《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(4) အချက်အလက်စုဆောင်းခြင်း
Advertisement
သွေးဆာမှု၊ မေးခွန်းအစ်ခြင်း၊ ဧရာမပင့်ကူကြီး
၁၅ကီလိုမီတာလောက် လူတစ်ဦးအား ကျောပိုးပြေးရပြီးနောက် ရွှီရှင်းကျီသည် အမှန်တကယ်ပင် ပင်ပန်းနေခဲ့သည်။ သူ့လက်မှသံကြိုးကို ဂရုမစိုက်ဘဲ အကြိမ်အနည်းငယ် ချည်နှောင်လိုက်ပြီး ကုတင်ပေါ် လှဲချကာ အိပ်ပျော်သွားသည်။
ချိနဲ့တဲ့လက်နဲ့၊ တူနဲ့ ပန်းကန်တွေကို ကိုင်ရတာတောင် ခက်ခဲနေပြီဖြစ်လို့ လုပ်ကြံသတ်ဖြတ်ခြင်းလိုမျိုးလို စေ့စပ်သေချာတဲ့ အလုပ်အတွက် ပိုကောင်းတဲ့ အချိန်ကို ရှာဖွေဖို့လိုသည်။
ရွှီရှင်းကျီ အိပ်ပျော်သွားပြီးနောက်၊ ဝါးတံခါးသည် အပြင်ဘက်မှ တိတ်တဆိတ်ပွင့်လာပြန်သည်။
မုန့်ချုံ့ကွမ်းသည် ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။ သူအဝတ်လဲပြီးသွားပြီဖြစ်သည်။
သူ့အလွှာတစ်ခုတည်းရှိ လျှော်ပင်အဝတ်သည် ဆီးနှင်းထက်သာလွန်ပြီး ရင်ဘက်တွင် တိမ်တိုက်များကြားမှ နဂါးတစ်ကောင်ဖြင့် အလှဆင်ထားပြီး နောက်ဘက်ခြမ်းကို မှင်ဆေးအကွက်များဖြင့် ဆေးဆိုးထားသည်။ ပိုးဖဲကြိုးရှည်နှင့် တွဲစပ်ထားသည့် အံဝင်ခွင်ကျရှိသော ခေါင်းဆောင်းတစ်ခုလည်း ပါရှိပြီး သူ၏မှင်-အနက်ရောင်ဆံပင်ကို ပိုမိုပေါ်လွင်စေသည်။
သို့သော် သူ၏အပြင်ဘက်အကျဆုံးအလွှာသည် အိုးမဲနှင့် သွေးစိမ်းများဖြင့် စွန်းထင်းနေသော ရှည်လျားသော၀တ်ရုံကို ဝတ်ထားဆဲဖြစ်သည်။
သူသည် ကုတင်ဘေးတွင်ငြိမ်သက်စွာ ဒူးထောက်ထိုင်ကာ ရွှီရှင်းကျီ၏ ညာဖက်လက်ကို ဆွဲယူပြီး ရွှီရှင်းကျီ၏ အိပ်နေသော မျက်နှာကို စိုက်ကြည့်ရင်း သူ့ခေါင်းကို လက်ပေါ်တင်ထားလိုက်သည်။
မုန့်ချုံ့ကွမ်း၏ မျက်လုံးများသည် တင်းတင်းစေ့ထားသော နှုတ်ခမ်းများ၊ ထင်ရှားသော Adam's appleနှင့် ရင်ဘတ်ပေါ်မှ အသက်ရှုနှုန်းကို သေချာစွာ ကြည့်နေသည်။ သူသည် အချိန်မရွေးကွဲသွားနိုင်သည့် ကြွေပန်းအိုးကို ကြည့်နေသလိုမျိုး စိိိုးရိမ်ထိတ်လန့်နေသည်။
ရွှီရှင်းကျီ အသက်ရှင်နေသေးကြောင်း အပြည့်အဝမယုံကြည်သလို သူ့ကိုမည်မျှကြာအောင် ကြည့်နေသည်မသိ။ သူသည် သူ၏လက်ချောင်းများကို ရွှီရှင်းကျီ၏ခန္ဓာကိုယ်ဆီသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်ပြီး သူ(XXZ)ဝတ်ထားသည့် အဝတ်ပါးလွှာ၏ ရင်ဘက်ကိုညင်သာစွာ ဆွဲဖွင့်ကာ ရွှီရှင်းကျီ၏နှလုံးရှိရာသို့ သူ့လက်ချောင်းထိပ်များဖြင့်ထိလိုက်ရင်း ထိုအရေပြားအောက်ရှိပြင်းထန်ပြီး အားကောင်းသည့် နှလုံးခုန်သံကို ခံစားရသည်။
Thump, thump.
မုန့်ချုံ့ကွမ်းသည် ကျေနပ်ပြီးထိမိသော အပြုံးကိုတိုးတိုးလေးဖြင့် ညည်းညူရင်း “ရှစ်ရှုန်း၊ မင်းပြန်လာပြီ၊ မင်းအိမ်ပြန်ရောက်ပြီ.....”
