရှက်ရွံ့ခြင်းမရှိပေ။ သူသည် ကျိုးဝမ့်၏ ဦးတည်ရာသို့ လက်တစ်ဖက်ကို ဆန့်ကာဝှေ့ယမ်းပြီး သူ့ကိုကူညီရန် လှုံ့ဆော်ပေးသည်။
ကျိုးဝမ့်က သူ့ကို လက်တစ်ဖက် ပေးကာ သူ့ရဲ့ ညာဖက်သစ်သားကို ဆုပ်ကိုင်လိုက်ပြီး ဆွဲမလိုက်သည်။
ရွှီရှင်းကျီရဲ့ ညာလက်ကို လက်ကောက်ဝတ်မှ သေသပ်စွာ ဖြတ်တောက်ထားတာကြောင့် သူ့ကို ကူညီပေးချိန်မှာ ကျိုးဝမ့်က သူ့ရဲ့ပျောက်ဆုံးနေတဲ့ ခြေလက်တွေ နောက်ကွယ်က ဇာတ်လမ်းကို အလွန်စိတ်ဝင်စားပုံရသွားပြီး ခွဲမှတ်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်သည်။
ကျိုးဝမ့်အတွက် များစွာ ဆန်းစစ်လေ့လာပြီးနောက်၊ အမှန်မှာ ရွှီရှင်းကျီသည် ဤလူများကို ဖုန့်တောင်မှ လှိုင်းလုံးကြီးများလို ပေါ်ထွက်စေရန် တွန်းအားပေးနိုင်မည့် အရာမှာတစ်ခုသာရှိကြောင်း သူ့စိတ်ထဲတွင် သိလိုက်ရသည်။
....မြေရိုင်းမှ တံခါးပေါက်အတွက် အဓိက အပိုင်းအစများထဲမှ တစ်ခုမှာ ဖုန့်တောင်ပေါ်တွင် ဖြစ်သည်။
ဖုန့်တောင်ခေါင်းဆောင်နေရာသည် မည်သူမဆိုယူနိုင်သောရာထူးဖြစ်သော်လည်း အဖိုးတန်သော့ကို ဆုံးရှုံးသွားခဲ့ပါက ထိုလူများအတွက် ကောင်းကင်ကိုပြန်လည်မြင်တွေ့ရန် တစ်ခုတည်းသောမျှော်လင့်ချက်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေရန်နှင့် ၎င်းတို့ကို စောင့်မျှော်နေသည့်အရာမှာ အဆုံးမဲ့ဆင်းရဲဒုက္ခသာ။
ဒါဆို ဖုန့်တောင်ရဲ့ ခေါင်းဆောင်ရာထူးကို သိမ်းပိုက်ဖို့က ဘာကြောင့်လဲ? သေခြင်းတရားကို စောင့်ဆိုင်းရင်း ရှင်သန်ရန် နည်းလမ်းတစ်ခုသာ ဖြစ်ပေသည်။
ရွှီရှင်းကျီသည် သော့အပိုင်းလေးခုကို မည်သည့်နေရာတွင် ဝှက်ထားသည်ကို သိသည်။ သူ့မူလရည်ရွယ်ချက်အရ မုံ့ချုံ့ကွမ်း မြေရိုင်းထဲမှ ရုန်းထွက်မရအောင် သော့ကိစ္စကို အချိန်အကြာကြီး ဖုံးကွယ်ထားချင်ခဲ့သည်။
သို့သော်လည်း ဖုန့်တောင်ဂိုဏ်း၏ ကယ်တင်ရေး ကြိုးပမ်းမှုသည် အလွန်ပြင်းထန်ပြီး မုံ့ချုံ့ကွမ်းသည်လည်း တုံးအသော လူမဟုတ်ပေ။ အကယ်၍ သူ၏ကောက်နှုတ်ချက်သာ ခြေတစ်လှမ်းကွာသွားပါက ဖုန့်တောင်ခေါင်းဆောင်တွင် လူတိုင်း ၎င်းတို့၏အသက်ကို စွန့်ထိုက်သည့် အဖိုးတန်အရာတစ်ခု ရှိသည်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။
