《Me, Myself & Bad Romance •||• JINKOOK》【16】
Advertisement
⟨ Unicode Version ⟩
* Me, Myself & Bad Romance *
- အပိုင်း ၁၆ -
" သတို့သားအသစ်စက်စက်ကို တစ်ယောက်တည်းထားပြီး ဒီအခန်းထဲ ဘာလာလုပ်တာလဲ ..."
အမှောင်ချထားတဲ့ instrumental Room ကို မီးဖွင့်ရင်း ဝင်လာတဲ့ယွန်ဂီကြောင့် ကြမ်းခင်းထက် သူလှဲချလိုက်မိသည်။
" ... ငါ သီချင်းတွေ ပြန်လုပ်ချင်တယ် ယွန်ဂီ ..."
ဆိုဂျူနဲ့ဘီယာကို ဆွဲကိုင်လာတဲ့ယွန်ဂီကတော့ သူ့အနားမှာ ခပ်အေးအေးလူလူပင် ပုလင်းတွေ ဖွင့်ဖောက်ကာ သောက်နေသည်။
" ... မရသေးဘူး ... မင်းလုပ်ချင်တဲ့အမျိုးအစားရဲ့အမြင့်သံတွေကို မင်းခံစားလို့မရသေးဘူး ... ဒါနဲ့များ ဒီမနက် သီချင်းကို ဘယ်လိုဆိုလိုက်တာလဲ .. ငါရော ဒေါက်တာရော ဒီလောက်တားနေတဲ့ကြားကနေ ဘယ်အချိန်လေ့ကျင့်ပြီး ဘယ်လိုရသွားတာလဲ ..."
" ... "
ဒီတစ်ခါတော့ သူပြန်မဖြေမိ။ တကယ်တော့ မနက်က မင်္ဂလာပွဲမှာ ဆိုခဲ့သီချင်းက တော်တော်လေးကြာနေပြီဖြစ်တဲ့သီချင်းလေးဖြစ်သည်။ သူ ဂျောင်ဂုနဲ့ ချစ်သူတွေဖြစ်ပြီးတဲ့အချိန်ကစပြီး သူသာ ဂျောင်ဂုကို လက်ထပ်နိုင်ခဲ့မယ်ဆိုရင် သူ့မင်္ဂလာပွဲအတွက် သေချာပေါက် ဆိုမှာလို့ သူ တွေးထားခဲ့တာဖြစ်သည်။အဲ့ဒီ့အချိန်ကတည်းက သူ ဒီသီချင်းကို နေ့တိုင်းနီးပါးလေ့ကျင့်ဖြစ်ခဲ့သည်။ သံစဉ်တစ်ချို့ကို မကြားနိုင်တော့ပေမယ့် အလွတ်နီးပါးရနေပြီဖြစ်တဲ့ သံစဉ်တွေကို Noteတွေကြည့်ရင်း သူ သေချာဆိုတတ်ပါသေးသည်။
" ဂျောင်ဂုကို အဲ့ဒီလောက်တောင် ချစ်တာပဲကိုး ~~ သီချင်းဆိုနေတဲ့အချိန်အတွင်း အသံတွေ ပြတ်တောက်သွားတာမျိုး မရှိဘူးလား ..."
" ဟင်အင်း မသိလိုက်ဘူး ... သူ့မျက်နှာကိုပဲ ကြည့်နေမိလို့ ငါမသိလိုက်ဘူး .. ယွန်ဂီ ... အခုငါ အိမ်မပြန်ချင်ဘူး ... ဒီမှာပဲ အိပ်သွားလို့ရမလား ... "
ယွန်ဂီ သူ့ရှေ့မှာ ကလေးတစ်ယောက်လိုဖြစ်နေတဲ့ဆော့ဂျင်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။ အများရှေ့မှာသာ ကင်ဆော့ဂျင်ဖြစ်နေပေမယ့်သူ့ရှေ့မှာဆိုရင် ဆော့ဂျင်းနီဖြစ်နေခဲ့တာ နှစ်တော်တော်ကြာပြီဖြစ်သည်။
" မရဘူး ... မရခင်တုန်းက အသေရရ အရှင်ရရ ဖြစ်ပျက်နေပြီးတော့ အခု ရလည်းရရော မျက်နှာလွှဲ ခဲပစ်လုပ်ပြီး ဂျောင်ဂုကို တစ်ယောက်တည်းပစ်ထားမလို့လား ... ဘယ်လိုတောင် ကလေးဆန်နေရတာလဲ ကင်ဆော့ဂျင်ရဲ့ ... မင်းကို စောင့်နေမှာ မသနားဘူးလား ..."
" ... သူက ဘာလို့ ငါ့ကိုစောင့်မှာလဲ ... မဖြစ်နိုင်တာ ... "
" မင်္ဂလာဦးညလေ ... မင်းကို မစောင့်လို့ သူက ဘာလုပ်ရမှာလဲ ... မဟုတ်မှ မင်း အဲ့ဒါကို မလုပ်ချင်လို့ ထွက်ပြေးလာတာလား ... "
ယွန်ဂီစကားကြောင့် အိပ်နေရာကနေ ထထိုင်လိုက်မိသည်။ ယွန်ဂီပြောတာ မမှန်နေပေမယ့် မမှားလည်း မမှား။
" အင်း ဟုတ်တယ် ... ငါ သူ့ကို မထိချင်ဘူး ..."
" ... သောက်ရူး ... "
" ... အင်း ဟုတ်တယ် အချစ်လွန်လို့ ရူးသွားတာနေမယ် ... တကယ်တော့ သူ ဘာတွေကြုံခဲ့ရလဲ ငါသေချာမသိသေးဘူး ... သူ့အရှေ့မှာသာ ဆိုးဆိုးရွားရွားပြောနေမိပေမယ့် တကယ်တမ်းကျတော့ သားသားက တစ်ခုခုကို ကြောက်နေသလို ခံစားရတယ် .... အဲ့ဒီ့ကလေးက ခေါင်းမာတော့ ဘာကိုမှ ကောင်းကောင်းမွန်မွန် မေးလို့ရမှာ မဟုတ်ဘူး ... "
" အဲ့ဒီလောက်ထိစိတ်ပူနေရင်လည်း အနားမှာ သေချာဂရုစိုက်ပြီး ချစ်ပြပေါ့ ငါ့ကို လာပြောလို့ ဘာထူးမှာလဲ ငါက ဂျွန်ဂျောင်ဂုမှ မဟုတ်တာ ..."
