《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(12) တစ္ဆေမျိုးဆက်
Advertisement
ဆယ်ကျော်သက် လုယွီကျို့သည် ချင်းလျန်ချိုင့်ဝှမ်းထဲသို့ လက်ခံခံရသည်ကို အတိုချုပ်ပုံစံဖြင့် ကယောင်ကတမ်း ပြောပြနေသည်။
ပျင်းရိပြီး နာမည်မရှိသော တစ္ဆေကျင့်ကြံသူသည် သေမျိုးလောကသို့ အပျော်အပါးသွားသောအခါ အပျိုစင်လေးတစ်ယောက်ကို ချစ်မိသွားခဲ့သည်။ ထို့ကြောင့် မင်ယာပြည်မှ နှုတ်ဆက်ကာ ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ သူမနှင့်အတူ နေခဲ့သည်။
အပျိုမလေးက လုယွီကျို့ကို မွေးခဲ့ပေမယ့် မီးဖွားပြီးနောက် ကာလမှာ ဖျားနာခဲ့သည်။ သူမ၏ခန္ဓာကိုယ်သည် အားနည်းလာပြီး လုယွီကျို့ အသက် 3နှစ်တွင် ဆုံးပါးသွားခဲ့သည်။
လူတစ်ဦးသည် သရဲတစ္ဆေအဖြစ်သို့ အောင်မြင်စွာကူးပြောင်းရန် ခြောက်ကြိမ်တွင် တစ်ကြိမ်သာ အခွင့်အရေးရှိပြီး ထိုတစ္ဆေဆရာသည် သေခြင်းဖြင့်ခွဲခွာခံရခြင်း၏ခါးသီးမှုကို ပထမဆုံးအကြိမ် အရသာခံခဲ့သည်။ သူသည် အလွန်စိတ်မချမ်းမသာဖြစ်သဖြင့် အရွယ်မရောက်သေးသော ကလေးကို ချန်ထားခဲ့ကာ သူမနောက် လိုက်သွားခဲ့သည်။
လူငယ်လေး လုယွီကျို့ လောကရေးရာများကို နားလည်နိုင်ပြီးနောက်တွင် အခြားသူများထံမှ အတင်းအဖျင်းအနည်းငယ်ကိုကြားရပြီး သူ့အဒေါ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း သိရှိလာခဲ့သည်။ ထို့ကြောင့် လွယ်အိတ်သေးသေးလေးတစ်အိတ်ကို ကောက်ယူကာ ကျင့်ကြံရေး နှင့်ပတ်သက်သည့် အသိပညာများရရှိရန် မသေမျိုးတစ်ယောက်ကို ရှာဖွေရန်၊ အဒေါ်အား နှုတ်ဆက်ကာ အိမ်မှထွက်ပြေးသွားခဲ့သည်။
သူ၏ ခရီးစရိတ် စုဆောင်းငွေများ လုံး၀ကုန်သွားချိန်တွင် ချင်းလျန်တောင်ကြားသို့ ရောက်ရှိလာခဲ့သည်။
သူ့ကို ဦးဆောင်ခဲ့တဲ့ ရှစ်ရှုန်းသည် ဒီလူငယ် တစ္ဆေကျင့်ကြံသူ ချင်းလျန်တောင်ကြားထဲသို့ အမှတ်မထင် ဝင်ရောက်သွားသည်အထိ စေ့စေ့စပ်စပ် စစ်ဆေးမှု မပြုလုပ်ခဲ့ပေ။
လုယွီကျို့သည် သူ့တွင် ဖြောင့်မတ်သော ဂိုဏ်းများ လက်ခံနိုင်သည်ထက် လုံးဝကျော်လွန်သော သွေးနှောမျိုးရိုးရှိသည်ကိုပင် မသိခဲ့ပေ။ တစ္ဆေမျိုးနွယ်စု၏ သွေးသား နိုးထလာချိန်တွင် သူသည် အသက် ဆယ့်နှစ်နှစ်ရှိပြီဖြစ်သည်။ သူ ထွက်သွားဖို့ အကြိမ်ကြိမ် စီစဉ်ခဲ့ပေမယ့် ချင်းလျန်တောင်ကြားကို သူ့အိမ်အဖြစ် သတ်မှတ်ပြိီးဖြစ်လို့ စွန့်လွှတ်ဖို့ ဝန်လေးနေခဲ့သည်။
လုယွီကျို့က မဝံ့မရဲနဲ့ တောင်းပန်သည်။ "...ရွှီရှစ်ရှုန်း၊ ကျွန်တော် ဖြောင့်မတ်တဲ့ဂိုဏ်းတွေအတွက် ဒုက္ခမပေးချင်ပါဘူး။ ကျွန်တော်ပိုင်နိုင်တဲ့နေရာကိုပဲ ရှာချင်ခဲ့တာပါ"
ရွှီရှင်းကျီသည် ခြေဖျားထောက်ကာ ကျောက်ဆောင်ပေါ်တက်ခဲ့သည်- "မင်းတကယ်ကို သတ္တိရှိတာပဲ။ မင်းရဲ့သွေးသား နိုးထလာတာတောင် ချင်းလျန်တောင်ကြားမှာ ဆက်နေရဲသေးတာလား? ချင်းလျန်တောင်ကြားက ဝမ်ရွယ်ချန်ရဲ့ နာမည်ဂုဏ်သတင်းကို မင်းမသိဘူးလား?"
“အဲဒါကတော့ ကောလဟာလတွေပဲ ကြားဖူးပါတယ်....” ဆယ်ကျော်သက်လေး လုယွီကျို့က ခေါင်းညိတ်လိုက်ပြီး "ဝမ်ရှစ်ရှုန်းက တရားမျှတမှုမရှိတဲ့ ဂိုဏ်းတွေကို အမြဲမုန်းတယ်....”
