《Best Friend Mean What?? (Completed)》BFMW - 21
Advertisement
အပိုင်း (၂၁)- အလိုက်မသိတဲ့ Lin Zi Hong
Lin Zi Hong တစ်ယောက် ရုပ်ရှင်ထဲ မျောပါနေသည်။ စိတ္တဇလူသတ်သမားကလည်း တစ်ယောက်ပြီးတစ်ယောက်ကို နည်းလမ်းမျိုးစုံသုံးပြီးသတ်နေတာမို့ မှုခင်းရဲတွေလည်း ရှာရမလွယ်။ ကွင်းဆက်လူသတ်သမားဟုဆိုရအောင်လည်း သတ်ပုံသတ်နည်းတွေက တစ်ယောက်နဲ့တစ်ယောက်မတူ။ အသတ်ခံရတဲ့သူကလည်း ယောက်ျားမိန်းမမရွေး အသက်အရွယ်မရွေး။
ဒီတစ်ခါလည်း လူသတ်သမားက ကိုယ်ဝန်ဆောင်သည်အမျိုးသမီးကို သတ်ဖို့ချဉ်းကပ်နေသည်။ ရုပ်ရှင်ကလာတဲ့ တီးလုံးသံမှအပ ရုံတစ်ခုလုံး တိတ်ဆိတ်နေသည်။ သတ်တော့မယ် သတ်တော့မယ်... လူသတ်သမားကသတ်လိုက်ပြီ ထိုအချိန်မှာပဲ သူ့ဘေးနားက လူက သူ့ဆီဝုန်းခနဲပြေးဝင်လာတာမို့ လန့်သွားသည်။
"အားးး"
ဂဂျိုးဂဂျောင်နိုင်လှတဲ့ အားဆိုတဲ့ အသံနဲ့အတူ သူ့ပခုံးပေါ်မျက်နှာကြီးပစ်ဝင်လာတဲ့ ကောင်လေးကြောင့် သူတောင် ရုတ်တရတ်ကြောင်ပြီးလန့်သွားသည်။ ဘာဖြစ်သွားတာတုန်း။ နောက်မှ လန့်သွားတာလားဟု တွေးမိလိုက်သည်။
"အာ လန့်သွားတာလား"
"ပြီးသွားပြီ အဲ့အခန်းက"
သူပြောနေသော်လည်း လုံးဝမလှုပ်ရှားတဲ့ကောင်လေးကြောင့် သူထိတ်ခနဲဖြစ်သွာသည်။ တကယ်ကြီးလန့်သွားတာလား ဒါဆို ဒီဇာတ်လမ်းက သူများတွေပြောသလို တကယ်ကြီး ကြောက်စရာကောင်းတယ်ပေါ့ သူ့ရဲ့ Yang Yu Teng လေးတောင် လန့်ရတဲ့အထိဆိုတော့။
Yang Yu Teng တစ်ယောက် ဘယ်လိုမျက်နှာပြန်ဖော်ရမလဲမသိ။ ချီးး ရှက်စရာကြီး အော်တဲ့အသံကလည်း သူများတွေတော့မသိ ကိုယ့်ဘာသာကြားတာတောင် ဂဂျိုးဂဂျောင်နိုင်လှသည်။ ရင်ခွင်ထဲပစ်ဝင်ဖို့တွေးမိပေမယ့် တကယ့်တကယ် ပခုံးပေါ် မျက်နှာအပ်မိကာ နှဖူးကပါ ခုံနဲ့ မိတ်ဆက်မိသွားသေးသည်။
Lin Zi Hong ကတော့ သူတစ်ကယ်လန့်သွားတယ် ထင်လို့လားမသိ။ ပခုံးလေးတွေကို အသာပုတ်ပေးကာ ဘာမှမဖြစ်တော့ဘူးဟု ပြောနေသည်။
