《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(3) တာဝန်မပြီးမြောက်မီ
Advertisement
ရွှီရှင်းကျီ: "....."
ခုနက သူ့ကျောပေါ်မှာ လဲနေတဲ့လူက မုန့်ချုံ့ကွမ်းဆိုတာသိရတော့ ရွှီရှင်းကျီရဲ့ကျောရိုးထဲ အေးစိမ့်စိမ့် ဖြစ်သွားသည်။
အရေးကြီးဆုံးအချက်မှာ မုန့်ချုံ့ကွမ်း၏စကားကို မည်သို့တုံ့ပြန်ရမည်ကို မသိခြင်းပင်ဖြစ်သည်။
ပထမဆုံးအနေနဲ့ ဒီလူတွေက ရွှီရှင်းကျီ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပေမယ့် တကယ့်ရွှီရှင်းကျီက သူတို့နဲ့ ဘယ်လိုဆက်ဆံသလဲ၊ သူ့အပေါ် သူတို့ရဲ့အမြင်ကဘယ်လိုလဲ မသိခဲ့ပါဘူး။
ဒုတိယအနေနဲ့၊ ရွှီရှင်းကျီသည် ထိုနှစ်က မုန့်ချုံ့ကွမ်းနှင့် ရွှီရှင်းကျီတို့ကြားတွင် ဖြစ်ပေါ်ခဲ့သော မကျေနပ်ချက်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိခဲ့ပါ။
မုန့်ချုံ့ကွမ်းသည် သူတို့၏ဆရာကိုသတ်ပြီး ရွှီရှင်းကျီကို သွယ်ဝိုက်သောနည်းဖြင့် ဂိုဏ်းမှ နှင်ထုတ်ခံစေခဲ့သည်၊ ထို့ကြောင့် ယုတ္တိအရပြောရရင် ရွှီရှင်းကျီကိုယ်တိုင်က မုန့်ချုံ့ကွမ်းကို အရိုးထဲထိတောင် မုန်းတီးနေသင့်သည်။
ရွှီရှင်းကျီကို အဆင်မပြေသော တိတ်ဆိတ်မှုမှ ကယ်တင်ခဲ့သည်မှာ2.61မီတာ အရှည်ရှိသော လှံတစ်လက်ဖြစ်သည်။
သူဘယ်လိုဖြေရမလဲဆိုတာ တုံ့ဆိုင်းနေချိန်မှာတော့ အေးစက်ပြီးစူးရှတဲ့ အလင်းတန်းတစ်ခုဟာ ရုတ်တရက်အလျားလိုက် ဖြတ်သွားပြီး လှံရဲ့အစွန်းက ရွှီရှင်းကျီ၏ရင်ဘတ်ကို တိုက်ရိုက်ညွှန်ပြနေသည်။
ရွှီရှင်းကျီသည် မသိစိတ်က သူ့လက်များကို မြှောက်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ မှုန်ဝါးဝါးပြောလိုက်သည်။ "...ချီး။"
နှုတ်ခမ်းမှထွက်သွားသည်နှင့် သူ့တုံ့ပြန်မှုကို နောင်တရမိသည်။
ရွှီဖျင်အနေဖြင့်၊ သူ့တွင်အမြဲလိုလို မကောင်းသောအပြောအဆို အလေ့အထများ ရှိနေသည်။ မူလ ရွှီရှင်းကျီသာ သူကဲ့သို့ စိတ်အနှောက်အယှက်ဖြစ်စရာ ကြက်တူရွေးမဟုတ်ပါက၊ သူ့ကိုယ်သူ ထုတ်ဖော်ပြီးသားဖြစ်သွားမည်။
သူ့စိတ်ထဲတွင် အတွေးအနည်းငယ် ပေါ်လာချိန်တွင် ရွှီရှင်းကျီသည် ရုတ်တရက် စူးရှစွာအော်ဟစ်သံကို ကြားလိုက်ရသည်။
- ရွှီရှင်းကျီ ၏မျက်လုံးရှေ့တွင် ထိုဝိညာဥ်လှံသည် တစ်ဝက်စီကျိုးသွားသည်။
လှံထိပ်ဖျားသည် ကောင်းကင်ကို ညွှန်ပြနေချိန်တွင် ရိုးတံသည် ကျိုးသွားသည့်နေရာ၌ အဖြူရောင် ခွဲခြမ်းများဖြင့် အက်ကွဲနေသည်။
မုန့်ချုံ့ကွမ်း၏ ဘယ်လက်သည် လှံရိုးကျိုးသွားသော အစိတ်အပိုင်းကို ဆုပ်ကိုင်ထားပြီး လှံနှင့်ထိုးလိုက်သော လူငယ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကာ သူ့လေသံမှာ အထူးခံစားချက်ကင်းမဲ့နေသည်။ "....ကျိုးပိုင်နန်၊ နောက်ဆုတ်လိုက်။"
ကျိုးပိုင်နန် ဟုခေါ်သော လူငယ်သည် တစ်လက်မမျှပင် မဆုတ်ဘဲ ကျိုးနေသောလှံကို ဇွတ်ဆုပ်ကိုင်လိုက်သည်။
သတိပေးချက်သည် အသုံးမဝင်သောကြောင့် မုန့်ချုံ့ကွမ်းသည် သနားခြင်းမရှိတော့ပေ။ သူသည် လှံဖျားကိုချောမွေ့စွာ တစ်ချက်လှုပ်လိုက်ပြီး လှည့်ကာကျိုးပိုင်နန်ဆီ ပစ်လွှတ်လိုက်သည်။
ကျိုးပိုင်နန်သည် ချက်ချင်း ရှောင်ထွက်သွားသော်လည်း သူ့လည်ပင်းတစ်ခြမ်းက နီရဲနေသေးပြီး အပိုပြောစရာမလိုဘဲ သွေးများစီးကျလာသည်။
....တစ္ဆေကျင့်ကြံရေးဖြင့် ခြယ်လှယ်ထားသော သရဲကျွန်များသည် သာမန်ဝိညာဉ်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရခြင်းလုံးဝမရှိပါ။ တစ္ဆေစစ်သည်များ ကိုင်ဆောင်ထားသော လက်နက်များကသာ တစ္ဆေကျွန်၏ ခန္ဓာကိုယ်အခွံကို ထိခိုက်ဒဏ်ရာရစေနိုင်သည်။
လှံခေါင်းသည် သူ့နောက်မှ ဧရာမကျောက်တုံးကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး တို့ဟူးနှင့်ပြုလုပ်ထားသကဲ့သို့ မထင်မှတ်ပဲ အပိုင်းပိုင်းကွဲအက်သွားခဲ့သည်။
မုန့်ချုံ့ကွမ်း၏ အသံက လေးလံနေသည်။ " ....အဲ့ဟာကြီးနဲ့ ရှစ်ရှုန်းရှေ့ လာမထိုးနဲ့။"
ကျိုးပိုင်နန်က လုံးဝမကြောက်ဘဲ သူ့လက်ကောက်ဝတ်ကို လှန်လိုက်ပြီး အပိုင်းပိုင်းကွဲနေသော တစ္ဆေလှံရိုးကို လှည့်ပတ်ကာ ရွှီရှင်းကျီ၏ မေးစေ့ကိုမြှောက်လိုက်သည်။ "ဒါတကယ် ရွှီရှင်းကျီလား? မင်းတကယ်ယုံတယ်ပေါ့?"
