《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(8) ပထမဆုံးတွေ့ဆုံမှု
Advertisement
ပညာပေးပြီးသောအခါ ရွှီဟုခေါ်သော လူငယ်သည် အရပ်ရှည်သောသူ၏ ဖင်ကိုဆောင့်ကန် လိုက်သည်။ "တောင်းပန်လိုက်၊ ပြီးရင် လစ်လိုက်တော့။ မင်းတို့တွေ ဒီနှစ်အတွက် အရည်အချင်းမရှိဘူး။ နောက်နှစ် အရှေ့ဧကရာဇ်ရဲ့ ယဇ်ပူဇော်ပွဲ အခမ်းအနားရောက်မှ ပြန်လာခဲ့။"
အရပ်ရှည်ရှည်နှင့် ခပ်ပုပုနှစ်ယောက်သား ချွေးများရွှဲရွှဲစိုနေပြီး မျက်နှာများသည် စက္ကူအပိုင်းအစများကဲ့သို့ ဖြူဖျော့နေကာ မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ဦးညွှတ်လျက် "ကျေးဇူးတင်ပါတယ် ရွှီရှစ်ရှုန်း၊ ကျေးဇူးတင်ပါတယ် ရွှီရှစ်ရှုန်း....ကျိုးရှစ်ရှုန်း ကို အကြောင်းမကြားပါနဲ့လို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ မဟုတ်ရင် ကျွန်တော်တို့ ယင်ထျန်းချွမ်းက နှင်ထုတ်ခံရမှာ သေချာတယ်...."
သူ့ယက်တောင်ကို ဝှေ့ယမ်းရင်း "ယင်ထျန်းချွမ်းက နှင်ထုတ်ခံရဖို့လား? မင်းတို့ကိုငါ့လက်နဲ့ ဖမ်းမိတာသာ ကျိုးပိုင်နန်သိလို့ မင်းတို့ဦးနှောက်ကို မဖောက်ထုတ်ပစ်ရင်တောင် ထူးဆန်းနေအုံးမယ်။"
အရပ်ရှည်ရှည်နှင့် ပုပုနှစ်ယောက်တို့သည် ကြောက်လန့်တကြား တုန်လှုပ်သွားသည်။"......"
သူတို့ကို ကျေနပ်အောင် စနောက်ပြီးတဲ့ နောက်မှာတော့ ရွှီရှင်းကျီက သူတို့ကိုခက်ခဲအောင် မလုပ်တော့ဘဲ ကောင်လေးဆီ တောင်းပန်ခိုင်းခဲ့သည်။
ရွှီရှင်းကျီ၏ခွင့်ပြုချက်မရှိဘဲ ခေါင်းငိုက်စိုက်ကျနေပြီး လုံးဝမထဝံ့ပေ။ အခြားတစ်ဖက်တွင်မူ ကလေးငယ်သည် ရွှီရှင်းကျီကို သူ့အာရုံအားလုံးဖြင့် စူးစိုက်စိုက်ကြည့်နေပြီး သူ့မျက်လုံးများက စူးစမ်းလိုစိတ်များ ပြည့်နေသည်။
ရွှီရှင်းကျီက ကောင်လေးကို မေးသည်။ "ဘယ်လိုလဲ၊ မင်း သူတို့ကို ခွင့်လွှတ်ဖို့ ဆန္ဒရှိလား"
ကောင်လေးသည် တစ်ချက်မှ အကြည့်မလွှတ်လဲ ရွှီရှင်းကျီအား နာခံစွာ ခေါင်းညိတ်ပြသည်- "အင်း!"
ရွှီရှင်းကျီက သူတို့နားကပ်ကာ လက်တစ်ဖက်စီဖြင့် မြှောက်လိုက်ကာ "သွားသွား၊ လစ်လိုက်တော့။ ဂိုဏ်းလေးခုရဲ့ တပည့်တွေကို အရှက်မကွဲစေနဲ့အာ"
ရွှီရှင်းကျီ၏ အမိန့်ကို ခံယူပြီးနောက် ၎င်းတို့နှစ်ဦးသည် ဝိညာဉ်လက်နက်များကို ချက်ချင်းတပ်ဆင်ပြီး ယုန်ထက်မြန်အောင် ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့ကြသည်။
ရွှီရှင်းကျီက ထွက်သွားဖို့ သူ့ခြေထောက်ကို လှမ်းလိုက်ပေမယ့် သူ့အဝတ်အစားနောက်ကျောကို လက်သေးသေးလေးက ဆုတ်ကိုင်ထားသည်။
ကောင်လေးသည် ခြေဖျားထောက်ရပ်ကာ ဖုယုအသီးကို သူ့လက်ထဲသို့ အပ်ရန် ကြိုးစားသည်။
(T/N: အာရီးဂိုးးး၊ ချစ်စရာလေးး)
"ဒါကို ငါမလိုဘူး။"
"အရှေ့ဧကရာဇ်၏ ယဇ်ပူဇော်ပွဲ။ မလိုချင်ဘူးလား?" ကောင်လေးက မျက်တောင်ခတ်ပြီး ဈေးညှိဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်၊ ".....ခုနကနှစ်ယောက်စလုံးက လိုချင်ကြတယ်။ ခင်များအတွက်လက်ဆောင်။"
ရွှီရှင်းကျီက ခပ်ကျယ်ကျယ် ပြုံးပြပြီး ကောင်လေးရဲ့ လက်လေးကို ယက်တောင်နဲ့ အောက်ကို ဖိချလိုက်သည်- "သူတို့က ပြိုင်ပွဲမှာ ပါဝင်သူတွေ၊ ငါက မဟုတ်ဘူး။ ငါက အရှေ့ဧကရာဇ် ယဇ်ပူဇော်အခမ်းအနားရဲ့ ကြီးကြပ်မှူးပဲ။"