ထိုသို့တိတ်ဆိတ်စွာ တိုးတိုးလေးပြောပြီးနောက် မုန့်ချုံ့ကွမ်း၏အသက်ရှုသံသည် တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာသည်။
သူ့မျက်လုံးထောင့်မှာ သွေးတွေ စွန်းထင်းနေပြီး နဂိုကကြည်လင်တောက်ပတဲ့ နားထင်ကြောတွေဟာ တဖြည်းဖြည်း နီမြန်းလာသည်။ သူ့မျက်လုံးထောင့်နဲ့ နဖူးအလယ်က မှဲ့နီတွေဟာ ကြောက်မက်ဖွယ် ကြက်သွေးရောင် အလင်းရောင်နဲ့ ဖျတ်ခနဲလင်းလက်လာသည်။
သူ့လက်ချောင်းများသည်လည်း ပြင်းထန်စွာ တုန်ခါသွားကာ သူ့လက်သည်းများသည် တဖြည်းဖြည်း ပိုရှည်လာသည်။ ရွှီရှင်းကျီ၏ နှလုံးသားပေါ်ရှိ အရေပြားကို မတော်တဆ ခြစ်မိတော့မည့်အချိန်တွင်မုန့်ချုံ့ကွမ်းသည် သူ့ကိုယ်သူ အတင်းအကျပ် ဖိနှိပ်လိုက်ပြီး လက်ကိုအလျင်အမြန် ဆုတ်ခွာလိုက်ကာ သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ညှစ်ထားလိုက်သည်။
သူ့လက်ကောက်ဝတ်မှာ အရိုးထိနက်တဲ့ ဒဏ်ရာငါးချက်လောက် သွေးထွက်မှသာ မျက်လုံးထဲမှ ကြက်သွေးရောင်တောက်ပမှုက အနည်းငယ်မှိန်သွားခဲ့သည်။
တစ်စုံတစ်ခုကို အာရုံခံစားလိုက်ရသလို ရွှီရှင်းကျီ၏ မျက်ခွံများသည် အနည်းငယ်လှုပ်သွားသည်။
မုန့်ချုံ့ကွမ်းသည် ဤနေရာတွင် ဆက်မနေနိုင်တော့ပေ။ သူသည် သူ၏ဝိညာဥ်ကြောကို ပြင်းပြင်းထန်ထန် တံဆိပ်ခတ်ပြီးနောက် တတ်နိုင်သမျှထိန်းထားပြီး အပြင်ဘက်အကျီကိုချွတ်ကာ ရွှီရှင်းကျီ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးပြီး ထွက်ခွာသွားခဲ့သည်။
ဝါးတံခါးမှ ထွက်သွားသည့်အခိုက်တွင် မုန့်ချုံ့ကွမ်းသည် အခြားလူနှင့် တိုက်မိလုနီးပါးပင်။
ကျိုးဝမ့်က မျက်မှောင်ကြုတ်ကာ သူ့ကိုတည်ငြိမ်စေရန် လက်ဆွဲပြီး “မုန့်သာ့ကော?”
မုန့်ချုံ့ကွမ်းသည် သူမ၏ပံ့ပိုးမှုကို ဖယ်ထုတ်ကာအသက်ရူထုတ်ပြီးနောက် အေးစက်စွာ မေးသည်။ "မင်းဘာလိုချင်လို့လဲ"
ကျိုးဝမ့်သည် မုန့်ချုံ့ကွမ်းအကြောင်း ကျင့်သားရခဲ့သည်။ သူ့စိတ်ခံစားချက်တွေကို မထိန်းနိုင်တော့တာနဲ့ သွေးမသောက်မချင်း အကြောင်းပြချက်မရှိ သောင်းကျန်းတော့မယ်ဆိုတာ သူမသိသည်။
ကံကောင်းထောက်မစွာ၊ မုန့်ချုံ့ကွမ်းသည် အရူးအမူးဖြစ်နေသည့်တိုင် အရမ်းကြီးမဆိုးသေးပေ။ သူသည် ဆက်လက်ထိန်းထားနိုင်ပြီး ကျန်သူတို့အား ဘယ်သောအခါမှ မတိုက်ခိုက်ခဲ့ပါ။ ထို့အတွက်ကြောင့် ကျိုးဝမ့်က သူ့ကိုမကြောက်ဘဲ “ဒါရွှီရှစ်ရှုန်းကို ပထမဆုံးအကြိမ်တွေ့ဖူးတာမို့၊ စကားဘာညာပြောချင်လို့ပါ။” လို့ ပြတ်ပြတ်သားသား ပြန်ပြောခဲ့သည်။
မုန့်ချုံ့ကွမ်းက သူ့နှလုံးခုန်သံကို ဖိချလိုက်ပြီး “ရှစ်ရှုန်း အိပ်နေတုန်းပဲ။ စကားပြောချင်ရင် နိုးတဲ့အထိ အပြင်မှာသွားစောင့်နေ။"
ကျိုးဝမ့်သည် သူမ၏လက်သီးကို ဆုပ်လိုက်ပြီး "ဟုတ်ကဲ့"
မုန့်ချုံ့ကွမ်း မျှော်စင်ကြီး၏ ကြေးဝါတံခါးဝမှ ယိမ်းထိုးကာထွက်သွားသည်ကို ကြည့်ရှုပြီးနောက် ကျိုးဝမ့်သည် လှည့်လိုက်ကာ ဝီစီကိုထုတ်ပြီး အခန်းထဲသို့ချက်ခြင်းဝင်ရန် တံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်သည်။
ရွှီရှင်းကျီ တံခါးဖွင့်သံကြောင့် လန့်နိုးသွားသည်။ သူ ကမန်းကတန်း ထထိုင်လိုက်သည်နှင့် သူ့အပေါ်တွင်ခြုံထားသည့် အပြင်ဘက်အကျီသည်လည်း ထိုလှုပ်ရှားမှုနှင့်အတူ ပြုတ်ကျသွားသည်။
သူ့မှာ မွေးရာပါကိုယ်ပူချိန်နည်းပြီး အိပ်ရာမဝင်ခင် စောင်ခြုံဖို့ မေ့နေခဲ့သည်။ သူ့ရင်ဘက်က ဘယ်အချိန်က ပွင့်ထွက်သွားမှန်း မသေချာတော့ဘဲ သူ့လက်တွေ ခြေတွေဟာ တစ်ရေးနိုးတော့ အေးခဲနေပြီဖြစ်သည်။
သူတုန်လှုပ်သွားသည်။ ဤအပြင်ဘက်၀တ်စုံကို မည်သူက ချန်ထားသည်ကို စဉ်းစားရန် အချိန်မရဘဲ ၀တ်ရုံကိုပွေ့ဖက်ကာ ကျန်နေခဲ့သော အပူချိန်၏ နွေးထွေးမှုကိုရယူခဲ့သည်။
ကျိုးဝမ့်က "အေးလို့လား?"
