《Best Friend Mean What?? (Completed)》BFMW - 23
Advertisement
အပိုင်း (၂၃) - Ge Ge မင်းရဲ့ချစ်သူကောင်လေးကမှားပါတယ်။
"အိမ်ပြန်မယ်ဆို မင်းအိမ်ကိုအရင်ဝင်လိုက် ပြီးရင် ကိုယ့်ဘာသာပဲ ဆက်မောင်းသွားလိုက်မယ်"
"မဖြစ်ပါဘူး မူးနေတာကို"
"မမူးတော့ပါဘူးဆို ရပါတယ်ဆိုနေ"
"မား ကိုပြောပြီးပြီ Yu Teng ဆီမှာပဲအိပ်တော့မယ်လို့"
"မားက ငါ့ကိုသိလို့လား"
"မသိပဲနေမလားကွာ ကိုယ်ပြောပြောနေမှ သိတာပေါ့"
Yu Teng ပိစိလေးတော့ ကျေနပ်သွားသည်။
"မားက အိပ်တဲ့လား"
"အင်းပေါ့ မားက အိမ်မှာမရှိရင် Yang Yu Teng အိမ်မှာဆိုတာသိပြီးသား စိတ်ပူမနေနဲ့"
"အင်း"
--------------------------------------------------
ဒီတစ်ခေါက်ပိတ်ရက်အပြီးမှာ Yu Teng တို့နှစ်ယောက် ဆက်ဆံရေးက အရင်ကထက် အများကြီးတိုးတက်လာတယ်။ Lin Zi Hong က နေ့တိုင်း ချစ်တယ်လို့ပြောပြီး Yu Teng ကလည်း မဖြစ်မနေ ပြန်ပြောရတယ်။ ဒီလိုသာမပြောဘူးဆိုရင် Lin Zi Hong က သူ့ရဲ့နှုတ်ခမ်းတွေကို အပြစ်ပေးတတ်တယ်။ တစ်ခါတစ်လေ သူ အပြစ်ခံယူလိုလို့ ညစ်ပြီးမပြောတဲ့အခါတွေတောင်ရှိသေးတယ်။
ဒါပေမယ့် Lin Zi Hong ကတော့ ဒါတွေကိုဘယ်သိမလဲ။ အမြဲတမ်း ပြောရခက်တဲ့ လူဆိုးလေးလို့ပဲ ရေရွတ်တတ်တာ။ ပြီးတော့ ယောက်ျားတွေက မရခင်က ဖျာလိုလိပ်ပြီး ရသွားရင်ကျ ချနင်းတတ်တယ်လို့လည်း စကားနာထိုးတတ်သေးတယ်။
သူ Lin Zi Hong ကို အများကြီးချစ်ပြီး ချစ်ကြောင်းလဲပြချင်ပေမယ့် သူ့ကို အမြဲ ဖူးဖူးမှုတ်ထားတဲ့ Lin Zi Hong ချစ်တတ်မှုတွေအောက် သူက ဘယ်လိုယုံကြည်မှုရှိရှိနဲ့ ချစ်ပြနိုင်တော့မလဲ။ သူ့လုပ်ရပ်လေးက အရာမထင်ရင်ဘယ်လိုလုပ်မလဲ။ အဲ့တော့ အကောင်းဆုံးက ငြိမ်ငြိမ်လေးနေပြီး အချစ်ခံရတာပဲလေ။
ဒါပေမယ့် များမကြာမီမှာပဲ သူ Lin Zi Hong ပစ်ကြွေသွားမယ့် လုပ်ရက်တစ်ခုလုပ်ဖို့ ဖြစ်လာခဲ့တယ်။
အဲ့ဒီနေ့မှာ Lin Zi Hong ဟာ သူ့မားရဲ့ အလုပ်ကိစ္စအတွက် အဖော်လုပ်ပြီး ကားမောင်းပြီးလိုက်ပို့ဖို့ ပိတ်ရက်နှစ်ရက်လုံး သူတို့မတွေ့နိုင်ဘူး။ နေ့တိုင်းတစ်ရက်မှမခွဲတဲ့ မုန့်လင်မယားလေးတွေမို့ သူတို့မနေတတ်ဘူးလေ။ တော်တော်ဖြစ်တယ်ပြောရင်လည်း တော်တော်ဖြစ်တယ်တယ်ပေါ့ မင်းတို့မှာ ဒီလိုဖြစ်ဖို့ ကောင်လေးမှမရှိကြတာ။
