《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(9) အမှန်တရားနဲ့မုသား
Advertisement
ရွှီရှင်းကျီ အံ့အားသင့်သွားသည်။ သူသည် မနေနိုင်ဘဲ သူ့ပါးကို ကိုင်ကာ ချုံ့ကွမ်း၏နဖူးကို တောက်လိုက်သည်။
ချုံ့ကွမ်းသည် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ့နဖူးကို အုပ်ပြီး ရွှီရှင်းကျီကို အသနားခံစွာဖြင့် စိုက်ကြည့်နေသည်။ "......."
သူ့ကို ဒီလိုမြင်လိုက်ရတော့ ရွှီရှင်းကျီက သူအင်အားအလွန်အကျွံသုံးခဲ့တာ ဖြစ်နိုင်တယ်လို့ သံသယဖြစ်မိသည်- "ဒီလောက် နာလို့လား?"
"အင်း" ရွှန်းလဲ့သောမျက်ရည်တစ်လွှာသည် ချူံ့ကွမ်း ၏မျက်လုံးများတွင် ပြည့်နှက်သွားပြီး နှုတ်ခမ်းကို အကြီးကြီး စူလိုက်သည်။ ".....တော်တော်နာတယ်"
မဝေးလွန်းတော့ ကျို့ကျစ်သမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ရွှီရှင်းကျီသည် သူ့လက်နှစ်ဖက်ကိုပိုက်ကာ မျက်ရည်တစ်စမ်းစမ်းနဲ့ ကောင်လေးကို ငုံ့ကြည့်ကာ ခေါင်းကိုက်ချင်သွားသည်။ "ယောက်ျားပီသစမ်းပါ၊ ဒီလိုအမူအရာမျိုး မပြနဲ့"
ချူံ့ကွမ်းသည် နားမလည်နိုင်ဟန်ဖြင့် သူမျက်လုံးများက ထောင်ပေါင်းများစွာသော တောက်ပသော ပုလဲများဖြင့် အုံ့ဆိုင်းနေသလို တောက်ပနေသည်။ "......."
ကလေးလေး၏ အရေပြားသည် တိုဟူးကဲ့သို့ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ပွတ်လိုက်မှုကြောင့်ပင် အရေပြားနီရဲကာ အနည်းငယ်ပြင်းထန်နေပုံရသည်။
ရွှီရှင်းကျီ ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။ သူသည် နီရဲနေသော နေရာကို ငုံ့၍ မှုတ်လိုက်ပြီး ခေါင်းကို ဖိကာ ကျို့ကျစ်သမ်း ဆီသို့ တွန်းလိုက်သည်။ "....မရှုပ်နဲ့တော့၊ နောက်တစ်ခါ မရဘူးနော်"
ချူံ့ကွမ်းက သူ့မျက်ရည်တွေကို ထိန်းပြီး ခေါင်းကို နောက်ပြန်လှည့်ကာ "ဟုတ် ရွှီရှစ်ရှုန်း" ဟု တုံ့ပြန်ရင်း ချိုသာစွာ ပြုံးပြလိုက်သည်။
.....ချီး၊ အရမ်းချစ်ဖို့ကောင်းတာပဲ!
ရွှီရှင်းကျီ လှည့်ပြီး လမ်းလျှောက်ကာ သူ့ကိုယ်သူ တွေးကြည့်လိုက်တော့သည်။ 'သူ့နာမည်ကို ဆုံးဖြတ်ပြီး၊ ဘယ်လိုမျိုး နာမည်ကောင်းပေးရမလဲ?'
'သူ့ကို ငါကောက်ရထားတာဆိုတော့ ရွှီလို့ နာမည်ပေးသင့်လား?'