" ငါက ချစ်ပြလိုက်ရင် သူ ငါ့ကို ထပ်ပြီး ထားသွားလိမ့်မယ် ယွန်ဂီ ... ပြီးတော့ ငါ သူ့ကို ပြောပြရဦးမှာ ငါဘယ်လောက်တောင် အထီးကျန်ပြီး နာကျင်နေခဲ့ရလဲ ဆိုတာလေ ...."
ကင်ဆော့ဂျင်ရဲ့အရူးစကားတွေကို သူမျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်မိသည်။ ဂျောင်ဂု လက်ထပ်ပွဲကို လက်ခံလိုက်ကတည်းက ကင်ဆော့ဂျင်တစ်ယောက် နေမထိ၊ ထိုင်မထိ မသိမသာ ယောက်ယက်ခတ်နေတာ သူသိပါသည်။ အကန်တွေလုပ်နေပေမယ့် တကယ်တမ်းကျ ဂျွန်ဂျောင်ဂုကို တုန်နေအောင် ချစ်သည်။
" တစ်ခွက်လောက်ချမလား ~~ "
" ဟင်အင်း ဒီည ငါမူးလို့မဖြစ်ဘူး "
" တစ်ခွက်က မူးလို့လား ... စကားမများနေဘဲ သောက်ပြီးရင် ပြန်တော့ ... "
နောက်ဆုံးတော့လည်း ယွန်ဂီကို ပေးလာတဲ့ခွက်ကို လှမ်းယူရင်း သူ မော့ချလိုက်မိသည်။ ပထမဦးဆုံးအတူတူရှိရမယ့်ညကို သူ မူးနေလို့မှ မဖြစ်တာလေ။ အဲ့ဒီ့နောက် မိနစ်နည်းနည်းလောက် သူ ထပ်နေပြီး အိမ်ကို ပြန်လာမိတော့သည်။ ဟိုအရင်က သူနဲ့ဂျောင်ဂု အတူတူရှိခဲ့ဖူးတဲ့အိမ်ကလေးဆီကိုပေါ့။
အိမ်ကိုပြန်ရောက်တော့ တိတ်ဆိတ်လွန်းနေသည်မို့ သူ ခြေသံဖွကာ ဝင်သွားမိသည်။ ဧည့်ခန်းထဲရောက်တာနဲ့ ဂျောင်ဂုကို သူ မြင်မိတော့ လွန်ခဲ့တဲ့နှစ်တွေကို ပြန်အမှတ်ရမိသည်။ သူပြန်လာမယ့်နေ့တိုင်း ဂျောင်ဂုက ဒီဧည့်ခန်းထဲမှာပဲ စောင့်ရင်း အိပ်ပျော်သွားခဲ့တာလေ။ အခုလည်း အဲ့ဒီ့အချိန်တွေတုန်းကနဲ့ မထူးခြားနားပါပဲ ... သူပြန်လာမှာကို စောင့်နေပုံရတဲ့ ဂျောင်ဂုလေးကတော့ ဧည့်ခန်းထဲ အိပ်ပျော်သွားနေခဲ့ပြီဖြစ်သည်။ အိပ်နေတဲ့ပုံလေးက တကယ်ကို အပြစ်ကင်းစင်လွန်းသည်မို့ သူ မနှိုးရက်တော့ဘဲ ဂျောင်ဂု အိပ်နေတဲ့ရှေ့တည့်တည့်က ဆိုဖာမှာ ဝင်ထိုင်ရင်း ဝတ်ထားတဲ့နက်ကတိုင်ကို ဆွဲချွတ်မိသည်။ ဂျောင်ဂုကတော့ ဒင်နာပြီးကတည်းက အိမ်ကိုရောက်နေတာမို့လို့ ရေချိုးပြီးသား ညအိပ်ဝတ်စုံလေးနဲ့ဖြစ်သည်။ သူ တွေးထားမိတဲ့ မင်္ဂလာဦးညက ဒီလိုပုံစံမျိုးမဟုတ်ပေမယ့် အခုလို ပုံစံကလည်း ကောင်းသား။ သိပ်မကြာခင် လူကြမ်းကြီးဖြစ်တော့မယ် ဆိုပေမယ့်လို့ပေါ့။
ဆော့ဂျင် အိပ်ပျော်နေတဲ့ဂျောင်ဂုကို ထိုင်ကြည့်ရင်း အချိန်တော်တော်လင့်လာတော့ နာရီကို ကြည့်လိုက်မိသည်။ ည တစ်နာရီခွဲနေပြီဖြစ်သည်။ တစ်ရေးမှ မအိပ်ရသေးပေမယ့် အိပ်ငိုက်တာမျိုးလည်း သူ့ဆီမှာ မရှိ။ ဂျွန်ဂျောင်ဂု နိုးလာဖို့ကိုသာ သူစောင့်ပါမည်၊ မနက်မှ နိုးလာမယ်ဆိုရင်တောင် မနက်ထိ သူစောင့်မှာဖြစ်သည်။
Advertisement
" အင်း ~~ "
သိပ်မကြာလိုက်၊ ညောင်းညာလာပုံရတဲ့ကောင်ငယ်လေးဟာ အကြောတွေဆန့်ကာ မျက်ဝန်းတွေကို ပွတ်လာသည်ဆိုရင်ဖြင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။ မပွင့်တပွင့်မျက်ဝန်းတွေက သူ့ကို မြင်တာနဲ့ ချက်ချင်းထထိုင်ကာ လန့်နိုးသွားတော့သည်။
" ~~~ "
နိုးနိုးချင်း မြင်လိုက်ရတဲ့ ကိုကို့မျက်နှာကြောင့် သူတကယ်လန့်သွားမိသည်။ ထို့ကြောင့် ချက်ချင်း ထထိုင်မိတော့ ကိုကိုက သူ့ကို ဘာတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်သည်။ အခန်းခွဲအိပ်မယ့်အကြောင်း သူ ပြောဖို့ ကိုကိုပြန်လာတာ စောင့်နေရင်းနဲ့ အိပ်ပျော်သွားခဲ့တာဖြစ်သည်။ ကိုကိုဘယ်အချိန်ပြန်ရောက်လာလဲ သူမသိလိုက်။ ဒင်နာမှာကတည်းက သူ့ကို တစ်ယောက်တည်းထားပြီး ထွက်သွားတဲ့ကိုကိုဟာ အခုတော့ သူ့အရှေ့မှာ သူ့ကို အစိမ်းလိုက်မြိုချတော့မတတ်ကြည့်နေသည်မို့ သူ မနေတတ်တော့။ ထို့ကြောင့် သူ့ဘက်ကအရင် စကားစလိုက်မိသည်။
" ကြာ~~ ကြာပြီလား ပြန်ရောက်တာ ... "
" ... "
" .... ဘာလို့ အထဲဝင်မအိပ်ဘဲ ဒီနားမှာလာထိုင်နေတာလဲ ... လန့်လို့သေတော့မယ် ..."
