《Best Friend Mean What?? (Completed)》BFMW - 14
Advertisement
အပိုင်း (၁၄) - အရောင်တွေမပါတဲ့ အချစ်နဲ့
ရန်ထဖြစ်တော့မလို မာန်ဖီနေတဲ့သူတွေကိုကြည့်ရင်း Evan ဝင်တားမှရတော့မည်ဟု တွေးကာ
"တော်ကြပါတော့ကွာ မင်းတို့ကလည်း သူငယ်ချင်းတွေမဟုတ်ဘူးလား"
"မင်းကိုယ်မင်း အထင်ကြီးမနေနဲ့ ဟိုကောင်ကမင်းကို ဘယ်ကြားမှမညှပ်ဘူး မဆိုင်ပဲဝင်ပါရင် မင်းပဲအပြောခံရမှာ"
တစ်ခါလေးပြောထွက်ခဲ့မိတဲ့ စကားကိုပဲ Richard က သေတဲ့ထိယူသွားတော့မှာလားဟု Lin Zi Hong တစ်ယောက်ခပ်ချဥ်ချဥ်တွေးမိရင်း
"ချီးခြောက်ရေနူးမနေနဲ့ မိန်းမကြီးကျနေတာပဲ တခုခုဆို ဒါနဲ့ပဲ"
"အေးဒါဆိုလည်း အဲ့ဒါထားပါတော့ ဒါနဲ့ မင်းက မိန်းမယူတော့မှာဆို"
Lin Zi Hongက သတ်တော့မယ့် မျက်နှာထားမျိုးနဲ့ သူ့ကိုစူးစိုက်ကြည့်ကာ
"ချီးစကားမပြောနဲ့"
"အဲ့ ချီးစကားက မင်းအရင်ပြောတာလေ"
တစ်ချိန်လုံးငြိမ်နေတဲ့ Yang Yu Tengဆီက အေးစက်စက်အသံကထွက်လာသည်။ Zi Hong ဖျတ်ခနဲကြည့်မိတော့ Yuက သူ့တို့ကိုကြည့်မနေ အရက်ခွက်ကိုသာ ငေးကြည့်နေသည်။
"ငါ အဲ့လိုမပြောခဲ့ပါဘူး" ဟုသာ ခပ်တိုးတိုးလေသံနှင့် အဖြေမဟုတ်သော အဖြေစကားကိုသာပေးမိသည်။
အဲ့ဒီနောက် ဟိုရောက်ဒီရောက်စကားတွေကို Evan ကသာ ဦးဆောင်သွားသည်။ Yu Tengအသံကတော့ ထပ်ထွက်မလာတော့။
"ငါ ပြန်တော့မယ်"
"ဟင် ပြန်တော့မလို့လား ငါတို့ကရော"
"ငါ့ဆီလိုက်ချင်လည်းလိုက် မလိုက်လည်းရတယ် ငါ ကားမောင်းနိုင်သေးတယ်"
"ငါ လိုက်ပို့လိုက်မယ် မင်းတို့စိတ်မပူနဲ့"
Lin Zi Hong ရဲ့လိုက်ပို့မယ်ဆိုတဲ့ အသံကြားကြားချင်းမှာပဲ
"မလိုဘူး မင်းလိုက်ပို့စရာ Richard ဘာလုပ်မှာလဲ မလိုက်ဘူးဆို ပြန်ပြီ"
"ငါတို့အကုန်လိုက်ပါမယ်ကွာ ကဲ Evan ..."
