《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(7) မှတ်ဉာဏ်များ ပြန်ကြည့်ခြင်း
Advertisement
ချွီချီသည် မလှုပ်ရှားဘဲ မျက်လုံးများသည် မုံ့ချုံ့ကွမ်းကို စိုက်ကြည့်ရင်း အေးစက်သောည၏ ကြယ်ကောင်းကင်နှင့်တူသည်။
မုန့်ချုံ့ကွမ်းက ချီတုံချတုံနှင့် အမိန့်ပေးလိုက်သည်။ "....မြန်မြန်သွား။"
ချွှီချီက မတုန်လှုပ်သေး။
ရွှီရှင်းကျီက မုန့်ချုံ့ကွမ်းထက် ပိုမိုမြန်ဆန်စွာ တုံ့ပြန်ခဲ့သည်- "ဒီတခေါက် မင်းငါ့ကို ကောင်းကောင်းမကာကွယ်နိုင်ပေမယ့် မင်းရဲ့သကြားလုံးတွေကို သိမ်းမှာမဟုတ်ဘူး။ ဒီတစ်ကြိမ်ပဲနော်"
မုန့်ချုံ့ကွမ်း: "....."
ချွီချီ: "တကယ်လား?"
ရွှီရှင်းကျီ: "တကယ်"
ချွီချီ၏ပုံသဏ္ဌန်သည် ရွေ့လျားသွားပြီး သူတို့နှစ်ယောက်၏အကြည့်မှ ချက်ချင်းပျောက်ကွယ်သွားသည်။
နောက်အခိုက်အတန့်တွင်၊ ဝမ်းနည်းကြေကွဲဖွယ် ငိုကြွေးသံများသည် တောအုပ်အတွင်းမှ ပဲ့တင်ထပ်လာသည်။
ချွီချီကို ထုတ်ပယ်ပြီးနောက်၊ ရွှီရှင်းကျီသည် မြေပြင်ပေါ်ရှိ သားရဲဝတ်လူကို ကြည့်ပြီး "ဒီလူက ငါ့ကိုပစ်မှတ်ထားနေတာလား?" ဟု မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
မုန့်ချုံ့ကွမ်းနှင့် ရွှီရှင်းကျီတို့သည် နှစ်ယောက်ထဲရှိသောကြောင့် ယခင်ကလို ထူးထူးခြားခြား အပြစ်ကင်းသော အပြုအမူကို ပြသခဲ့သည်။ မြေပြင်ပေါ်ရှိ ရွှံ့အပုံကြီးသည် သူနှင့်ဘာမှမဆိုင်သလို သူ့လက်များကို ကျောနောက်တွင် ဆုပ်ကိုင်ထားသည်။ "....ဟုတ်ကဲ့။"
ရွှီရှင်းကျီ နားလည်သွားသည်။
'ဒီလိုသာဆိုရင်၊ သေတာတောင်နည်းသေးတယ်။'
ရွှီရှင်းကျီ တိတ်ဆိတ်သွားပြီးနောက် မုန့်ချုံ့ကွမ်းသည် သူ၏ ကြောက်စရာမျက်နှာကို သဲလွန်စမကျန်မချင်း ရှင်းပစ်ခဲ့သည်။ ထို့နောက် သူသည် ရွှီရှင်းကျီ၏ဘေးသို့ သတိထားပြီး ရွှေ့လိုက်သည်- "ရှစ်ရှုန်း၊....ကျွန်တော် မဆင်မခြင်လုပ်လိုက်မိတာလား?"
သူတပါး၏အရိုးများကို ဂရုမစိုက်ဘဲ တစ်စစီဖြစ်အောင်လုပ်ပစ်သော ဝံပုလွေခွေးကြီးက သူ့မျက်နှာတစ်ချက်ပျက်သွားတာနဲ့ ဝံပုလွေခွေးကလေးဖြစ်သွားတာကိုကြည့်ပြီး ရွှီရှင်းကျီသည် အလွန်နောင်တရပြီး စိတ်မသက်မသာဖြစ်ခဲ့ရသည်။
မုန့်ချုံ့ကွမ်းသည် သူ၏အရေးအသားများမှ မွေးဖွားလာသော ဇာတ်ကောင်ဖြစ်သည်။ ရွှီရှင်းကျီသည် ဇာတ်ညွှန်းကို အစပိုင်းတွင် ဖန်တီးသောအခါ၊ မုန့်ချုံ့ကွမ်းကို မွေးရာပါ သွေးဆာတတ်သူ၊ စိတ်တိုဒေါသထွက်ပြီး ကြီးစိုးသော ဇာတ်ကောင်အဖြစ် သူ၏ဘောပင်နဲ့ လျှောက်ရေးခဲ့သည်။
အဆုံးတွင် ရွှီရှင်းကျီ၏ တာဝန်ဖြစ်တာကြောင့် သူ့ကို မကြောက်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ သူ၏အသိစိတ်တွင် အနည်းငယ်မှိုင်းမှိုင်းနာကျင်မှုကို ခံစားခဲ့ရသည်။
. . . တောင်းပန်ပါတယ်သား၊ မင်းကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာ ဒီအဖေပါ။
ထို့အပြင်၊ ဆယ်နှစ်ကျော် တောရိုင်းထဲတွင် နေထိုင်ပြီးနောက်၊ မုန့်ချုံ့ကွမ်းသည် အသက်နှင့်သေခြင်းကိစ္စကဲ့သို့ ဖြတ်သန်းနေရသော နေ့ရက်များကို ကျင့်သားရနေပေလိမ့်မည်။ ယခုတော့ တစ်စုံတစ်ယောက်သည် သူ့နယ်မြေကို ကျူးကျော်ဝင်ရောက်လာသောကြောင့် သူ၏နည်းလမ်းများသည် အဘယ်ကြောင့် ပို၍ကြမ်းတမ်းသည်ကို နားလည်ရန် မခက်ခဲပေ။
ထို့အပြင်၊ ၎င်းတို့သည် ရုတ်တရက် သူ့ကိုဖမ်းရန် ရောက်လာသည်မှာ၊ မုန့်ချုံ့ကွမ်းကို သွယ်ဝိုက်သောနည်းဖြင့် ချိန်းခြောက်ရန် ဖြစ်နိုင်ခြေအရှိဆုံးဟု သံသယရှိခဲ့သည်။
