《Best Friend Mean What?? (Completed)》BFMW - 15
Advertisement
အပိုင်း (၁၅) - Yang Yu Teng (ခေတ္တအသည်းကွဲ )
အရာအားလုံးက အဆင်ပြေပြီး သူတို့အရင်လိုပြန်ဖြစ်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ...
Lin Zi Hong အတန်းစခါနီးမှ ဝင်လာတဲ့ Yu Teng ကိုကြည့်ပြီး အရင်လိုပင် သူ့ဘေးကိုဝင်ထိုင်နိုင်ဖို့ ဘေးခုံကိုရွှေ့ပေးလိုက်ပေမယ့် ရှေ့ဆုံးနှစ်ခုံမြောက်မှာဝင်ထိုင်လိုက်တဲ့ Yang Yu Teng ကြောင့် ကုန်းကုန်းကွကွကြီးဖြစ်သွားသည်။
မထူးဘူး ဆိုကာ ရှေ့ကိုထွက်ဖို့ လှမ်းပေမယ့် နောက်က Richard က အင်္ကျီကိုဆွဲကာ ဆရာမလည်း ဝင်လာသည်မို့ မတတ်သာပဲ ပြန်ထိုင်လိုက်ရသည်။ စာတွေကလည်း ဘယ်လိုဘာဖြစ်သည် မသိလိုက်ပါ.. အတန်းဆင်းဆင်းချင်းမှာပဲ Yang Yu Teng ရုတ်တရတ်ထထွက်သွားပြန်သည်။ သူနောက်ကလိုက်ထွက်လာပေမယ့် ရှာမတွေ့တော့။
"Lin Zi Hong ကန်တင်းသွားမယ်"
"Yu ကိုရော"
"သူက ကလေးလား ထိုင်နေကျနေရာ သူလိုက်လာမှာပေါ့ ကဲပါကွာ လာစမ်းပါ"
Evan ဆွဲခေါ်ရာ စိတ်နဲ့လူနဲ့မကပ်ပဲ ကန်တင်းသို့ရောက်လာသည်။ ထိုင်နေကျလွတ်နေတဲ့ ခုံမှာပဲ ဝင်ထိုင်ရင်း အစားအသောက်ဂျီးများလွန်းသည့် Yang Yu Teng တစ်ယောက်ထဲ ဘယ်မှာသွားစားနေလဲ စားရောစားရဲ့လား ပူနေရပြန်သည်။
" Zi Hong Ge"
ကောင်မလေးနှစ်ယောက်နဲ့အတူ ဝင်လာသည့် Su Wei ကိုကြည့်ပြီး ပုံမှန်ထက် အမြင်မကြည်ဖြစ်ကာ ဒေါသတွေထွက်လာသည်။
"ဘာလဲ"
"Ge တို့နဲ့ အတူတူထိုင်လို့ရလား"
"မရဘူး ထိုင်စရာရှားနေလား"
"Ge ကလည်း Geသူငယ်ချင်းတွေနဲ့ခင်ချင်လို့ပါ"
ပြောရင်းဆိုရင်းဝင်ထိုင်လိုက်သည့် ကောင်မလေးကြောင့် ဟိုနှစ်ကောင်ကလည်း မနေသာတော့ နေရာဖယ်ပေးရတော့သည်။
နေရာကျပြီး သိပ်မကြာခင်မှာပဲ Lin Zi Hongက ဝုန်းခနဲထရပ်ကာ
"ငါ သွားစရာကိစ္စရှိတာ သတိရလို့ သွားနှင့်ပြီ Evan မင်း ရှင်းထားလိုက်တော့"
"အယ် Ge~"
အနောက်မှာကျန်ခဲ့တဲ့ Su Wei ရဲ့ အသံကို ဂရုစိုက်မနေတော့။
"Ge ကိုကြည့်လိုက်ရင် အမြဲအလုပ်ရှုပ်နေတာပဲနော် ဒုတိယနှစ်တွေက စာတွေများလို့လားဟင်"
နာမည်တောင်မသိ အချင်းချင်းစကားစမြည်
ပြောဖူးခြင်းတောင် ရှိမနေပဲ သူတို့ကို သက်တောင့်သက်တာပင် စကားစပြောလာတဲ့ ဒီကောင်မလေးကိုကြည့်ရင်း အင်း ..တော်ရုံတော့မဟုတ်ဘူး ပဲလို့ အသိအမှတ်ပြုမိသည်။
"အင်း စာတွေကတော့ ပထမနှစ်ထက်တော့များတာပေါ့ Lin Zi Hongကတော့ စာကြောင့်ရှုပ်နေတာမဟုတ်ဘူး သူ့personal case ကြောင့် ရှုပ်နေတာ ညီမလေး"
Evan က ကောင်းကောင်းမွန်မွန်ရှင်းပြလိုက်ပေမယ့် Richardကတော့
"ဒီရက်ပိုင်း သူစိတ်ရှုပ်မှာ သူ့ကိုသွားနှောက်ယှက်ရင် ဒုက္ခရောက်လိမ့်မယ်နော် ... အကိုတို့လည်း စားပြီးပြီမို့ ခွင့်ပြုပါဦး" ဟုဆိုကာ Evan လက်ကြီးကို ဆွဲခေါ်ကာ ထွက်လာခဲ့သည်။
မိန်းကလေးအပေါ် ဒီလိုလုပ်ရပ်က နည်းနည်းရိုင်းတာသိပေမယ့်လည်း မတတ်နိုင်။ ဒီကောင်မလေး သူတို့နဲ့ သိတာလည်း မဟုတ်။ သိလဲမသိချင်တာမို့ ဒီနည်းကလွဲပြီးရှိမနေတော့။
"အင်း.. Richard"
"မင်း ဘယ်မှာလဲ Yu Teng"
"ငါ အပြင်မှာ ကျောင်းထဲမရှိတော့ဘူး"
"နောက်အချိန်မတက်တော့ဘူးလား"
"မတက်ပဲတော့မနေပါဘူး နဲနဲနောက်ကျပေမယ့် လာခဲ့မယ်"
