《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(10) သံသယလွန်ကဲသောလူတစ်ယောက်
Advertisement
ခိုးနားထောင်ခြင်း၊ ခြစ်ရာများ၊ ပိုင်ဆိုင်လိုစိတ်
. . . ဤသည်မှာ ရွှီရှင်းကျီ၏ ဝတ္ထုထဲမှ တူညီသော ဆက်တင်ဖြစ်သည်။
ရွှီရှင်းကျီ ၏မူရင်းဇာတ်ကြောင်းအရ၊ မုန့်ချုံ့ကွမ်းနှင့်အဖွဲ့သည် ဤနှစ်များတစ်လျှောက်လုံး စွန့်ပစ်မြေစာပုံကြီးမှ ၎င်းတို့၏ လက်မှတ်ဖြစ်သည့် သော့ကို ရှာဖွေနေခဲ့ကြသည်။
လွင်တီးခေါင်တွင် ဝင်ပေါက်နှင့် ထွက်ပေါက်အဖြစ် လုပ်ဆောင်သည့် “တံခါး” တစ်ခုသာ ရှိပြီး ဤကမ္ဘာပေါ်တွင် စွန့်ပစ်မြေစာပုံအတွက် စုစုပေါင်းသော့နှစ်ချောင်းသာ ရှိသည်။
ထိုနှစ်ခုအနက်မှ တစ်ခုသည် မြေရိုင်း၏အပြင်ဘက်တွင် နေထိုင်သော ဖြောင့်မတ်သောဂိုဏ်းများ၏ ခေါင်းဆောင်မှ ပုဂ္ဂိုလ်ရေးအရ ထိန်းသိမ်းထားခြင်းဖြစ်သည်။ အခြားသော့ကို ခေါင်းဆောင်က တောထဲတောင်ထဲ ဝှက်ထားသည်။ ဤအရာသည် အကျဉ်းသားများအား အချည်းနှီးသော ရှာဖွေမှုသံသရာမှ ထပ်ခါတလဲလဲ ကြုံတွေ့စေပြီး ၎င်းတို့အား မျှော်လင့်ချက်ဖြင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းရန် ဖြစ်သည်။
ဤသော့၏တည်နေရာနှင့် ပတ်သက်၍ သီအိုရီများစွာရှိခဲ့သည်။
ဤသော့မရှိဟု အချို့က ယုံကြည်ကြပြီး အထက်လူကြီးများက ဤအကျဉ်းသားများအား ပေးသော အိပ်မက်မျှသာဖြစ်သည်။ သို့သော်လည်း သော့သည် အပိုင်းပိုင်းခွဲ၍ ပြန့်ကျဲနေသောကြောင့် စုဆောင်းရအလွန်ခက်ခဲသော်လည်း သော့ရှိနေသည်ဟု ထင်မြင်ကြသူများလည်း ရှိသေးသည်။ သို့သော် ယခင်နှင့် နှိုင်းယှဥ်ပါက နောက်ဆုံးတွင် မျှော်လင့်ချက်အချို့ကိုတော့ ပေးစွမ်းနေဆဲဖြစ်သည်။
ရွှီရှင်းကျီ ၏ဇာတ်လမ်းတွင်၊ နောက်ဆုံးတွင်၊ မုန့်ချုံ့ကွမ်းသည် သော့ကိုရယူခဲ့ပြီး လွင်တီးခေါင်မှထွက်ခွာသွားခဲ့သည်။
ရွှီရှင်းကျီသည် ထိုအချက်အထိ စာမရေးရသေးသလို သော့ဝှက်ထားသည့်နေရာကိုလည်း မဖော်ပြထားသေးသော်လည်း သူ့မူကြမ်းများတွင် အရေးကြီးသော သက်ဆိုင်ရာ အချက်အလက်များကို ရရှိနိုင်သည့် နေရာလေးခုကို ရှင်းလင်းစွာ မှတ်သားထားပြီးဖြစ်သည်။
- ဖုန့်တောင်၊ ဟူထျောင်လျှိုမြောင်၊ ဟွားချူးနယ်မြေ၊ ဝူထုန်ပင်လယ်။
စွန့်ပစ်မြေ၏ သော့အစစ်အမှန်သည် မည်သည့်နေရာတွင် တည်ရှိနေသနည်းဆိုသည်ကို ဖန်တီးသူ ရွှီရှင်းကျီကိုယ်တိုင်တောင် ၎င်းကို မည်သည့်အပေါက်ထဲသို့ ပစ်ချခဲ့သည်ကို မသိပေ။
လောလောဆယ်တွင် ရွှီရှင်းကျီသည် အချက်အလက်များစွာကို ပိုင်ဆိုင်ထားသော်လည်း "နှောင့်နှေး" ဟူသော စာလုံးနှစ်လုံးဖြင့်သာ လုပ်ဆောင်နိုင်ခဲ့သည်။