သူသာအဖမ်းခံရရင် သူ့အခြေအနေက ပိုကောင်းလာမှာမဟုတ်သလို သူတို့လက်ထဲမှာတောင် သေသွားနိုင်သည်။
ထို့အပြင်၊ ၎င်းတို့လို ပထမဆုံးတိုက်ခိုက်ခဲ့သော ရန်သူများအပေါ် ကရုဏာပြခြင်းသည် ရွှီရှင်းကျီ ၏ပုံမှန်အကျင့်နှင့်လည်း မကိုက်ညီပေ။
ရက်စက်ကြမ်းကြုတ်မှုအတိုင်းအတာအထိတော့ မုန့်ချုံ့ကွမ်းကို လုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ထားတဲ့ ဓားမြှောင်ကို အသုံးပြုပြီး ဓားလက်တွေနဲ့ဘီလူးကိုရှင်းခဲ့တုန်းကတောင် ကြင်နာတတ်သူ မဟုတ်ပါ။
မည်သို့ပင်ဆိုစေကာမူ ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်းကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ခဲ့သော မူလပိုင်ရှင်ကသေချာပေါက် နားမလည်နိုင်မည်ကို သိသည်။
ရွှီရှင်းကျီသည် ဘာမှမထူးခြားသောအမူအရာကိုပြသပြီး သားရဲဝတ်ထားသောလူ၏မျက်နှာကိုကန်ရန် သူ၏ခြေဖျားကိုအသုံးပြုကာ "သူ့ကိုမသတ်နဲ့အုံး၊ ငါ့အတွက်အသုံးလိုသေးတယ်။"
ချက်ခြင်းပင်၊ သူနှင့် မုန့်ချုံ့ကွမ်းအကြား အကွာအဝေးကိုချဲ့လိုက်ပြီး ဘေးဘက်သို့ ခြေလှမ်းအနည်းငယ် ရွေ့သွားခဲ့သည်။
သူ့နောက်မှာတော့ မုန့်ချုံ့ကွမ်းရဲ့ မျက်လုံးထဲက အလင်းရောင်ဟာ သူ့လက်သီးကို ဆုပ်ထားရင်း နောင်တရကာ မှိန်ဖျော့သွားသည်။
.....အကယ်၍ ထိုလူယုတ်မာသာ ရှစ်ရှုန်းကိုသူ့ရှေ့တွင် ပွေ့ဖက်ထားတာကြောင့်သာ မဟုတ်ပါက၊ ရှစ်ရှုန်း၏စိတ်ထဲမှ သူ့ပုံရိပ်ကို ဖျက်ဆီးမိမည်မဟုတ်သလို သူ၏စိတ်ခံစားချက်များကိုလည်း ထိန်းချုပ်မှုလွတ်သွားမည်မဟုတ်ပေ။
မုန့်ချုံ့ကွမ်းသည် သူ၏ ကြောက်မက်ဖွယ် စိတ်ဓာတ်ကို တိတ်တိတ်ဆိတ်ဆိတ် ဖယ်ထုတ်ပြီး ကောင်းကင်ဆီသို့ လှည့်ကာ လေချွန်ပြန်သည်။
သူ၏ဆင့်ခေါ်မှုကို လက်ခံရရှိသောအခါ အရိုးစုမိန်းကလေးသည် ဝါးတောတစ်ဖက်ကမ်းမှ လျင်မြန်စွာ ထွက်ပေါ်လာသည်။
သူမက ရွှီရှင်းကျီကို ရှောင်လိုက်ပြီး မုန့်ချုံ့ကွမ်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
မုန့်ချုံ့ကွမ်းက စကားအနည်းငယ်လောက် တီးတိုးပြောလိုက်သောကြောင့် သူမက"ဟုတ်ကဲ့"ဟု ပြန်ဖြေလာသည်။ ထို့နောက်သူမသည် သားရဲဝတ်လူကို အထုပ်တစ်ထုပ်လို ထမ်းသွားပြီး ခေါင်းငုံ့ကာ မျှော်စင်ထဲဝင်သွားခဲ့သည်။
စကားပြောနေစဉ်တစ်လျှောက်လုံး သူမက ရွှီရှင်းကျီနှင့် မျက်လုံးချင်းပင်မဆုံခဲ့။
ရွှီရှင်းကျီလည်း တော်ရုံတန်ရုံ သူမအား မကြည့်ခဲ့။ အဲ့အစား သူကချွီချီ ရန်သူအစအနတွေကို သန့်ရှင်းရေးလုပ်နေတဲ့ဘက်ကို ကြည့်ကာ သူ့ပြဿနာများကို စဉ်းစားတော့သည်။
....ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်းကို လုပ်ကြံရန် ယာယီဆုံးဖြတ်ထားသောကြောင့် စွန့်ပစ်မြေရိုင်းထဲတွင် အသက်ရှင်ရန်သည် ရွှီရှင်းကျီ၏ ထိပ်တန်းဦးစားပေးဖြစ်လာခဲ့သည်။
မုန့်ချုံ့ကွမ်းနှင့် သူ့အဖွဲ့သည် မြေရိုင်းမှ လွတ်မြောက်ပြီး လက်တုံ့ပြန်ရန်နှင့် ကပ်ဘေးဖြစ်အောင်လုပ်ရန် ယနေ့ကမ္ဘာသို့ ပြန်လာရန် စီစဉ်နေကြောင်း "ကမ္ဘာ့အသိစိတ်" က သူ့အား ပြောပြခဲ့သည်ကို ရှင်းရှင်းလင်းလင်း သတိရမိသည်။
ထို့အပြင်၊ မုန့်ချုံ့ကွမ်း၏အဖွဲ့သည် မြေရိုင်းတွင်ရှိသော တစ်ခုတည်းသောအုပ်စုမဟုတ်သည်မှာ သေချာပါသည်။
ရွှီရှင်းကျီသည် အခြားအဖွဲ့များ၏ အခြေအနေ၊ မည်သည့်နေရာတွင် ရှိနေသည်ကို မသိသလို သူတို့မည်မျှ အစွမ်းထက်သည်ကိုလည်း မသိပေ။
သို့သော် အရေးအကြီးဆုံးမှာ၊ စွန့်ပစ်မြေသို့ ဝင်ရန်၊ထွက်ရန် တံခါးသည် ဘယ်မှာရှိသလဲ? ပြီးတော့ အဲဒီကနေ ဘယ်လို ထွက်ပြေးကြမလဲ?