သူက လူတိုင်းကို လှည့်မေးပြန်သည်။ ".....အားလုံးယုံကြလား?"
ရွှီရှင်းကျီသည် မည်သူမျှမတုံ့ပြန်သည်ကို မြင်လိုက်ရပြီး အခြေအနေ အနည်းငယ် တင်းမာလာတာကြောင့် သူ့လက်ကို ပြောင်ပြောင်တင်းတင်း မြှောက်ကာ "ငါယုံတယ်" လို့ ပြန်ဖြေလိုက်သည်။
ကျိုးပိုင်နန်က အေးစက်စွာ ကဲ့ရဲ့သည်- "မင်း? မင်းက ကျို့ကျစ်သမ်း လက်အောက်က နိုးလာတဲ့ အလောင်းတွေထဲက တစ်ယောက် ဖြစ်မှာပေါ့။"
လက်တွေ့ကမ္ဘာတွင်၊ ရွှီရှင်းကျီသည် မရေမတွက်နိုင်သော အမျိုးမျိုးသောစာအုပ်များကိုဖတ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်ပြီး သဘာဝလွန်သတ္တဝါများအကြောင်းစုစည်းထားသော "နိုးလာခဲ့သောအလောင်းများ" အကြောင်း မှတ်တမ်းတစ်ခုတွေ့ခဲ့ဖူးသည်။
"နိုးလာတဲ့အလောင်း" တွေဟာ သာမန်လူတွေလို အသွင်အပြင်၊ အပြောအဆိုပုံစံ၊ အမူအရာနဲ့ တခြားသူတွေနဲ့ တူညီတဲ့သေသူရဲ့ အလောင်းတွေကနေ အသွင်ပြောင်းထားတဲ့ မကောင်းဆိုးဝါးတွေဖြစ်သည်။ သူတို့သည် သက်ရှိလူသားကဲ့သို့ တွေးခေါ်နေထိုင်၊ စားသောက်နိုင်ကြသည်။ သို့သော် သူတို့ အသက်ရှင်နေစဥ်အချိန်က ခံစားခဲ့ရသည့် စိတ်ခံစားမှုအားလုံးသည် ခြွင်းချက်မရှိ ပျောက်ကွယ်သွားသည်၊ အဖြူအမည်း ပြောင်းပြန်ဖြစ်သွားသည်၊ အလင်းနှင့်အမှောင်သည် ခွဲခြားရခက်သည်၊ အအေးနှင့် အပူသည်လည်း ပြောင်းပြန်ဖြစ်ပြီး၊ သူတို့သည် ပိုင်ရှင်၏အမိန့်နှင့် ထိန်းကျောင်းမှုနှင့်အညီ ပြုမူကြမည်ဖြစ်သည်။ .
ကျိုးပိုင်နန်သည် နောက်ထပ်စကားလုံးများကို မဖြုန်းတီးတော့ပါ။ သူသည် လှံရိုးကို ပြန်ဆုတ်လိုက်ပြီး သူ၏ဘယ်ဘက်လက်ဖဝါးတွင် တစ္ဆေမီးလုံးကို ပေါင်းစည်းကာ ရွှီရှင်းကျီ၏ မျက်နှာကိုတည့်တည့် ချိန်ရွယ်လိုက်သည်။
ရွှီရှင်းကျီ ၏မျက်လုံးများနှင့် သုံးလက်မအကွာတွင် မီးတောက်သည် ရုတ်တရက် ရပ်တန့်သွားသည်။
တစ္ဆေမီး၏ အေးခဲသောလေသည် အံ့မခန်းပင်။ ကိုက်တာမဟုတ်ပေမယ့် အဆစ်တွေထဲထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ပြီး ရွှီရှင်းကျီရဲ့မျက်နှာမှာ နှင်းခဲအလွှာကို တိုက်ရိုက်ဖြစ်ပေါ်စေတဲ့ အအေးအမျိုးအစားဖြစ်သည်။
သူတော်တော်လေး ပျက်စီးနေပြီဖြစ်တဲ့ မူလပိုင်ရှင်ရဲ့ ပုံရိပ်သေးသေးလေးကို ထိန်းသိမ်းထားရန်အတွက် ရွှီရှင်းကျီသည် သူ့မျက်လုံးတွေကို မမှိတ်ထားရန် အားစိုက်လာပြီး နှင်းခဲတွေဖုံးနေတဲ့ မျက်တောင်မွှေးများဖြင့် မျက်တောင်မခတ်တမ်း ကြည့်လိုက်သည်။
တစ္ဆေမီးတောက်လောင်နေချိန်တွင် ကျိုးပိုင်နန်၏ မျက်နှာပေါ်တွင် ယခင်ကတင်းမာသောအမူအရာများ ယိမ်းယိုင်သွားသည်။
Advertisement
သာမာန်အားဖြင့်၊ အမှန်တကယ် နိုးထလာသော အလောင်းများသည် ဤအေးသော မီးတောက်များကို ပူလောင်သော မီးတောက်များအဖြစ် မှားပြီး အလိုလို ကြောက်လန့်တကြား ဖြစ်သွားတတ်ကြသည်။
သူက ရွှီရှင်းကျီကို မယုံနိုင်လောက်အောင် စိုက်ကြည့်နေသည် - "ဒါဘယ်လိုဖြစ်တာလဲ? .....မင်းက နိုးထလာတဲ့အလောင်းမဟုတ်ဘူးလား"
ရွှီရှင်းကျီ ဆွံ့အသွားသည်။
သူ့ကျောနောက်မှာ လက်နှစ်ဖက်ကိုဆုပ်လိုက်ပြီး အပြစ်ရှိတယ်ဆိုတဲ့အသိစိတ်နဲ့ ကျိုးပိုင်နန်အား နားမလည်တဲ့အကြည့် ပေးလိုက်သည်။
သူ့လက်ဝှေ့ရမ်းခြင်းဖြင့် ကျိုးပိုင်နန်၏တစ္ဆေမီးသည် လုံးလုံးမှေးမှိန်သွားပြီး ထောင်သောင်းချီသော အပြာရောင်ပိုးစုန်းကြူးများအဖြစ်သို့ ပျံ့နှံ့သွားသည်။
သို့သော်လည်း မုန့်ချုံ့ကွမ်းကို အကြံပြုရင်း သံသယရှိနေသည့် အကြည့်ကို ဆောင်ထားဆဲဖြစ်သည်။ ".....သူ့ဝိညာဥ်ပစ္စည်းကို ထုတ်လိုက်။ ငါသူနဲ့တိုက်ပြီးရင် အစစ်ဟုတ်မဟုတ်ဆိုတာ သေချာသိလိမ့်မယ်။"
ရွှီရှင်းကျီက မတတ်နိုင်ဘဲ သတိပေးလိုက်သည်။ "ငါ့ခန္ဓာကိုယ်က အခုမသေမျိုးဖြစ်နေပြီ။"
ကျိုးပိုင်နန်က သဘာဝအတိုင်း မယုံခဲ့ပေ။ "မင်းရဲ့ ကောင်းကင်ဘုံအရင်းမြစ် ဖယ်ထုတ်ခံလိုက်ရတယ်လို့ ပြောတာလား?"
