《Best Friend Mean What?? (Completed)》BFMW - 19
Advertisement
အပိုင်း (၁၉) - အကောင်းစားကောင်လေး Lin Zi Hong
နောက်တစ်နေ့ မနက်စောစောမှာတော့ သူ နိုးမလာခင်ထဲက သူ့ရဲ့ကောင်လေးက သူ့ဆီရောက်နှင့်နေပြီ။ ရောက်တာနဲ့ သူ့ကိုနှိုး ရေချိုးခိုင်းကာ သူ့အတွက်လွယ်အိတ်ပြင်ပေးနေပြီ။
စာအုပ်တွေကိုတော့ စနစ်တကျထားတတ်ပေမယ့် ညဘက် စာလုပ်ပြီးရင် ပြန်မသိမ်းတတ်သူမို့ Lin Zi Hong က ဒီနေ့အချိန်ဇယားမှာပါတဲ့ ဘာသာစာအုပ်တွေကို လွယ်အိတ်ထဲ ထည့်ပေးထားတတ်သည်။ သူကတကယ်ပဲ အကောင်းစားကောင်လေးကို ရထားတာပဲ။
မနက်စာ အပြင်မှာစားကြမှာမို့ ဘာမှမပြင်ပေးထားပေမယ့် ပုံမှန်ဆို သူ့ကို မနက်စာကအစ ပြင်ပေးတတ်သည့် ဒီသူငယ်ချင်းကို သူအပိုင်လိုချင်မိတာ သူ့အနေနဲ့မထူးဆန်း ဟု ထင်သည်။ သူ့ကို ၅နှစ်သားအရွယ်ကလေးလေးလို ဆက်ဆံတတ်တဲ့သူငယ်ချင်းက အခုဆို သူ့ရည်းစားဖြစ်လာပါပြီ။ ချစ်သူဖြစ်ဖို့တော့ ခနစောင့်ရဦးမယ်ထင်သည်။ စောင့်ရလည်း တန်ပါတယ်လေ သူလိုချင်တာက သာမန်ကောင်လေးမှမဟုတ်တာ တကယ့် အထူးကောင်းတဲ့ အမိုက်စား ကောင်လေးပဲဟာကို....
( မနက်ခင်းလေးမှာ နိုးလာခဲ့ အရင်ဆုံး ဘဲကို ဂုဏ်ဆာပါတယ် XD )
................................................................
စားဖို့သောက်ဖို့ထက် အသိပေးစရာရှိတယ်ဆိုတဲ့ စကားကြောင့် တက်ကြွနေတဲ့ Richard ဟာ တကယ်ပဲ သူတို့ထက်စောရောက်နေပါသည်။
Breakfast က သူကြိုက်တဲ့ DimSum မို့ ခေါင်းမဖော်တမ်းစားနေတဲ့ ကောင်လေးကိုကြည့်ရင်း Lin Zi Hong ပြုံးမိသည်။ တကူးတကမဟုတ်ပါပဲ ဒီကောင်လေးကြိုက်တဲ့ အမျိုးအစားတွေကိုရွေးပြီး ပန်းကန်ထဲ ထည့်ထည့်ပေးနေတော့ အရှေ့က နှစ်ကောင်ဟာ တမင်ကို မျက်နှာကိုမဲ့ရွဲ့ရှုံ့တွပြကာ
"ငါတို့မှာလည်း ပါးစပ်ပါပါတယ်"
"စားတုန်းသောက်တုန်းမို့ မပြောချင်ပေမယ့် ဒါကဘယ်လိုအခြေအနေကြီးလဲ Yang Yu Teng"
ပါးစပ်ထဲမှာ DimSum ပလုတ်ပလောင်းနဲ့ မော့ကြည့်လာတဲ့ မျက်လုံးတွေဟာ တကယ့်အရိုးခံလေးအတိုင်းပင်။ 'ဘာတွေလဲ သူနားမလည်ပါဘူး' ဆိုတဲ့ ရုပ်ရှင်ရိုက်နေတဲ့ Yang Yu Teng ကို ကြည့်ရင်း သူတကယ်ပဲသွေးတက်ရပါသည်။
သူကိုတော့ လေတလုံးမိုးတလုံးပြောထားတာမဟုတ်ဘူးလား ... ဟမ့် ချေပစ်မှာဆို Yang Yu Teng ကိုချစ်လှပါချည်ရဲ့ဆိုရင်တောင် အဖတ်မလုပ်ပါဘူးဆို... ဪ ဒီဇတ်လမ်းမှာ သူက တစ်ဦးထဲသော ဗီလိန်ပေါ့ .. တွေးမိပြီး အစာမကျေဖြစ်ကာ မနက်စာတောင်စားမဝင်တော့။
"စားလေ ပြောတော့ ဗိုက်ဆာနေတာဆို ကားတောင်အမြန်မောင်းခိုင်းပြီးတော့"
ဟင်းး ဒီနလပိန်းတုံးရည်းစားကလည်း ဘာမှနားမလည်ဘူး။ သူက မနက်စာပဲဆို ဒီလောက်ဖြစ်နေမလား!!