Richard တစ်ယောက် Evan ကို ထတော့ ဟု မျက်ရိပ်မျက်ကဲပြကာ ထွက်လာရတော့သည်။ ကားပါကင်ရောက်ရောက်ချင်းပဲ
"ငါ မလိုက်တော့ဘူးနော် မင်းတို့ပဲသွားလိုက်တော့"
Lin Zi Hong ထိုစကားပြောပြီးတာနဲ့ Yang Yu Teng သည် ကားပေါ်သို့ ဝုန်းခနဲတက်ကာ တံခါးကို ဂျိန်းခနဲစောင့်ပိတ်လိုက်သည်။ တံခါးပိတ်သံနှင့်အတူ Richard ရဲ့အော်သံက ကပ်ပါလာသည်။
"ဟေ့ကောင် driver seat ကြီးမှာ ဆင်း Evan မောင်းလိုက်မယ်"
မျက်နှာစူစူပုတ်ပုတ်ဖြင့် ကားပေါ်မှဆင်းကာ နောက်ခန်းထဲ ဝင်ထိုင်လိုက်သည့် ကောင်လေးကိုကြည့်ရင်း Lin Zi Hong ပြုံးမိသည်။ ဒီကောင်လေးက ဘာလို့များ ဒုက္ခရှာချင်နေရတာလဲ သူတို့ ဒီအတိုင်းအဆင်ပြေပြေလေး နေသွားလို့ရတယ်မဟုတ်ဘူးလား။
နောက်ဆုံးတော့ Yang Yu Teng အိမ်ကိုပဲ အကုန်စုရောက်လာပြီး အားလုံးထက်ပိုသောက်ထားသည့် Yu သည် အိပ်ရာထဲသို့တန်းဝင်သွားလေသည်။ အိမ်ရှင်ဟုတ်မနေတဲ့ ၃ယောက်ဟာ ခပ်တည်တည်ပဲ ရေခဲသေတ္တာထဲက ဘီယာဘူးတွေကိုထုတ်ကာ ခုံတွေပေါ်တင် ထိုင်ချလိုက်ရသည်။
"Lin Zi Hong ငါ မင်းကို အတည်မေးမယ် မင်းတကယ်ပဲ Yang Yu Teng အပေါ် ခံစားချက်မရှိဘူးလား"
ပြန်အဖြေမပေးသည့် Lin Zi Hongကြောင့် Richard အားမလိုအားမရဖြစ်လာသည်။
မနေနိုင်တော့သည့် Evan ကလည်း
"မင်း တကယ် နောင်တမရဘူးဆိုရင်တော့ ကိစ္စမရှိပါဘူး"
"ဟုတ်တယ် Yang Yu Teng ကိုလည်း စိတ်ပူမနေနဲ့ အချိန်ကြာရင် အဆင်ပြေသွားလိမ့်မယ် ငါကတော့ သူ့အတွက်မပူဘဲ မင်းအတွက် ရင်လေးမိတယ်"
"ငါကဘာလုပ်နေလို့ မင်းတို့ကပူနေတာလဲ"
"တကယ်လို့ မင်းဘက်ကတကယ် မဖြစ်နိုင်ဘူးဆိုရင် သူ့ဘက်ကိုလည်းကြည့်ပေးမှဖြစ်မယ် မင်းက ကြိုက်လဲမကြိုက်ပဲ ဂရုစိုက်နေ ပူပန်နေတာ အဆင်မပြေဘူးနော်"
"အေးလေ မင်းက ဘာဖြစ်ချင်နေတာလဲ"
"သူ့ကို လွှတ်ထားလိုက် ငါတို့ကအမြဲ အနားမှာရှိနေပေးမှာမလို့ မင်းတို့ အရင်လိုမျိုး မုန့်လင်မယားတွေလို ကပ်နေစရာမလိုတော့ဘူး"
"မင်းတို့က သူငယ်ချင်းစာရင်းကပါ ထုတ်ချင်နေတာလား"
"ဒီတုံးတာလား တုံးချင်ယောင်ဆောင်တာလားမသိတဲ့ကောင်ကို ငါတကယ် သတ်ပစ်ချင်တော့တယ် Evan မင်း ကောင်ကို ငါလူလိုပဲပြောနေတာနော် သူကိုက လူစကားနားမလည်တာ"
"မင်းကလည်း စိတ်လျော့ပါဦး သူ့ဘက်လည်းကြည့်ပေးမှပေါ့ အပြစ်ထိုင်တင်နေလို့ရတာမှမဟုတ်တာ... "
Evan တစ်ယောက် Richard ကိုဖျောင့်ဖျရင်း Lin Zi Hong ကိုလည်းရှင်းရသေးသည်။
"Lin Zi Hong အဓိက Yu Teng အေးအေးဆေးဆေးဖြစ်သွားတဲ့ချိန်ထိ မင်းကို နည်းနည်းဆင်ခြင်ခိုင်းတာ မင်းလဲမင်းဘဝနဲ့မင်း သူလဲသူ့ဘဝနဲ့သူ နေပါစေပေါ့ကွာ မင်းရောသူရော အချိန်တစ်ခုရောက်ရင် အရင်လို သူငယ်ချင်းတွေပြန်ဖြစ်သွားမှာပေါ့"
"ဒီကြားထဲ ငါက ရှောင်နေပေးရမှာလား"
"လူအကောင်လိုက်ရှောင်ခိုင်းတာမဟုတ်ပါဘူးကွာ အပြုအမူတွေပဲ နည်းနည်းဆင်ခြင်ခိုင်းတာ"
"အင်း ငါ သိပြီ"
နောက်တော့ သူတို့ ပြောစရာစကားမရှိတော့သလို စကားဝိုင်းကတိတ်ဆိတ်သွားကြသည်။ Richard နဲ့ Evan ကတော့ အိပ်တော့မယ်ဆိုပြီး ဆိုဖာပေါ်ထသွားကြသည်။
သူကတော့ Yang Yu Tengရဲ့ အခန်းထဲ အသာလေးဝင်လာမိသည်။ ဒီကောင်လေးနဲ့ တကယ်ပဲ အရင်လိုနေလို့မရတော့ဘူးပေါ့။ အင်းလေ Yu Tengကလည်း အရင်လိုမှမဟုတ်တော့တာ ဘေးနားမှစောင့်ရှောက်ပေးမယ့် သူငယ်ချင်းတွေလည်း ရှိလာပြီး သူ မရှိရင်တောင် အထီးမကျန်တော့လောက်ဘူး လို့ထင်ပါတယ်။
အိပ်ပျော်နေတဲ့ Yang Yu Teng ကိုကြည့်ရင်း
တစ်ချိန်လုံးထိန်းမတ်လာတဲ့ ကလေးကလမ်းလျှောက်တတ်သွားလို့ လွှတ်ပေးလိုက်ရတဲ့ ခံစားချက်မျိုးရနေသည်။ ရပ်တည်နိုင်လာလို့ ကျေနပ်မိတာကသက်သက် တခုခုဖြစ်သွားမလားလို့ စိုးရိမ်နေတာက သက်သက်ပင်ဖြစ်သည်။