ရွှီရှင်းကျီ: "ဒါမုန်းတီးတာထက် ပိုတယ်။ ဒီနှစ် မင်းအသက်ဘယ်လောက်ရှိပြီလဲ?"
လုယွီကျို့က နာခံမှုဖြင့် “14နှစ်ပါ” ဟု ဖြေသည်။
ရွှီရှင်းကျီက သက်ပြင်းတစ်ချက်ချလိုက်ပြီး "မင်းမွေးတဲ့နှစ်တုန်းက သောင်းကျန်းပြီး မာနကြီးတဲ့ မင်ယာနိုင်ငံက တစ္ဆေမျိုးနွယ်က နေရာအနှံ့ကို ဒုက္ခပေးခဲ့တယ်။ ရွှယ်ချန်က ငယ်ငယ်ကတည်းက သူ့မိဘတွေကို တစ္ဆေမျိုးနွယ်စုက သတ်ပစ်တာကို မြင်ခဲ့ရပြီး စိတ်ထိခိုက်ခဲ့တယ်။ ဒီအဖြစ်အပျက်က နှလုံးရောဂါကို ဖြစ်စေခဲ့ပြီး လမ်းလျှောက်ဖို့တောင် ခက်ခဲလာတဲ့အထိ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကျဆင်းသွားခဲ့တယ်။ ကလဲ့စားချေဖို့အတွက်ပဲ မသေမျိုးပညာကို လေ့ကျင့်ဖို့ ချင်းလျန်တောင်ကြားသို့ ဝင်ခဲ့တယ်။ သူရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့တောင် ချင်းလျန်တောင်ကြားရဲ့ သာ့ရှစ်ရှုန်းဖြစ်လာတဲ့အထိ သူ့အဲ့လမ်းကိုဆက်သွားဖို့ ဘယ်လောက်မုန်းတီးနေလဲ မင်းအခုလောက်ဆို သိရောပေါ့"
ရွှီရှင်းကျီသည် မင်ယာနိုင်ငံ ပျက်စီးသွားသည့်နေ့ကို မှတ်မိနေသေးသည်။ ဝမ်ရွှယ်ချန်သည် နတ်ဝိဇ္ဇာပညာကို အသုံးပြု၍ ဒြပ်စင်ငါးပါး၏ လည်ပတ်မှုနှင့် တစ္ဆေမျိုးနွယ်တစ်ခုလုံးကို ခေါက်တုံ့ခေါက်ပြန် သွားကာ သူသွားလေရာရာ၌ သွေးမိုးများ စီးကျစေခဲ့သည်။
ဝမ်ရွှယ်ချန်သည် ငယ်စဉ်ကတည်းက ကျန်းမာရေးချို့တဲ့ခဲ့ပြီး အနက်ရောင်ဆံပင်၏ ဦးခေါင်းကို နှင်းခဲဖြူရောင်ဖြင့် ဆေးဆိုးခဲ့သော ပြင်းထန်သောနှလုံးရောဂါဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရသည်။ ထိုတိုက်ပွဲအပြီးတွင် သူသည် အလောင်းကောင်များနှင့် သွေးပင်လယ်တောင်ပေါ်မှ ဘီးတပ်ကုလားထိုင်ကို ရှောင်ဖယ်ကာ သူ၏ ဆံပင်ဖြူကို သွေးနီ အရောင်ခြယ်ခဲ့သည်။
ပါးပြင်ပေါ်သို့ စီးကျလာသော သွေးများသည် သူ့မျက်ရည်များနှင့် ရောယှက်နေသည်။
အလားတူ သွေးများဖြင့် ဖုံးလွှမ်းနေသော ရွှီရှင်းကျီသည် သူ့ထံသို့ ချဉ်းကပ်လာပြီး လက်တစ်ဖက်ဖြင့် ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်သည်။ သူ့လက်ထဲမှ ယက်တောင်ကို ဝှေ့ယမ်းလိုက်ပြီး ပြန့်ကျဲနေသော ပန်းပွင့်လေးများ အပြည့်စီခြယ်ထားသော ထီးတစ်လက်က ဝမ်ရွှယ်ချန်၏ ခေါင်းပေါ်ကို အကာအကွယ်ပေးလိုက်သည်။ သူ့မျက်ရည်တွေကို ဖုံးထားရုံတင်မကဘဲ ပတ်ဝန်းကျင်က လမ်းလျှောက်လာနေတဲ့ တပည့်တွေရဲ့ အကြည့်တွေကိုလည်း ပိတ်ဆို့ထားလိုက်သည်။
တစ္ဆေမျိုးနွယ်ဝင်များအတွက် ဝမ်ရွှယ်ချန်၏မုန်းတီးမှုကို ရွှီရှင်းကျီ မှလွဲ၍ မည်သူမျှနားမလည်ပေ။
လုယွီကျို့၏မျက်နှာသည် ဖြူဖျော့သွားပြီး "ရွှီရှစ်ရှုန်း ဘာကိုဆိုလိုလဲဆိုတာ ကျွန်တော်သိပါပြီ....”
ရွှီရှင်းကျီက မျက်ခုံးပင့်လိုက်ပြီး "မင်းဘာသိလဲ"
လုယွီကျို့က တုန်တုန်ယင်ယင်ဖြင့် "ချင်းလျန်တောင်ကြားကနေ ချက်ချင်းထွက်သွားပါ့မယ်.....”
