《ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]》Ch.(2) အသွင်ပြောင်းခြင်းနှင့် ပြန်လည်ရှင်သန်ခြင်း
Advertisement
ခြေထောက်တောင် ဖုံးလွှမ်းနိုင်သော ၁၅ကီလိုမီတာရှိသည့် မြေပြင်ကြောင့် လူကိုသယ်သွားရသည်အပါအဝင် ခရုလို အရှိန်အဟုန်ဖြင့် တိုးသွားနေရသည်။
ကံကောင်းထောက်မစွာ၊ ထိုလူသည် အလွန်လေးလံခြင်းမရှိပေ၊ စပါးခွံတစ်စမျှသာကျန်ရှိတော့သည့်အထိ မီးလောင်သွားခြင်းကြောင့်သာ ဖြစ်နိုင်သည်။
သူသွားသောလမ်းတွင် မြွေ၊ ပိုးမွှား၊ ကြွက်၊ ပုရွက်ဆိတ်တစ်ကောင်မျှ မတွေ့နိုင်သည့်အတိုင်းအတာအထိ အေးအေးဆေးဆေး သွားခဲ့ရသည်။
ထို့အပြင် သူတို့၏ ဦးတည်ရာသည် အထူးပင် မျက်စိဖမ်းစားနိုင်သည်။
15 ကီလိုမီတာအကွာတွင် ရွှီရှင်းကျီသည် အရှေ့တောင်ဘက်ရှိ မြင့်မြင့်မတ်မတ်မျှော်စင်ကို မြင်နိုင်နေပြီဖြစ်သည်။ လွင့်မျောနေသော မီးရောင်များနှင့် ရွှေရောင်တောက်နေသော အမှုန်အမွှားများဖြင့် ဝန်းရံထားသည့် ကောင်းကင်ဆီသို့ တိုက်ရိုက်ရောက်နေသလို။ အနီးနားပတ်ဝန်းကျင်ကို အနီးကပ်စစ်ဆေးကြည့်ရာ ထိုနေရာတွင် လူသားများ၏ အရိပ်အယောင်များ တွေ့ရှိရသည်။
အနက်ရောင်ပုံရိပ်က မပြောရင်တောင် ရွှီရှင်းကျီသည် မတုံ့ဆိုင်းဘဲ ထိုနေရာသို့သွားရန် ရွေးချယ်ခဲ့သည်။
စွန့်ပစ်နယ်မြေတွင် နေ့အလင်းရောင်မရှိပါ၊ သက်ကြီးရွယ်အိုများ၏ မျက်လုံးများမှ မျက်ကြည်လွှာအမှုန်အမွှားများကဲ့သို့ ကောင်းကင်နောက်ခံသည် အုံ့ဆိုင်းနေသည်။ ကောင်းကင်မှ မှိန်ဖျော့ဖျော့နှင့် တောတွင်းရှိသစ်ပင်များသည် စိမ်းစိုနေသော ဒီရေများကဲ့သို့ မိုးစက်များနှင့်အတူ စိမ်းလန်းစိုပြေနေသေးသဖြင့် မိုးသက်မုန်တိုင်း သည်းထန်စွာ ရွာသွန်းခဲ့ပုံပေါ်သည်။
ရွှီရှင်းကျီသည် သူ့နောက်ကျောမှ သေမင်း၏တံခါးဝရောက်နေသော မီးလောင်ထားသောအလောင်းဖြင့် တောထဲဖြတ်လျှောက်သွားခဲ့သည်။
အဆုံးတွင်၊ ပတ်ဝန်းကျင်သည် မတုန်မလှုပ်ခံစားရသည့်အထိ တိတ်ဆိတ်နေသောကြောင့် ရွှီရှင်းကျီသည် တိတ်ဆိတ်မှုကို ချိုးဖျက်ရန်အတွက် လေချွန်သံကို စတင်လိုက်လေသည်။
လေချွန်သံသည် အလွန်ကြည်လင်ပြီး လန်းဆန်းနေသဖြင့် စိုစွတ်နေသော ကျောက်ဆောင်ထဲသို့ စိမ့်ဝင်သွားသလို။
သူဂန္ထဝင်သံစဉ်ကို ချောချောမွေ့မွေ့ ပြီးသွားကာ သူ့ကိုယ်သူ ရိုးရိုးသားသား ချီးမွမ်းလိုက်သည်- "ငါလေချွန်တာ တော်တော်ကောင်းတာပဲ၊ ငါဒီလိုပြောရင် တော်တော်ကောင်းလို့ပဲ။"
ကျောပေါ်မှ လူသည် အနည်းငယ် လှုပ်သွားပြီး ပူပြင်းသော လေရှုရှိုက်သံက သူ့လည်ပင်းကို ဖြတ်သွားသည်။
.....သူ ရယ်နေပုံရသည်။
သို့သော် ရွှီရှင်းကျီ လှည့်ကြည့်လိုက်သောအခါ တစ်ဖက်သူ၏ဦးခေါင်းသည် မလှုပ်မယှက်ဘဲ သူ့နောက်ကျောပေါ်တွင် ငြိမ်သက်နေခဲ့သည်။
ဒါဟာ ထင်ယောင်ထင်မှားဖြစ်စရာတစ်ခုပဲ ဖြစ်နိုင်သည်။
တောအုပ်တွေကြားမှ ထူထဲတဲ့ တောင်ကုန်းတွေက ပထမဆုံးအကြိမ် ပေါ်လာတော့သည်။ ရွှီရှင်းကျီသည် သူ့ခြေထောက်များ ဂျယ်လီအဖြစ်ပြောင်းသွားသည်အထိ လမ်းလျှောက်ခဲ့ရသည်။ သူ အရမ်းပင်ပန်းနေတော့ အေးမြခြောက်သွေ့တဲ့ လှိုဏ်ဂူကို အမှတ်တမဲ့ရွေးပြီး အဲဒီထဲကိုလဲချလိုက်သည်။
လှိုဏ်ဂူထဲမှာ ကျောက်တုံးကြီးတစ်တုံးရှိသည်။ ရွှီရှင်းကျီသည် တစ်ဖက်လူကို တွန်းထုတ်ချင်သော်လည်း ထိုလက်နှစ်ဖက်သည် တောင့်တင်းလာပြီး လည်ပင်းကို ခွန်အားရှိသမျှဖြင့် ဖက်ထားသဖြင့် အသက်ရှူရန်တောင် မလုံလောက်ပေ။
ရွှီရှင်းကျီသာ သူ့ကိုမချရင် လုံးဝအဆင်ပြေပေမယ့် သူ့ကိုလှဲချဖို့ ဆုံးဖြတ်လိုက်ပြီး နည်းနည်း သတိထားဖယ်ခဲ့သည်။ မဟုတ်ရင်သူ့ကိုယ်သူ လည်ပင်းညှစ်သတ်မိလိမ့်မည်။
ရွှီရှင်းကျီသည် အတော်လေး အားကိုးရာမဲ့သွားသလို ခံစားလိုက်ရသည်။ သူသာအနည်းငယ်လောက် သတိမထားမိပါက အခြားသူ၏ကိုယ်ကို လက်တခြား၊ ခြေတခြား ဖြစ်စေမှာကြောက်၍ မထိရဲပေ။ "'အိုက်၊ ထတော့၊ မင်းထလို့ရလား?"