"ဒီလိုအခြေအနေနဲ့ စားဝင်နေတာကမှ ထူးဆန်းတာမဟုတ်ဘူးလား"
Richard စကားကြောင့် DimSum အပြည့်နဲ့ Yang Yu Teng တစ်ယောက် ချောင်းထဆိုးရတဲ့အထိ မလုံမလဲဖြစ်သွားသည်။
"မင်းသိချင်တာတွေ အကုန် ငါဖြေပေးမယ်ကွာ Yu အေးအေးဆေးဆေးစားပါစေ ဒီလိုနဲ့အစာမကျေဖြစ်မယ်... ဖြေးဖြေးစား"
သူ့ကိုလည်းမကျေမနပ်ပြောရင်း Yu ကိုလည်း ရေခပ်ပေးကာ ဖြေးဖြေးစားဖို့ ပြောနေတဲ့ Lin Zi Hong ကိုကြည့်ရင်း Richard လက်ဖျားခါမိသည်။ ဒီအကောင်ဟာလည်း ဘာထူးလဲ သူ့ကိုပြောတော့ မိုးလားကဲလားနဲ့ အလကား မယားကြောက် ဟိုကစကားမပြောတာနဲ့တင် ဘယ်နှစ်ရက်မှမခံဘူး။
"ငါတို့ တွဲနေပြီ ... တွဲနေတာ ၂ရက်မြောက်"
' စောင်ကျိုးနည်း ပုံမှန်ပဲပြောပါ ငါ့မှာလည်းရည်းစားရှိပါတယ် ငါတို့ဆို နှစ်နှစ်တောင်ရှိနေပြီ ' လို့ စိတ်ထဲကပဲ ခွန်းတုံ့ပြန်လိုက်ပါသည်။
"ဪ ချက်ချင်းကြီးတွေနော်"
"ခုတော့ ငါက စောင်ရူးကြီးပေါ့ ငါပြောသလိုလည်း လုပ်ကြတာမဟုတ်ပဲ"
"စိတ်ထဲမပါတာတွေပြောမနေပါနဲ့ကွာ မင်းလည်းအဆင်ပြေစေချင်နေတာပဲကို စောစောအဆင်ပြေတော့ မင်းလည်း စိတ်မပူရဘူးပေါ့ မဟုတ်ဘူးလား .. သူတို့ကိစ္စနဲ့ပဲ လုံးလည်ချာလည် လိုက်ပြီး ငါ့ကိုတောင်အမြင်မကြည်ပဲ ပစ်ထားတာ ဘယ်လောက်တောင်ကြာပြီလဲ အခုငါ့ကိုပဲ အာရုံစိုက်တော့နော် "
ရုတ်တရတ်ကြီး သူ့ရည်းစားကောင်လေးရဲ့ အီစီကလီစီအပြောကြောင့် သူ့မှာမျက်နှာပူသွားသည်။ သူအခုဆူနေတာကို ကာစီးကာစီးနဲ့ တကယ်ပါပဲ နောက်ဆုံးတော့ ဒီအပေါက်ဆိုးတဲ့ Richard ကပဲ လက်မြှောက်အရှုံးပေးလိုက်ပါပြီ။
"တော်ပါပြီ မင်းတို့ အဆင်ပြေရင်ပြီးတာပဲ ...