"ငါတို့ မင်းဆီလာဖို့လိုလား"
"မလိုဘူး ရတယ် ငါနေ့လည်စာအပြင်မှာစားနေတာ Lin Zi Hong ကို နည်းနည်း ပညာပြချင်လို့ "
"အိုကေ ငါသဘောပေါက်ပြီ မင်းအေးဆေးနေ လိုအပ်ရင်ငါ့ကိုပြော ဒီကိစ္စတွေ ငါ Evan ကိုတောင် ပြောမထားဘူး သူ့ယောက်ဖ ကြေကွဲနေတာမြင်ရင် သွားပြောမှာစိုးလို့"
"အေး မင်းပဲရှိလို့ တော်သေးတယ်"
"ဟားဟား အေးပါကွာ ဒါဆို ဒါပဲ"
ရယ်မောရင်း ဖုန်းချသွားတဲ့ Richard ကြောင့် သူနေ့လယ်စာစားရင်း ပြုံးမိသည်။ ကျောင်းနဲ့သိပ်မဝေးတဲ့ ဟော်တယ်က နေ့လယ်စာကို အရသာခံပြီး အေးအေးဆေးဆေးစားနေရင်း Lin Zi Hong ကိုပညာပြနိုင်မယ့်နည်းလမ်းမှန်သမျှကို စဉ်းစားနေရသည်။
သူ့စိတ်တွေတအားပင်ပန်းနေတယ်။ ဘယ်လောက်ပဲ အားတင်းပြီး အကြောတင်းတင်းနေနေ သူ့စိတ်ပင်ပန်းနေတယ်လေ အဲ့ဒီဝောာ့ အစားအသောက်ကောင်းကောင်းတွေနဲ့ သူ့ကိုယ်သူ ဂရုစိုက်ရမယ်။ ပြီးရင် Lin Zi Hong ကို ဒုက္ခလှလှတွေပေးဖို့ စဉ်းစားရမယ်။ ဒုက္ခပေမယ့် လှလှလေးတွေလေ တစ်ချိန် သူ့ကိုရမယ့်ဟာပဲကို ဒီလိုဒုက္ခလောက်တော့ မင်းခံယူဖို့ ထိုက်တန်ပါတယ် လို့ ခပ်ချဉ်ချဉ်တွေးထားလိုက်သည်။
မင်းကများ ငါ့ကိုမကြိုက်ပဲနေရဲတယ်ပေါ့ နောက်မှ Yu Teng Ge Ge ကို ချစ်ပါတယ်ဆိုပြီး လာပြောလို့က ဆယ်ကမ္ဘာလောက် ချေမိုးနေပြဖို့ ငါအဆင်သင့်ဖြစ်နေပြီ။ အဲ့ဒီအချိန်မရောက်ခင်တော့ Yang Yu Teng ခေတ္တအသည်းကွဲနေပါသည်။
~tbc
Yours' Mina 🌟
Advertisement
- In Serial156 Chapters
36 Ways To Chase After My Wife's Love
THE BEST WAY TO CHASE AFTER YOUR LOVE~
8 817 - In Serial39 Chapters
Spirits Awakening
The fabric of reality has been torn apart, and spirits are now appearing everywhere on Earth. While searching for his missing uncle, Rafael will discover the world of shamanism, bind a plant spirit, and face multiple dangers with his newfound magical powers. A chapter every Friday, a bonus chapter every so often on Wednesday. Link to my discord: https://discord.gg/fGg2JTfjur Matusblstack's fantastic cover will come back later. Credit to Wombo for the current one.
8 125 - In Serial65 Chapters
H(e)aven
TL DR: Two girls fall in love :) It’s the story of Alliyah, an African American bisexual girl, and Rayne, a Japanese lesbian. The narrative is mostly about their connection with each other and with the world. While Alliyah is a loyal extrovert, whose mouth sometimes gets her in trouble, Rayne is an observant introvert who struggles with the need to belong and the yearn to shield herself from the world.They find themselves in complicated and uncomfortable situations when, for instance, Alliyah debates whether it’s worth to have a career that makes her miserable; Rayne is forced to confront her family because they were never accepting of her (sexuality and gender-wise). Together they also venture into another country and find themselves in the middle of a life-threatening occurrence.
