《Best Friend Mean What?? (Completed)》BFMW - 4
Advertisement
အပိုင်း (၄) - ပြောင်းလဲမှု (၁)
အိပ်ရာအပြောင်းအလဲဆိုပေမယ့် သူတို့အိပ်မပျော်တာမျိုးတောင်ရှိမနေကြ။ အသက်ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းတဲ့ကောင်လေးတွေမို့ ညဘက်လည်းကောင်းကောင်းအိပ်ပျော်ပြီး မနက်လည်း Evan ဖွားဖွားရောက်လာမှသာ အလျိုလျိုထဖြစ်ကြသည်။
အဖွားက မနက်စာကိုရှယ်ပြင်ဆင်ပေးထားသည်။ အသားလုံးဖက်ထုပ်တွေရော ဂျုံချောင်းနဲ့ ကော်ဖီတွေအပြင် ထမင်းပါကြော်ပေးထားသည်။ မကြိုက်တာမျိုးရှိနေမှာစိုးလို့ဆိုပြီး မနက်ခင်းလုပ်ပေးလို့ရသမျှအကုန်လုပ်ပေးထားဟန်တူသည်။ ကျန်းမာရေးကောင်းပြီး ချောမောတဲ့ ဒီကောင်လေးလေးယောက်ကတော့ လုပ်ပေးထားတာအကုန် အရသာခံပြီးအဝစားကြသည်။
ပြီးတော့မှ ကိုယ်လက်သန့်စင်ကြပြီး Kenting National Park သို့ ခြေလှမ်းစရန်ပြင်ကြသည်။ အဖွားတို့နဲ့ ခင်ရာဆွေမျိုးဖြစ်နေသည့် ဦးလေးကြီးက ကားမောင်းကာလိုက်ပို့ပေးသည်။ Evanက ရှေ့ခန်းမှာထိုင်ရင်း သုံးယောက်သားကတော့နောက်မှာ တပူးပူးတကပ်ကပ်နှင့် ရန်ဖြစ်နေကြပြန်သည်။ Richardနဲ့ Lin Zi Hongက ဒီဘဝမှာတော့ သေချာပေါက် တည့်မည်ပုံမပေါ်။ နောက်ဘဝတော့ ရန်သူတွေဖြစ်မနေရင် ကံကောင်းလှပါပြီ။
Yang Yu Teng မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူတကယ် ဒီကိုလာမိတာ မှန်ကြောင်းအပြည့်အဝလက်ခံလိုက်ပြီ။ လှလိုက်တာ အမှန်တကယ်ကိုလှပါသည်။ သူ Japan ကဖေ့ဖေ့အမျိုးတွေရှိလို့ မကြာခနသွားနေရပေမယ့် ဂျပန်မှာလည်း လူကြီးတွေနဲ့အတူ ခရီးတွေသွားခဲ့ပေမယ့် စိတ်ခံစားချက်ကတူမနေပေ။ သူဟာ သူ့စိတ်သူလှောင်အိမ်ထဲပိတ်ခဲ့ပုံပေါ်သည်။ အပြင်မှာရှိနေတာ ရုပ်ဝတ္ထုသက်သက်ဖြစ်ခဲ့တာများလား။
ဒီခရီးမလာခင် အစမှာထဲက သူရင်ခုန်ခဲ့ရသည်။လာနေရင်းနဲ့လည်းပျော်ရွှင်ခဲ့ရသည်။ခုချိန်ထိ ခံစားချက်တွေ အပျော်တွေက နည်းနည်းလေးတောင် လျော့မသွား ပိုပို၍ပင် တက်လာသည်။
သူ Lin Zi Hongဆီ အသာငဲ့ကြည့်မိသည်။ အင်း ပျော်နေတယ် သူလဲပျော်နေတယ် မျက်လုံးတွေမှာ ကြည်နူးမှုတွေမြင်ရပြီး နှုတ်ခမ်းတွေက ပြုံးနေသည်။သူနဲ့ Lin Zi Hong အတူတူပျော်နေကြတယ်။ ဒီလိုအချိန် နှစ်ယောက်ထဲသာဆို သူ Lin Zi Hongကိုချစ်ကြောင်းဖွင့်တောင်ပြောမိလောက်မလား။ သူ့နှလုံးသားတစ်ခုလုံးကပေါ့ပါးနေတာမို့ တစ်ခါမှမတွေးမိဖူးတဲ့ အတွေးတွေပါဝင်လာသည်။
"Heyyy ကျောက်ရုပ်ကလေး ငြိမ်သက်နေတာပဲ မင်းဒီနေရာကို သဘောကျရဲ့လား"
"ဟွင်း သူများနာမည်ကို မျိုးစုံခေါ်နေတော့တာပဲ"
သူ နှုတ်ခေါင်းထဲက လေအနည်းငယ်ထုတ်ပြီး နှုတ်ခမ်းစူစူပြောတော့ Lin Zi Hongက မျက်လုံးလေးမသိမသာပြူးသွားသည်။
*နေပါဦး သူက ဒါဘာဖြစ်တာလဲ ငါကရော ဒီလိုပြောလို့မရဘူးလား* ခပ်ချဉ်ချဉ်တွေမိပြီး မျက်စိကိုဒေါင့်နားကပ်ရင်း ပြန်ကြည့်မိတော့
"မင်း အခု ငါ့ကိုမျက်စောင်းထိုးလိုက်တာမလား နှုတ်ခမ်းလည်းစူပြလိုက်တာမလား"
*ဟာ ဒီကောင်ဘာကောင်လဲ နေတော့* ဟုတွေးရင်း ပင်လယ်ကြီးကိုသာ မျက်နှာမူမိတော့သည်။
Lin Zi Hong တစ်ယောက် မနေနိုင်မထိုင်နိုင်စွာ Richardနားသို့ အသာကပ်ကာ ခပ်တိုးတိုးပြောမိသည်။
"ဟေ့ Richard မင်း Yuကိုမြင်လိုက်လား သူတအားချစ်ဖို့ကောင်းတာပဲ သူ့မှာ ဒီလိုချစ်စရာကောင်းတဲ့အပြုအမူတွေရှိပြီး ငါမြင်ရမယ်လို့ တွေးတောင်မတွေးမိဘူး"
"မင်းကိုတော့ ငါတကယ်စိတ်ကုန်တယ် မင်းဒီလိုပဲဆို မင်းကိုငါ အမြင်ကြည်လာဖို့မစဉ်းစားနဲ့ ဟိုကိစ္စကိုပြန်စဉ်းစား"
Richardက ခေါင်းခါရမ်းရင်း မျက်မှောင်ကျုံ့ကာ ပြန်ဖြေလာသည်။
*ဒီကောင့်ကိုပြောမိတာကိုကမှားတာ အာရုံနောက်အောင်လုပ်ဖို့ဆို ဘယ်ဘဝထဲကအငြိုးနဲ့လည်းမသိ နည်းလမ်းစုံတယ် * ဟုတွေးရင်းဒီလိုကောင်မျိုးနဲ့တော့ အချိန်ကုန်ခံပြီး စကားနိုင်လုမနေတော့ သူ့နားကသာ ထထွက်လာတော့သည်။
~ tbc
Yours' Mina 🌟
Advertisement
- In Serial222 Chapters
Forbidden Love: Angel’s Seduction
"Be mine and I'll be yours. I will be your angel and you will be my heaven."
8 3794 - In Serial31 Chapters
Eternal Fire
Academy of The Gods, a school unlike any other. Students are chosen by one of the four gods to attend. Once chosen you are given a gift and assigned to one of the four houses. When Cleo Norse is chosen to be the first-ever female warrior, how will the world respond? Was it just dumb luck she was picked, or is there more than the Gods are telling them?