ကောင်လေးက နားမလည်ဘဲ ရွှီရှင်းကျီ၏ ၀တ်ရုံအောက်ပိုင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူ့ကို ရှင်းပြခိုင်းနေသကဲ့သို့ ဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ် ရွှီရှင်းကျီက ဘာမှလုပ်စရာမရှိပေ။ ကွဲနေသော ကျောက်စိမ်းပုတီးဆွဲကြိုးကို စစ်ဆေးရန် ခေါင်းငုံ့ထားကာ မူမှန်ကြောင်း သေချာအောင်လုပ်လိုက်သည်။ ထိုသို့လုပ်ပြီးနောက်တွင် ကောင်လေးထိုင်နေသည့် ရေညှိကျောက်ဆောင်ဆီသို့ လျှောက်သွားကာ အပေါ်သို့ခုန်တက်ပြီး သူ့အနားရှိနေရာကို လက်ဖြင့်ပုတ်ကာ ကောင်လေးကိုထိုင်ရန် အချက်ပြလိုက်သည်။
ကောင်လေးလည်း စမ်းချောင်းကိုဖြတ်ပြီး ရွှီရှင်းကျီ၏ နံဘေးမှာ ကပ်ထိုင်လိုက်သည်။
ရွှီရှင်းကျီက "မင်း သူစိမ်းတွေကို မကြောက်ဘူးပဲ"
ကလေးလေးသည် ရွှီရှင်းကျီ လည်ပင်းတစ်ဝိုက်ရှိ ကျောက်စိမ်းပုတီးကြိုးကို စစ်ဆေးရန် လက်တစ်ဖက်ကို ရဲရဲဝံ့ဝံ့ ဆန့်ထုတ်သော်လည်း သူ့လက်ကောက်ဝတ်ကို ရွှီရှင်းကျီက ဖမ်းဆုပ်လိုက်သည်။
ပေါက်ကွဲထွက်လာတဲ့ ဝိညာဉ်စွမ်းအင်တွေက သူ့လက်ကောက်ဝတ်ကနေ ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲကို တိတ်တဆိတ် စိမ့်ဝင်သွားပေမယ့် ကောင်လေးက တုံ့ပြန်မှုမရှိဘဲ ရွှီရှင်းကျီရဲ့ ဝိညာဉ်စွမ်းအားတွေကို သူ့ရဲ့ ဝိညာဉ်သွေးပြန်ကြောရှစ်ခုအား ခုခံမှုမရှိဘဲ လှည့်ပတ်ခွင့်ပေးထားသည်။
ရွှီရှင်းကျီ အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်သည်- "ဝိညာဉ်ရင်းမြစ်ရှိတဲ့ ကလေးပဲ။"
ကောင်လေးက မသိနားမလည်သော မျက်လုံးတစ်စုံဖြင့် သူ့ကို စိုက်ကြည့်သည်- "ဝိညာဉ်အရင်းအမြစ်ဆိုတာ ဘာလဲ"
ရွှီရှင်းကျီက "သူတို့ရဲ့ ဘဝတက်လမ်းမှာ အောင်မြင်လိုသူတိုင်းအတွက် အရင်းမြစ်၊ နားလည်မှုအားနဲ့ လုံ့လရှိရမယ်။ သုံးခုထဲက တစ်ခုမပါတာနဲ့ လုပ်လို့မရဘူး။ မင်းရဲ့ ဝိညာဉ်အရင်းမြစ်တွေက မဆိုးပါဘူး ကလေး၊ မင်းမိဘတွေ ဘယ်မှာလဲ"
ကောင်လေးက ခေါင်းငုံ့ပြီး ခြေချောင်းထိပ်တွေကို ကြည့်ကာ "ကျွန်တော့်မှာ မရှိဘူး"
ရွှီရှင်းကျီ အံ့အားသင့်သွားပြီး "ရပါတယ်၊ ငါရောပဲ။"
ကလေးက သူ့ခေါင်းကို နိမ့်ချလိုက်သည်- "မွေးကတည်းက ကျွန်တော့်မိဘတွေကို မတွေ့ဖူးဘူး"
"....အတူတူနီးပါးပါပဲ။" ရွှီရှင်းကျီက ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။ "ငါ့အမေက စောစောသေသွားတာ၊ ငါ့မှာ အမြွှာညီအကိုတစ်ယောက်ပဲရှိတယ်။ ငါ့ဆရာ ချင်းကျင့်အရှင်က ငါ့ကို သူ့တပည့်အဖြစ် လက်ခံထားလို့သာ မဟုတ်ရင် လမ်းပေါ်မှာ လူရမ်းကားတွေနဲ့ နယ်မြေလုနေရမှာ။"
ထိုသို့ပြောပြီးနောက် ရွှီရှင်းကျီသည် သူ၏ယက်တောင်ကို ပုံမှန်အတိုင်းဖွင့်ကာ သူ့ကိုယ်သူယက်ခတ်ရန် ပြင်ဆင်လိုက်သော်လည်း မထင်မှတ်ပဲ ကောင်လေးက သူ့လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး ဝမ်းနည်းစွာ ညှစ်လိုက်သည်။
ရွှီရှင်းကျီကို စေ့စပ်ညှိနှိုင်းရန်အတွက် ကောင်လေးသည် ဖုယုသစ်သီးတစ်လုံးကို ထပ်မံကမ်းလှမ်းခဲ့သည်- "ခင်များစားဖို့ အသီး"
Advertisement
ရွှီရှင်းကျီက ရယ်မောလိုက်ပြီး အသီးကို တစ်ဖန်ငြင်းဆိုခဲ့သည်။ "ငါ လင်ချိုးတောင်ကို ရောက်တဲ့ ပထမနှစ်တုန်းက နှစ်လုံးခိုးပြီး အဲဒီထဲက တစ်လုံးကို တိတ်တိတ်လေး စားခဲ့တယ်။ သူကအရည်ရွှမ်းပြီး လတ်ဆတ်ပေမယ့် သွားကြားထဲမှာလည်း တော်တော်ကပ်တယ်။ အရသာမရှိဘူး။"
ကောင်လေးက ခေါင်းငြိမ့်လိုက်ပြီး ရွှီရှင်းကျီက 'အရသာမရှိဘူး'ဟု ဆုံးဖြတ်ထားသောအသီးအား အဝေးသို့ ပစ်လိုက်သည်။ ထို့နောက် သူ့နောက်မေးခွန်းကို ဆက်မေးသည်။ "ခင်များက ခုနက ကြီးကြပ်ရေးမှူးလို့ ပြောတယ်၊ အဲ့ဒါဘာလဲ?"
