《Best Friend Mean What?? (Completed)》BFMW - Epilogue
Advertisement
အပိုင်း (၂၈) - သံသရာအဆုံးအထိ မင်းနဲ့ပဲ
အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းထဲတွင် ကောင်လေးနှစ်ယောက် ပစ္စည်းတွေနေရာချနေကြသည်။ ရှပ်အင်္ကျီဝတ်ထားပြီး ဆံပင်တိုတိုနဲ့ကောင်လေးက ကတ္ထူဘူးအကြီးကြီးတစ်ခုကိုမရင်း စကားစသည်။
"ဒါတွေက အိပ်ခန်းထဲရွှေ့ရမှာလား ပေါင်ပေ့"
"ဘာကြီးတွေလဲ"
"စာအုပ်စင်လေ ဆင်ရမယ့်ဟာတွေ"
"အင်း အခန်းထဲမှာပဲ ဆင်လိုက်မယ် အခန်းထဲရွှေ့ပေးနော်"
တီရှပ်အပွလေးကို ဝတ်ပြီး ဆံပင်အရှည်တစ်ဝက်လေးကို စီးထားတဲ့ကောင်လေးက အပြုံးလေးနှင့် ပြောတော့ ကျန်ကောင်လေးက 'ဟုတ်ပါပြီဗျာ' ဟုပြောရင်း အပေါ်ထပ်သို့တက်သွားသည်။
ဒီနေ့က သူတို့ချစ်သူသက်တမ်း ၇နှစ်မြောက်
တကယ်ကိုပဲ ၇ နှစ်က ခုပြန်တွေးရင်း ခဏလေးလိုပဲ လို့ Lin Zi Hong တွေးမိသည်။
မားရဲ့ Company ကို သူကပဲ ဦးစီးနေရတော့တာမို့ လင်းလောင်ပန်ဆိုတဲ့ နာမည်တောင် တွင်နေပြီဖြစ်သည်။ သူ့ကောင်လေးသည်ပင် ထိုသို့မကြာခဏခေါ်တတ်သေးသည်။
"လင်းလောင်ပန် တစ်ခါထဲ ဆင်နေတာတာလားလို့ ကြာနေလို့"
"အင်း တစ်ခါထဲပဲ တပ်လိုက်မလားလို့"
"အင်း ကူပေးမယ်လေ"
စာအုပ်စင်ကို တပ်ဆင်ပြီး တစ်ခါထဲ စာအုပ်တွေကို စီရီနေရင်း
"ပေါင်ပေ့"
"ဟင်"
"ကျေးဇူးတင်ပါတယ်"
"ဘာကိုလဲ"
"ကိုယ်နဲ့ အတူရှိဖို့ကို ရွေးချယ်ပေးလို့ ကိုယ့်ကိုချစ်ပေးလို့"
"အိုက်ယား လင်းလောင်ပန်ကတော့ အီစီကလီစီတွေမပြောစမ်းပါနဲ့"
"ပေါင်ပေ့"
Yu Teng မော့ကြည့်မိတော့ Lin Zi Hong က သူပြိုလဲစေမယ့် အကြည့်တွေဖြင့် ကြည့်နေတာကြောင့် ချက်ချင်း မျက်လုံးလွှဲလိုက်မိသည်။ ဒီမျက်လုံးတွေ တကယ်ကိုပဲ ဒီမျက်လုံးတွေကို ခုထိ သူခံနိုင်ရည်မရှိသေး။ Lin Zi Hong အခု ဘာကိုဦးတည်နေတာလဲ ဆိုတာ သူသိသည်။ ဒါပေမယ့် မဖြစ်သေးဘူးလေ။ သူတို့ ပစ္စည်းတွေနေရာချလို့မှမပြီးသေးတာ ...