ရုပ်ရှင်ကားက ဘယ်လိုပြီးလို့ပြီးသွားမှန်းတောင်မသိ။ Yang Yu Teng မျက်နှာပူပူနဲ့ပင် Lin Zi Hong နောက်က ခေါင်းငုံ့ပြီးအပြင်သို့ထွက်လာလိုက်ရသည်။ အပြင်ရောက်ရင် လင်းလင်းရှင်းရှင်းကြီးထဲ ဘယ်လိုမျက်နှာချင်းဆိုင်ပြီး ဘာအရင်ပြောရင်ကောင်းမလဲ တွေးနေမိသည်။
"ဟယ် Ge Ge"
"ဪ Su Wei"
"Ge Ge တို့များ ဟိုနေ့ကကျ ရုပ်ရှင်လေးသွားကြည့်ဖို့ ခေါ်တုန်းကကျ ငြင်းလိုက်တာ ခုကျ ဘယ်သူနဲ့လာတာလဲ"
"အင်း ဒီမှာလေ Yu နဲ့"
"ဪ Ge သူငယ်ချင်းနဲ့ကို "
ရည်းစား !! ရည်းစား !! သူငယ်ချင်းမဟုတ်ဘူးလို့ ပြောချင်ပေမယ့် သူကဘာတတ်နိုင်မှာလဲ Lin Zi Hong တောင် ဘာမှမပြောတာကို။
"Su Wei တို့တတွေ ညစာသွားစားကြမို့ Ge တို့ရော အတူတူစားကြမလားဟင်"
"မလိုက်တော့ပါဘူး"
"ဘာလို့လဲ သွားစားကြတာပေါ့"
"ဟင် "
ရုတ်တရတ် Yu က သွားစားမယ် ဆိုလာတာကြောင့် သူအံ့ဩသွားသည်။ ဒီကောင်လေးက လူစိမ်းတွေနဲ့ ဒီလိုမျိုးမှ မစားတတ်တာ။
"ဘာလို့လဲ မင်းပဲ အပြင်ရောက်ရင် ငါကြိုက်တာစားဆို သွားမယ် ညီမလေးတို့ ဘယ်ကိုလဲ "
Yang Yu Teng စိတ်ပေါက်ပေါက်နဲ့ သွားဖို့ပြင်လိုက်သည်။ ဒါမှ သူအကဲခတ်လို့ရမှာ ဘယ်လောက်ရင်းနှီးကြတယ်ဆိုတာကို!!
အဲ့ဒီအချိန်မှာပဲ Su Wei ဆိုသော မိန်းကလေးရဲ့ သူငယ်ချင်းကဝင်ပြောသည်။
"Paradise ကိုပဲ သွားမယ်လေ Ge တို့အဆင်ပြေတယ်မလား"
"အင်း ကိုယ်လည်း အဲ့ကအစားအစာတွေကြိုက်ပါတယ် သွားတာပေါ့"
"ကားပါတယ်မလား"
ချီးး!! Lin Zi Hong သိပ်စိတ်ပူနေတယ်ပေါ့!! တင်ခေါ်သွားပါလား!! Yu စိတ်ထဲ ကျိန်ဆဲနေပေမယ့် အပြင်မှာတော့ ပြုံးထားလိုက်သည်။ မင်းနဲ့ငါနဲ့ နောက်မှ တစ်ပွဲတစ်လမ်းတွေ့ကြသေးတာပေါ့။
"Shu Fen ရဲ့ အကိုက လာကြိုပေးမယ်တဲ့ Ge Ge"
"အိုကေ ဒါဆို အကိုတို့သွားနှင့်ပြီး စောင့်နေလိုက်မယ်နော်"
ကားပေါ်ရောက်တဲ့အထိ Yang Yu Teng လုံးဝစကားမပြော ခပ်တည်တည်နေပေမယ့်လည်း ဒါက သူ့ရဲ့ပုံမှန်ပုံစံဆိုတော့ သိပ်မသိသာ။
"ရုပ်ရှင်က ကြောက်ဖို့ကောင်းလို့လား ခုနက မင်း လန့်သွားသေးတယ်မလား"
"အဲ့လောက်လဲမဟုတ်ပါဘူး ငါဗိုက်ဆာနေပြီ မြန်မြန်မောင်း"
Lin Zi Hong ကတော့ ဘာမှမသိရှာ။ တကယ်ဗိုက်ဆာနေလို့ပဲဟုထင်တာ အမြန်ရောက်ဖို့သာ ဦးတည်နေသည်။