သူ့နောက်ကလူက အနည်းငယ် တွန့်လိမ်သွားသည်။
ရွှီရှင်းကျီက "ဒီမှာ ခဏလောက် အနားယူရအောင်။ ငါ့ကိုလွှတ်။"
သူ့နောက်ကသူက စိတ်မပါတပါနဲ့ လက်ကိုနည်းနည်းလောက် လွှတ်လိုက်ပေမယ့် အပြည့်အဝကြီးတော့ မလွှတ်သေးပေ။ သူ့ဝတ်ရုံအစွန်းကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။
သူ့အသံ အက်ကွဲနေပြီး ကြားရတာ နားထဲအဝင်ဆိုးနေသေးသည်။ "...သွားတော့မလို့လား?"
တစ်ဖက်သူ၏မျက်နှာသည် မည်းမှောင်နေသော်လည်း ရွှီရှင်းကျီ ၏နှလုံးသားသည် အမှန်တကယ်ပင် ငြိမ်သက်နေခဲ့သည်။
တစ်ဖက်တွင်၊ သူသည် ဘီလူးတစ်ကောင်ကို အနီးကပ်တိုက်ခိုက်ခဲ့ရပြီး သူ့မျက်နှာတစ်ပြင်လုံးတွင် သွေးများစီးကျနေသောကြောင့် ယခု သူဘာမြင်မြင် မတုန်လှုပ်တော့ပေ။
အခြားတစ်ဖက်တွင်၊ ကြောက်စရာအရာများစုဝေးနေသည့် တောရိုင်းကြီးထဲတွင်၊ လူသားဆန်သည့်ပုံစံကို ထိန်းသိမ်းထားဆဲဖြစ်သော ဘီလူးတစ်ကောင်သည် အလွန်ကြောက်စရာမဟုတ်ပေ။
ရွှီရှင်းကျီသည် ထိုလူကို ကျောက်တုံးပေါ်တွင် လှဲချပြီးနောက် သူ့အပြင်ဝတ်ရုံကို ဖယ်လိုက်ကာ ဂရုတစိုက်နဲ့ အခြားသူ၏ ခန္ဓာကိုယ်ပေါ်တွင် ပတ်ကာပြန်ဖြေလိုက်သည်။ "...မသွားပါဘူး။"
ထိုလူ၏ မီးလောင်ထားသော ဗလာကျင်း မျက်စံများက ရွှီရှင်းကျီကို တည့်တည့်ကြည့်ကာ ပျော့ညံ့စွာ မေးလိုက်သည်။ "ဘာလို့ ကယ်ရတာလဲ?"
ရွှီရှင်းကျီက သူ့အတွက် ၀တ်ရုံကို ပတ်ပေးလိုက်ပြီး "ဘာလို့ "ဘာလို့"တွေများနေရတာလဲ?"
ထိုသူကတီးတိုးပြောသည်။ "ကျောပေါ်မှာသာ ကျွန်တော်သေသွားရင် ဘယ်လိုလုပ်မလဲ"
ရွှီရှင်းကျီက တော်တော်ရယ်စရာကောင်းတယ်လို့ ခံစားရသည်- "ထုံးစံအတိုင်း မင်းကို အိမ်ပြန်သယ်သွားပေးမယ်။ ငါ မင်းကို လမ်းတစ်ဝက်မှာပဲ ထားခဲ့ရမှာလား?"
ထိုသို့ပြောပြီးနောက် မတ်တပ်ရပ်ကာ "အပြင်မှာ မြစ်ရှိတယ်၊ ရေနည်းနည်းသွားသယ်လိုက်အုံးမယ်။ ၀တ်ရုံကို မပြည်စေနဲ့အုံး၊ မဟုတ်ရင် မင်းရဲ့အရေပြားပွင့်မှ နာတယ်ဆိုပြီး မျက်ရည်လာမကျနဲ့နော်။"
တစ်ဖက်လူက ခွေးတစ်ကောင်လို သူ့အားပတ်ထားသည့် ရွှီရှင်းကျီ၏ဝတ်ရုံကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားသည်။ ".....မနာပါဘူး။"
ရွှီရှင်းကျီ ထွက်သွားပြီးနောက် အင်္ကျီလက်ကို ဆွဲယူပြီး လောဘကြီးစွာ နမ်းလိုက်သည်။
သူ၏ အရေပြားအပိုင်းအစများ ပဲ့ကုန်သော်လည်း အစထဲက နာကျင်မှုကို ဂရုမစိုက်ပုံပင်။
သူက "ရှစ်ရှုန်း၊ ရှစ်ရှုန်း" ဟုသာ တိတ်တဆိတ် ခေါ်နေခဲ့သည်။
ရွှီရှင်းကျီသည် လှိုဏ်ဂူမှ ထွက်ခွာလာပြီး မြစ်ကမ်းစပ်တွင် ထိုင်ချလိုက်သည်။ သူ့စိတ်ထဲတွင် စွဲမြဲစွာ ခြောက်လှန့်နေသည့် လက်တွေ့ခံစားချက် ကင်းမဲ့နေသည်။
Advertisement
သူကငုံ့ပြီး သူ့လက်ထဲက သွေးစွန်းတွေကို ဆေးဖို့ကြိုးစားသည်။ သို့သော် ထပ်ခါထပ်ခါ ပွတ်တိုက်လိုက်သည်နှင့်အမျှ သွေး၏သတ္တုနံ့သည် ပြင်းထန်လာကာ မည်သူမဆို ခံနိုင်ရန် ခက်ခဲစေသည်။
ရွှီရှင်းကျီ၏ ဒူးများရုတ်တရက် အားလျော့သွားသည်။ သူသည် မြစ်ကမ်းနံဘေးတွင် မတ်တတ်ရပ်ကာ အကြိမ်အနည်းငယ်လောက် ပျို့တက်ခဲ့ပေမယ့် မအန်ခဲ့ပေ။
