《Best Friend Mean What?? (Completed)》BFMW - 22
Advertisement
အပိုင်း (၂၂) - ပြီးပြည့်စုံတဲ့ သူတို့ Date
Yang Yu Teng ရှေ့မှာ ဒီလိုမျိုးလုပ်ရဲတယ်ပေါ့ မင်းကို ဒီနေ့အလွတ်မပေးဘူး Lin Zi Hong !!!
"Yu Teng အရမ်းများနေပြီ ပြန်ကြရအောင်လေ"
"ဘာလို့ပြန်ရမှာလဲ ငါက Yang Yu Teng ပါ ဖယ်!!"
"အင်း ဒါပေမယ့်လည်း နောက်ကျနေပြီလေ မိန်းကလေးတွေလည်း အိမ်ပြန်ရတော့မှာ"
"အဲ့ဒီမိန်းကလေးတွေပြန်ခိုင်းပေါ့ ငါ့ကိုဘာလို့လာပြန်ခိုင်းနေတာလဲ ဖယ်စမ်း!!"
"အယ် Yu Teng Ge Ge ကမူးရင် ချစ်စရာလေးနော်"
ရှစ်!! ဒီဘာနေနေ ဘူးမယ့် နှာဘူးမတွေကတစ်မျိုး... Lin Zi Hong မတတ်သာတော့ Yang Yu Teng က စကားအကောင်းပြောလို့မရဘူး!! သူ အတင်းဆွဲမပြန်မှရမယ်။ Yu Teng ကို မျက်တောင်မခတ်ကြည့်နေတဲ့ Chia Hao ဆိုတဲ့လူကိုလည်း သိပ်မကြည်တော့။ အကိုရော ညီမရော Yang Yu Teng ကိုပဲ ဘာလို့လိုက်ကြည့်နေကြတာလဲ။
"ခွင့်ပြုပါဦး ကျွန်တော်တို့သွားနှင့်ပါမယ်"
ထိုလူကို တစ်ချက်ကြည့်ပြီး ပြောတော့ ခေါင်းအသာအယာညိမ့်ကာ
"ကိုယ် ကားဆီလိုက်ပို့ပေးရဦးမလား"
"ရတယ်!!"
မူးပြီးရစ်နေတဲ့ Yang Yu Teng ကို အတင်းဆွဲချီပြီး ကားဆီခေါ်လာရတော့တယ်။ ဒါတောင် သကောင့်သားက ယိမ်းထိုးနေကာ 'ငါ့ကိုမထိနဲ့ 'ဆိုတာချည်း အော်နေသည်။ ဟမ့် ငါကမထိလို့ ဘယ်သူကထိရမှာလဲ ငါက ဘယ်သူမို့မထိရမှာလဲ ထိမှာပဲကွာ။ တမင်ကို ကားပါကင်ထိဆွဲခေါ်လာပြီး ကားထဲထည့်တော့
"Lin Zi Hong!! ရူးနေလား!!! Lin Zi Hong Baka!! လူတွေကြည့်နေတာ မရှက်ဘူးလား!!"
"ငြိမ်ငြိမ်နေ ထိခိုက်မိမယ် လက်တွေက"
"မထိနဲ့!! ဖယ်!!"
သူစိတ်မရှည်တော့။
"ဘာလို့မထိရမှာလဲ ငါက မင်းရည်းစားမဟုတ်ဘူးလား ထိတယ်ကွာ ဘာလုပ်ချင်လဲ"
ပြောပြီး မျက်နှာကိုဆွဲညှစ်တော့ ထအော်သည်။
"ဘာရည်းစားလဲ!! ငါ့ကိုလဲ မချစ်ပဲနဲ့ ဘာရည်းစားလဲ!! ဖယ် လာမထိနဲ့"
သူ တချက်ဘာပြောရမလဲမသိတော့သလို ဆွံ့အသွားသည်။ တကယ်ပဲ ဒီကောင်လေးက အဲ့လိုတွေ တချိန်လုံးတွေးနေခဲ့တာလား။ ဘယ်လိုများတွေးရက်ရတာလဲ သူကမချစ်ဘူးလို့။ တစ်ရက်လေးတောင် ဝေးပြီးသူ့မှာ မနေနိုင်တာကို ... သူတချိန်လုံး Yang Yu Teng အတွက်ပဲ ခေါင်းထဲထည့်တွေးနေရတာကို...