ရွှီရှင်းကျီက ဒီလူတွေကို မမုန်းပေ။ မုန့်ချုံ့ကွမ်း အပါအဝင် ၎င်းတို့အားလုံးသည် သူ၏ကိုယ်ပိုင်ရေးသားမှုများမှ မွေးဖွားလာခဲ့ကြပြီး ၎င်းတို့၏ ကြေကွဲဖွယ်ကံကြမ္မာကို သူကိုယ်တိုင် လုံးလုံးဖန်တီးခဲ့သည်ဟု ဆိုနိုင်ပေသည်။
မုန့်ချုံ့ကွမ်းသည် ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း "လောကအသိဉာဏ်" မှအသိပေးခံရသော်လည်း၊ တစ်ချိန်က အိပ်ယာပေါ်လက်ထိပ်ခတ်ပြီး ချုပ်နှောင်ခံရသော်လည်း၊ ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်းကို ဤမျှလောက်အထိ မုန်းတီးရန် မစွမ်းဆောင်နိုင်သေးပေ။
ဒါပေမယ့် သူ အိမ်ပြန်ရမယ်။
သူ့အဖေ ရွှီစန်းချိုးနဲ့ သူ့ညီမ ဝူထုံနှစ်ယောက်လုံးက အပြင်မှာရှိနေတာကြောင့် ဒီထင်ယောင်ထင်မှားကြောင့် မပြန်လို့မဖြစ်ပေ။
"လောကအသိဉာဏ်" သည် ပို၍ရှင်းလင်းပြတ်သားစွာ မပြောနိုင်တော့ပေ။ အကယ်၍ သူ မုန့်ချုံ့ကွမ်းကို မသတ်နိုင်ခဲ့လျှင် သူလုံးဝ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။
ထို့အပြင်၊ သူသည် မုန့်ချုံ့ကွမ်း ကိုမုန်းတီးခြင်းမရှိသော်လည်း၊ ၎င်းသည် မုန့်ချုံ့ကွမ်းကို လွင်ပြင်မှလွတ်မြောက်ရန်ကူညီလိုသည်ဟုလည်း မဆိုလိုပါ။
မုန့်ချုံ့ကွမ်းတွင် မခန့်မှန်းနိုင်သော စိတ်နေစိတ်ထားရှိသည်။ သူ့ကို မြေကြီးထဲ ပစ်ချပြီး ၁၃ နှစ်ကြာ ထောင်သွင်းအကျဉ်းချခြင်းမှာ ပါဝင်ခဲ့သူတွေ သူပြန်ထွက်လာတဲ့အခါ မည်မျှ ဒုက္ခရောက်မည်ကို မည်သူမျှ ကြိုမမြင်နိုင်ပေ။
ထို့ကြောင့် ကျိုးပိုင်နန် ၏မေးခွန်းကို ရင်ဆိုင်ရင်း ရွှီရှင်းကျီသည် မမြန်သလို မနှေးသောအလျင်ဖြင့် ပြန်ဖြေလိုက်သည်။ "ချုံ့ကွမ်းကို မြန်မြန် သုတ်သင်ဖို့ ဘာလို့ငါ့ကို ပြောခဲ့တာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။ ငါမသတ်နိုင်ရင် သူလည်းငါ့ကို လွင်တီးခေါင်မှာ သေစေချင်နေတာပဲ"
ကျိုးပိုင်နန်က တခစ်ခစ်ရယ်ပြီး "မင်းမွေးထားတဲ့ ရှစ်သိခွေးကောင်းလေးတွေကို ကြည့်ပါအုံး"
ရွှီရှင်းကျီက သူ့ရဲ့ ချီးကျူးစကားကို ပြန်ပြောခဲ့သည်- "မင်းပြောတဲ့ခွေးကောင်းဆိုတာ မုန့်ချုံ့ကွမ်းလား ကျို့ကျစ်သမ်းလား?"
ကျိုးပိုင်နန်သည် စကားတစ်ခွန်းမှ မပြောဘဲ “နှစ်ယောက်စလုံး ဘာမှမကောင်းဘူး”
မူလပိုင်ရှင်၏ မှတ်ဉာဏ်ကိုအသုံးပြုပြီး ရွှီရှင်းကျီသည် လူများနှင့် စကားပြောဆိုမှုကို ထိန်းသိမ်းရာတွင် ယုံကြည်မှုအချို့ရှိခဲ့သည်။
ကျိုးပိုင်နန်ကိုလည်း ဤမြေရိုင်းထောင်ထဲတွင် ပိတ်မိနေသောကြောင့် အရမ်းရေးကြီးခွင်ကျယ်လုပ်ဖို့မလိုဘူးဟု သူအမှန်ပင် ထောက်ပြချင်သော်လည်း ကျိုးပိုင်နန်သည် သူ့အတွက် ခက်ခဲအောင် ဦးစွာပြုလုပ်ခဲ့သည်- "မင်း ဒီနှစ်တွေမှာ ကျို့ကျစ်သမ်းနဲ့ အတူနေခဲ့တာ မဟုတ်လား?"
ရွှီရှင်းကျီ: "....ဘာလို့မေးတာလဲ?"
