《Best Friend Mean What?? (Completed)》3 (Zawgyi)
Advertisement
အပိုင်း (၃) - ပြောင်းလဲစပြုလာတဲ့ Yang Yu Teng
စာမေးပွဲပြီးတဲ့နေ့ ပျော်တဲ့အပျော်ကိုဘယ်လိုဖော်ပြရမှန်းတောင်မသိ။ မသိရင် စာမေးပွဲကိုခုမှစဖြေဖူးတဲ့အတိုင်းပင်။အင်းပေါ့ တူတော့ဘယ်တူမလဲ။ ခရီးထွက်ရမှာမို့ နှစ်ထပ်ကွမ်း ပျော်နေတာ။ ပြီးတော့ ခရီးကလည်း Lin Zi Hongနဲ့မို့ Yuအတွက်ကတော့ အပျော်ကြီးပျော်စရာပင်။
သူတို့အတူတူ Evanရဲ့အဖိုးအဖွားအိမ်ကို လာတဲ့လမ်းမှာထဲက အတော်ပျော်ဖို့ကောင်းခဲ့သည်။ Subway နဲ့လာကြသည်မို့ အတူတူ ဂိမ်းတွေဆော့ရင်းပါလာတာ အိပ်ဖို့တောင်သတိမရကြ။ ရောက်တော့လည်း ပတ်ဝန်းကျင်ရဲ့ ရာသီဥတုက Yuကို လန်းဆန်းစေသည်။ စိတ်ကပဲကြည်နေလို့လားမသိ မြင်မြင်သမျှက စိတ်ချမ်းသာစရာ စိတ်ကြည်နူးစရာ။ ဘေးကသုံးယောက်ကတော့ ပြောမနေနဲ့ တစ်ချိန်လုံး တဝူးဝူးတဝါးဝါးနဲ့ အသက်ထွက်၍ပင် ပျော်နေကြသည်။
Evan - မရောက်တာကြာပြီဆိုတော့ ငါ့အတွက်လည်း အသစ်လိုပဲ။ ရှေ့ 15မိနစ်လောက်လျှောက်ရင် အိမ်ကိုရောက်ပြီကွ။
Yu - 15မိနစ်မဟုတ်ပဲ နာရီဝက်လည်းလျှောက်နိုင်ပါတယ် ဒီလောက်မြင်ကွင်းတွေရော လေထုကရော လန်းဆန်းနေတာ
Lin Zi Hong - Wowww!! ငါတို့ရဲ့ ဆာကူရာပန်းလေးက ဒီလိုလည်း နူးညံ့ပါလား ဟားး ပတ်ဝန်းကျင်က Yang Yu Tengကို ပြောင်းလဲစေပြီထင်တယ်။
Yu - ငါစိတ်ကြည်နေလို့ လွှတ်ထားလိုက်မယ်။
Richard - မဟုတ်လဲ အမြဲ မင်းသူ့ကို နိုင်အောင်မှမပြောနိုင်တာကွာ။
လေးယောက်သား စကားပြောရင်းလျှောက်လာလိုက်တာ အိမ်ကိုတောင်ရောက်လာပြီ။ အဖိုးနဲ့အဖွားကမျှော်နေတယ်ထင်တယ် ထွက်တောင်ကြိုနေကြသည်။
အိမ်လေးကတော်တော်ကိုလှသည်။ တောအုပ်လေးထဲမှာ အိမ်လေးဆောက်ထားတဲ့အတိုင်း။ သစ်ပင်လေးတွေစိမ်းစိမ်းစိုစိုနှင့် ပင်မအိမ်ကြီး၏ဘေးတွင် တိုက်သေးသေးလှလှလေးတစ်လုံး။ ပုံပြင်ထဲက အိမ်လေးလိုပင် ချစ်စရာကောင်းလှသည်။
Evan - ဖွား အိမ်ပုံစံတွေကပြောင်းသွားလိုက်တာနော်။အရင်က ဒီလိုဟုတ်ပါဘူး။
Grandma - ဟုတ်တယ် မြေး တကယ်တော့ မင်းအဒေါ်တွေက ပြန်လာတော့မယ်တဲ့ ဟိုမှာ အဆင်မပြေလို့ထင်တယ်။အဲ့ဒါထားပါနောက်မှပြောမယ်။ မြေးရဲ့ ညီမသေးသေးလေးလည်းပါမှာဆိုတော့ ဟိုဘက်ကအိမ်လေးကို ထပ်ဆောက်လိုက်ရင်း အိမ်ကိုပါ နည်းနည်းပြင်လိုက်တာ။
Grandpa - မြေးတို့ အဲ့ဘက်မှာနေကြလေ မင်းတို့ချည်းဆိုတော့ လွတ်လွတ်လပ်လပ်ရှိတာပေါ့။ ထမင်းတော့ အတူလာစားကြနော်။
Yu တစ်ယောက် အပျော်ပေါ်အပျော်ဆင့်သွားပြီ။ သူဒီချစ်စရာကောင်းတဲ့အိမ်လေးမှာနေချင်နေတာလေ။
Lin Zi Hong - ဟုတ်ကဲ့ ကျေးဇူးပါ အဖိုးနဲ့အဖွား
ဒါဖြင့် နားကြနားကြဟုပြောကာ အဖွားတို့က ပြန်ထွက်သွားကြသည်။
