《Me, Myself & Bad Romance •||• JINKOOK》【12】- " ဂျွန့်ဒိုင်ယာရီ "
Advertisement
⟨ Unicode Version ⟩
Jinah's Note:::
ဒီဟာလေးကိုလေ သေချာ မဖတ်ကြမှာ စိုးလို့ သီးသန့်လေး ရေးပေးလိုက်တာပါ ... another Jinkook Versionရဲ့ Kookie Diary လို ခံစားပြီး ဖတ်ပေးရင် ပိုပြီး ကျေးဇူးတင်မိမှာပါ .. ဘာလို့လဲဆိုတော့ Bad Romance ရဲ့ မူရင်း ပလော့မို့လို့ပါ ... SE မို့လို့ အရှည်မရေးဘဲ မွေးလာတဲ့ သားနှစ်ယောက်အကြောင်းကို ရေးလာဖို့ အိုင်ဒီယာ ရခဲ့တာပါ .. ဖေဖေတို့ မဆုံဆည်းရသမျှ သားသားတို့ရော SEဖြစ်မလား HEဖြစ်မလား ဆိုတာက မသိသေးပါဘူး ~~ ဂျင်နာ SEမကြိုက်ပေမယ့် အခုတလော တော်တော်လေး သဘောကျနေလို့ပါ … ဒါလေးကို သေချာ ဖတ်ပေးကြပါဦးနော် 🙇🏻♀️
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
[01]
.... အထက်တန်းကျောင်းပွဲတော်နေ့မှာ စူပါစတားတစ်ယောက်နဲ့တွေ့ခဲ့ရတယ် ... သူက မမှတ်မိပေမယ့် ငါကတော့ သေချာသိတယ် ... ငါငယ်ငယ်တုန်းက ငါ့အဖေနဲ့အမေကွာရှင်းပြီး အိမ်ရောင်းတဲ့နေ့မှာ ဘေးအိမ်ကို ပြောင်းလာတဲ့အစ်ကိုကြီးဆိုတာ ... တောက်ပနေတဲ့သူ့ဘေးနားမှာ လူတွေအုံနေကြပေမယ့် ငါကတော့ စိတ်ကုန်သလိုပဲ ကျော်သွားခဲ့မိတယ် .. လူအများကြီးသဘောကျတဲ့အရာတွေကို မကြိုက်တာ ငါလေ ... ဒါပေမဲ့ ငါအမှားတစ်ခုလုပ်လိုက်မိတယ် .. ဖျော်ဖြေရမယ့်သူ့အင်္ကျီကို ညစ်ပတ်သွားအောင်လုပ်လိုက်မိတယ် ... သူကတော့ ပြုံးရင်း အဆင်ပြေတဲ့ပုံစံနေနေပေမယ့် ငါကတော့ အမုန်းတွေနဲ့ပဲ ကြည့်ခဲ့မိတယ် ဘာလို့လဲဆိုတော့ ငါအိမ်မပြောင်းခင် သူငယ်ချင်းလုပ်မလားမေးမိတာကို သူက ငါ့ကို ကလေးတစ်ယောက်လို ဆက်ဆံသွားလို့လေ ...
[02]
တက္ကသိုလ်ပထမနေ့မှာ သူ့ကိုပြန်တွေ့ခဲ့တယ် ... သူက ကျောင်းမှာ ငါ့အဆောင်ရဲ့ စီနီယာတဲ့ .. စီးပွားရေးမေဂျာယူပြီး အနုပညာရှင်ဖြစ်သွားတဲ့ သူ့ကိုတော့ အံ့ဩမိသား ... ငါကတော့ ရှေ့နေတစ်ယောက်ဖြစ်ချင်ခဲ့မိတာ ... လျှောက်လမ်းတွေ မတူခဲ့ဘူးပဲ ... ခင်ချင်စိတ်တော့မရှိပေမယ့် သူငယ်ချင်းတစ်ယောက်က သူ့ကို မိတ်ဆက်ပေးခဲ့တယ် ... အဲဲ့ဒီ့သူငယ်ချင်းဟွမ်ဂင်ဝန်းက ကင်မင်ဆွန်းဆိုတဲ့သူနဲ့ တွဲနေတာတဲ့လေ .. ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ သူ့အကြည့်တွေက ဟွမ်ဆီမှာမရှိဘဲ ငါ့ဆီမှာ ရှိနေသလိုမျိုး ခံစားနေရတယ် .. ထားပါတော့ ... ဒီနေ့မူးအောင်သောက်ဖို့ဆုံးဖြတ်ထားပေမယ့် တကယ်မူးအောင်သောက်လိုက်တာက ကင်မင်ဆွန်းဆိုတဲ့စူပါစတားဖြစ်နေတာမို့ ငါ့အဆောင်ထိ သယ်လာရတယ် ... အခုတော့ ငါ့အိပ်ယာက သူ့အပိုင်စားဖြစ်နေလေရဲ့ ... ရယ်တော့ရယ်ရသား ... အရက်မသောက်နိုင်တဲ့ကင်မင်ဆွန်းက လစ်မစ်ကျော်ရင် လိင်စိတ်တွေ ဖြစ်လာတာပဲ ... သူထပ်မလှုပ်နိုင်ရအောင် ငါ့မှာ ကြိုးချည်ထားပေးရတယ် .. ဒီအကြောင်းတွေကို သတင်းအဖြစ်ရောင်းစားရင် အဆင်ပြေလောက်တယ်မလား ...