ရွှီရှင်းကျီက စိတ်ရှည်ရှည်နဲ့ ပြန်ဖြေသည်။ "ကောင်းကင်ကျင့်ကြံရေး လမ်းကြောင်းလိုက်တဲ့ ဂိုဏ်း4ခုက 2နှစ်တစ်ခါ အရှေ့ဧကရာဇ်အတွက် ပူဇော်ပွဲအခမ်းအနား ကျင်းပတယ်။ ပုံမှန်ဆို ဘယ်ဂိုဏ်းကမဆို၊ အတွင်းစည်းဖြစ်ဖြစ် အပြင်စည်းဖြစ်ဖြစ် တပည့်တွေအကုန် ပူဇော်ပက္ကာတွေအတွက် ယှဉ်ပြိုင်ကြရတယ်။ အရည်အသွေး အကောင်းဆုံးပူဇော်ပက္ကာကို ရတဲ့သူက၊ တန်ဖိုးကြီးလေ ပိုကောင်းလေပေါ့၊ အဲ့လူက အရှ့ဧကရာဇ်ပူဇော်ပွဲအတွက် အဓိကတာဝန်ခံအရာရှိ ဖြစ်လိမ့်မယ်။ ငါချည်းပဲ 6နှစ်လုံး တာဝန်ခံအရာရှိ ဖြစ်လာတာ ပျင်းစရာကြီး၊ အဲ့ဒါကြောင့် ဆွေးနွေးပွဲလုပ်ပြီးတော့ ဂိုဏ်းတစ်ဂိုဏ်းဆီက တပည့်ခေါင်းဆောင်တွေက ပြိုင်ပွဲမှာ မပါရဘဲ ပြိုင်ပွဲကြီးကြပ်ရေးမှူး အဖြစ် ခန့်အပ်လိုက်တယ်။ တစ်ယောက်ချင်းစီတိုင်းက နယ်မြေတစ်ခုစီ ခွဲပြီး ပြိုင်ပွဲမှာဖြစ်လာမယ့် အန္တရာယ်တွေအတွက် စောင့်ကြပ်ရတယ်။"
ထိုသို့ပြောပြီးနောက်၊ သူသည် သူ့လည်ပင်းတစ်ဝိုက်ရှိ ကျောက်စိမ်းပုတီးစေ့ဆွဲကြိုးကိုမကာ ကောင်လေးအား မြင်နိုင်စေရန် တောက်ပသောနေရာတစ်ချို့ကို ညွှန်ပြခဲ့သည်- "ကြည့်၊ ငါက ယု၊ လင်ချိုး၊ ကျန့်ကဲ၊ ကောင်းထုနဲ့ ထိုက်ဟွ တောင်5တောင်ရဲ့ တာဝန်ခံပဲ။.....ဒီနေရာတွေမှာရှိတဲ့ ပူဇော်သက္ကာတွေက အရမ်းရှားပါးပြီး မကြာခဏ ဘီလူးတွေက စောင့်ကြပ်ကြတယ်။ ဒီနေရာ5ခုထဲက တစ်ခုခုကနေ ဝိညာဉ်စွမ်းအားသုံးရတဲ့ တိုက်ပွဲမှာမနိုင်နိုင်တဲ့ တပည့်တွေရှိရင် ငါသွားကူညီရမှာ။"
ဒီအကြောင်းကိုပြောရင်း ရွှီရှင်းကျီဟာ လွန်ခဲ့တဲ့တစ်လခွဲလာက်က ဒီနေရာတွင် ယဇ်ပူဇော်ပွဲအတွက် စစ်တမ်းကောက်ခဲ့တာကို ပြန်မှတ်မိသွားသည်။
သူသည် တောင်တစ်ခုလုံးကိုရှာဖွေခဲ့သော်လည်း "ယုံ" ၏လမ်းကြောင်းကို လုံးဝမတွေ့ခဲ့ရသည့်အပြင် ဖုယုအသီးကိုလည်း မည်သည့်တိရစ္ဆာန်မှ စောင့်ကြပ်ခြင်းမပြုတော့ပေ။
ဤအဖိုးတန်သောဝိညာဉ်အသီးအနှံများသည် အမှန်တကယ်ပင် ပုပ်နေသောတောင်၏တောကန္တာရတွင်ပေါက်နေသောဖရဲသီးအစုအဝေးတစ်ခုကဲ့သို့ထင်ရသည်။ အရမ်းထူးဆန်းသည်။
ရွှီရှင်းကျီ ရှင်းပြသည်- "ဖုယုသစ်သီးကိုရှာဖို့ လင်ချိုးတောင်ကို ချဉ်းကပ်လာတဲ့တပည့်တွေ ဝိညာဥ်စွမ်းအားသုံးစရာမလိုဘဲ လွယ်လွယ်ရတော့မယ် ထင်ထားတာ။ မင်းလိုသာမန်လူတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ အင်အားသုံးလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"
ကောင်လေးက ကြောက်အားလန့်အားနဲ့ ဟန်ဆောင်ပြသည်။ ဒါကိုမြင်တော့ ရွှီရှင်းကျီက စိတ်ပျော့သွားပြီး မထိန်းနိုင်ဘဲ သူ့ဆံပင်တွေကို ထိလိုက်သည်။ ပျော့ပျောင်းနေတဲ့ ဆံပင်တွေနဲ့ဦးခေါင်းက သူ့လက်ကို ငြင်းဆန်တဲ့ခံစားချက်ကို ခံစားလိုက်ရတော့ နောက်ထပ်အကြိမ်အနည်းငယ် လွတ်လွတ်လပ်လပ် ပွတ်ဖို့ ဆုံးဖြတ်လိုက်သည်။
ကောင်လေးက သူ့ဆံပင်ကို ဒီလိုမျိုး တစ်ခါမှ မပွတ်မခံရဖူးပေ။ ပထမ၊ သူ့ပုခုံးတွေကို လျှော့လိုက်ပြီးနောက် သူ့အမူအရာက ဖော်မပြနိုင်လောက်အောင် ဖြေလျော့သွားကာ သက်တောင့်သက်သာ မျက်လုံးလေးမှိတ်ထားလိုက်သည်။
ထိုသို့သော အမူအရာနှင့် မြင်ကွင်းကို မြင်လိုက်ရသဖြင့် ရွှီရှင်းကျီ အံ့သြသွားသည်။
အကယ်၍ ကောင်လေးသာ အိမ်မွေးကြောင်လေးတစ်ကောင်ဖြစ်ခဲ့ပါက၊ ထိုအချိန်တွင် သူသည် အသံပေးကာ ငြိမ့်နေလိမ့်မည်။
သူပွတ်ပေးတာ သက်တောင့်သက်သာရှိသောကြောင့် ဖြစ်နိုင်သည်။ ကောင်လေးက ရိုးရိုးရှင်းရှင်းနဲ့ ပျင်းရိစွာလှဲချကာ ဒူးခေါင်းကို ခေါင်းအုံးအဖြစ် ထားလိုက်ပြီးနောက် နုံအတဲ့ အမူအရာနဲ့ မေးလိုက်သည်။ ".....'ယုံ' က ဘာလဲ"
ရွှီရှင်းကျီသည် သူ၏ အရောဝင်လွန်းနေသော သဘောထားကြောင့် ထိတ်လန့်သွားပြီး နူးညံ့သောပါးပြင်ကို ယက်တောင်နဲ့ တို့လိုက်သည်။
တစ်ချက်တို့၊ တစ်ချက်ချိုင့်ဝင်သွား၊ ခံစားချက်က အရမ်းကောင်း!