တိတ်ဆိတ်နေတဲ့အခြေအနေက မုန်တိုင်းထန်တော့မယ့်ပုံစံမျိုးခြောက်ခြားနေတာမို့ သူ ကိုကို့ကိုမကြည့်ဘဲ မေးခွန်းထုတ်လိုက်မိသည်။
" ... မင်းကရော အခန်းရှိတာကို ဘာလို့ ဒီအပြင်မှာ လာအိပ်နေတာလဲ ... "
" အာ~~~ အဲ့ဒါက ကို~~ အစ်ကို့အခန်းလေ ... ကျွန်တော့်အခန်းမှ မရှိသေးတာကို ..."
သူ့စကားကြောင့် ကိုကို့မျက်နှာအလိုမကျမှုတွေက အထင်းသားပင်။
" ... လာ ... လိုက်ခဲ့ .. မင်းအတွက် အခန်းပြပေးမယ် ..."
သူ့ကို စိတ်ကုန်တဲ့အကြည့်တွေနဲ့ ကြည့်ကာ ကိုကိုက ထိုင်နေရာကနေ ဦးဆောင်ထတော့ သူလည်း ကိုကို့နောက်လိုက်သွားမိသည်။ အရင်က သူနေဖူးတယ်ဆိုပေမယ့် အခုတော့ ကိုကို့အပိုင်နေရာမို့လို့ ကိုကိုစီစဉ်ပေးတဲ့အတိုင်းနေရမှာဖြစ်သည်။ ကိုကို ဦးဆောင်ကာ တစ်ခုတည်းသော အခန်းကို ဝင်သွားတော့ သူလည်း ကိုကို့နောက် လိုက်ဝင်သွားမိသည်။ သူအခန်းထဲရောက်တာနဲ့ ကိုကိုက ချက်ချင်းလှည့်ကာ သူ့ကို တံခါးနံရံဘက် ဖိတွန်းရင်း အခန်းလော့ချလိုက်သည်မို့ သူ့မျက်ဝန်းတွေ ချက်ချင်းဝိုင်းစက်သွားရတော့သည်။
" ... "
" အစ်ကို ဒါ ဘာလုပ် ~~ "
သူစကားကို အဆုံးထိ မပြောနိုင်လောက်အောင် သူ့မျက်နှာအနား နီးကပ်လာသည်မို့ သူ့အသံတွေ တိမ်ဝင်တိုးလျသွားမိသည်။
" ... ဒီနေ့ ဘာနေ့လဲ ... "
လေသံတွေကို ဖွကာ မေးလာလေတော့ သူ့သွေးသားတွေ ထူးထူးဆန်းဆန်း လှုပ်ခါလာသလိုပင်။ ကိုကို့အသံက သူ့တစ်ကိုယ်လုံး အင်အားလျော့သွားစေနိုင်လောက်တဲ့အထိ အရမ်းကို အားပြင်းလွန်းသည်။
" ... ကျွန်တော်တို့ ... လက်ထပ် ~~ တဲ့ နေ့လေ .. "
" အေးလေ ~~ ငါ မင်းကို လက်ထပ်တာ ဒီအတိုင်း အလှထိုင်ကြည့်ဖို့မှ မဟုတ်တာ ..."
စကားဆုံးတာနဲ့ ကိုကိုက သူ့လက်တစ်ဖက်ကို ဆောင့်ဆွဲကာ အိပ်ယာပေါ်ကို အရှိန်နဲ့ ပစ်ချသည်။ နာကျင်တာမျိုးမရှိပေမယ့် ကိုကို့အပြုအမူတွေကိုတော့ သူ ကြောက်မိသည်။ ကျေးဇူးပြုပြီး သူ့အပေါ် ညင်သာပေးရင် သိပ်ကောင်းမှာ ~~ ။
သူ အိပ်ယာပေါ်ထထိုင်ဖို့ ကြိုးစားမိတော့ ကိုကိုက သူ့ကို လက်ညှိုးနဲ့ပြန်ဖိချကာ သူ့တစ်ကိုယ်လုံးကို ငုံ့မိုးလာသည်။ ဒီတစ်ခါတော့ သူမလှုပ်ရဲတော့။ ကိုကို့အလိုကျ ကိုကို့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ သူ သဘောတူပါသည်။ သူ့အပေါ်ထားတဲ့ ကိုကို့ရဲ့အမုန်းတွေကို လျော့ပေးနိုင်မယ်ဆိုရင်ပေါ့။
ကိုကိုကတော့ သူ့ကို ဂရုမစိုက်စွာ သူ့ပါးပြင်ကို ခပ်ဖွဖွလေး ပွတ်သပ်နေရင်း သူ့ညဝတ်ကြယ်သီးကို ဖြုတ်ချပစ်သည်။ တကယ်ကို ဘာဆက်လုပ်ရမယ် မသိတာမို့ သူငြိမ်သက်စိတ်လှုပ်ရှားကာ အိပ်ယာခင်းစကို ဆွဲကိုင်ထားမိတော့ ကိုကိုက သူ့အဖြစ်ကို ခပ်လှောင်လှောင်ရယ်သည်။
" ပထမဆုံးအကြိမ်လိုမျိုး ဟန်ဆောင်နေတာလား ..."
မထင်မှတ်ထားတဲ့စကားတစ်ခွန်းကြောင့် သူမျက်နှာမဲ့လိုက်မိသည်။ ကိုကို့မျက်နှာက သူ့မျက်နှာနဲ့တအားနီးကပ်နေသည်မို့ သူပြန်ဖြေဖို့ မဝံ့ရဲ။ ဘယ်အချိန်မှ သူ့ကို စကားနိူင်ထိုးတာ ရပ်မလဲ မသိပေမယ့် အခုချိန်မှာတော့ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ပြေးလွှားနေတဲ့ကိုကို့လက်ချောင်းလေးတွေကြောင့် သူအသည်းအသန်စိတ်လှုပ်ရှားနေမိသည်။ တဖြည်းဖြည်းနဲ့ ကိုကို့နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းနားရောက်လာလေတော့ သူမျက်ဝန်းတွေပိတ်ရင်း ခံယူဖို့ အသင့်အနေထားဖြစ်နေခဲ့မိသည်။ သို့ပေမယ့်
" ... မင်းသိလား ~~ ငါ မင်းကို ဘယ်တော့မှ ထပ်နမ်းမှာ မဟုတ်ဘူး ~~ ဂျွန်ဂျောင်ဂု ~~ မင်းရဲ့ခန္ဓာကိုယ်ကို ငါ့ဆန္ဒတစ်ခုတည်းအတွက်ပဲ ငါအသုံးချမှာ ... "
သေသေချာချာ နားနားကပ်ပြီး ပြောလာလေတော့ သူ့မျက်ဝန်းတွေ ချက်ချင်းပွင့်သွားရသလို တဒိတ်ဒိတ်ကြည်နူးရင်ခုန်နေခဲ့တဲ့ နှလုံးသားဟာလည်း ချက်ချင်းသေဆုံးသွားသလိုပင်။ သူမြင်နေရတဲ့အရာရာဟာလည်း အရောင်အသွေးမစုံတော့ဘဲ ရုတ်ချည်း မည်းမှောင်အကျည်းတန်သွားမိသည်။
... ကိုကိုက ဒါ သူ့ကို တမင်သက်သက်လုပ်နေတာ ... ဂရုစိုက်မှုတွေပေးပြီး ချစ်ပြမလိုလိုနဲ့ နောက်ဆုံး သူ့ကို မုန်းတီးလို့ ဖြစ်လာတဲ့ ကိုကို့ရဲ့အပြုအမူတွေကို သူ လက်မခံချင်ပါ .. သို့ပေမယ့် ငြင်းမိပြန်ရင်လည်း မဟုတ်တရုတ်စွပ်စွဲချက်တွေမှာ သူ ရစရာမရှိအောင် အပြောခံရပေဦးမည် ...