မသွားခင် ညဘက်ထဲက we chat မှာ အလွမ်းဇာတ်တွေခင်းပြီး နောက်နေ့မနက်မသွားခင်မှာလည်း ဖုန်းဆက်ပြီး မှာတမ်းခြွေလေတော့တယ်။ သူ တစ်နာရီတစ်ခါ ဖုန်းဆက်မည်ဖြစ်ကြောင်းရယ် အပြင်ထွက်မစားပဲ အိမ်မှာပဲမှာစားပြီး ဘယ်မှမထွက်ဖို့ရယ် အဆာမလွန်စေဖို့ရယ်ပဲ တစ်တွတ်တွတ်ပြောလွန်းလို့ သူစိတ်ပါနောက်လာရသည်။
Lin Zi Hong ဟာ တစ်ကယ်ကြီး တစ်နာရီတစ်ခါ ဖုန်းဆက်တော့ သူ့မှာအံ့ဩရသည်။ မားရှိနေတာမို့ သူဒီလိုဆက်မယ် ဘယ်ထင်ပါ့မလဲ။ နောက်တော့ သူရုပ်ရှင်ပဲကြည့်နေမှာမို့ စိတ်မပူပဲ ဟော်တယ်ရောက်မှသာ ပြန်ဆက်ဖို့ ပြောလိုက်ရတော့သည်။
---------------------------------------------------
Lin Zi Hong တကယ်ကြီးစိတ်တိုလာသည်။ ဟော်တယ်ရောက်မှဆက်ဆိုလို့ သူ့မှာဟော်တယ်ရောက်ဖို့ စိတ်လောနေပြီး ရောက်ရောက်ချင်း Yang Yu Teng ကို ဖုန်းဆက်ခဲ့ပေမယ့် မကိုင်ခဲ့။
ဟိုတလောတုန်းက Yang Yu Teng ရဲ့အဖေဟာ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးပြီး အိပ်ထောင်ဖက်တွေ့ခိုင်းသည်။ သူသိသိချင်း စိတ်တွေပူကာ Yang Yu Teng ကို ဘယ်သူ့ဆီမှမပေးနိုင် လက်မလွှတ်နိုင်တဲ့ စိတ်တွေနဲ့ ပူလောင်ပြီး လိုက်ချောင်းရသေးသည်။
Yu Teng က အိမ်ပြန်လာပြီး သူ့ကိုမချွင်းမချန်အကုန်ပြောပြပေမယ့်လည်း Yu Teng ကသူ့ဘက်မှာပဲရှိနေပေမယ့်လည်း သူစိတ်မချ။ Yu Teng အဖေက သူတို့နှစ်ယောက်ကြားသွေးခွဲပြီး အတင်းစီစဉ်လိုက်ရင် သူဘယ်လိုလုပ်မလဲ။
သူ့ကို အမဲသားစကျွေးတာဟာ Yang Yu Teng ဖြစ်ပြီး အခုလို သူ့ဘက်ကအရူးရင့်မှ ထားခဲ့ခံရရင် သူဘယ်လိုမှမရပ်တည်နိုင်။ သူက Yang Yu Teng ကိုစောင့်ရှောက်ဖို့ အရည်အချင်းလည်း မပြည့်မီသေးသည်မို့ မားရဲ့ လုပ်ငန်းသေးသေးလေးကို သူလေ့လာနေရသည်။ သူခုချိန်ထဲက ကြိုးစားမှ ကျောင်းပြီးတာနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒတွေကပြည့်ဝလာမှာမလား။
ဒါပေမယ့်လည်း ဒီလိုကြိုးစားနေရတာမို့ သူ့ကောင်လေးနားမှာ အရင်လို ကပ်တွယ်နေလို့မရတော့။ သူစိတ်ပူတယ် သူမရှိတုန်း ပရောဂတစ်ခုခုကြောင့် Yu တစ်ယောက်ယောက်နဲ့ တွေ့နေမှာကို တွေးပူတယ်။ အဲ့ဒါကြောင့် သူအမြဲ Yu ဘာလုပ်နေလဲ သိဖို့လိုသည်လေ။
ဒါကို ဒီကောင်လေးက သူ့ဖုန်းကိုမကိုင်ပဲ နေရဲတယ်။
" Zi Hong သား အလုပ်မှာစိတ်မရှိဘူးလား မားလုပ်ငန်းသေးသေးလေးကို သားက အကြီးကြီးဖြစ်အောင်လုပ်မှာဆို ငါ့သားက လေအိုးလေးပဲ ခုကျ စိတ်တွေပျံ့လွင့်နေတယ်"