ရွှီရှင်းကျီသည် အပြာရောင်မျက်နှာ၊ ထက်လျှသော အစွယ်များ၊ ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ၎င်း၏ ဖုယုအသီးကိုထိသူတိုင်းအား ကမ္ဘာမြေအဆုံးထိ သဲကြီးမဲကြီး လိုက်သွားမယ့် ဘီလူးကြီးအား မှတ်မိသေးသည်။ သူအသေးစိတ် မဖော်ပြချင်တဲ့အတွက် "ဘာပဲဖြစ်ဖြစ်၊ အဲဒါက ဘာမှ မကောင်းဘူး။"
ကောင်လေးက "ဒါဆို သူဘယ်ရောက်သွားတာလဲ" လို့ ဆက်မေးသည်။
ရွှီရှင်းကျီသည် ဤမေးခွန်းကို နားမလည်နိုင်သောကြောင့် သူ့ကိုယ်သူ မှန်းဆကြည့်မိသည်။ "....နေရာပြောင်းသွားတာများလား?" ကောင်လေးရဲ့ ခြေကျင်းဝတ်နားက ကပ်နေတဲ့ အသီးအနှံတွေကို ကြည့်လိုက်သည်။ "မင်းဒီအသီးတွေကို တောင်ပေါ်ကနေခူးလာတာ မဟုတ်လား"
ကောင်လေးက ခေါင်းငုံ့ပြီး လက်ချောင်းတွေကို ပွတ်သပ်ရင်း "....အင်း"
ရွှီရှင်းကျီက "ဒီတောင်ပေါ်မှာ အကောင်တွေ ခိုနေမှာ မကြောက်ဘူးလား?"
ချိုသာစွာ ပြုံးပြရင်း ကလေးလေး၏ မျက်လုံးများသည် အနည်းငယ် ကွေးညွတ်သွားသည်- "ကျွန်တော် ဒီကို ရောက်တာ တစ်လခွဲရှိပြီ။ တောင်ခြေကလူတွေက တောင်ပေါ်မှာ ဘီလူးတစ်ကောင်ရှိပြီး အရသာရှိတဲ့ အသီးအနှံတွေရှိတယ်လို့ ပြောကြတယ်။ တခါမှ မမြင်ဖူးဘူးဆိုတော့ ကြည့်ချင်လို့ တောင်ပေါ်တက်လာတာ။"
ရွှီရှင်းကျီက တွေးလိုက်သည်။ 'အုပ်ထိန်းဖို့ အမေမရှိတဲ့ ဒီကလေးက အထိန်းအကွပ်မဲ့တာပဲ။'
'တော်တော်ကောင်းတယ်၊ ငါတို့တွေ တစ်ပုံစံထဲပဲ။'
ခဏအကြာတွင် သူသည် ရွှီရှင်းကျီ၏ပေါင်ပေါ်တွင် တွန့်လိမ်ပြီး သူ့ကိုယ်သူ ပက်လက်လှန်လိုက်သည်။ "ရွှီရှစ်ရှုန်း၊ ခင်များနာမည်ဘယ်လိုခေါ်လဲ"
Advertisement
ရွှီရှင်းကျီက "မိုးရေထဲမှာ လေချွန်ပြီး ဘာလို့လျှောက်မသွားကြမှာလဲ" ရွှီရှင်းကျီ။ မင်းရော?"