"ချင်းလျန်တောင်ကြားကနေ ထွက်သွားဖို့ ဘယ်သူက ပြောတာလဲ?" ရွှီရှင်းကျီက ရယ်မောသွားသည်။ "ငါဆိုလိုတာက မင်းအနာဂတ်မှာ သေချာသတိထားရမယ်လို့၊ မင်းကိုသာ ဝမ်ပိုင်မောင် ဖမ်းမိသွားရင် ကပ်ဘေးကြီးဖြစ်သွားမှာမို့လို့ တစ္ဆေမျိုးနွယ်ရဲ့ ပညာကို လွတ်လွတ်လပ်လပ် မသုံးနဲ့”
လုယွီကျို့ : ".......”
ဝမ်၊ ဝမ်ပိုင်မောင်: .........
Advertisement
ချင်းလျန်တောင်ကြား၏ဂိုဏ်းခေါင်းဆောင် ဖုယောင်ကျွင်းသည် Goအတတ်ပညာကိုနှစ်သက်သည်။ သူသည် အေးဆေးသော ပင်ကိုယ်စရိုက်ရှိပြီး ဘာကိုမှ ဂရုမစိုက်သောကြောင့် ချိုင့်ဝှမ်းကိစ္စအားလုံးကို ဝမ်ရွှယ်ချန် တစ်ယောက်တည်း ဂရုစိုက်ခဲ့သည်။ ချင်းလျန်တောင်ကြားသည် အခြားဂိုဏ်းသုံးဂိုဏ်းနှင့်လည်း ကွဲပြားသောကြောင့် အဆင့်သတ်မှတ်ချက်များသည် အထူးတင်းကျပ်သည်။ ထို့အပြင်၊ ဝမ်ရွှယ်ချန် ကိုယ်တိုင်က အလွယ်တကူ ပြုံးတတ်သူမဟုတ်တာကြောင့် ဤအပြင်စည်း တပည့်အုပ်စု၏ နှလုံးသားထဲတွင် သူသည် နတ်ဘုရားနှင့်တူသည်။ ထို့ကြောင့် လုယွီကျို့သည် ဝမ်ရွှယ်ချန်အား တစ်စုံတစ်ယောက်က အမည်ပြောင်ဖြင့်ခေါ်လိုက်သည်ကို ကြားလိုက်ရပြီးနောက် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။ အချိန်အတော်ကြာအောင် တွေးပြီးမှသာလျှင် ရွှီရှင်းကျီ ၏စကားကို နားလည်သွားခဲ့သည်။
သူနှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စိထားပြီး "ရွှီရှစ်ရှုန်း ဆိုလိုတာက...ကျွန်တော် ချင်းလျန်တောင်ကြားမှာ နေနိုင်တုန်းပဲလား?"
"ဘာလို့မဖြစ်ရမှာလဲ?" ရွှီရှင်းကျီက သူ့ခေါင်းကို ပုတ်ပြီး "စဉ်းစားကြည့်လေ၊ တစ္ဆေကျင့်ကြံသူတစ်ယောက်အနေနဲ့တောင် မင်းမသေမျိုးပညာတွေကို ဆက်ကျင့်နိုင်တယ်၊ အဲဒါ ဘယ်လောက်ကြီးမြတ်လိုက်လဲ?"
လုယွီကျို့ ဝမ်းသာပြီး အံ့သြသွားသည်- "ရွှီရှစ်ရှုန်း ဝမ်ရှစ်ရှုန်းကို မပြောဘူးလား?"
“လျှို့ဝှက်ချက်တွေကို လိုက်ဖော်တာ ဒီကမ္ဘာမှာ အဓိပ္ပါယ်မရှိဆုံး လုပ်ရပ်ပဲ” ရွှီရှင်းကျီသည် ရေဘူးထဲမှ ရေတစ်ကျိုက်ယူသောက်ပြီး လုယွီကျို့ထံ မပေးမီ နှုတ်ခမ်းကို သုတ်လိုက်သည်။ "ငါ ဖုန်းလင်တောင်ကို ပထမဆုံးရောက်တဲ့နှစ်က အရှေ့ဧကရာဇ် ယဇ်ပူဇော်ပွဲ အခမ်းအနားမှာ ငါလည်း ပါဝင်ခဲ့တယ်။ ငါ မြင့်မြတ်တဲ့ငန်းတောင်ကိုရဖို့ ယင်ထျန်းချွမ်းရဲ့ ကျိုးသခင်လေးနဲ့ တိုက်ပွဲဝင်ခဲ့ရတယ်။ အဲ့အချိန်က ကျိုးသခင်လေးက အလိုလိုက်ခံနေရတဲ့ ခွေးကောင်လေးပဲ၊ သူက ခွေးရူးလိုမျိုး ကြီးစိုးနေပြီး ငါကလည်းအဲ့တုန်းက ပညာကိုကောင်းကောင်း မသင်ရသေးတော့ ညာလက်မောင်း ဒဏ်ရာရသွားခဲ့တယ်။ ငါ့ဆရာက ဘာလို့ ဒဏ်ရာရတာလဲလို့ မေးတော့ မတော်တဆ ကျိုးသွားတာ၊ သူနဲ့ဘာမှမဆိုင်ဘူးလို့ ပြောခဲ့တယ်"
လုယွီကျို့က ရေဗူးကိုဖက်ပြီး သိချင်ဇောနဲ့ မေးလိုက်သည်။ "ဘာလို့လဲ?"
ရွှီရှင်းကျီက ပြုံးနေရုံသာ။ "ငါသာအဲ့လျှို့ဝှက်ချက်ကို ဖော်လိုက်ရင် ငါ့ဆရာက ဟန်ပြအနေနဲ့ သူ့ကိုတစ်ခါလောက်ပဲရိုက်လိုက်မှာလေ၊ အဲ့ကျ ငါအရိုက်ခံရတာ အလကားဖြစ်သွားမှာ မဟုတ်ဘူးလား? ကိုယ့်ကိုယ်ကိုယ်တော့ အရှုံးမခံနိုင်ပါဘူး"
လုယွီကျို့: "....နောက်တော့?"