Advertisement
ရွှီရှင်းကျီသည် မြေရိုင်းတွင် သူ၏အသွင်အပြင်သည် ရုတ်တရက်ဆန်သောကြောင့် ကျိုးပိုင်နန်က သူလျှိုတစ်ဦးဟု သံသယရှိသည်မှာ ကျိုးကြောင်းဆီလျော်သည်။ တစ်ဖက်တွင်၊ မုန့်ချုံ့ကွမ်းသည် သူ့အား ခိုလှုံစေလိုသည့်ဆန္ဒနှင့် သူ့အပေါ်မငြင်းနိုင်လောက်အောင် ယုံကြည်မှုရှိခြင်းသည် သူတို့၏ ရှစ်ရှုန်း-ရှစ်သိ ဆက်ဆံရေး၏ လှည့်ဖြားခံရခြင်းကြောင့် ဖြစ်ရပေမည်။
မုန့်ချုံ့ကွမ်းအပေါ်သာ ထင်တိုင်းကြဲပြီး ဒီမေးခွန်းတွေနဲ့ သူ့သံသယတွေကို နှိုးဆွခဲ့မယ်ဆိုရင် ကျောရိုးတွေ ကြေမွသွားအောင် မြေပြင်ပေါ် ဖိခံရမယ့်သူက သူပဲဖြစ်ပါလိမ့်မည်။
အတိုချုပ်ပြောရလျှင် ရွှီရှင်းကျီသည် ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်တစ်ခု လိုအပ်ပါသည်။
ပြီးတော့ သူ့ရှေ့ကသူသည် ကိုယ်တိုင်အိမ်တံခါးဝသို့လာရပ်သော သတင်းအရင်းအမြစ်တစ်ခုဖြစ်သည်။ သူယုံကြည်သည်၊ မယုံကြည်သည်က အခြားကိစ္စတစ်ခုသာဖြစ်ပြီး ဘာမှမဟုတ်တာထက်တော့ ပိုကောင်းသည်။
အရိုးစုမိန်းကလေး ထွက်သွားပြီးနောက် မုန့်ချုံ့ကွမ်းသည် ရွှီရှင်းကျီထံသို့ လှည့်လာပြီး "ဒီသစ်ပင်တွေကို ကျွန်တော်စိုက်ထားတာ၊ ရှစ်ရှုန်း ရင်းနှီးတယ်လို့ ခံစားရလား?"
.....ရိုးရိုးသားသား ပြောရလျှင် အကြာကြီး စိုက်ကြည့်ပြီးနောက် ရွှီရှင်းကျီသည် ရင်းနှီးသော ခံစားချက်ကို တွေ့ရှိခဲ့သည်။
မူလပိုင်ရှင်၏ ကျိုးကြေနေသောမှတ်ဉာဏ်များတွင်၊ ဤကဲ့သို့သော သစ်ကတိုးနီအပင်များဖြင့် တောက်လောင်နေသော တောအုပ်တစ်ခု တကယ်ပဲရှိပုံရသည်။
ဤသစ်ကတိုးနီအကွက်များသည် ရွှီရှင်းကျီ ၏စိတ်အတွင်း၌ တစ်စုံတစ်ရာကို လှုံ့ဆော်ပေးပုံရသည်။ မူလက အကြွေစေ့အရွယ်မျှသာရှိသော မှတ်ဉာဏ်အပိုင်းအစသည် တဖြည်းဖြည်း ကျယ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုရှင်းလင်းလာသည်။
ရုတ်တရက် မူးဝေသလိုဖြစ်သွားကာ ရွှီရှင်းကျီ၏ အာရုံငါးပါးလုံး ပြတ်တောက်သွားသည်။
ရွှီရှင်းကျီ မတ်တပ်ရပ်မနေနိုင်တော့ဘဲ နောက်ပြန်လဲကျသွားသည်။
သူ့စိတ်ထဲမှာတော့ ရှစ်ရှုန်းဟု အရူးအမူးခေါ်နေတဲ့ အသံတစ်ခုကို အထပ်ထပ်ကြားလိုက်ရသည်။
ကျယ်ပြောလှသော မှတ်ဉာဏ်ပင်လယ်ပြင်မှ လွင့်မျောလာသော လှေငယ်လေးကဲ့သို့ပင် ရွှီရှင်းကျီ၏စိတ်ထဲမှာ ပြီးပြည့်စုံသော ပုံရိပ်တစ်ခု ပေါ်လာသည်။
.....ဤသည်မှာ ရွှီရှင်းကျီ မူလပိုင်ရှင်၏ အကွဲကွဲအကွဲအပြဲ မှတ်ဉာဏ်များထဲမှ ပြီးပြည့်စုံသော အစိတ်အပိုင်းကို ပထမဆုံးရရှိခြင်းလည်းဖြစ်သည်။
ဆောင်းဦးနှောင်းပိုင်းတွင် သစ်ကတိုးနီအပင်များသည် တောင်တန်းတစ်ခုလုံးကို မှည့်လွန်စွာမှည့်နေသော ပန်းသီးအနီရောင်ဖြင့် အရောင်ခြယ်ထားသည်။
လင်ချိုးဟု အမည်ပေးထားသည့် တောင်တန်းကြီးများသည် လှပတင့်တယ်သော မျက်ခုံး ခုံးခုံးများနှင့် ဆင်တူသည့် အလွှာများပေါ်တွင် အလွှာလိုက်အလွှာလိုက် ဖြန့်ကျက်ထားသည်။
ကမ်းစပ်ပေါ် ရေတွေတက်လာတဲ့အခါ လူငယ်လေးတစ်ယောက်က စမ်းချောင်းနားက ရေညှိကျောက်ပေါ်မှာထိုင်ကာ ခြေဆေးနေခဲ့သည်။
သူသည်ကျူရိုးဖြင့်ပြုလုပ်ထားသော ရှည်လျားသော ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူသည် လက်သီးအရွယ် မွှေးကြိုင်သော သစ်သီးတစ်လုံးကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး သာမန်မဟုတ်သော တောရိုင်းအသီးအနှံကို ကိုက်စားနေသည်။