သူ့ပါးစပ်ကို သုတ်လိုက်ပြီး လှဲချလိုက်ပြီးနောက် သူ့ခါးကိုထိကာ အကန့်အသတ်မဲ့ အစိမ်းနုရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအားများဖြင့် စိမ်ထားသည်ဟု ယူဆရသည့် ဓားမြှောင်သည် ထိုနေရာတွင် ချိတ်ဆွဲထားဆဲဖြစ်ကာ ရွှီရှင်းကျီအား သူ၏ မပြီးပြတ်သေးသောမစ်ရှင်ကို အမှတ်ရစေသည်။
ရွှီရှင်းကျီသည် ဖုန်မှုန့်အရွယ်အစား ဦးခေါင်းလောက်နှင့် မြွေတစ်ကောင်သည် မီတာများစွာအကွာရှိ တောအုပ်ထဲမှ ဖြည်းဖြည်းချင်း လာနေသည်ကို သတိမထားမိပေ။
မြွေ၏ကိုယ်သည် ကြွက်သားမျှင်အနည်းငယ်နှင့် ပုပ်နေသောအသားအတုံးများရှိသော အရိုးစုတစ်ခုမျှသာဖြစ်ပြီး မြွေ၏ဦးခေါင်းတစ်ခုတည်းသာ ကျန်ရှိတော့သည်။
မြွေသည် ရွှီရှင်းကျီ ၏ဦးတည်ရာသို့ လျှောကျလာကာ ၎င်း၏အောက်မေးရိုးကို လေ့ကျင့်နေသလို အနီရောင်တောက်တောက် လျှာဖြင့်ဆူညံစွာ ပွတ်တိုက်လိုက်သည်။
ရွှီရှင်းကျီ၏ ဦးခေါင်းကို တစ်ချက်ထဲနဲ့ ကိုက်နိုင်တဲ့အထိ မေးရိုးက ကျယ်သွားသည်။
သို့သော် ရွှီရှင်းကျီသည် သတိလစ်နေသည့်အတွက် ဘယ်အရာမှ မသိတော့ပေ။
မြွေသည် ရွှီရှင်းကျီနှင့် တစ်လက်မချင်း အနီးကပ်တိုးဝင်ကာ မီတာ30မျှ အကွာတွင်ရပ်သွားခဲ့သည်။
ခဏအကြာတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်ကို ခံစားလိုက်ရပြီး ၁၈၀ဒီဂရီလှည့်ကာ အရူးအမူးပြေးသွားခဲ့သည်။ မြွေ၏အရိုးများ မြေပြင်ပေါ်သို့ လျှောကျလာစဉ် စူးရှသောအသံထွက်လာသည်။
ပုံမှန်မဟုတ်သော အသံကိုကြားလိုက်သောအခါ၊ ရွှီရှင်းကျီသည် သူ့ခါးမှဓားမြှောင်ကို ချက်ချင်းကိုင်လိုက်ပြီး မတ်တပ်ရပ်ကာ လှည့်ကြည့်လိုက်သည်။
ပျောက်ကွယ်သွားသည့်တိုင်အောင် တောအုပ်အစွန်းအထိပါသွားသော ထူးဆန်းသောခြေရာများမှလွဲ၍ ဘာမှမရှိ။
.....F*ck
ရွှီရှင်းကျီက ဤနေရာသည် အကြာကြီးနေသင့်သောနေရာမဟုတ်ဟု ဆုံးဖြတ်လိုက်သည်။ မြစ်ကမ်းနားရှိ သစ်ပင်တစ်ပင်မှ အရွက်ကျယ်တစ်ရွက်ကို ပြေပြေပြစ်ပြစ် ခူးဆွတ်သန့်စင်ပြီးနောက် ရေအနည်းငယ်ခတ်ယူရန် ပေါ့ပေါ့ပါးပါး လိပ်လိုက်သည်။
ရေဖြည့်နေစဉ်တွင် ရေမျက်နှာပြင်ပေါ်ရှိ သူ့ကိုယ်ပိုင်ရောင်ပြန်ဟပ်မှုကို အမှတ်မထင်တွေ့လိုက်ရသည်။
ဤနေရာသည် အန္တရာယ်ရှိမှန်း သိသော်လည်း ရွှီရှင်းကျီသည်မတတ်နိုင်ဘဲ တစ်ခဏလောက် ကြောင်အသွားခဲ့သည်။
ဒီမျက်နှာက တကယ်မဆိုးပါဘူး။ အလုံးစုံ အသွင်အပြင်သည် အရပ်ရှည်ရှည် သွယ်လျပြီး ထက်မြက်၊ ထူးခြားသော လေထုဖြင့် တွဲဖက်ထားသည်။ မျက်နှာအမူအရာကင်းမဲ့နေတဲ့အခါ သူဟာသာမန်လို့ထင်ရပေမယ့် အမူအရာတစ်ခု ပျံ့နှံ့သွားတဲ့အခါ သူ့ရဲ့မျက်နှာအသွင်အပြင်က ပေါ်လာလိမ့်မည်။ သူ၏မျက်ခုံးမှ မျက်လုံးများအထိ၊ ထို့နောက် သူ၏ပါးစပ်နှင့် နှာခေါင်းအထိ၊ အားလုံးသည် "ချောမောသော" ဟူသော စကားလုံးနှင့် လိုက်ဖက်သည်။
ပင်ကိုယ်စရိုက်က တော်ဝင်ဆန်ပြီး ဘယ်ဘက်မျက်လုံးထောင့်မှာ မျက်ရည်ခံမှဲ့ရှိနေတာကြောင့် ရွှီရှင်းကျီ ရဲ့မျက်နှာကို တင်းမာတဲ့အကြည့်လုပ်လိုက်သောအခါ အေးစက်သည့် အရိပ်အယောင်များ ပေါ်လာသည်။
ရွှီရှင်းကျီသည် ကောင်းကင်ဘုံက နတ်ဘုရားလိုမျက်နှာကို သူ့အပေါ်ဖြုန်းပစ်လိုက်သည်ကို မယုံနိုင်သေးပေ။ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလွန်းသည်။
