《Best Friend Mean What?? (Completed)》BFMW - 7
Advertisement
အပိုင်း (၇) - မင်းနဲ့သာအတူဆို ကြည်နူးမှုအပြည့်
ကျောင်းဖွင့်ပြီး တစ်လပြည့်ဖို့ တစ်ပတ်အလိုတွင် Lin Zi Hong ကျောင်းသို့ပြန်လာခဲ့သည်။ ၃ပတ်အကြာဖြစ်သွားလို့ပဲလား မပြောဖြစ်တဲ့စကားတွေက များလွန်းလို့လား
ပထမဆုံးလရဲ့ Report တင်ဖို့ရှိလို့လား မသိ။
Lin Zi Hongရဲ့ အကြောင်းကိစ္စတွေကို အစမဖော်ဖြစ်ခဲ့ပါ။ ဒီလိုပဲ တကူးတကမဟုတ်ပါပဲ
ဘာမှမဖြစ်ခဲ့သလို သူတို့ ပြန်အဆင်ပြေသွားခဲ့ကြတယ်။
ဒီတစ်ခေါက် Lin Zi Hong က သူအော်ခဲ့ လျစ်လျူရှုခဲ့ဖူးတာအတွက် အပြစ်မကင်းသလိုများ ခံစားနေရသလားဟု ထင်မိသည်။ သူ့အနားအမြဲကပ်ပြီး ငုံးဥမပါတဲ့ မုန့်လင်မယားလေးတွေလို တအားပူးကပ်လွန်းတဲ့ သူတို့နှစ်ယောက်ကြား တခုခုဝင်ရောက်လာသလိုခံစားရသည်။ မုန့်လင်မယားကနေ ဟမ်ဘာဂါ ဘဝသို့ရောက်သွားသလိုပင်။
ဒီလိုဆိုလို့ Lin Zi Hongက သူ့ကို ဂရုမစိုက်ဘူး အလိုမလိုက်ဘူးလို့ ပြောချင်တာမျိုးတော့မဟုတ်။ သူစားချင်တာ သူဖြစ်နေတာတွေကို အရင်လို မျက်စိဒေါက်ထောက် ကြည့်ပြီး ဖြည့်ဆည်းပေးနေတုန်းပင်။
သို့သော်ငြားလည်း သူနဲ့အကြည့်ချင်းဆုံရင် မျက်နှာလွှဲသွားတတ်တာတို့ တခုခုကို သူမသိအောင် ခိုးချောင်ခိုးဝှက်လုပ်နေသလို ခံစားနေရသည်။
တကယ်ပဲ Lin Zi Hongက တော်တော်အလုပ်ပေးသည်။ တနေ့တနေ့ စာတွေနဲ့တောင်မအားမလပ်ဖြစ်ရတဲ့အထဲ သူ့အပြုအမူတွေကအစ အကဲခတ်နေရသည်။
"Yu Teng Report အတွက် ဘယ်လောက်ထိ ပြီးသွားပြီလဲ။ ဆရာမကလည်း ရက်စက်လိုက်တာ ပထမဆုံး reportကို individual တဲ့။ အဖွဲ့လိုက်လေးဆိုရင်တောင် ငါ ဒီလောက် အာရုံနောက်နေရမှာမဟုတ်ဘူးကွာ ကျောင်းရောက်လာတာတောင်မကြာသေးတာကို "
" မင်း အဲ့လောက်ထိ စိတ်မပူနေလဲ ရတယ်။ ငါ့အတွက်ကပြီးသလောက်ဖြစ်နေပြီ။ ဒီည ငါ့report ကို လက်စသတ်ပြီး မင်းကိုကူပြီးလုပ်ပေးမယ်။ ၂ရက်လောက်ဆို အကြမ်းဖျဉ်းရနေပါပြီကွာ"