'မဟုတ်ဘူး၊ သူ့နာမည်ကရွှီဆိုရင် အစ်ကိုကြီးက သဘောတူမှာမဟုတ်ဘူး'
အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက်၊ ရွှီရှင်းကျီ လက်ဖျောက်တီးလိုက်သည်။
.....သူပြန်သွားလိုက်သည်၊ မိသားစုတစ်ရာကျော်ကို လှန်ကြည့်ပြီးနောက် မျက်လုံးမှိတ်ကာ စုတ်တံဖြင့် စက်ဝိုင်းပုံဆွဲပြီး စက်ဝိုင်းနှင့်အဆုံးသတ်သမျှသည် အရွေးခံရမည်ဖြစ်သည်။
သူ့စိတ်ထဲတွင် ဆုံးဖြတ်ပြီးနောက်၊ ရွှီရှင်းကျီသည် ကျိုးပိုင်နန်က နောက်ကျောတွင် သံမဏိလှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားကာ အလင်းတန်းတံခါးမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
မြေပြင်ပေါ် ခြေချလိုက်တာနဲ့ ရွှီရှင်းကျီကို တွေ့လိုက်ရတော့ ကျိုးပိုင်နန်ဟာ စကားမဲ့ မျက်လုံးသာလှိမ့်လိုက်ကာ ကောင်းကင်ပေါ်ကို ကြည့်လိုက်သည်။
ရွှီရှင်းကျီက သူ့ယက်တောင်ကို ကိုင်လိုက်ပြီး လမ်းလျှောက်ရင်း ပြုံးကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ "ဘယ်သူပြန်လာလဲ ကြည့်ပါအုံး"
ကျိုးပိုင်နန်က မထီမဲ့မြင်ပြုကာ ဟစ်အော်သည်။ "....မင်း လှုပ်လှုပ်ရွရွ ဖြစ်နေတာကိုလဲကြည့်အုံး မသင့်လျှော်လိုက်တာ"
ရွှီရှင်းကျီက ယိမ်းနွဲ့ကာ ချဉ်းကပ်လာသည်- "ငါ ဒီလိုလျှောက်လှိမ့်နေရင်တောင် ဒီမှာရှိတဲ့ တပည့်တွေအကုန် ငါ့ကို ရွှီရှစ်ရှုန်းလို့ ခေါ်ရမှာ မဟုတ်ဘူးလား?"
ကျိုးပိုင်နန်: ".....ဟားဟား"
ရွှီရှင်းကျီသည် မရှက်မကြောက်ဘဲ ကျိုးပိုင်နန်၏ ပခုံးများကို လက်နှစ်ဖက်ဖြင့် ချိတ်ပြီး ရင်ဘတ်ကို ယက်တောင်ဖြင့် တို့လိုက်သည်။ "ကောင်းကင်အဆင့်ပြိုင်ပွဲတုန်းကဟာကို မကျေနပ်သေးဘူးလား? ပြောပါအုံး၊ မင်းက ဘာလို့ဒီလောက် တွန့်တိုရတာလဲ?"
ကျိုးပိုင်နန်က သူ့လက်မောင်းကို မဖယ်ချဘဲ အေးစက်စွာ အော်ဟစ်လိုက်သည်။ "မမျှတတဲ့ ပြိုင်ပွဲက နိုင်လည်းဘာဂုဏ်ယူစရာမှ မရှိဘူး။ အဲ့အကြောင်းပြောရတာ မရှက်ဘူးလား?"
ရွှီရှင်းကျီက ရယ်မောရင်း "မမျှတတဲ့ ပြိုင်ပွဲက နိုင်လည်းဂုဏ်ယူစရာမရှိဘူး" ဆိုတာ ဘာကို ဆိုလိုတာလဲ?"
သူယက်တောင်ကို လှန်လိုက်ရာ သူ့လက်ထဲမှယက်တောင်သည် ချွန်ထက်သော ယွီချန်ဓားမြှောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
နောက်တစ်ခါထပ်လှန်လိုက်တော့၊ 2.61မီတာအရှည်ရှိသည့် ကြေးရောင်ငွေခေါင်းတံဆိပ်ပါသည့် လှံရှည်အဖြစ်သို့ ပြောင်းသွားသည်။
ရွှီရှင်းကျီက လှံကို ပြေပြစ်ကြော့ရှင်းစွာ အနည်းငယ်လောက် ဝေ့ယမ်းလိုက်သည်။ ထို့နောက် လှံကို ဝါးအရိုးယက်တောင်အဖြစ်သို့ ပြန်ပြောင်းလိုက်သည်။
"လှံနဲ့တိုက်ရတာ မင်းအကျွမ်းကျင်ဆုံး မဟုတ်ဘူးလား?" ရွှီရှင်းကျီက သူ့ယက်တောင်ကို ပစ်တင်လိုက်ပြီး ညာလက်ဖြင့်ဖမ်းလိုက်သည်။ "....ဒါတောင်ငါ့ကို ရှုံးသေးတယ်။ ရှက်စရာပဲ"
ကျိုးပိုင်နန် ဒေါသထွက်နေသည်။ "....အဓိပ္ပါယ်မရှိတာ၊ တိုက်ပွဲမှာ လှည့်ကွက်တွေမလုပ်ဖို့ မင်းရဲ့ စောက်ယက်တောင်ကို မသုံးဘူးလို့ ငါ့ကို ပြောခဲ့ဘူးတယ် မဟုတ်ဘူးလား?"
"ဘုရားရေ။" ရွှီရှင်းကျီ မျက်လုံးပြူးပြီး "ငါတို့အတူတူကြီးပြင်းလာတာတောင် မင်းငါပြောတာကို တကယ်ယုံနေတုန်းပဲလား? ဖက်တီးကျိုး၊ မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ"
ကျိုးပိုင်နန်: "......"