အေး!! တစ်ခုခုဆို Yang Yu Teng ငါကို မပြောရဲလို့ မပြောတာမျိုးမလုပ်နဲ့နော် အဲ့ကောင်အနိုင်ကျင့်တာနဲ့ပြော"
"အင်း မင်းကအကောင်းဆုံးပဲ"
အခုမှ ပျားရည်လောင်းထားတဲ့မျက်နှာနဲ့ သကာရည်ဆမ်းထားတဲ့အသံနဲ့ ပြောလာသည့် Yang Yu Teng ကိုကြည့်ရင်း အဲ့လောက်မူရသလားဆိုပြီး သူ့မှာ အပြစ်လည်းမတင်ရက်တော့။
................................................................
အမေ့ဗိုက်ထဲကထွက်ကတည်းက ရည်းစားမထားဖူးသည့် နှစ်ယောက်ဖြစ်နေသည့်အပြင် သူငယ်ချင်းတွေပါ ဖြစ်နေကြသည်မို့ သူတို့ရည်းစားဘဝသည် တကယ့်ကို ဘာမှမထူးပင်။
ပိတ်ရက်ဘာလုပ်မှာလဲလို့ မေးတော့ အိမ်မှာနေမှာပေါ့ဟု သွေးအေးအေးဖြေလာသည့် Yang Yu Teng သည် သူပြန်မကြိုက်လို့ မခေါ်မပြောနိုင်ဖြစ်ခဲ့သည့် Yang Yu Teng မှ ဟုတ်ပါလေစ။ ယောက်ျားတွေဟာ မရခင်တစ်မျိုး ရပြီးတစ်မျိုး အပြောင်းအလဲမြန်တယ်ဆိုတာ အဟုတ်ဖြစ်မည်ဟု Yang Yu Teng ကိုကြည့်ပြီး လက်ခံမိသည်။
Richard နဲ့ငြိမ်းချမ်းရေးရခါစဖြစ်တဲ့ Evan ကတော့ ကောင်းစားနေလိုက်တာ Movie Date တဲ့။ သူလဲ Movie Date ချင်သည်လေ။
Advertisement
ဒီလိုမျိုးပဲနေမယ်ဆို Yang Yu Tengဟာ သူ့ကိုဘာလို့များဖွင့်ပြောနေသေးလဲဟု Lin Zi Hong တွေးမိပြီး ကျွဲမြှီးတိုလာသည်။
မကြည်မသာနဲ့ စူစူပုတ်ပုတ်ဖြစ်နေတဲ့ Lin Zi Hong ကိုကြည့်ရင်း Yu သက်ပြင်းအသာချမိသည်။ ဒီရည်းစားလေးဟာ တကယ်အလိုက်ကန်းဆိုးမသိပေ။ ဘာလို့ dateကြရအောင် ဒါလေးတော့ဖြင့် လုပ်ကြရအောင်လို့ မပြောတတ်တာလဲ။ သူက ငါးနှစ်သားကလေးတွေလို "ဒီပိတ်ရက်ဘာလုပ်ချင်လဲ" "တိရိစ္ဆာန်ရုံသွားချင်ဖေဖေ " ဆိုပြီး ပြန်ဖြေရမှာလား။
"Evan တို့က Movie Date မှာတဲ့"
"အင်း မင်းရောကြည့်ချင်လို့လား သွားမယ်လေ"
"တကယ်လား တကယ် Movie Date လို့ရတယ်ပေါ့"
"မရစရာအကြောင်းရှိလို့လား"
"မင်းက အပြင်မထွက်ချင်ဘူးလို့ ငါကထင်နေတာ"
"ငါက ဘာမှလုပ်စရာမရှိဘူး အိမ်မှာပဲရှိနေမှာလို့ ပြောတာလေ"
သူ့အပြောအပြီးမှာ ချိုအီသွားတဲ့ Lin Zi Hong ဟာ သွားသုံးဆယ့်နှစ်ချောင်းလုံးမြင်ရအောင်ထိ ရယ်ပြရင်း ' ဟီး ငါမှမသိတာ' ဟု ဆိုလေသည်။
"လက်မှတ်က သူတို့ဖြတ်ပေးမှာလား"
"ဘာ!!!"