အသက်ဘယ်လောက်မှမကွာတဲ့ ဒီကောင်လေးကို ကလေးတစ်ယောက်လိုမျိုး မြင်မိနေတဲ့ထိ ဖြစ်နေတဲ့သူက ခုအချိန်ထိတော့ Yang Yu Tengအပေါ်မှာ အရောင်တွေရှိမနေဘူးလို့ တစ်ဖတ်သတ် ကောက်ချက်ချမိရင်း သူ့ဆုံးဖြတ်ချက်က နှစ်ယောက်လုံးအတွက်နောင်တမရှိဖို့ ဆန္ဒပြုမိပါတယ်။
~tbc
Yours' Mina 🌟
Advertisement
- In Serial25 Chapters
ILLUSION |Shubman Gill Fanfiction|
◇ Checking the time on my watch, I barged out of my hotel room only to collide with someone.A tub of chocolate ice cream splashed all over my white night dress.Fuming with anger, I looked up to see the culprit who caused this damage, but froze as soon as I saw his face.Shubman Gill stood right infront of me, smiling while scratching his neck, as the next sentence unknowingly escaped my mouth."Oh boy, is this.. an.." I blinked before saying the next word."Illusion?" ◇
8 159 - In Serial6 Chapters
A Collection
A collection of various short stories and miniatures. Concept: give two random/unrelated words for inspiration and I shall write a miniature, short story, or perhaps even a poem.
8 90 - In Serial39 Chapters
A Beautiful Nightmare
The much loved Diwali track
8 272 - In Serial7 Chapters
The Proposal
When Seoul editor Jimin faces deportation to America, he convinces his assistant Yoongi to marry him in return for a promotion. A trip to Yoongi's hometown, however, brings many surprises Jimin's way.
8 171 - In Serial7 Chapters
Gravity Falls: Island of The Blue Lagoon
Dipper along with his wife Wendy, his sister Mabel, his friend Pacifica and Grunkle STan go on a cruise ship to New Zealand. However, the ship gets caught on fire, which leads them to abandoned their ship. They get stranded on the ocean until they see an island, which they end up having to show their survival skills in order to survive.Will they get rescued from the island?Disclaimer! Wendy and Dipper are in their 20s as well as Mabel and Pacifica for those who are wondering.
8 98 - In Serial40 Chapters
REVENGE PAWN - Taehyung ff
𝖂𝖍𝖊𝖓 𝖞𝖔𝖚 𝖇𝖊𝖌𝖎𝖓 𝖆 𝖏𝖔𝖚𝖗𝖓𝖊𝖞 𝖔𝖋 𝖗𝖊𝖛𝖊𝖓𝖌𝖊, 𝖘𝖙𝖆𝖗𝖙 𝖇𝖞 𝖉𝖎𝖌𝖌𝖎𝖓𝖌 𝖙𝖜𝖔 𝖌𝖗𝖆𝖛𝖊𝖘 : 𝖔𝖓𝖊 𝖋𝖔𝖗 𝖞𝖔𝖚𝖗 𝖊𝖓𝖊𝖒𝖞, 𝖆𝖓𝖉 𝖔𝖓𝖊 𝖋𝖔𝖗 𝖞𝖔𝖚𝖗𝖘𝖊𝖑𝖋. -𝕵𝖔𝖉𝖎 𝕻𝖎𝖈𝖔𝖚𝖑𝖙******"How could you do this to me?", She asked with tears streaming down her cheeks."You deserve to suffer for your brother's deeds", He said harshly with an evil smirk creeping across his face. •••••••••••••"I know I've hurt you bad- I was just blinded by revenge but I love you so much, Y/n. I really do, Please give me one more chance.", He pleaded."I had given you a lot of chances but you always took that as an opportunity to hurt me more, you made me your toy, pawn and whatnot. I loved you once, but I'm not making that mistake ever again." She walked away leaving him speechless.
8 85