"နည်းနည်း" ရွှီရှင်းကျီသည် သူ့လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး ကျိုးဝမ့်အား ဆန်းစစ်လိုက်သည်။
သူမသည် ယခုအခါ သူမ၏ဓားနှစ်လက်ကို ဖယ်ထုတ်ထားပြီး ဟောင်းနွမ်းနေသော ကြက်သွေးရောင် ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူမရဲ့အနက်ရောင် နှုတ်ခမ်းနှင့် နှင်းလိုဖြူဖွေးတဲ့ အသားအရေနဲ့ပေါင်းလိုက်တော့ ဖရိုဖရဲနဲ့ လွန်ကဲသောအကြည့်ကိုပေးနေသည်။
Advertisement
ရွှီရှင်းကျီ၏ အကြည့်ကိုသတိပြုမိပြီး ကျိုးဝမ့်က အနည်းငယ်ရယ်လိုက်သည်။ "ဦးလေးပြောတာ မှန်သားပဲ။"
ရွှီရှင်းကျီ: "???"
ကျိုးဝမ့်သည် လက်ပိုက်ကာ ပြုံးပြီး မှတ်ချက်ပေးသည် - "ရွှီလို့ အမည်ရတဲ့ အဲ့လူက ရိုင်းစိုင်းတယ်၊ ဒါ့အပြင် သူကမာနကြီးပြီး ကျင့်ဝတ်သိက္ခာမရှိဘူး။ သူက ဆန့်ကျင်ဘက်လိင် ဂိုဏ်းသူတစ်ဦးကို မြင်တာနဲ့၊ အဲ့နေရာတင် အမြစ်တွယ်သွားလိမ့်မယ်တဲ့။"
ရွှီရှင်းကျီ: ".....သူ ဘာထပ်ပြောလိုက်သေးလဲ။"
ကျိုးဝမ့်က "ရှင်သာ ကျွန်မအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ချုပ်ချယ်ဖို့ သတ္တိရှိရင် ရှင့်မျက်လုံးတွေကို ဖောက်ထုတ်ဖို့ ခွင့်ပြုပေးထားတယ်။"
.......ရွှီရှင်းကျီ တကယ်ပဲမှားသွားသလို ခံစားလိုက်ရသည်။
ရွှီရှင်းကျီသည် အလှအပကိုနှစ်သက်ပြီး မိန်းကလေးက အရပ်ရှည်သည်ဖြစ်စေ၊ ပုသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ၊ ဝသည်ဖြစ်စေ အရေးမကြီးဘဲ အနည်းငယ်လောက်တော့ လိုက်ကြည့်တတ်သော်လည်း သူတို့နှင့်ဆော့ကစားရန် မစဉ်းစားမိသလောက်ပင်၊ ကျိုးဝမ့်လို ကလေးတစ်ယောက်ဆို မပြောနှင့်။
ရွှီရှင်းကျီက ပခုံးတွန့်ပြီး ပွင့်ပွင့်လင်းလင်း ပြန်ပြောသည် - “ဒီကမ္ဘာမှာရှိတဲ့ အလှလေးတွေတိုင်းက အဖိုးတန်ရတနာတွေလို့ မှတ်ယူနိုင်တယ်။ နောက်ထပ် အကြည့်တစ်ချက်က နောက်ထပ်ရတနာတစ်ခုပဲ။ ဒီနေ့အလှက မနက်ဖြန်အလှနဲ့တူမှာမဟုတ်ဘူး။ အခုပိုပြီးကြည့်လိုက်ရင် ကုသိုလ်လုပ်လိုက်သလိုပဲလေ၊ ဒါကိုဘာလို့ အထိန်းအကွပ်မရှိဘူးလို့ ခေါ်ရမှာလဲ?”
ကျိုးဝမ့်:"....."
သူမ၏ စကားမဲ့သည့်အခိုက်အတန့်တွင် ရွှီရှင်းကျီ၏ ဘယ်ဘက်လက်ကို ကုတင်ခေါင်းရင်းတွင် သံကြိုးဖြင့် ချည်နှောင်ထားကြောင်း သူမ သတိပြုမိသည်။ နောက်ဆုံးတွင် သူမသည်စိတ်နှလုံးထဲတွင် ကျေနပ်သွားသည်ဟု ခံစားလိုက်ရပြီး "အချုပ်ခံထားရတာတောင် နည်းသေးတယ်" ဟုရေးထားသည့် ကြည်နူးဖွယ်အကြည့်ကို ထုတ်ဖော်ပြသလိုက်သည်။
ရွှီရှင်းကျီက အပြစ်မတင်ပါဘူး။ ယက်တောင်ကို ဘယ်ဘက်လက်ကကိုင်ထားပြီး ရင်းနှီးသောပုံစံဖြင့် သူမ၏နဖူးကို အသာအယာပုတ်လိုက်သည်- “ဟုတ်တယ်လေအာ၊ အခုမှမင်းကလေးနဲ့တူတာ။ ခပ်တည်တည် မျက်နှာထားနဲ့ ရင့်ကျက်ချင်ယောင်ဆောင်နေတာ မင်းနဲ့လုံးဝ မလိုက်ဘူး။"
ကျိုးဝမ့်သည် သူ၏ခေါင်းပုတ်မှုကြောင့် အံသြသွားပြီး သူမနဖူးကိုအုပ်ကာ သူ့ကိုပြန်ကြည့်နေသည်။
သူမသည် ကျိုးပိုင်နန်၏အမိန့်ကို လိုက်နာပြီး ရွှီရှင်းကျီထံမှ အချက်အလက်များကို ထုတ်ယူရန် ကြိုးစားနေသော်လည်း ရွှီရှင်းကျီသည် သူတို့၏စကားဝိုင်းအလယ်တွင် အသာစီးရနိုင်ခဲ့သည်။
ရွှီရှင်းကျီက "မင်းနာမည်က ကျိုးဝမ့်? ကျိုးပိုင်နန်က မင်းဦးလေးလား?"