သူ ကိုကို့ကို ကြည့်မိတော့ ကိုကိုက ဝတ်ထားတဲ့ရှပ်အင်္ကျီနဲ့ ခါးပတ်ကို ဆွဲချွတ်ကာ သူ့ညအိပ်ဘောင်းဘီဆီ လက်လှမ်းလာသည်။ ကိုကို့လည်တိုင်မှာ သူပေးထားတဲ့ လည်ဆွဲလေး အခုထိ ဝတ်ထားတာ မြင်လိုက်ရတော့ သူ့နှလုံးသားဟာ ထပ်ပြီး အယုံလွယ်သွားပြန်သည်။ သို့ပေမယ့်လည်း နမ်းရှိုက်ခြင်း မပါဝင်ဘဲ ဖြတ်သန်းရမယ့် ပထမဦးဆုံးအကြိမ်အတွက် သူ နာကျင်ရမှာထက် သူရင်နာနေရတယ်ဆိုရင် ပိုမှန်လေမလား ...
ထို့ကြောင့် သူ့ညအိပ်ဘောင်းဘီကို ဆွဲချွတ်ဖို့ ကြိုးစားနေတဲ့ ကိုကို့လက်တွေကို သူ တားမြစ်လိုက်မိသည်။
" ... ငြင်ငြင်သာသာလေး ဆက်ဆံပေးနိုင်မလား ..."
ဆော့ဂျင် သူ့အောက်မှာရှိနေတဲ့ အကောင်ပေါက်စနလေးကြောင့် ရင်ဘတ်ကြီးက ဆစ်ကနဲ့ ထုံကျင်သွားရသည်။ ဆက်မလုပ်တော့ဘဲ ရပ်တန့်လိုက်ပစ်ချင်လာပေမယ့် သူ့စိတ်ကို သူမထိန်းနိုင်ပါ။ ချစ်ရတဲ့ကောင်ငယ်လေးကို သူ့အပိုင်ဖြစ်ကြောင်း တံဆိပ်ခတ်နှိပ်ပစ်ချင်နေပြီဖြစ်သည်။ ထို့ကြောင့် အေးစက်နေတဲ့ဂျောင်ဂုလက်တွေကို သူ ဖယ်ခွာရင်း ဘာအဖြေမှ ပြန်မပေးဘဲ သူ ဆွဲချွတ်လိုက်မိသည်။ သူ့ကိုယ်သူလည်း ဗလာဖြစ်စေလိုက်မိတော့ ဂျောင်ဂုက သူ့ကို ကြည့်နေရာကနေ အကြည့်လွှဲကာ နဖူးပေါ်လက်တင်သလိုမျိုး မျက်ဝန်းတွေကို ပိတ်ချလိုက်သည်။
Advertisement
" လက်ကို ဖယ်လိုက် ... ငါမကြိုက်ဘူး ဂျွန်ဂျောင်ဂု ~~ "
သူပြောမိတော့ ဂျောင်ဂု ခေါင်းခါသည်။
" ဟင်အင်း မလုပ်နိုင်ဘူးကိုကို ..."
" မင်းမဖယ်ရင် ငါဖယ်မှာ ..."
ခပ်မာမာလေးပြောကာ မျက်ဝန်းတွေကို ကွယ်ထားတဲ့လက်ကို ဆွဲယူပြီး အိပ်ယာထက် ဖိချမိတော့ ဂျောင်ဂုမျက်ဝန်းတွေ နီရဲနေတာ သူ မြင်လိုက်ရသည်။
ငိုနေတာတော့ မဟုတ်ပေမယ့် စိတ်လှုပ်ရှားလွန်နေတယ်ဆိုတာတော့ သူ သိလိုက်ရသည်။ ဂျောင်ဂုကတော့ သူ့ကို မျက်နှာလွှဲထားတာမို့ ချောမွတ်နေတဲ့ပါးပြင်နဲ့ ထင်းလွန်းနေတဲ့ မေးရိုးတွေက သူ့အမြင်အာရုံကို လာရောက် ဖမ်းယူသည်။ ခပ်စောင်းစောင်းလေး မြင်နေရတဲ့နှုတ်ခမ်းသားကလည်း တဆတ်ဆတ်တုန်ယင်နေတာ စိတ်လှုပ်ရှားလွန်းလို့ဖြစ်မှာပင်။
ထို့ကြောင့် သူ ဂျောင်ဂုနှုတ်ခမ်းကို လက််မလေးနဲ့ ပွတ်သပ်ကာ သူမေးခွန်းထုတ်လိုက်မိသည်။
" နမ်းစေချင်နေတာလား ဒီနေရာကို ~~~ "
သူ့အမေးကိုတော့ ဂျောင်ဂုက ခေါင်းညိတ်သည်။
" အင်း ~~ နမ်းပေးမယ် ... မင်းအတွက် အမုန်းတွေ မရှိတော့တဲ့အချိန်ကျရင် ~~ "
တိကျတဲ့အဖြေတစ်ခုကို သူပေးပြီးတဲ့နောက်မှာတော့ သူ့အထင်းသားမြင်နေရတဲ့ လည်တိုင်ထက်ကို သူ့နှုတ်ခမ်းနဲ့ထိကပ်ရင်း ဂျောင်ဂု ကြောက်မနေစေဖို့ ရည်ရွယ်လိုက်မိသည်။ အဲ့ဒီ့နောက် ဂျောင်ဂုရဲ့ခန္ဓာကိုယ်အနှံ့ သူ နယ်ချဲ့မိရင်း သူ့ အပိုင်ဖြစ်ကြောင်း တံဆိပ်ခတ်နှိပ်မိခဲ့တော့သည်။
" ... "