မုံ့ချုံ့ကွမ်းနှင့် အခြားသူများ ဤအချက်ကို ရှာတွေ့ရန် စောင့်ဆိုင်းနေမည့်အစား ရွှီရှင်းကျီကိုယ်တိုင် ကြိုတင်စစ်ဆေးမေးမြန်းခြင်းက ပိုကောင်းပါသည်။
သော့အပိုင်း၏နေရာကို အောင်မြင်စွာ မျှားထုတ်နိုင်လျှင် အကောင်းဆုံးပင်၊ သို့သော် မတတ်နိုင်လျှင်လည်း အနည်းဆုံးတော့ အဖိုးတန်သော အချက်အလက်အချို့ကို သူရရှိနိုင်မည်ဖြစ်သည်။ ဘယ်လိုပဲ တွက်နေပါစေ သူ့အမြတ်ပဲ။
ခါးနှင့် ခြေထောက်များ နာကျင်ကိုက်ခဲခြင်းများ သက်သာလာပြီးနောက် ရွှီရှင်းကျီနှင့် ကျိုးဝမ့်တို့သည် သားရဲလူကို အကျဉ်းချထားသော အခန်းငယ်လေးသို့ အတူတူသွားကြသည်။
သားရဲလူမှာ မရေရာသော ကြိုတင်သတိပေးချက်ရှိသောကြောင့် ဖြစ်နိုင်သော်လည်း အမှန်တကယ်ကို သူနိုးနေပြီဖြစ်သည်။
တံခါးခေါက်သံကြားတော့ ခေါင်းငုံ့ပြီး အပေါ်ကိုကြည့်လိုက်ကာ သူ့အမူအရာက တခဏတာ ပျက်ယွင်းသွားပြီး ပြင်းထန်စွာ ပြုံးပြလိုက်သည်- "ဘယ်သူလဲကြည့်ပါအုံး၊ ရာဇဝတ်မှုကျူးလွန်ပြီး ဖြောင့်မတ်တဲ့လမ်းကို သစ္စာဖောက်ခဲ့တဲ့ ရွှီရှင်းကျီကိုး!"
ကျိုးဝမ့်သည် ရွှီရှင်းကျီကို ငုံ့ကြည့်ကာ တိတ်ဆိတ်နေ၏။
ဘယ်လိုပဲကြည့်ကြည့် ဒီစကားတွေက မူလပိုင်ရှင်ကို ဆူပူကြိမ်းမောင်းဖို့ ရည်ရွယ်ထားတာကြောင့် ရွှီရှင်းကျီက အဲဒါကို အမှုမဲ့အမှတ်မဲ့သာ အသိအမှတ်ပြုခဲ့သည်။
သူသည် သားရဲလူထံသို့ ချဉ်းကပ်၍ ထိုင်ချကာ “မင်း အခု စကားပြောနိုင်ပြီလား? ကောင်းပြီ၊ မင်းငါပြောတာ ကြားရလား? "
သားရဲလူသည် သွေးစွန်းသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။
ရွှီရှင်းကျီက ပြတင်းပေါက်ငယ်လေးကို ညွှန်ပြသည်- “နားထောင်၊ မင်းရဲ့လက်အောက်ငယ်သားတွေက မင်းကို ကယ်တင်ဖို့ ဒီရောက်နေပြီ။ ပြောကြည့်အာ၊ ပထမ၊ မင်းက ရုပ်မချောဘူး၊ ဒုတိယက မင်းမိန်းမကိုလည်း ဒုက္ခပေးမယ့် ဂြိုလ်ဆိုးပုံပေါက်တယ်။ ဒါကြောင့် မင်းကိုကယ်တင်ဖို့ ဘာလို့ သူတို့အသက်ကို ကြိုးတန်းပေါ်တင်ထားတာလဲ?"