"ပေါင်ပေ့လို့"
"ပစ္စည်းတွေ နေရာချပြီးမှ ကျန်တာပြော"
"တကယ်လား ပစ္စည်းတွေ နေရာကျသွားရင် ရပြီပေါ့"
"အင်း"
ပစ္စည်းတွေကို နေရာတကျထားနေပေမယ့် သူ့အတွေးတွေက သူတို့အတူတူဖြတ်သန်းကုန်လွန်ခဲ့တဲ့နှစ်တွေဆီ ကူးလူးသွားသည်။
သူတို့ ဘွဲ့ရပြီး တစ်နှစ်... သူတို့မှာ အလုပ်ကိုယ်စီရှိနေပြီ။ အလုပ်တွေကတော့ ခက်ခဲတုန်းပဲ။ Lin Zi Hong ကတော့ ကျောင်းမပြီးခင်ထဲက လေ့လာရင်း စခဲ့တာမို့ သူ့အတွက်အလွန်အကြူးမခက်ခဲခဲ့ပေမယ့် စလုံးရေစတဲ့ သူ့ကောင်လေးကတော့ တော်တော်လေးကို ခက်ခဲခဲ့သည်။ ဒါပေမယ့် သူတို့ ချစ်သူဘဝလေးကတော့ အဆင်ပြေပြေ အနှောင့်အယှက်ကင်းတုန်းပဲ။ ပိတ်ရက်တွေမှာ အလုပ်အတွက် တိုင်ပင်ရင်း တစ်ခါတစ်လေ အတူတူ date လုပ်ကြရင်း ...
လွန်ခဲ့တဲ့ ၃နှစ်လောက်မှာပဲ Yu Teng ဘက်က Tō San ကို သူတို့က ချစ်သူတွေဖြစ်ကြောင်း ထုတ်ပြောခဲ့တယ်။ တကယ်ကိုပဲ သူတို့ရဲ့ အခက်အခဲဆုံးကာလက ထိုကာလတွေပဲဖြစ်တယ်။ Yu Teng အဖေက Lin Zi Hong နဲ့ မဖြစ်နိုင်ကြောင်း နှစ်ယောက်လုံးကို ခေါ်ပြောပြီး တစ်ယောက်ပြီးတစ်ယောက်နဲ့ အိမ်ထောက်ဘက်တွေ့ခိုင်းတော့တယ်။
အဲ့ဒီကာလတွေမှာ နှစ်ယောက်လုံးပြန်မသွားချင်လောက်တော့တဲ့အထိ ပင်ပန်းခဲ့သည်။ Lin Zi Hong ရဲ့အဆင်ပြေနေတဲ့လုပ်ငန်းကလည်း အနှောင့်အယှက်တွေဝင်လာတာမို့ ပင်ပန်းတာအပြင် ကောင်လေးရဲ့ အဖေဟာ သူ့ကိုအမြင်မကြည်လင်တာမို့ သူတို့ရဲ့ အေးစက်တဲ့နေ့ရက်တွေ ဖြစ်ခဲ့သည်။
Yu Teng ရဲ့ ကုမ္ပဏီကတော့ အဆင်ပြေစပြုလာပြီ... နှစ်နှစ်အတွင်း ၃၀% မရခဲ့ပေမယ့် သူတို့ အရှုံးတော့မရှိတော့။ သူတို့ရဲ့ တစ်ခုတည်းသော အသက်ရှုချောင်စေတဲ့အရာက အဲ့ဒါပဲ... တောက်လျှောက်အဆင်မပြေတာကနေ အရာထင်လာခဲ့တာမို့ အားတင်းထားနိုင်ခဲ့တယ်။
နှစ်ယောက်လုံးရဲ့ အလုပ်တွေ အဆင်ပြေလာကြပြီ။ Yu Teng ကတော့ အိမ်ထောင်ဘက်တွေနဲ့သွားတွေ့ပြီး နည်းလမ်းမျိုးစုံနဲ့ ငြင်းနေရတုန်းပဲ။
မားရဲ့ ကျန်းမာရေးမကောင်းဘူး။ မားက တောက်လျှောက် သူတို့နှစ်ယောက်ဘက် ရပ်တည်ပေးခဲ့ပေမယ့် အလုပ်ကြောင့်ရော အပူတွေကြောင့်ရော မားကို သိပ်ဂရုမစိုက်နိုင်ခဲ့ဘူး။
Lin Zi Hong ရဲ့ အကြီးမားဆုံးနောင်တက ဒီနှစ်တွေထဲ မားကိုဂရုမစိုက်နိုင်ခဲ့တာပဲ။ မားဘယ်လောက်အထီးကျန်နေမလဲ။ မားမှာ သူတစ်ယောက်ထဲရှိတာတောင် သူက သတိလက်လွတ်နေခဲ့မိတယ်။ မားကို ဆုံးရှုံးရင် သူ့ရဲ့ကျန်တဲ့နေ့တွေမှာ ဘယ်လိုမှအပြည့်အဝ မပျော်ရွှင်နိုင်တာမို့ မားအပေါ်ပဲအပြည့်အဝ အာရုံထားပြီး ဂရုစိုက်ခဲ့တယ်။
သူပူခဲ့သလိုမျိုး မားရဲ့ရောဂါက ကြီးကြီးမားမားမဟုတ်တာမို့ တော်သေးသည်။ အလုပ်ရယ် မားရယ် မားရယ် အလုပ်ရယ်ကိုပဲ အာရုံစိုက်ရင်း Yu Teng အပေါ် ချစ်သူတာဝန် မကျေနိုင်ခဲ့။
ဒါပေမယ့် သူ့ကောင်လေးက အရင်လိုမဟုတ်ပဲ ရင့်ကျက်လာပြီး သူ့အပေါ်နားလည်ပေးခဲ့တယ်။ တစ်ခါတစ်လေ မားဆီလာပြီး မားကိုဂရုစိုက်ပေးတယ်။