နောက်ထပ် သည်းခံနိုင်စွမ်းမရှိတော့ဘဲ ကျိုးပိုင်နန်က လှံရှည်ကို သူ့နောက်ကျောကနေ ဆွဲထုတ်ကာ ဝေ့ယမ်းလိုက်သည်။
ရွှီရှင်းကျီသည် သူတို့၏တိုက်ပွဲမှ ထွက်ပေါ်လာသော မီးတောက်များကြားမှ ရှောင်တိမ်းသွားသည်။ သူ၏လက်ထဲတွင် ယက်တောင်သည် ချွန်ထက်သော လွှသွားအဖြစ်ပြောင်းသွားကာ ကျိုးပိုင်နန်၏ လှံရှည်ကို ခိုင်မြဲစွာဖမ်းလိုက်ပြီး လှံကိုလေထဲသို့ မြင့်တင်လိုက်လေသည်။
သူက ပြုံးပြီး "သတိထား၊ သတိထား၊ ရှောင်ပိုင်ပိုင် ငါမှားသွားပါတယ်လို့"
ကျိုးပိုင်နန်သည် စိတ်မပါတပါနဲ့ တိုက်ခိုက်ခဲ့သဖြင့် ရှုံးနိမ့်ကြောင်း ဝန်ခံသည်ကိုကြားတော့ သူတိုက်ခိုက်မှုကို ရပ်လိုက်သော်လည်း ခွင့်လွှတ်ရန် နှုတ်ဖြင့် ငြင်းဆိုနေဆဲဖြစ်သည်။ "....ချင်းကျင့်အရှင်က မင်းလိုလူကို ဖုန်းလင်ရဲ့ တပည့်အဖြစ် ဘာလို့များ လက်ခံခဲ့တာလဲမသိဘူး"
Advertisement
ရွှီရှင်းကျီက အရှက်မရှိ ပြန်ပြောသည်။ "ဖြစ်နိုင်တာက ငါက အရမ်းချောနေလို့များလား?"
ကျိုးပိုင်နန်: " . "
ဖြတ်သွားသော ချွီချီ၊ "......"
ကျိုးပိုင်နန်သည် ချွီချီဘက်သို့ လှည့်လိုက်သည်။ "....ဟေး၊ ချွီချီ၊ သူ့ကို ရိုက်သတ်ချင်စိတ်မပေါက်ဘူးလား?"
ချွီချီက မတတ်နိုင်ဘဲ ရယ်မောလိုက်သည်။ "...တစ်ခါတစ်လေပေါ့"
ရွှီရှင်းကျီသည် လွှသွားဖြတ်ညှပ်ကို သူ၏ယက်တောင်ထဲသို့ ပြန်ထည့်လိုက်ပြီး သူ့ကိုယ်သူ ယက်ခတ်ကာပြောလိုက်သည်။ ".....ပိုင်နန်၊ အခု မင်းမှားနေပြီအာ။ ဒီ 'ရှန်းပေါ'ကို ငါကိုယ်တိုင် ဖန်တီးထားတာလေ၊ ပြီးတော့ ရှစ်ဖုကလည်း ကောင်းကင်အဆင့်ပြိုင်ပွဲမှာ သုံးဖို့ခွင့်ပြုပေးထားတယ်။ ငါ့ကို ရှုံးလိုက်ရတာက ရှက်စရာမဟုတ်ပါဘူး၊ တကယ်ပါ"
ကျိုးပိုင်နန်က သူ့စကားတွေကို ရေအေးနဲ့ ဖြန်းလိုက်ပြီး "ဒီစောက်ယက်တောင်နဲ့ မင်းဘာလုပ်နိုင်မှာမို့လို့လဲ? နောက်ဆုံးတော့ ချွီချီကတောင် မင်းထက် သာသေးတာပဲ"
ရွှီရှင်းကျီက- "ချွီချီကတောင် ဆိုတာဘာကိုပြောတာလဲ? ငါသူ့ကိုပဲ ရှုံးခဲ့တာလေ။ ကြည့်နေလိုက်ပါ၊ လာမယ့်ငါးနှစ်က ကောင်းကင်အဆင့်ပြိုင်ပွဲမှာ ထိပ်တန်းအဆင့်က သေချာပေါက် ငါ့နေရာပဲဖြစ်ရမယ်။ အဲ့အချိန်ကျရင် 'ကောင်းကင်ဘုံအဆင့်တစ်၊ ဖုန်းလင် ရွှီရှင်းကျီ' ဆိုပြီး ငါ့ယက်တောင်ပေါ်မှာ ရေးထားလိုက်မယ်"
သူ့စကားမဆုံးခင်မှာ အလင်းတံခါးနောက်တစ်ခု ပေါ်လာသည်။
ဘီးတပ်ကုလားထိုင်သည် မီးရောင်တံခါးမှ ပေါ်လာပြီး ကျောက်စိမ်းအင်္ဂတေအပေါ် တွန့်လိမ်စွာ လှိမ့်လာသည်။