Evan - Richardအဆင်ပြေတယ်မလား မူးနေလား။ နားချင်လား? ရေအရင်ချိုး စားသောက်ပြီးမှ နားမလား?
Richard - ဗိုက်ကတော့ မဆာသေးဘူးမို့ ခန နားလိုက်လားလို့။ တစ်နာရီလောက်ဖြစ်ဖြစ်လေ။
Lin Zi Hongကတော့ မျက်စိကို တမင်အပေါ်သို့လှန်တင်းရင်းး
"ဪ ခွေးစာတွေကျွေးပြန်ပြီ ငါတို့ကျ ဆာလည်း ဖြစ်ချစ်ရာဖြစ်ပေါ့ "
Richard - အေး ဖြစ်ချင်ရာဖြစ် မင်းက ငါလား သူ့ကောင်လေးမှမဟုတ်ပဲ။
Lin Zi Hong - တော်ဝောာ့ မျိုးမစစ်တွေ လာ Yu ကြည့်မနေနဲ့ ကျက်သရေတုန်းတယ်။
Evan - ဟေ့ဟေ့ အခန်းက နှစ်ခန်းထဲမို့ မင်းတို့ အတူနားလိုက်နော် ငါတို့က ဟဲဟဲ အတူတူခွဲမရတဲ့လူတွေလေ သိတယ်မလား။
Lin Zi Hong - အေး သိတယ် မျိုးမစစ်တွေရဲ့ နေတော့ ငါတို့နားပြီ။
အခန်းထဲ ဝင်လာတော့ ကုတင်တွေတော့မရှိသေး တစ်ယောက်အိပ် မွေ့ရာလေးတွေရယ် အိပ်ရာတစ်စုံစီကို နံရံဘေးနှစ်ဖက်အစွန်းတွေမှာကပ်ထားသည်။
Lin Zi Hong - ဟိုဘက် ဒီဘက် အဝေးကြီးပါလား။ ငါတို့ အတူတူအိပ်မလား တစ်ဖက်မှာ အထုပ်အပိုးတွေထားမယ်လေ မကောင်းဘူးလား။
Yu - မကောင်းပါဘူးကွာ။ သက်သက်စီနေစမ်းပါ ငါက ကပ်နေရင်မအိပ်တတ်ဘူး။
အင်းထွက်သွားတာတော့ ဒီလိုစကားတွေပေမယ့် သူ့ရင်ထဲ ထိတ်ထိတ်ပျာပျာနှင့် ဘယ်လောက် ပူထူသွားလည်း သူအသိဆုံး။
Lin Zi Hong - ပြောစရာပါပျောက်တယ်။ မင်းတော်တော်ဇီဇာကြောင်တဲ့ကောင် နေနေ။
ဆူဆူဆောင့်ဆောင့်နဲ့ အထုတ်တွေနေရာချတဲ့ Lin Zi Hongကို ကြည့်ရင်း Yu တစ်ယောက် ချစ်စနိုးပြုံးမိသည်။ ဒီ Lin Zi Hongလေးဟာ တနေ့တနေ့ပိုပိုချစ်ဖို့ကောင်းလာတာ သူ့အတွက် အန္တရာယ်သိပ်ရှိပါလား။
~tbc
Yours' Mina 🌟
Advertisement
- In Serial31 Chapters
Ghostly Bodies
John, an introverted medium, meets a ghost named Lona, an extroverted poltergeist. He is the first person she could speak to in what felt like forever to her. So, she follows him home and now he's stuck with a new roommate. She finds out she can possess dolls, which is pretty handy and they decide to buy her a sex doll and to learn American Sign Language. They fall for each other in the process. Ghostly Bodies Pitch Video I've decided to publish this as an official novel. If you want a physical copy, please consider buying it. Any future updates will be exclusive to this new edition.
8 226 - In Serial12 Chapters
Five Knives