သူ့မှာတကယ်ကို ပြောင်းလဲသွားတဲ့အခြေအနေတွေကြားထဲ Yu Teng ခြယ်လိုက်တဲ့ လိုက်အရောင်တွေကြားထဲ ဘာမှသေချာဆန်းစစ်ဖို့အချိန်တောင်မရှိခဲ့။ Yang Yu Teng ဆိုတဲ့ကောင်လေးက နည်းနည်းဆိုးသည်။ သူပဲ ချစ်တယ်လို့ပြောပြီး သူပဲပစ်ထားသည်။ သူပဲ တွဲရအောင်ဟုပြောကာ ခုတော့ သူကပဲ မချစ်ပါဘူးဟု ဆွဲချက်တင်ပြန်သည်။
သူ့မှာတော့ တစ်ရက်တောင်ဝေးကွာပြီးမနေခဲ့ဖူးတာမို့ နေသားမကျ။ ဘာကိုမှမတွေးမိပဲ သူ့နှလုံးသားက Yang Yu Teng အတွက်သာဖြစ်နေခဲ့သည်။ ဘယ်အချိန်ထဲကလည်းဆိုတာ မသိပေမယ့်လည်း Yang Yu Tengကသာ သူ့ဘဝဖြစ်နေခဲ့တာ။ သူ့နှလုံးသားတင်မဟုတ်ပဲ သူ့ဘဝတစ်ခုလုံးကိုပါ Yang Yu Teng ကိုပဲ ပုံအပ်ထားတာ။Yang Yu Teng မပါတဲ့ အနာဂတ်ဆိုတာကို Lin Zi Hong တစ်ခါမှ တွေးတောင်မကြည့်ဖူးခဲ့...
"မဟုတ်တာကွာ ကိုယ်က မချစ်ပဲဘယ်နေပါ့မလဲ"
မျက်လုံးတွေအသာအယာမှိတ်ထားကာ သူ့စကားသံကိုမကြားသလိုနေနေတဲ့ ကောင်လေးကို ကြည့်ပြီး သူမနေသာတော့။ ပါးဖောင်းဖောင်းတွေကို လက်နှစ်ဖက်နဲ့ကိုင်ကာ
"ဒီဖက်လှည့် မျက်လုံးဖွင့်"
"ဖယ်စမ်းပါ!! မကိုင်ပါနဲ့ဆို"
"ဘယ်သူပြောလဲ မင်းကို ကိုယ်ကမချစ်ဘူးလို့"
အတင်းရုန်းထွက်ကာ ဖြေမလာတဲ့ကောင်လေးကြောင့်
"ငြိမ်ငြိမ်နေ အသားတွေနာမယ်လို့ မရုန်းနဲ့ မျက်လုံးမဖွင့်ဘူးလား"
"မင်းကို မကြည့်ချင်ဘူး"
"အိုကေလေ"
လက်တွေလည်း မလွှတ်ပေး စကားသံလည်းမကြားရတော့တာကြောင့် သူမျက်လုံးတွေအသာမှေးဖွင့်ကာ ခိုးကြည့်တော့ သူ့ကို စိုက်ကြည့်နေတဲ့ Lin Zi Hong ကို တွေ့လိုက်ရသည်။ ရုတ်တရတ် နှလုံးခုံသံက ဒိတ်ခနဲဖြစ်ကာ မျက်လုံးတွေကို အရင်ကထက် ဖိမှိတ်ထားမိသည်။ အဲ့ဒီနောက် သူ့မျက်လုံးတွေပေါ်ကျရောက်လာတဲ့ အနမ်း... ပြီးတော့
"ပြွတ်စ်"
သူ့နှုတ်ခမ်းပေါ် ဖျတ်ခနဲ နမ်းသွားသော Lin Zi Hong ကြောင့် သူမျက်နှာကြီးအောက်ငုံ့ချမိပေမယ့် Lin Zi Hong လက်ဖဝါးတွေထဲရောက်နေတာကြောင့် ငုံ့မရ။
"သိလား!! ငါမင်းကိုချစ်တယ်ဆိုတာ!!"