ကျိုးဝမ့်က ဤလူသည် စိတ်ဝင်စားဖွယ်ကောင်းသည်ဟုသာခံစားရပြီး သိချင်လာသည်။ သူမသည် သူ၏ထိုင်နေဟန်ကို တုပကာ အပူခံအုတ်ကုတင်ပေါ်တွင် ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကုတင်ခေါင်းရင်းရှိ သစ်သားကော်လံပေါ်မှ ပန်းများကိုမှီကာ “အင်း”
ရွှီရှင်းကျီက သူမအသက်ကို စိတ်ထဲတွင်တွက်ချက်လိုက်ပြီး "မင်းဦးလေးနဲ့အတူ ဒီကိုလာတာလား။"
ကျိုးဝမ့်: "နီးစပ်ပါတယ်၊ 13နှစ်တောင်ကြာခဲ့ပြီ။”
တခြားသူနဲ့ ရင်ဆိုင်ရရင် ရွှီရှင်းကျီက သူ့အပြောအဆိုနဲ့ အမူအရာတွေကို သတိထားနေသေးပေမယ့် ဒီကလေးမလေးရဲ့ဘေးမှာတော့ အထူးသတိထားနေဖို့ မလိုအပ်တော့ပေ။
နောက်ဆုံးတော့ သူမကသူနဲ့ တစ်ခါမှမဆုံဖူးပေ။ ကျိုးပိုင်နန်က သူ့အကြောင်း ဇာတ်လမ်းတွေပြောခဲ့ရင်တောင် သူမမှာ တစ်ဝက်တစ်ပျက် အချက်အလက်တွေပဲ ရှိလောက်သေးသည်။
ဖြစ်နိုင်လျှင် ရွှီရှင်းကျီသည် ထိုအစား သူမထံမှ စွန့်ပစ်မြေအကြောင်း သတင်းအချက်အလက်များပင် ရရှိနိုင်မည်ဖြစ်သည်။
သူက “မင်းတို့အားလုံး ဘာလို့စွန့်ပစ်မြေမှာ အကျဉ်းကျနေရတာလဲ” လို့ မေးလိုက်သည်။
ကျိုးဝမ့်က ရွှီရှင်းကျီကို စောင့်ကြည့်ပြီး အနည်းငယ်မျက်ခုံးပင့်လိုက်သည်။ “ဦးလေးနဲ့ တခြားသူတွေက ကျွန်မကိုအရမ်းငယ်တယ်ထင်ပြီး အသေးစိတ်ရှင်းပြမှာ မဟုတ်ဘူး။ "....ဒါအပြင် ကျွန်မတို့ဘယ်လိုဝင်လာလဲဆိုတာ ရွှီရှစ်ရှုန်းက ဘယ်လိုလုပ်မသိရတာလဲ?"
ရွှီရှင်းကျီ:.....အိုဟိုး
သူမသည် အလွန်ထက်မြက်သော မိန်းကလေးဖြစ်ပြီး သိုးမွှေးကို မျက်လုံးရှေ့ဆွဲတင်ရန် လွယ်ကူမည်မဟုတ်ပေ။
ဉာဏ်ကောင်းသည့်သူနှင့် စကားပြောဆိုခြင်းသည် မတူညီသောနည်းလမ်းတစ်ခု လိုအပ်မည်မှာ ထင်ရှားပါသည်။ ရွှီရှင်းကျီက ယက်တောင်ကို ဖွင့်လိုက်ပြီး သူ့ကိုယ်သူကြိမ်ဖန်များစွာ ခပ်ကာ "သူတို့ကလေးတစ်ယောက်ကိုတောင် မသက်ညှာပေးဘူးလို့ မမျှော်လင့်ထားဘူး"
ကျိုးဝမ့်၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်လာသည်။ သူမသည် သူမ၏လက်ချောင်းများကို ကစားနေလိုက်သည်- “သူတို့မြေရိုင်းထဲ ဝင်တုန်းက ကျွန်မမမွေးသေးဘူး။ ကျွန်မအမေနဲ့ဦးလေး ဒီမှာပြည်နှင်ဒဏ်ခံရတုန်းက ဦးလေးက ကျွန်မအမေကို ကာကွယ်ဖို့ သူ့အသက်ကို စတေးခဲ့ရတယ်။ တကယ်လို့ ဦးလေးရဲ့ဗဟိုစိတ်ဝိညာဉ်ကို အင်းရွက်ထဲ ပိတ်ပြီး သူရဲ့ဝိညာဉ်အနှစ်သာရကို မျှပေးခဲ့တဲ့ လုရှုးရှုးနဲ့သာ မတွေ့ခဲ့ရင် ဦးလေးရဲ့မူလဝိညာဉ်က ပျောက်ကွယ်သွားတာ ကြာပြီ။"
ရွှီရှင်းကျီက အနည်းငယ် မျက်မှောင်ကြုတ်ကာ "ကျိုးပိုင်နန် ဘယ်လိုသေတာလဲ"
ကျိုးဝမ့်က "သူမေ့သွားပြီ။"
ယင်းနှင့်ပတ်သက်၍ ရွှီရှင်းကျီသည် ထူးဆန်းသည်ဟု မထင်ခဲ့ပေ။
တစ္ဆေကျင့်ကြံခြင်းသည် အဓိကပြစ်မှုလမ်းကြောင်းအဖြစ် လူသေအလောင်းများ၊ သရဲဝိညာဉ်များကို ခြယ်လှယ်ခြင်းအပေါ် မှီခိုရပြီး တစ္ဆေကျင့်ကြံသူအဖြစ် လုယွီကျို့သည်လည်း နောက်ပိုင်းတွင် ထင်ရှားသည်။ သရဲတစ္ဆေများ၏ ဝိညာဉ်များကို အလင်းနှင့် အမှောင်တစ္ဆေများအဖြစ် အကြမ်းဖျင်းခွဲခြားနိုင်သည်။
