《Best Friend Mean What?? (Completed)》BFMW - 20
Advertisement
အပိုင်း (၂၀) - ပထမဆုံး Date
ယောက်ျားလေးတွေက ရုပ်ရှင်ဆို romance genre ကိုသိပ်ရွေးချယ်ကြည့်လေ့မရှိကြပေမယ့် စုံတွဲတွေတော်တော်များများကတော့ ကြည့်ဖြစ်ကြသည်။ ဘာလို့ဆို သူတို့ကောင်မလေးတွေကြောင့်ကို..မကြည့်ချင်လဲ လိုက်ပြရသည်။ သူတို့မှာတော့ ဒီလိုပြဿနာတွေမရှိတာမို့ လွတ်လွတ်လပ်လပ်ပင် ဆိုက်ကို လူသတ်သမားကား အရမ်းကြမ်းတယ်ဟု လူပြောများနေသည့် ရုပ်ရှင်လက်မှတ်နှစ်စောင်ကို Lin Zi Hong ယူပြီးပြီ။
Yang Yu Teng ဆိုသည့် ကောင်လေးသည် အပြင်ပုံလေးကြည့်ရင်တော့ တကယ့်ကို ဆာကူရာပန်းလေးလို နူးညံ့သယောင်ထင်ရပေမယ့် တကယ်ကို အကြောက်အလန့်မရှိတဲ့ ကောင်လေးဖြစ်သည်။ သူငယ်ချင်းတွေဖြစ်တာမို့ အိမ်မှာရော ရုံမှာရော လေးယောက်လုံးရော နှစ်ယောက်ထဲရော ရုပ်ရှင်တွေကြည့်ဖူးသည်။ ဘယ်လိုကြမ်းတမ်းမှုတွေကမှ Yang Yu Teng ကို ထိတ်လန့်မသွားစေ။ သူတို့ကသာ တွန့်ခနဲဖြစ်ရပေမယ့် အနှီကောင်လေးကတော့ မျက်တောင်လည်းမခတ် အမူအရာလည်း မပျက်။
ဒီရုပ်ရှင်လည်း ဘယ်လောက်ကြမ်းကြမ်း Yang Yu Teng တို့ကတော့ မှုမည်မထင်။
------------------------------------------------------
မနက်ဆို မိုးလင်းမှာကြောက်တဲ့ ကောင်လေးအကြောင်းသိလို့ မနက် ၁၁နာရီမှ အိမ်ကိုသွားပေမယ့်လည်း အိပ်ရာထဲက မထွက်သေးပေ။ အခန်းထဲကို ဝင်လိုက်ထဲက စိမ့်ခနဲခံစားရသည်အထိ ဒီကောင်လေးက အအေးကြိုက်သည်။ သူAir Con Remote ယူပြီးလျော့ချရင်း စောင်ပုံတွေကြားထဲမှာ ဘေးတစ်စောင်းလေးအိပ်နေသည့် ကောင်လေးကို အသာငေးကြည့်မိသည်။
ဘေးကိုစောင်းအိပ်တာမို့ ပါးဖောင်းဖောင်းတွေကပိနေကာ နှုတ်ခမ်းက မသိမသာလေးဆူနေသည်။ မျက်လုံးလေးတွေမှိတ်ထားတာမို့ မျက်တောင်ခပ်စိတ်စိတ်လေးတွေကို လွတ်လွတ်လပ်လပ်ပင် ကြည့်လို့ရနေသည်။ ဆံပင်က အတော်ရှည်နေပြီမို့ နှဖူးလေးတွေတော့ သေချာမမြင်ရ။ အတန်ကြာထိငေးမိနေသည်ထိ ဒီကောင်လေးက လှလာရလား။
အရင်ထဲက Yang Yu Teng က လူချောလေးမှန်းသိပေမယ့် ခုလို တနေကုန် ထိုင်ပြီးကြည့်ရင်တောင် မပျင်းစရာကောင်းတဲ့ အလှကိုပိုင်ဆိုင်ထားမှန်းမသိခဲ့တာပင်။ အိပ်ပါစေဟု တွေးမိပြီး အောက်ကိုပြန်ဆင်းဖို့လုပ်ရသည်။ အိပ်ရာကနိုးလာတာနဲ့ ဗိုက်ဆာမည့် Yu အကြောင်းကိုသိတာမို့ နေ့လယ်စာပြင်ပေးထားရမည်။
------------------------------------------------------
"ရောက်နေတာကြာပြီလား"
ဆိုဖာပေါ်မှာ ထိုင်ရင်း အေးအေးလူလူပင် Sport Channel တစ်ခုကိုကြည့်နေသည့် Lin Zi Hong ကိုမေးလိုက်သည်။
"ကြာပေါ့ နေ့လယ်စာလုပ်ပေးထားတယ် နေ့လယ်ရောက်ပြီမို့ တစ်ခါထဲ ဗိုက်ပြည့်တာစားလိုက်တော့ ပြီးတော့ အရွက်ကြော်တွေပါ ထည့်စား ခူးပေးထားတာတွေကုန်အောင်မစားရင် မခေါ်ဘူး"
"မင်းကရော"
"အိမ်ကထွက်လာခါနီးမှစားလာတာမို့ မဆာဘူး ဆာမှထစားလိုက်မယ်"
"တစ်ယောက်ထဲမစားချင်ဘူး ပျင်းစရာကြီး"
သက်သက်ရစ်နေသော Yang Yu Teng ကို သူမျက်လုံးလှန်ကြည့်လိုက်တော့
"မဆာရင်လည်း အတူတူထိုင်စောင့်ပေးလေ"
