《Best Friend Mean What?? (Completed)》Yang Yu Teng (Yu) - zawgyi

Advertisement

" Lin Zi Hong မင်းမပြေးနဲ့ ရပ်နေစမ်း!! "

သူ့ကို လျှာထုတ်ပြောင်ပြပြီး ထွက်ပြေးသွားတဲ့ဒီအမျိုးသားလေး ...

မပြေးနဲ့သာဆိုတာ Yu Teng တစ်ယောက်က နေရာကနေတောင်မရွေ့ သူ့ကိုစသွားတဲ့ ဒီ အပြောင်အပျက်ကောင်ကို လိုက်လဲမမီမယ့်အတူတူ အပင်ပန်းမခံချင်တော့။

Lin Zi Hong နဲ့ Yang Yu Teng နဲ့က အလယ်တန်းကျောင်းသားဘဝထဲက သူငယ်ချင်းတွေ။ အဲ့လိုဆိုပေမယ့် ရင်းရင်းနှီးနှီးပေါင်းဖြစ်တာကတော့ တက္ကသိုလ်စတက်မှ။ Zi Hongနဲ့ မရင်းနှီးခင်ကတော့ သူထင်တယ် Zi Hong က အင်မတန် အနေတည်ပြီး ကြည့်တာနဲ့ အရှိန်အဝါတစ်ခုနဲ့ လန့်ဖို့ကောင်းတယ်ဆိုပြီး... ရင်းနှီးပြီးမှ သူသိလိုက်ရတာက Zi Hong က အင်မတန် ပေါတောတောနိုင်ပြီး တအားလည်း အစအနောက်သန်တယ်တယ်ဆိုတာပဲ။

အခုလဲကြည့်လေ ပင့်ကူရုပ်တစ်ရုပ်ကို သူ့ခေါင်းပေါ်ပစ်တင် ပခုံးကိုနောက်ကနေ ရိုက်ပြီး လျှာထုတ်ပြောင်ပြရင်း ထွက်ပြေးသွားတယ်။

"Yu Teng ကျောင်းကနေ ပြန်ရောက်လာပြီလား ညစာဘာနဲ့စားချင်လဲ ပါပါးဘာလုပ်ပေးရမလဲ"

Yu တစ်ယောက် ခေါင်းကိုသာ အသာခါယမ်းပြလိုက်တယ်။ Yuမှာက ပါးပါးပဲ ရှိတာ ရှိတဲ့ ပါးပါးနဲ့လည်း ဆက်ဆံရေးကသိပ်ပြေလည်တယ်ရယ်မဟုတ်ဘူး။ ငယ်ငယ်လေးထဲက မားမားမရှိခင်ထဲက ပါးပါးက သူ့ကိုပိုသန်မာစေဖို့ဆိုပြီး သူ့အရွယ်နဲ့မလိုက်အောင် လုပ်ချင်လား စိတ်ဝင်စားလား တစ်ခွန်းမမေး သူ့စိတ်တိုင်းကျ နေစေသည်။

သူကလည်း တစ်ချက်မှ အထွန့်မတက် ဒါလေ့လာဆို လေ့လာလိုက်သည်။ ဒီကျောင်းတက်ဆို တက်လိုက်သည်။ ကြာလာတော့ သူက စကားများများမပြောတတ်တဲ့ကောင်လေးဖြစ်လာပြီး ပါးပါးနဲ့ အနေစိမ်းလာသည်။ ပါးပါးကလည်း နားလည်သည်ထင်။တက္ကသိုလ်စတက်တော့ လိုက်လိုက်လျောလျောနဲ့ သူ့ဆန္ဒ‌တွေမေးလာသည်။ သူ့မျက်နှာကိုကြည့်တတ်လာသည်။ ဒါပေမယ့်ဘာလုပ်တော့မှာလဲ သူက နေသားကျနေပြီးပြီ။

သူငယ်ချင်းဆိုလို့လည်း သူ့မှာများများစားစားမရှိပါ။ သူငယ်ချင်းတွေကြားလည်း သူက နားထောင်သမား။ ‌သူတို့ပြောသမျှ ထိုင်နားထောင်သည် ရယ်သည်။ ဒါလောက်ပဲ။ Yang Yu Teng ဘဝက ဘာမှစိတ်ဝင်စားစရာမရှိ။

    people are reading<Best Friend Mean What?? (Completed)>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click