သူ့နှုတ်ခမ်းကို နည်းနည်းလေးတောင် အနမ်းမပေးဘဲ သိမ်းပိုက်ခြင်းကိစ္စ အောင်မြင်စွာ ပြီးစီးသွားတဲ့အချိန်မှာတော့ ပင်ပန်းနေပြီဖြစ်တဲ့သူ့ကို ကြည့်ရင်း ကိုကို ပြုံးနေခဲ့သည်။ ချွေးတွေရွဲနေတဲ့ကိုကို့အပြုံးဟာ ဘာအဓိပ္ပါယ်နဲ့တူလဲ သူ မတွေးတတ်တော့။ သူ့ကို လက်ထပ်ထားတာ ဒီကိစ္စတစ်ခုတည်းအတွက်လို့ ကြွေးကြော်ထားတဲ့ကိုကိုကတော့ စိတ်အလိုဆန္ဒတွေ ပြည့်စုံသွားတာနဲ့တူသည်။ သူကတော့ ပျော်ရွှင်နေတာမျိုးမဟုတ်ပေမယ့် ဒီအခိုက်အတန့်က ပထမဦးဆုံး ကိုကိုနဲ့မို့လို့ သူ သိပ်သဘောကျရသည်။ ကိုကို သူ့ကို နာကျင်အောင် ပြောနေလည်း သူ့ဘဝမှာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးလို့ထင်ထားတဲ့ ကိုကို့နဲ့နီးကပ်ခြင်းကို ခံစားရနေမိတာမို့ နာကျင်နေရင်းတောင် သူ သဘောကျပါသည်။ အခုတော့ ကိုကိုဟာ သူ့ကိုယ်ပေါ်ကနေ ဖယ်ခွာကာ သူ့ဘေးနားမှာ စိတ်အေးလက်အေးပင် လှဲချလိုက်သည်။
ဒီဆက်ဆံရေးအထိပြီးသွားလို့ သူ့ကို ပွေ့ဖက်ပေးဖို့ တောင်းဆိုချင်ပေမယ့် ကိုကိုကတော့ သူ့ကို ငဲ့ကြည့်မယ့်ပုံမပေါ်နေ။ သူ ဒီအချိန်မှာ ကိုကို့ဆီက လိုချင်မိတာ အနမ်းတစ်ပွင့်ဆိုပေမယ့် အနည်းဆုံး သူ့ကို ပွေ့ဖက်ဖို့တောင် ကိုကိုက မလုပ်ပေးနိုင်ဘူးနဲ့တူသည်။ အခုတော့ အိပ်ယာရဲ့တစ်ဖက်စီမှာ သူနဲ့ကိုကို ထောင့်စွန်းကပ်နေအောင် တမင်သက်သက် အိပ်နေကြသလိုပင်။ သူ ကိုကို့ကို ကျောခိုင်းရင်း ခံစားချက်တွေကို မြိုသိပ်မိသည်။
ဘာဖြစ်လို့ ချစ်ရသူဆီက လျစ်လျူရှုခံရတာလဲ သူ မတွေးချင်တော့ပါ၊ သူ ပင်ပန်းနေပြီဖြစ်သည်။ စကားလည်း မပြောချင်တော့သလို တစ်နေ့တာရဲ့ ပင်ပန်းမှုက သူ့ကို ဝါးမြိုနေပြီဖြစ်သည်။ ထို့ကြောင့် သူ အိပ်စက်ဖို့ ကြိုးစားမိတော့ ရုတ်တရက် သူ့ခါးပေါ်ရောက်လာတဲ့ ကိုကို့လက်ကြောင့် မျက်ဝန်းတွေကို ဖွင့်လိုက်မိပြန်သည်။ ကိုကိုကတော့ လက်တစ်ဖက်ကို သူ့ခါးပေါ်တင်ကာ ဘေးတစ်စောင်းအနေအထားနဲ့ သူ့ကို ငုံ့ကြည့်နေသည်။
" ... အဲ့လောက်ထိ မဖြစ်ပျက်ပြနေစမ်းနဲ့ ... မင်းနဲ့ ငါ့ကြားမှာ နောက်တစ်ကြိမ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး ..."
ဒီစကားကြောင့် သူ့ကိုယ်ကို ကိုကို့ဘက် လှည့်မိတော့ သိပ်နီးကပ်လွန်းတဲ့ အနေအထားကြောင့် ကိုကိုက အိပ်ယာထက်ထထိုင်ကာ ကုတင်ကို ကျောမှီလိုက်သည်။ သူသည်လည်း ချက်ချင်းထထိုင်မိတော့ ကိုကိုက သူ့ရင်ဘတ်ပေါ်က အမှတ်အသားတွေကို စေ့စေ့ကြည့်သည်။
" ... ဘာ ဘာစကားပြောတာလဲ ကိုကို "
" အသုံးကျတဲ့နေရာ တစ်နေရာလေးတောင် မရှိဘူး ~~ ဘယ်လိုလုပ် အိပ်ယာပေါ်မှာတောင် အသုံးမကျရတာလဲ ... သာယာမှုတောင် မပေးနိုင်ရတာလဲ ... ငါမင်းကို လက်ထပ်မိတာ အလကားဖြစ်ပြီနဲ့တူတယ် "
ဒီတစ်ခါတော့ စော်ကားမှုအတိုင်းအတာတစ်ခုကို လွန်သွားပြီမို့ ဆုပ်ထားမိတဲ့လက်သီးက ကိုကို့ပါးပြင်ထက် အရှိန်တစ်ခုနဲ့ ဖြတ်ပြေးမိသည်။
" ( ခွပ် ) "
တကယ်ကို ဝမ်းနည်းနာကျင်ပြီး ဖြစ်တည်လာတဲ့ ဒေါသတွေမို့ ကိုကို့ကိုယ်ပေါ်တက်ကာ ကိုကို့လည်တိုင်ကို ဖိရင်း ဒုတိယအကြိမ် လက်သီးနဲ့ ရွယ်မိတော့ ကိုကိုက လုပ်လေ ဆိုတဲ့ပုံစံနဲ့ ကြည့်သည်။
" ... စော်ကားနေတာတွေ ရပ်လိုက်လို့ရမလား ... ဘာထပ်လိုချင်သေးလဲ ... အချစ်ရော လူတစ်ကိုယ်လုံး ပေးထားပြီးပြီကို ဒီလိုစကားတွေနဲ့ နှိပ်စက်မှ ကျေနပ်မှာလား ... ဘာဖြစ်ချင်နေတာလဲ ကိုကို ~~ သားသားကို ဘာဖြစ်စေချင်နေတာလဲလို့ !!!!! "