မတတ်သာတော့ TV ကိုပိတ်ကာ ထမင်းစားခန်းထဲသို့ခြေလှန်းပြင်ရတော့သည်။
"အာ ဒီအရွက်ကြီးမကြိုက်တာကို သိရဲ့သားနဲ့"
"မင်းစားတာက ဘယ်နှစ်မျိုးများရှိလို့တုန်း စားပါကွာ အဟာရမျှတအောင်စားပေးရမယ် အပြင်ထွက်ရင် မင်းကြိုက်တာစား ဟုတ်ပြီလား"
" Lin Zi Hong Baka!! အမြဲမကြိုက်တာတွေပဲကျွေးတယ်"
ဪ ဘယ်သူ့အတွက်လဲဟု ပြန်လည်းမေးချင်သည်။ မေးလည်းမမေးရဲတော့ ရှိစေတော့။
------------------------------------------------------
"အဲ့ကားက တအားကြမ်းတာတဲ့သိလား"
"ဟုတ်လို့လား"
"အင်း ငါသေချာရွေးထားတာပါဆို အေးပေါ့ မင်းကတော့ လန့်တတ်မှာလဲမဟုတ်ပါဘူး"
ကိုယ့်စိတ်နဲ့ကိုယ်မလန့်တာကိုပဲ သူကမကျေနပ်တဲ့လေသံကြီးနဲ့ပြောလာသည်မို့ သူ့မှာ ပြုံးရသေးသည်။
ရုပ်ရှင်ရုံထဲ အသာဝင်လာတော့ သူတို့က အလယ်တန်းရဲ့ ထောင့်စွန်းဘက်မှာမို့ Yu က အလယ်ဘက်တော့မယူဘူဘာညာဖြင့် ပွစိပွစိလုပ်သေးသည်။ သူကတမင်ကို မယူတဲ့အကြောင်းပြောမနေတော့ အမြဲသူလက်မှတ်ဖြတ်တိုင်း မရလို့ဟု လိမ်နေကြပင်။ လူတွေကို ကျော်ခွပြီးဝင်ရတာ အတော်စိတ်ညစ်ဖို့ကောင်းသည်လေ။
တအောင့်နေတော့ အတွဲတစ်တွဲဝင်လာကာ Yu ဘေးခုံမှာဝင်ထိုင်လိုက်သည်။
"ကိုကိုကလည်း ဒီရုပ်ရှင်မဖြတ်ပါနဲ့ဆိုတာ ဖြတ်လာတယ် ဘေဘီကြောက်တတ်တာသိရဲ့သားနဲ့"
"ကြောက်လည်း ကိုကိုဖက်ပေးထားမှာပေါ့ကွာ ကိုကို့ရင်ခွင်ထဲဝင်နေ"
ဟင်းး ရုပ်ရှင်ရုံထဲရောက်ပြီးမှ ဘာကြောက်ပါတယ်လဲ မိန်းကလေးတွေများ ပိုကိုပိုလွန်းသည်။ တချက်အကဲခတ်မိတော့ ရုပ်ရှင်ကမစသေး မျက်နှာက လက်မောင်းထဲဝင်တော့မလိုပင်ဖြစ်နေပြီ။ ဟင်းးး Lin Zi Hong ထိုင်ခုံနေရာ သေချာကိုမရွေးဘူး။
"ဘာလို့ သူများမိန်းကလေးကို ကြည့်နေတာလဲ"
"ဘယ်မှာကြည့်လို့လဲ"
"ခေါင်းကြီးက ဟိုဘက်စောင်းနေပြီးတော့ မင်းရဲ့လူက ဒီဘက်မှာပါနော်"
------------------------------------------------------
ရုပ်ရှင်ရဲ့ ပထမဆုံးအပိုင်းတွင် အလယ်တန်းအရွယ်မိန်းကလေးနှစ်ယောက် ကျောက်တုံး စက္ကူ ကတ်ကြေး ကစားနေကြသည်။ ကစားနေသည်ဆိုသော်ငြားလည်း ကလေးတွေသည် ထိတ်လန့်ဟန်ပေါက်ကာ အသံတွေတုန်ယင်နေပြီး နားထင်တွေ ချွေးသီးတွေကျနေသည်။ မျက်လုံးမှလည်း မျက်ရည်တွေစီးကျနေသည်။ ပါးစပ်မှ 'Rock Paper Scissor"ဟု ပြောနေသော်ငြားလည်း လက်တွေသည် ကျောက်တုံးအနေထားအတိုင်း လက်သီးဆုပ်ထားကြပြီးမလှုပ်ရှား။
အတန်ကြာပြီးနောက် မိန်းကလေးတစ်ယောက်က ဆုံးဖြတ်ချက်ချလိုက်ပုံဖြင့် စက္ကူပုံစံပြောင်းလိုက်လေသည်။ အဲ့ဒီနောက် ယောက်ျားတစ်ယောက်၏ ခပ်တိုးတိုးရယ်သံနှင့်အတူ တစ်မှတစ်ဆယ် ရေရွတ်သံပေါ်ထွက်လာသည်။ ခပ်တိုးတိုးဆိုသော်လည်း တိတ်ဆိတ်နေသောညဘက် ဂျုံခင်းတစ်ခုတွင်ဖြစ်တာကြောင့် ထိတ်လန့်စရာကောင်းနေသည်။ ကျောက်တုံးလုပ်ထားသော ကောင်မလေးသည် မယုံကြည်နိုင်သလိုမျက်ဝန်းများဖြင့် ကူကယ်ရာမဲ့ တစ်ဖက်မိန်းကလေးကိုကြည့်နေလေသည်။ စက္ကူလုပ်သောကောင်မလေးသည် မျက်ရည်များ တစက်စက်ကျကာ အသံပင်မထွက်တော့။