"အခုအချိန်မှာ၊ ဖုန်းလင်တောင်တစ်ခုလုံးကို သူပဲပိုင်ပြီး မုန့်ချုံ့ကွမ်းကိုလည်း သူကိုယ်တိုင်က ဒီအကျဉ်းခန်းထဲမှာ ထည့်ထားတာလေ။ သူမင်းကို လွှတ်ပေးဖို့ ဆန္ဒရှိမှာတဲ့လား?" ကျိုးပိုင်နန်က ပြုံးယောင်ယောင်ဖြင့် “...မုန့်ချုံ့ကွမ်းကို လာသတ်ခိုင်းမှတော့ မင်းတို့ရဲ့ဆက်ဆံရေးက မပျက်သေးဘူး မလား?”
ကျိုးပိုင်နန်၏ အပြုံးကြောင့် ရွှီရှင်းကျီတစ်ကိုယ်လုံး ကြက်သီးမွှေးထသွားသည်။
ကျိုးပိုင်နန်၏စကားထဲတွင် တခြားအရာတစ်ခုပါသေးသည်ဟု ခံစားမိသည်။
....လူတိုင်းတွင် ရှစ်ရှုန်း-ရှစ်သိ ဆက်ဆံရေးရှိကြသော်လည်း အကြီးဆုံးရှစ်ရှုန်းအနေဖြင့် သူသည် ဤကံမကောင်းသော ရှစ်သိများမှ ပျိုးထောင်ထားသော ယုန်အရှင်နဲ့ အဘယ်ကြောင့် တူနေရသနည်း။
(T/N: ယုန်အရှင်ဆိုတာ ယောကျာ်းလေးနှစ်ယောက်romanceကို ရည်ညွှန်းတာဖြစ်သလို၊ လပြက္ခဒိန် Augustလမှာ ဆုတောင်းမေတ္တာပို့တဲ့ အရုပ်လည်း ဖြစ်ပါတယ်)
လေးလေးနက်နက်စဉ်းစားပြီးနောက် ကျိုးပိုင်နန်၏ သုံးသပ်ချက်သည် အခြေအမြစ်မရှိဟု ခံစားရသည်။
Advertisement
ရှောင်ရှားရန်နှင့် ရှုပ်ထွေးသော မုသားများထပ်ဖွဲ့ရန်အတွက် ရွှီရှင်းကျီ တစ်ခါထဲဆုံးဖြတ်လိုက်သည်။ "ဒီလိုပါပဲ"
သူ့စကား ဆုံးသွားသည်နှင့် တပြိုင်နက် တံခါးအပြင်ဘက်မှ အသံတစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး အုတ်ခဲများ ကြေမွသွားသည့် အသံများ ထွက်ပေါ်လာသည်။
ကျိုးပိုင်နန် ခုန်ထလာပြီး အခြေအနေအရပ်ရပ်ကို လိုက်ရှာသည်။
ရွှီရှင်းကျီသည် ရုတ်တရက် အလွန်ဆိုးရွားသောကြိုတင်နမိတ် ရခဲ့သည်။
သူလည်းထပြီး နောက်ကလိုက်သွားလိုက်သည်။
ကျိုးပိုင်နန်သည် ပျံ့လွင့်နေသော ဝိညာဉ်တစ်ကောင်ဖြစ်ပြီး နောက်မှလိုက်နေသော ရွှီရှင်းကျီသည် တံခါးကို ဦးစွာဖွင့်ရန် လိုအပ်နေချိန်တွင် တံခါးကို တိုက်ရိုက်ဖြတ်လျှောက်သွားခဲ့သည်။
တံခါးကိုဖွင့်ပြီးနောက် ကျိုုးပိုင်နန်သည် အေးတောင့်သွားသည်ကို တွေ့ရှိခဲ့ပြီး ရွှီရှင်းကျီ၏ ဆိုးရွားလှသော ကြိုတင်နမိတ်သည် ပိုမိုပြင်းထန်လာသည်။
ရွှီရှင်းကျီက သူ့အကြည့်နောက်ကို လိုက်ပြီးပြင်းစွာ ရူရှိုက်လိုက်သည်။
တံခါးဝတွင် မည်သူမျှမရှိသော်လည်း၊ မူလနဂိုအတိုင်း ထွင်းထုထားသည့် ကျောက်စာတိုင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော လူပုံသဏ္ဍာန် အရိပ်အယောင် ရှိနေသည်။ အခန်းအဝင်ဝကို မျက်နှာမူရင်း တစ်စုံတစ်ယောက်သည် နောက်ကွယ်တွင် ပုန်းအောင်းနေနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ပိုထိတ်လန့်စရာကောင်းတာက လူပုံသဏ္ဍာန်ရဲ့ ဘေးနဲ့ အရှေ့ဘက်မှာ အလွန်အမင်း ပိုင်းခြားထားတဲ့ လက်ချောင်း ခြစ်ရာ (၅) ခု ရှိသည်။