---------------------------------------------------
သူတို့ကြိုဘိုကင်လုပ်မထားပေမယ့် Paradise က waiter လေးက VVIP Room ထဲသို့ ညွှန်ပေးသည်။ ဟိုမိန်းကလေးတွေလုပ်ထားတာပဲဖြစ်မည်ဟု တွေးကာ သိပ်စဉ်းစားမနေတော့။ ခေါင်းထဲမှာ Lin Zi Hong ကို လုပ်သတ်ချင်စိတ်တွေသာ ပေါက်နေသည်။
" ကျောက်ရုပ်လေး မင်း ဒီကိုရောက်ဖူးတယ်မလား ဘာစားကောင်းလဲ ကိုယ်လဲ အဲ့ဒါစားကြည့်ရမယ် "
ဪ ဒင်းက စားဝင်သေးတယ်!! ငါ့မှာတော့ လောင်မြိုက်နေတာလေ သူကတော့ စားဖို့စဉ်းစားနေတယ်ပေါ့။
"ကျောက်ရုပ်လေး"
"ကြိုက်တာစား အကုန်ကောင်းတယ်"
Yu တော်တော် ဗိုက်ဆာနေပုံရသည်။ မျက်ခုံးတွေက အနည်းငယ်ကျုံ့နေကာ စိတ်မရှည်သလို လေသံနဲ့ပြောလာသောကြောင့် သူ့ဘာသာပဲ ကြည့်ကြပ်ရွေးဖို့ပြင်ရသည်။
"Ge Ge တို့ မှာပြီးကြပြီလားဟင်"
Advertisement
ရုပ်ရှင်ရုံမှာတွေ့ခဲ့တုန်းက မိန်းကလေးသုံးယောက်ထဲပင်မယ့် အခုကျ ယောက်ျားတစ်ယောက်တိုးလာသည်။ ဒီလူကို Lin Zi Hong မြင်ဖူးသလိုလိုရှိနေသည်။
"ဪ ဒါက Shu Fen ရဲ့ အကိုလေ Yu Teng Ge သိတယ်မလား"
Yu က တစ်ချက်မော့ကြည့်ပြီး ခေါင်းသာ တစ်ချက် ညိမ့်ပြပြီး စိတ်မဝင်စားသလိုမျက်နှာပြန်လွှဲသွားသည်။
ထိုအခါမှ ဒီလူကို Lin Zi Hong မှတ်မိသွားသည်။ Club မှာတုန်းကတစ်ခါ ကျောင်းမှာတုန်းကတစ်ခါ Yu Teng ဘေးနားမှာ ကပ်ပါနေတဲ့သူမလား။
"ဒါဆို ပြန်မိတ်ဆက်ပါဦးမယ် Chia Hao ပါဗျ Paradise က ကိုယ့်ဆိုင်မို့ ညီတို့ အားမနာပဲ လိုအပ်တာရှိရင်ပြောနော် "
"Yu Teng ကို နောက်တစ်ခါလာရင် မြည်းစေချင်တဲ့ Menu အသစ်ရှိတာနဲ့ အတော်ပဲ"
"ကျွန်တော်က အစားဆို ဂျေးများတတ်လို့ ကျွန်တော်မှာထားတာပဲလုပ်ပေးပါ"
"ဪ အင်းပါ ဒါဆိုလည်း ခနနော်"
ထွက်သွားတဲ့ သူ့အကိုကိုကြည့်ရင်း Shu Fen က စကားစလာသည်။
"Ge က Yu Teng Ge နဲ့ရင်းနှီးချင်နေတာ"
Shu Fen အပြောကြောင့် Lin Zi Hong မျက်ခုံးတွေမြင့်တက်သွားသည်။ အသက်အရွယ်ချင်းလည်း ကွာပြီး အလုပ်နယ်ပယ်ချင်းလဲတူမနေတာကို ဒီလူက ဘာလုပ်ဖို့ ရင်းနှီးချင်နေတာလဲ??