တစ်မှငါးအထိ မလှုပ်ရှားကြပေမယ့် ခြောက်ဆိုသောနေရာတွင် စက္ကူလုပ်ထားသော မိန်းကလေးသည် အသံထွက်ငိုရှိုက်ကာ ထွက်ပြေးလေတော့သည်။ "၁၀!!" ဆိုသော ရေရွတ်သံအဆုံးမှာတော့ ရုတ်တရတ်ဆိုသလို မျက်နှာတစ်ခြမ်းလောင်ကျွမ်းပျက်စီးနေတဲ့ မျက်နှာသည် ဘေးတိုက်ပေါ်လာကာ ပုဆိန်ဖြင့် ထိုမိန်းကလေးကို ဦးတည်ပြီး...ထို့နောက် မိန်းကလေးရဲ့ အော်သံနှင့်အတူ သွေးတွေပါတွေ့လိုက်ရသည်။
ဒီအခန်းမှာပဲ ရုံတစ်ခုလုံးဟာ အော်သံများဖြင့်ပြည့်နှက်သွားသည်။ ဟင်းး ဒါက ဘာများလန့်စရာပါနေလို့လဲ သူကဖြင့် အတော်မျှော်လင့်ထားတာကို ။ Yang Yu Teng က ထိုသို့တွေးပေမယ့် ဘေးမှမိန်းကလေးရဲ့
'ကိုကို့ကို ပြောသားပဲ မကြည့်ချင်ပါဘူးတို အီးဟီးး ဟုဆိုကာ သူ့ရည်းစား ရင်ခွင်ထဲ ကြိုတင်ပြင်ဆင်ထားသလို Timing အကိုက် ပြေးဝင်တော့လေသည်။
သူ့တို့ရဲ့ ရှေ့အတန်းမျက်စောင်းထိုးမှ အတွဲတစ်တွဲကလည်း ထိုအတိုင်းပင်။ ကောင်လေးသည် လက်တစ်ဖက်ကခေါင်းကို အသာပွတ်ပေးကာ တခြားတစ်ဖက်ကပခုံးတွေပါ ကိုင်ပေးထားသည်။
ဒါကိုကြည့်ပြီး Yu Teng Lin Zi Hong ကို ဖျတ်ခနဲ လှည့်ကြည့်မိတော့။ သူက အာရုံပင်ရမနေ။ သူ့ဘာသာသူ ရုပ်ရှင်ကိုစိတ်ဝင်တစားနဲ့ ကြည့်နေသည်။
ဒီတစ်ခါ သူလည်းပဲ ကြောက်ပြလိုက်ရမလား?? ဟုတ်တယ် Skinship လုံးဝမရှိသေးတာမို့ ဒီလိုနည်းနဲ့ သူတို့ ပိုနီးစပ်အောင်လုပ်ရမယ်ဟု ဉာဏ်နီဉာဏ်နက်လေးထွက်လာပြီး ဆုံးဖြတ်ချက်အခိုင်အမာချကာ အချိန်ကိုက်သူကြောက်ပြဖို့ အဆင်သင့်ပြင်ထားရတော့မည်။
~tbc
Yours' Mina 🌟
------------------------------------------------------
ဒီထဲမှာပါတဲ့ Rock Paper Scissor လုပ်ခိုင်းပြီး လူသတ်တာကလေ ရုပ်ရှင်တစ်ခုရဲ့ဇာတ်ကွက်ကနေယူထားပါတယ်ဗျ ရုပ်ရှင်နာမည်တော့မမှတ်မိတော့ပေမယ့် ကိုရီးယားကားဆိုတာရယ် လူသတ်သမားရဲ့ နာမည်ရယ်ကိုပဲမှတ်မိနေပါတယ်။
ဒါပေမယ့် Zi Hong နဲ့ Yu Teng ကြည့်နေကြတာတော့ ကိုရီယားကားမဟုတ်ပါဘူး!!
Advertisement
- In Serial257 Chapters
My Husband Is My Professor And Boss
18 years old very beautiful, brilliant & lovely teenager girl Avery. She is in her graduation's first year.
8 988 - In Serial6 Chapters
“ Don't Fall In Love With The Main Lead ”
Death greeted me when I was riding a train... Did I die? Where am I?Who am I? I've become the the second female lead on my favorite visual novel game! As I realized my fate, I've accepted it, Is it so wrong to accept the world of my dreams? Read my journey of how I break the rules of the game and use them for my own selfish reasons!
8 103 - In Serial82 Chapters
My Mother Fucking Stepbrothers