ရွှီရှင်းကျီ: "လွန်ခဲ့တဲ့ 2နှစ်က အရှေ့ဧကရာဇ် အခမ်းအနားမှာ တောင်ထဲမှာ လူမရှိတဲ့နေရာတွေ့ပြီး သူ့ကိုငါကိုယ်တိုင် ကြွေးလိုက်တယ်"
လုယွီကျို့ : ".....”
......အငြိုးထားတဲ့လူတွေက အရမ်းကြောက်စရာကောင်းတာပဲ။
သူ့ဇာတ်လမ်းကို ပြောပြပြီးနောက် ရွှီရှင်းကျီက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လုယွီကျို့၏ ခေါင်းကို ပုတ်လိုက်သည်။ “မှတ်ထား၊ မင်းရဲ့ အထောက်အထားကို ဘယ်သူ့ကိုမှ မပြောပြနဲ့အာ။ ငါတို့နှစ်ယောက်ပဲ ဒီလျှို့ဝှက်ချက်ကို သိရင် လုံလောက်နေပြီ”
ရွှီရှင်းကျီသည် သူ့ကို အလွန်ယုံကြည်သောကြောင့် လုယွီကျို့ အတော်လေး ပြောစရာပျောက်ရှခဲ့သည်။
သူက အစမ်းသဘောမေးလိုက်သည်- "ရွှီရှစ်ရှုန်း အဲဒီနေ့မျိုးရောက်လာမှာကို မကြောက်ဘူးလား....?”
ရွှီရှင်းကျီက သူ့ရေဗူးကိုယူပြီး လက်ဖဝါးကိုလှန်ကာ ဝါးယက်တောင်အဖြစ်သို့ ပြန်ပြောင်းလိုက်သည်- "ဘာကိုကြောက်ရမှာလဲ? တစ်နေ့ မင်းစိတ်ပြောင်းသွားမှာကိုလား? တစ်နေ့ မင်း ချင်းလျန်တောင်ကြားကို သစ္စာဖောက်မှာကိုလား?"
လုယွီကျို့က သူ့နှုတ်ခမ်းတွေကို ဖိထားပြီး ဆက်မပြောရဲတော့။
ရွှီရှင်းကျီက လွယ်လွယ်ကူကူ တုံ့ပြန်ခဲ့သည်– “အဲဒီအချိန်ကျမှ ဒီအကြောင်း ပြောကြရအောင်။ အနည်းဆုံးတော့ မင်းက တခြားဂိုဏ်းက တပည့်တွေအတွက် စတေးခဲ့ပြီး လုံလောက်တဲ့ယုံကြည်မှုရခဲ့တယ်၊ မင်းနောက်ဆုံးတော့ ဒီလိုအခက်အခဲတွေနဲ့ ရှာတွေ့ခဲ့ရတဲ့အိမ်ကနေ ဘာလို့ ငါကမောင်းထုတ်ရမှာလဲ?"
သူ အေးအေးဆေးဆေး ပြောပြီးနောက် ရွှီရှင်းကျီသည် အနီးကပ်ကြည့်ကာ သူ့မာရ်နတ်၏ဂရုစိုက်သောသဘောထားကိုပြန်ထိန်းကာ သတိပေးလိုက်သည်။ "လုယွီကျို့၊ မင်းသေချာနားထောင်၊ မင်းရဲ့ဓားကို ချင်းလျန်တောင်ကြားဆီ ဦးတည်မယ့်နေ့ရောက်လာရင် ငါလာတွေ့မယ်၊ မင်းထက်တော့အရင် ငါ့ဓားကို မထုတ်ဘူးလို့ ကတိပေးနိုင်တယ် နားလည်လား?"
လုယွီကျို့က သူ့ကျောကို တည့်တည့်မတ်မတ်နဲ့ ခေါင်းညိတ်ပြလိုက်သည်။
ရွှီရှင်းကျီက သူ့လက်သန်းလေးကို ထုတ်လိုက်သည်။ "ကတိ?"
လုယွီကျို့က အောက်ကိုငုံ့ပြီး ရွှီရှင်းကျီရဲ့ လက်သန်းလေးအပေါ်ကို ဖိနမ်းလိုက်သည်။
ရွှီရှင်းကျီ အံ့အားသင့်သွားသည်။ "....ဒါက..”