ဝိညာဉ်စွမ်းအားလှိုင်းလုံးများ လွင့်စင်သွားသော်လည်း ကောင်လေးသည် သူ့ပုံစံအတိုင်းကျန်နေခဲ့ကာ ခေါင်းကိုသာ ဆက်လက်ငုံ့ပြီး ဖြည်းညှင်းစွာဝါးနေသည်။
လေတိုက်ရာအရပ်တွင် ယင်ထျန်းချွမ်းမှ အငယ်တန်းတပည့်နှစ်ယောက်သည် ကောင်းကင်လက်နက်များကိုစီးလျက် ကောင်လေး၏ရှေ့တွင် ဆင်းလာခဲ့သည်။
ယင်ထျန်းချွမ်း တပည့်များ၏ ယူနီဖောင်းများသည် အပေါ်မှအောက်ခြေအထိ လိုက်လျောညီထွေရှိသောကြောင့် ၎င်းတို့ကို အလွယ်တကူခွဲခြားသိနိုင်သည်။ အပြာရင့်ရောင် အတွင်းအလွှာသည် ပခုံးမှလက်အထိဆင်းသည့် တိမ်လွှာပုံစံများဖြင့် တွဲလျက် ယှဉ်၍မရနိုင်လောက်အောင် မွန်မြတ်သောပေါင်းစပ်မှုဖြစ်သည်။
အငယ်တန်းတပည့်များအဖြစ် သတ်မှတ်ရခြင်း အကြောင်းရင်းမှာ ၎င်းတို့သည် မကောင်းဆိုးဝါးများ၏ အရိုးများမှ ထုလုပ်ထားသော သံမဏိလှံရှည်များကို ကိုင်ဆောင်သော ယင်ထျန်းချွမ်း၏ အကြီးတန်းတပည့်များနှင့် မတူဘဲ အဖြူရောင် ဝက်သစ်ချလှံရှည်ကို ကိုင်ဆောင်ထားခြင်းကြောင့် ဖြစ်သည်။
ကောင်လေးကို မျက်နှာမူကာ နှစ်ယောက်စလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
အနည်းငယ် အရပ်ရှည်သော တပည့်နှစ်ယောက်ကြားမှ ကောင်လေးက လှံရှည်ထိပ်ဖျားကို ညွှန်ပြကာ "ဒီမင်းလက်ထဲကဖုယုအသီးကို ဘယ်ကရခဲ့တာလဲ" ဆိုပြီး ဟန်ကြီးပန်ကြီး တောင်းဆိုသည်။
ကောင်လေးက သူ့နှုတ်ခမ်းထောင့်က သစ်သီးအရည်တွေကို သုတ်လိုက်ပြီး အနောက်ဘက်ကို ညွှန်ပြလိုက်သည်။
အခြားပိုပုသောတပည့်က သံသယဖြင့်မေးခဲ့သည်- "လင်ချိုးမှာ 'ယုံ'(အသံထွက်နော်၊ တကယ့်ယုန်မဟုတ်ဘူး😆) လို့ခေါ်တဲ့ ထူးဆန်းတဲ့သားရဲတစ်ကောင်ရှိပြီး ဖုယုက သူ့ရဲ့အကြိုက်ဆုံးအစားအစာပဲ။ ဒီအသီးက မှည့်ဖို့ငါးနှစ်ကြာပြီး အရေအတွက်ကလည်း တစ်ရာအောက်ပဲရှိတယ်။ 'ယုံ' ကအဲ့ဒါကို အဖိုးတန်ရတနာအဖြစ် မှတ်ထားတာ။ အသီးကိုလိုချင်တဲ့ ဘယ်သူမဆို 'ယုံ'က မသေမချင်း ခန္ဓာကိုယ်ကအရည်တွေ ကုန်သွားအောင် ညှစ်ထုတ်ပစ်မှာ။ ....'ယုံ'နဲ့ ယှဉ်ပြီး အစာလုရဲရအောင် မင်းကဘယ်သူလဲ?"
ကောင်လေးက အသီးကို နောက်ထပ်တစ်ကိုက်ကိုက်လိုက်ပြီး "ငါစားချင်တယ်၊ သူကမပေးချင်ဘူး၊ ဒါကြောင့် လုလိုက်တာ။" လို့ ပြန်ဖြေလိုက်သည်။
အရပ်ရှည်သည့်သူက ကောင်လေးကိုစစ်ဆေးလိုက်ကာ မိန်းကလေးဆန်သည့် သပ်သပ်ရပ်ရပ်အသွင်အပြင်မှလွဲ၍ သာမန်ကလေးတစ်ယောက်ကဲ့သို့ပင် ဝိညာဉ်ရောင်ဝါ လုံးဝမရှိသည်ကို တွေ့ရှိခဲ့သည်။ မထီမဲ့မြင်ပြုပြီး သူ့လေသံကိုမသိစိတ်က ဖုံးလွှမ်းသွားသည်- "ဟက်၊ ကြီးကြီးကျယ်ကျယ် လာပြောနေသေးတယ်။"
အရပ်ပုသူသည် အရပ်ရှည်သူကို လက်မောင်းနှင့် ထိုးကာ ကောင်လေး၏ ခြေဖဝါးအောက် နေရာကို ကြည့်ရန် ညွှန်ပြလိုက်သည်။
အရပ်ရှည်သူက စေ့စေ့ငဲ့ကြည့်ကာ မတတ်နိုင်ဘဲ လေအေးကိုရူလိုက်မိသည်။
ကောင်လေး၏ခြေရင်းနားတွင် ကြိုးဝိုင်းလိုပတ်ထားသော နွယ်ပင်အစိတ်တစ်ပိုင်းဖြင့် ဖုယုအသီးငါးလုံး-ခြောက်လုံးလောက်ရှိသည်။ အသီးတွေရဲ့ လှုပ်လှုပ်ရွရွလှုပ်ရှားမှုတိုင်းကိုကြည့်ရင်း သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေက တောက်လောင်လာသည်။
ဒါကိုမြင်တော့ အရပ်ရှည်တဲ့လူက ချက်ချင်းဆိုသလို ပျော့ပြောင်းသွားကာ "ဒီကသခင်လေးက?"
