《Best Friend Mean What?? (Completed)》BFMW- 1
Advertisement
အပိုင်း(၁)- အတန်းလွတ်သွားပေမယ့် ပျော်တယ်။
Yang Yu Teng တစ်ယောက် အိပ်မပျော်တာ
သုံးလေးညအိပ်ပြီ။ အိပ်မပျော်ဘဲ သူဘာတွေလုပ်နေတာလဲဆိုတော့ တွေးနေတာ။ ဟုတ်တယ် သူအတွေးတွေများနေတာ ...ဒီဟိုရောက်ဒီရောက်အတွေးတွေအများကြီးထဲမှာ အမြဲပါတဲ့ ဇာတ်လိုက်တစ်ယောက်ရှိတယ်။
Lin Zi Hong တဲ့။ သူ့သူငယ်ချင်း Lin Zi Hongတဲ့... သူတစ်ကယ် သေချင်စိတ်တောင်ပေါက်မိသည်။ သူကဘယ်လိုဖြစ်လို့ ဒီသူငယ်ချင်းအကြောင်းတွေပဲ ခေါင်းထဲတလည်လည်ဖြစ်နေသလဲ။
Lin Zi Hong က သူ့ကို အရမ်းဂရုစိုက်သည်။ သူ့အပေါ်စိတ်ရင်းနဲ့ ဂရုစိုက်တဲ့သူဆိုတာ အင်မတန်ရှားပါတာမို့ပဲ သူစိတ်ယိုင်မိတာလား။ တကယ်တော့ Lin Zi Hongက သူ့အပေါ်ရိုးသည်။ တကယ့်သူငယ်ချင်းကောင်းတစ်ယောက်လို ပုံမှန်ဂရုစိုက်ပေးတာပေမယ့် သူက .. သူက... တကယ်ရှက်လို့သေတော့မှာပဲ။
National Taiwan University
"Yang Yu Teng!!!"
Yuတစ်ယောက် သူ့နာမည်ခေါ်သံကြားတော့ ဆတ်ခနဲဖြစ်သွားသည်။ Lin Zi Hongမှ လွဲ၍မဖြစ်နိုင်။ သူရှောင်လွှဲချင်သည် မျက်နှာချင်းမဆိုင်လို။ ဘာဖြစ်ဖြစ် သတိနဲ့နေ သတိနဲ့စားရမည်။
"အင်း" လှည့်ကြည့်ရင်းဖြေမိတော့ သူကအနားတောင်ရောက်လာပြီ။
"သခင်လေး ဘယ်လိုတောင်နောက်ကျတာလဲ ပထမအတန်းချိန်လွတ်ကုန်ပြီလေ
သခင်လေး အိမ်က ကားနဲ့လိုက်ပို့တာတောင် ဘယ်လိုနောက်ကျရဲရသလဲ MRT နဲ့လာတဲ့ ကျွန်တော်မျိုးတောင်ရောက်တာကြာပြီ"
"မဟုတ်ပါဘူး ညကအိပ်မပျော်လို့ မနက်က မထနိုင်လို့"
"ဟင် ဘာလို့အိပ်မပျော်တာလဲ"
စိုးရိမ်တကြီးအမူအရာနဲ့ မေးလာတော့လည်း ဝမ်းသာရပါသည်။ စိတ်ထဲကသာ ဝမ်းသာရင်သာမယ် Yang Yu Tengတို့က အပြင်မှာတော့ မှုံတေတေပဲ။
"ဒီလိုပါပဲ စာဖတ်ရင်းအိပ်မပျော်ဖြစ်တော့တာ"
"Yu မင်း ဒီလောက်ကြီးထိ အပင်ပန်းခံစရာမလိုပါဘူးကွာ မင်းကတော်ပြီးသားပါ Relax နော် ဟုတ်ပြီလား"
"အင်း"
"ဒါဆို ပထမအချိန်မမီတော့တဲ့အတူတူ မနက်စာ အတူတူသွားစားရအောင်"
ကန်တင်းကိုရောက်တော့လည်း Zi Hongက သူ့ပုံစံအတိုင်း ဂရုစိုက်သည်။ ဘာစားမလဲ ဘာမှာပေးရမလဲ နှင့် ပါးစပ်ထဲခွံ့မကျွေးရုံတမယ်ပင်။ ဒါတောင် ထမင်းကြော်ထဲက မုန်လာဥနီတွေဖယ်တော့
"မင်း တအား ဂျေးများတာပဲ။ အစားအစာဆိုတာ ဂျေးမများရဘူး ဒါမှမင်းကျန်းမာမှာလေ ခုတော့ကြည့်ပါလား လူက အားမရှိတဲ့ရုပ်နဲ့ စား " ဟုဆိုကာ အတင်းပါးစပ်ထဲထိထည့်လာသည်။
သူကတော့ ဘာမှပြန်ပြောမနေတော့ ပါးစပ်ထဲရောက်လာပြီပဲ ဝါးရတော့မှာပေါ့။
"Hey!! Lin Zi Hongတို့ ပထမအတန်းချိန်မတက်ပဲ ကန်တင်းလာထိုင်နေကြတယ်ပေါ့
ပြီးမှ ငါ့ကို မကူခိုင်းနဲ့" ဟုပြောရင်း Evanက ဝင်ထိုင်သည်။ သူ့နောက်တွင်
"အေးလေ မင်းတို့ ဒီလိုသာဆို All Subjects "A" ရပါတော့မလား" ဟု Richard ကပါဆိုတော့
စာသရဲ ရေခဲတုန်း Yu Tengတစ်ယောက် ထအော်ပြီလေ။
"ငါတို့က ဘယ်သူလဲဆိုတာ မင်းတို့မေ့သွားတာလား တစ်စိတ် မနက်စာမစားရသေးလို့ မင်းတို့ချောင်သွားပြီလား"
"ဝါးးး Yu စာကြောင်းအရှည်ကြီးပြောလိုက်ပြီပဲ.. Evan ငါတို့မချောင်အောင် ဗိုက်အရင်ဖြည့်ရအောင်ကွာ"
Zi Hong တဟားဟားနဲ့အားရပါးရ ရယ်မိပြီ။
Yu စိတ်တိုရင် ပါးတွေဖောင်းလာပြီး အသည်းယားချင်စရာကောင်းသည်။ ဘာဖြစ်ဖြစ် ဒီနေ့တော့ ပထမဆုံးအတန်းချိန်ကိုလွှတ်ပြီး ဒီမင်းသားလေးကိုစောင့်ရတာ တန်သွားပါပြီ။
Yours' Mina 🌟
Advertisement
- In Serial18 Chapters
Last Embers: A Loki Story
The events of Last Embers takes place just prior to those of the movie Thor. After Odin chooses Thor as the next king of Asgard, Loki visits his ailing grandmother. Strange events and visions lead him to take a dark path that will change the course of his life.