လုယွီကျို့ ၏ပါးပြင်များသည် အနည်းငယ်နီမြန်းသွားသည်- "ဒါ မင်ယာနိုင်ငံရဲ့ အမြင့်ဆုံးကျင့်ဝတ်တစ်ခုဖြစ်ပြီး ကျမ်းကျိန်တာကို ကိုယ်စားပြုတာပါ"
ရွှီရှင်းကျီက ရယ်မောလိုက်ပြီး လုယွီကျို့လည်ပင်းတွင် ပတ်ထားသော ပိုးသားပိတ်စကို ချောမွေ့စွာ ဆုတ်ဖြဲလိုက်သည်။
လုယွီကျို့သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ မျက်လုံးများ စိုစွတ်လာပြီး အံ့သြသွားပုံရသည်။
အရှေ့ဧကရာဇ် ယဇ်ပူဇော်ပွဲ အခမ်းအနားတွင် ပါဝင်သည့် တပည့်တိုင်းတွင် ဤပိုးထည်တစ်ခုစီရှိပြီး ရွှီရှင်းကျီ ၏လည်ပင်းကို ဝန်းရံထားသည့် ကျောက်စိမ်းကွင်းဆက်နှင့် ချိတ်ဆက်ထားသည့် ဝိညာဉ်စွမ်းအား အရိပ်အယောင်တစ်ခု မြှုပ်နှံထားသည်။ တပည့်တိုင်းတွင် ဝိညာဉ်စွမ်းအားများ ပျံ့နှံ့မှုကို စောင့်ကြည့်ပြီး အန္တရာယ်ရှိမရှိ၊ ကယ်တင်ရန် လိုအပ်မအပ်ကို ခွဲခြားနိုင်စေသည်။
ပါဝင်သည့် တပည့်တစ်ဦး ဒဏ်ရာရသွားသည်နှင့် ၎င်းတို့၏ လုံခြုံရေးအတွက် ဆက်လက်ပါဝင်ခွင့် မပြုတော့ပေ။
Advertisement
စည်းကမ်းထိန်းသိမ်းရေးအရာရှိ ရွှီရှင်းကျီသည် သူ၏တာဝန်များကို ထမ်းဆောင်ခဲ့သည်။ လုယွီကျို့ရဲ့ ရင်ခွင်ထဲကို မထည့်ခင် ပိုးထည်ကို နှစ်ခါခေါက်ပြီး သူ့လက်ဖြင့် နှစ်ကြိမ်ပုတ်ပေးလိုက်သည် - "မင်းရဲ့ ပါဝင်ခွင့်ကို ဒီနှစ်မှာ ရုတ်သိမ်းလိုက်ပြီ။ မင်းရဲ့ဒဏ်ရာတွေကို ဂရုစိုက်ပြီး 2နှစ်အတွင်း ပြန်လာခဲ့ပေါ့"
အရှေ့ဧကရာဇ် ယဇ်ပူဇော်ပွဲ အခမ်းအနားကို လူဝမ့်ကြည့်စင်တွင် ကျင်းပခဲ့ပြီး ဂိုဏ်းပေါင်းစုံမှ တပည့်များသည် 2နှစ်လျှင် တစ်ကြိမ် စုဝေးကြသည်။
ဂိုဏ်းလေးခုစီသည် မြောက်၊ အနောက်၊ တောင်နှင့် အရှေ့တို့တွင် အခန်းလေးခန်းကို သိမ်းပိုက်ထားသည်။ နောက်ကျနေပြီဖြစ်၍ ယဇ်ပူဇော်ပစ္စည်းများ လိုက်ရှာကြသော တပည့်များသည် အနားယူကာ ခွန်အားအား ပြန်လည်ဖြည့်တင်းပြီး မနက်ဖြန် ထပ်မံတိုက်ပွဲဝင်ရန် စောင့်မျှော်နေကြသည်။
ချင်းလျန်တောင်ကြား တပည့်များ၏ အနားယူသည့်အဆောင်သည် တောင်ပိုင်းခန်းမတွင် ရှိသည်။ ရွှီရှင်းကျီသည် ဒဏ်ရာရနေသော လုယွီကျို့ကို လွှဲပြောင်းပေးပြီးနောက်၊ ဖုန်းလင်တောင်၏ တပည့်များ တည်ရှိရာ မြောက်ဘက်ခန်းမသို့ လျှောက်သွားခဲ့သည်။
အဝေးမှကြည့်လျှင် ရွှီရှင်းကျီသည် မြောက်ဘက်ခြမ်းရှိ ပန်းထိုးခန်းမ၏ ပိုးထည်ခန်းရှေ့တွင် ဘေးချင်းကပ်ထိုင်နေသော ပုံသဏ္ဌန်နှစ်ခုကို မြင်လိုက်ရသည်။
ရွှီရှင်းကျီသည် သူ့နှလုံးသားထဲတွင် မှိန်ဖျော့ဖျော့လေး ပေါ်လာပြီး အပေါ်ကို ဦးတည်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ၎င်းသည် ကျို့ကျစ်သမ်းငယ်နှင့် ချုံ့ကွမ်းငယ်လေးဖြစ်သည်။
နှစ်ယောက်သား နီးနီးကပ်ကပ် မထိုင်ကြ။ တစ်ယောက်က လက်စွပ်ကို ယက်ဖို့ဆွတ်ထားတဲ့ ဝါးအစွပ်တစ်ချောင်းကို အသုံးပြုနေပြီး နောက်တစ်ယောက်က ခန်းမအတွင်းက ထွက်လာတဲ့ ဖယောင်းတိုင်မီးရောင်အောက်တွင် ဝါးစာရွက်ပေါ်မှာ တစ်စုံတစ်ခုကို ရေးနေသည်။
ရွှီရှင်းကျီ ချဉ်းကပ်လာပြီး သူ့လည်ချောင်းကို ညင်သာစွာ ရှင်းပစ်လိုက်သည်။
ထိုအသံကိုကြားတော့ သူတို့နှစ်ဦးသည် အလွန်ချစ်ဖို့ကောင်းစွာ တစ်ပြိုင်တည်း ခေါင်းမော့လိုက်ကြသည်။
ချုံ့ကွမ်း၏ မက်မွန်ပွင့်မျက်လုံးတစ်စုံသည် ထာဝရစိုးရိမ်သောကဖြင့် စောင့်မျှော်နေသကဲ့သို့ နောက်ဆုံးတွင် သူစောင့်ဆိုင်းနေသောသူကို တွေ့လိုက်ရသကဲ့သို့ တောက်ပနေသည်။
ဆန့်ကျင်ဘက်အားဖြင့် ကျိို့ကျစ်သမ်းသည် ပို၍ ဂရုမစိုက်ပုံပေါက်သည်။
"ရှစ်ရှုန်း ပြန်လာပြီ" ဟု သူ့ကို နှုတ်ဆက်သည်။
ရွှီရှင်းကျီက "မင်းတို့ဘာလို့မအိပ်သေးတာလဲ?"