8 99 - In Serial13 Chapters
Kyrie is Crying
TW: Sexual assault, murder, abuse, needles, gore, child death, genocide, cult, fire, self harm, and moreDisclaimer: this story will be very disturbing, but it is something I have wanted to write for a while so I hope you'll enjoy.About: During the winter Kyrie was in his bathroom sitting on the cold toilet seat. The chill seeming to stab the nerves in his bottom. Noticing blood droplets splash into the water below him, he felt a familiar sting reach his eyes and his vision faded like the frost covered window beside him. He saw a dull pair of scissors on the sink to his right and decided to get to work.Update: I deleted some of the extremely detailed descriptions in the first chapter because the goal of the chapter wasn't really to gross people out. It was to show detail to what triggered Kyrie to do what he did.
8 132 - In Serial36 Chapters
Sir (Man X Man) (Teacher x Student) ✔
It is the first day of Ryan's college. He's feeling anxious and nervous. After all, it's his first day in the new city, he and his mother just moved so that it'll be closer to his college and they knew no one except each other in this city. Feeling out of place he entered the class and saw a man whom he thought he would never see again."Mr.Dildo?" was the only thing he could get out in his confused state............................................................................................................................Ryan is a 17 year old boy, who is good at academics. His life is as normal as it can get with a mother who has cancer and a late father. One day at a bus station he meets a man. Who seems to be a constant in his life. Who is that man? How does that man become a constant in his life? Read to find out the story of Ryan.~~~#1 in LGBT (08/03/2021)#1 in bxblove (28/04/2021)#1 in Homosexual (06/08/2021)#2 in feelgood (22/05/2021)#1 in Versatile (10/11/2021)#1 in Demisexual (17/01/2022
8 209 - In Serial12 Chapters
Out of Character | Darlentina
Being an actress they need to follow the script but what will happend when the adlibs was added in real life? what will happen when the script gets out of the character? Will it ruin the storyline or it will start a new beginning for a new story?
8 174