ချင်းလင်ချိုင့်ဝှမ်းမှ စာရွက်အပြည့်ဖြင့် ဖြတ်သွားသော တပည့်တစ်ဦးသည် ထိုသူကိုတွေ့လိုက်သောအခါတွင် ချက်ချင်းပင် ကြောက်ရွံ့စွာဖြင့် အသံတိတ်သွားပြီး မြန်မြန်ခေါင်းငုံ့လိုက်သည်ါ "မင်္ဂလာပါ ဝမ်ရှစ်ရှုန်း"
ရောက်ရှိလာသောလူမှာ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော စိမ်းပြာရောင်အဝတ်အစားကို ၀တ်ဆင်ထားပြီး မိုးကြိုးသား ဂျူးလီသစ်သားဖြင့်လုပ်ထားသော ယင်-ယန်လက်ကောက်နှင့် တွဲထားသည်။ ဤနှုတ်ခွန်းဆက်စကားကို ကြားပြီးနောက်တွင်ပင် သူသည် မော့ပင်မကြည့်ဘဲ ရိုးရိုးရှင်းရှင်းနှင့် တိုးတိုးလေးသာ တုံ့ပြန်ခဲ့သည်- ".....အင်း"
ဘီးတပ်ကုလားထိုင်ကို သူတို့သုံးယောက်ရှေ့တည့်တည့်ရောက်အောင် တွန်းလိုက်သည်- "မင်းတို့ အခု ဘာတွေရေးကြီးခွင်ကျယ်လုပ်နေကြတာလဲ?"
ချွီချီသည် သူ့လက်ထဲတွင် တောင်မွှေးကို ကိုင်ထားပြီး အပြုံးလေးနဲ့ ပြန်ဖြေလိုက်သည်။ "ရှင်းကျီနှင့်ပိုင်နန် ထပ်ပြီး ငြင်းခုံနေပြန်ပြီ"
ဝမ်ရွှယ်ချန်၏ အသားအရေသည် သဘာဝအတိုင်းမဟုတ်ပဲ အလွန်ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းပေါ်တွင် စိမ်းပြာရောင် အရိပ်အယောင်များပင် ရှိနေသည်။
ရလဒ်အနေနှင့်၊ သူ၏အသံသည် အလွန်တရာမှ သိမ်မွေ့နူးညံ့ပြီး အားနည်းသည့် ခံစားချက်ကို ဖော်ညွှန်းသည်- "....မင်းတို့အဲ့လောက် အားနေတာလား?"
ရွှီရှင်းကျီသည် ဝမ်ရွှယ်ချန်၏ ဘီးတပ်ကုလားထိုင်လက်ပေါ်တွင် သတိမထားမိဘဲ ထိုင်လိုက်သည်- "မားကလည်း အခုမှရှုပ်ပြီး ပြန်လာတာကို။ လုပ်စရာလည်းဘာမှမရှိသလို လွတ်လွတ်လပ်လပ် စကားပြောတာကလည်း စည်းကမ်းမှ မဖောက်တာ......နောက်ဆုံးတော့လည်း ယဇ်ပူဇော်တာကို စောင့်ကြပ်နေတဲ့ ဒီသားရဲတွေက ပိုပြီးပျင်းစရာကောင်းလာပြီ။ ပိုပိုပြီး အားနည်းလာတယ်"
ဝမ်ရွှယ်ချန်သည် စကားတစ်ခွန်းမှ မပြောဘဲ မျက်လုံးကို မှိတ်ထားသည်။
"ငါ့အမြင်အရတော့ ဒီကမ္ဘာမှာ သတ္တဝါနှစ်မျိုးပဲ ရှိတယ်။" ရွှီရှင်းကျီက သူ့ယက်တောင်ကို လှည့်ပတ်ကာ ကြွားလုံးထုတ်ရင်း "- ချွေမွရလွယ်တဲ့ ပန်းသီးပျော့ပျော့နဲ့ ချေမွဖို့ မလွယ်တဲ့ ပန်းသီးပျော့တွေ"
ကျိုးပိုင်နန်: "...."
ချွီချီ: "......"
ဝမ်ရွှယ်ချန်က မေးစေ့ကို အနည်းငယ်မြှောက်လိုက်ပြီး "အိုး? ဟုတ်လား? ရှင်းကျီက အခုတော့ ကောင်းကင်နဲ့ မြေကြီးကိုတောင် မကြောက်တော့ဘူးပဲ"
ရွှီရှင်းကျီက သူ့ယက်တောင်ကို ရွှင်မြူးစွာ ဖွင့်လိုက်ပြီး "ဟုတ်တာပေါ့..."