[03]
ဒီနေ့ ကင်မင်ဆွန်းနဲ့ဟွမ် နမ်းနေတာကို မြင်ခဲ့တယ် ကင့်အပေါ်မှာ ငါဘာစိတ်မှထားလို့မဖြစ်တာသိသိချည်းနဲ့ ငါဒေါသထွက်လာသလို ခံစားလိုက်ရတယ် ... ဟိုတစ်နေ့က ဒိုင်ယာရီထဲချမရေးဖြစ်တဲ့အဖြစ်အပျက်တစ်ခု ငါ့ခေါင်းထဲ ပေါ်လာခဲ့တယ် ကင်က ဟွမ့်ကို မနမ်းခင် ငါ့ကိုအရင်နမ်းခဲ့တာလေ ... မူးနေလို့ဆိုတာ သိပေမယ့် ငါကိုယ်တိုင်လည်း မရှောင်ခဲ့မိဘူး ... ဒါပေမဲ့ အခုတော့ ကင်နဲ့ဟွမ်ကို ငါ ပြတ်စေချင်လိုက်တာ ..
[04]
ထူးထူးဆန်းဆန်း ဟွမ်ငါ့ကို ရင်ဖွင့်လာတယ် ... ကင်က သူ့ကို မချစ်ဘဲ တွဲနေတာတဲ့ .. စစကြားချင်း အံ့ဩသွားပေမယ့် ငါပျော်ခဲ့မိတယ် .. အဲ့ဒီလိုပဲ မလုပ်သင့်မှန်း သိပေမယ့် ငါ ကင့်ကို ဆွဲဆောင်မိခဲ့တယ် ... ငါငယ်ငယ်ကတည်းက အရမ်းမုန်းခဲ့ရတဲ့ ငါ့ရဲ့အားနည်းချက်တစ်ခုကို အသုံးချပြီးတော့ပေါ့ ... ကင့်မိဘတွေက ဆက်ခံသူလိုချင်တယ်ဆိုတာ ငါသိတယ်လေ ...
[05]
ကင်ကို မူးအောင်တိုက်မိခဲ့တယ် .. ကင်က ထိန်းမရအောင် မူးလာရင် တစ်ယောက်ယောက်နဲ့ အတူနေချင်တဲ့သူမျိုးလေ ... ဟွမ်ရန်ရှာလို့ စိတ်ညစ်နေတာကို ငါအခွင့်ကောင်းယူခဲ့မိတယ် ... ဆောရီးပဲဟွမ် ... မင်းမှာက အကုန်ပြည့်စုံပေမယ့် မပြည့်စုံတဲ့ငါ့ဘဝမှာ ကင်တစ်ယောက်တည်းကိုပဲ လိုချင်မိခဲ့လို့ ... ငါ့ကို ခွင့်မလွှတ်နဲ့ .. အခုတော့ ကင်က ငါ့ဘေးမှာ အဝတ်ဗလာနဲ့ အိပ်မောကျနေတယ် ... နိုးလာရင် သူ ဘာပြောနိုင်မှာလဲ ... ငါက သူ့ကို အရေးမလုပ်တဲ့ပုံနဲ့ နေပြလိုက်ရင် သူ့ ကို ငါသေချာပေါက်ဆွဲဆောင်နိုင်မှာပေါ့ ... ကင်က အမြဲတမ်းအာရုံစိုက်ခံနေရတဲ့လူလေ ... အဲ့ဒီလို 'ကင်'က ငါ့ကို အာရုံစိုက်ဖို့ပဲ မျှော်လင့်တယ်
...
[06]
ဟွမ်နဲ့ကင် လမ်းခွဲလိုက်ကြပြီတဲ့ အကြောင်းရင်းက ငါ့ကြောင့်တော့မဟုတ်ဘူး .. ကင့်မိဘတွေကြောင့် ... ဒါပေမဲ့ ဟွမ်ကတော့ ငါ့ကြောင့်ထင်ပြီး ပြသနာတွေ စရှာတော့တာပဲ ... ကင်က လေးစားဖို့ကောင်းတဲ့သူတစ်ယောက်ပါ ... ငါနဲ့မှားခဲ့ဝာာတောင် ဟွမ့်ကို အဲ့ဒီ့အတွက်နဲ့ လမ်းမခွဲခဲ့ဘူး ... သူ့အမှားကို ငါကျေနပ်တဲ့အထိ သူ တောင်းပန်ပြီး သူ မချစ်တာတောင် ဟွမ့်အပေါ် သစ္စာမပျက်ခဲ့ဘူး ... ဒါပေမဲ့ ဟွမ်ကတော့ ငါ့ကြောင့်လို့ ထင်ပြီး ငါ့ကို စပြီးရန်ရှာတယ် ဟွမ်နဲ့နေ့တိုင်းလိုလို ငါပြသနာဖြစ်ရပေမယ့် ကင်က ဟွမ်ကို ထိန်းရင်း ငါ့ကို ကာကွယ်ပေးခဲ့တယ် ... ငါ ဒီအချက်ကို သုံးပြီး ကင်ကို သိမ်းပိုက်လို့ရတယ်မလား ... အဖေနဲ့အမေကွာရှင်းလို့ အများကြီးထိုင်ငိုနေခဲ့တဲ့ငါ့ကို နှစ်သိမ့်ပေးခဲ့တဲ့အဲ့ဒီ့အစ်ကိုကြီးကို နှစ်တွေအကြာကြီး ငါသဘောကျခဲ့ရတာမို့ ငါအပိုင်လိုချင်တာ ငါ့အပြစ်မဟုတ်ဘူးပဲ ငါခံယူထားတယ် ..