8 236 - In Serial76 Chapters
Mason's Impossible Prey | ✔️
|#1 in Werewolf|"You're my prey. And when my prey runs away from me, I chase them."*Tiana's life made a drastic turnPushing her into a place she calls hellA place that screams death and chaos And a place making her the preyMason found a stubborn girl walking into his packMaking him cover the scars of his past Making him confused and different And making things even more impossible.__________________Current cover by: @happilylonely-Banners on every chapter by: @supernovass @PrincessMoonlightx
8 188 - In Serial47 Chapters
Human Race (Boyxboy) #1
The world is ending. Millions being killed off and millions being captured. But by what? Monsters roam the planet now, but one race overthrows them all. This race are born savages, created to feast on another. Relying on the human race for stability, survival, and well, food. Sketch and his brother Sam have finally found their safe haven, and have lived inside the clearing for four years now. Sketch is the cutest boy you'll ever meet, but has the strictest older brother. Sketch just wants to help out and grow up. But what would happen if someone or something disturbed that peace. That someone wanted Sketch for his own, with a few complications on the way.Orion is an Ancient Vampire. The eldest and most powerful of his kind. He is only trying to rule his reign as peacefully as possible, taking hunting trips and doing other Vampire business. But one day he lays his eyes on the most beautiful human he has ever seen. He knows right away that he wants this human, to be his beloved. And no one will stand in his way. Cause after all he is the most powerful creature on the earth.[NONE AND I MEAN NONE OF THESE PHOTOS ARE MINE. I EITHER FOUND THEM ON THE INTERNET OR ON DEVIANT ART. I TAKE NO CREDIT IN ANY PRODUCTION, DESIGN, OR PROSPECT OF THE DRAWINGS.] Note: please forgive me, I wrote this when I was thirteen.(COMPLETED)
8 176 - In Serial38 Chapters
The Arrangement |1|
There once were two wolves who each lost a mate. Against all odds, they were brought together through an arrangement. Emerson, Alpha of the Night Walker Pack, has been running his pack alone for four years now. He does the best he can to rule but the pack struggles without a Luna to hold them together. His father and former Alpha notices how much the pack is struggling and proposed an arrangement to the Mystic Peak Alpha. The proposal was a mating ceremony between Alpha Sebastian's unmated sister and Emerson. In return, the Night Walker Pack would provide wolves to help deal with the rogue problem. Madeline is the sister of the Alpha of the Mystic Peak Pack. She does as much as she can for the pack, but there isn't too much she can. Luna Natalie took care of the pack. When her brother tells her of the arrangement, she agrees, not for the Alpha but for the pack. However, when these two meet for the first time, it's clear that they are going have problems. Despite this, they both agreed to continue in the arrangement. Will they break and tear each other apart? Or will love conquer?A/NFirst few chapters will be a bit choppy but it will smooth out after that. I promise!!!{Highest ranking: #8 in werewolf}
8 82 - In Serial52 Chapters
PRIVATE TEACHER |+18 KTH FF| ✓
"I wanna be rough with you" he said as he neared me. "Huh?" I gulped, while he just kept reducing the distance between us. "I'll make love on every single piece of furniture in this room" To know more, start reading...
8 81