"မဟုတ်ပါဘူး မား"
သူမတတ်သာတော့။ သူအလုပ်ကိုပြီးအောင်လုပ်မှ သူမြန်မြန်ပြန်လို့ရမယ် လို့တွေးပြီး မားအမြင်ကြည်အောင်ဘအလုပ်တွေပဲ ဖိလုပ်လိုက်တော့တယ်။
-----------------------------------------------------
Yu Teng ရုပ်ရှင်ကြည့်ရင်း အိပ်ပျော်သွားတာမို့ နိုးနိုးချင်းဖုန်းကိုကြည့်တော့ Zi Hong ဆက်ထားတဲ့ Missed Call တွေသာ ၃၆ ခါတိတိ။ သူခေါင်းပေါ် တူကြီးနဲ့ထုလိုက်သလို ခံစားလိုက်ရသည်။ ဒုက္ခပဲ သူ့ကောင်လေးက သူ့ကို စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။ သူချက်ချင်းပဲ Zi Hong ဆီ ဖုန်းခေါ်လိုက်သည်။
တဒူဒူနဲ့ဖုန်းမြည်သံသာ ဆုံးသွားပေးမယ့် ဖုန်းကကိုင်မယ့်သူ မရှိ။ တကယ်ကြီးသူ့ကို စိတ်ဆိုးပြီး ဖုန်းတောင်မကိုင်တော့ဘူးလား Lin Zi Hong က။ သူ ဖုန်းတွေခေါ်မရတဲ့ အဆုံး စာတွေပို့ဖို့သာ ဆုံးဖြတ်လိုက်သည်။
💬 Zi Hong တောင်းပန်ပါတယ် ငါအိပ်ပျော်သွားလို့ပါ
💬 Zi Hong ရောက်နေပြီမလား ထမင်းရောစားပြီးပြီလား
💬 Zi Hong ငါ့ကိုစိတ်ဆိုးနေလို့လား
💬 ငါ နောက်တစ်ခါ အကြာကြီးမအိပ်တော့ပါဘူး 😭
💬အိပ်ပျော်သွားတာ ထမင်းတောင်မစားရသေးဘူး ဗိုက်ဆာလိုက်တာ 🥱
💬 ထမင်းစားချင်စိတ်ကမရှိတော့ဘူး
သူ့ကိုစိတ်ပူမလားလို့ ပို့ပေမယ့်လည်း ပြန်မပို့လာ။
💬 Ge Ge~ မင်းတကယ်ပဲ မပြောပဲနေရက်တယ်ပေါ့
💬 Ge Ge မင်းချစ်သူကောင်လေးက မှားမှန်းသိပါပြီ Ge Ge ကပဲ နားလည်ပေးလို့မရဘူးလား
ဖတ်မယ့်သူမရှိတဲ့ စာတွေပို့ရတာ အရူးလိုပဲ။ screen ပေါ်ကနေ ကြည့်နေမှာသိသားပဲ သူလဲ ဒီလိုလုပ်ခဲ့ဖူးတာပဲကို။ Ge Ge လို့တောင် သူခေါ်ထားရတာကို Lin Zi Hong က အဖတ်မလုပ်ဘူး။
Lin Zi Hong စိတ်ဆိုးပြီးစကားမပြောလို့ သူအားမရှိတော့ဘူး သူတစ်ခုခုစားမှရတော့မယ်။
တစ်ညနေလုံးပြစ်ထားပြီး ည ၇နာရီအထိ သူ့ဆီစာမပြန်တဲ့ Lin Zi Hong ကို သူတကယ်ကြီးစိတ်ဆိုးသွားပြီ။ ဒီလောက်ဆို သူ့ဘက်ကပြန်စိတ်ဆိုးလို့ရနေပြီ။ ဟုတ်တယ် သူစိတ်ဆိုးတာကို မပြေရင် သူ့ဘက်က ပြန်စိတ်ဆိုးရမယ်။ ဒါအကောင်းဆုံးနည်းလမ်းပဲ။
~tbc
Yours' Mina 🌟
---------------------------------------------------------
Advertisement
- In Serial58 Chapters
Who Made Me A Princess
When I opened my eyes I had become a princess!