[07]
ဒီနေ့ ဆေးရုံကနေ ဆင်းခဲ့တယ် .. ဟွမ်က ငါ့ကို လှေကားပေါ်ကနေ တွန်းချခဲ့လို့ ဆေးရုံရောက်သွားတာလေ .. ကံကောင်းတာက ကင်က အဲ့ဒါကို မြင်ခဲ့တယ် ... ထပ်ပြီး ကံကောင်းတာက ငါ့မှာ ကင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေခဲ့တယ် .. မွေးကတည်းက သားအိမ်ပါလာတဲ့အတွက် ကလေးတစ်ခါမွေးခွင့်ရှိတယ်လို့ ဆရာဝန်တွေက ပြောခဲ့ကြပေမယ့် ငါ့အဖေကတော့ ငါ့ကို ဂြိုလ်ဆိုးကောင်လို ကြည့်ခဲ့တာလေ မိဘတွေ ကွာရှင်းမှုရဲ့အဓိကတရားခံက ဟိုမရောက်ဒီမရောက်မွေးဖွားလာတဲ့ငါ့ကြောင့်ဖြစ်ခဲ့ပေမယ့် အခုတော့ ကင့်အတွက် မျိုးဆက်ချန်ပေးနိုင်တော့မှာမို့လို့ အရမ်းပျော်နေခဲ့မိတယ် ... ဒါပေမဲ့ ကင့်ကိုတော့ ငါအကန်စကားတွေနဲ့ပဲ တွန်းထုတ်မိတယ် ... ငါက တွန်းလေ ကင်က ရှေ့တစ်လှမ်းတိုးလေမို့ ငါ ကင့်ကို တွန်းပဲ တွန်းထုတ်မှာ .. အခုတော့ ကင်က ငါ့အတွက် ညစာလုပ်ပေးနေတယ် .. အထီးကျန်ခဲ့ရတဲ့ ဒီအေးစက်စက်အခန်းထဲမှာ နွေးထွေးမှုပေးနိုင်မယ့်ကင်က ရှိနေခဲ့ပြီ .. ကမ္ဘာပေါ်မှာ ငါမှ မပျော်ရင် ဘယ်သူက ငါ့အစားပျော်ပေးမှာတဲ့လဲ သိပ်ချစ်တယ်ကင် ... ဒါက ငါ ဘယ်တော့မှ ခင်ဗျားကို မပြောမယ့်စကားပါ ကင် ...
Advertisement
[08]
ကင်က ငါ့ကိုလက်ထပ်ဖို့အတွက် အနုပညာလောကကနေ အနားယူပြီး ကုမ္ပဏီတွေ ဦးစီးခဲ့တယ် ... ကင်က ငါ့ကို သိပ်ချစ်ကြောင်း နေ့တိုင်း ပြောနေပေမယ့် ငါကတော့ တစ်ခွန်းလေးတောင် ပြန်မပြောပြပေးနိုင်ခဲ့ဘူး ဒါပေမဲ့ ငါလုပ်သမျှက ကင့်အတွက်ပဲ .. သူများအပိုင်ကိုလုယူမိခဲ့လို့လားမသိဘူး ... ငါ့မှာ အမြဲပူလောင်နေရတယ် .. ငါ ကင့်ကိုချစ်တယ် .. ဒါပေမဲ့ ကင်နဲ့ငါ့ဆက်ဆံရေးကို ငါမထိန်းထားနိုင်မှာကြောက်တယ် ... ကင့်မိဘတွေနဲ့ မိတ်ဆက်ပေးတုန်းက ကင့်မိဘတွေ ငါ့ကို သဘောမကျတာ ငါသိပါတယ် ... ဒါပေမဲ့လည်း သူတို့မြေးက ငါ့ဆီမှာလေ ... ငါသေမယ်ဆိုရင်တောင် ကင့်အတွက် ငါ့ကိုယ်ပွားလေး ချန်ခဲ့ပေးမယ် ...