(T/N: ကဗျာစာသားပါ၊ ရွှီရှင်းကျီရဲ့ နာမည်က အပူအပင်မဲ့ လျှောက်သွားသူလို့ အဓိပ္ပါယ်ရပါတယ်။)
ကောင်လေးက သူ့ကျောရိုးကို တည့်တည့်မတ်မတ်ထားပြီး သူ့ရင်ဘတ်ကို ဂုဏ်ယူစွာနဲ့ ပုတ်လိုက်သည်။ "ကွမ်းကွမ်း"
(T/N: စူးရှ၊ တောက်ပ ဒါမှမဟုတ် တုံးတိ၊ ကိုယ်တုံးလုံးလို့ အဓိပ္ပါယ်ရပါတယ်။)
ရွှီရှင်းကျီက မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။ "ဟားဟားဟားဟား"
ကောင်လေးက အံ့အားသင့်သွားသည်။ "ကျွန်တော့်နာမည်က မကောင်းဘူးလား"
သူသည် မိုင်တစ်ရာဝေးသော အနီးနားတောင်တန်းတွင် နေထိုင်ခဲ့ဖူးပြီး မုဆိုးတစ်ဦးမှ ကောက်ယူခြင်းခံခဲ့ရကြောင်း ရွှီရှင်းကျီအား ရှင်းပြခဲ့သည်။ မုဆိုးသည် သူလေးနှစ်သားအရွယ်တွင် အမဲလိုက်နေစဉ် မတော်တဆ ပြုတ်ကျသေဆုံးသွားခဲ့သည်။
မုဆိုးမိသားစုသည် ဆင်းရဲနွမ်းပါးပြီး အဝတ်စားမတတ်နိုင်သောကြောင့် တိရစ္ဆာန်အရေခွံများကိုသာ ၀တ်ဆင်နိုင်ခဲ့သည်။ မုဆိုးသေဆုံးသွားပြီးနောက်တွင် သူ၏ရိက္ခာနှင့် အဝတ်အစားများ ဆုံးရှုံးခဲ့သည်။ ထို့နောက် အစာရှာရန် တောင်ပေါ်မှ ဆင်းလာသောအခါ ထိုသားရဲအဝတ်စားအား ပျောက်ဆုံးသွားခဲ့သည်။
ထို့နောက် နောက်ဆုံးတွင် သူသည် အဝတ်မဲ့ တောင်ပေါ်မှ ဆင်းလာတော့ သူ့ကို ကလေးအုပ်စုက ဝိုင်းလှောင်ပြောင်ကာ ကျောက်ခဲနှင့် ပစ်ပေါက်ခဲ့သည်။ သူ့ကို နာမည်ပြောင်တောင်ပေးထားသည်။
ကလေးက စိတ်ဆိုးပြီး "အဲဒီတုန်းက သူတို့အားလုံး ကျွန်တော့်ကို ကွမ်းကွမ်းလို့ ခေါ်ကြတယ်။ နာမည်က တော်တော်ကောင်းတယ်ထင်တာ"
ရွှီရှင်းကျီက သူ့ပေါင်ကိုရိုက်လိုက်သည့်အထိ ကျယ်လောင်စွာ ရယ်မောလိုက်သည်- "ဟားဟားဟားဟား"
အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက်၊ ရွှီရှင်းကျီသည် ကောင်းကင်၏အရောင်ကိုကြည့်ကာ ကလေး၏ခေါင်းကို ပုတ်လိုက်ပြီး "ထတော့၊ ထတော့၊ အ-ကွမ်း၊ ငါသွားရတော့မယ်။"
ရွှီရှင်းကျီ၏ သူ့အားခေါ်ဆိုပုံကို ပြင်ဆင်ရန်အချိန်မရှိ၍ ကလေးလေးသည် လျင်မြန်စွာထကာ "ရွှီရှစ်ရှုန်း၊ ဒီမှာနေပေးပါ။"
ရွှီရှင်းကျီသည် အနည်းငယ်ရယ်စရာကောင်းသည်ဟု ခံစားမိသည်။ သူ့ဆံပင်ကို ပွတ်သပ်ပြီး "ဘာလို့ ငါဒီမှာနေရမှာလဲ" လို့ ပြန်ဖြေသည်။
ကလေးလေးရဲ့ အမူအရာက ဖြူစင်သည်- "ကျွန်တော်နဲ့အတူ ဒီမှာနေပါ။ ခင်များက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ ကျွန်တော်ခင်များနဲ့ အမြဲတမ်း အတူတူရှိချင်တယ်။"
ရွှီရှင်းကျီက နှာခေါင်းကို ပွတ်လိုက်ပြီး ပြုံးလိုက်သည်။ "...အဲ့လိုမဖြစ်နိုင်မှာ စိုးရိမ်မိတယ်။"
ကောင်လေး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူသည် လက်ညိုးနှင့် လက်မကို အသာအယာ ဖိလိုက်တော့ ရေညှိကျောက်ဆောင်၏ အရိပ်ထဲမှ နွယ်ပင်များစွာ ထွက်လာပြီး အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ကျောက်တုံးပေါ်သို့ တက်လာသည်။
ရွှီရှင်းကျီ သူဘာလုပ်နေသည်ကို သတိမထားမိပုံရသည်။ သူသည် ရေညှိကျောက်ပေါ်မှ ခုန်ဆင်းကာ သူ့တင်ပါးမှ ဖုန်မှုန့်များကို ပွတ်သပ်ပြီး ထွက်ခွာရန် ရှေ့တစ်လှမ်းတိုးခဲ့သည်။
ကြီးစွာသော အန္တရာယ်ကျရောက်တော့မည့် ဤအခိုက်အတန့်တွင် ကောင်လေးသည် ရုတ်တရက် သဘောပေါက်လာသည်။ သူ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို ဖြေလျှော့လိုက်ပြီး စပျစ်နွယ်ပင်တွေကလည်း ချက်ချင်း မြေပြင်ထဲကို ပြန်ဆုတ်သွားကာ သဲလွန်စမရှိဘဲ ပျောက်သွားသည်။
သူ ဝပ်တွားပြီး သူ့ခြေရင်းက စပျစ်နွယ်ပင်ကို ဆွဲချပြီးနောက် ရှေ့ကို ခြေလှမ်းအနည်းငယ်လှမ်းကာ ရွှီရှင်းကျီရဲ့ အင်္ကျီစကို ဆုပ်ကိုင်လိုက်သည်။ "ရွှီရှစ်ရှုန်း! ဒါကိုယူလာရင် ခင်များရဲ့ဂိုဏ်းထဲကို ကျွန်တော်ဝင်လို့ရမလား?"