အမှတ်အသားများသည် အလွန်ရှည်လျားပြီး ကျောက်တုံးများသည်လည်း တစ်စစီဖြစ်နေသည်။ ခိုးကြောင်ခိုးဝှက်နားထောင်နေသောသူသည် ဤမျှလောက်နက်နဲသော ခြစ်ရာများကို ချန်ထားခဲ့နိုင်သည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထင်ရှားသည်။
သူတို့နှစ်ယောက် စကားပြောနေတာကို ပြန်တွေးကြည့်တော့ ပုံမှန်မဟုတ်တဲ့ ဆူညံသံတွေ ထွက်လာတဲ့အချိန်၊ ပြီးတော့ ဒီမျှော်စင်မှာ ဘယ်သူက အဲဒီလို ပါဝါရှိလဲဆိုတာကို စဉ်းစားကြည့်တော့ အပြင်မှာ ချောင်းနားထောင်နေတဲ့သူကို ခန့်မှန်းရ လွယ်ကူစေသည်။
ကျိုးပိုင်နန်သည် တောင့်နေသော ရွှီရှင်းကျီအား စာနာစိတ်ဖြင့် “ဆုတောင်းပေးလိုက်ပါတယ်"
ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်းက မူလပိုင်ရှင်ကို အလွန်အမင်း စွဲလမ်းနေကြောင်း "လောကအသိဉာဏ်" က စောစောပိုင်းကတည်းက ပြောပြီးဖြစ်သည်။ သို့သော် ဤကြောက်စရာကောင်းသော ဖွင့်ထုတ်လိုက်သည့်သဲလွန်စကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရတော့ ရွှီရှင်းကျီ၏ ခြေသလုံးကြွက်သားများကို အနည်းငယ် ကြွက်တက်သွားစေသည်။
မုန့်ချုံ့ကွမ်းသည် သားရဲလူသားကို အကျဉ်းချထားသော အခန်းငယ်လေးထဲသို့ လှည့်သွားသောအခါ အရိုးစုမိန်းကလေးသည် သတိလစ်နေသော သားရဲလူကို ကုသနေတုန်းပင်။
မုန့်ချုံ့ကွမ်း ဝင်လာချိန်မှာတော့ တံခါးကို ကန်မဖွင့်သလို အသံလည်း မကြားရပေမယ့် တစ်ချက်ကြည့်လိုက်ပြီးနောက် အရိုးစုမိန်းကလေးက မရေရာသောထင်ကြေးဖြင့် “ဘယ်သူက ဒီလောက်အထိ ဒေါသထွက်အောင်လုပ်လိုက်တာလဲ?" လို့ မေးလိုက်သည်။
မုန့်ချုံ့ကွမ်းက သူ့သွားတွေကို အံကြိတ်ပြီး "ငါဒေါသမထွက်ဘူး"
အရိုးစုမိန်းကလေးက “ငါသိတာတော့ နင်ဒေါသကြောင့် ရူးတော့မလိုပဲ” လို့ ပြန်ဖြေသည်။
ရွှီရှင်းကျီနှင့် ဝေးကွာလာပြီးနောက်၊ မုန့်ချုံ့ကွမ်း၏မျက်နှာပေါ်တွင် အေးစက်ပြီး အထင်သေးသောအမူအရာပေါ်လာသည်။ သူသည် ရှေ့သို့လှမ်းကာ မြေပြင်ပေါ်၌ အသက်ရှုကြပ်နေသော သားရဲလူ၏ဦးခေါင်းပေါ်သို့ ခြေထောက်ကိုတင်လိုက်သည်- "ရှစ်ရှုန်းက သူ့ကိုမသေစေနဲ့လို့ အတိအကျပြောထားပြီးသားကို ဘာလို့မနိုးသေးတာလဲ"
အရိုးစုမိန်းကလေး- "...နင်ပဲသူ့ကိုဒီအခြေအနေထိရောက်အောင် ထုရိုက်ထားတာ၊ သေစေချင်လို့မဟုတ်ဘူးလား?"
"မသေသင့်လို့လား?" မုန့်ချုံ့ကွမ်း ၏အမူအရာမှာ အနည်းငယ် မခံမရပ်ဖြစ်သွားကာ "သူကြောင့် ရှစ်ရှုန်းရှေ့မှာ ငါထိန်းချုပ်မှုလွတ်သွားပြီး ရှစ်ရှုန်းရဲ့ နှလုံးသားနက်ထဲက ငါ့ပုံရိပ်ကို ပျက်စီးစေခဲ့တယ်လေ"
အရိုးစုမိန်းကလေး- "...."