သားရဲလူသည် စကားတစ်ခွန်းမှ မပြောဘဲ တံတွေးထွေးလိုက်သည်။
ရွှီရှင်းကျီသည် အကြာကြီးပြင်ဆင်ထားပြီး တစ်ဖက်သူ၏Adam's apple အကြောဆွဲသွားတာကိုတွေ့သောအခါ တမင်တကာရှောင်တိမ်းလိုက်သောကြောင့် သားရဲလူ၏ သွေးသလိပ်သည် နောက်ဆုံးတွင်၎င်း၏ပစ်မှတ်ကို လွဲချော်ကာ မြေပြင်ပေါ်သို့ဆင်းသက်သွားခဲ့သည်။
ရွှီရှင်းကျီက ယက်တောင်ကို ဘယ်ဘက်လက်မှာ ကိုင်ထားပြီး ညာလက်ရဲ့နောက်ခုံကို ထိလိုက်သည်- "မင်းလည်ချောင်း စိုစွတ်စေပြီး ယားယံတာသက်သာစေဖို့ တံတွေးတွေ သိမ်းထားလိုက်တာ ပိုကောင်းမယ်"
သားရဲလူ၏ မျက်လုံးထဲမှအကြည့်သည် ပိုပြင်းထန်လာသော်လည်း ကံမကောင်းစွာပဲ သူ့ကျောရိုးက ပျက်စီးနေပြီး လုံးဝလေဖြတ်သွားခဲ့သည်။ သူ၏ဝိညာဉ်စွမ်းအားများ ရှိနေသော်လည်း ၎င်းကို လုံးဝအသုံးမချနိုင်ပါ။ သူ ဒေါသထွက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသည်၊ ရွှီရှင်းကျီ၏ မျက်နှာကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများက ဒေါသတကြီး နီရဲနေသည်- "မင်းက ဘယ်လိုဟာမျိုးလဲ? ရိုင်းစိုင်းယုတ်မာတဲ့ အကြံအစည်တွေ အပြည့်နဲ့ သီလမရှိ အမူအကျင့်မရှိတဲ့ကောင်။ အရင်ဆုံး မင်းရဲ့လေးစားထိုက်တဲ့ဆရာကို သတ်ပြီး ယုန်သခင်လိုလိုနဲ့ အဲ့အကျင့်ပျက်တဲ့ မင်းဂိုဏ်းရဲ့ရှစ်သိတွေနဲ့ ပေါင်းစည်းသွားတယ်။ လက်တွေ့ကမ္ဘာက မင်းရဲ့အောင်မြင်မှုတွေ အားလုံးကို စွန့်ပစ်မြေက ငါတို့က မသိဘူးလို့ ထင်နေတာလား?"
Advertisement
ရွှီရှင်းကျီသည် သားရဲသူကို စိုက်ကြည့်ကာ မျက်ခုံးပင့်ပြီး စကားရပ်လိုက်သည်။
ကျိုးဝမ့်သည် အနားမှာ ရပ်ကြည့်နေရုံသာ တာဝန်ရှိသည်။ ဒီလိုစစ်ဆေးမေးမြန်းမှုတွေမှာ သူမ မပါဝင်ခဲ့ဖူးပေ။
စစ်ဆေးမေးမြန်းရန် ရည်ရွယ်ချက်ဖြင့် ဤအခန်းငယ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သုံးရက် သို့မဟုတ် ငါးရက်ကြာတိုင်း၊ မုံ့ချုံ့ကွမ်းသည် လူအချို့ကိုမြေရိုင်းမှ ခေါ်ဆောင်လာပြီး လူတိုင်း၏နောက်ကွယ်တွင် တစ်ယောက်တည်း စစ်ဆေးမေးမြန်းသည်။
သူတို့ မဝင်ခင် ဘယ်လောက်ပဲ မာနကြီးခဲ့ခဲ့၊ တစ်ခန်းတည်းမှာ မုံ့ချုံ့ကွမ်းနှင့် ခဏလောက် အချိန်ပေးပြီး ပြန်ထွက်လာတဲ့အခါ အားလုံးက ငယ်သားများကဲ့သို့ နာခံကြလိမ့်မည်။
ရွှီရှင်းကျီ၏ တိတ်ဆိတ်မှုကို သတိပြုမိလိုက်ရာ သားရဲလူ၏ မောက်မာမှုသည် တစ်ဖန် တောက်လောင်လာသည်။
"ငါက လွင်ပြင်မှာရှိနေလို့ မင်းရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်တွေအားလုံးကို မသိဘူးလို့များ မင်းထင်နေတာလား?" သားရဲလူက ရိသဲ့သဲ့ဖြင့် “ငါ့ဘေးမှာ မယားငယ်လှလှလေးရှိတယ်။ သူ့နာမည်ကို ငါပြောပြလိုက်ရင် မင်းအံ့သြသွားအုံးမယ်။ သူမက မင်းနဲ့သိပြီး မင်းရဲ့အရှုပ်တော်ပုံအကြောင်းနဲ့ပတ်သက်ပြီး ပိုပြီးတောင်အသိကြွယ်..."