[09]
ငါမွေးခါနီးမှာ ကင်အလုပ်ကိစ္စနဲ့ အမေရိကားကိုသွားမှာ တစ်လတဲ့ .. ငါကင့်ကို လွမ်းနေရတော့မှာဆိုပေမယ့် မသွားပါနဲ့လို့ ငါမဆွဲထားခဲ့ဘူး ကင်ထွက်သွားတဲ့ညနေမှာ ကင့်မိဘတွေ ငါ့ဆီရောက်လာခဲ့တယ် ... ငါထင်တဲ့အတိုင်း ကင်နဲ့လမ်းခွဲပေးဖို့ လာတောင်းဆိုကြတာပေါ့ ... ငါ့ဆီက မမွေးလာသေးတဲ့ကလေးကို လိုချင်ပေမယ့် ကင့်ရဲ့လက်တွဲဖော်အဖြစ် ငါ့ကို မသတ်မှတ်နိုင်ဘူးတဲ့။ သေချာပေါက် ငါငြင်းခဲ့တာပေါ့ ... ငါ့ဘဝမှာ ငွေထက် ကင့်ကို ပိုချစ်လို့ ဒီလမ်းရွေးခဲ့တာလေ ...။
[10]
ဒီစာအုပ်ထဲ မရေးချဖြစ်တာ တစ်လလောက်ရှိပြီ ... အကြောင်းရင်းက ငါ့တစ်ဘဝလုံးမှာ အဆိုးရွားဆုံးကိစ္စကို ကြုံခဲ့ရတယ် ... ကင်ပြန်မလာတဲ့အတောအတွင်းမှာ ငါကင့်မိဘတွေရဲ့ထိန်းသိမ်းခြင်းခံခဲ့ရတယ် ... မကျဉ်းမကျယ်တဲ့အခန်းထဲမှာ ပိတ်လှောင်ထားပြီး လိုလေသေးမရှိထားထားပေမယ့် ငါသိတယ် ကလေးကို မွေးပြီးတာနဲ့ ငါ့နဲ့ ခွဲတော့မယ်ဆိုတာ.. အဲ့ဒါကြောင့် ငါအသက်လုရတာတောင် သတိမမေ့ဖို့ ကြိုးစားရင်း ငါ့သားလေးကို သူတို့ဆီကနေ အတင်းလုပြီး ထွက်ပြေးခဲ့မိတယ် ... ထွက်ပြေးဖို့ ကြိုးစားတာ ငါအောင်မြင်ခဲ့ပေမယ့် ငါ့ရင်သွေးကို ဆုံးရှူံးလိုက်ရတယ် .. အဲ့ဒီ့ညက မိုးရေထဲမှာ ငါတစ်ညလုံး အသက်မရှိတော့တဲ့ ငါ့ရင်သွေးကို ပွေ့ပြီး ငိုနေခဲ့တယ် ... ဘယ်အချိန်ထိလဲတော့ ငါမသိဘူး ... အခု သတိရလာတဲ့အချိန်မှာတော့ အယ်ရာ ဆိုတဲ့ ကောင်မလေးတစ်ယောက်က ငါ့အနားမှာရှိနေခဲ့တယ်
[11]
ငါ ထူထူထောင်ထောင်ဖြစ်လာတဲ့အချိန်မှာ ငါသတင်းတစ်ပုဒ်မြင်လိုက်ရတယ် ... ကင် လက်ထပ်လိုက်ပြီတဲ့ ကင့်အမျိုးသမီးကတော့ ဆေးဝါးဆိုင်ရာ သုတေသနအဖွဲ့ချုပ်က ဆရာဝန်မလေး တစ်ယောက်တဲ့။ ပျောက်နေတဲ့ငါ့ကို ရှာဖို့ သတိတောင်မရဘဲ ငါမရှိတာနဲ့ နောက်တစ်ယောက်နဲ့ လက်ထပ်လိုက်တဲ့ ကင့်ကို ငါ မုန်းတယ် ... ဒီထက်ပိုဆိုးတာက အဲ့ဒီ့အမျိုးသမီးမှာ ကလေးရှိနေခဲ့တာတဲ့လေ ... ဘယ်လိုတောင် လှည့်စားရက်နိုင်ခဲ့တာလဲ ကင်ရယ် ~~~ ငါ့မှာတော့ ခင်ဗျားကို ချစ်လိုက်ရတာ အကြိမ်ကြိမ်အခါခါလေ ... ဒါပေမဲ့ ငါ သိလိုက်တယ် လောကကြီးမှာ ငွေက အရေးကြီးဆုံးဆိုတာ ... အဲ့ဒါကြောင့် ငါလည်း ငွေအတွက်နဲ့ အနားမှာရှိနေပေးခဲ့တဲ့ အယ်ရာ့ကို လက်ထပ်မိခဲ့တယ် ... ငါ့အပေါ် အချစ်စစ်နဲ့ချစ်ပေးတဲ့ အယ်ရာ့ကို လှည့်စားပြီးယူခဲ့တယ်ဆိုပေမယ့် ကတိတစ်ခုတော့ ပေးနိုင်တယ် ... အယ်ရာ့ကို အပျော်ရွှင်ဆုံးထားနိုင်ဖို့ ကတိ။
[12]
ငါ လက်ထပ်တဲ့နေ့က ကင့်ရဲ့သားလေး မွေးတဲ့နေ့ ... မီဒီယာထက်မှာ ကင့်အပြုံးတွေနဲ့အတူ ကောင်းချီးအဖြာဖြာနဲ့ ချီးမြှောက်ခံနေရတဲ့ အဲ့ဒီ့ကလေးကို မြင်တိုင်း ငါ အရှုံးပေးလိုက်ရတဲ့ ငါ့ရင်သွေးကို ငါသတိရမိတယ် ... ကင်သာ ငါ့ကို သေချာဂရုစိုက်ပေးခဲ့ရင် ငါနဲ့ငါ့သား
ဒီလို အဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူး ငါ ကင့်မျက်နှာပေါ်ကအပြုံးတွေကို ဖျက်ဆီးပစ်ချင်လိုက်တာ ... ကင့်ရဲ့သားလေးကို ကြည့်နေတဲ့ ကင့်မျက်ဝန်းတွေကို ဖောက်ထုတ်ပစ်ချင်လိုက်တာ ... ... အဲ့ဒါကြောင့် အဖေနဲ့အမေရောင်းခဲ့တဲ့ ကင့်အိမ်ဘေးနားက အိမ်ကြီးကို အယ်ရာ့နောက်ခံနဲ့ ဝယ်ပြီး ကင့်ကို ပြန်ချဉ်းကပ်ဖို့ ကြိုးစားမိခဲ့တယ် ... ကင် ~~ ငါ ခင်ဗျားရဲ့မိဘတွေကိုရော ... ခင်ဗျားရဲ့သားကိုရော ... ခင်ဗျားရဲ့မိန်းမကိုရော ... သိပ်မုန်းတယ် ကင် ~~