8 531 - In Serial16 Chapters
Who Wants A Blind Mate? (The Fae Omegas, #2) (SAMPLE - To Be Published)
When a vampire coven requests for a human sacrifice to live peacefully in the same territory as the small Thurman werewolf pack, the alpha's son Jake has little qualms about suggesting his newly discovered blind mate as a potential human sacrifice after all what alpha or alpha-to-be wants a blind luna?
8 151 - In Serial81 Chapters
Reincarnation as a Prince in another world. Have to solve this Bad Administration
A book that focuses on administration of a country in an European like civilization with some colonization(I am not racist) and also tries to include some light hearted slice of life in the middle. There is also a large amount of Victorian era diplomacy and politics.
8 267 - In Serial9 Chapters
Revenging You (Michael Myers x Reader)
"Are you going to abandon me?" He asked sad and confused."I will never abandon you! You're my best friend! Even if we are separated, you'll always be in my heart"///////////////"Is it true that you were friends with that freak?""He was NOT a freak!" She replied angry and indignant."Well, it seems like YOU are the freak one here!"/////////////I give up...I can't take this anymore...I'm all alone. Nobody cares about me...I can't count with anyone. I wish you were here, Michael...////////////They will pay! It's all their fault! They will all pay for this! (Y/n) will be revenged!
8 110 - In Serial7 Chapters
Despite everything
Despite everything I am just a forgotten memory for you, left alone in the darkness thinking about what is love ? The answer I got is that love is bullshit. Too much fake love makes you hate love.
8 190 - In Serial24 Chapters
The Firstborn
Sophia has sacrificed everything for her younger sister, Lucy. She has removed them from the only home they ever knew, taken on the care of Lucy's illegitimate son, George, and even assumed the role of a widow and mother in order to erase all hint of scandal from the boy's birth. But rumor continues to follow them like the darkest of clouds, and Sophia must adapt to her new existence as a false widow with no prospects beyond the doors of her small cottage.Lord Haughton - "Finn" to those close to him - will stop at nothing to prevent the slightest whiff of disgrace from tainting his family's name. When he learns of his younger brother's latest indiscretion-one that leaves a bastard child in his wake-Haughton rushes across the country to offer the boy's mother a comfortable living in exchange for her silence about the child's true parentage. But he arrives only to have his generous offer thrown back in his face by Sophia Brixton, a sharp-tongued and sharper-witted woman who proceeds to toss him out of her house. But just because he is banished from her home does not mean he is so easily banished from her life.
8 137