သူသည် မုန်လာဥကို ပေးကမ်းသကဲ့သို့ အဖိုးတန် အသီးအနှံများကို ရွှီရှင်းကျီရှေ့မှာ အပြန်ပြန်အလှန်လှန် လှန်လိုက်သည်။
ရွှီရှင်းကျီက မျက်ခုံးပင့်လိုက်သည်။
.....ဤကလေးတွင် မိသားစုမရှိသည့်အပြင် ထူးကဲသော ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားသည်။ သူသည် ကျင့်ကြံရေးနှင့် အဂ္ဂိရတ်ပညာအတွက် မငြင်းနိုင်အောင် အံဝင်နိုင်သော အရည်အချင်းရှိသည့်အတွက် ကျောက်စိမ်းအစိတ်အပိုင်းနှင့်တူသည်။
သူ့ကို ဒီတောင်ပေါ်မှာ တစ်ယောက်တည်း တစ်ယောက်တည်း ထားခဲ့ရတာက တကယ့်ကို သနားစရာကောင်းလှသည်။
ရွှီရှင်းကျီက ဖုယုသစ်သီးထုပ်ကို လက်ခံလိုက်ပြီး လေးလေးနက်နက် စဉ်းစားပြီးနောက် "....မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့မျိုးဆက်တွေက တပည့် လက်ခံခွင့်မရှိဘူး။ ....ငါမင်းကို အရင်ခေါ်သွားလိုက်မယ်လေ။ မင်းရဲ့ဝိညာဉ်ရင်းမြစ်က မဆိုးပါဘူး၊ ပြီးတော့ ဒီအသီးအနှံကို ပြန်ယူလာတယ်ဆိုတော့ ရှစ်ရှုတို့ရှစ်ပေါ်တို့ အားလုံးမင်းကို သဘောကျကြမှာပါ။ အဲ့အချိန်ကျရင် မင်းဖုန်းလင်တောင်ပေါ်က ဘယ်ပုဂ္ဂိုလ်၏လက်အောက်မှာ တပည့်ဖြစ်ချင်လဲ ငါ့ကိုပြောလို့ရတယ်။"
ကောင်လေးက ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်ပြီး သူ့မျက်လုံးတွေက တောက်ပြောင်ပြီး ဖားကလေးလို လှုပ်ရှားနေသည်။ "...ကျွန်တော်ခင်များနဲ့ ရှစ်ရှုန်း-သိပဲ ဖြစ်ချင်တာ။ တခြားဘယ်သူကိုမှ မလိုချင်ဘူး။"
ရွှီရှင်းကျီက ရယ်မောလိုက်ပြီး "မင်းရွေးလို့ရတာပေါ့။ ငါ့ဆရာ ချင်းကျင့်အရှင်က ဖုန်းလင်တောင်ရဲ့ ဂိုဏ်းခေါင်းဆောင်ပဲ။"
ဒီလိုပြောပြီးနောက်မှာတော့ ကလေးရဲ့လက်ကိုဆွဲပြီး သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်။ သူ၏လက်ချောင်းများသည် လည်ပင်းတစ်ဝိုက်မှ အကြီးဆုံးကျောက်စိမ်းပုတီးစေ့ကို လိမ်ပြီးနောက် ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။
သူ့လက်ချောင်းထိပ်မှာ ကျောက်စိမ်းရောင် အလင်းတန်းတစ်ခု ပွင့်လာသည်။ ရွှီရှင်းကျီသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လက်သည်းခွံကဲ့သို့ သေးငယ်သော အလင်းကွင်းကို လေထုအလယ်သို့ လွှင့်ပစ်လိုက်သည်။
အလင်းကွင်းသည် ဝေလငါးတစ်ကောင်ကဲ့သို့ လေနှင့်အတူ ကျယ်လာကာ ချက်ချင်းပင် တံခါးအရွယ်အစား ဖြစ်လာသည်။
ရွှီရှင်းကျီက ကလေးကို ပွေ့ဖက်လိုက်ပြီး "မင်းမျက်လုံးတွေကို မှိတ်ထား" လို့ ညင်သာစွာ အမိန့်ပေးလိုက်သည်။
ကလေးလေးသည် ရွှီရှင်းကျီ၏ ရင်ခွင်ထဲသို့မှီ၍ ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ ရွှီရှင်းကျီ၏ညှပ်ရိုးနှင့် နဖူးကိုညင်သာစွာ ဖိထားပြီး သူ၏ခေါင်းကို မြှုပ်လိုက်သည်- "အင်း"
ရွှီရှင်းကျီသည် ကျောက်စိမ်းတံခါးဝသို့ ခုန်ဆင်းကာ တောင်တန်းများ၏ ဆိတ်ညံသော တောအုပ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
နောက်စက္ကန့်တွင် မြင်ကွင်းက ပြောင်းလဲသွားပြီး ရွှီရှင်းကျီသည် လှပစွာ ဆင်းသက်လာသည်။
ပတ်ဝန်းကျင်သည် နက်ရှိုင်းသောချိုင့်ဝှမ်းနှင့် အုံ့ဆိုင်းနေသော တောအုပ်ကြီးလို မဟုတ်တော့ဘဲ မီးခိုးငွေ့ကျဲကျဲများနှင့် ဖုံးလွှမ်းသွားခဲ့သည်။ မျှော်စင်မြင့်အလယ်တွင် သပ်ရပ်သောမြင်ကွင်းရှိပြီး ကြာကန်ပေါ်ရှိ မဏ္ဍပ်တို့၌ ကွဲပြားသော ဝတ်စားဆင်ယင်မှုအမျိုးမျိုးကို ၀တ်ဆင်ထားသော တပည့်တို့သည် သွားလာနေကြသည်။ ရွှီရှင်းကျီကို တွေ့သောအခါ ရပ်တန့်ကာ "နှုတ်ဆက်ပါတယ် ရွှီရှစ်ရှုန်း"
ရွှီရှင်းကျီသည် လက်တစ်ဖက်တွင် ခေါက်ယက်တောင်ကိုကိုင်ကာ အခြားတစ်ဖက်က ကလေးငယ်အား သယ်ဆောင်ထားပြီး သူ၏နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။ "အ-ကွမ်း၊ ငါတို့ရောက်ပြီ၊ မင်းနာမည် ကွမ်းကွမ်းဆိုတာ ဘယ်သူကိုမှမပြောနဲ့၊ ပြီးတော့မင်းနာမည် ကွမ်းကွမ်းဘယ်ကလာတယ် ဆိုတာရောဟုတ်ပြီလား?"
သူ့ရင်ခွင်ထဲက ကလေးက ခေါင်းညိတ်ပြသည်။ "ဟုတ်။ ဒါဆို ရွှီရှစ်ရှုန်း ကျွန်တော့်ကို ဘယ်လိုခေါ်မလဲ?"