သည်းခံထားမိသမျှ ပွင့်ကျလာသလိုမျိုး သူ အော်ဟစ်ရင်း ငိုမိတော့ ကိုကို့အသံတိတ်သွားသည်။ ကိုကို့ကို ရွယ်ထားတဲ့လက်ကိုလည်း သူပြန်ချရင်း သူ့မျက်ရည်တွေကို သူသုတ်မိတော့ ကိုကို့ရင်ဘတ်ပေါ်က လည်ဆွဲကို ဒုတိယအကြိမ်သတိထားမိသွားပြန်သည်။ သူ ကြည့်နေတာကို သတိထားမိပုံပေါ်တဲ့ ကိုကိုကတော့ ချက်ချင်းပင် လည်တိုင်မှာ ဝတ်ထားတဲ့ ကြိုးကို ဆွဲဖြတ်ပစ်သည်။
" .. ကောင်းပြီ ... ငါ မင်းကို ထပ်မပြောတော့ဘူး ... ငါ့ရှေ့မှာ လာမငိုနဲ့ ... ပြီးတော့ ဒါကိုလည်း နောက်ထပ် မလိုအပ်တော့ဘူး ဂျွန်ဂျောင်ဂု .. "
ကိုယ်တိုင်ဆွဲဖြတ်ထားတဲ့လည်ဆွဲကို သူ့လက်ထဲ ပြန်ထည့်တော့ တုန်တုန်ယင်ယင်နဲ့ သူဆုပ်ကိုင်ယူလိုက်မိသည်။ မငိုနဲ့လို့ ကိုကိုက ပြောပေမယ့် သူကတော့ အသံတိတ်ငိုနေဆဲ။ ကိုကိုကတော့ လည်ဆွဲကို ကိုင်ပြီး ငိုနေမိတဲ့ သူ့ကို အသက်မဝင်တဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်သည်။ သူလုပ်ထားမိလို့ ကိုကို့နှုတ်ခမ်းထောင့်က သွေးစို့နေပေမယိ့ ကိုကိုကတော့ အရေးမပါသလို ငြိမ်သက်နေသည်။ အတန်ကြာမှ သူ့ဆီကနေ အကြည့်လွှဲကာ သူ့ကို အိပ်ယာဘေးနား တွန်းပို့ရင်း ကိုကို ကုတင်ပေါ်ကနေဆင်းသွားသည်။ ပြန့်ကျဲနေတဲ့အဝတ်အစားတချို့ကို ကိုကို ပြန်ဝတ်ရင်း ကုတင်ပေါ်မှာ ကျန်ခဲ့တဲ့ သူ့ကို စောင်းငဲ့ကြည့်သည်။
" ... ဘာဖြစ်စေချင်နေလဲလို့ မေးခဲ့တယ်နော် ... ဘာဖြစ်စေချင်နေလဲ သိလား ... ငါ မင်းကို အထီးကျန်နေစေချင်တာ ... ရူးလောက်တဲ့ဒဏ်ရာတွေနဲ့ တစ်ယောက်တည်း အထီးကျန်စေချင်ဝာာ ... တောက်ပတဲ့နေရာမှာ တစ်ယောက်တည်း အထီးကျန်နေရတာ ဘယ်လောက်အထိ ရူးသွားစေနိုင်လဲ မင်းကို သိစေချင်ခဲ့တာ ဂျွန် ဂျောင် ဂု ..."
နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရတဲ့ ဒဏ်ရာတွေကို အခုမှ ထုတ်ဖော်လာသလို လေသံမျိုးနဲ့ သူ့ကို ပြောပြီးတဲ့နောက်မှာတော့ အိပ်ခန်းကနေ ကိုကို ထွက်သွားခဲ့တော့သည်။
... နှစ်အတော်ကြာ ကိုကိုတစ်ယောက်တည်း အထီးကျန်နေခဲ့ရတာလား ကိုကို ... ဒါဆို သားသားလည်း .. ဘာထူးလို့လဲ .. တစ်ယောက်တည်း နောင်တတွေနဲ့ ရှင်သန်ခဲ့ရတာပဲလေ ...
💠💠💠
Nov 21, 2022
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
* Me, Myself & Bad Romance *
- အပိုင္း ၁၆ -
" သတို႔သားအသစ္စက္စက္ကို တစ္ေယာက္တည္းထားၿပီး ဒီအခန္းထဲ ဘာလာလုပ္တာလဲ ..."
အေမွာင္ခ်ထားတဲ့ instrumental Room ကို မီးဖြင့္ရင္း ဝင္လာတဲ့ယြန္ဂီေၾကာင့္ ၾကမ္းခင္းထက္ သူလွဲခ်လိုက္မိသည္။
" ... ငါ သီခ်င္းေတြ ျပန္လုပ္ခ်င္တယ္ ယြန္ဂီ ..."
ဆိုဂ်ဴနဲ႔ဘီယာကို ဆြဲကိုင္လာတဲ့ယြန္ဂီကေတာ့ သူ႔အနားမွာ ခပ္ေအးေအးလူလူပင္ ပုလင္းေတြ ဖြင့္ေဖာက္ကာ ေသာက္ေနသည္။
" ... မရေသးဘူး ... မင္းလုပ္ခ်င္တဲ့အမ်ိဳးအစားရဲ႕အျမင့္သံေတြကို မင္းခံစားလို႔မရေသးဘူး ... ဒါနဲ႔မ်ား ဒီမနက္ သီခ်င္းကို ဘယ္လိုဆိုလိုက္တာလဲ .. ငါေရာ ေဒါက္တာေရာ ဒီေလာက္တားေနတဲ့ၾကားကေန ဘယ္အခ်ိန္ေလ့က်င့္ၿပီး ဘယ္လိုရသြားတာလဲ ..."