ရွှီရှင်းကျီ ပူဆွေးဝမ်းနည်းနေတုန်း တောထဲသို့ ပြန်ဝင်သွားသော မြွေသည် မြေပြင်ပေါ်တွင် အသံမထွက်ဘဲ နာကျင်စွာတွန့်လိမ်နေသည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအချို့ကြောင့် ၎င်း၏ အဆစ်များ ကျိုးကြေသွားခဲ့သည်။ တစ်ချက်ချင်းစီသည် ကြမ်းတမ်းစွာ မြက်ပင်တစ်ပင်အား ချိုးနေသကဲ့သို့ ပဲ့တင်ထပ်နေသည်။
ရွှီရှင်းကျီ ဂူထဲသို့ ပြန်ရောက်သောအခါ အနက်ရောင်ပုံရိပ်သည် ထိုင်နေပြီး သူ့လက်ထဲတွင် ညှိုးနွမ်းနေသော မြက်ပင်တစ်ပင်ကို လိမ်ချိုးနေသည်။
ညှိုးနွမ်းနေသော မြက်ပင်၏ အမြစ်မှ စတင်၍ အကွဲအပြဲများဖြစ်အောင် ချိုးထားပြီးဖြစ်သည်။
သူချိုးရင်း ရေတွက်နေသည်။ ".....၅၊ ၆၊ ၇.... "
ထို့နောက် ရွှီရှင်းကျီ ပြန်ရောက်လာသည်ကို သတိပြုမိသောအခါတွင် မော့ကြည့်ရင်း သူ့လက်များကို နောက်ကျောသို့ ဝှက်ထားလိုက်သည်။
....ထိုသည် နာခံမှုရှိပြီး ချစ်စရာကောင်းသော အမူအရာတစ်ခုဖြစ်သည်။
ရွှီရှင်းကျီသည် စွမ်းအင်အချို့ ပြန်လည်ရရှိလာသည်ကို သတိပြုမိပြီး ရေအနည်းငယ်တိုက်ကာ အလျင်လိုနေတော့သည်။ "မြန်မြန်သွားကြရအောင်။ ဒီနေရာက တစ်ခုခုမူမမှန်သလိုပဲ။"
အနက်ရောင်ပုံရိပ်က ခေါင်းညိတ်ပြပြီး အပိုင်းများစွာကို ခေါက်ထားသော မြက်ပင်ကို ဖယ်လိုက်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ့တောင်းဆိုချက်က ရှင်းသည်။
....သူအချီခံချင်နေသည်။
ရွှီရှင်းကျီက သူ့ကို အကဲခတ်လိုက်ပြီး "မင်းဒဏ်ရာက အရမ်းကြီးဆိုးပုံလဲ မရပါဘူး။ ထပြီး ကိုယ်တိုင်လမ်းလျှောက်လိုက်။"
အနက်ရောင်ပုံရိပ်သည် မလှုပ်ရှားဘဲ ရွှီရှင်းကျီ ကိုသာ မော့ကြည့်လိုက်သည်။
ရွှီရှင်းကျီသည် စက္ကန့်အနည်းငယ်ကြာမျှ မတုန်မလှုပ်နှင့် "ထတော့။"
အနက်ရောင်ပုံရိပ်သည် သူ၏လက်များကို ဆက်လက်ဆန့်တန်းထားသော်လည်း သူ၏မေးစေ့သည် အလွန်ညှိုးငယ်နေသောမျက်နှာကို ပြသထားသည်။
ရွှီရှင်းကျီသည် ထိုလူ၏မျက်နှာသည် လောင်ကျွမ်းလွန်ထားပြီး မျက်နှာသွင်ပြင်ကိုတောင် ချက်ချင်းမခွဲခြားနိုင်တော့သောကြောင့် သူ့မျက်ခုံးမွှေးများကို စိတ်မရှည်စွာဖြင့် ရှုံ့ချလိုက်သည်။ "...ကျစ်"
သူတို့ ဂူထဲမှ ပြန်ထွက်လာသောအခါ၊ အနက်ရောင်ပုံရိပ်သည် ရွှီရှင်းကျီ ၏နောက်ကျောတွင် ယခင်ကကဲ့သို့ လှဲနေပြီး ယခုတစ်ကြိမ်တွင် ရွှီရှင်းကျီ၏ အပြင်ဘက်အကျီကို ၀တ်ထားသည်။
ရွှီရှင်းကျီသည် သူ၏ဘောင်းဘီ ခြေထောက်များကို လိပ်တင်ကာ မြစ်၏ ဆန့်ကျင်ဘက် ကမ်းသို့ လျှောက်သွားနေစဉ် အနက်ရောင်ပုံရိပ်က တောအုပ်ကြီးဆီ အေးစက်သော အပြုံးဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
ထိုနေရာ၌ မြွေအရိုးစုသည် တောအုပ်ထဲတွင် အရိုးများ ပြန့်ကျဲနေကာ မြေပြင်ပေါ်တွင် ရုန်းကန်မှုအကြွင်းအကျန်များကျန်ရှိနေသည်။
Advertisement
၎င်း၏ခန္ဓာကိုယ်သည် ပေါင်းပင်များကြားတွင် ညှစ်ခံထားရကာ သေသည်မှာ ကြာပြီဖြစ်သည်။
မကြာခင်မှာပဲ ပဲတောင့်ရှည်အရွယ်အစားရှိတဲ့ ပုရွက်ဆိတ်တွေဟာ သူတို့ရဲ့အသိုက်ထဲကနေ ပြေးထွက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ မြွေရဲ့အရိုးများကို သန့်စင်သွားခဲ့သည်။