Yu Teng အဖေကတော့ ဒီကာလတွေမှာ သူ့စိတ်ကြိုက်ဖြစ်ခဲ့မှာပေါ့။ သူတို့နှစ်ယောက်ကြားက အချစ်ကို ပျက်ရယ်ပြုဖို့ အချိန်ကောင်းတစ်ခုဖြစ်ခဲ့ပေမယ့် စိတ်မကောင်းစရာပဲ ... ဒါကိုလည်း သူတို့ဖြတ်ကျော်နိုင်ခဲ့တယ်။
ကျောင်းသားဘဝတုန်းက ကြည်နူးမှုအပြည့်နဲ့ သူတို့ ရည်းစားဘဝလေးက ဘွဲ့ရပြီးနောက် ... Yu Teng အဖေသိပြီးနောက်... ပြောင်းလဲသွားပေမယ့် နှစ်ယောက်လုံး လက်မလျော့ခဲ့။ Yu Teng မရှိမယ့် Lin Zi Hong အနာဂတ် Zi Hong မရှိမယ့် Yang Yu Teng အနာဂတ်ဟာ ဘာများ မက်မောအသက်ရှင်ချင်စရာရှိလို့လဲ။ အဲ့ဒီစိတ်နဲ့ပဲ သူတို့ နှစ်ယောက် ရှေ့ဆက်ခဲ့ကြတာ။
Advertisement
Yu Teng တို့ရဲ့ Game Company က တော်တော်လေးဆိုတာထက်ကို ပိုပြီး ဒီနှစ်တွေမှာ အဆင်ပြေလာခဲ့တာ။ Game တစ်ခု Promote မလုပ်ခင် Game Characters တွေကို မိတ်ဆက်ထဲက လူတွေရဲ့ စိတ်ဝင်စားမှုကို သူတို့ ရရှိခဲ့သည်။
Yu Teng ဟာ Animation ဘက်မှာလဲ ထူးချွန်တာမို့ Character တွေကို သူကိုယ်တိုင် တီထွင်ထားတဲ့ Animation တွေနဲ့မိတ်ဆက်ကာ Role Play အတွက် ကုမ္ပဏီကပင် တရားဝင်ကျင်းပပေးခဲ့သည်။ ထိုပွဲသည် တကယ်ကိုပင် နိုင်ငံအရပ်ရပ်ကလူတွေပါဝင်သည်ထိ နာမည်ကြီးကာ စူစမ်းစိတ်ဖြင့် ကစားလိုသူတွေ များပြားလာသည်။
Yu Teng က သူ့အဖေနဲ့ အလောင်းအစားပြုခဲ့တဲ့အတိုင်း ၂နှစ်အတွင်း အမြတ်အစွန်းဟာ ၃၀% မရခဲ့ပေမယ့် ၄ နှစ်အတွင်း ထင်မထားလောက်အောင် အမြတ်အစွန်းတွေရခဲ့တာမို့ သူ့အဖေရဲ့ ကတိအတိုင်း Yu Teng လုပ်ချင်တာကို ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့်လည်း အဆုံးစွန်ထိ သူတို့ကို ဆန့်ကျင်ဆဲပဲ။ သို့သော်ငြားလည်း ထပ်ပြီး အိမ်ထောင်ဘက်မတွေ့ပေးတော့ဖို့ကိုတော့ သူလက်ခံခဲ့တယ်။ သူ့တို့ အစီအစဉ်တချို့အောင်မြင်ခဲ့တဲ့ နှစ်ပေါ့။
နောက်ဆုံးတော့သူတို့အတူရှိနိုင်ပြီ။ ဒီအတောအတွင်း အခက်အခဲအများကြီးကို ကျော်ဖြတ်ပြီးပြီမို့ သူတို့အတွက်ထိုက်တန်သည်လို့ပဲ သဘောထား၍လား ပြောမနိုင်တော့လို့ ဖြစ်ချင်ရာဖြစ် လွှတ်ထားလိုက်တာလားတော့မသိ။ Yu Teng အဖေက သူတို့အပေါ် အရင်လို ကန့်ကွက်ခြင်းမရှိတော့။ ဒါပေမယ့်လည်း ခွင့်ပြုလိုက်တာတော့လည်း မဟုတ်။
သူတို့ကလည်း ခွင့်တောင်းစရာမလိုတော့ဘူးဟု သတ်မှတ်ကာ သူတို့အတူတူရှိနေဖို့ ဆုံးဖြတ်လိုက်ကြသည်။ မားရှိတဲ့နေရာနဲ့ နီးတဲ့ Apartment တစ်ခုကို ဝယ်ယူပြီး နှစ်ယောက်အတူ ရွှေ့ပြောင်းခဲ့ကြသည်။ မားနဲ့အတူနေဖို့ကလည်း မျက်နှာပူစရာကောင်းသည်မို့ သူ့ပေါင်ပေ့ရဲ့ အကြံအတိုင်း ဒီလိုလုပ်ဖို့ဆုံးဖြတ်ခဲ့သည်။
တစ်ခုထူးခြားတာက သူတို့က မားအတွက် စဉ်းစားပြီး အတူတူနေဖို့ အဆိုတင်သွင်းခဲ့ပေမယ့် မားကိုယ်တိုင်က ခွဲနေဖို့သာ တိုက်တွန်းခဲ့သည်။ ပြီးတော့ မား တစ်စုံတစ်ယောက်ကိုများတွေ့နှင့်နေပြီလားဟု သူသံသယရှိမိသည်။ ဒါပေမယ့်လည်း မားကိုယ်တိုင် ပြောမယ့်အချိန်ကိုပဲ သူစောင့်ချင်တာမို့ ဘာမှတော့မမေးလို။