သူစကားမဆုံးခင်မှာ ရွှီရှင်းကျီက ရုတ်တရတ် ကောက်ကိုင်လိုက်ပြီး သူ့မျက်နှာကို နံရံနဲ့ ပြင်းပြင်းထန်ထန် ဖိချလိုက်သည်။
မူလက ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ယခုအခါ ဆံပင်များ ဆုပ်ကိုင်ခံထားရကာ ခေါင်းကို နံရံနှင့် ပွတ်တိုက်ခံနေရသည်။ သူ့(XXZ)ကို ပြန်တိုက်ဖို့ နည်းလမ်းမရှိ။ သူ့မျက်နှာသည် ပုံပျက်သွားသည်အထိ နံရံနှင့် ဖိခံထားရပြီး ဒေါသအမျက် တောက်တောက်များ ပြင်းထန်လာသည်ကို ပြောနိုင်သည်။
ရွှီရှင်းကျီက သူ့ခေါင်းကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်ပြီး နှုတ်ခမ်းထောင့်က လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် ကွေးသွားသည်။ "....မင်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သတိလေးပေးရအုံးမယ်။ ဒါမင်းရဲ့ ဖုန့်တောင်လား? ငါကို ရယ်စရာလာပြောရအောင် မင်းကဘာကောင်မို့လို့လဲ?"
ကျိုးဝမ့် အံ့သြသွားပြီး လေချွန်လိုက်သည်။
.....မုံ့ချုံ့ကွမ်း၏ နည်းလမ်းများကို ယခုမှစ၍ နားလည်လာသည်။
သားရဲလူသည် သူ့ဦးခေါင်းပေါက်ကွဲလုနီးပါး ဒေါသတကြီးဖြစ်သွားသည်- "ရွှီရှင်းကျီ၊ ငါကျိန်ရဲတယ် ငါဆွဲဖြဲ.."
ရွှီရှင်းကျီက "ဘာကို ဆွဲဖြဲမှာလဲ?"
သူသည် သားရဲလူ၏ခေါင်းကို ဖိကာ ကြက်ဥတစ်လုံးခွဲသလို နံရံနှင့် နှစ်ကြိမ်ခေါက်သည်။
သားရဲလူဟာ ကျင့်ကြံမှု အတိုင်းအတာတစ်ခုအထိ ရှိနေဆဲလို့ မှတ်ယူထားနိုင်တုန်းပင်၊ သေမျိုးတစ်ယောက်၏ ခွန်အားဖြင့် သူ့ခေါင်းကို ကွဲသွားအောင် မဖွင့်နိုင်ပေမယ့် ဒီလိုကစားခံနေရချိန်မှာတော့ ဒေါသဖြစ်နေပါပြီ။ "ရွှီရှင်းကျီ မင်းမေ..."
ရွှီရှင်းကျီသည် သူ၏ သည်းမခံနိုင်သော ဒေါသနှင့် အဓိပ္ပါယ်မဲ့သော စကားများကို နားထောင်ရန် အလွန်ပျင်းနေပြီဖြစ်ပြီး ကျိုးဝမ့်ထံသို့ လှည့်ကာ "မင်းမှာ ဓားမြှောင်တစ်ချောင်းရှိလား?"