သူ့အကြည့်တွေ ဖြတ်သွားတော့ ချက်ချင်း အသက်ရှုရပ်သွားသည်။
သိပ်မကြာခင်ကစလို့ ဝမ်ရွှယ်ချန် တင်းတင်းကြပ်ကြပ်ဆုပ်ထားတဲ့ လက်ဖဝါးကို ဖွင့်ဖြန့်လိုက်သည်။ ၎င်းပေါ်တွင် ဖားတစ်ပိုင်းကဲ့သို့ အမဲရောင်ရှိသော ပိုးကောင်ကြီးတစ်ကောင်ကို တင်ထားသည်။ ၎င်းသည် ဝှေ့ယမ်းကာ သူ၏လက်ဖဝါးတစ်ဝိုက်တွင် ဖြည်းညှင်းစွာ တွားသွားနေသည်။
ဝမ်ရွှယ်ချန်က "ရှင်းကျီ၊ ဒါက ယောင်ကွမ်းတောင်ရဲ့ ထူးခြားချက်ပဲ။ ချစ်စရာလေးလို့ထင်လို့ မင်းကိုပြဖို့ အထူးတလည်ပြန်ယူလာတာ"
ဝမ်ရွှယ်ချန်၏ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ရွှီရှင်းကျီသည် ရုပ်တုတစ်ခုသို့ ချက်ချင်းပင် တောင့်တင်းသွားသည်။
ခဏအကြာ။
အဝတ်အစားလဲပြီး လှေကားထစ်တွေပေါ်မှာထိုင်ရင်း ငြီးငွေ့တဲ့အမူအရာနဲ့ ခြေထောက်တွေကို လှုပ်ခါနေတဲ့ ချုံ့ကွမ်းဟာ အဝေးမှ ကောင်းကင်က အော်သံကို ကြားလိုက်ရပြီး ကျိုးပိုင်နန်ရဲ့ ဝုန်းဒိုင်းကြဲရယ်မောသံကို ကြားလိုက်ရသည်။
သူက နားရွက်များလှုပ်ယမ်းပြီး လှေကားထစ်များမှ ခုန်ဆင်းလိုက်သည်- "ရွှီရှစ်ရှုန်း?!"
ကျို့ကျစ်သမ်းက သူ့ဓားသွားကို ဘာမှမထူးခြားတဲ့ မျက်နှာနဲ့ သုတ်လိုက်ပြီး "သွားစရာ မလိုဘူး။ ရှစ်ရှုန်း ပိုးကောင်တွေ့တာနေမှာ"
ချုံ့ကွမ်းသည် ဟန်လုပ်ကာ မျက်တောင်များကို ခတ်လိုက်သည်- "ရှစ်ရှုန်းက ပိုးမွှားတွေကို ကြောက်လို့လား?"
ဟိုးအရင်ကတည်းက နှုတ်ဆိတ်နေခဲ့တဲ့ ကျို့ကျစ်သမ်းက ရွှီရှင်းကျီ အကြောင်းပြောတဲ့အခါ သူ့မျက်လုံးထဲမှာ နည်းနည်းလေး လန်းဆန်းနေခဲ့သည်။ "....အရှေ့ဧကရာဇ် ဝတ်ပြုပွဲတိုင်းမှာ ရှစ်ရှုန်းက သူတာဝန်ယူထားတဲ့ တောင်ကြီးငါးခုကို လဝက်လောက်ထဲက ကြိုတင်သွားကြည့်ရတယ်။
ပထမအချက်က တပည့်တွေသွားမယ့်လမ်းကို စူးစမ်းလေ့လာဖို့ဖြစ်ပြီး ဒုတိယအနေဖြင့် ရှစ်ရှုန်းက မြွေတွေ၊ ပိုးကောင်တွေ၊ ကြွက်တွေနှင့် အင်းဆက်ပိုးမွှားတွေအားလုံးကို နှိမ်နင်းဖို့ တစ်လခွဲကြာ သူ့ရဲ့ဝိညာဉ်စွမ်းအင်ကို သုံးရတယ်။ မဟုတ်ရင် ရှစ်ရှုန်း အဲဒီတောင်တွေဆီကို ခြေချရဲမှာတောင် မဟုတ်ဘူး"
Advertisement
ဝမ်ရွှယ်ချန်၏ လက်ဖဝါးပေါ်တွင် ရုတ်ခြည်းပေါ်လာသော ပိုးကောင်ကြီးသည် ရွှီရှင်းကျီကို ချွေးအေးများဖြင့် ထိတ်လန့်သွားသည်။ ခေါင်းလေးလံလာပြီး ခြေသလုံးတွေ အားနည်းသွားသလို ခံစားလိုက်ရသည်။ ထို့နောက်တွင် သူရုတ်တရက် ရေတွင်းထဲသို့ ကျသွားသလို ၎င်း၏ ကြီးမားသော စုပ်ယူအားက ဤလူအုပ်စုနှင့် ပိုမိုဝေးရာကို ဆွဲခေါ်သွားနေသလိုပင်။
နောက်ဆုံးတွင် သူသည် ကမ္ဘာမြေကြီးက လှည်နေသည့်အတွက် ကုတင်ပေါ်တွင် လှဲချလိုက်သည်။