" ... "
ဒီတစ္ခါေတာ့ သူျပန္မေျဖမိ။ တကယ္ေတာ့ မနက္က မဂၤလာပြဲမွာ ဆိုခဲ့သီခ်င္းက ေတာ္ေတာ္ေလးၾကာေနၿပီျဖစ္တဲ့သီခ်င္းေလးျဖစ္သည္။ သူ ေဂ်ာင္ဂုနဲ႔ ခ်စ္သူေတြျဖစ္ၿပီးတဲ့အခ်ိန္ကစၿပီး သူသာ ေဂ်ာင္ဂုကို လက္ထပ္ႏိုင္ခဲ့မယ္ဆိုရင္ သူ႔မဂၤလာပြဲအတြက္ ေသခ်ာေပါက္ ဆိုမွာလို႔ သူ ေတြးထားခဲ့တာျဖစ္သည္။အဲ့ဒီ့အခ်ိန္ကတည္းက သူ ဒီသီခ်င္းကို ေန႔တိုင္းနီးပါးေလ့က်င့္ျဖစ္ခဲ့သည္။ သံစဥ္တစ္ခ်ိဳ႕ကို မၾကားႏိုင္ေတာ့ေပမယ့္ အလြတ္နီးပါးရေနၿပီျဖစ္တဲ့ သံစဥ္ေတြကို Noteေတြၾကည့္ရင္း သူ ေသခ်ာဆိုတတ္ပါေသးသည္။
" ေဂ်ာင္ဂုကို အဲ့ဒီေလာက္ေတာင္ ခ်စ္တာပဲကိုး ~~ သီခ်င္းဆိုေနတဲ့အခ်ိန္အတြင္း အသံေတြ ျပတ္ေတာက္သြားတာမ်ိဳး မရွိဘူးလား ..."
" ဟင္အင္း မသိလိုက္ဘူး ... သူ႔မ်က္ႏွာကိုပဲ ၾကည့္ေနမိလို႔ ငါမသိလိုက္ဘူး .. ယြန္ဂီ ... အခုငါ အိမ္မျပန္ခ်င္ဘူး ... ဒီမွာပဲ အိပ္သြားလို႔ရမလား ... "
ယြန္ဂီ သူ႔ေရွ႕မွာ ကေလးတစ္ေယာက္လိုျဖစ္ေနတဲ့ေဆာ့ဂ်င္ကို ၾကည့္ရင္း ၿပဳံးလိုက္မိသည္။ အမ်ားေရွ႕မွာသာ ကင္ေဆာ့ဂ်င္ျဖစ္ေနေပမယ့္သူ႔ေရွ႕မွာဆိုရင္ ေဆာ့ဂ်င္းနီျဖစ္ေနခဲ့တာ ႏွစ္ေတာ္ေတာ္ၾကာၿပီျဖစ္သည္။
" မရဘူး ... မရခင္တုန္းက အေသရရ အရွင္ရရ ျဖစ္ပ်က္ေနၿပီးေတာ့ အခု ရလည္းရေရာ မ်က္ႏွာလႊဲ ခဲပစ္လုပ္ၿပီး ေဂ်ာင္ဂုကို တစ္ေယာက္တည္းပစ္ထားမလို႔လား ... ဘယ္လိုေတာင္ ကေလးဆန္ေနရတာလဲ ကင္ေဆာ့ဂ်င္ရဲ႕ ... မင္းကို ေစာင့္ေနမွာ မသနားဘူးလား ..."
" ... သူက ဘာလို႔ ငါ့ကိုေစာင့္မွာလဲ ... မျဖစ္ႏိုင္တာ ... "
" မဂၤလာဦးညေလ ... မင္းကို မေစာင့္လို႔ သူက ဘာလုပ္ရမွာလဲ ... မဟုတ္မွ မင္း အဲ့ဒါကို မလုပ္ခ်င္လို႔ ထြက္ေျပးလာတာလား ... "
ယြန္ဂီစကားေၾကာင့္ အိပ္ေနရာကေန ထထိုင္လိုက္မိသည္။ ယြန္ဂီေျပာတာ မမွန္ေနေပမယ့္ မမွားလည္း မမွား။
" အင္း ဟုတ္တယ္ ... ငါ သူ႔ကို မထိခ်င္ဘူး ..."
" ... ေသာက္႐ူး ... "
" ... အင္း ဟုတ္တယ္ အခ်စ္လြန္လို႔ ႐ူးသြားတာေနမယ္ ... တကယ္ေတာ့ သူ ဘာေတြႀကဳံခဲ့ရလဲ ငါေသခ်ာမသိေသးဘူး ... သူ႔အေရွ႕မွာသာ ဆိုးဆိုး႐ြား႐ြားေျပာေနမိေပမယ့္ တကယ္တမ္းက်ေတာ့ သားသားက တစ္ခုခုကို ေၾကာက္ေနသလို ခံစားရတယ္ .... အဲ့ဒီ့ကေလးက ေခါင္းမာေတာ့ ဘာကိုမွ ေကာင္းေကာင္းမြန္မြန္ ေမးလို႔ရမွာ မဟုတ္ဘူး ... "
" အဲ့ဒီေလာက္ထိစိတ္ပူေနရင္လည္း အနားမွာ ေသခ်ာဂ႐ုစိုက္ၿပီး ခ်စ္ျပေပါ့ ငါ့ကို လာေျပာလို႔ ဘာထူးမွာလဲ ငါက ဂြၽန္ေဂ်ာင္ဂုမွ မဟုတ္တာ ..."
" ငါက ခ်စ္ျပလိုက္ရင္ သူ ငါ့ကို ထပ္ၿပီး ထားသြားလိမ့္မယ္ ယြန္ဂီ ... ၿပီးေတာ့ ငါ သူ႔ကို ေျပာျပရဦးမွာ ငါဘယ္ေလာက္ေတာင္ အထီးက်န္ၿပီး နာက်င္ေနခဲ့ရလဲ ဆိုတာေလ ...."