"ဟားး ငါ့ Yu Tengလေးသာ အတော်ဆုံးကွာ။ ဟိုကောင်တွေရှေ့သာ သွားငြီးကြည့်ပါလား ငါ့ကို မဲ့ရွဲ့ပြီး ငါ့အပြစ်ပဲလုပ်ဦးမှာ အားကိုးမရတဲ့ကောင်တွေ"
"အေး ဘယ်သူမှမပြောရင်တောင် Richardကတော့ မင်းကိုသေချာပေါက်ပြောမှာ မင်း reportလုပ်နေတုန်း ငါ့ဆီလာနေမလား? "
"အင်းး ... "
"မင်း အဆင်မပြေလည်း ရတယ် အတူတူဆိုတော့ ငါတို့ ပိုပြီးမလားပေါ့"
"မဟုတ်ပါဘူး ငါ့အမေကိစ္စ စဉ်းစားတာ ရပါတယ် ငါနေလို့ရတယ် မနက်ဖြန်ကစပြီးလား"
"အင်း ဒီနေ့တော့ ငါ့အတွက် လက်စသတ်လိုက်ဦးမယ်"
"အွန်းး အပြန်တော့ ငါလိုက်ပို့မယ်"
"MRT နဲ့လား"
"MRT နဲ့ပဲ ကြည်ကြည်နူးနူးလေးပေါ့"
MRT နဲ့မှ ကြည်နူးရမှာမဟုတ် မင်းနဲ့အတူဆို ကြည်နူးစရာအပြည့်နဲ့ လို့ ရင်ထဲကနေသာ ပြောမိသည်။ နှုတ်ခမ်းတွေကတော့ ပွင့်မလာပေမယ့် ပြုံးနေရင်း ...
................................................................
အကြာကြီးနေပြီးမှ Lin Zi Hong နဲ့အတူ MRT စီးပြီး အိမ်ပြန်ရမှာမို့ တက်ကြွနေသည်။ နောက်ဆုံးချိန်သင်ရင်းတောင် နာရီကို ခဏခဏကြည့်မိတဲ့ Yang Yu Tengပင်။ ဒီနေ့တော့ ကြည်နူးစရာတွေကို လိုက်နှောင့်ယှက်ပြီး ခွေးစာကျွေးမယ့် ဟိုအတွဲလည်းမရှိတာပေ။ ဘယ်သူ့မျက်နှာမှမကြည့်ပဲ Lin Zi Hong မျက်နှာ တစ်ကမ္ဘာလုပ်ပြီး MRTစီးတော့မယ့် လူချောလေးဟု ကိုယ့်ဘာသာတွေးပြီး အပြင်မှာပါ ပြုံးမိလို့ ဆရာမဆီက စိုက်ကြည့်ခြင်းကိုတောင် ခံလိုက်ရသည်။
"Toilet ဝင်ဦးမှာလား ကျောက်ရုပ်လေး"
"မဝင်တော့ဘူး"
"အိုကေ ဒါဆို သွားမယ်"
"Ge~ Zi Hong Ge~"
အနောက်ပါးဆီက မိန်းကလေးတစ်ယောက်အသံကြား၍ လှည့်ကြည့်မိတော့ သူတစ်ခါမှမမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်
"အာာ..."