ထူးဆန်းတာက ၎င်းတို့တောအုပ်ကိုဖြတ်ကူးရင်း စောစောကကျန်ခဲ့တဲ့ ရွှီရှင်းကျီ ရဲ့ခြေရာတွေကို ကျော်ဖြတ်လိုက်တဲ့အခါ ကြောက်လန့်တကြားနဲ့ ရှောင်သွားရုံသာမက ဖြတ်သွားတဲ့ ကြောက်မက်ဖွယ်သားရဲတစ်ကောင်ကို ရှောင်နေသလိုမျိုး သူတို့ပတ်ဝန်းကျင်ကို လှည့်ပတ်သွားခဲ့သည်။
စကားစမြည်မပြောဘဲ 15 ကီလိုမီတာခရီးသည် အနည်းငယ်ငြီးငွေ့ဖွယ်ကောင်းသည်မှာ မလွဲမသွေပင်ဖြစ်ပေရာ ရွှီရှင်းကျီသည် မူလပိုင်ရှင်၏ကျန်ရှိသောမှတ်ညာဉ်များကို ခွဲထုတ်ရင်း ထို10 ကီလိုမီတာကျော်ကို ကုန်ဆုံးခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက်၊ ၎င်းတို့အများစုသည် ပြီးပြည့်စုံသော မှတ်ဉာဏ်တစ်ခုအဖြစ်ပင် ပေါင်းစပ်၍မရနိုင်သည့် ကြိုကြားကြိုကြားနှင့် ပြန့်ကျဲနေသော အပိုင်းအစများသာဖြစ်ကြောင်း သူသဘောပေါက်ခဲ့သည်။ မုန့်ချုံ့ကွမ်း ၏အသွင်အပြင်သည်ပင် မရေမတွက်နိုင်အောင် မှုန်ဝါးသွားလောက်အောင်အထိပင်။
ရွှီရှင်းကျီသည် အစတွင်ထူးဆန်းသည်ဟု ထင်ခဲ့သော်လည်း ဆင်ခြင်စဉ်းစားပြီးနောက် ကျိုးကြောင်းဆီလျော်ကြောင်း သဘောပေါက်လိုက်သည်။ ဤမှတ်ဉာဏ်များသည် လူသေမှ ဖယ်ထုတ်ထားသောကြောင့် မရှင်းလင်းသည့်အရာများရှိနေသည်မှာ ပုံမှန်ပင်။
ယခု သူသေချာသိသည့် တစ်ခုတည်းသောအချက်မှာ မုန့်ချုံ့ကွမ်း၏နဖူးအလယ်ဗဟိုတွင် ပြောင်စင်သော မှဲ့နီတစ်ပေါက်ရှိနေသည်ပင်။
မုန့်ချုံ့ကွမ်းကိုသတ်ချင်ရင် အဲဒီနေရာကို ဓားနဲ့ထိုးရမည်။
တစ်နည်းနည်းနဲ့ ငြီးငွေ့လာတာကြောင့် ရွှီရှင်းကျီက သူ့နောက်ကျောပေါ်ကနေ လူနဲ့ စကားစမြည်ပြောဖို့ အစပြုခဲ့သည်- "မင်း ဘယ်လိုဒဏ်ရာ ရသွားတာလဲ။"
ထိုလူက တိုးညှင်းစွာ ပြန်ဖြေသည်။ "...လျို့ဝှက်လုပ်ကြံခံရတာ။"
ရွှီရှင်းကျီက ထပ်မေးသည်။ "မင်းစွန့်ပစ်နယ်မြေထဲ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ?"
သူက "ကျွန်တော် မမှတ်မိတော့ဘူး။ အနှစ်တစ်ရာလောက် ရှိသွားပြီလို့ ခံစားရတယ်။"
ရွှီရှင်းကျီက သူနောက်နေတာလို့ထင်ပြီး အဓိကမေးခွန်းကို ပြောင်းသွားခဲ့သည်- "မင်း မုန့်ချုံ့ကွမ်းကို သိလား?"
..............
(မုန့်ချုံ့ကွမ်းBe Like- ရှစ်ရှုန်းက ကျွန်တော်ဘယ်သူလဲဆိုတာ သိလားလို့ တိုက်ရိုက်မေးတဲ့အခါ ဘယ်လိုဖြေရမလဲ။ အွန်လိုင်းမှာ အရေးတကြီး စောင့်နေပါတယ်!)
_________
အနက်ရောင်ပုံရိပ်သည် ခေတ္တတိတ်ဆိတ်နေပြီး "သူ့ကို ဘာလို့ရှာတာလဲ"
ရွှီရှင်းကျီက သူ့ကံကောင်းတယ်လို့ထင်ပြီး အံ့သြဝမ်းသာနဲ့ ပြန်ပြောလိုက်သည်။ "သူက ငါ့ရဲ့ရှစ်သိပါ။"
အနက်ရောင်ပုံရိပ် တုံ့ပြန်ခါနီးတွင် နှစ်ယောက်သား အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံကို ရုတ်တရက် ကြားလိုက်ရပြီး ပူနွေးသော လျှပ်စီးကြောင်းတွင် ဖုံးလွှမ်းနေသော ဝိညာဉ်စွမ်းအင်များကြောင့် တုန်လှုပ်ခြောက်ခြားသွားကာ ရွှီရှင်းကျီ မြေပြင်ပေါ်သို့ လဲကျသွားမတက်ဖြစ်သွားသည်။
တရားခံကတော့ အရှေ့တောင်ဘက်မှ ဧရာမမျှော်စင်ကြီးကဖြစ်သည်။
အံ့သြစရာကောင်းစွာနဲ့၊ အနက်ရောင်ပုံရိပ်၏ မျက်နှာပေါ်တွင် စိုးရိမ်တဲ့အကြည့်တစ်ခုပေါ်လာပြီး ရွှီရှင်းကျီရဲ့ပခုံးကို တွန်းလိုက်သည်။- "အဲ့နေရာပဲ၊ မြန်မြန်သွား! မြန်မြန်!"