ရွှီရှင်းကျီက မငြင်းသလို လက်လည်းမခံပေ။
ကျိုးပိုင်နန်က အေးစက်စွာ ကဲ့ရဲ့လိုက်သည်။ "မဖြစ်နိုင်တာ၊ ငါသိသလောက်ကတော့ အရင်းမြစ်ဖယ်ထုတ်ခံရတဲ့ ဘယ်ကျင့်ကြံသူကမှ အသက်မရှင်ဘူး။"
ရွှီရှင်းကျီက "အဲ့ဒါမင်းသိသလောက်ပဲလေ။"
ကျိုးပိုင်နန်က ရှည်ရှည်ဝေးဝေး ဆက်မပြောတော့ဘဲ သူ့လက်ကို ဆွဲကိုင်ဖို့ လုပ်လိုက်သည်။
ကျိုးပိုင်နန်က သူ့ကိုမထိခင်မှာ မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီရဲ့ ညာလက်ကောက်ဝတ်ကို အရင်ဖမ်းပြီး ကာထားလိုက်သည်။
ရွှီရှင်းကျီကို တွန်းလှန်ရန် အသုံးပြုခဲ့သော အင်အားသည် အလွန်ကြီးမားသဖြင့် သူလဲကျလုနီးပါး ဖြစ်သွားသည်။
သူ(MCG)ကရွှီရှင်းကျီကို သူ့အနောက်မှာ ကာထားလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ရေခဲလေထုနဲ့ အသံကထွက်ပေါ်လာသည်။ "တကယ်လို့ သူသာရှစ်ရှုန်း မျက်နှာနဲ့လှည့်စားဖို့ သတ္တိရှိရှိနိုးထလာတဲ့ အလောင်းကောင်သာဆို မြင်တာနဲ့လည်ပင်း ညှစ်သတ်ပစ်ခဲ့တာကြာပြီ။"
ရွှီရှင်းကျီ: "....."
သူ့လည်ပင်းကို အေးစက်စက်နဲ့ ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။ 'လောကကြီးကဘယ်သူကများ ဒီကလေးကိုသင်ကြားပေးလိုက်တာလဲ? ရိုင်းလိုက်တာ။'
သူ့ကိုကြင်နာစွာ အိမ်ပြန်ခေါ်သွားပေးပေမယ့် တကယ်တော့ လည်ပင်းညှစ်သတ်ဖို့ စဉ်းစားခဲ့တယ်တဲ့လား?
သူ့ခရီးစဉ်၏ရည်ရွယ်ချက်ကို တွေးလိုက်ပြီး ရွှီရှင်းကျီသည် နှုတ်ဆိတ်၍သာ နေနိုင်ခဲ့သည်။
.....ဘာပဲဖြစ်ဖြစ် သူ့ထက်သာတဲ့သူမဟုတ်တဲ့အတွက် ကျီးကန်းတစ်ကောင်က ဝက်ကိုအမည်းရောင်ဖြစ်နေလို့ ဘာ့ကြောင့် လှောင်ပြောင်ရမှာလဲ?
မုန့်ချုံ့ကွမ်းက အနည်းငယ် ခေတ္တရပ်ပြီးနောက် ဆက်ပြောသည်- "ရှစ်ရှုန်းတကယ် သူ့ဝိညာဉ်စွမ်းအားအားလုံး ဆုံးရှုံးသွားပြီ။ ငါလမ်းမှာ စစ်ဆေးခဲ့တယ်။ သူ့ခန္ဓာကိုယ်မှာရှိတဲ့ ဝိညာဉ်သွေးပြန်ကြောတွေက အချိန်အတော်ကြာကြီးထဲက ရပ်တန့်နေပြီး ဝိညာဉ်စွမ်းအားတွေလည်း မလည်ပတ်တော့ဘူး။"
ထိုသို့ပြောပြီးနောက် လှည့်ကြည့်လိုက်ရာ သူ့အသံသည် ချက်ချင်းပင် ပျော့ပျောင်းလာသည်။ "....ရှစ်ရှုန်း၊ ဟုတ်တယ်မလား?"