_____________________________
နောက်ဆုံးတော့ မနေ့ထဲက နည်းနည်းချင်းရွှေ့ပြီး နေရာချနေတဲ့ ပစ္စည်းတွေက ဒီနေ့ ညနေမှာတော့ နေရာတကျဖြစ်သွားပြီ။ သူတို့ အိပ်ရာက ခုံလေးမှာ ဓာတ်ပုံလေးတစ်ပုံကိုတင်လိုက်သည်။ ဒီပုံလေးက အတူတူဘွဲ့ယူတုန်းက ရိုက်ထားတဲ့ပုံလေးဖြစ်ပြီး ဒီပုံလေးထဲမှာ နှစ်ယောက်လုံးက ရယ်နေကြသည်။
သူ့ကောင်လေးက သူ့ကျောပေါ်တက်ကာ သိုင်းဖက်ထားသည်။ သူက မနိုင်မနင်းနဲ့မို့ ဟန်ချက်ပျက်ကာ ကို့ရို့ကားယားဖြစ်နေတဲ့ပုံလေး... ပုံလေးကိုကြည့်ရင်း ကြည်နူးနေဆဲမှာပဲ သူ့ချစ်သူကောင်လေးက ဆူပွပွအသံပြုကာ သူ့ဘေးအိပ်ရာပေါ်ကို ဝင်ထိုင်သည်။
"ကောကော ဗိုက်ဆာတယ်"
ပြောလည်းပြော လူကလည်းအားမရှိသလို သူ့နားကပ်ကာ မှီလာတာမို့ သူ့မှာ သဘောတကျရယ်ရင်း
"ဘာမှာစားကြမလဲ ပေါင်ပေ့"
"ငါ ခုချိန် ဘာစားစား အရသာရှိမှာ ဗိုက်တအားဆာနေပြီ"
"ကိုယ်လည်း ဆာတယ် ... မင်းနှုတ်ခမ်းတွေကို"
Lin Zi Hong က စကားကို တစ်ဝက်တစ်ပျက်ဖြင့်ရပ်ကာ မြူစွယ်လိုတဲ့ မျက်လုံးတွေဖြင့် ' မင်းနှုတ်ခမ်းတွေကို ' ဟုဆိုလာရင်း သူ့နှုတ်ခမ်းတွေပေါ် လာနားတော့တယ်။
သူလည်း အသာလေးငြိမ်နေပေမယ့် Lin Zi Hong က မရပ်တော့ ... အနမ်းတွေက ပိုနက်ရှိုင်းလာကာ သူအသက်ရှုရခက်တဲ့ထိ ဖြစ်လာတာမို့ သူ ရင်ဘတ်ကို လက်ဖြင့်တွန်းရင်း ရုန်းရတော့သည်။
"Lin Zi Hong အမဲဖျက်နေတာလား ဗိုက်ဆာပါတယ်ဆို"
"မောနေမှာစိုးလို့ အားသွင်းပေးတာကို အကောင်းမမြင်ပေးဘူး"
"ချီးကို အားသွင်း အားပိုလျော့သွားပြီ ငါရေချိုးတော့မယ် ညစာမှာထားပေးနော် ထွက်လာလို့ မမှာရသေးဘူးဆိုရင် မင်း ငါနဲ့လာမအိပ်နဲ့"
သူ့စကားသံအဆုံးမှာပဲ 'ခုပဲ မှာဖို့ App ထဲဝင်နေပါပြီ ခင်ဗျာ' ဆိုတဲ့ ရယ်သွမ်းသွမ်းအသံကို ကြားလိုက်ရသည်။ Lin Zi Hong က တကယ့် လူဆိုးကောင်။ ခင်ဗျားတို့ကတော့ Lin Zi Hong လေးက စိတ်သဘောထားပြည့်ဝပြီး ချစ်သူပေါ်အလိုက်သိတတ်တဲ့ လိမ္မာတဲ့ကောင်လေးလို့ ထင်ကြမှာပဲ။ သူမလိမ္မာတာ ဒီ Yang Yu Teng ဆိုတဲ့ ကျွန်တော်ကလွဲပြီး ဘယ်သူသိမှာလဲ။ အပေါ်ယံကြည့်ပြီး Yang Yu Teng က ဆိုးတယ်လို့ မဆုံးဖြတ်ကြပါနဲ့ဗျ!!
______________________________
သူ့ရဲ့အလိုက်သိတဲ့ချစ်သူကောင်လေးက သူ့အကြိုက် ရှန်ပိန်တွေကိုလည်း ပြင်ဆင်ပေးထားတာမို့ အမှတ်ပိုပေးလိုက်သည်။ ဒါပေမယ့် ဒါတွေအားလုံးက Lin Zi Hong ရဲ့ ကြိုတင်စီစဉ်ထားတဲ့ အကွက်တွေလို့ ဘယ်သိပါ့မလဲ။ ယမကာဆိုရင် ဘာဖြစ်ဖြစ် အကုန်လာထားဆိုတဲ့ Yang Yu Teng က ဘာအတွေးမှမရှိပဲ ပျော်ပျော်ကြီး သောက်တော့တာပေါ့။