Lin Zi Hong ရဲ့ အော်သံကြောင့် ရုတ်တရတ် Yang Yu Teng လန့်ပြီး တုန်ပါတုန်သွားသည်။
"ဘာလို့လဲ"
"သူများတွေအဆင်ပြေခါစ date မှာ မင်းကဘာလိုက်လုပ်မှာလဲ"
(တကယ် သူဟာ သူများအတွက်တွေးပေးတာပါနော် )
"ဟို ငါလည်းမသိဘူးလေ မင်းက ပြောလို့ကို"
"ငါ့တို့ဘာသာ သက်သက်ကြည့်မယ်ပြောတာ လက်မှတ်ကိုငါဖြတ်မယ် စနေနေ့ ညနေခင်းပွဲယူလိုက်မယ် မင်း မနက်ခင်း အိပ်ရေးဝဝအိပ်ရအောင် သိချင်တာရှိသေးလား"
ဒီတစ်ခါ သူလက်မလျော့တော့ ပြောစရာရှိတာတော့ အစအဆုံးသေချာပြောရမည်။ မဟုတ်ရင် Yang Yu Teng ကြောင့် သူပဲရင်မောရမည်။ ခပ်ဆတ်ဆတ်ထွက်လာတဲ့သူ့အသံကြောင့်
"အင်းပါ မင်းအဆင်ပြေရင် ငါကရပါတယ်"
သူ့ကောင်လေးရဲ့ တိုးတိုးသဲ့သဲ့အသံလေးကြားတော့လည်း ရင်ထဲမှာအေးချမ်းသွားရပြန်သည်။ ခုဏက စိတ်တိုတဲ့အသံနဲ့ပြောလိုက်တာ ဘယ်သူလဲ တွေ့မှထိုးပစ်ဦးမည်။ ဒီလိုကောင်လေးကို ဘယ်သူက စိတ်မရှည်ဖြစ်ရဲတာလဲ။ Yang Yu Teng က သည်းခံပေမယ့် သူ့ကောင်လေး Lin Zi Hong ကတော့ သည်းမခံနိုင်ပါ။
~tbc
Yours' Mina 🌟
................................................................
ဒီနေ့ ၂ပိုင်း ဆက်တိုက်နော် ဟီးး
စာလုံးပေါင်းမှားတာလေးတွေတွေ့ရင် အားမနာပဲပြောပေးပါနော် တချို့စာလုံးတွေက ရောရောနေမိလို့ !!
ပြီးတော့ ကျေးဇူးတင်ပါတယ် အခုထိ ဖတ်ပေးပြီး Motiလေးတွေပေးနေတဲ့ သူငယ်ချင်းတွေကို အိုက်နီ ❣️
Advertisement
- In Serial329 Chapters
The Devil’s Love
“The course of true love never did run smooth.” – William Shakespeare.
8 1238 - In Serial10 Chapters
The Princess And The Demon
Warning: This book contains mature content
8 148 - In Serial11 Chapters
Angel of Death
This is the story of an Angel of Death that fall for a human.Follow them in their every day life in this really fluffy story with not really any plot... yet! TW: I will talk about death... Lots of types of death. I won't go into lots of details, it won't be gore or anything but I will still mention it. And also mention of anxiety/panic attack. Cover by Peej (@Psyche_jinx on instagram)
8 132 - In Serial30 Chapters
50 Shades of Ackerman {Modern Levi x Reader}
50 shades of Gray, but with you and Levi Ackerman.
8 268 - In Serial33 Chapters
Rooming With Royals ✔️
Highest Rank #19 in Fantasy. Four guys , hot guys rooming with you and that's not all , they're princes. Supernatural princes. As if that wasn't enough , I might as well have feelings for one if them. But he'd never notice a girl like me. Afterall , he's a demon prince soon to be king and I'm a normal human; aren't I ?Cover by AverySummers.
8 190 - In Serial33 Chapters
BLS #2 : Challenging The Billionare
BLS #2Sky LocasonBillionare that never fail to make girls knee go weak. He has the charm that everyone envy. Hates everyone who tried to hurt his family and his closest friends. He never give someone mercy , he always ended up crushing them in the end.Janet StanmoreOrdinary girl who loves to write a blog , she got money from there and working part time at the restaurant as waitress. She's really kind heart girl but she hates when people treat other not in a right way." 'Never play with fire because you'll get burn' heard that saying? Well sweetheart you just entered hell and you're facing the devil himself " Sky said with his cold tone and giving Janet his evil stareEditor : ShinjasanjeevStart writing : 18 September 2016Finish writing : 30 September 2016
8 189