ကျိို့ကျစ်သမ်းသည် ဝါးညှပ်များကို သူ၏ အိတ်ဆောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး “ရှစ်ရှုန်း ပြန်လာတာကို စောင့်နေတာပါ” ဟု ပြန်ပြောသည်။
သူစကားပြောနေစဉ်တွင် မျက်နှာအေးစက်သော ထိုကောင်လေးက မြေပြင်ပေါ်တွင် ချထားသော ဓားဖြင့် မိမိကိုယ်ကိုထောက်ကာ မတ်တပ်ရပ်ချင်နေသည်။
မြေကြီးပေါ်၌ ခြေကိုထောက်၍ နှိမ့်ချကာ ဒူးထောက်လျက်၊ သူ၏နဂိုက အေးစက်သော အမူအရာမှာ အနည်းငယ် ကွဲလွဲသွားသည်။
ရွှီရှင်းကျီက မျက်ခုံးပင့်လိုက်ပြီး "ဘာဖြစ်တာလဲ?"
ကျိို့ကျစ်သမ်းက သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး "ဘာမှမဟုတ်ပါဘူး"
ရွှီရှင်းကျီက ထိုင်ချလိုက်ပြီး မြေပြင်ကို မထိဝံ့သော ကျိို့ကျစ်သမ်း၏ ညာဘက်ခြေကျင်းဝတ်ကို ညှစ်လိုက်သည်။
ကျိို့ကျစ်သမ်းသည် မတ်တပ်ရပ်မနေနိုင်တော့ဘဲ ရွှီရှင်းကျီ ၏လက်ထဲသို့ လဲကျသွားသည်။
သူ့ပါးပြင်ထဲသို့ သွေးများ တဟုန်ထိုး စီးဝင်လာပြီး ထိုဖျော့ဖျော့နှင့် လျစ်လျူရှုတတ်သော မျက်နှာသည် အထိတ်တလန့် အရိပ်အမြွက် အနည်းငယ်ဖြင့် အရောင်ပြောင်းသွားသည်။ ကျိို့ကျစ်သမ်းက ဘာမှမမှားသလို ဖြတ်ကျော်ဖို့ ကြိုးစားပြီး ရွှီရှင်းကျီ ရဲ့လက်ကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့သည်။ "....စိတ်မပူပါနဲ့၊ အကြာကြီးထိုင်နေလို့ ထုံနေရုံပဲ၊ ခဏနေရင် အဆင်ပြေသွားမှာပါ”
ရွှီရှင်းကျီက ပြုံးပြီး သူ့ကို ထောက်ကိုင်လိုက်ကာ နေရာတွင် ထိုင်ချလိုက်ပြီး လှည့်ကြည့်လိုက်သည်- "တက်"
ကျိို့ကျစ်သမ်း ၏မျက်နှာသည် ပိုမိုနီမြန်းလာပြီး သူ့အဝတ်ထောင့်ကို လက်ချောင်းများဖြင့် ဆုပ်ထားကာ ဖြေလျော့လိုက်ပြီး နောက်တစ်ကြိမ် ပြန်ဆုပ်လိုက်သည်။ "...ရှစ်ရှုန်း၊ မလိုပါဘူး"
ရွှီရှင်းကျီက နောက်ပြန်လှည့်ပြီး “ဘာလဲ၊ မင်းရဲ့ရှစ်ရှုန်းက မင်းကို ကုန်းမပိုးနိုင်ဘူးလို့များ ထင်နေတာလား?”
“မဟုတ်ဘူး၊ အဲ့လိုမဟုတ်ပါဘူး...” ကျိို့ကျစ်သမ်းသည် ခြေထောက်တစ်ဖက်ပေါ် မတ်တပ်ရပ်လိုက်ပြီး ရှားရှားပါးပါး စကားကြောင့် အံ့အားသင့်စွာ စကားထစ်သွားသည်။ “ရှစ်ရှုန်း ဒါ.....မသင့်တော်ပါဘူး”
ရွှီရှင်းကျီ: "ဘာမသင့်တော်တာလဲ? ဆရာ ဒီမှာမရှိဘူး၊ ရှစ်ရှုလည်း မရှိဘူး၊ ဒါကြောင့် ငါပြောတာ အကုန်မှန်တယ်။ တက်"
ကျို့ကျစ်သမ်းသည် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်ကို အထပ်ထပ်အခါခါ ချလိုက်ပြီး အဆုံးတွင် ရွှီရှင်းကျီ ၏ကျောပေါ်သို့ ရှက်ကိုးရှက်ကန်းဖြင့် တက်လိုက်သည်။ “ရှစ်ရှုန်းကို ဒုက္ခပေးမိပါပြီ"
ကျို့ကျစ်သမ်းသည် ရွှီရှင်းကျီ ၏လည်ပင်းကို သိုင်းဖက်လိုက်သည်ကို တစ်ဖက်မှ ချုံ့ကွမ်းက ဒေါသတကြီးဖြင့် ကြည့်နေသည်။
သူသည် ရွှီရှင်းကျီ ၏အဝတ်အစားထောင့်ကို ဆွဲလိုက်သည်။
ရွှီရှင်းကျီက ခေါင်းညိတ်လိုက်ပြီး "ဘာဖြစ်လို့လဲ?"