အကယ်၍သူသာ အစားထိုးခံလိုက်ရသော သာ့ရှစ်ရှုန်းကဲ့သို့ ပြုမူရန် မလိုအပ်ပါက၊ သူ(MCG)သာ သူ့မျက်စိရှေ့မှာ လူတွေကို ပုရွက်ဆိတ်သတ်သလိုမျိုး သတ်သည့် သဘာဝကပ်ဆိုးကြီးဖြစ်သည်ကို မသိပါက၊ သူသာ သူ့(MCG)ကိုသတ်ဖို့ ဒီကိုလာရတာသာ မဟုတ်ပါက၊ ရွှီရှင်းကျီက ဒီကလေးဟာ တကယ်ကိုချစ်ဖို့ကောင်းတယ်လို့ ထင်မိလိမ့်မည်။
ရွှီရှင်းကျီက သူ့ခေါင်းကို ပွတ်သပ်ချင်စိတ်ကိုထိန်းကာ မျက်နှာလွှဲလိုက်သည်။
မုန့်ချုံ့ကွမ်းသည်လည်း သူ၏ထိန်းချုပ်မှုကို တွေ့ရှိခဲ့သည်။ သူ့မျက်လုံးများ မှေးမှိန်သွားကာ ဆုချမခံရသော ခွေးလေးတစ်ကောင်လို ဖြစ်သွားသည်။
ကျိုးပိုင်နန်က နည်းနည်းပိုယုံကြည်လာပေမယ့် သူ့သံသယတွေက ဆက်ရှိနေသေးသည်- "သူအတုအယောင်မဟုတ်တာ သေချာလို့လား?"
အရိုးစုမိန်းကလေးက သည်းမခံနိုင်တော့ပေ- "ကျိုးသာ့ကော..."
ကျိုးပိုင်နန်က ခဏလောက် စဉ်းစားပြီး မိုက်မဲသောစစ်ဆေးခြင်းနည်းလမ်းကို တွေးမိသကဲ့သို့ မျက်ခုံးပင့်လိုက်သည်။
ရွှီရှင်းကျီသည် သူ့အမူအရာ အပြောင်းအလဲကို သတိပြုမိပြီး နောက်လာမည့် အတားအဆီးကို ရင်ဆိုင်ရန်အတွက် အာရုံအားလုံးကို စုစည်းလိုက်သည်။
ကျိုးပိုင်နန်က မေးသည်။ ".... ငယ်ငယ်ထဲက မင်းငါ့ကိုနာမည်ပြောင် အများကြီးပေးခဲ့တယ်။ သုံးခုကို ပြောနိုင်သရွေ့ မင်းကရွှီရှင်းကျီဆိုတာကို ငါယုံပေးမယ်။"
ရွှီရှင်းကျီ: "......"
'.......ပေးထားတဲ့ အမည်ပြောင်တွေကလည်း လိ့လောက်များလိုက်တာ။'
ရွှီရှင်းကျီက မူလပိုင်ရှင်သည် လျောက်ပတ်သော ရှစ်ရှုန်းမျိုးမဟုတ်ဟု ခံစားမိသည်။
သို့သော် ရွှီရှင်းကျီ၏ မှတ်ဉာဏ်အပိုင်းအစများကို စစ်မှန်ကြောင်း သက်သေပြခြင်းဖြင့် မူရင်းပိုင်ရှင်သည် ဤမျှငြီးငွေ့စရာကောင်းသော အရာတစ်ခုကို အမှန်တကယ် ပြုလုပ်ခဲ့သည်။
ဖြောင့်မှန်သောလမ်း၌ ကောင်းချီးပေးခံရသော ကောင်းကင်ဘုံတောင်ကြီးလေးခုရှိသည်။ ရွှီရှင်းကျီနှင့် မုန့်ချုံ့ကွမ်းတို့သည် ဖုန်းလင်(လေတောင်ကုန်း) တောင်၏ တပည့်များဖြစ်ကြပြီး ကျိုးပိုင်နန်သည် ယင်ထျန်းချွမ်း (မြစ်ကောင်းကင်)ကျွန်း အရှင်သခင်၏သားဖြစ်ပြီး အခြားကောင်းချီးပေးခံရသော ကောင်းကင်ဘုံတောင်ကြီးနှစ်ခုမှာ တန်းယန်(နေနီ) တောင်နှင့် ချင်းလျန်(အေးမြ) ချိုင့်ဝှမ်းတို့ဖြစ်သည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များ အလွန်အမင်း ကွဲအက်နေသည်။ ရွှီရှင်းကျီသည် မူလပိုင်ရှင်နှင့် ကျိုးပိုင်နန် တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်တွေ့တိုင်း သတ်ကြလေ့ရှိသည့် အပိုင်းအချို့မှသာ ပြောပြနိုင်သည်။ သူတို့၏ဆက်ဆံရေးသည် အလွန်ဆိုးရွားရသည်မှာ ရွှီရှင်းကျီသည် ကျိုးပိုင်နန်အား နှလုံးသားအတွင်း အထူးအဆင့်အတန်းကို ရှင်းရှင်းလင်းလင်းဖော်ပြရန် နာမည်ဝှက်များစွာကို ပေးအပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ရွှီရှင်းကျီသည် နှလုံးခုန်သံခေတ္တရပ်ပြီး မှတ်ဉာဏ်အပိုင်းအစများထဲမှ နာမည်ပြောင်ကို ချောမွေ့စွာ ထုတ်ပြောခဲ့သည်- "ပိုင်ပိုင်"
ကျိိုးပိုင်နန်: "..... "
ရွှီရှင်းကျီ: "ရွှေဖရုံသီး"
ကျိုးပိုင်နန်: "....."
ရွှီရှင်းကျီ: "အာ ဖက်တီးကျိုးလည်း ရှိသေးတယ်။"
Advertisement
ကျိုးပိုင်နန် သည်းမခံနိုင်တော့ပေ။ "......ပါးစပ်ပိတ်ထား!"
ဓားနှစ်လက်ဖြင့် ကောင်မလေးက ရယ်မောလိုက်သည်။
ကျိုးပိုင်နန်သည် အေးဆေးမနေနိုင်တော့ဘဲ လှည့်ပတ်ယမ်းလိုက်သည်။ "မင်းဘာရယ်တာလဲ။ ဘာရယ်စရာရှိလို့လဲ"
ကောင်မလေးက နည်းနည်းမှ မကြောက်ပေ- "ဦးလေး၊ ပထမနှစ်ခုကတော့ နားလည်ပါတယ်၊ ဒါပေမယ့် 'ဖက်တီးကျိုး'တဲ့...."
ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်း၏နောက်ကွယ်မှ ခေါင်းညိတ်ပြလိုက်ပြီး- "ဘာလို့ဆို သူအသက်11နှစ်တုန်းက 75kgကျော်လို့။"
ကျိုးပိုင်နန်၏ နားတစ်ခုလုံးနီရဲလာကာ လက်ထဲတွင်ကျန်နေသော လှံတစ်ဝက်ကို မြေပြင်နှင့် ရိုက်ချလိုက်သည်- "ရွှီရှင်းကျီ၊ မင်းငါ့နဲ့ ရန်ဖြစ်ချင်နေတာလား!"
ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်း၏ နောက်တွင်အလွန်အရှက်မရှိစွာ ပုန်းနေပြီး သေချင်ယောင်ဆောင်နေခဲ့သည်။
သူတို့စကားစမြည်ပြောနေစဉ် အဝေးမှ မှောင်မိုက်သောပုံသဏ္ဍာန်တစ်ခု ပြေးဝင်လာသည်။
....ထိုအရာသည် ခုနကချောက်ကမ်းပါးမှာ ရှိနေတဲ့သရဲမျက်နှာဖုံး တပ်ထားတဲ့လူငယ်လေးဖြစ်သည်။
ရွှီရှင်းကျီ မတုံ့ပြန်နိုင်မီတွင် လူငယ်လေးသည် သူ့ကိုယ်သူ ရင်ခွင်ထဲသို့ တိုက်ရိုက်ပစ်ချလိုက်ပြီး ငိုရှိုက်သံတိုးတိုးလေးဖြင့်- "ရွှီရှစ်ရှုန်း!"
လူငယ်သည် အမှန်တကယ်ပင် အရပ်ပုပြီး ရွှီရှင်းကျီ၏ မေးစေ့ဆီသို့သာ ရောက်သည်။ ကြောက်စရာကောင်းသော သံမျက်နှာဖုံးဖြင့် ဖုံးအုပ်ထားခြင်းမရှိသော သူ၏မျက်နှာအောက်ပိုင်းတစ်ဝက်သည် သိမ်မွေ့နူးညံံ့ပြီး တစ်ချက်ကြည့်ရုံနဲ့ ကလေးဆန်သောအမြင်ကို ပေးစွမ်းနိုင်သည်။
ရွှီရှင်းကျီသည် သူ့ပွေ့ဖက်မှုကြောင့် မှင်တက်သွားပြီး နာမည်မခေါ်နိုင်သော်လည်း ရင်းနှီးဟန်ဆောင်နေဆဲဖြစ်သည်။ သူ့ဆံပင်တွေကို ပုတ်ဖို့လက်ကို မြှောက်လိုက်သည်။ "....အင်း၊ ငါပါ။"
လူငယ်သည် မော့ကြည့်လိုက်သည်၊ မျက်နှာဖုံးနောက်ကွယ်မှ မျက်ဝန်းများသည် အပြာဖျော့ဖျော့နှင့် ဝိုင်းစက်နေပြီး မြေခွေးကလေးနှင့် အလွန်ဆင်တူသည်- "ရွှီရှစ်ရှုန်း၊ ကျွန်တော်ရှစ်ရှုန်းကို မတွေ့ရတာ ၁၃နှစ်တောင်ရှိပြီ၊ ရှစ်ရှုန်း ဘယ်ရောက်နေတာလဲ?"
ရွှီရှင်းကျီခါးသက်စွာ ပြုံးလိုက်သည်။
'....ခဏပဲစောင့်၊ မင်းအတွက် ပြန်ပြင်ပေးပါ့မယ်။'
သို့သော်လည်း သူဘာမှမဖန်တီးနိုင်ခင် ကျိုးပိုင်နန်က သူ့ရင်ခွင်ထဲက လူငယ်ကိုဆွဲထုတ်ပစ်လိုက်သည်။
ရွှီရှင်းကျီသည် သူစိတ်ထင်တာလားမသိပေမယ့် ကျိုးပိုင်နန်၏အမူအရာမှာ ယခင်ကထက်ပင် ရုပ်ဆိုးသွားပုံရသည်။ သူ(ZBN)က မုန့်ချူံ့ကွမ်းကြောင့်ကျိုးသွားသည့် လှံကိုညွှန်ပြပြီး လူငယ်လေးအား မခြားနားစွာ တောင်းဆိုခဲ့သည်- "....ပြင်ပေး။"
မျက်နှာဖုံးစွပ်လူငယ်က ရုန်းကန်ပြီး အော်ပြောသည်။ "ရှစ်ရှုန်း ဒီမှာရှိသေးတယ်၊ ငါရှစ်ရှုန်းကို အရင်မေးပါရစေအုံး...."
ကျိုးပိုင်နန်သည် သူ့မျက်လုံးထောင့်မှ မုန့်ချုံ့ကွမ်းကို ငေးကြည့်ရင်း သရဲမျက်နှာဖုံးနှင့်လူငယ်ကို အဝေးသို့အတင်းဆွဲထုတ်သွားသည်။ "သူနဲ့ စကားပြောဖို့ မင်းအလှည့်မရောက်သေးဘူး။"
မျက်နှာဖုံးစွပ်ထားသည့် လူငယ်သည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး ပါးစပ်ကိုနာခံစွာ ပိတ်ထားလိုက်ရသည်။
မုန့်ချုံ့ကွမ်းသည် အခြားသူများကို အသိအမှတ်ပြုရန်ပင် စိတ်မ၀င်စားဘဲ ရွှီရှင်းကျီ၏ ညာလက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာမျှော်စင်ဆီသို့ တည့်တည့်သွားခဲ့သည်။
ရွှီရှင်းကျီက လွှတ်ဖို့ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာပဲ တွန်းလှန်ဖို့ လုံလောက်တဲ့ ခွန်အားမရှိခဲ့ဘဲ ခွေးတစ်ကောင်လိုသာ ဆွဲခေါ်ခံသွားရသည်။
ရွှီရှင်းကျီသည် ကြောက်လန့်တကြားဖြင့် ပြန်ကြည့်ကာ မုန့်ချုံ့ကွမ်း၏ မီးလောင်ဒဏ်ရာများကို ကုသပေးခဲ့သည့် အရိုးစုမိန်းကလေးက သူ့ကိုမယိမ်းယိုင် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် ရွှီရှင်းကျီက သူမအကြည့်ကို ပြန်ကြည့်သောအခါတွင် သူမသည်ချက်ချင်းပင် ပျာယာခတ်ကာ ခေါင်းငုံ့ပြီးလှည့်ထွက်သွားသည်။
ဆံပင်ကိုစည်းထားသော ခါးထိရှည်သော စိမ်းဖျော့ဖျော့ ကျောက်စိမ်းရောင် ဖဲကြိုးသည် နောက်ပြန်လှည့်သွားသော ခြေရာများနှင့်အတူ လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
သူတို့နှစ်ဦး မျှော်စင်မြင့်ကြီးထဲသို့ ဝင်သွားမှသာဓားသွားနှစ်လက်ပါသော မိန်းကလေးသည် ထူးဆန်းသော မျက်နှာဖုံးစွပ် လူငယ်ထံသို့ ချဉ်းကပ်ကာ "လုသာ့ကော၊ ဒါရှင်တို့ မကြာခဏ ပြောလေ့ရှိတဲ့ ရွှီရှစ်ရှုန်းလား"
သရဲမျက်နှာဖုံးတပ်ထားသည့် လူငယ်သည် ကျိုးနေသော တစ္ဆေလှံကို ကြည့်ပြီး ဝမ်းသာအားရဖြင့် "ဟုတ်တယ်အာ။"
ဓားနှစ်လက် ကောင်မလေးသည် ညှပ်ထားသော ဆံပင်တိုတိုကို ဆွဲငင်ငင်ငင် လုပ်နေသည်- "သူက အရမ်းပေါ့ပြက်ပြက် နိုင်တယ်လို့ ဘာလို့ခံစားရပါလိမ့်?"