ရွှီရှင်းကျီ၏ စရိုက်အားဖြင့် သူသည် ချက်ချင်းအမြီးလှည့်ကာ ဆန့်ကျင်ဘက်ဦးတည်ရာဆီသို့ တတ်နိုင်သမျှ အမြန်ပြေးလေ့ရှိသည်။ သူသားရဲ၏ဝမ်းဗိုက်ကို မထိချင်သော်လည်း မုန့်ချုံ့ကွမ်းလည်းရှိနိုင်သည်ဟု စဉ်းစားသောအခါ၊ ရွှီရှင်းကျီ အံကြိတ်ကာ ဧရာမမျှော်စင်ဆီသို့ ပြေးသွားခဲ့သည်။
သူစစ်မြေပြင်အလယ်ဗဟိုသို့ ချဉ်းကပ်လာသည်နှင့်အမျှ ရွှီရှင်းကျီသည် သူ့ကျောပေါ်ရှိလူက ပို၍ဂနာမငြိမ်ဖြစ်လာသည်ဟု ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူဧရာမမျှော်စင်ကြီးဆီသို့ နီးကပ်လာလေလေ ရွှီရှင်းကျီသည်လည်း အသက်ရှူမဝသော ဖိအားများခံစားရလေလေဖြစ်သည်။
ရွှီရှင်းကျီ၏ မျက်လုံးထဲကို ပထမဆုံး ဝင်ရောက်လာတဲ့ အရာကတော့ ချောက်ကမ်းပါးစွန်းမှာ ရပ်နေတဲ့ လူငယ်တစ်ယောက်ပါပဲ။ သူ့မျက်နှာရဲ့ အပေါ်ပိုင်းတစ်ဝက်ကို သံနဲ့ပြုလုပ်ထားတဲ့ ကြောက်စရာကောင်းတဲ့ အသွင်အပြင်မျက်နှာဖုံးနဲ့ ဖုံးအုပ်ထားသည်။ သူသည် ကုန်းမြင့်ပေါ်တွင် ရပ်နေကာ သူ၏အနက်ရောင်အဝတ်အစားသည် ကျီးကန်းတစ်ကောင်လို လွင့်ပျံနေပြီး ခရမ်းရောင်ဖျော့ဖျော့ အလင်းတန်းလေးသည် သူ့လက်ဖဝါးတွင် လှည့်ပတ်နေသည်။
.....သို့သော် သူသည် ကျီးကန်းကောင်ပေါက်လေး သာဖြစ်သည်။
ရွှီရှင်းကျီက ဒီလူဘယ်သူလဲဆိုတာ သိသည်။ ထိုသူသည် သူ၏ဝတ္ထုထဲတွင် ထင်ရှားခဲ့ပြီး သရဲတစ်ဆေထိန်းချုပ်ခြင်းအနုပညာတွင် ကျွမ်းကျင်သော မုန့်ချုံ့ကွမ်း ၏လက်အောက်ခံဖြစ်သည်။
ရွှီရှင်းကျီ သူ့ကိုနာမည်ပေးရန် အချိန်မရှိခဲ့တာက လွဲလို့ပေါ့။
အတိအကျပြောရလျှင် ဇာတ်လမ်းတစ်ခုလုံးတွင် ရွှီရှင်းကျီသည် မုန့်ချုံ့ကွမ်းကိုသာ နာမည်ပေးခဲ့သည်။
ရွှီရှင်းကျီ ၏စိတ်ကူးစိတ်သန်းတွင်၊ ဤကမ္ဘာကို သေမျိုး၊ နတ်ဝိညာဉ်၊ တစ်ဆေနှင့် နတ်ဆိုးကျင့်ကြံခြင်း ဟူ၍၄မျိုး ပိုင်းခြားထားသည်။ ၎င်းတို့တွင် သေမျိုးကျင့်ကြံခြင်းသာလျှင် မှန်ကန်သောလမ်းစဉ်အဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံထားရပြီး သုံးလောကကို အုပ်စိုးနိုင်စွမ်းရှိသည်။
နတ်ဝိညာဉ်ကျင့်ကြံရေးသည် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို အသုံးချနိုင်စွမ်းရှိပြီး တိရစ်ဆာန်များနှင့် အပင်များက ကျင့်သုံးသည်။
တစ်ဆေကျင့်ကြံခြင်းသည် "သတ္တဝါအားလုံးသေရမည်၊ သေပြီးသောအရာအားလုံး ကမ္ဘာမြေကြီးသို့ပြန်လာရမည်" ဟူသောနိယာမကို အခြေခံသောကြောင့် ၎င်းတို့သည်တစ်ဆေနှင့် ရုပ်အလောင်းများကို အမိန့်ပေးနိုင်သည်။
သေမျိုးနှင့် နတ်ဆိုးကျင့်ကြံခြင်း နှစ်မျိုးစလုံးသည် လူသားများ ကျင့်ကြံနိုင်သည်။ နှစ်ခုလုံးက စမှတ်တစ်ခုထဲက စထွက်ရသော်လည်း တစ်ဖက်စီပိုင်းခြားခံရကာ မတူညီသော ကံကြမ္မာများနှင့် မတူညီသော အဆုံးသတ်များ ရကြသည်။ သေမျိုးကျင့်ကြံရေးက သဘာဝနည်းလမ်းအတိုင်း ဖြေးဖြေးနဲ့မှန်မှန် စိတ်နှလုံးကို ကျင့်ကြံသွားရသော်လည်း နတ်ဆိုးကျင့်ကြံရေးကတော့ အရှိန်မြန်မြန်နဲ့ အရိုးနဲ့ခန္ဓာကိုယ်ကို ကျင့်ကြံရပြီး စိတ်နှလုံးကို ရှုပ်ထွေးစေသည်။
ဤမြေရိုင်းတွင် ပိတ်မိနေသူများသည် ထိုနတ်ဝိညာဉ်များ၊ နတ်ဆိုးများ၊ သရဲတစ်ဆေများနှင့် မကောင်းဆိုးဝါးများအပြင် ပိုမိုမှောင်မိုက်သောလမ်းကို လျှောက်လှမ်းကာ ယုတ်မာသောလမ်းသို့သွားခဲ့ကြသော သေမျိုးကျင့်ကြံသူများ ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။
ရွှီရှင်းကျီသည် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ မရေမတွက်နိုင်သော စုတ်ပြတ်သတ်နေသော သရဲတစ်ဆေများသည် မျှော်လင့်ထားသည့်အတိုင်း လွင့်မျောနေပြီး ရန်သူကိုတိုက်ရန်ဓားကို ကိုင်ဆောင်ထားကြသည်။