ကောင်လေးက သူတို့ကို တစ်ချက်ကြည့်လိုက်ကာ ဖုယုအသီးရဲ့ အူတိုင်ကို ဆက်ကိုက်လိုက်ပြီး အသီးရဲ့နူးညံ့ပြီး အရည်ရွှမ်းတဲ့ အသားတွေကို သူ့ပါးစပ်ထဲကို ဂရုတစိုက်ထိုးထည့်လိုက်သည်။
အရပ်ရှည်တဲ့သူက ဘယ်ကလာမှန်းမသိပေါ်လာတဲ့ ကံဆိုးမိုးမှောင်ကျတဲ့ကလေးကို မခယချင်ပေမယ့် သူတို့ရဲ့လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားပြီးနောက်မှာတော့ ဒေါသကို မျိုသိပ်ကာ ဆက်ပြောသည်။ "....သခင်လေး၊ ကျွန်တော်တို့က ယင်ထျန်းချွမ်းရဲ့ တပည့်တွေပါ။ 'ယင်ထျန်းချွမ်း' ကို ကြားဖူးလား မသိဘူး။"
Advertisement
ကောင်လေးက တုံ့ပြန်ခြင်းမရှိ။
အရပ်ပုသူသည် လက်သီးဆုပ်ကာ လှံကိုဆုပ်ကိုင်ထားရင်း ဆက်ပြောလိုက်သည်။ "ဒီကမ္ဘာပေါ်မှာ ကျင့်ကြံသူဂိုဏ်းလေးခု ရှိတယ်၊ ကျွန်တော်တို့ ယင်ထျန်းချွမ်းက အဲ့ထဲကတစ်ခုပါ။ 2နှစ်တစ်ခါ အရှေ့အရပ်ဧကရာဇ်ကို ကိုးကွယ်ဖို့အတွက် ယဇ်ပူဇော်ပွဲ အမျိုးမျိုး ကျင်းပကြတယ်။ နောက်ပိုင်းမှာ ထုံးတမ်းဓလေ့တွေက ဂိုဏ်းလေးခုကြားက ပြိုင်ဆိုင်မှုဖြစ်လာပါတယ်။ - သတ်မှတ်ထားတဲ့အချိန်အတွင်း ပူဇော်သက္ကာအများဆုံးရနိုင်ရင် အရှေ့ရပ်ဧကရာဇ်ကို ဝတ်ပြုပူဇော်ဖို့အတွက် တာဝန်ခံအရာရှိဖြစ်လာနိုင်တယ်။ အငယ်တန်းတပည့် တစ်ယောက်ယောက်သာ ယဇ်ပူဇော်သက္ကာကို ယူလာနိုင်ရင် တိုက်ရိုက်တပည့်ဖြစ်ခွင့် ပေးတယ်...."
ကောင်လေးရဲ့ ခြေရင်းပေါ်ရှိ ဖုယုသစ်သီးကို ညွှန်ပြရင်း သူ့မျက်လုံးတွေက လောဘကြီးတဲ့ မျက်နှာကို ဖုံးကွယ်ထားလို့မရပေ- "လင်ချိုးတောင်က လိုအပ်တဲ့ပူဇော်သက္ကာတွေထဲမှာ ဖုယုသစ်သီးတွေ ပါနေပေမယ့် ကျွန်တော်တို့ရဲ့ ဝိညာဉ်စွမ်းအားက မလုံလောက်လို့ 'ယုံ' ရဲ့နယ်မြေကို နိုင်ထက်စီးနင်း မကျူးကျော်ရဲပါဘူး။ ဒီသခင်လေးများ ကျွန်တော်တို့ကို ဖုယုအသီးတွေ မျှဝေပေးနိုင်မလား?"
ကောင်လေးက သူ့ခြေထောက်ကို မြှောက်လိုက်တော့ ဖုယုအသီးက စပျစ်နွယ်ပင်ကနေ ခွဲထွက်သွားပြီး သူ့လက်ထဲကို လေးထောင့်ကျကျ ကျသွားသည်။
သူက အသီးအနှံတွေကို သုတ်လိုက်ပြီး ချစ်စရာကလေးသံလေးနဲ့ "ဒီအသီးက ကြားရသလောက် အရသာမရှိပေမယ့် မင်းတို့ကို မပေးနိုင်ဘူး" လို့ ပြန်ဖြေသည်။
အရပ်ပိုရှည်သူတစ်ဦးနှင့် ခပ်တိုတိုတစ်ယောက်သည် တစ်ပြိုင်နက် မျက်မှောင်ကြုတ်ကာ "ဘာလို့လဲ"
"မင်းတို့ကို သဘောမကျဘူး။" ကောင်လေးသည် ဖုယုအသီးကို ကိုက်စားလိုက်သည်၊ သူ့အသံက ပြတ်သားစူးရှကာ နုံအအပြစ်ကင်းစင်ပြီး မာနကြီးသောပုံပေါက်စေသည်။ "ငါကတောနက်မှာ ကြီးပြင်းလာတဲ့အတွက် ကျင့်ဝတ်တွေ သိပ်မသိဘူး။ ဒါပေမယ့် မင်းသာတကယ်ပဲ အကူအညီတောင်းနေတာဆိုရင် ငါ့ရှေ့မှာ တင်းတင်းမာမာရပ်မနေဘဲ ဒူးထောက်သင့်တာတော့ ငါသိတယ်။"
နှစ်ယောက်သား မျက်နှာများ ရုတ်တရက် အရောင်ပြောင်းသွားသည်။
"အဆိပ်သောက်ရမှာပဲကို တစ်ငုံထဲကို လာမငြင်းနဲ့!"