မျက်လုံးဖွင့်လိုက်သည်နှင့် ရွှီရှင်းကျီ ၏ခေါင်းသည် နာကျင်သွားသည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်မှ နုတ်ထွက်လာပြီး တောကြီးနှင့် ကျယ်ဝန်းမြင့်မားသော မျှော်စင်သို့ ပြန်ရောက်သွားကာ သူ၏နှာခေါင်းပေါက်အတွင်း၌ နီရဲသော သစ်ကတိုးပင်များ၏ ရနံ့သည် စွဲလန်းနေဆဲဖြစ်သည်။
.....မုံ့ချုံ့ကွမ်းသည် အခန်းထဲတွင် မရှိသော်လည်း၊ ကျိုးပိုင်နန်သည် လက်ရှိတွင် ကုတင်ဘေးတွင် ရှိနေကာ ရွှီရှင်းကျီ၏ ခေါင်းအုံးကို ဆွဲနေသည်။
ရွှီရှင်းကျီ နိုးလာသည်ကို သတိပြုမိလိုက်ရာ ကျိုးပိုင်နန်သည် ချက်ချင်းပင် ရှက်ရွံ့သွားကာ ခေါင်းအုံးကို လက်ညှိုးထိုးပြပြီး သူ့ကိုယ်သူ အကြောင်းပြချက်ပေးသည်- ".....မင်း ချွေးတွေအရမ်းထွက်နေလို့၊ ခေါင်းအုံး ပြောင်းပေးမလို့လုပ်တာ"
ရှင်းပြပြီးနောက် "ချီးး၊ ငါဘာလို့ ဒီလောက်ရှင်းပြနေရတာလဲ" ဆိုတဲ့ ထိုးထွင်းသိနိုင်တဲ့အမူရာက ထွက်ပေါ်လာသည်။
သူဒီမှာဆက်မရှိနေနိုင်တော့လို့ လှည့်ထွက်သွားလိုက်သည်။
ရွှီရှင်းကျီရဲ့ စိတ်တွေကဝေဝါးဆဲဖြစ်ပြီး သူ့ပါးစပ်ကိုဖွင့်ကာ ခေါ်မိလိုက်သည်။ "ဖက်တီးကျိုး"
တံခါးပေါက်ကို ရောက်နေပြီဖြစ်သော ကျိုးပိုင်နန်သည် ရုတ်တရက် ရပ်လိုက်သည်။
ဤအမည်ပြောင်သည် သူ့နှလုံးသားအတွင်း ဖိနှိပ်ထားသောခံစားချက်များကို လောင်ကျွမ်းစေခဲ့ပုံရသည်။ သူသည် ကြမ်းကြမ်းတမ်းတမ်းမေးခွန်းထုတ်ရင်း ခပ်သွက်သွက် ခြေလှမ်းအနည်းငယ်ဖြင့် ကုတင်ဘေးသို့ ပြန်လာခဲ့သည်။ "....လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်က မင်းဘယ်ရောက်နေတာလဲ? ဒီလိုအချိန်မျိုးမှာ စွန့်ပစ်မြေထဲကို ဝင်ပြီး ဘာတွေကြံစည်နေတာလဲ?"
သူသည် ရွှီရှင်းကျီ၏ ကော်လာကို ဖမ်းရန် လက်ကိုဆန့်လိုက်သော်လည်း လက်တစ်ဆုပ်စာမျှသော လေကိုသာ ဆွဲဖမ်းလိုက်သည်။
ကျိုးပိုင်နန်သည် နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့ပြီး လုယွီကျို့ကို အမှုထမ်းသည့် တစ္ဆေကျွန်တစ်ဦးသာ ဖြစ်သည်။ အတိအကျပြောရလျှင် သူသည် လူသားတစ်ဦးဟု သတ်မှတ်ခံရသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အများစုမှာ လုယွီကျို့ အသုံးပြုသည့် လူသားမဆန်သော လက်နက်တစ်ခုသာဖြစ်သည်။ သူသည် သူ၏သရဲလက်နက်ကို အသုံးပြု၍ အခြားသူများကို သတ်နိုင်ခဲ့ပြီး လုယွီကျို့မှလွဲ၍ မည်သူကိုမျှ မထိနိုင်ပေ။
တောက်ပသော သူ၏လက်များသည် ရွှီရှင်းကျီ ၏ခန္ဓာကိုယ်ကို တည့်တည့်တိုးဝင်သွားသော်လည်း၊ သူသည် လက်သီးများကို အစွမ်းကုန်ဆုပ်ထားဆဲဖြစ်သည်။
အံကြိတ်နေသော သွားများဖြင့် တိုးတိုးပြောသည်- "ရွှီရှင်းကျီ၊ ဒီလောက်နှစ်တွေအကြာကြီး မင်းသေသွားပြီလို့ ငါထင်ခဲ့တာသိရဲ့လား...."