မုန့်ချုံ့ကွမ်းသည် သူ၏ခြေအောက်မှ ခွန်အားကို တိုးမြင့်လိုက်ပြီး သားရဲသူ၏ ဦးခေါင်းခွံကို နင်းခြေကာ လှောင်ပြောင်ပြောဆိုလိုက်သည်။ "...ဒီတစ်ခါတော့ သူ့ကိုယ်သူ ကံကောင်းတယ်လို့ တွေးသင့်တယ်။ သူသာရှစ်ရှုန်းကို နည်းနည်းလေးလောက် အခြစ်ရာထင်သွားအောင်လုပ်မိရင် သူ့အရိုးတွေကို ဖယ်ထုတ်ပြီး အမှုန့်ကြိတ်ပြီး လက်ဖက်ရည်လုပ်သောက်ပစ်မယ်"
အရိုးစုမိန်းကလေးက သူ့ကို အထူးမကြောက်ခဲ့ပေ- “နင်သူ့ကို အသက်ရှင်စေချင်ရင် နင့်ခြေထောက်ကို အရင်ရွှေ့လိုက်။ သူ့သွေးခုန်နှုန်းနဲ့ အသက်ရှုန်းကိုတောင် တည်ငြိမ်အောင်လုပ်ဖို့က ငါ့အတွက် မလွယ်ဘူး။ နင်သူ့ကို ခဏလောက်ကြာအောင် နင်းထားလိုက်ရင် နောက်ဆုံးအသက် ထွက်သွားတော့မှာပဲ"
မုန့်ချုံ့ကွမ်းသည် သူမအပါ် မဲနေပုံရသည်။ သူသည် သားရဲလူ၏ဦးခေါင်းပေါ်ရှိ ခြေထောက်ကို တင်းတင်းကြပ်ကြပ်ထားကာ မ-ဖယ်-တော့-ဘာ-ဖြစ်-လဲ ဆိုသည့်အကြည့်ဖြင့် ကြည့်နေသည်။
အရိုးစုမိန်းကလေးက သူ့ကို လုံးဝလျစ်လျူရှုလိုက်သည်၊ သူမ၏ လက်ချောင်းထိပ်များသည် စိမ်းစိုနေသော ကျောရိုးများပေါ်တွင် ပျံဝဲနေကာ ကျောရိုးတစ်ခုစီကို ဖြတ်ကျော်သွားလိုက်ပြီး ညည်းညူဘဲ မနေနိုင်တော့ပေ- “တကယ်လို့ သူ့မှာအပေါ်ယံ ဒဏ်ရာတွေပဲ ရခဲ့ရင်တော့ သူ့ဒဏ်ရာတွေကို ငါ့ဆီလွှဲပေးလိုက်လို့ရတယ်။ ဒါပေမယ့် ဒီအတိုင်းအတာအထိ ဒဏ်ရာရခဲ့တော့...ငါတတ်နိုင်သမျှ သူ့အသက်ကို ထိန်းသိမ်းဖို့ အကောင်းဆုံး ကြိုးစားထားတယ်”
“.....ကျေးဇူးအများကြီးတင်ပါတယ်"
အရိုးစုမိန်းကလေး၏ အဆစ်များအားလုံး တောင့်တင်းသွားသည်။
ထုံးစံအတိုင်း၊ ကျေးဇူးတင်သူမှာ မုန့်ချုံ့ကွမ်း မဟုတ်ပေ။ သူတို့ရှေ့မှာ သူသည်ဘယ်တော့မှ မယဉ်ကျေးပေ။ သူတို့အားချီးကျူးစကားပြောသည်ကို ကြားရလျှင်တောင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးမှာ ရှားရှားပါးပါး သံပင်တစ်ပင် ပွင့်နေသည့် မဟုတ်ဘူး၊ သင်္ချိုင်းတွင် ပေါက်နေသော ဖရဲသီးကဲ့သို့ ဖြစ်လိမ့်မည်။
အခန်းငယ်လေး၏အဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်သောအခါ မုန့်ချုံ့ကွမ်း ၏မျက်နှာပေါ်ရှိ အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။
ရွှီရှင်းကျီသည် ထိုနေရာတွင် ရပ်နေပြီး အရိုးစုမိန်းကလေးကို လက်ဝှေ့ယမ်းကာ သူ့ယက်တောင်ဖြင့် ပေါ့ပေါ့ပါးပါးနှုတ်ဆက်လိုက်သည်။
Advertisement
အရိုးစုမိန်းကလေးသည် လျင်မြန်စွာ ခေါင်းငိုက်ကျသွားကာ မုန့်ချုံ့ကွမ်းသည်လည်း ပြန်လှည့်သွားပြီး ခြေဖဝါးကို သားရဲလူ၏ဦးခေါင်းခွံမှ နာခံစွာ ဖယ်ထုတ်ကာ အပြစ်ရှိသလို သူ့ခြေထောက်ကို မြေပြင်ပေါ်တွင် ကြိမ်ဖန်များစွာ ပွတ်လိုက်သည်။
ရွှီရှင်းကျီသည် သူ့လက်ထဲတွင် ခေါက်ထားသောယက်တောင်ကို ဆုပ်ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း လျှောက်သွားကာ "ရှစ်မေ့၊ ပင်ပန်းသွားပါပြီ" ဟု သဘာဝကျကျ နှုတ်ဆက်လိုက်သည်။
သူ့အထင်အမြင်လွဲနေတာလားမသိ၊ ဒါပေမယ့် သူရိုးရိုးရှင်းရှင်း ရှစ်မေ့လို့သာခေါ်လိုက်ပြီးနောက်မှာတော့ ဗလာကျင်းနေတဲ့ အရိုးစုမိန်းကလေးရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ တဖျပ်ဖျပ်တောက်နေတာကို တွေ့လိုက်ရသည်။
...ဒါပေမယ့် သူမ မျက်ရည်ကျဖို့ စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ပါ။
အရိုးစုမိန်းကလေးက ပါးစပ်ကို နှစ်ခါလောက် ဖွင့်ပိတ်လိုက်ပေမယ့် အသံမထွက်ပေ။ သူမ ခေါင်းငုံ့ကာ အမြန်ထွက်သွားသည်။