ဤအသက်ဝင်သောရှိုးကို အချိန်အတော်ကြာကြည့်ရှုပြီးနောက် ကျိုးဝမ့်သည် မီးထဲသို့ လောင်စာအနည်းငယ်ထည့်ချင်နေသည်။ ခြေထောက်မှာ ချည်နှောင်ထားတဲ့ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ပြီး အပေါ်ကိုပစ်လိုက်သည်။ သူမလက်ထဲတွင် ဓားချွန်ကို ကိုင်ထားပြီး ရွှီရှင်းကျီထံသို့ ပေးလိုက်သည်။
ရွှီရှင်းကျီက "မင်းငါ့ကို ပေးစရာ မလိုပါဘူး၊ ဓားမြှောင်ကို နည််းနည်းလောက် ဝေ့ယမ်းလိုက်ရုံပဲ"
ကျိုးဝမ့်က အကြံပေးတဲ့အတိုင်း လုပ်လိုက်ပြီး ဓားမြှောင်ကိုလိမ်ကာ လေထဲမှာ ပန်းတွေဆွဲလိုက်သည်။ သူမသည် သားရဲလူ၏မျက်နှာကို ချိန်ရွယ်ရင်း နှင်းမှုန်များကဲ့သို့ အလင်းတန်းများ လှည့်ပတ်သွားသည်။
ရွှီရှင်းကျီသည် သားရဲလူကို ဆုပ်ကိုင်လိုက်ပြီး နံရံမှ ခွာကာ သူ့မျက်လုံးများကို ဓားမြှောင်ထိပ်ရှေ့တွင် တိုက်ရိုက်နေရာချလိုက်သည်။
သားရဲလူက ချက်ချင်း ပါးစပ်ပိတ်သွားပြီး နဖူးမှ ချွေးများ စီးကျလာသည်။ နောက်ထပ်စကားတစ်ခွန်းမှ မထုတ်နိုင်မချင်း သူ၏ပါးစပ်မှ ညီးသံများသာ မကျေမနပ်ထုတ်နေသည်။
ရွှီရှင်းကျီက “ငါမေးတာကိုပဲ ဖြေ။ မလိုအပ်တဲ့ဟာတွေ လျှော့ပြော၊ ကြားလား?"
သားရဲလူ၏မျက်လုံးများသည် ဓားမြှောင်ဖျားနဲ့ ဆံပင်တစ်မွှေးစာသာ ကွာဝေးသည်။ သူ၏ မျက်ခုံးများသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကြိမ်ဖန်များစွာ ကျယ်လောင်စွာ တံထွေးမြိုချနေပြီး လုံးဝမလှုပ်ရဲပေ။
သူ့ခန္ဓာကိုယ်က မသန်မစွမ်းဖြစ်နေပေမယ့် မျက်လုံးတစ်စုံကတော့ အဖိုးတန်သည်။ သူတို့ရှေ့တွင် ဓားမြှောင်တစ်ချောင်းရှိနေသောကြောင့် နောက်ဆုံးတွင် သူသည် အကြမ်းအတမ်း မလုပ်ရဲတော့ပေ။
သူ့ပါးစပ်ကို ပိတ်တတ်သွားတာ သိလိုက်ရတော့ ရွှီရှင်းကျီက “ဘာလို့ ငါ့ကို ဖမ်းချင်တာလဲ?”
သားရဲလူသည် ဤတစ်ကြိမ်တွင် မလိုအပ်သောစကားများ မပါတော့ဘဲ နာခံမှုဖြင့် ပြန်ပြောသည်- "ကျို့ကျစ်သမ်းကို ကမ်းလှမ်းပြီး...တစ်ချိန်ထဲမှာပဲ မုံ့ချုံ့ကွမ်းကို ခြိမ်းခြောက်ဖို့"
ရွှီရှင်းကျီ: "မင်း တွက်ထားတာ တော်တော်ကောင်းတာပဲ။ ငါ့ကို ကျို့ကျစ်သမ်းဆီ ကမ်းလှမ်းရုံနဲ့ မြေယာကနေ ထွက်သွားနိုင်မယ်လို့ မင်းထင်နေသလား?"
သားရဲလူ: "....ဟုတ်ကဲ့”
ရွှီရှင်းကျီ: "မင်းတစ်ယောက်တည်း မထွက်သွားနိုင်ဘူးလား?"
သားရဲလူသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သူ့မျက်လုံးများက ထိတ်လန့်တုန်လှုပ်သွားသည်- "မင်းဘာတွေပြောနေတာလဲ? ငါနားမလည်ဘူး"
ရွှီရှင်းကျီ: "မင်းတကယ်နားမလည်တာလား ဒါမှမဟုတ် နားမလည်ချင်ယောင်ဆောင်နေတာလား? မင်းရဲ့လက်အောက်ငယ်သားတွေက အသက်သေရင်တောင်မှ မင်းကိုကယ်ဖို့ကြိုးစားနေရအောင် ဘာကများ အရမ်းအဖိုးတန်နေလို့လဲ?”