...ရွှီရှင်းကျီသည် သူ၏ ဒေါသစွပ်စွဲမှုများနှင့် ရောထွေးနေသည့် ဝမ်းနည်းမှု အရိပ်အယောင်ကို အမှန်တကယ် တွေ့မြင်ခဲ့ရသည်။
ရွှီရှင်းကျီ ၏ယခင်က ပြန့်ကျဲနေသောမှတ်ဉာဏ်များတွင်၊ မူလပိုင်ရှင်နှင့် ကျိုးပိုင်နန်သည် တစ်ယောက်နှင့်တစ်ယောက်တွေ့သည်နှင့် အမြဲရန်ဖြစ်လိမ့်မည်။ ကျိုးပိုင်နန်သည် စွန့်ပစ်မြေ၌ ပထမဆုံးတွေ့ဖူးသည့်အချိန်တွင်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ့အား ကောင်းမွန်သော အမူအရာလုံးဝမပြသောကြောင့် ရွှီရှင်းကျီက ၎င်းကို အလေးမထားဘဲ သူတို့၏ဆက်ဆံရေးသည် မီးနှင့်ရေကဲ့သို့ပင်ဟု အလိုအလျောက်ယူဆခဲ့သည်။
ဒါပေမယ့် အဲဒီမှတ်ဉာဏ်ထဲမှာတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းကောင်းပါသည်။
ရွှီရှင်းကျီ ၏အတွေးရထားမှာ ယခုအခိုက်အတန့်တွင် အနည်းငယ်ရှုပ်ထွေးနေသည်။ သူ့လက်များဖြင့် သည်းမခံနိုင်လောက်အောင် နာကျင်နေသော ပုခုံးများကို စမပြောခင် နှစ်ကြိမ်လောက် ပြင်းပြင်းထန်ထန် ပွတ်တိုက်လိုက်သည်။
သူစိတ်တည်ငြိမ်သွားပြီးနောက် ရွှီရှင်းကျီက ခေါင်းကိုမော့ပြီး ကျိုးပိုင်နန်ကို ဝန်ခံခဲ့သည်- ".....တစ်ယောက်ယောက်က ငါ့ကိုမင်းတို့အားလုံးကို သတ်ခိုင်းနေတယ်"
ကျိုးပိုင်နန်သည် သူ၏ ပွင့်ပွင့်လင်းလင်း ဝန်ခံမှုကြောင့် ထိတ်လန့်သွားသည်။
ခဏကြာတော့ သူက မေးသည်။ "...ကျို့ကျစ်သမ်း မင်းကိုလာခိုင်းတာလား?"
ရွှီရှင်းကျီက ဖျော့တော့သောအပြုံးဖြင့်သာ ပြုံးပြပြီး ပြန်မဖြေ။
သူ၏ လက်ရှိ အသွင်အပြင်သည် ကျိုးပိုင်နန်၏ ကောက်ချက်ချမှုအပေါ် ယုံကြည်မှု ရှိစေခဲ့သည်။
သူက ကုတင်ဘေးမှာထိုင်ပြီး "မင်းကို မုန့်ချူံ့ကွမ်းကိုသတ်ခိုင်းတာလား?"