ရွှီရှင်းကျီကို ဖြတ်သွားစဉ်တွင် သူမသည် ခေတ္တရပ်ကာ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ရွှီရှင်းကျီအား နှုတ်ဆက်ပြန်သည်- "မတွေ့တာကြာပြီ...ရှစ်ရှုန်း"
ရွှီရှင်းကျီသည် သူ့လက်ကို မြှောက်ကာ သူမ၏ ပျော့ပျောင်းဖြောင့်စင်းသော ဆံပင်များကို ပွတ်သပ်ပြီး ပေါ်လွင်နေသော တောက်ပြောင်နေသော အရိုးများကို လုံးဝစိတ်ထဲမထားပေ။
အရိုးစုမိန်းကလေးသည် သည်းခံရန်ကြိုးစားသော်လည်း နောက်ဆုံးတွင် ရွှီရှင်းကျီ၏ တင်းကျပ်သော ပွေ့ဖက်ထဲသို့ အလျင်အမြန် ပြေးသွားခဲ့သည်။
သူမ အော်ဟစ်ရင်း တုန်နေသည်– “....ရှစ်ရှုန်း"
ရွှီရှင်းကျီကိုယ်တိုင်က မွေးကတည်းက လူထူးလူဆန်းဖြစ်ပြီး နဂါးကောင်းရယ်ကွန်းမဟုတ်ပေ၊ သူ့ရှေ့က ဒီအရိုးတွေကိုသာ ကြောက်နေရင်၊ သူဒီလို ဆိုးဆိုးဝါးဝါး ဝတ္ထုကိုလည်း ရေးခဲ့မှာ မဟုတ်ပေ။
အရိုးစုမိန်းကလေးသည် သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သောအခါ၊ ရွှီရှင်းကျီ ရုတ်တရက် စိတ်ပျော့လာသည်။
သူ့ညီမငယ် ရွှီဝူထုံလည်း သတိမပေးဘဲ သူ့ရင်ခွင်ထဲကို မကြာခဏဝင်လာပြီး တွယ်တာမှုနှင့် မြတ်နိုးမှုများအပြည့်ရှိသော သူမမျက်လုံးဖြင့် ကောဟု ခေါ်လေ့ရှိသည်။
ရွှီရှင်းကျီသည် အရိုးစုမိန်းကလေး၏ပါးကိုထိလိုက်ပြီး "ရူကျိုး၊ အခုအဆင်ပြေသွားပါပြီ၊ ရှစ်ရှုန်းဒီမှာရှိတယ်"
သူမသည် ဤလူမဟုတ် သရဲတစ္ဆေမဟုတ်အဖြစ်သို့ မပြောင်းလဲခင်က ယွမ်ရူကျိုးသည် ဘဝ၏ဘေးဆိုးများကို မခံစားခဲ့ရသော အပျိုတစ်ဦးမျှသာဖြစ်သည်။ သူမ၏ စိတ်တည်ငြိမ်မှုကို ဆုံးရှုံးမှုမှ ပြန်လည်ကောင်းမွန်လာပြီးနောက် သူမက ရွှီရှင်းကျီကို ရှက်ရွံ့စွာ တွန်းထုတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ ".....တောင်းပန်ပါတယ် ရွှီရှစ်ရှုန်းကို နာကျင်စေမိပြီ"
ဤကလေးသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ချစ်စဖွယ်ကောင်းလွန်းသည်၊ ရွှီရှင်းကျီသည် အကိုတစ်ယောက်၏ချစ်စိတ်ကို သည်းမခံနိုင်ဘဲ သူမ၏ခေါင်းကို ထပ်ပုတ်လိုက်တော့ ခေါင်းငုံ့ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြေးထွက်သွားသည်။
ယွမ်ရူကျိုးကို လွှတ်လိုက်ပြီးနောက် ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်းဆီသို့ လျှောက်သွားပြီး ယက်တောင်ဖြင့် ခေါင်းကို ပုတ်လိုက်သည်။ "...စိတ်ဆိုးနေတာလား?"
မုန့်ချုံ့ကွမ်းက ခေါင်းငုံ့ပြီးဖိနပ်ကိုသာ နင်းနေကာ သူ့ကို လျစ်လျူရှုထားသည်။
ရွှီရှင်းကျီက သူ့အပြုံးကို မနည်းထိန်းထားရသည်။
မူလပိုင်ရှင် ဖုန်းလင်တောင်မှ ကောက်ယူခဲ့သော နတ်ဆိုးကလေးငယ်နှင့် သူ့ရှေ့တွင် ဝုန်းဒိုင်းကြဲနေသော နတ်ဆိုးတစ်ကောင်ကို ပုံစံတူမှ ထွင်းထုထားသကဲ့သို့ အချင်းချင်း ထပ်နေသည်။
ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်းက ကျိုးပိုင်နန်နှင့် သူပြောခဲ့သော စကားဝိုင်း၏ အနည်းဆုံး 60-70% ကို ကြားခဲ့ကြောင်း သေချာသည်။ ကံကောင်းထောက်မစွာ၊ "မုန့်ချုံ့ကွမ်းကို သတ်ဖို့လာတာ" ဟူသော စကားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း ရှိရှိ၊ မရှိရှိပြဿနာမရှိပေ။ အကယ်၍ ထိုအကြောင်းပြောမယ်ဆိုရင်လည်း သံသယကို ရှောင်ရှားရန် အမှန်တကယ် အထောက်အကူဖြစ်လိမ့်မည်။
မုန့်ချုံ့ကွမ်းသည် သူပေါ်လာရသည့် အကြောင်းရင်းကို စိတ်မဆိုးဘဲ၊ သူ(MCG)ဂရုစိုက်သည့်အရာမှာ သူဘယ်ကလာသည် ဖြစ်နိုင်သည်။
ရွှီရှင်းကျီက "မင်း စိတ်ဆိုးရတဲ့ အကြောင်းရင်းက ကျို့ကျစ်သမ်းကြောင့်လား?"