[13]
အစီစဉ်တွေက အောင်မြင်တယ်ပြောရလေမလား ... ငါ့ကြောင့်နဲ့ ကင်က ငါ့အိမ်ဘေးကို ပြန်ပြောင်းရွှေ့ခဲ့တယ် ... သူ့မိသားစုကြောင့် ငါ့ဆီ ပြန်မလာတော့ရလောက်တဲ့အထိ ကင်က သစ္စာရှိတဲ့သူဖြစ်ပေမယ့် ငါကတော့ သူ့သားကစလို ကင်တစ်မျိုးနွယ်လုံးကို ပျက်စီးစေဖို့ ရည်ရွယ်ပါတယ် ... ‘ကင်ဆော့ဂျင်’ လို့ ခေါ်တဲ့ ကလေးသေးသေးကို ငါမုန်းသလို ကင်မင်ဆွန်း လို့ ခေါ်တဲ့ ငါ့အချစ်ဦးကိုလည်း ငါ မုန်းတယ် ... အဲ့ဒီလိုပဲ ငါ့အပိုင်ကို လုယူသွားတဲ့ ကင်ဂျယ်ဟီးကိုလည်း မုန်းတယ် ...
[14]
တော်တော်ကြာ မရေးဖြစ်တော့တဲ့ ဒီစာအုပ်ထဲ အခု ဝမ်းသာစရာသတင်း တစ်ခုကို သိမ်းထားချင်လို့ ဒီစာအုပ်ကို အကြာကြီး ပြန်ရှာလိုက်ရတယ် .. အယ်ရာ့မှာ ငါ့ရင်သွေးလေး ရှိနေပြီတဲ့ ... ဒီခံစားချက်က ကင့်ရဲ့ကလေးကို ငါလွယ်တုန်းကထက် ခံစားချက်တွေ ပိုနေခဲ့တယ် .. ငါ မစောင့်ရှောက်နိုင်မှာ စိုးတယ် ဒုတိယအကြိမ် ငါ့ကြောင့်နဲ့ ငါ့ကလေးလေး တစ်ခုခုဖြစ်သွားမှာ စိုးတယ် .. အဲ့ဒါကြောင့် ကင့်ကို ဖျက်ဆီးပစ်မယ့် ကိစ္စကို ရပ်ပြီး ငါ့ကလေးလေးအတွက် ငါရှင်သန်တော့မယ် ... လူတစ်ယောက်ကို ချစ်မိတာ ဘဝတစ်ခုလုံး ရူးဖို့မှ မဟုတ်တာလေ ... အဖေတစ်ယောက်ဖြစ်တော့မှာမို့လို့ မကောင်းတဲ့အတွေးတွေ ရပ်တန့်ပစ်လိုက်တော့မယ် ..
[15]
ဒီနေ့ ရင်သွေးလေးကို သိခဲ့ရပြီ သားလေး တဲ့ ... နာမည်ကတော့ ဂျွန်ဂျောင်ဂု လို့ ငါပေးခဲ့တယ် ... အမြန်ဆုံး ချီပိုးချင်နေတာမို့ ဖြစ်နိုင်ရင် အချိန်တွေကို ရစ်ပစ်လိုက်ချင်မိတယ် ...
[16]
ငါ့သားလေး မွေးတဲ့နေ့မှာ ... ငါသိသိချင်း ရုံးကလုပ်တဲ့ ပါတီကနေ အမှီပြန်လာခဲ့ပေမယ့် ငါ မူးနေတဲ့ ကင်နဲ့ ဆုံခဲ့တယ် .. ပထမတော့ ဒီအတိုင်း ကျော်ခဲ့ဖို့ပေမယ့် ဟွမ်နဲ့ တွဲမြင်လိုက်ရတဲ့အခါ ငါ စိုးရိမ်သွားမိခဲ့တယ် ... ကင်က မူးလာရင် ဘာဖြစ်တတ်လဲ ငါရော ဟွမ်ရော သေချာသိတယ်လေ ... အဲ့ဒါအပြင် ဟွမ်က အခုထိ ကင့်ကို လက်မလျော့သေးဘူးဆိုတာ သိလိုက်ရတော့ ငါ ကင့်ကို တကယ်စိုးရိမ်ခဲ့တယ် ... အဲ့ဒါကြောင့် မထူးဇာတ်ခင်းပြီး ကင့်ကို အိမ်ပြန်ပို့ပေးခဲ့တယ် ... ဒါပေမဲ့ ကင့်အမျိုးသမီးက ငါ့ကို ကင်နဲ့ဖောက်ပြန်နေတာဆိုပြီး အထင်လွဲသွားခဲ့တယ် ... ဟုတ်တယ် ကင် ငါ့ကို တောင်းပန်ရင်း နမ်းခဲ့တာ သူမ မြင်သွားခဲ့တယ် .. ငါ့မာနကို မချနိုင်တာမို့လို့ ငါ မရှင်းပြမိခဲ့ဘူး ... ပြီးတော့ ငါ သိလိုက်ရတယ် ကင်တို့ အိမ်ထောင်ရေးက တစ်ဖက်သတ်အချစ်တွေနဲ့ အပေါ်ယံသက်သက်ပဲဆိုတာလေ ... အဲ့ဒီလို သိလိုက်ရလို့ ပျော်ပေမယ့် ငါ့မှာ ဂျောင်ဂုဂီလေး ရှိနေပြီးတဲ့အပြင် ကင့်မှာလည်း ကင်ဆော့ဂျင်ဆိုတဲ့ သားလေးတစ်ယောက် ရှိနှင့်ပြီးပြီ ... တစ်ယောက်ကို တစ်ယောက် ဒီအတိုင်းချစ်ရုံကလွဲလို့ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလေ ...