8 905 - In Serial20 Chapters
When Idols became your family
When you have to choose between your dream and the love of your life, it's one of the hardest decision someone have to make, and in my case, i choose to be a dreamer ! I lost something precious but life rewarded me with something better .. Want to know more about my story? Want to know that living with an idol is not as perfect as it seems to be ? then ladies and gentleman read my story .
8 258 - In Serial18 Chapters
Book Covers
|| closed for now! ||I do book covers, and photos (for those of you who need media for instagram, blogs, or websites)! Feel free to DM me with your request (no longer taking comments) on either instagram or wattpad!
8 90 - In Serial24 Chapters
ACHROMATOPSIA
She was a rainbow But he was color blind A story about how she helped him see colors again .°•°•°•°•°•°•° In which a girl gets locked out of her appartment and a boy next door helps her out . Little did she know she will also help him find the colors he once lost. A story where they both find what's missing in their life -love.#2 -short story 8/9/20
8 110 - In Serial45 Chapters
Once Bitten
(18+) *Unedited*It has been seven years since the vampires took over. I remembered the day like it was just yesterday. The sirens. The deaths. The fear instilled upon every living human. And now I was being used as a blood bag for these beasts who took my life and threw it out of proportion. *****This is a reverse harem story. (18+ for strong language, graphic depictions of violence, and graphic sexual scenes)
8 347 - In Serial33 Chapters
Vo Gali Thi Ishq Ki (TELEPHONE BOOTH)
Previously known as 𝑸𝒖𝒓𝒃𝒂𝒕 - 𝑪 𝑳 𝑶 𝑺 𝑬 𝑵 𝑬 𝑺 𝑺💓𝐷𝑒𝑒𝑤𝑎𝑟𝑒𝑖𝑛 𝑧𝑎𝑟𝑟-𝑧𝑎𝑟𝑟 𝑡ℎ𝑖 𝑗𝑎ℎ𝑎𝑛,𝑝𝑟 𝑒𝑒𝑒𝑡 𝑑𝑖𝑙𝑜𝑛 𝑘𝑖 𝑚𝑎𝑧𝑏𝑜𝑜𝑡 𝑡ℎ𝑖.𝐾𝑎𝑐𝑐ℎ𝑒 𝑚𝑎𝑘𝑜𝑛 𝑠𝑒 𝑔ℎ𝑖𝑟𝑖,𝑉𝑜 𝑔𝑎𝑙𝑖 𝑡ℎ𝑖 𝑖𝑠ℎ𝑞 𝑘𝑖...._𝑡ℎ𝑒𝑐𝑙𝑢𝑒𝑙𝑒𝑠𝑠𝑛𝑖𝑏𝑏𝑖---------------------------------A collection of short stories, that will take you to a journey of love and passion.>>Qᴜʀʙᴀᴛ (completed- on going translation)>>Fɪᴛᴏᴏʀ. (Complete and translated)>> Tʜᴇ ᴛᴇʟᴇᴘʜᴏɴᴇ ʙᴏᴏᴛʜ (ongoing)>> Mᴏʜᴀғɪᴢ(coming soon)
8 226