မုန့်ချုံ့ကွမ်းသည် ထိုစာလုံးသုံးလုံးကို ကြားလိုက်သောအခါတွင် သူ၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်- "ရှစ်ရှုန်းကို အဲဒီလူနာမည် မပြောဖို့တားမြစ်တယ်!"
ရွှီရှင်းကျီ ရယ်မောလိုက်သည်။
ဒီနတ်ဆိုးကြီးက အရွယ်ရောက်နေပြီကို ဝုန်းဒိုင်းကြဲလိုက်တာတောင် သူဘာလို့ ဒီလောက်ကလေးဆန်နေသေးတာလဲ?
မူလပိုင်ရှင်နှင့် မုန့်ချုံ့ကွမ်းတို့ကြားက ဆက်ဆံရေးက တကယ်ကို နက်နဲနေတယ်ဆိုရင် သူတို့ ဘာကြောင့် အတွင်းပိုင်းမငြိမ်မသက် ဖြစ်နေရတာလဲ? သူတို့ရဲ့ဆရာကို သတ်ရုံတင်မကဘဲ ဘောင်ခတ်ထားတဲ့ အဖြစ်အပျက်လည်း ရှိခဲ့တာမို့ အရာအားလုံးဟာ ဘယ်လိုနည်းနဲ့ ကွဲထွက်သွားတာလဲ?
မုန့်ချုံ့ကွမ်းသည် သူ၏ လုပ်ရပ်နှင့် စကားများသည် မိုက်မဲသည်ဟု လုံးဝမထင်ခဲ့ပေ။ ဒီစကားလုံးသုံးလုံးက သူ့ကို ပြင်းပြင်းထန်ထန် နှိုးဆော်ခဲ့တာ ထင်ရှားပါသည်။ သူသည် ရွှီရှင်းကျီ ၏လက်များထဲ တွန်းဝင်လိုက်ပြီး ရွှီရှင်းကျီကို သူ့ရင်ခွင်ထဲတွင် ခိုင်မြဲစွာချုပ်ထားလိုက်သည်- "ရှစ်ရှုန်း သူ့အနား ပြန်ချင်သေးတာလား? ကျွန်တော့်ကိုသတ်မှာလား?"
မုန့်ချုံ့ကွမ်းသည် လေနတ်သမီးတပါးလို လှလှပပ မွေးဖွားလာခဲ့သည်။ သူတို့နှစ်ယောက် ဘေးချင်းကပ် ရပ်နေကြသော်လည်း၊ သူ(MCG)သည် သူ့ထက် အနည်းငယ် အရပ်မြင့်သည်။ သို့ပေမယ့် ရွှီရှင်းကျီသည် သနားစရာအကြည့်ဖြင့် စိုက်ကြည့်ခံရသောအခါတွင် ကောင်းကောင်းအသက်မရူနိုင်တော့ပေ။
မေးတဲ့မေးခွန်းကို ထပ်ဖြည့်လိုက်တော့ ရွှီရှင်းကျီ အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။
....သူ ကျို့ကျစ်သမ်းရဲ့ အနားကို ပြန်ချင်တာမဟုတ်ဘဲ သူ့မိသားစု အစစ်အမှန်ရှိတဲ့ အိမ်ကိုပြန်ချင်သည်။
၎င်းကို ဝေကျေတမ်းကျေဖြင့်သာ ရင်ဆိုင်နိုင်တော့သည်– “...ရူးမိုက်လိုက်တဲ့မေးခွန်း"
"ရှစ်ရှုန်းက ကျွန်တော့်အပေါ်ကျတော့ မတရားဘူး....” မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီကို သူ့ရင်ခွင်ထဲ ပွေ့ပိုက်လိုက်ပြီး ရွှီရှင်းကျီ ခေါင်းပေါ်မေးစေ့တင်ကာ တိုးတိုးလေး တီးတိုးပြောလိုက်သည်။ “ရှစ်ရှုန်းနဲ့ ကျို့ကျစ်သမ်းတို့ အပြင်မှာ (၁၃) နှစ်တောင် အတူနေခဲ့ကြပေမယ့် ကျွန်တော့်ကျတော့ မခေါ်ဘူး....”