အတိတ်ကို သတိရသော သရဲတစ္ဆေများကို “အလင်းတစ္ဆေများ” ဟုခေါ်သည်၊ သူတို့၏ စိတ်ဝိညာဉ် ဗဟိုတိုင်သည် ရှင်းရှင်းလင်းလင်းရှိပြီး သူတို့၏ ခွန်အားသည် ၎င်းတို့အသက်ရှင်နေစဥ်အချိန်နှင့် နှိုင်းယှဉ်ပါက များစွာမကွဲခြားပေ။ သူတို့သည် အသက်ရှိစဉ်က တန်ခိုးကြီးသလောက် သေသောအခါတွင်လည်း အစွမ်းထက်ကြသည်။
မှတ်ဉာဏ်များ မှုန်ဝါးနေသော သရဲတစ္ဆေများကို “အမှောင်တစ္ဆေများ” ဟု ခေါ်ဆိုကြသည်။ သူတို့သေဆုံးသွားသောအခါတွင် ၎င်းတို့၏ဝိညာဉ်အစိတ်အပိုင်းများသည် ပျက်စီးခြင်း၊ ပျောက်ဆုံးသွားခြင်း သို့မဟုတ် ၎င်းတို့၏ သေမျိုးရုပ်ကြွင်းများအတွင်း ပိတ်မိနေတတ်သည်။ ထို့ကြောင့် သူတို့သည် ရှုပ်ထွေးနေကာ လောကနှင့်ကွဲကွာသွားပြီး သူတို့၏ ခွန်အားများသည်လည်း အသက်ရှင်နေစဥ်အချိန်နှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းသွားသည်။
Advertisement
သေပြီးဝိညာဉ်သည် "အမှောင်တစ္ဆေ" ဖြစ်လာရခြင်း၏တစ်ခုတည်းသောအကြောင်းရင်းမှာ ၎င်းတို့၏သေဆုံးရခြင်းအကြောင်းရင်းမှာ ၎င်းတို့၏အသိစိတ်ပျက်သွားသည့်အထိ ကြေကွဲဖွယ်ကောင်းပါက၊ ၎င်းတို့၏သေမျိုးဝိညာဉ်ငါးပါးကွဲသွားပြီး သူတို့ကိုယ်တိုင် ဘယ်လိုသေလဲဆိုတာ မမှတ်မိချင်လောက်သည့်အထိ နာကျင်နေခြင်းဖြစ်သည်။
ရွှီရှင်းကျီက ထိုအချိန်က အဖြစ်အပျက်ကို ပုံဖော်ရန် ခက်ခဲသည်။
မူလပိုင်ရှင်၏ အစိတ်စိတ်အမွှာမွှာ ရှုပ်ထွေးနေသော မှတ်ဉာဏ်များအရ ဖြောင့်မတ်သောလမ်းသည် ဂိုဏ်းလေးခုခွဲကာ တစ်ခုစီတိုင်းတွင် ရှေးဦးနတ်ဘုရားပစ္စည်းကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။
ချင်းလျန်ချိုင့်ဝှမ်းသည် "ထိုက်ရှုလေး"ကို(စကြဝဋာ) စောင့်ကြပ်ပြီး၊ ယင်ထျန်းချွမ်းသည် "လိဟမ်မှန်"ကို(ကွဲမကွာ) စောင့်ကြပ်ပြီး၊ တန်းယန်သည် "ချန်းမင်ဓား"(အကြည်ဓာတ်) နှင့်မူလပိုင်ရှင်၏ ဖုန်းလင်တောင်သည် "ရှစ်ကျဲ့စာအုပ်"(ကမ္ဘာ) ကိုစောင့်ကြပ်ရသည်။
နတ်ဘုရားပစ္စည်းကို သိမ်းလိုသောပြင်းထန်သော စိတ်ဓာတ်ရှိသူ မုန့်ချူံ့ကွမ်းက ပြည်နှင်ဒဏ်ခံရခြင်းမှာ အကြောင်းပြချက် ရှိသေးသည်။ သို့သော်လည်း ကျိုးပိုင်နန်သည် ယင်ထျန်းချွမ်းကျွန်း၏ ဆရာကြီး၏သားဖြစ်ပြီး၊ သူ့ညီမနှင့်အတူ ဂိုဏ်း၏နတ်ဘုရားပစ္စည်းကို ဘာကြောင့် ခိုးယူရမှာလဲ?
သူဘာကြောင့်များ လိုအပ်လို့လဲ?
ရွှီရှင်းကျီသည် သူ့စိတ်ထဲတွင် အကြိမ်ပေါင်း ရာနှင့်ချီ၍ တွေးတောနေစဉ် ကျိုးဝမ့်က ရုတ်တရက် မေးသည်။ "ရွှီရှစ်ရှုန်း၊ ညာလက်က ဘာဖြစ်သွားတာလဲ"
ရွှီရှင်းကျီက ကောင်းကင်အလင်းရောင်နှင့်တူသော အပေါက်အပြဲ ပွင့်နေသော သူ၏ ညာဖက်သစ်သားလက်ကို ငုံ့ကြည့်ကာ သနားစွာဖြင့် “မင်းပြောတာ ဒီအပေါက်လား။ အရင်က အဖောက်ခံခဲ့ရတာ။”
ကျိုးဝမ့်သည် သူမ၏ ရယ်မောခြင်းကို ခက်ခက်ခဲခဲ ထိန်းထားရသည်- "ဒီအပေါက်ကို ဘယ်သူကမေးလို့လဲ။ လက်ကဘာလို့ ဖျက်ထားရတာလဲလို့ မေးနေတာ။"
.....ဟုတ်တယ်အာ၊ ဘာလို့ပါလိမ့်?