သားရဲလူသည် သူ၏စွမ်းအားရှိသမျှဖြင့် “ငါနားမလည်ဘူး!”
ရွှီရှင်းကျီကလည်း သူနဲ့ ဒီကိစ္စကို အငြင်းအခုန်မလုပ်ချင်ဘဲ သူ့ဖွက်ထားသောကတ်ကို အတိုချုံးဖွင့်ပြလိုက်သည်- "ငါမှန်းကြည့်မယ်၊ စွန့်ပစ်မြေရဲ့ သော့မဟုတ်လား?"
သားရဲလူသည် လည်ချောင်းကို တင်းတင်းဆုပ်ထားကာ စကားမပြောရန် သူ့ကိုယ်သူ တင်းကြပ်ထားသည်။
ကျိုးဝမ့်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းလာကာ ဓားမြှောင်ကို ကိုင်ထားသည့် လက်ချောင်းများက တင်းကျပ်သွားသည်။
သားရဲလူတွင် ဝိညာဉ်ကျောက်တုံးကဲ့သို့ ရတနာအချို့ရှိသည်ဟု အစပိုင်းတွင် သူမထင်ခဲ့သည်။ ဤမျှလောက် အားစိုက်ထုတ်၊ အချိန်ကုန်ခံကာ ရှာဖွေခဲ့သော်လည်း ၎င်း၏အရိပ်တစ်ခုပင် မမြင်ရသော စွန့်ပစ်မြေ၏ သော့ဖြစ်မယ်လို့ သူမ မမျှော်လင့်ထား။
ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ တကယ်ကို အဓိပ္ပါယ်ရှိပါသည်။
အကယ်၍ ထိုလူအုပ်စု လာသိမ်းတာက သော့သာဖြစ်ခဲ့လျှင် ၎င်းတို့၏ ရူးသွပ်မှုနှင့် စိတ်ပျက်အားငယ်မှု အားလုံးကို ရှင်းပြပြီးဖြစ်သည်။
ကျိုးဝမ့်က မော့ကြည့်လိုက်ပြီး ရွှီရှင်းကျီ အပေါ် အံ့သြလေးစားမှုအပြည့်နဲ့ "ရှင်ဘယ်လိုမှန်းလိုက်တာလဲ?"
'.....ငါမှားတာပါ၊ ငါ့လက်ထဲမှာ ဇာတ်ညွှန်းရှိတယ်လေ'
ရွှီရှင်းကျီသည် အစတွင် အဖြေမပေးဘဲ သားရဲလူကို ၎င်း၏ကော်လာကနေ ဆွဲတင်လိုက်သည်။ သူက အနည်းငယ် စိုစွတ်နေသော ဆံပင်များကို ဖယ်လိုက်ပြီး နားရွက်နားသို့ ကပ်ကာ “.....မင်းခန္ဓာကိုယ်က အခုအချိန်မှာ မသန်စွမ်းဖြစ်နေပြီ။ မင်းရဲ့လက်အောက်ငယ်သားတွေက မင်းကိုပြန်လုယူနိုင်ရင်တောင် သော့ရသွားတဲ့အခါ မင်းကိုဂရုစိုက်မယ်လို့များ ထင်သေးလား? မင်းရဲ့အကောင်းဆုံးအဆုံးသတ်ကတော့ တောထဲမှာ စွန့်ပစ်ခံရပြီး ဘီလူးတွေစားတာခံရဖို့ပဲ.... သော့ကို ငါတို့ဆီ လွှဲပေးရင် အနည်းဆုံးတော့ နည်းနည်း ရိုးရိုးရှင်းရှင်းနဲ့ သေနိုင်မယ်လေ။ ဒီကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ?”
သားရဲလူသည် စိတ်ပျက်လက်ပျက်ဖြင့် ကျိန်ဆဲလိုက်သည်။ “ရွှီရှင်းကျီ မင်းခွေးမသား!”