"ကိုယ်နဲ့လား ဘာလို့လဲ"
"မသိပါဘူး Shu Fen ကို အကိုနဲ့ရင်းနှီးလားမေးပြီး ရင်းနှီးရင် မိတ်ဆက်ပေးဖို့ ပြောထားတာကြာပြီ ခုတော့ အခါသင့်လိုက်တာ"
"Zi Hong Ge မှာပြီးပြီလား ဒီက Steak ကောင်းတယ် စားကြည့်ပါလား Su Wei မှာလိုက်မယ်လေ "
"အင်း"
"ဒီက ဝိုင်ကလည်းကောင်းတယ် ကောတို့ရဲ့ အတူတူသောက်ကြတာပေါ့"
Yang Yu Teng တစ်ယောက် Lin Zi Hong ကို တော်တော်စိတ်တိုနေပြီ။ သူ့အပိုင်လိုလုပ်နေတဲ့ မိန်းကလေးကို အလိုမကျပေမယ့် အကုန်ခေါင်းငြိမ့်နေတဲ့ Lin Zi Hongကို ပိုစိတ်ပေါက်လာသည်။ သူက မငြင်းတတ်တော့ဘူးလား။
"အာ စောင့်လိုက်ရတာ ကြာသွားပြီ အားလုံးပြင်ဆင်ခိုင်းပြီးပြီမို့ ခဏနေရင် ရပါပြီဗျ"
အဲ့ဒီနောက် အလျှိုလျှိုရောက်လာတဲ့ဟင်းပွဲတွေကြောင့် စကားသိပ်မပြောဖြစ်ကြတော့...
"Zi Hong Ge ပြီးရင် အိမ်ပြန်မှာလား"
"အင်း"
"ဒါဆို Su Wei နဲ့အတူပြန်မယ်လေ"
"Su Wei နဲ့ Lin Zi Hong နဲ့က အိမ်ချင်းနီးကြတာလား"
"အရမ်းတော့မနီးပေမယ့် လမ်းတော့ကြုံတယ် Chia Hao Ge ရဲ့"
"ဪ ဒါဆို Ge အိမ်ကိုလိုက်ပို့ပေးစရာမလိုတော့ဘူးပေါ့"
"ဟီး ဟုတ် အဖော်ရပြီဆိုတော့ နှစ်ယောက်အတူပဲ taxi နဲ့ပြန်လိုက်မယ်"
"Yu Teng ကရော?"
"ကျွန်တော့ကားပါတယ်"
"ဝိုင်တွေသောက်မှာဆိုတော့ အဆင်ပြေရဲ့လား ကိုယ်မောင်းပြီး လိုက်ပို့ရမလား"
Yang Yu Teng အတွက် ဒီနေ့က ရက်ရာဇာလို့ထင်ခဲ့တာ ခုတော့ ပြဿဒါးနေ့ဖြစ်နေသည်။ စိတ်မကြည်ရတဲ့ကြားထဲ ဒီလူက တစ်မျိုး ဘာလို့အရမ်းရင်းနှီးတဲ့အထာတွေလာဖမ်းနေကြတာလဲ!! ငါ့ပထမဆုံးဒိတ်ကို ဘာလို့ဒီလိုဖျက်စီးကြတာလဲ!!! ဘယ်သူ့ကိုဒေါသတွေပုံချရမလဲမသိတော့။
"ရတယ် ကျွန်တော် ဝိုင်မသောက်တော့ဘူး Yu Teng ကို ကျွန်တော်ပဲအိမ်ထိလိုက်ပို့လိုက်မယ် .. ဒီကအကိုက မိန်းကလေးတွေပဲပို့လိုက်ပါဗျ"
"ပြီးတော့ Su Wei ငါ ဒီနေ့ အိမ်မပြန်ဖြစ်တော့ဘူး"
မလိုဘူးဟု ငြင်းမယ်လို့လုပ်နေတုန်း ရုတ်တရတ်ဝင်ပြောလာတဲ့ Lin Zi Hong စကားကြောင့် Yu Teng ဘရိတ်အုပ်လိုက်ရသည်။
အေး!! အလိုက်လေးလည်း သိဦးမှပဲ။ ဒီနေ့ငါတစ်ယောက်ထဲအိမ်ကိုပြန်ရလို့က နောက်နေ့ မင်းအသက်ရှူဖို့မတွေးထားနဲ့ Lin Zi Hong !!!