ရိုးရိုးသားသားပြောရလျှင် ရွှီရှင်းကျီ ကိုယ်တိုင်လည်း မမှတ်မိတော့ပါ။
ငါးနှစ်သားအရွယ်တွင် သူသည် အလွန်မိုက်မဲနေပုံရပြီး သူ့လက်ကို ဂျုံရိတ်ဓားနှင့် မတော်တဆ ဖြတ်မိပုံရသည်။ သူသည် အလွန်အမင်း သွေးထွက်ပြီး သုံးရက်လောက် အဖျားကြီးဖျားကာ တစ်လလုံး မေ့မျောနေခဲ့သည်။ သူနိုးလာသောအခါတွင် မသန်စွမ်းဖြစ်နေပြီဖြစ်သည်။
ကံကောင်းထောက်မစွာ၊ ဘုရားသခင်က သူ့အတွက်လက်တစ်ဖက် ထားခဲ့သေးသည်။ အဲ့ဒါကို ထည့်စဉ်းစားကြည့်တော့ သိပ်ဆိုးပုံမပေါ်ပေ။
မည်သို့ပင်ဆိုစေကာမူ၊ သူသည် သူ၏ညာလက် အကြောင်းပြောသည့်အခါတိုင်း၊ ရွှီရှင်းကျီက သူ့အဖေမမောမပန်းနှင့် ဂရုတစိုက်ပြုစုပေးခဲ့ရသည့် မြင်ကွင်းကို မေ့မရနိုင်ပါ။
အခုတော့ တောရိုင်းတောကြီးထဲမှာပိတ်မိနေပြီး အပြင်မှာအချိန်တွေ ဘယ်လောက်ကုန်သွားလဲ မသိသလို သူ့အဖေနဲ့ညီမလေး ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာလည်း သူမသိရပေ။
ဒါကို ပြန်သတိရတော့ ရွှီရှင်းကျီက အာရုံပျက်ရုံတင်မက အသေးစိပ်မဖြေချင်တော့ပေ။ သူက ရိုးရိုးရှင်းရှင်းနဲ့ အကျဉ်းချုံးပြီး “.....ပြောရမှာတော့ အရှည်ကြီးပဲ။"
ကျိုးဝမ့်က သူ့အား ဒုတိယမေးခွန်းကို မေးလိုက်သည်။ "ရှင်အပြင်မှာနေတာ နှစ်ပေါင်းများစွာကြာပြီ၊ ရှင့်အစ်ကို ရွှီဖျင်ရှန့်ကို ရှာဖို့ကြိုးစားဖူးလား?"
.....အယ်?
ဒီမေးခွန်းထွက်လာတာနဲ့တပြိုင်နက် ရွှီရှင်းကျီသည် ဒီမိန်းကလေးကို ကျိုးပိုင်နန်က သူ့ဆီကနေ အဖြေချော့တောင်းဖို့ ပို့လိုက်ကြောင်း သေချာသွားသည်။
ဤအရာ၏ အခက်ဆုံးအပိုင်းမှာ သူသည် မှတ်ဉာဏ်များအားလုံးကို စစ်ဆေးခဲ့သော်လည်း မူလပိုင်ရှင်မှာ အကိုကြီးတစ်ယောက်ရှိနေသည့် အရိပ်အယောင်ကို ရှာမတွေ့ခဲ့ပေ။
အခုမေးခွန်းက ဒီလိုလူတကယ်ရှိ၊ မရှိ မသိတော့ ဘယ်လိုဖြေရမလဲ?
အကယ်၍ သူသာသူမ၏ စကားများနှင့်အတူ လိုက်ပါသွားပါက သူမ၏ စစ်ကြောရေး ကျွမ်းကျင်မှုဖြင့် ထောင်ချောက်ထဲသို့ ကျရောက်သွားမလား?
ခဏအကြာတွင် ရွှီရှင်းကျီက အဖြေတစ်ခုထွက်လာသည်။
ရွှီရှင်းကျီက ကျိုးဝမ့်၏မျက်လုံးများကို စိုက်ကြည့်ကာ စကားလုံးတစ်လုံးစီကို ရှင်းလင်းစွာပြောလိုက်သည် "ငါ့မှာ အကိုမရှိဘူး"
ဒီအဖြေက ကျိုးဝမ့်ကို စိတ်ရှုပ်စေသည်။ “ဒါပေမယ့်...."
ရွှီရှင်းကျီက ရှားရှားပါးပါး ရိုင်းစိုင်းသော အပြုအမူဖြင့် သူမ၏ စကားများကို နှောင့်ယှက်ခဲ့သည်။ လက်တစ်ဖက်ဖြင့် ခေါင်းကိုဖိထားရင်း မခြားနားသော အမူအရာဖြင့် နောက်ကိုမှီလိုက်သည်။ “ငါ့မှာ အကိုမရှိဘူး”
မျှော်စင်အပြင်ဘက် အခန်းတွင်းရှိ နှစ်ယောက်ကြားစကားကို ဝိညာဥ်အာရုံဖြင့် နားထောင်နေသော ကျိုးပိုင်နန်သည် ပါးစပ်ထောင့်များ ရွဲ့စောင်းသွားကာ လှည့်လိုက်ပြီး “အရင်တုန်းက ရွှီရှင်းကျီ ရတနာတစ်ခုတွေ့တိုင်း သူ့အကိုကိုပဲ အမြဲတွေးတယ်။ အခုတော့ သူ့အကိုဆိုတဲ့လူက လူယုတ်မာတစ်ယောက်ဆိုတာ နောက်ဆုံးတော့ သဘောပေါက်သွားပြီပဲ။”
မျက်နှာဖုံးစွပ်လူငယ်လေး လုယွီကျို့ ၏အဖြေသည် ပို၍ရိုးရှင်းပြီး ကြမ်းတမ်းသည်- "ရွှီဖျင်ရှန့်က ဘာမှစောက်သုံးကျတာမဟုတ်ဘူး။ ရွှီရှစ်ရှုန်းရဲ့ စွန့်ပစ်ခံရတာတောင် တန်သေးတယ်။"
ကျိုးပိုင်နန်က သူ့ဒေါသကို ဖိကာ အမိန့်ပေးလိုက်သည် "အ-ဝမ့် သူဘာလို့မြေရိုင်းကို လာတာလဲ။ သူ့ကိုဘယ်သူက ဒီကိုပို့လိုက်တာလဲ မေးလိုက်။"
သို့သော်လည်း ရွှီရှင်းကျီအား သူမမေးရန် ပါးစပ်မဖွင့်မီ ရွှီရှင်းကျီက ကျိုးပိုင်နန်အား ပျင်းရိစွာ မေးလိုက်သည်ကို ကြားလိုက်သည်- "ကျိုးပိုင်နန်က ငါ့ကိုစစ်မေးဖို့ လွှတ်လိုက်တာမလား?"