Advertisement
[17]
ကင့်အမျိုးသမီးက ထက်မြက်တဲ့မိန်းမပဲ .. ငါနဲ့ကင့်နောက်ကြောင်းတွေ သူမ သိသွားခဲ့တယ် .. ဒါပေမဲ့ ကင့်မိဘတွေရဲ့လုပ်ရပ်ကိုတော့ သူမ မသိခဲ့ဘူး ... သာမန်သူငယ်ချင်းလို ဆက်ဆံရေးနဲ့ စည်းခြားထားတဲ့ ငါနဲ့ကင်ကို သူမ အထင်တွေ လွဲနေခဲ့တယ် .. ကင်ရော ငါရော အဖေဖြစ်ပြီမို့ တစ်ယောက်ကို တစ်ယောက် ချစ်ပေမယ့် ဘာစည်းမှ ထပ်မကျော်ခဲ့ကြဘူး ... ငါ့ကြောင့်နဲ့ ကင် သူ့အမျိုးသမီးနဲ့ ခဏခဏ စကားများတာ ငါသိပေမယ့် ငါ ဘာမှ မရှင်းပြမိခဲ့ဘူး ... ကင့်အမျိုးသမီးက ငါ့နေရာကို လုထားတာပဲလေ ... ဒီလောက်တော့ ပူလောင်လိုက်ဦးပေါ့ ... ငါ့နေရာမှာ ဟွမ်မဟုတ်တာပဲ သူမ ကျေးဇူးတင်နေရမှာ .. ဟွမ်သာဆိုရင် သူမ ကင်နဲ့ ကွာရှင်းနေရလောက်ပြီ ...
[18]
ဒီနေ့ ငါ မကြားချင်ဆုံး သတင်းကို ငါကြားလိုက်ရတယ် .. ငါ့သားက ငါ့လိုမျိုး ထူးခြားတဲ့ကလေးတစ်ယောက် ... ဒါပေမဲ့ မတူတဲ့အချက်က ငါ့သားက တစ်ကြိမ်တည်းနဲ့ ကိုယ်ဝန်ရနိုင်တဲ့အပြင် မွေးဖွားပြီးရင် သေဆုံးနိုင်ချေရှိတယ်တဲ့ .. အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်လို့ မရအောင် ခွဲစိတ်ပေးဖို့ ငါတောင်းဆိုခဲ့ပေမယ့် ငယ်လွန်းသေးတဲ့အတွက် ဆရာဝန်တွေက လက်မခံခဲ့ကြဘူး .. အဲ့ဒီ့အစား ပျက်ယွင်းနေတဲ့ တစ်ရှူးနံရံတွေကို အစားထိုးကုသဖို့ ဆုံးဖြတ်ခဲ့ကြတယ် ... အဲ့ဒီ့ကုသနည်းက ဘယ်သူမှ မသုံးဖူးတဲ့အတွက် အသက်အန္တရာယ်ရှိလာနိုင်တယ်တဲ့ ... ဆေးပညာတွေကို သိပ်နားမလည်ပေမယ့် ငါ့ဆီမှာ ပျက်ယွင်းနေတဲ့ သားအိမ်ရှိနေတဲ့အတွက် ငါ့ကိုယ်ငါ အစမ်းသပ်ခံဖို့ သဘောတူမိခဲ့တယ် .. ငါအောင်မြင်ရင် ငါ့သားလေးလည်း အန္တရာယ်ဖြစ်မှာ မဟုတ်တော့ဘူးလေ ... နှစ်ရှည်လများ ကုသဖို့ လိုပေမယ့် ငါ့ရဲ့ဂုဂီလေးက ဆေးဒဏ်ကို ခံဖို့ ငယ်လွန်းသေးတယ် ... ငါ့တုန်းက ငါ့မိဘတွေ ငါ့ကို မကောင်းဆိုးဝါးတစ်ကောင်လို ဆက်ဆံခဲ့ကြပေမယ့် ငါ့သားလေးကိုတော့ ကမ္ဘာပေါ်က အကောင်းဆုံးဆိုတဲ့အရာတွေ အကုန်ယူပေးမယ် ...