So let me get this straight..."You're dropping me off to my step brothers who I haven't seen in four years. I have to live with them for the rest of my life! Just so you can marry a man who is rich. AND this man doesn't know you have a seventeen year old daughter. WHICH! he does not want a women with any children in his life so your just leaving me?" I ask extremely confused as this information my mother is telling me has came from no where.I get no heads up?No, like hey honey you will be living with your three stepbrothers who hate you, abuse you and are not even your stepbrothers by blood from now on. So you have a couple of months to get your shit together.Nothing.I stand there facing my mother, looking her straight in her eyes to see if there is any type of playfulness, but nothing...complete seriousness.Wow.So she's really doing this to me.I'll just have to see how this goes...
8 325 - In Serial61 Chapters
LGBTQIAP+ GET TOGETHER | #PrideatWattpad
The biggest event of the year is here! Welcome to the first-ever LGBTQIAP+ Get Together - a month filled with cool activities for the entire community. Be sure to use the #PrideatWattpad and #GetTogether tags to join in on the fun. We have multiple writing contests, graphic contests, bingo, trivia, author interviews, and a ton of profiles involved in making this month a spectacular one for you all!
8 205 - In Serial26 Chapters
chaotic (Persian translation)
When our dance floor is the earth then i will never leave this devil music.🖤❤️تا وقتي كه زمين رقصمون, جهان باشه من هيچ وقت اين آهنگ شيطاني رو ترك نميكنم.
8 95 - In Serial129 Chapters
Taking My Heart (Completed)
Samantha Heed has done nothing but work as hard as she could in life. Becoming a veterinarian and owning her own clinic by the age of twenty-six, Samantha doesn't normally give the time of day to men. Having trust issues most her life with the opposite sex. Shane Thomas enjoys his life driving his semi, as his own boss. The open roads gives him the feeling of freedom to run from some haunting things in his past. The only companion he has is a chocolate lab he calls Tanker. What will happen when Tanker gets suddenly hurt and needs to see a vet? Will Shane learn to conquire his past and Samantha learn that not all guys are the same? Will Shane be taking Samantha's heart with him over the open road?#3 in clinic 09/29/22#1 in openroad 09/27/22#1 in trucker 09/27/22#1 in takingchances 09/27/22#3 in truck 10/02/22#4 in veterinarian 11/02/22#1 in newadult 11/07/22#3 in chicklit 11/09/22#6 in familyandfriends 11/11/22Beautiful cover photo made by Lissasysnop!The story is my own so please do not steal my work!!!!!Copyrighted 2022©All Rights Reserved
8 205