ကင္ေဆာ့ဂ်င္ရဲ႕အ႐ူးစကားေတြကို သူမ်က္ေမွာင္ၾကဳတ္ၿပီး ေခါင္းခါလိုက္မိသည္။ ေဂ်ာင္ဂု လက္ထပ္ပြဲကို လက္ခံလိုက္ကတည္းက ကင္ေဆာ့ဂ်င္တစ္ေယာက္ ေနမထိ၊ ထိုင္မထိ မသိမသာ ေယာက္ယက္ခတ္ေနတာ သူသိပါသည္။ အကန္ေတြလုပ္ေနေပမယ့္ တကယ္တမ္းက် ဂြၽန္ေဂ်ာင္ဂုကို တုန္ေနေအာင္ ခ်စ္သည္။
" တစ္ခြက္ေလာက္ခ်မလား ~~ "
" ဟင္အင္း ဒီည ငါမူးလို႔မျဖစ္ဘူး "
" တစ္ခြက္က မူးလို႔လား ... စကားမမ်ားေနဘဲ ေသာက္ၿပီးရင္ ျပန္ေတာ့ ... "
ေနာက္ဆုံးေတာ့လည္း ယြန္ဂီကို ေပးလာတဲ့ခြက္ကို လွမ္းယူရင္း သူ ေမာ့ခ်လိုက္မိသည္။ ပထမဦးဆုံးအတူတူရွိရမယ့္ညကို သူ မူးေနလို႔မွ မျဖစ္တာေလ။ အဲ့ဒီ့ေနာက္ မိနစ္နည္းနည္းေလာက္ သူ ထပ္ေနၿပီး အိမ္ကို ျပန္လာမိေတာ့သည္။ ဟိုအရင္က သူနဲ႔ေဂ်ာင္ဂု အတူတူရွိခဲ့ဖူးတဲ့အိမ္ကေလးဆီကိုေပါ့။
အိမ္ကိုျပန္ေရာက္ေတာ့ တိတ္ဆိတ္လြန္းေနသည္မို႔ သူ ေျခသံဖြကာ ဝင္သြားမိသည္။ ဧည့္ခန္းထဲေရာက္တာနဲ႔ ေဂ်ာင္ဂုကို သူ ျမင္မိေတာ့ လြန္ခဲ့တဲ့ႏွစ္ေတြကို ျပန္အမွတ္ရမိသည္။ သူျပန္လာမယ့္ေန႔တိုင္း ေဂ်ာင္ဂုက ဒီဧည့္ခန္းထဲမွာပဲ ေစာင့္ရင္း အိပ္ေပ်ာ္သြားခဲ့တာေလ။ အခုလည္း အဲ့ဒီ့အခ်ိန္ေတြတုန္းကနဲ႔ မထူးျခားနားပါပဲ ... သူျပန္လာမွာကို ေစာင့္ေနပုံရတဲ့ ေဂ်ာင္ဂုေလးကေတာ့ ဧည့္ခန္းထဲ အိပ္ေပ်ာ္သြားေနခဲ့ၿပီျဖစ္သည္။ အိပ္ေနတဲ့ပုံေလးက တကယ္ကို အျပစ္ကင္းစင္လြန္းသည္မို႔ သူ မႏႈိးရက္ေတာ့ဘဲ ေဂ်ာင္ဂု အိပ္ေနတဲ့ေရွ႕တည့္တည့္က ဆိုဖာမွာ ဝင္ထိုင္ရင္း ဝတ္ထားတဲ့နက္ကတိုင္ကို ဆြဲခြၽတ္မိသည္။ ေဂ်ာင္ဂုကေတာ့ ဒင္နာၿပီးကတည္းက အိမ္ကိုေရာက္ေနတာမို႔လို႔ ေရခ်ိဳးၿပီးသား ညအိပ္ဝတ္စုံေလးနဲ႔ျဖစ္သည္။ သူ ေတြးထားမိတဲ့ မဂၤလာဦးညက ဒီလိုပုံစံမ်ိဳးမဟုတ္ေပမယ့္ အခုလို ပုံစံကလည္း ေကာင္းသား။ သိပ္မၾကာခင္ လူၾကမ္းႀကီးျဖစ္ေတာ့မယ္ ဆိုေပမယ့္လို႔ေပါ့။
ေဆာ့ဂ်င္ အိပ္ေပ်ာ္ေနတဲ့ေဂ်ာင္ဂုကို ထိုင္ၾကည့္ရင္း အခ်ိန္ေတာ္ေတာ္လင့္လာေတာ့ နာရီကို ၾကည့္လိုက္မိသည္။ ည တစ္နာရီခြဲေနၿပီျဖစ္သည္။ တစ္ေရးမွ မအိပ္ရေသးေပမယ့္ အိပ္ငိုက္တာမ်ိဳးလည္း သူ႔ဆီမွာ မရွိ။ ဂြၽန္ေဂ်ာင္ဂု ႏိုးလာဖို႔ကိုသာ သူေစာင့္ပါမည္၊ မနက္မွ ႏိုးလာမယ္ဆိုရင္ေတာင္ မနက္ထိ သူေစာင့္မွာျဖစ္သည္။
" အင္း ~~ "
သိပ္မၾကာလိုက္၊ ေညာင္းညာလာပုံရတဲ့ေကာင္ငယ္ေလးဟာ အေၾကာေတြဆန႔္ကာ မ်က္ဝန္းေတြကို ပြတ္လာသည္ဆိုရင္ျဖင့္ သူ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ မပြင့္တပြင့္မ်က္ဝန္းေတြက သူ႔ကို ျမင္တာနဲ႔ ခ်က္ခ်င္းထထိုင္ကာ လန႔္ႏိုးသြားေတာ့သည္။
Advertisement
- In Serial147 Chapters
I'm A Walking Disaster With My Unwanted Virginity
WPC 182 Gold Winner!
8 656 - In Serial36 Chapters
Silver Death (Re)
On a first sight, Yuri is a quiet, cute girl. Today is the day of her execution. Why? That’s because she’s a murderer. While being tortured to death, she suddenly gets summoned to another world. What happens when someone like this is transferred to the world with no laws? (Rewrite)
8 205 - In Serial8 Chapters
The Junkyard and Other Short Stories
Three people from the worlds most boring town witnes the end of the world. Updates with occasional other short stories and flash fiction. Flash fiction
8 120 - In Serial33 Chapters
Mindshifter: The Mind War
Most of the Malkene world is shrouded in fog which transforms everything. Remaining humans are forced to live in a few isolated areas. War against mind-snatchers on the east will affect peaceful west. Time for changes has come, the decision is in thehands of the group of volunteers. On their path they will interact with many forces including Gods. To reach the truth and victory they will have to lose everything and battle utter hopelessness. From this different kind of mind war strongest one will emerge as a mindshifter. All mysteries will be revealed to him. Only one question is left without answer: when mankind's everlasting hunger for power is finally saturated, is there any humanity left?
8 106 - In Serial32 Chapters
LIGHT ME UP ↝ Lucifer Morningstar
❝HEART AND SOUL IS ALL I'VE GOT, COME & LIGHT ME UP.❞In which Benjamin Espinoza, the younger brother of Detective Douche himself, returns to L.A to be more mature this time around, only to fall for the actual Devil instead.[LUCIFER SEASON TWO]BOOK ONE IN THE ❝ CHILDREN OF DARKNESS ❞ SERIES
8 160 - In Serial17 Chapters
The Legend of Fanaura : Journey
Finding out the truth about her reason to be a Fanaura, made her rage. But to whom she pointed the anger to? When the Goddess that had made her become a Fanaura has disappeared along with all her Zanjs. She must bring the Goddesses back, not just for the sake of the world but also for her own benefit. With that goal in mind, she decided to go on a JOURNEY to save the world. Even if that's mean she has to do it with a group of people from her past. Her past friends, her past foe, and once her worst nightmare. ---- This is the second book of The legend of Fanaura. If you haven't read the first book, please read it first ^^ so you won't be confused. Thank you.
8 208