သူတို့ကို ဖော်ထုတ်လိုက်သောကြောင့် ကျိုးဝမ့်က နောက်ပြန်မဆုတ်တော့ဘဲ “ဦးလေးရဲ့ သံသယတွေက ဖြစ်သင့်တာပဲလေ။ 13နှစ်တောင်ကြာခဲ့ပေမယ့် ရှင်နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို ဘယ်သူကမှ မရှာနိုင်ခဲ့ဘူး။ နှစ်တွေတော်တော်ကြာနေပြီ၊ ရှင်ဘာလို့ရုတ်တရက်ကြီး မြေရိုင်းထဲပေါ်လာရတာလဲ?"
ရွှီရှင်းကျီက ကျိုးဝမ့်ကို လက်ညှိုးတစ်ချောင်းဖြင့် လှမ်းခေါ်လိုက်သည်။ "ဒီကိုလာ၊ သေချာပြောပြမယ်။"
ကျိုးဝမ့်သည် သဘာဝအတိုင်း သူမ၏နားကို နီးကပ်လိုက်သည်။
ရွှီရှင်းကျီသည် မျက်လုံးများမှေးလိုက်ပြီး ကျိုးဝမ့်၏ ညာဘက်နားရွက်တွင် ချိတ်ဆွဲထားသော ကျောက်သည် အလင်းရောင် မှိန်ဖျော့ဖျော့ ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။
သူသည် နားကပ်ကို တစ်ချက်ရွှေ့ကာ သွက်သွက်လက်လက် ဖယ်လိုက်ပြီး သူ့လက်ချောင်းထိပ်များကြားကို ဖိချလိုက်သည်။
ဤနားကပ်သည် ကျိုးပိုင်နန်၏ ဝိညာဉ်အာရုံမှ စုစည်းထားပြီး သူ၏နားနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။ ဒီလို ဆုပ်နယ်တဲ့ လှုပ်ရှားမှုကို ခံနိုင်ရည် မရှိခဲ့ပေ။ အမြီးနင်းမိသော ကြောင်တစ်ကောင်ကဲ့သို့ပင် သူသည် နားရွက်ကိုအုပ်ပြီး နာကျင်စွာအော်ပြောလိုက်သည်။ "ရွှီကောင်စုတ်! မင်းဦးလေးကို သစ်ရွက်ပဲ!"
ရွှီရှင်းကျီ: "ဟားဟားဟား။"
တစ်ဖက်တွင်၊ ကျိုးပိုင်နန်သည် ပုံရိပ်ကိုရှာဖွေနေသကဲ့သို့ လက်ချောင်းများကို ဖိထားကာ “မင်းသတိထားနေ!”
ချက်ခြင်းတွင်၊ ရွှီရှင်းကျီ၏လက်ဖဝါးရှိ နားဆွဲသည် သံလိုက်အိမ်မြှောင်အရွယ်ရှိ ပင့်ကူကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ရွှီရှင်းကျီ ၏အပြုံးသည် တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ပင့်ကူ၏ အမွှေးအမှင် ခြေထောက်များ သူ့လက်ချောင်းများကြားတွင် လှုပ်ရှားလာသောအခါမှ သူသည်လက်ကို ပြင်းထန်စွာ လှုပ်ယမ်းကာ သွေးထွက်သံယို အော်ဟစ်တော့သည်။
အခုတော့ ကျိိုးပိုင်နန်က သူ့ပေါင်ကိုရိုက်ကာ ရယ်မောလိုက်ပြန်ပြီ- "ဟားဟားဟား။"
ကုတင်စွန်းတွင် ကျောခိုင်းကာ ရွှေကြိုးကို ဆွဲဆန့်လိုက်ရင်း ရွှီရှင်းကျီ၏ တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ သူဆက်ဆက်တုန်နေသည်အထိ ကြောက်လန့်တုန်လှုပ်သွားသည်။ အပြင်ကနေ သူ့အရိုးထဲအထိ အားနည်းသွားသလို ခံစားရပြီးသူ့အဆစ်တွေ တစ်လျှောက်လုံး အင်းဆက်ပိုးမွှားတွေ တွားသွားသလိုမျိုး တုန်လှုပ်သွားသည်။ သူစိတ်ရှုပ်လွန်းလို့ သေချင်နေသည်။
ထိုအချိန်တွင် ဝါးတံခါး ပွင့်သွားပြန်သည်။
မုန့်ချုံ့ကွမ်းက အရူးအမူး ဝင်လာခဲ့သည်- "ရှစ်ရှုန်း?? ဘာဖြစ်လို့လဲ???"
ရွှီရှင်းကျီက ပင့်ကူသည်ခြေထောက်များကို လှုပ်ယမ်းကာ ကုတင်၏ခြေရင်းတစ်လျှောက် တက်လာသည်ကို မြင်သောအခါ အဖြေမထွက်သေးပေ။
စူးစူးဝါးဝါး အသံတစ်ခုက သူ့ခေါင်းမှ ဖြတ်ကာကုတင်ပေါ်ကနေ မုန့်ချုံ့ကွမ်း၏ လက်နှစ်ဖက်ထဲသို့ ခုန်ဆင်းလိုက်သည်။ မျက်ရည်များကျလာကာ တစ်ကိုယ်လုံးက မုန့်ချုံ့ကွမ်းအား တွယ်ကပ်ထားသည်။ "....ပိုးကောင်တွေ!! ပိုးကောင်တွေ အများကြီးပဲ!!!"