မျက်နှာဖုံးစွပ်လူငယ်က "ရွှီရှစ်ရှုန်းက နည်းနည်းတော့ စိတ်လိုက်မာန်ပါလုပ်တတ်ပေမယ့် သူကကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲ"
ဒါကိုကြားတော့ ကျိုးပိုင်နန်က မျက်လုံးလှိမ့်လိုက်သည်။ "ဟမ့်"
မျက်နှာဖုံးစွပ်လူငယ်က ညည်းညူရင်း အပြစ်တင်ပြောဆိုတော့သည်။ "မင်းဘာရယ်နေတာလဲ။ ရယ်မနေနဲ့၊ တစ္ဆေလက်နက် ပြန်ပြင်ရတာ ဝိညာဉ်စွမ်းအင် ဘယ်လောက်လိုလည်း သိရဲ့လား? ရိုရိုသေသေလေး ကိုင်ပါအုံးဟ။"
ကျိုးပိုင်နန်: "....အေးပါ၊ အေးပါကွာ။"
ထို့နောက် ကျိုးပိုင်နန်သည် ဓားနှစ်လက်မိန်းကလေးထံသို့ လှည့်ကာ "အ-ဝမ့်၊ ချွီချီနဲ့ ထောင်ရှန်းဘယ်မှာလဲ?"
ကျိုးဝမ့်က "တောင်ရဲ့တောင်ဘက်ခြမ်းမှာ နတ်ဝိညာဥ်ကျောက်တုံးတချို့တွေ့တယ် လို့သတင်းထွက်နေတော့ ခေါင်းကိုင်အဖေနဲ့ အမေကသွားရှာတယ်။ ညသန်းခေါင်လောက်မှ ပြန်ရောက်ဖြစ်မယ်ထင်တယ်။"
ကျိုးပိုင်နန်က ခဏလောက် သေချာစဉ်းစားပြီး ကျိုးဝမ့်ကိုဆွဲခေါ်လိုက်သည်။ "အန်ကယ့်ကို တစ်ခုလောက် ကူညီပေးပါလား?"
ကျိုးဝမ့်သည် အနီးကပ်လာကာ ကျိုးပိုင်နန်ကသူမအား အသေးစိတ်ရှင်းပြသည်။
မျက်နှာဖုံးစွပ်လူငယ်က ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး "ကျိုးပိုင်နန်၊ မင်းရွှီရှစ်ရှုန်းကို သံသယရှိနေတုန်းပဲလား?"
ကျိုးပိုင်နန်: " . . ငါအ-ဝမ့်နဲ့ စကားပြောနေတာ မင်းကဘာလို့ ခိုးနားထောင်နေတာလဲ"
မျက်နှာဖုံးစွပ်လူငယ်က ဒေါသတကြီးဖြင့် ပြန်ပြောသည်- "မင်းက ငါ့တစ္ဆေကျွန်၊ မင်းမျက်လုံးက ငါ့မျက်လုံး၊ မင်းနားက ငါ့နားပဲ။ ငါနားထောင်ချင်တယ်လို့များ မင်းထင်နေလား?"
ကျိုးပိုင်နန်က ရိုးရိုးသားသားရှင်းပြဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ- "ငါတို့သူ့ကို နောက်ဆုံးတွေ့ခဲ့တာ 13နှစ်ရှိပြီလေ၊ ပြီးတော့ သူ၊ ရွှီရှင်းကျီက ရုတ်တရက်ကြီး ဘယ်ကမှန်းမသိပေါ်လာတာ။ သူ့မှာလျှို့ဝှက်အစီအစဉ်မရှိဘူးဆိုတာ ငါမယုံဘူး။ မမေ့နဲ့၊ ကျို့ကျစ်သမ်းက ငါတို့အားလုံးကို သတ်ချင်နေတာ!"
သူစကားပြောနေစဉ် ဧရာမမျှော်စင်ကြီး၏ ကြေးသံတံခါးဆီသို့ မျှော်ကြည့်ကာ အေးစက်စွာပြောသည်- ".....အထူးသဖြင့် မုန့်ချုံ့ကွမ်း။ သူမသေဘဲ ဒီမြေရိုင်းမှာ ၁၃နှစ်ကြာနေလာခဲ့တာ၊ သူ့နှလုံးသားကနတ်ဆိုး ဖြစ်သွားလောက်ပြီ!"