ရွှီရှင်းကျီက မကျေမနပ်ဖြစ်ပြီး "ငါက ခွေးမသားဆိုတာ ဟိုးအရင်ကတည်းက သိပြီးသားမဟုတ်ဘူးလား? ဒါနဲ့များ ဘာလို့အံ့သြနေတာလဲ?"
သားရဲလူသည် အံသွားများတွန့်သွားသည်အထိ အံကြိတ်ထားသည်။ သူ့မျက်လုံးတွေကို အကြာကြီးမှိတ်ထားလိုက်တာ ကျိုးဝမ့်က သူ့မှာ ဒေါသတွေများလွန်းလို့ မူးမေ့လဲသွားမယ်ထင်တဲ့အချိန်မှာ ရုတ်တရက် မျက်လုံးပြန်ပွင့်သွားသည်။
“အပိုင်း....အစပဲ....” သားရဲလူသည် စိတ်ဆင်းရဲစွာ တံတွေးထွေးလိုက်သည်။ “ငါ့မှာ သော့အပိုင်းအစပဲရှိတယ်...”
ကဗျာ၏ပထမစာကြောင်း- မျိုးဆက်သစ်လူငယ်များအတွက် မိုးမခနွေဦးကဲ့သို့ နွေးထွေးနူးညံ့သည်။
ကဗျာ၏ဒုတိယစာကြောင်း- ဆောင်းဦးလေပြင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ရန်သူများကိုလွင့်ထွက်စေသည်။
ဘေးတိုက်၊ အလျားလိုက် အလိပ်- ပထမစာကြောင်းက မမှန်ဘဲ ဒုတိယက ကောက်ကွေ့နေတယ်.
(T/N: ကောကော ဟောင်ရှိုက် အိုက်စ်~♥)
______________
Advertisement
- In Serial482 Chapters
Nano Machine (Retranslated Version)
Cursed his whole life with only misfortune and hardships, Cheon Yeo Woon, who ranks lowest in the war of the Grand Prince Succession is about to have his world turned upside own when a 'descendant' from a future suddenley appears and installs nano machines inside his body
8 345 - In Serial19 Chapters
ICOMO ODYSSEY
Jonathan Vélo never expected to be famous. Not for riding his bike all the way around the continent of Icomo. Every adult knows his story, and children learn about him at school. This, however, is the first and only biography written about that great man with foreigners in mind. We, his biographers, imagine they will be immensely grateful. Of course, readers will find the people of Icomo an unusual sort for glorifying a young man who did nothing more than quit his job and ride his bike from town to town, city to city… But in an age of robots and computers, when little escapes the notice of the historian, there is a quiet epic to be told. It is the epic of cozy nights in a tent below the stars, of warm wind and ocean waves. It is also the epic of missing old friends in faraway places, and that feeling of needing to make life mean something. *** ‘ICOMO ODYSSEY’ is a nostalgic slice-of-life adventure about a utopian sci-fi land. No clever villains or epic fights here. Just cozy pleasures, charming towns and villages, interesting cultures, and the people who live in them… This story will update bi-weekly on Friday and Saturday. https://www.scribblehub.com/series/467210/icomo-odyssey/
8 154 - In Serial27 Chapters
Radiant Earth: Emergence
In a world where monsters and man must coexist, a teenage boy comes to terms with his half-human self. He writes of his struggles and choices in a red leather journal, one which he intends for his future child. It is a story of emergence, a coming of age, or a transformation of the self through which all people go through. But not all transformations are for the better. And not all things can be forgiven.
8 406 - In Serial19 Chapters
put you head on my shoulder (lizkook )
Lisa has a past story....with what she is dealing today...But she faced each problem with him...Everyone make mistakes in life but they also have a chance to make it better...it depend on how you make it...Lisa and jungkook the golden maknae make everything better than ever......
8 108 - In Serial5 Chapters
MEMY
No jak nazwa wskazuje będą się tu pojawiać memy. Tak od 3-5 dziennie. Wiem, że jest tego mnóstwo na wattpadzie, ale po prostu uwielbiam memy😂
8 159 - In Serial26 Chapters
Gift Of The Sea//Ivar The Boneless Fanfic
"Tell me, when will I meet the great love of my life? I am so angry and full of hate, so much so that Ubbe and Sigurd say, that no woman will love me.""The one who will love you will be a gift of the sea, Young Ivar."
8 129