ရွှီရှင်းကျီသည် ခြေလက်များထုံသွားသည်အထိ ပွေ့ဖက်ခံထားရသည်။
မုန့်ချုံ့ကွမ်း၏ ပွေ့ဖက်မှုတွင် အပင်များ၏ မွှေးရနံ့များ ပါရှိသော်လည်း ၎င်းသည် ဝါးရွက်လား မက်မွန်ရွက်၏ ရနံ့လား ခွဲခြားရန် ခက်ခဲသည်။
သို့သော် ဤထူးခြားသောရနံ့နှင့်အတူ ရွှီရှင်းကျီသည် သူ၏ခေါင်းလေးလံလာကာ ခြေထောက်များလည်း အားနည်းလာပြီး ကျောဘက်တွင် ချွေးစများထွက်နေသည်ကို အမှန်တကယ်ခံစားရသည်။
"ရှစ်ရှုန်းကို ကျွန်တော့်ကိုထားခဲ့ခွင့် မပြုနိုင်ဘူး။" မုန့်ချုံ့ကွမ်းက ညင်သာသောအသံဖြင့် ထပ်ပြောသည်။ "ကျွန်တော့်နားက ခြေလှမ်းတစ်ဝက်လောက်တောင် မထွက်သွားရဲတဲ့အထိ လိုချင်တယ်"
ရွှီရှစ်ရှုန်း:....ငါဒီအလုပ်ကို ဆက်မလုပ်နိုင်တော့ဘူး၊ အိမ်ပြန်ချင်တယ်။
မုန့်ချုံ့ကွမ်းက နူးညံ့တဲ့အမူအရာဖြင့်: မရဘူး။
ရွှီရှစ်ရှုန်း- မရဘူးဆိုမရဘူးပေါ့၊ ဘာလို့ ငါ့အဝတ်တွေ ချွတ်နေတာလဲ!?
ချုံ့ကွမ်း: (づ ̄ ³ ̄)づ
ရွှီရှစ်ရှုန်း: .......
_____________
Advertisement
- In Serial30 Chapters
(Old) Legion, God of Monsters
A man dies and finds himself looking down on a world whilst surrounded by light. A robotic voice tells him he's an 'Overseer', whatever that's supposed to mean. A small girl becomes aware on a mountain surrounded by death. The completion of an unknown ritual grants her strange powers and only a little information. And what kind of world is it? A magical one full of history, strange magics, ancient relics, nice monsters and mean adventurers that are a little bit too happy to try and cut the girl's head off. (It hurts when they succeed, so she tries not to let them). The world takes notice when the girl and the new Overseer's destinies cross and powers both young and ancient will begin to stir. Her journey starts with a single question. "What the hell just happened?" Where will her journey take them?
8 100 - In Serial9 Chapters
Forever Online - Wanderer
Wanderer The journey of one young man to greatness. Will he succeed? Will he die almost instantly? Probably the former because of the special trait is known as 'Plot Armor' achievable only with the level 1000 legendary title 'MC'. “This world may be infinite but I will not stop until I see every inch” Currently on Hiatus so I can focus on my Fiction for the NaNoWriMo competition, linked here https://www.royalroad.com/fiction/21354/an-ent-like-existence
8 299 - In Serial8 Chapters
Resistance is Futile
Resistance is Futile 2336 G-L32 is my title. I go G’ell though, pronounce it how you like, it doesn’t matter. I was born, like the rest of the human race this era, with my abilities. I can manipulate the world around me, using the Strand to do it, looks like the old telekinesis “superpowers” the old humans used to entertain themselves with. As of only recently, within the last 20 years, the Ul’Katoin ripped open space to take our planets. However, they didn’t expect our resistance. They are stronger than us, faster, and far, far more adaptable and enduring. Humanity however, can use technology. Wherever they lay their roots, we burn them away with plasma and radiation. But where we lay down our foundations in their world, they snuff out our light with their vines and tendrils. And with The Jhar Empyrean and other space-faring empires keeping their borders tight, we have nowhere else to expand to. Humanity finds a way, and our soldiers will bring the fury of a Nebulean storm upon the Hellscape the Ul’Katoin call home. And I am one of those soldiers.
8 126 - In Serial62 Chapters
Bottom Various! x Top female reader! ON-HOLD!
Welcome to the wonderful world of oneshots! Come in and take a seat my fellow female doms, we clearly don't get enough appreciation in the world of fanfics. But! Time has changed to where we now have our own power to create. Which is exactly what I did, feel free to give requests (ONLY ON THE REQUEST PAGE!). Enjoy, relax and enjoy the show.WARNING: SEXUAL ACTION TAKES PLACE IN MOST CHAPTERS!DO NOT ENTER IF YOU ARE NOT COMFORTABLE WITH THAT OR NOT OF LEGAL AGE TO BE READING ADULT CONTENT!
8 304 - In Serial16 Chapters
The Final Star
In the death throes of the Universe, civilisation clusters around a single dying star. With resources, energy, and hope running thin, the final war seems destined to extinguish the last spark of life forever. Everything that has ever existed, everything that has ever been done, has all led up to this moment. Time is short, and only getting shorter. Time enough for one last shred of hope?
8 190 - In Serial3 Chapters
jealous
in which jungkook bought a puppy for taehyungcompletedtaekookone shot© sryslyunji All Rights Reserved 2017
8 171