(T/N: ဆိုလိုတာက အနုနည်းလား အကြမ်းနည်းလားပေါ့)
ကောင်လေးသည် သူတို့ကို လျစ်လျူရှုကာ ရေညှိကျောက်ပေါ်မှ ခုန်ချပြီးနောက် စမ်းချောင်းကို ဖြတ်သွားခဲ့သည်။
တခဏချင်းမှာပဲ လှံထိပ်မှာ အလင်းတန်းတစ်ခု ပွင့်လာပြီး လှံကကောင်လေးရဲ့လည်ပင်းပေါ် တိုက်ရိုက်ကျသွားသည်။
လှံချွန်နဲ့ ခြိမ်းခြောက်ခံရတဲ့ ကောင်လေးကတော့ ကြောက်ရွံ့တဲ့ အရိပ်အယောင်တောင် မပြပေ။ သူ၏လှပသောမက်မွန်ပွင့်မျက်လုံးများက နှစ်ယောက်သားအပေါ်မှ မထီမဲ့မြင်အရိပ်အမြွက်ပြလိုက်သည်- "ဒါငါ့အသီးပဲ၊ မင်းတို့ကို မပေးချင်ဘူး"
သူ့ကို လှံနဲ့တားထားတဲ့ အရပ်ရှည်တဲ့သူက နားမထောင်ဘဲ အရပ်ပုတဲ့သူကို "သွား၊ သူ့အသီးတွေသွားယူ" လို့ အမိန့်ပေးလိုက်သည်။
အရပ်ပုတဲ့သူက ငုတ်တုတ်ထိုင်ပြီး လုဖို့ စိတ်အားထက်သန်နေသည်။
ကောင်လေးက သူ့နှုတ်ခမ်းတွေကို ရွှင်မြူးစွာ သပ်လိုက်ပြီး ရေငုပ်နေသကဲ့သို့ သူ့လက်ချောင်းများကို ညှစ်လိုက်သည် ။
အနီရောင် သစ်ကြံပိုးခေါက် ရောင် အလင်းတန်းတစ်ခုက သူ့မျက်လုံးများအစွန်းတွင် လင်းလက်သွားပြီး သူ့နဖူးပေါ်ရှိ မှဲ့နီသည်လည်း အလင်းရောင်နှင့်အတူ တောက်လောင်နေသည်။
မရေမတွက်နိုင်သော ကြောက်စရာကောင်းသော မြွေများ ပုန်းခိုနေသကဲ့သို့ပင် အုပ်ထားသောနေရာအတွင်းမှ နက်နက်ရှိုင်းရှိုင်း အသံတစ်ခု ထွက်ပေါ်လာသည်။ မြေပြင်ပေါ်ရှိ မြေဆီလွှာသည်လည်း သတ္တဝါတစ်ကောင်က အချိန်မရွေး မြေဆီလွှာကို ထိုးဖောက်လာတော့မလို တုန်လှုပ်နေသည်။
အရပ်ပုသူသည် တုန်တုန်ယင်ယင်နှင့် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် အဖြူရောင်ဝက်သစ်ချလှံရှည်ကို မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးသွင်းလိုက်ကာ အထိတ်တလန့်နဲ့ မေးလာသည်။ ".....'ယုံ' လာနေပြီလား?"
အရပ်ရှည်သူက အံကြိတ်ရင်း "မြန်မြန်လုပ်! ငါတို့ ဖုယုအသီးရတာနဲ့ သွားမယ်!"
အရပ်ပုသူသည် အသီးကိုဖမ်းရန် လက်ကို ဆန့်ထုတ်လိုက်သော်လည်း ဝိညာဉ်စွမ်းအားများ လေထဲသို့ ထိုးဖောက်ဝင်ရောက်လာသော ဝီစီသံကို ကြားလိုက်သောအခါ နှောင့်ယှက်ခံလိုက်ရသည်။ မီးလောင်နေသော သုံးလက်မအရွယ်ရှိ ဓားတစ်ချောင်းသည် လေထဲသို့ဖြတ်ပြီး သူ့ဝတ်ရုံလက်ပေါ် သံမှိုလိုစိုက်သွားကာ တစ်ကိုယ်လုံးကို မြေကြီးပေါ်မှ လွှင့်တင်ပြီး အနီးနားရှိ သစ်ကတိုးနီတစ်ပင်ပေါ်သို့ တင်းတင်းကြပ်ကြပ် ချည်နှောင်ထားလိုက်သည်။
ကောင်လေးက လန့်ဖျပ်သွားကာ တင်းတင်းကြပ်ကြပ် ဖိထားသော လက်ညိုးနှင့် လက်မကို ချက်ချင်း ခွာလိုက်သည်။ သူ့မျက်လုံးထောင့်နှင့် နဖူးတို့မှ ကြက်သွေးရောင်အလင်းတန်းများလည်း မှိန်ဖျော့သွားသည်။
သူသည် ဓားပိုင်ရှင်၏ နေရာကို လှည့်ပတ်ကြည့်ရှုကာ လိုက်ရှာသည်။
ပိုပုတဲ့သူက မလှုပ်နိုင်တဲ့အတိုင်းအတာအထိ ကပ်ခံထားရသည်။ သူ့ဝတ်ရုံလက်ပေါ်က တောက်နေတဲ့ မီးတောက်တွေကို ညိမ်းဖို့အရူးအမူး ရုန်းတော့သည်။ အရပ်ရှည်တဲ့သူက လှံရှည်ကို ချက်ချင်းပြန်ဆွဲထုတ်ပြီး ဘာမှမရှိတဲ့နေရာကို ညွှန်ပြလိုက်သည်- "ဘယ်သူလဲ? ဘယ်သူတောင်း...."
"စား" ဟူသော စကားလုံး သူ့နှုတ်ခမ်းမှ မထွက်မီတွင်၊ သူ့ဝတ်ရုံလက်လည်း ပျံတက်သွားကာ သုံးလက်မခန့်ရှိသော ဓားဖြင့် သစ်ကတိုးနီတစ်ပင်တွင် ချိတ်ဆွဲထားခံလိုက်ရပြီး သူ၏လှံသည် ကောင်လေး၏ဘေးရှိ စမ်းချောင်းထဲသို့ လိမ့်ကျသွားသည်။
သူတို့နှစ်ဦးသည် ဓားများမှ ၎င်းတို့၏ဝတ်ရုံလက်များကို အပြင်းအထန် ဖြုတ်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ဝိညာဉ်စွမ်းအင်သည် ၎င်းတို့၏ဝတ်ရုံလက်များနှင့် သစ်ပင်ပင်စည်ကြားတွင် စေ့စေ့စပ်စပ် ပေါင်းစပ်ထားသောကြောင့် လွတ်မြောက်ရန် အင်္ကျီလက်စများကိုပင် ကိုက်ဖြတ်၍မရပေ။
အရပ်ရှည်သူက အကြောက်တရားကို အတတ်နိုင်ဆုံး မျိုသိပ်ထားပြီး "အဲ့မှာ ဘယ်သူလဲ" ဟု ပြင်းပြင်းထန်ထန် မေးသည်။
နောက်ဆုံး အသံသည် အထိန်းအကွပ်မရှိ တုန်လှုပ်နေသည်။
ခဏအကြာတွင်၊ နက်နဲပြီး ထူထပ်သော သစ်တော၏ အခြားအစွန်းမှ ပေါ့ပါးသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်- "....ငါက မင်းရဲ့အသိစိတ်ပဲ။ မင်းတို့ငါ့ကို စကားမပြောတာကြာပြီအာ၊ အသည်းလေး ကွဲသွားပြီ။"
အရပ်ရှည်သူက အလွန်တုန်လှုပ်နေပြီဖြစ်၍ မအေးဆေးနိုင်တော့ပေ။ "အဲ့မှာ လှည့်ကွက်ကစားနေတာ ဘယ်သူလဲ? မင်းမှာ အရည်အချင်းရှိရင် ကိုယ်ထင်ပြလိုက်၊ ငါတို့နဲ့လာမရှုပ်နဲ့!"