ရွှီရှင်းကျီသည် သူ၏နားထင်ကို ယက်တောင်၏ထိပ်ဖျားဖြင့် ထိကာ စဉ်းစားနေပုံ။
မကြာခင်မှာပဲ ရွှီရှင်းကျီ တစ်ယောက်ယောက်ရှေ့မှာ ရပ်သွားသည်။
ချွီချီသည် အခြားသော တန်းယန်တပည့်များကဲ့သို့ ၀တ်ဆင်ထားပြီး အဖြူရောင်ခါးပတ်စလွယ်နှင့် တွဲဖက်ထားသော အနီရောင် ၀တ်စုံကြီးကို ၀တ်ဆင်ထားသည်။ ရိုးရိုးဖြူဖွေးသော ပိုးချည်မျှင်များဖြင့် ကျောက်စိမ်းတောင်မွှေးကို သူ့လက်တွင် ကိုင်ကာ တံတောင်ဆစ်နားတွင် အမွှေးများချထားသည်။
သူက ရွှီရှင်းကျီကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည် - "မင်း လင်ချိုးတောင်က ပြန်ရောက်ပြီလား။ ဟိုမှာ အခြေအနေ ဘယ်လိုလဲ"
ရွှီရှင်းကျီက အမြန်ပြန်ဖြေဖို့ စိတ်မ၀င်စားပေ။ သူက ဟိုဟိုဒီဒီကြည့်ရင်း "ဖက်တီးကျိုး ဘယ်မှာလဲ?"
ချွီချီက "ပိုင်နန်က ချင်ချိုးကိုသွားတယ်၊ ရွှယ်ချန်က ယောင်ကွမ်းတောင်ကိုသွားတယ်၊ ငါလည်း ကျောက်ယောင်တောင်ကနေ အခုမှပြန်လာတာ။"
ရွှီရှင်းကျီ အံ့အားသင့်သွားသည်- "ဒီနှစ်ကတော့ အလုပ်များတာ သေချာတယ်အာ။ ရွယ်ချန်တောင် သွားပြီ။ .....ငါ့ဘက်ကတော့ ဘာမှ ထူးထူးခြားခြားမရှိဘူး။ ယင်ထျန်းချွမ်းက တပည့်မိုက်နှစ်ယောက်နဲ့ ဝင်တိုးမိပေမယ့် သင်ခန်းစာနည်းနည်း သင်ပေးပြီးတော့ ပြီးသွားတာပဲ။"
ချွီချီသည် ရွှီရှင်းကျီ၏ရင်ခွင်ထဲတွင် လဲလျောင်းနေသော ချုံ့ကွမ်းကိုတွေ့လိုက်ရသည်- "ဒီကလေးက....."
ရွှီရှင်းကျီက "ငါကောက်လာတဲ့ ကလေး၊ သူ့ရင်းမြစ်က တော်တော်ကောင်းတယ်။" သူက လှည့်ပြီး ကလေးရဲ့မျက်နှာကို ချွီချီကို ပြလိုက်သည်- "ကြည့်စမ်း၊ သူအရမ်းလှတာပဲ။"
ရွှီရှင်းကျီ၏ ချီးကျူးမှုကိုခံရပြီးနောက် ကလေးသည် သူ့လက်မောင်းကို တင်းတင်းကျပ်ကျပ်ဖြင့် ကျေနပ်စွာ ပွေ့ဖက်လိုက်သည်။
ချွီချီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "မင်းကလေးတွေကို ပြုစုပျိုးထောင်ရတာ သဘောကျပုံပဲ။"
ရွှီရှင်းကျီက မျက်တောင်ခတ်ပြီး ဂုဏ်ယူစွာနဲ့ "မင်း မနာလိုလို့လား? သူတို့ကို ဘယ်လိုပြုစုပျိုးထောင်ရမှန်းမသိဘူး မလား? မပျိုးထောင်နိုင်ဘူးမလား?"
ချွီချီက ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး "....သူ့နာမည်ဘယ်လိုခေါ်လဲ?"
ရွှီရှင်းကျီ: "....အမ်..ချုံ့ကွမ်း"
ချွီချီက သူငိုရမလား ရယ်ရမလားမသိ: "....မင်းအခုမှ စဉ်းစားပြီး ပြောလိုက်သလိုပဲ။"
ရွှီရှင်းကျီက လေးနက်သော အမူအရာဖြင့် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်းမယုံရင် သူ့ကိုမေးကြည့်။"
ချုံ့ကွမ်းသည် ဤအကျင့်ပျက်ခြစားသော ဆုံးဖြတ်ချက်ကို အလွန်လျင်မြန်စွာ လက်ခံခဲ့သည်- "ဟုတ်ပါတယ်"
ရွှီရှင်းကျီက မိုက်မဲစွာ ရယ်မောလိုက်သည်။
'ချုံ့ကွမ်း' ဤအမည်သည် ဆိုးရွားလွန်းလှသည်မဟုတ်ပေ၊ သူ့မျိုးရိုးအမည်အတွက်ကတော့ .....သူ "မိသားစုတစ်ရာ၏မျိုးရိုးအမည်" ကိုရှာဖွေပြီး ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
ချွီချီက "မင်းသူ့ကို ဒီလိုပဲ ဂရုစိုက်ထားမှာလား?"
ရွှီရှင်းကျီက ချုံ့ကွမ်းကို ပွေ့ဖက်လိုက်ပြီး "အနာဂတ်မှာ ငါသူ့ကို ဆက်ပြီး ပြုစုစောင့်ရှောက်ရအုံးမှာပဲ ဒါပေမယ့်အခုအချိန်တော့ ငါမလုပ်နိုင်သေးဘူး။ အလုပ်အရမ်းများနေတယ်။ တောင်တန်းတစ်ခုသာ တစ်ခုခုဖြစ်ရင် ငါအပြေးအလွှားသွားရမှာ။"
ချုံ့ကွမ်းက သူ့စကားရဲ့ အဓိပ္ပါယ်ကို မချေဖျက်ခင်မှာ ရွှီရှင်းကျီက အရောင်တူဝတ်ရုံဝတ်ထားတဲ့ လင်ဖုန်းတပည့်တစ်စုကို လှမ်းခေါ်လိုက်သည်။ "....ကျို့ကျစ်သမ်း၊ ရှောင်သမ်း!"