Camilla Falk has lived alone for many years on the streets of Copenhagen, Denmark. She is a runaway and a criminal, and that's about it. Until suddenly Erika and her friends come into her life, and with them insures dangerous magic and powerful people. Camilla is thrown into an intricate murder that she must solve if she wants to live her own life peacefully. But solving the murder means getting close to the new people in her life, it means uncovering their secrets, and doing that means letting go of her own secrets.
8 131 - In Serial73 Chapters
The Alpha's Scarred Mate
#1 in literary awards 2017#2 in Literary#320 in Werewolf Nominated- Best Werewolf and Overall Story #literaryawards2017"Now you listen here ALPHA!" I hissed. "First thing you need to know is I make the rules here. I'm the boss. Not you." I stared him down, my rage fueling me to not submit to the power that was flooding out of him in waves. I held my ground as Travis's eyes turned a rageful black and his wolf growled as he realized I was not longer his submissive little mate, but instead a wolve challenging his authority and title.That's right bitch I'm a pissed off Luna and your sexy ass is going to submit to me!
8 255 - In Serial27 Chapters
CHB's Festival of Music
Complete StoryApollo sees how much the camper doubt know each other and sets up a festival, a singing festival where Will Solace, Nico Di Angelo, Percy Jackson, Annabeth Chase, Leo Valdez, Jason Grace, Piper McLean, Frank Zhang, Hazel Levesque, and Thalia all sing songs that they made. Proposals are made and gods and godessess watch their kids and find out what they actually thinkmade in 2018
8 226 - In Serial45 Chapters
My brother's girlfriend
လီလီ: "လီလီကကိုကြီးရဲ့ကောင်မလေးကိုလုတာမဟုတ်ပဲနဲ့ကိုကြီးရဲ့ကောင်မလေးကလီလီ့ကိုရွေးချယ်တာလေ"ခင်လေးနွယ်: " နင်တို့ခင်လေးနွယ်ဆိုတဲ့နာမည်ကိုမကြားဖူးခင်ကတည်းကလီလီနဲ့ငါကလက်ထပ်ပြီးနေပြီးလေ" ကိုစောခဲ : "ငါမင်းကိုအဝေးကေနငေးကြည့်နေရလဲအဆင်ပြေတာမို့လို့ေငးကြည့်ခွင့်တော့ပေးပါ "
8 137 - In Serial68 Chapters
Queen of Hearts ❤️
Read to find out dahhhh.... Trust me it's exciting 😊Btw. I just write and upload sorry for the errors as soon as I'm near finish writing I will start editingThanks for reading
8 82