ရှစ်ရှုန်း- ဒီပိုးကောင်ကို ဘယ်သူသေအောင် သတ်နိုင်လဲ? ငါ့တစ်ကိုယ်လုံးနဲ့ အသက်က မင်းအတွက်ပဲ!
မုန့်ချုံ့ကွမ်း [သေအောင်ဖိသတ်လိုက်]: ရှစ်ရှုန်း၊ ကြည့်......
ရှစ်ရှုန်း: သွား! ပိုးကောင်ထိထားတဲ့ လက်ကြီးနဲ့ ငါ့လာမထိနဲ့!!
မုန့်ချုံ့ကွမ်း: .....QAQ
Advertisement
- In Serial17 Chapters
Safety’s End
When Arvin, a skilled aeronaut, crash lands into the underground city of Auksand, he learns of the growing MA pandemic. After meeting Talia, and exploring other cities with his crew, Arvin discovers that MA may not be the true threat to life.
8 361 - In Serial69 Chapters
Forbidden Flower
Nicholas Salvatore the heir to the Salvatore's throne. Born with a diamond spoon in his mouth, he basically had everything in the palm of his hand. A player with the body of a Greek God and face liked a model, the new Don changed women like they were his toys. His hands scarred from murders, dangers lingered wherever he went, his aura had everyone feared his presence.What happened when he met his match? The first woman he wanted but couldn't have.Anastasia Rayne was born to be a killing machine of her father. Trained to seduce and murder since before she even knew what lipstick was, she was a mafia princess after all. The goddess with a figure of an hour glass and eyes that bewitched every guys under her spell. She came to England for a mission under her father command with a perfect plan under her sleeves. A plan that crumbled the moment she met a pair of grey eyes. • book two of the Salvatore's series(can read as a stand-alone)• all images in the book don't belong to me, credit to the rightful owners• cover by @myyyraaa_
8 164 - In Serial18 Chapters
Spirit Realm: The Devil's Path
Spirit Realm, the world full of mystical energy. That is the name of this strange world which is home to many, many creatures. It is also a new home for one young man from Earth, who forged a contract with fate and reincarnated here. The world where various races reside—be it Dragons, Demons, Angels, Monsters... Nothing should be strange or unexpected in this world. Asura, a curious fella from Earth, came to this world with the help of fate—to the world from his dreams. Ever since he read the first fantasy book, it was his wish to come in a world like that. However, he is no mere visitor in this world—for in his new life, he is a being that represents disorder. He is a Devil - the only one of his kind. His soul was summoned by occultists while they were tinkering with the forbidden knowledge, giving him a chance to meet his lifelong partner - a little girl by the name of Xia. Their journey will be long, hard at times and fun at others, but as long as they are with each other, nothing is impossible. The new Demon King has been born, bearing the mysterious power nobody came in contact with before him. Just for possessing this power, a bunch of deities had cast their curse on him—that is how terrifying this power is. Let us witness the legend these two will make - their journey on The Devil's Path. /— — — — — — — — — — — — — — — —The cover image doesn't belong to me,Character: Lu - Elsword— — — — — — — — — — — — — — — —/
8 175 - In Serial44 Chapters
The Book of Hickory
Now why did Hickory go and punch that Angel? Sure it spooked him, popping up right there at lunch, and yet, it wasn't fear that balled his hand into a fist - Cause wouldn't you? Wouldn't anyone - with a sick Ma at home, Da long dead, buried, all them prayers piling up on bruised knees, unanswered? Hickory was angry, all right. He was fierce, now - cause that Angel didn't show up to give no help, that Angel came by asking for it - with all that power just plain to see, the power to fix the world and all that ails it! And now look what poor Hickory has to do - to save the world? Now how is he supposed to do that when its taking near everything he's got - just to keep them chickens safe, Ma fed, and himself out of trouble - All he wanted was maybe just a dance with May, maybe a bit more, to hold her close? That she's sweet, now, a voice like an angel, but now she's over there lookin at him like he's more than a man. And that's not to say Hickory is bad, not all the time, not ever on purpose - just there are things a man has to - That drinking and fighting ain't wrong just as long as the chores are done proper first, that those parts of life that make it worth living ain't no sin, that loving a lady is proper and Hickory just has so much love to give! And May is special, right, sweet and soft, now she's sophisticated. That she wears her passion like a pearl necklace? That certainly Hickory would notice, naturally - that she's already spoken for, perhaps taken? That ever since Hickory came back, that all she can think about is swallowing - those strange feelings, because it wouldn't do, would it? For a Lady? But certainly she can worship him and still be seen with Weston Covanger? Because Weston needs May, that what happens in the Study is only half the battle, the Men's Business, and he's far too proud to settle for half of anything. That if he wants to move up the ranks of his family, to be more than a Covanger, to become the Covanger? He's going to need a woman in the Kitchen as well - he's going to need May. And if that seems a bit old fashioned? A bit too much like the Wild West? Well the West is starting to get wild again now that everyone starts to Drink. A different take on LitRPG where answers aren't given - they must be earned, discovered and fought for, one at a time. An orator style, a long read, filled with magic buildings, crafting, alchemy, but most of all - This is a story about the human spirit. About understanding what defines a person, their morals, their beliefs, and also faith when everything they understand becomes challenged - changed. So do they. People can change. They will. Just not always for the better, not always - sometimes. Sometimes that's enough. Sometimes that's even everything.
8 135 - In Serial9 Chapters
The Sacred Sorceress
When Hyrule Kingdom is thrown into peril by mysterious dark forces, it's up to the top three students at Chalice's Elite Knighthood Academy to find the missing Princess Zelda and restore peace once again. Are they up for the task? AMAZING COVER BY @PikaGirl260 PLEASE FOLLOW HER!! (:
8 133 - In Serial29 Chapters
The Man Kicked By the God
After Micha, our unusual MC, died everything went weird. He was the only person who perfectly stayed in the middle of being sinner or saint. Even to point cannot be judged by angels or devils. Thus the God interfered, by kicking him to new universe. There begins his second strugle in new universe, God's Playground.
8 153