ပြောရခက်တဲ့ကောင်လေးက ဒီနေ့အိမ်ပြောင်းရတာ ပင်ပန်းတယ်ဆိုပြီး သူ့တို့ Anniversary နေ့ကို ဒီတိုင်းကျော်ချသွားမှာ သူသိသားပဲ။ ပုံမှန်ဆို ပြောရခက်တဲ့ ကောင်လေးက ရီဝေဝေဖြစ်တာနဲ့ ပြောရဆိုရ အဆင်ပြေပြီး အကုန် လိုက်လျောတတ်တာလဲ သူသိသားပဲ။ ချစ်သူသက်တမ်းတင် ၇နှစ်ရှိနေတဲ့ Lin Zi Hong ပါ။ Yang Yu Teng သူ့လက်ထဲရှိနေတဲ့ သူငယ်ချင်းကာလတွေပါ ထည့်တွက်လိုက်ရင် Yang Yu Teng အကြောင်းကို Yang Yu Tengထက် ပိုသိဖို့ အကြောင်းအရင်းလုံလောက်ပြီမလား။
နှစ်ယောက်အတူတူ တရားဝင်ဖြစ်သွားလို့လား၊ အမြဲ လိုက်လျောနေကြ Anniversary နေ့မလို့လား မသိ ဒီည သူ့စိတ်တွေကို ထိန်းချုပ်လို့မနိုင်။ ခေါင်းလျှော်ထားခါစ ဂုတ်လောက်ဝဲနေတဲ့ဆံပင်အရှည်လေးနဲ့ Yang Yu Teng ဟာ အရင်နေ့တွေကထက် သူ့ကို ပိုဆွဲဆောင်နေတယ်လို့ ခံစားနေရသည်။ ရှန်ပိန်တွေမြည်းစမ်းနေတဲ့ နှုတ်ခမ်းတွေကို သူလည်းပဲ အရသာခံချင်သည်။ ထိုအချိန်မှာပဲ သူ့အတွေးထဲ အကြိမ်ကြိမ်နမ်းနေပြီးသားဖြစ်တဲ့ နှုတ်ခမ်းလေးက ဖွင့်ဟလာသည်။
"ကောကောက မသောက်ဖူးလား"
တမင်မှေးစင်းထားတဲ့ မျက်လုံးတွေကို ထောင့်ကပ်ရင်းဖြင့် တိုးသဲ့သဲ့ပြောလာတဲ့ Yu Teng အသံ။ သူ့ရင်ထဲ ဗုန်းခနဲ တစ်ခုခုပေါက်ထွက်ပြီး သူ့နှလုံးသားကို လာစင်သလို ဆစ်ခနဲဖြစ်သွားသည်။ မရတော့ ဒီလောက် ဆွဲဆောင်နေတဲ့ကောင်လေးကို သူအလွတ်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့။
ဒီညမှာတော့ Yang Yu Teng ကို အပိုင်သိမ်းဖို့ Lin Zi Hong အဆင်သင့်ဖြစ်နေပါပြီ။
The End.
Yours' Mina 🌟
Advertisement
- In Serial7 Chapters
The Ordinary Me And Unordinary Her
An ordinary high school guy was heavily run over by a truck when he crossed the street and died. Or so he thought, but he woke up only to find his body perfectly healthy on a hospital bed next to a paled nurse as if she had witnessed a dead person coming to life. The next day, he was met with many unfortunate events that almost took away his life once again. Yet he prevails each time by a hairbreadth. This is a slice of life of a perfectly normal high school guy. ... The book cover was drawn by me since I still can't draw a portrait, it is what it is. *** Schedule update: 1 Chapter a day until Chapter 15
8 95 - In Serial13 Chapters
Trash
Low self-esteem leads to depression. A disease that plagues our society today. It controls people without them even realizing it; their thoughts, actions, and emotions. We should always be observant of our loved ones and support them because we never know who's already at the edge. A gift, a phone call, a smile can go a long way never hesitate or it might be too late. A college student, after an unsuccessful attempt to kill himself in the depths of depression, meets someone special in his life. Will this person help him to gain confidence? Or will he only go further down the depths of despair...