မျှော်စင်မြင့်ကြီးအတွင်း၌။
အပြင်ဘက်တွင် မည်းမှောင်ပြီး လူဆိတ်ညံနေသောမြေနှင့် လုံးဝမတူဘဲ မျှော်စင်အတွင်းပိုင်းကို အံဝင်ခွင်ကျဖြစ်အောင် ပြုပြင်မွမ်းမံထားသည်။ မျှော်စင်ကိုဖြတ်၍ မြွေတစ်ကောင်လို့စီးဆင်းနေသော တိုက်ရိုက်ရေစီးကြောင်းတစ်ခုပင် ရှိသေးသည်။ ကျောက်တုံးများ၊ နံရံပန်းချီများ၊ ရေပေါ်ရှိ လ၏ရောင်ပြန်ဟပ်မှုနှင့် တိမ်ထူထပ်သော နှင်းမှုန်များလည်း ရှိနေသည်။
ရွှီရှင်းကျီက သူ့ကိုယ်သူ မက်မွန်ပွင့်နွေဦးထဲသို့ ရုတ်တရက်ရောက်သွားသော အလွန်မိုက်မဲပြီး၊ ကြမ်းတမ်းသော တံငါသည်လို ခံစားမိသွားသည်။
မုန့်ချုံ့ကွမ်းက သူ့လက်ကိုညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ဝင်ပေါက်ကို မျက်နှာမူထားတဲ့ ဝါးတံခါးက ပွင့်လာသည်။
သူသည် စားပွဲများ၊ ကုလားထိုင်များ၊ ကုတင်တစ်လုံးနှင့် ဆိုဖာများ အားလုံးရှိနေသည့်အထဲသို့ ရွှီရှင်းကျီကို ခေါ်သွားခဲ့သည်။ ခမ်းနားထည်ဝါသော ကျောက်မျက်များနှင့် ပိုးထည်များစီခြယ်ထားသော အလှဆင်မှုများပင် ရှိခဲ့သည်။
မုန့်ချုံ့ကွမ်း ငြင်သာစွာ တိုးတိုးပြောသည်။ "ရှစ်ရှုန်း၊ ဒါရှစ်ရှုန်းအခန်းပဲ။ ရှစ်ရှုန်းအတွက် ကျွန်တော်ပြင်ပေးထားတာကြာပြီ။ အရင်ကလို ပစ္စည်းတိုင်းကို စီစဉ်ထားပေမယ့် မြေရိုင်းထဲမှာရှာမတွေ့နိုင်တဲ့ အချို့လည်းရှိသေးလို့ စိတ်မဆိုးပါနဲ့၊ နောက်ကျရင် ရှစ်ရှုန်းအတွက် အဲ့ဒါတွေကိုတစ်နည်းနည်းနဲ့ ပြန်ယူပါ့မယ်။"
ရွှီရှင်းကျီက မခြားနားဟန်ဆောင်သည်- "အမ်း"
မုန့်ချုံ့ကွမ်းက ရွှီရှင်းကျီကို ကုတင်ပေါ်မှာ ထိုင်ခိုင်းပြီး သူ့မျက်လုံးတွေက ထူးဆန်းတဲ့ အရိပ်အယောင်တွေ တောက်တောက်နဲ့ "ရှစ်ရှုန်း ခုနကလုယွီကျို့ ခေါင်းကိုပုတ်ပေးလိုက်တယ်၊ အခုကျွန်တော့် ခေါင်းကိုလည်း ပွတ်ပေးပါလား?"
'အရမ်းကောင်းတယ်၊ မျက်နှာဖုံးစွပ်လူငယ်က လုယွီကျို့လို့ခေါ်တယ်။ နောက်တစ်ကြိမ်တွေ့တဲ့အခါ သူ့နာမည်ကိုမပြောနိုင်တော့မှာ ပူနေစရာမလိုတော့ဘူး။'
ရွှီရှင်းကျီက ဒါကိုတွေးတောရင်းနဲ့ မုန့်ချူံ့ကွမ်း၏အကြည့်ကို ရှောင်လိုက်ကာ သူ့မေးခွန်းကိုမဖြေဘဲ ပတ်ဝန်းကျင်ကိုသာ စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။
ဤအတိုချုံးစစ်ဆေးခြင်းတွင် ရွှီရှင်းကျီသည် ကုတင်ခေါင်းရင်းတွင် မတ်မတ်ထားထားသော လှပသောယက်တောင်ကို သတိပြုမိသွားသည်။ အတော်လေး လျှို့ဝှက်ဆန်းကြယ်ပုံပေါက်သည်။
ရွှီရှင်းကျီက သူ့ဘယ်ဘက်လက်ဖြင့် ကောက်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ယက်တောင်၏မျက်နှာပြင်ပေါ်တွင် စာလုံးရှစ်လုံးပါရှိသည်- "ဒီနေ့ ကောင်းကင်အောက်မှာ၊ ငါမဟုတ်ရင် ဘယ်သူလဲ"
"ကောင်းကင်ဘုံအဆင့်တစ်၊ ဖုန်းလန် ရွှီရှင်းကျီ"ဟု လက်မှတ်ရေးထိုးထားသည်။
ယခုပင် လျစ်လျူရှုခံထားရသော မုန့်ချုံ့ကွမ်းက ချစ်စဖွယ် လှုပ်ရွနေသည်- "ရှစ်ရှုန်း၊ ကျွန်တော် ရှစ်ရှုန်းရဲ့ဝိညာဉ်ပစ္စည်းတွေအကုန် အမြဲသိမ်းထားတယ်၊ ရှစ်ရှုန်းပျော်ရဲ့လား?"
ရွှီရှင်းကျီ: "......"
မူလပိုင်ရှင်၏ အမြင်သည် ရိုးရိုးရှင်းရှင်း လျှို့ဝှက်ဆန်းကြယ်သည်ဟု သူခံစားမိသည်။
ရွှီရှင်းကျီက ယက်တောင်ကို နဂိုအနေအထားအတိုင်း ပြန်ထားချင်ပေမယ့် သူ့လက်ကအိပ်ယာခင်းနဲ့ ထိတွေ့လိုက်တာနဲ့ ကုတင်ခြေရင်းကနေ စပျစ်ပင်တစ်ပင်ဟာ လျှပ်တစ်ပြက်ပေါက်ထွက်လာပြီး ရွှီရှင်းကျီရဲ့ ဘယ်ဘက်လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားလိုက်သည်။
ရွှီရှင်းကျီ အံ့သြသွားပြီး "ဒါဘာလဲ?"
မုန့်ချုံ့ကွမ်းက ဝမ်းသာအားရ တုံ့ပြန်ခဲ့သည် - "ရှစ်ရှုန်း၊ နောက်ဆုံးတော့ ကျွန်တော့်ကို စကားပြောဖို့ ဆန္ဒရှိပြီပေါ့။"
ရွှီရှင်းကျီ: "....ကောင်းပြီ၊ ငါမင်းကို စကားပြောမယ်၊ မင်းဒီဟာကို လွှတ်ပေး။"
သို့တိုင် လက်တလုံးလောက် ထူထဲသော စပျစ်ပင်သည် နည်းနည်းတောင် မလှုပ်ပေ။
မုန့်ချုံ့ကွမ်းက "ရှစ်ရှုန်း၊ ကျွန်တော့်ကို ပြန်သယ်လာတုန်းက မြေရိုင်းကိုလာရတဲ့ အကြောင်းရင်းက ကျွန်တော့်ကိုရှာဖို့လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ကျွန်တော်ဒီမှာရှိတယ်လေ၊ ရှစ်ရှုန်း၊ တခြားဘယ်မှမသွားပါနဲ့၊ ဟုတ်ပြီလား?"