ချုံ့ကွမ်းက သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။ "...ရှစ်ရှုန်း ကျွန်တော့်ခြေထောက်တွေလည်း ထုံနေတယ်"
နောက်ဆုံးအဆုံးသတ်သည် စိတ်ကူးယဉ်ဖို့ မခက်ပေ။ သူတို့နှစ်ဦးသည် ရွှီရှင်းကျီ ၏နောက်ကျောတွင် တစ်ပြိုင်နက်တည်း ဖက်တွယ်ထားပြီး တစ်ဖက်စီကို သိမ်းပိုက်ထားသည်။
နှစ်ယောက်စလုံးက သေးသေးလေးမို့ သူတို့နှစ်ယောက်ကို တစ်ပြိုင်တည်းသယ်ဖို့ သိပ်အားစိုက်ထုတ်စရာမလိုပါဘူး။
နှစ်ယောက်သား လုံလုံခြုံခြုံ ဖက်တွယ်ထားကြောင်း သေချာပြီးနောက်၊ ရွှီရှင်းကျီသည် အတွင်းခန်းမဆီသို့ သွားခဲ့သည်။
သို့သော်လည်း ခဏအကြာတွင် သူ့နောက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။
ကလေးဆန်သော ကောင်စုတ်လေးနှစ်ကောင်သည် မူလက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ရုံမျှသာဖြစ်သော်လည်း နောက်ပိုင်းတွင် တစ်ယောက်ကိုတစ်ယောက် ပုတ်ခတ်လာကြသည်။ နောက်ဆုံးတော့ ဘယ်သူက နည်းနည်းကြမ်းတယ် ဆိုတာ မသိရပေမယ့် နှစ်ယောက်လုံးက ခြေထောက်ဖြင့် စတင်ကန်လာကြသည်။
ရွှီရှင်းကျီသည် နေရာတွင် ရပ်လိုက်သည်။ "....မင်းတို့ဘာတွေလုပ်နေတာလဲ?"
ချုံ့ကွမ်းက စိတ်ရှုပ်သွားပြီး “ရှစ်ရှုန်းက ငါ့အပိုင်၊ ဖယ်”
ကျို့ကျစ်သမ်း : "မဖယ်ဘူး၊ ငါ့အပိုင်"
ရွှီရှင်းကျီသည် သူတို့၏ရန်ပွဲကို နှောင့်ယှက်မိသောကြောင့် ရယ်ရမလား၊ ငိုရမလားမသိ: "....မင်းတို့နှစ်ယောက်လုံး၊ ရှစ်ရှုန်းက အဖိုးတန်ပစ္စည်းလား? မင်းနှစ်ယောက် လုနေရအောင်လေ? မင်းနှစ်ယောက် ဆက်တိုက်နေရင် အောက်ချပြီး ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ခိုင်းလိုက်မှာနော်"
ထို့ကြောင့် နောက်ဆုံးတွင် ငြိမ်းချမ်းရေးသည် ကမ္ဘာပေါ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ရွှီရှင်းကျီသည် ၎င်းတို့ကို သူ့နောက်ကျောပေါ်တင်ပြီး တောက်ပသော မီးရောင်များဆီသို့ ဦးတည်သွားခဲ့သည်။
ထိုအလင်းတန်းများသည် တဖြည်းဖြည်း မှိန်သွားပြီး လှိုင်းလုံးကြီးတစ်ခုထဲသို့ ပေါင်းစပ်သွားသည်ကို ကြည့်ပြီးနောက် ပြင်းထန်စွာ တောက်ပလာပြန်သည်။
ရွှီရှင်းကျီ၏ မျက်ခွံများ လှုပ်ယမ်းသွားပြီး မျက်လုံးဖွင့်လိုက်သည်။
သူသည် စွန့်ပစ်မြေတွင် ရှိနေဆဲ။
လွင်တီးခေါင်မှာ အိပ်မက်မက်ခြင်းသည် စွမ်းအင်ပိုသုံးတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး ရွှီရှင်းကျီရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ခွန်အားမရှိသလို သူ့လက်တွေ အလွန်အမင်း နာကျင်နေပြီး အားနည်းနေတာကြောင့် ဖြစ်သည်။
ထိုင်ရန် အားထုတ်မှုများစွာကို ဖြုန်းတီးပြီးနောက်၊ ကျိုးဝမ့်သည် သူ့အခန်းထဲတွင် အမှန်တကယ်ရှိနေသည်ကို တွေ့ရှိခဲ့သည်။ သူမတွင် လက်နှစ်ဖက်ပိုက်ကာ နံရံကိုမှီနေပြီး မကျေနပ်သောမျက်နှာဖြင့် သူမနောက်ကျောတွင် ချိတ်ထားသည့် ဧရာမဓါးကြီးတစ်လက်ရှိသည်။
ရွှီရှင်းကျီက သူ့ခေါင်း မူးဝေတာကို သည်းခံပြီး “မင်းဘာလို့ဒီကိုရောက်နေတာလဲ?”
ကျိုးဝမ့်က အပြင်ဘက်သို့ ညွှန်ပြသည်– “ဖုန့်တောင်က လူတွေသူတို့ရဲ့ခေါင်းဆောင်ကို ကယ်တင်ဖို့ လာနေကြပြီ။ ဒီတစ်ခါတော့ အရူးလို သတ်နေကြတယ်။ မုန့်သာ့ကောက ရှင့်ကို ဒီမှာ စောင့်ရှောက်ထားဖို့ ပြောထားလို့”
ယနေ့ ရွှီရှစ်ရှုန်းလည်း ဖခင်မေတ္တာအပြည့်ရှိနေဆဲပင်။
(T/N: ကလေးတွေလုတာ ခံနေရသော မူရင်းရွှီရှင်းကျီ: 😑)
___________
Advertisement
- In Serial8 Chapters
Gengar in Stardew
Pokemon/Stardew crossover fancfiction short story. Punk girl Abigail finds a pokemon in the mines and the discovery gives her a newfound sense of purpose.