Lin Zi Hongရဲ့ ရေရွတ်သံကြားတော့ သူ့ကိုပြန်ကြည့်မိသည်။ ဘာလဲ? Lin Zi Hong က သိနေတာလား? တချိန်လုံးသူနဲ့အတူရှိနေသည့် သူဟာ ဘာ့ကြောင့် သူမသိမမြင်ဖူးသည့် မိန်းကလေးတစ်ယောက်နဲ့ သိကျွမ်းနေနှင့်သနည်း။
"Ge အိမ်ပြန်မှာမလားဟင် Su Wei လည်း လိုက်ခဲ့ချင်လို့"
"ငါ အိမ်ပြန်မှာမဟုတ်ဘူး"
"ဟင် Ge က ဘယ်သွားမလို့လဲ"
"သူငယ်ချင်းအိမ်ကို "
"Lin Zi Hong မင်း လိုက်မှာလား မလိုက်ဘူးလား"
"အာ လိုက်ပို့မှာလေ သွားမယ် လာ"
တစ်ဖက်မိန်းကလေးကို တချက်မှမကြည့်ပါပဲ သူ့ကိုဆွဲပြီး ထွက်လာခဲ့တာမို့ အနည်းငယ် စိတ်အလိုကျမိပေမယ့် ကျေတော့မကျေနပ်သေးပါ။ ဘယ်သူမို့လို့ အိမ်ကိုလိုက်မယ့်အထိ ပြောနိုင်နေရတာလဲ။ သူတောင် အိမ်ကိုမလိုက်ဖူးတဲ့ဟာကို။
ဒီကျောင်း Reportတွေသာ ပြီးရင် သူ Lin Zi Hongနဲ့ အေးအေးဆေးဆေး စကားပြောဖို့တော့ လိုနေပြီ။
~tbc
Yours' Mina 🌟
Advertisement
- In Serial316 Chapters
Heavenly Farmer
Accidentally, Ye Xiaochen became new generation of Heavenly Farmer (Shen Nong), the treasure in the eyes of deities of three realms. Moon fairy’s rabbit eats only the carrots grown from his farm. The heavenly troop which was formed from the magical beans, came out from his farm. The ninth level elixir which was just released, he supplied the materials for it. Ye Xiaochen’s goal is to become the overlord of agriculture, not only in earth but also in whole three realms. I want the heavens to use agricultural products that I plant, I want all the sentient beings in three realms to eat food made from my vegetables, I want all the gods to give up the idea of only swallowing air and eat meals three times in a day just like a normal person.
8 1623 - In Serial27 Chapters
Her New Doll (Completed)
(( Updates Weekly on Mondays!)) (( +18 Chapters Will Be Marked))The life of Donna Beneviento has been one of tragedy and fear. Even when gifted power she remained locked in a fantasy prison of her own making, spending her days creating and treasuring her dolls. An unfortunate soldier left behind after a paramilitary sweep of the area falls into mother Miranda's hands. With more than a few pieces missing she's useless to the priestess, but not to her Donna.
8 119 - In Serial7 Chapters
Coming Back Home
The night she comes back from her best friend's apartment after finding out her boyfriend is married, she meets a huge man sleeping on the snow in her backyard. 23-year old Charlie Jordan doesn't know what to do. After so many calls and studying, she finds out the man—Blurin Jameson— is an ex-militant whose address got mixed up on deployment day. It takes Charlie 419 Days to realize how her heart beats faster when ever they're near or when his eyes lights up... Or how she completes his amount of ribs.
8 138 - In Serial6 Chapters
Like Oil and Water - Love and Hate at the Same Time
A man and a woman of opposite character and values fall in passionate love badly. In their head, they know it's not going to be easy but they just can't resist.
8 197 - In Serial30 Chapters
The Boy in Black
Mattie Noelle is a simple girl that only knows of school, dance, and her overbearing mother that keeps her hidden away in the walls of their "perfect" home. She believes she's invisible and that no one could look twice; then comes the captivating boy next door Jaxson Maddox, a disturbed high school senior with a dark look and an equally dark past that stalks Mattie and has an end goal of keeping her all to himself; no matter what it may take. RATED MATUREHighest Ratings thus far:#1 in Stalker#3 in Horror#3 in Bad boy next door#8 MatureAudience
8 204 - In Serial18 Chapters
rumor || k.th (no longer updating!)
In which a girl finds out that she's rumored to be Kim Taehyung's new girlfriend.~»=•=«~Highest in Category: (Over 1K+ stories:)#138 in #beyondthescene » 06-02-18Previously known as: 'Backstage Incident'.
8 197