ရွှီရှင်းကျီ: "....."
ရွှီရှင်းကျီသည် နှုတ်ပိတ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် မုန့်ချုံ့ကွမ်းက မတ်တပ်ထရပ်လိုက်ပြီး "ရှစ်ရှုန်းတကယ် ကျွန်တော့်ကို စကားမပြောချင်ဘူးဆိုရင်လည်း နည်းနည်းလောက် ထပ်စောင့်လိုက်ပါ့မယ်။"
သူတကယ်ထွက်သွားတော့မယ်ဆိုတာကိုမြင်လိုက်ရတော့ ရွှီရှင်းကျီက စိုးရိမ်တကြီးနဲ့ "ငါ့ကိုလွှတ်!"
ရွှီရှင်းကျီ၏ အလျင်စလိုအော်သံကြောင့် မလန့်သွားခင် မုန့်ချုံ့ကွမ်းသည် တံခါးနားတွင်ရှိနေပြီဖြစ်သည်။ သူခေါင်းကို လှည့်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက မထင်မှတ်ပဲ မျက်ရည်တွေ ပြည့်လျှံနေခဲ့သည်- "ရှစ်ရှုန်း၊ အချိန်ခဏလောက်အထိပဲ သည်းခံပေးပါ။ အခုကျွန်တော်လုပ်သမျှက ရှစ်ရှုန်းအတွက်ပဲလေ။ ဒီဖရိုဖရဲအချိန်က တကယ်ကိုအန္တရာယ်များလွန်းတယ်၊ ရှစ်ရှုန်း ဘေးကင်းကင်းနှင့် ချုံ့ကွမ်းဘေးနားမှာဘဲ ရှိနေဖို့လိုတာ။ ရှစ်ရှုန်း၊ ကျွန်တော်တောင်းပန်ပါတယ်။ ချုံ့ကွမ်းစကား နားထောင်ပြီးနေပေးပါနော်"
ရွှီရှင်းကျီ: "......"
အကယ်၍ သူသာအချုပ်ခံထား၍ မလှုပ်ရှားနိုင်ခြင်းကြောင့်သာ မဟုတ်ပါက၊ မုန့်ချုံ့ကွမ်း၏ အလွန်ဆိုးရွားသော အမူအရာကိုကြည့်ရုံဖြင့် လူ10ယောက်တွင် 10ယောက်လုံးက စပျစ်နွယ်ပင်ဖြင့် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခံထားရသည်မှာ မုန့်ချုံ့ကွမ်းဟု ထင်ကြလိမ့်မည်။
Advertisement
- In Serial6 Chapters
Digital Sorcery (A LITRPG Adventure Series)
New Chapters Release Weekly on Saturday at 2:00 P.M. Eastern. Book #1 is published on Amazon! Get it Here Book #2 is published on Amazon! Get it Here Book #3 is published on Amazon! Get it Here For news and subscribing to the newsletter, please check out my site: http://davidmzahn.com/ Dive in to the Comedy LitRPG series for terrible people! Old and dying, Ryland is ready to start a new life in game so naturally he studies night and day for his new life. He’ll exploit every weakness, get all the legendary loot, and rise to be the most powerful being in all of Alderoth. Just kidding! He’s not even going to read the instruction manual before jumping in and bumbling around. He’ll be joined by a racist NPC, a black man from Mississippi, and the world’s biggest online troll. With such an exceptional group of people and a level of competence to match what could possibly go wrong? Yep he’s probably getting fish herpes… Note: The author takes no responsibility if you get in trouble for laughing yourself stupid. I'm always happy to receive feedback. Thank You all for reading my work and supporting this story!
8 74 - In Serial22 Chapters
TO WHOM IT MAY CONCERN, I HAD A TERRIBLE TIME ON YOUR PLANET
Powerful beings outside the scope of one's comprehension can be real assholes. Hot example, in an effort to slow the total destruction of everything that exists, Karen's universe was was tied together with countless others. Forced to flee the chaos that followed, join her as she spreads her message of insecurity, petty revenge, greed, and conceit to any who will listen, and many who won't.
8 118 - In Serial14 Chapters
Awaken A Rose Caldwell Story
Why can’t Rose sleep?You couldn’t either if you had the recurring dreams that the young Sister Rose endures.Her quest to quell these nightmares compelled her to become a nun, but her order offers no solution.After contact with an ancient relic, Rose’s dreams visit her when she is awake. As she searches for answers she finds that her dreams are tied to a dark secret in her home town and comes face to face with a secret society tied to the lost continent of Atlantis.The teenager who will one day be known as the White Witch of London seeks only to hold on to her sanity, as she uncovers what is behind her dreams and the town of Chester’s dark history.
8 107 - In Serial6 Chapters
Alter's Aburd Escapades!
After waking up on some beach, Alter, with no memory is thrust into battle with only the voice in his head to guide him. Lets see where this goes!
8 80 - In Serial54 Chapters
Invisible Threads ~ Dream SMP x Reader ~ Book II
"And if I was going to fall, I would bring the world down with me for those I loved."You've fought in the wars, battled your own friends, but that was just the beginning. Old allies are changing, forming new, unlikely ones. And in a world full of strings, you better pull on the right ones or even your supernatural powers won't be able to keep you safe. Warnings- Violence/blood/swearingcover art is by me :) if you have any fan art, message me!This story uses a female character and does not follow the Dream SMP storyline strictly
8 171 - In Serial23 Chapters
Ravished by a Rake : Historical Fiction
Historical Romances do not focus much on Historical accuracy, but rather offering a compelling love story to captivate the heart of the reader...Sabrina was a gentle lady, but she kept that hidden as she worked in the orphanage. She was attracted to the Earl, but she kept that hidden as well, because she thought he was a RAKE! .....Until the mutual attraction found her comprised and she was forced to marry the RAKE.
8 165