သူစိမ်းက သူ့ကိုယ်သူ ထုတ်ဖော်မပြခင်မှာ ဒါဇင်နဲ့ချီတဲ့ ဝိညာဉ်စွမ်းအင်တွေ ဖြာထွက်နေတဲ့ သုံးလက်မခန့်ရှိတဲ့ ဓားတွေက သစ်တောထဲက ထွက်လာပြီး သူတို့နှစ်ယောက်ရဲ့ဘေးက သစ်ပင်ပင်စည်တွေထဲကို နက်နက်နဲနဲ ထိုးစိုက်သွားသည်။
အရပ်ရှည်ရှည်နှင့်ပုသော နှစ်ယောက်သည် အလွန်ကြောက်လန့်ကာ ခေါင်းလောင်းသံ မြည်သံနှင့်အတူ တောထဲမှ အဖြူရောင်ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ဆင်းသက်လာသည်ကိုကြည့်ရင်း ခြေဖျားမှ ချွေးများထွက်လာသည်။
ပေါ်လာတဲ့လူက လက်တစ်ဖက်ကို နောက်ပစ်ထားသည်။ သူသည် နှင်းခဲအဖြူရောင်အဝတ်အစား၊ အနက်ရောင်ပိတ်စလေးဖြင့် ကောက်ထားသောဦးထုပ်နှင့် ဆံပင်ရှည်များကို အစိမ်းဖျော့ဖျော့ရောင်ဖဲကြိုးဖြင့် ရိုးရိုးချည်နှောင်ထားသည်။ သူသည် ခြေဖျားထောက်ကာ စမ်းချောင်း၏ ရှေ့သို့ဆင်းသွားသည်။
(T/N: ဒီလို ဦးထုပ်ပါ။)
ချဉ်းကပ်လာသူသည် မြည်သံ၏ အရင်းအမြစ်ဖြစ်သည့် ဆဋ္ဌဂံခေါင်းလောင်းကို လက်ကောက်ဝတ်တွင် ချိတ်ထားသည်။
အရပ်ရှည်ရှည်နှင့် အရပ်ပုသော နှစ်ယေုက်သည် ယခင်က တုန်လှုပ်ခြောက်ခြား ဒေါသဖြစ်ခဲ့ကြသော်လည်း ပေါ်လာသော လူ၏မျက်နှာကို ပြတ်ပြတ်သားသား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ယခင်ကထက် ပို၍ပင် ထိတ်လန့်သွားကြသည်။ ".....ရွှီ..ရွှီရှစ်ရှုန်း?"
ကောင်လေးက စမ်းချောင်းထဲမှာ ငြိမ်ငြိမ်လေး ရပ်နေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောတဲ့ လူငယ်ကို မော့ကြည့်လိုက်သည်။
"ရွှီရှစ်ရှုန်း" ဟုခေါ်သော လူငယ်သည် စမ်းချောင်းဘေးသို့ အေးအေးလူလူ လျှောက်လာခဲ့သည်။ သူသည် သူ၏ညာလက်ကိုထုတ်ကာ လက်ဖဝါးကိုလှန်ပြီး လက်ချောင်းများကို တင်းတင်းဆုပ်လိုက်ကာ နောက်သို့ပြန်ပို့လိုက်ပြီးနောက် အရပ်ရှည်ရှည်နှင့်ပုသော နှစ်ယောက်ကို ဆွဲထားသောဓားများသည် သူ့လက်ထဲပြန်ရောက်လာကာ ဝါးနံရိုးခေါက်ယက်တောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
သူ့မျက်လုံးများတွင် ပေါ့ပါးသောအပြုံးဖြင့် ယက်တောင်ကို နှစ်ခါဝှေ့ယမ်းလိုက်သည်။
ကောင်လေး၏မျက်လုံးထဲတွင် စူးစမ်းလိုစိတ်က ပိုပြင်းထန်လာသည်။
အရပ်ရှည်ရှည်နှင့် အရပ်ပုသော တပည့်နှစ်ယောက်သည် သစ်ပင်မှ မြေကြီးပေါ်သို့ ပြုတ်ကျကာ သူတို့၏အဝတ်အစားများ စုတ်ပြဲနေပြီး မျက်နှာများသည်လည်း မီးညိမ်းနေသောမီးသွေးတုံးများကဲ့သို့ ဖြူစပ်ဖြူရော်ဖြစ်နေသည်။
အရပ်ပုသောသူ၏ လက်မောင်းများသည် မီးတောက်လောင်ပြီး အနည်းငယ် လောင်ကျွမ်းသွားသည်။ သူ့လက်နဲ့ ဝှက်ထားရင်း သူ့ကိုယ်သူ ပြင်းပြစွာ ရှင်းပြလိုက်သည်- "ရွှီရှစ်ရှုန်း၊ အထင်မလွဲပါနဲ့၊ ဒီကလေးက ဖုယုအသီးကို ကိုင်ထားတာတွေ့လို့ နည်းနည်းတောင်းချင်တာပါ...."
လူငယ်သည် ကောင်လေး၏ နံဘေးသို့ လျှောက်သွားပြီး အောက်ကိုငုံ့ကြည့်လိုက်ရာ စပျစ်နွယ်ပင်နှင့် ချည်နှောင်ထားသည့် ဖုယုအသီးကို သူ့ခြေရင်းတွင် တွေ့လိုက်ရသည်။
လူငယ်၏အသွင်အပြင်သည် လှပလွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကောင်လေးသည် သူ့အကြည့်ကြောင့် ရှက်ရွံ့သလို ခံစားမိကာ သူ့ခြေထောက်ကို ဖုံးရန်ကြိုးစားမိသည်။
အဖိုးတန် အသီးအနှံကို မြင်ပြီးနောက် လူငယ်က မျက်ခုံးပင့်လိုက်သည်။
သူသည် ကောင်လေး၏ ပျော့ပျောင်းသော ဆံပင်များကို ရဲဝံ့စွာ တို့ထိကာ အမှုမဲ့အမှတ်မဲ့ လက်ဖြင့် ပုတ်လိုက်ပြီး မေးလိုက်သည်- "အင်း မေးပါရစေ၊ ဒီကလေးက 'ယုံ' လား?"