"ပါးတွေနာနေပြီ"
"ဒါဆို မရုန်းနဲ့တော့ ဖွဖွလေးကိုင်မယ်"
"အင်း"
"မျက်လုံးတွေဖွင့်"
မျက်လုံးတွေကိုဖွင့်ဆိုလို့ ဖွင့်လိုက်ပေမယ့်လည်း တိုးကပ်လာတဲ့ မျက်ဝန်းတွေကြောင့်ပြန်ပိတ်လိုက်ရတဲ့ မျက်ဝန်းတစ်စုံ။ နောက်တစ်ခါ သူ့မျက်နှာအနီးကပ်လာတဲ့ Lin Zi Hong ရဲ့ အသက်ရှုသံသဲ့သဲ့။ ဒီတစ်ခါတော့ ဖွဖွကိုင်ထားတဲ့ လက်တွေကြားမှာ ပိုရှည်ကြာတဲ့ အနမ်းတွေနဲ့.... သူတို့ရဲ့ပထမဆုံး Date မှာပဲ ... Lin Zi Hong က သူ့ကို ချစ်သည်တဲ့...
~tbc
Yours' Mina 🌟
--------------------------------------------------
အလွတ်မပေးဘူးလို့ ကျိန်းခဲ့တာ Yu Teng ပေမယ့် တကယ်အလွတ်မပေးခဲ့တာကတော့
ကိုကိုပါတဲ့ 😆
Advertisement
- In Serial58 Chapters
Loveless Marriage
He did not love her. It was a loveless marriage to him. In his eyes, she is just a burden who cooks food for him. And in return, he will earn money and place it in her bank account. But she fell for him the moment she had laid eyes on him. It was love at first sight. She would lovingly cook him breakfast, but he would not even glance at her in the morning. In attempts to get him to glance at her, she fooled and embarrassed herself in front of him. She was close to giving up. A small part of her had hoped someday he would change the way he views her. But the fragment of hope diminishes very quickly. Little did she know that one simple action will cause everything to change. That one day he going to start feeling something for her, when her heart is broken. That he is going to start feeling something for her, with a dark past.Will she have to continue to wonder whether it will always be a loveless marriage or a new journey where they fall in love with each other together instead of one-sided love. Will he be able to love her like she loves him?
8 328 - In Serial36 Chapters
Dream of the Eternal Lovers
The story of college student Johan and middle school student Lucy, who have been having the same dream ever since they could remember. A dream of two lovers who would always fall to some misfortune. Before they meet their end, they swore to be together in the afterlife. History will crash upon Johan and Lucy who will find out that the couple in their dreams were two lovers from the past. They are their reincarnation and are destined to be together.
8 198 - In Serial13 Chapters
Back To Back; Dele Alli
A DELE ALLI'S FAN-FICTION- Jasmine's a young, passionate girl with big dreams and multiple talents. She had always had her head in the game but what happens when she reunites with an old childhood friend that she hadn't met for a long time and also, the person who had left a mark on her? How does things goes by as she reconnect her relationship with a close friend but also, unintentionally falling in love with him? ⓒ COPYRIGHT; ALL RIGHTS RESERVED
8 177 - In Serial13 Chapters
Love At The End
Liz, lost her parents at the age of seven. They died in a car accident along with her cousins parents. She lived with her cousins and uncle for eight years. She never deserve happiness, but what will happen to her when she meets Ethan. Will she still feel the effect of tragedy or will it be love at the end?
8 78 - In Serial26 Chapters
That teacher Who Saved Me / Adopted By Gerard Way
Being abused mentally and physically but what happens when 16-year-old Laysa starts to get really close with her neighbor and art teacher Gerard Way? Is he going to save her from a toxic household?The story is NOT true!Mcr is broken up in here sadly but we never know what's going to happen.
8 78 - In Serial41 Chapters
Jack of Clubs (BxB)
•Book one of the Suit Series. Can be read as a stand-alone•They were always enemies. Everyone knew that Sawyer and Samson despised one another. It was a bit cliché, the way that Sam was a football player, loved by all, and could party like no other. If you couldn't already guess, Sawyer was a bit different. He enjoyed movie nights, and wasn't a big fan of having all eyes on him. However, as sweet as that may sound, there was something dark. On a fateful movie night with his best friend Millie, Sawyer found himself eating at the local diner. When the pair spot Sam and his friends leaving their cars, things quickly spiral out of control. Everything rapidly changes, and the two seem to have one thing in common: They were both being watched by the same guys•O•O•Started: 12 . 27 . 19Finished: 5 . 2 . 20#2 in teen fiction-5/8/20#1 in lgbt-4/24/22#1 in teen romance-4/10/20#3 in gay-5/7/20#1 in bisexual-5/24/22
8 189