~tbc
Yours' Mina 🌟
Advertisement
- In Serial60 Chapters
my scarred mate
Aria never wanted her life to be this way. She never asked to be bullied.Or for her Dad to hit her.Or to be mute.But that is how her life turned out. She is broken. She is scared. She is lost.Until one day she meets Forest. A new student hiding a big secret. He is the Alphas son. He is her mate. But she has no idea she is a werewolf. What will happen when he turns her world on its head. Will she accept her new life. Or push him away.New chapters every Wednesday and Saturday. Hope you enjoy my story!Cover credits to 20_shades_of_blue
8 134 - In Serial36 Chapters
Twisted Love
Alizeh- Hate is an extreme form of obsession.The boy in my dreams also haunted my worst nightmares. They say he is a beautiful angry god. But to me?He was my childhood tormentor, my destruction and my biggest addiction.Our story wasn't a fairy tale, it was a witch tale.Wicked, Real and Painful. Zohravar-Ten years ago, she barged into my life unannounced, turning everything upside down.I hated her. I craved her.Like a tornado, shocking, violent and so powerful it could rip my soul out of my mouth.She was mine.Always. Whenever. Forever.The problem was, she didn't know it.This story has dark themes that will make you make you shiver with discomfort, so viewer discretion is advised.
8 199 - In Serial101 Chapters
A YEAR WITH THE BILLIONAIRE
Isabella needs a huge sum of money for her aged grandmother's surgery. She has nowhere to go for help and she decides to seek help from her Billionaire boss, Jayden.Jayden doesn't believe in marriages and happily ever after but he needs a wife so his mother will stop pestering him. He plans to prove to his mother that marriage isn't for him by getting divorced after a year.Isabella comes to him for help at the right time; a contract is signed and there will be no strings attached. After a year, they would go their separate ways.What will happen after a night of drunken passion between them?Will Isabella be able to endure his cruelty for just a year or leave before the stipulated time for their marriage to end?Will Jayden find Isabella or let her go with his seed growing inside her?
8 280 - In Serial31 Chapters
My Beast (✔️)
Part vampire. Part demon. Part werewolf. He's the most feared creature out there. His name alone causes people to tremble with fear. I didn't know him or any of his kind existed until recently. Imagine my surprise when I find out that I'm his mate. ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ I'm bad at descriptions so please just give my book a try. It's my first one.
8 143 - In Serial19 Chapters
The Lost Prince (Ice Fantasy) [COMPLETED]
Instead of growing up in the Immortal realm, Prince Ying Kong Shi grew up in the mortal realm. Accidentally (or is it?), he met Princess Yan Da unraveling the path destined for him.
8 181 - In Serial34 Chapters
FM 88.2 《KookV》✔
"Is it Kim Taehyung?" "Fuck ....dude! It's fucking 3 am in the morning if you wanna complain -" " I'm a big fan of yours and your show,Rj V " "wait ........dude! did I really get myself a fan!? where Taehyung is a rj of a radio station named FM 88.2 but his show is on the way of being cancelled due to the low rating. Taehyung thought his career as a rj gonna end soon but things change when he gains a mysterious fan. Aired:24th October ,2019Finished:6th January, 2020
8 101