မုန့်ချုံ့ကွမ်း အသက်အရွယ်ဝန်းကျင်ရှိ ကောင်လေးတစ်ယောက်သည် သူ့စကားကိုကြားပြီး လှည့်ကြည့်လိုက်သည်။
ကောင်လေးသည် နူးညံ့သိမ်မွေ့ပြီး ကောင်းမွန်သောအသွင်အပြင်ရှိသော်လည်း လောကီရေးရာအားလုံးသည် သူနှင့်မသက်ဆိုင်သလိုပင် အေးစက်သောစိတ်ထားကို ဖော်ဆောင်ထားသည်။
သို့သော်၊ ရွှီရှင်းကျီကိုမြင်ပြီးနောက်၊ သူ့မျက်လုံးများတွင် လူသားဆန်သော ခံစားချက်တစ်ခု ရုတ်ခြည်းပေါ်လာပြီး သူ၏ချွန်ထက်သောရေခဲများသည် အရည်ပျော်သွားသလို- "ရှစ်ရှုန်း၊ ပြန်လာပြီလား"
.....ရွှီရှင်းကျီက ချုံ့ကွမ်းကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ထားသည်ကို သတိမပြုမိခင်အထိ သူ့စိတ်ထဲတွင် ချုံ့ကွမ်း၏ တည်ရှိမှုကို တစ်ချက်မျှ မှတ်သားထားခြင်းမရှိပေ။
ချုံ့ကွမ်းက သူ့ခေါင်းကို ဘေးသို့ စောင်းလိုက်သည်။
ရွှီရှင်းကျီက မုန့်ချုံ့ကွမ်းကို အောက်ချပြီးနောက် ကျို့ကျစ်သမ်း၏ ဦးတည်ရာသို့ တွန်းပို့လိုက်သည်။ "ရှောင်သမ်း၊ ဒါကချုံ့ကွမ်းတဲ့။ သူ့ကို အရင်ဂရုစိုက်ပြီး အစားအသောက်နဲ့ အဝတ်အစားတွေ ပေးလိုက်ပါ။"
ကျို့ကျစ်သမ်းက မျက်ခုံးတွန့်ကာ "ဟုတ်ကဲ့ ရှစ်ရှုန်း" ဟု ဝန်လေးစွာ ဖြေသည်။
တစ်ဖက်တွင် ချုံ့ကွမ်းသည် ကျို့ကျစ်သမ်းအတွက် အထူးခံစားချက်များ မပြခဲ့ပေ။ သူက နောက်ပြန်လှည့်ပြီး ရွှီရှင်းကျီကိုခေါင်းညိတ်ကာ မေးသည်။ "ရွှီရှစ်ရှုန်း၊ ကျွန်တော် ကောင်းကောင်းနေပါ့မယ်။ ဘယ်တော့လာခေါ်မှာလဲဟင်?"
ရွှီရှင်းကျီက သူ၏အလွန်ပျော့ပျောင်းတဲ့ ဆံပင်တွေကို ပွတ်သပ်လိုက်ပြီး "ဒီသုံးရက်က အရှေ့ပိုင်းဧကရာဇ် ယဇ်ပူဇော်ပွဲရဲ့ ပြိုင်ပွဲမို့လို့ ငါတော်တော်အလုပ်ရှုပ်နေမှာ၊ ဒါပေမယ့် ဒီည မင်းကို ရှောင်သမ်းရဲ့နေရာမှာ လာတွေ့မယ်လေ။"
ချုံ့ကွမ်းသည် သူ့ခြေချောင်းများပေါ် မတ်မတ်ရပ်ပြီး ရွှီရှင်းကျီ မတုံ့ပြန်မီတွင် သူ့ပါးကိုနမ်းလိုက်သည်။
သူက ကျောနောက်မှာ လက်လေးတွေကို ဆုပ်ကိုင်လိုက်ပြီး ချိုမြိန်သောအမွှေးအကြိုင်တွေ ပျံ့လွင့်လာသလို။ "ရွှီရှစ်ရှုန်း၊ ကျွန်တော်စောင့်နေမယ်။"
- ငါကပထမပဲဟာကို၊ အမြဲတမ်းပထမဆိုတာ ရှင်းနေတာပဲကို။ ပွေ့ဖက်တာပဲဖြစ်ဖြစ်၊ ရှစ်ရှုန်းလို့ခေါ်တာပဲဖြစ်ဖြစ်၊ သူ့ကို သဘောကျတာပဲဖြစ်ဖြစ်.....
(T/N: ကျို့ကျစ်သမ်း ကွမ်းကွမ်းကိုမုန်းတာ မဆန်းပါဘူး။ သူ့ရှစ်ရှုန်းကို မျက်စိရှေ့မှာတင် အလုခံလိုက်ရတာကိုး🤣)
___________
Advertisement
- In Serial435 Chapters
I am a Scarecrow and the Demon Lord of Terror!
Upon waking up, Flanders traveled to a modern world that had magic and turned into a scarecrow that had zero mobility! Fortunately, as long as he absorbed fear, he could continue to evolve! From then on, an existence that caused a headache for the Wizard’s Association was born!He was called the Demon Lord of Terror, Master of Nightmares, Ancient Evil Now, Nightmare’s Edge… He, was the most powerful existence in this world!
8 282 - In Serial24 Chapters
The Sons of Adam: The Boy Named Nod Book 1
In Chrysalis Falls, the last human city on Earth, a child mercenary named Nod fights to survive with only his imaginary friends at his side, and a cybernetic cult led by Nod's father and brother after his head. Gods, fae, cyborgs, and more - with Chrysalis Falls eternally under siege, there's always work to be done.
8 147 - In Serial55 Chapters
An Empire Divided
The Fey Danan Empire and the Kingdom of Loire, are considering an alliance. A chance meeting presents an opportunity, will you seize it?. Shadows move around the board, will they be brought to light, before nights settles in?.
8 146 - In Serial6 Chapters
Cuthroats and Scoundrels
The tale of a group of rogues and scoundrels who will do whatever is needed to earn their fortune. Grim, a mage cast out of polite society, is one of those and with his companions, he serves in a mercenary company for the sacking of a city as it is the only way to reach the fabled treasure hidden in that city's temple. But, what he finds not only endangers his own life and that of his companions, but also sees him hunted by friend and foe alike as they unleash fire and fury as they seek to take back what he has stolen.
8 215 - In Serial10 Chapters
Tales of a Power Armor Apocalypse
On September 5, 2014, thousands of pods fell from the sky. They came bearing gifts. These are some of the stories of what happened.
8 229 - In Serial14 Chapters
Back to Primo...
Another Version of Book 3What would happen Tsuna and the others turned to kids?!What would happen if the Queens didn't get sucked in the bazooka?!What happened in the Queens past?!Their is only one way to find out...
8 134