8 62 - In Serial45 Chapters
The Mystifying Diviner
Content warning, there is cursing in the story and there will be some pretty heavy sexual innuendos in it also. I don’t really plan to write gore, but there will be fight scenes. Fair warning to readers, it is a slow start. But hopefully it is enjoyable for you to read. Follow the story of an old chef who was lucky to be selected to become a system host. Well maybe not so lucky, because gaining the system killed him. He will be given a system that might not be the best match for him. While also having to deal with a snarky system monitor who might not be that helpful most of the time. He will also use his new found powers to enjoy life in a new younger body. What you can expect from this story is bad writing, poor grammar, and slow pacing maybe. Food, cooking, comedy, slice of life, fighting, exploring, tournaments, scamming and probably face slapping. I mean who doesn’t like a good face slapping? This is my take on a cultivation story, a lot of Eastern stuff will be crammed into with a mix of Western. This story started as a goal for myself to write 60,000 words in a month for NaNoWriMo. I was able to do it even with taking days off and not writing. I plan to keep writing the story, but at a slightly slower pace. I am aiming for 2-3 chapters a week now with about 4-7k words written. This is only posted on RoyalRoad currently, and I have no plans to change that for now. Cover art is by Jack0fheart [Participant in the 2021 Royal Road Writathon Challenge for the month of November 2021]
8 81 - In Serial8 Chapters
Adventures of one dude with an afro
...East-Blue, West-Blue, South-Blue, and North-Blue are the four seas that constitute most of the whole planet. Humanity is thriving on the small patches of land which poke out of the four seas. These four seas are separated horizontally by a humongous mountain which encircles the whole planet, called Red Line, and vertically by, the most dangerous sea known to man, Grand-Line. Both sides of Grand-Line are flanked by strips of the windless sea called Calm Belt. The eternally windless strips of sea are impossible to cross with only wind-powered ships. It might be calm over the water, but the water hides nasty beings called sea kings, not to be disturbed as the name suggests. People in this world can train themselves past any and all physical limits, only their mentality is the problem. A strong mind makes the body strong. Everyone in this world possesses this almost magical power in them called haki. There are three types of haki, two available to everyone and the last one is seen only once in seven million people. Different haki can be used to strengthen the body to even affect logia users, to predict and to foresee attacks, sense others’ prowess and even exert your will upon others. Fruits of the sea devil. Otherwise know as devil fruits, give miraculous powers to those who eat them, but robs them of their power to swim and makes them vulnerable to anything from normal seawater to the crystallized power of the sea, sea stone. Devil fruit powers are categorized into three different categories: Zoan type fruits allow their users to transform into an animal of a sort and gain their abilities. There are also human and mythical type zoans so they should actually be called transformation powers but those ones are extremely rare to the point of none existent that most just associate zoan transformations into animals. Logia fruits make their eaters become the element that the fruit was. For example, the one who eats the fire logia fruit is able to use fire in their attacks, become fire to avoid physical attacks and much else. Last but not least are the Paramecia fruits, these fruits are undoubtedly the weirdest and most random of the bunch. There are some that let you attract metal, make you slim and slippery, make your body able to split your body into many pieces, makes your body rubber, lets you control vibrations, light, pressure almost anything you can imagine. Lastly, there are two opposing factions in this world. The marines and the pirates, most strong people are part of either one. Both have their ups and downs. Pirates are free people who do whatever they want. Good or Bad. Marines are the upholders of justice in this world yet no justice system is without corruption. I closed the introductory book while frowning. "Isn't this a summary to the one piece world...?" The cover isn't mine and I am willing to take it down.
8 64 - In Serial16 Chapters
Spirit Caster: The Lost Dragon
Soulless, the term used to describe someone empty inside, takes up another meaning, that is a person with no Spirit Powers. A person who is shunned and pushed to the edge of society for no other reason than a difference they had no choice in. Maddox and Kuro, siblings, had moved through life as soulless individuals, pushed to the edge of reason, but when one tragic encounter sets off a series of events beyond anyone's imagination, could these soulless people really change the world?
8 131 - In Serial8 Chapters
Blood and Silver
Netempus, South Africa, in the year twenty eighty-four. The government had created the city as a social experiment in which the city’s infrastructure and technology were that of an American city in the 1980’s. However, it became home to something much more sinister. A small handful of mutated humans, vampires, had been all gathered into this one city, unbeknownst to the city’s residents. Once there, the vampires took control of the criminal underworld, forming three main crime families. This is the story of Nadia Cruxius, member of the Cruxius crime family.
8 110 - In Serial13 Chapters
'Granger' Family Reunion
🔥🔥🔥WARNING ~ Harry Potter spoilers🔥🔥🔥⭐️⭐️⭐️Clean ~ No foul language ⭐️⭐️⭐️✨✨✨This Granger family reunion is basically like the others. Mean cousins, handsome husband making the mean girls jealous, but one thing has changed. A brother, a mother and a father. All wizards...And when a jealous cousin vows to uncover Hermione's secret, will she be able to rely on magic to make her problems go away?✨✨✨🌟🌟🌟"Aunt Elisa, how nice to see to see you!" Hermione grinned, trying to ignore the scowl on her aunt's face."Yes, dear. Didn't think you were coming this year." Aunt Elisa replied with a grimace on her face."Neither did I." Hermione muttered so that only her mum could hear her, who promptly gave her a playful shove which Hermione returned.🌟🌟🌟💫💫💫Includes Dramione{Draco + Hermione}💫💫💫☀️☀️☀️13 Published Chapters (Not Including Author's Notes)☀️☀️☀️🙌🙌🙌Highest Rating = #1 in 'grangerfamilyreunion'🙌🙌🙌⚡️⚡️⚡️DISCLAIMER ~ All the original Harry Potter characters belong to JK Rowling. I only own the cousins, extended family and the plot.⚡️⚡️⚡️
8 193