ခေါင်းကိုထိလိုက်ခြင်းကြောင့် ကောင်လေး၏နှုတ်ခမ်းထောင့်သည် တွန့်သွားသည်။
အရပ်ရှည်သူရော အရပ်ပုတဲ့သူ တပည့်နှစ်ယောက်လုံးက လိုအပ်တာထက် အသက်ပိုမရှူရဲကြ။
လူငယ်က စိတ်ရှည်ရှည်နဲ့ ထပ်မေးသည် "ငါမေးနေတယ်၊ ဒါက 'ယုံ' လားလို့"
အရပ်ရှည်သူသည် တုန်လှုပ်သောအသံဖြင့် ပြန်ပြောသည်- "မဟုတ်ပါဘူး..."
လူငယ်သည် သူ့အဝတ်အစားများကို အနည်းငယ်ခါလိုက်ကာ ကောင်လေးကို တစ်ယောက်တည်း ထားခဲ့ပြီးနောက် စမ်းချောင်းထဲမှ လျှောက်သွားကာ အရပ်ရှည်ရှည်နှင့်ပုသော နှစ်ယောက်၏ နံဘေးသို့ ဆင်းလာပြီး မေးခွန်းထုတ်လိုက်သည်။ "သူက 'ယုံ' မဟုတ်ဘူး။ ဒါဆို ဘာလို့ သူ့ဆီက တောင်းနေရတာလဲအာ? တခြားသူရဲ့လက်ထဲရောက်တာနဲ့၊ အဲဒါက အခုသူတို့ပိုင်တာပဲ၊ ဒါတောင် သူများရဲ့လည်ပင်းကို လှံနဲ့ထိုးရဲတယ်ပေါ့။ ငါမေးမယ်၊ ဒါက 'တောင်း' လား၊ 'လုယက်တာ' လား?"
အရပ်ပုတဲ့သူက ငိုတော့မလိုလို။ "လုယက်တာပါ..."
လူငယ်၏အမူအရာမှာ လေးနက်လာသည်။ သူက ယက်တောင်ကို လျှပ်တပြက်နဲ့ ပိတ်လိုက်ပြီး တပည့်နှစ်ယောက်ရဲ့ ခေါင်းကို ယက်တောင်လက်ကိုင်နဲ့ ပုတ်လိုက်သည်။ "လုတယ်၊ ခိုးတယ်၊ အခြားသူရဲ့ ဥစ္စာကိုယူတယ်အာ, ဒီလိုအပြုအမူမျိုးက ကျိုးပိုင်နန် မင်းတို့ကို သင်ပေးထားတာလား?"
Advertisement
- In Serial33 Chapters
Dah Ork Life!
What do you get when you put the mind and soul of a lazy weeb into the body of the most ferocious and savage species ever concieved by the mind of man? You get Dah Ork Life! Both Cunningly Brutal and Brutally Cunning, Felix strives to become the stronkest and killiest Ork that ever was, all the while struggling to find a proper balance between the wisdom of man and the ever encroaching fury and madness that permeates every aspect of Orkish life, all set in the most horrific and dystopian sci-fi fantasy universe ever dreamed up by the nightmares of man, the Warhammer 40k universe. Born in a spaceship poised directly for one of the Bastions of the crumbling Imperium of Man, the planet of Armaggedon, Felix must strive to both survive, and cope with the necessities that come with his second chance at life. And he has no intent to squander this second chance, even at the cost of a tarnished and dirtied soul.
8 153 - In Serial8 Chapters
Guardian Of Nature
(CURRENTLY REWRITING) Genesis Roberts, a man with eccentric parents with a penchant for nature, finds himself in a new world with a new body with no idea as to how he arrived. Forced to travel in a strange new land, he looks for any clues that could help him return to normal. ... A/N: Image credit goes to the respective owner.
8 115 - In Serial20 Chapters
In Another World with my Daughter
Everyone is summoned to another world sometime between the ages of 13 and 17, where they learn martial arts, magic, and eventually fight hoards of evil creatures on their way to destroy the Demon King. Everyone, that is, except Samuel Carter.Sam was somehow overlooked. All of his friends, his family, everyone in the whole world had been summoned to another world, fought the Demon King, and returned with incredible stories of magic and heroism. Now Sam is on the wrong side of 40, raising a teenage daughter as a single father, and dealing with bureaucracy as a member of the Other World Research Division -- until a summoning circle opens and transports them to another world.* * * * *Author's Note: You should expect In Another World with my Daughter to read as a first draft, unpolished, with some typos and occasional grammatical errors. I write rather methodically, so my first drafts are pretty solid. Time permitting, you may receive second draft quality.This is an Isekai style epic fantasy adventure, where the MC is summoned into another world full of swords, magic, and things with sharp teeth. Lip service will be paid to appropriate tropes. A personal goal of at least 1,000,000 words has been set.Readers should expect a total of 20-40k words per month.Input for story direction will be considered as appropriate.Royalty free image credit: Stefan Keller @ Pixabay
8 185 - In Serial8 Chapters
Sacrifice
Michael Strong never had a very good life nor he thinks he has done anything special. But then, something comes his way. Something that will finally change everything that was bad. Something which will give him the meaning he always wanted. But every meaning requires a sacrifice...
8 196 - In Serial8 Chapters
She is my idea
It all started when two hearts apart meet on a social network by chance. On second thought it was not a fluke it was a stumbling block of fate .... Amora is 19 and Luck is 18. In the middle of the 21st century people have every old-fashioned feeling that discourages anyone so when they met it was not so simple their conversations were warm and elevated to a world where only they could understand each other and that only they could be. More along the cumin they decide to know each other despite everyone against, even so they live unforgettable and remarkable moments for young people who are still in the prime of their age .... They pass through a moment that can destroy this possible and momentary experience of love. will he make it to the end? Can love last longer than a few nights of sex? This story will be told by the characters, in the past as if recalling how everything happened between them, all things some parts with details other parts do not. Because there are moments in life that must be kept in total mystery so that you have a very good expectation.
8 160 - In Serial14 Chapters
Beloved Protection from a nine tailed fox
Kieren is a young man who is the heir of his family's powerful corporation. He grew up learning from his beloved grandmother who not only taught him the skills needed to run his family corporation but also how to love, responsibility and most importantly how to stay alive as a half kitsune in the land of demons which is accessible through the dreams of powerful aristocratic bloodlines. This is my first time writing a story and constructive criticism is welcome. Please feel free to comment on anything you might find wrong with the story. Also I have a full outline of the story made so I will most likely not end up dropping this story in the middle like some authors have done. Enjoy!
8 141