[19]
တိုက်ဆိုင်တာလား ဘာလားတော့ မသိပေမယ့် စမ်းသပ်မှုမှာ တာဝန်ယူပေးရတဲ့ တာဝန်ခံဒေါက်တာက ကင်ဂျယ်ဟီးတဲ့လေ .. ငါ့အကြောင်းအကုန်သိသွားတော့ သူမ အံ့ဩသွားပေမယ့် ငါကတော့ ငါ့သားအကြောင်းကို ငါ ဖုံးကွယ်မိခဲ့တယ် ... သူမက ဆေးပညာနဲ့စမ်းသပ်ချက်တွေရဲ့နယ်ပယ်မှာ လောဘရှိသူမို့ ငါ့သားအကြောင်း မေးတဲ့အခါတိုင်း ငါစိုးရိမ်မိတာက ငါ့သားက သူမရဲ့သားကောင်ဖြစ်မှာကို ... အဲ့ဒါကြောင့် သူမသားနဲ့ အတူတူရှိနေတာမျိုးကအစ ငါ သဘောမကျခဲ့ဘူး ... ကောင်လေးတစ်ယောက်က ကလေးမွေးနိုင်တယ်ဆိုတဲ့အချက်အပေါ်မှာ ငါ့သားကို အမြတ်မထုတ်စေချင်ခဲ့ဘူး ... အဲ့ဒါကြောင့်မို့ အသုံးမဝင်တဲ့စကားတွေနဲ့ ငါ သူမကို နာကျင်အောင် ပြောခဲ့မိတယ် ... ' ကင်မင်ဆွန်းအတွက် ဆက်ခံသူ မွေးပေးချင်လို့ ' ဆိုပြီးတော့လေ ... ဒီလောက်ဆို ငါ့သားအကြောင်းကို သူမ ထပ်ပြီး အာရုံမစိုက်နိုင်လောက်ပါဘူးလေ ....
[20]
ဒီနေ့က စမ်းသပ်ချက်ရလဒ်အဖြေ ထွက်လာတဲ့နေ့ပဲ ... ' ကင်မင်ဆွန်းအတွက် ဆက်ခံသူ မွေးပေးချင်လို့ 'ဆိုတဲ့စကားကို ဟွမ်က ဘယ်လို သိသွားခဲ့လဲ မသိပေမယ့် ငါ့ဆီ စကားနိူင်ထိုးဖို့လာခဲ့တယ် .. ငါနာကျင်မယ်အထင်နဲ့ ကင့်ကို သူပိုင်ကြောင်း ပြောနေတာကို ငါ ဒီအတိုင်းလေး ကြည့်နေမိခဲ့တယ် ဟွမ့်ကို ကြည့်ရတာ ငါ့မျက်စိထဲမှာ အရူးတစ်ယောက်လိုပဲ ... ဘယ်ဘက်ကနေ ဘယ်လိုကြည့်ကြည့် ကင်က ဟွမ့်ကို မချစ်တာ သေချာတယ်လေ ... ဒါကို ဘာဖြစ်လို့များ ကင့်ကို ဟွမ်ကသူ့အပိုင်ဆိုပြီး အမြဲတွေးနေလဲတော့မသိ။ သေချာတာက ဟွမ်က အန္တရာယ်များတဲ့သူပါ။ ကင်ဂျယ်ဟီးကို ဘာလို့ ဒုက္ခမပေးပေမယ့် မိသားစုဖြစ်တည်နေတဲ့ ငါ့ကိုတော့ အခုထိ နှောင့်ယှက်နေဆဲ။ အကြောင်းရင်းကတော့ ဟွမ်က ကင်ချစ်တဲ့ဘယ်သူ့ကိုမဆို သိပ်မုန်းတာမို့လို့လေ ။ ဂျယ်ဟီးကို ကင်က မချစ်တဲ့အတွက် ဟွမ်က သိပ်အရေးမလုပ်တာလို့ ငါထင်တယ် ... ဟွမ်က ကင့်ကို ပိုင်ဆိုင်ရဖို့ထက် အချစ်ငတ်နေတဲ့သူမို့ ကင့်ဆီက အချစ်တွေရဖို့ မျှော်နေတဲ့ကောင်ပါ ... ခက်တာက ကင်ဟာ ငါ့ကိုချစ်ပြီး ကင်ဂျယ်ဟီးအပေါ်မှာတော့ သစ္စာရှိတယ်လေ ... ဒါပေမဲ့ ဒီနေ့တော့ ငါ ကင်ဂျယ်ဟီးကို သနားမိတယ် ... အချစ်မခံရတဲ့ဘဝမှာ ဘယ်လိုများ နေထိုင်နေပါလိမ့် ...