သူတို့၏ နဖူးများအားလုံးတွင် ခရမ်းရောင်ဖျော့ဖျော့တိမ်တိုက်ပုံစံဖြင့် လင်းလက်တောက်ပနေပြီး လူငယ်၏လက်ဖဝါးတွင် လွင့်မျောနေသော အလင်းဘောလုံးလေးကဲ့သို့ အရောင်တူနေသည်။
မျက်နှာဖုံးစွပ်ထားသည့် လူငယ်သည် ကုန်းမြင့်ပေါ်တွင် ရပ်နေပြီး သူသည် အနက်ရောင်ဝတ်စုံကို ၀တ်ထားသော်လည်း ပေါ်လွင်လွန်းနေသေးသည်။ သိပ်မကြာခင်မှာပဲ ချွန်ထက်တဲ့ မြှားတစ်စင်းဟာ လျှပ်စစ်ဓာတ်နဲ့ ပေါင်းကူးထားသလို သူ့ရင်ဘတ်ဆီ တည့်တည့်ကျလာသည်။
မြှားသည် မီတာသုံးဆယ်ကျော် အကွာတွင် ရှိနေသောအခါ၊ တစ်မီတာထက် ပိုရှည်သော ကြယ်ကိုးပွင့် လှံတစ်စင်းသည် သူ့ရှေ့တွင်ရုတ်တရက် ပိတ်ဆို့သွားပြီး မြှားထိပ်ဖျားနှင့် ဆုံမိသွားသည်။
ချွန်မြသောလှံက မြှားကို ပြင်းထန်သောစွမ်းအားဖြင့် နှစ်ခြမ်းခွဲလိုက်စဉ် ထိပ်နှစ်ခုတိုက်မိပြီး သတ္တုမီးတောက်တစ်ခု လင်းလက်လာသည်။
ထို့နောက်တွင် တံလျှပ်များ တောက်ပနေစဉ် မျက်နှာဖုံးနှင့် လူငယ်၏ရှေ့တွင် လူသားဆန်သော အရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လွင်လာသည်။
လူသားဆန်သောပုံရိပ်သည် လှံ၏အောက်ခြေစွန်းကို ဖမ်းကိုင်လိုက်ပြီး သူ၏လက်ကောက်ဝတ်များဖြင့်လှန်ကာ လေထုထဲတွင် ပြီးပြည့်စုံသောအလင်းတန်းတစ်ခုကို ဆွဲယူလိုက်သည်။
ထိုသူသည် အလွန်ချောမောပြီး အပြစ်ကင်းစင်သော လူငယ်တစ်ယောက်ဖြစ်သည်၊ သူ့မျက်ခုံးကြားတွင်လည်း ခရမ်းရောင်တိမ်တိုက်ပုံစံ ရှိနေသည်မှာ စိတ်မကောင်းစရာပင်။
...ဆိုလိုသည်မှာ သူသည်လည်း သေဆုံးပြီး ဝိညာဉ်ဖြစ်သည်။
ထိုသူသည် အောက်မှပြင်းထန်သောစစ်မြေပြင်ကို ခေတ္တလျစ်လျူရှုကာ ပြောင်ပြောင်တင်းတင်းဖြင့် မျက်နှာဖုံးစွပ်ထားသည့် လူငယ်ဘက်သို့ လှည့်လိုက်သည်။ နောက်မှ စောင်းငဲ့ကာ မျက်နှာဖုံး၏ နှာသီးဖျားကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရယ်မောလိုက်သည်- "...မင်းဘာလို့ ဒီလောက်သတိမဲ့ရတာလဲအာ၊ နည်းနည်းလေးရှောင်ဖို့တောင် မကြိုးစားဘူး။"
မျက်နှာဖုံးစွပ်ထားသည့် လူငယ်သည် အေးစက်သွားပြီး ရှက်စိတ်နှင့် စိတ်အနှောက်အယှက်ဖြစ်သွားသည်- "ကျိုးပိုင်နန်၊ မြန်ဆင်းသွား!"
သူ့လက်ချောင်းထိပ်လေးဖြင့် ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာပြီး လှံကိုင်ထားသော လူငယ်လေးသည် သူ့ဆန္ဒမပါဘဲ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင် လေထဲမှာ အကြိမ်အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
မျက်နှာဖုံးစွပ်ထားသည့် လူငယ်သည် နှုတ်ခမ်းကိုကိုက်ကာ နှာတံဖျားကို ထိလိုက်သည်၊ ပါးစပ်ထောင့်သည် စိတ်ကောက်နေသလို နိမ့်ဆင်းသွားသည်။
ရွှီရှင်းကျီက သူ့နောက်ကျောပေါ်မှ အနက်ရောင်ပုံရိပ်၏ သက်ပြင်းချသံကို ကြားလိုက်ရသည်။ "...တော်သေးလို့၊ ဘာမှမဖြစ်ဘူးပဲ။"
ရွှီရှင်းကျီက "အခုငါတို့ ဘာလုပ်ကြမလဲ?"
အနက်ရောင်ပုံရိပ်က ကောင်းကင်ကို မော့ကြည့်ပြီး လေချွန်လိုက်သည်။
ရွှီရှင်းကျီက သူဘာတွေလုပ်နေတယ်ဆိုတာကို နားမလည်ဘဲ အသေးစိတ်မေးချင်တဲ့အခါ ကြီးမားတဲ့ကျောက်တုံးကြီးရဲ့နောက်ကွယ်က အရိုးစုတစ်ခု ရုတ်ချည်းထွက်ပေါ်လာတာကြောင့် ရွှီရှင်းကျီဟာ အပြင်းအထန်လန့်သွားပြီး အသက်ရှုကျပ်တော့မလို။
ထိုသည် အမျိုးသမီးအရိုးစုဖြစ်သည်။ တစ်ကိုယ်လုံး အရေပြား၊ အသားစများဘာမှမရှိဘဲ အလွန်သန့်ရှင်းနေသော်လည်း သူမတွင် ပိုးဖဲကြိုးရှည်ဖြင့် စနစ်တကျ စည်းထားသော အနက်ရောင်ဆံပင်အပြည့် ရှိနေသေးသည်။
သူမသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် မီးလောင်ကျွမ်းနေသော အနက်ရောင်ပုံရိပ်ကို မှတ်မိသွားပြီး "ခေါင်းရှင်းဖို့ပဲ သွားတာလေ။ ဘယ်လိုလုပ် ရှုပ်ပွလာတာလဲ?"
အနက်ရောင်ပုံရိပ်သည် ဖြေဖို့စိတ်မ၀င်စားဘဲ အေးစက်စက်ဖြင့်သာ မေးလိုက်သည်။ "ဘာဖြစ်တာလဲ?"