ရွှီရှင်းကျီက ခေါင်းညိတ်သည်။ "မင်းသိသင့်တယ်။ ချူံ့ကွမ်းက ငါ့ကိုဆိုသတိထားမှာ မဟုတ်ဘူး"
ကျိုးပိုင်နန် ၏မျက်နှာပေါ်တွင် နားလည်မှုအရိပ်အယောင်များ ပေါ်လွင်လာကာ ပြုံးပြလိုက်သည် "ဒီစောက်ခွေးကောင်လေးက ငါတို့အားလုံးကို ရှင်းပစ်ချင်နေတာပဲ"
ရွှီရှင်းကျီ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
....နောက်ဆုံးတွင် သူသည် သူ့လမ်းကို ရှုတ်ယှက်ခတ်အောင် လုပ်နိုင်ခဲ့သည်။
မူလပိုင်ရှင်သည် ဆယ့်သုံးနှစ်ဆက်တိုက် ပျောက်ကွယ်သွားခဲ့ပြီး ယခု သူ့နေရာယူလိုက်တော့ ရုတ်ချည်း မြေရိုင်းထဲတွင် ပေါ်လာသည်။ ဒီအဖြစ်အပျက်က သံသယဖြစ်စရာပင်။
ရွှီရှင်းကျီသည် မုန့်ချုံံ့ကွမ်းကို ပထမဆုံးအကြိမ်တွင် မသတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ဤလူအုပ်စုနှင့် အတူနေပြီး လုပ်ကြံရန် အခွင့်အရေးကို ရှာလိုလျှင် ထိုသူတို့ လက်ခံနိုင်အောင် သင့်လျော်သော အကြောင်းပြချက်ကို ရှာဖွေရမည်။
အတောက်ပဆုံးသော လိမ်ညာမှုသည် ယုံကြည်စရာကောင်းရန် အမှန်တရားများနှင့် မုသားများ ရောနှောနေရန် လိုအပ်ပါသည်။
ရွှီရှင်းကျီ မျှော်လင့်ထားသည့်အတိုင်း ကျိုးပိုင်နန်သည် သူ့စကားကို ယုံကြည်ခဲ့သည်။
ကျိုးပိုင်နန်က ရှေ့ကို ငုံ့ကာ လေးလေးနက်နက် မေးသည် "ငါတို့စွန့်ပစ်မြေရဲ့ 'သော့' ကို ရှာတွေ့ဖို့ လက်တစ်ကမ်းအကွာပဲ လိုတော့တာကို သူသိနေတာလား?"
___________
Advertisement
- In Serial90 Chapters
True Monsters
Many strings of fate come together The hunters have existed in some form as long as the vampires. The current state of the order is a reflection of the current state of the vampire’s we face. A grim reflection brought about by needs. This land is as it always is in crisis When men have to be more monstrous than the beasts who is the true monster. When the kingdoms could no longer afford a standing army and the guilds started to encroach on the nobility's power the free mercenary companies began who is better a man who fights for coin or a monster that fights for blood. The mages submitted to the authority of the king and accepted his royal charter-ship with all that it entailed and so the inquisition passed them over for now.
8 135 - In Serial17 Chapters
Aetherborn (Rewritten)
A tyrant king has fled with his royal family, leaving only his bastard son behind. Having no experience in ruling a nation, he could only hope for the total annihilation of his kingdom by a foreign power. Surrounded by the chaos, a voice form a sealed stones make him an offer of salvation. That offer will turn the reality of this world upside down.
8 189 - In Serial48 Chapters
White Knight
In a world full of magic, how can someone survive with no magic!? Surrounded by talented individuals, the nefarious Seven Deadly Sins and a system of meticulous magic, Alsop Dusseldorf has become the epitome of being a knight with no magic...in a magical world. Instead equipped with a stunning set of swordsmanship and stamina, Alsop manages to make a mark in the Kingdom of Bournington through his sheer determination to become the most legendary of knights. However, terror strikes Alsop's daunting challenge when an array of evil threats come looming in the distance. Forever an ominous threat to the lands, the Seven Deadly Sins had been trumped by the might of several legendary knights. But when one such sin manages to escape their confinement, it is up to a flourishing cast of characters and Alsop to lead the charge in taking down the sin and bring forth a legendary status to his name. To come to such a triumph, Alsop must face battles involving a mysterious uprising of followers of evil, a clash of companions at a Contest of Champions, and a strange phenomenon occurring within the realms of his mundane body with no magic. With all these challenges coming his way, will Alsop manage to stop evil and become a legendary knight without the blessing of magical talent? (Volume one of the White Knight series)
8 111 - In Serial13 Chapters
Seeds of Doubt #1: Born in a Golden Storm
In the eternal cosmic game between the agents of order and chaos, a new piece is forced onto the field. Will he be a mere pawn? Maybe he will be something grander, someone worthy of being a new player? Or maybe he will be someone with a fate beyond anything imaginable, perhaps even a god-in-waiting.... This book is how it all started, The science of magic and the seeds of doubt.
8 127 - In Serial14 Chapters
The Whistle Of A Night Furys' Wings (HTTYD FAN FIC)
Hiccup and Toothless are brothers, but don't really look the part. They look completely different, but with Toothless' being a Night Fury, it makes senseHiccup and Valka were stolen by dragons during a raid. They lived with them for 20 years, and learned to trust them. Toothless and Hiccup bonded like brothers, and flew around the world at night, riding the winds of the twilight. Then, when they meet a girl named Astrid and a dragon named Sky, their world is forever changed.... but when Toothless looses Sky, his life is forever changed a bit more....P.s. Dreamworks own all characters, with the exception of a few I made up (You'll know when you find them...)
8 178 - In Serial11 Chapters
Hacker || L.H
When a Gang that needs help to ruin someone they turn to a 16 year old hacker.Does a gang member and a hacker mix?
8 215