8 155 - In Serial30 Chapters
Billions Of Reasons
Xander Hopkins wasn't a happy camper despite being handsome, a pretty smart cookie, and one of the wealthiest men on the planet. With false accusations, questioned loyalties, and his father's usual nagging... the young billionaire would never believe this was the day he'd meet the love of his life.
8 166 - In Serial17 Chapters
The knight family (sequel to Mr.&Mrs Knight )
The beginning of the sequel of Mr.&Mrs Knight is out! Follow the journey of the Knight family. See what life has in-store for them.
8 176 - In Serial10 Chapters
Mysterious Blue (KnB Fanfic)
There's another side of Japan that carries non humans, where a royal family rules over all monsters. One secret is that the royal family has a child, growing up in the castle reading novels and training to be the next ruler after his father. Now that he turns into a senior, his parents gives him a chance to experience how it feels to be out in the open and meet new people. But his identity remains a mystery to the outer world for him to be protected. ~Will this secret remain until than? ~Who is the hidden child? ~How strong will the prince be until he rules over?
8 155 - In Serial18 Chapters
His Stubborn Beauty (Sequel#1 To UFW)
(UFW sequel#1) (Unwanted series#2)Sania, a girl who hated men, a girl who lived in village, a girl who was abused by her father, a girl who was very stubborn, a girl who can do everything to give all the women of her village their rights. Zain, a rich man, CEO of his father company which was now touching sky because of his efforts, a boy loved by all the girls, a boy who cared about his family only, a boy who can do anything for his family.What will happen when they both tied into a knot of marriage for a mistake which they never did? Will Sania ever fall in love with Zain? Or will Zain fall in love with Sania?A little warning, this book contains few of the dark senses.
8 145