အရိုးစုမိန်းကလေးသည် သူမ၏ပါးလွှာသောအရိုးညာလက်ကိုဆန့်ထုတ်ကာ အနက်ရောင်ပုံရိပ်၏ ဘယ်လက်မှ ဓာတ်သွေးကြောပေါ်တွင် တင်လိုက်သည်။ "တောင်ထဲမှာ ချပ်ပိတ်ခံထားရတဲ့ဟာပါ။"
အနက်ရောင်ပုံရိပ်က "...သူ့နေရာမှန်း မသိဘူး။"
အနက်ရောင်ပုံရိပ်၏ ခန္ဓာကိုယ်ထဲသို့ အလင်းလှိုင်းများ တွန်းပို့လိုက်သည့်နောက်တွင် အရိုးစုမိန်းကလေးက အစိမ်းနုရောင် အလင်းရောင်များ တောက်ပလာသည်။ "အရင်ကုပေးပါရစေအုံး...စိုးရိမ်စရာမရှိဘူး။ အချိန်မှီပြန်မရောက်ရင်တောင် ချွီချီနဲ့ ကျိုးပိုင်နန်က အောင်ပွဲခံနေအုံးမှာပဲ။"
ရွှီရှင်းကျီက ဤစကားဝိုင်းကို နားထောင်ရင်း အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသော်လည်း စိတ်ဝိညာဉ်လက်နက်များနှင့် တိုက်မိပြီး ထွက်ပေါ်လာသော အော်ဟစ်ဆူညံသံများက သူ့အတွေးများကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ထိုအကြောင်းကို မတွေးတော့ဘဲ သူတို့၏ပုန်းရှောင်နေရာမှ ထွက်လာခဲ့သည်။ .
ရှုပ်ထွေးသည့်တိုက်ပွဲကြားတွင်၊ အဝတ်အစားများနှင့် လူတိုင်းကြားတွင် သူငယ်ချင်းနှင့်ရန်သူတွင် ပိုင်းခြားရန်ခက်ခဲသော်လည်း သာမန်မဟုတ်သောအရာတစ်ခုကို ထောက်ပြရမည်ဆိုပါက ၎င်းသည် အသက် ၁၃၊ ၁၄ နှစ်အရွယ် မိန်းကလေးဖြစ်လိမ့်မည်။
သူမသည် အလွန်ပိန်လှသည်၊ သူမ၏ အညိုရောင်ကိုယ်ကျပ်အဝတ်အစားများက ဆုပ်ပြဲပျက်စီးနေပြီဖြစ်ပြီး သူမ၏ပါးလွှာပြီး နှင်းဖြူလို လက်ကောက်ဝတ်များကို ဖော်ထုတ်ပြရန် ဝတ်ရုံလက်ကိုလည်း တံတောင်ဆစ်အထိ လိပ်တင်ထားသည်။
သူမ၏အသွင်အပြင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်က လက်တစ်ဖက်စီတွင် ကိုင်ဆောင်ထားသောဓားနှစ်လက်ဖြစ်သည်။ ဓါးနှစ်ချောင်းကို ကြေးဝါဖြင့်ပြုလုပ်ထားပြီး မတ်တပ်ရပ်လိုက်လျှင် ၎င်းတို့သည် သူမအရပ်ထက် တိုတောင်းမည်မဟုတ်ပေ။ သို့သော် သူမသည် ၎င်းတို့ကို လက်တစ်ဖက်တည်းဖြင့် လွယ်လွယ်ကိုင်ဆွဲကာ ရှေ့ကိုခုန်တက်ပြီး ရန်သူကို တစ်ချက်တည်းဖြင့် ခေါင်းဖြတ်လိုက်သည်။
သူမ၏မျက်နှာသည် သွေးအစင်းကြောင်းများစွာဖြင့် စွန်းထင်းနေပြီး သူမ၏နူးညံ့သိမ်မွေ့သော အသားအရေကို ပို၍ပင် ပေါ်လွင်စေသည်။
Advertisement
- In Serial13 Chapters
The Legacy Of The First
Follow The Journey of a Man with amnesia to find what he is and what he will become. Will the thirst for revenge burn him out or will the yearning to live overcome the obstacles in his path.
8 208 - In Serial6 Chapters
The Demon Lord and I
A world where different races coexist in peace and live in harmony. The humans,werebeasts,undines,elves,dwarves, and many other races.The peace lasted for hundreds of millennia till the GREAT WAR came. It's started with the Gods fighting over power then the world got affected. Many races started fighting with each other like elves and the dwarves, demons and heavenly beings, werebeasts fought each other because of their differences.Many died even the immortal gods got killed by some unknown forces. Then after 600 years all the races and the gods reconciled and have a truce. Still there are still races who still fought with each other.and the year now is 267 A.G.W (After Great War).Bare with me here I'm not good with english...this story is only a teaser(depends if someone want's me to continue this)
8 139 - In Serial7 Chapters
Everything's Price
David Salaman is what is known as an Exchanger, a person who has the power to instantly transform whatever he/she comes in contact with into anything that has an equal value.As long as he could remember David had lived in his family's mansion with his aunt not giving much thought to the outside world. However, Davids carefree childhood ends with the unexpected appearance of his mother.
8 194 - In Serial8 Chapters
Witch apprentice and moon halo
This is my second story. Unlike my first story this is way more easy to understand and fun to write than my last one. It might be easy to guess what is going to happen next but hopefully some of you might become suprised by directions where I went. Currently I have wroten 8 chapters. Depending on how much people like this story I might trop my first series for now. In other words if there isn´t hardly anybody reading this then I will trop this series for sure. I´m just testing out. You might want to hear about how this series is. It is coming now. Person lived as witch apprentice his whole live and is now dying. He was happy about how his live went but for some reason he came back to his younger self. At first he didn´t want to change anything but he finally choosed to change. Was it a wise choice?
8 207 - In Serial18 Chapters
Adopted By Laurenzside
Marlee is a 5 year old girl, she was dropped off at the adoption center around the age of two when her daddy killed her mommy. She always looks on the positive side. And for a 5 year old let's just say she is really smart.
8 209 - In Serial9 Chapters
Shintodo
(Hello someone commented asking if I could do a shinsou x todoroki so yea I'm gonna do that)Ships Shinkami (for the start)Bakudeku Kirikami (later in the fanfic)And then this ship shintodo What it's about They are both in ua but never talked to each other they sit beside each other todoroki only really talks to his close friends deku and bakugo but todoroki does have some kind of feeling for shinsou he just doesn't know what kind it is he knows it's not angry, shinsou is dating denki but denki has been cheating on him with kirishima and shinsou doesn't know about it yet shinsou wants to talk to todoroki but he doesn't know how or what to say because todoroki is so quiet and doesn't talk in class only once In a while
8 165