[21]
စမ်းသပ်ချက်အောင်မြင်လို့ ဒီနေ့ ဆေးရုံကနေ ဆင်းရမယ့်နေ့ပဲ .. ဟွမ် ထပ်ရောက်လာခဲ့တယ် ... ဒီတစ်ခါတော့ ဟွမ် ငါ့ကို ရန်မရှာဘဲ အနိုင်ရသလို အပြုံးနဲ့ ပြုံးပြီး ကြောက်စရာကောင်းအောင် ကြည့်နေခဲ့တယ် ... 'ငါမပျော်သလို မင်းရော ကင်ရော မပျော်ရွှင်ရဘူး' ဆိုပြီး ငါနဲ့ကင် ဖောက်ပြန်နေသလိုမျိုး အယ်ရာ့ကို သူပြောခဲ့တဲ့အကြောင်းတွေ အရသာခံပြီး ပြန်ပြောပြလာတယ် ... ခြိမ်းခြောက်တာမျိုးကို ငါ ဘယ်တုန်းကမှ မတုန်လှုပ်ပေမယ့် အခုတော့ အယ်ရာ သိသွားတာကို တုန်လှုပ်နေမိခဲ့တယ် ... ငါ ကင်နဲ့မဖောက်ပြန်ခဲ့ပေမယ့် အယ်ရာကတော့ ဒီအကြောင်းတွေ သိလို့မရဘူးလေ .. ငါ သူမကို လိမ်ညာထားမိတဲ့အပေါ် အရမ်းဝမ်းနည်းပြီး စိတ်ထိခိုက်နေမှာ ... နှလုံးအခံရှိတာမို့ အခန့်မသင့်ရင် အသက်ပါ သေနိုင်တာ ... လိမ်ညာထားမိသမျှ ပြန်ပေးဆပ်တဲ့အနေနဲ့ ပျော်ရွှင်အောင် လုပ်ပေးမယ် ဆိုတဲ့ကတိကို ငါမတည်နိုင်တော့ဘူး ထင်ပါရဲ့ ~~ တောင်းပန်တယ် အယ်ရာ ~~ လိမ်ခဲ့တာ မဟုတ်ပေမယ့် မင်းကိုတော့ မချစ်မိခဲ့ပါဘူး ... သံယောဇဉ်လေးပဲ ရှိခဲ့မိတယ် အယ်ရာ ...
[22]
ဟွမ် ထွက်သွားတာနဲ့ ငါ တစ်ယောက်တည်း ဒီစာအုပ်ထဲ ချရေးလိုက်မိတယ် ... ရေးပြီးတဲ့အချိန်မှာ ငါ့အခန်းထဲ ထပ်ရောက်လာတာက ကင်ဂျယ်ဟီး။ နောက်ဆုံး ဆေးထိုးပြီးရင် ဆင်းရတော့မှာ ဆိုပေမယ့် ကင်ဂျယ်ဟီးက အချိန်တွေ ဆွဲနေခဲ့တယ် ... သူမကို ကြည့်ရတာ တစ်ခုခု ချီတုံချတုံဖြစ်နေပုံပဲ ... ဆေးထိုးအပ် ကိုင်နေတဲ့သူမလက်တွေ တုန်လှုပ်နေသလို အသံတွေကလည်း ပုံမှန်နဲ့ မတူ ... ဆေးထိုးအပ်ကိုင်ပြီး တွေဝေနေပုံထောက်ရင် မဟုတ်မှ ငါ့ကို တစ်ခုခုလုပ်ပစ်မလို့လား ငါထင်မိတယ် ... အေးလေ စမ်းသပ်ချက်အောင်မြင်တော့ ကင့်အတွက် ကလေးလေး မွေးပေးလို့ရပြီလေ ... သူမ အနေနဲ့ ငါ့ကို သတ်ချင်တာ မဆန်း ... ဒါပေမဲ့ ငါ သူမကို ကင့်အကြောင်းတော့ သိစေချင်တယ် ... ကင်က ငါ့ကို ဘယ်လောက်ချစ်ချစ် ဖောက်ပြန်တာမျိုး ဘယ်တော့မှ မလုပ်ဘူး ဆိုတဲ့အကြောင်းလေ ... တုန်တုန်လှုပ်လှုပ်နဲ့ ငါ့လက်ထဲ ဆေးထိုးနေတဲ့အချိန် ငါ သူမကို နည်းနည်း ပြောလိုက်မိတယ် ...
'စိတ်မပူနဲ့ ကင်က ငါ့ကိုချစ်ရင်တောင် မင်းကို မဖောက်ပြန်ပါဘူး ... ငါ ဂျောင်ဂုဂီကိုအရမ်းချစ်သလို ကင်လည်း ကင်ဆော့ဂျင်ကို အရမ်းချစ်တာ မင်းသိတယ်မလား ... ပြီးတော့ အယ်ရာက မင်းရဲ့အချစ်ဆုံးသူငယ်ချင်းလေ ... ငါ့အတွက်ကျတော့ အယ်ရာက ဂျောင်ဂုပြီးရင် ဒုတိယမြောက် အရေးကြီးဆုံးလူပါ '
... ငါ့စကားကြောင့် သူမ လက်တွေ ရပ်သွားပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ဘူး ... ငါသတိထားမိတာက ငါ့ကို ထိုးပေးနေတဲ့ ဆေးထိုးအပ်မှာ ဆေးတွေ ကျန်နေခဲ့တယ် ... ငါ နည်းနည်းတော့ ရီလိုက်မိတယ် ... သူမ ငါ့ကို သတ်ပစ်မယ်လို့ ရည်ရွယ်ထားတာကို ရပ်ပစ်လိုက်ပုံပဲ ... ငါသိပါတယ် ... ကင်ဂျယ်ဟီးက ငါ့ကို သတ်ပစ်ချင်ပေမယ့် ဟွမ်လောက်တော့ တကယ်မလုပ်ဘူးဆိုတာလေ ..... သူမ ထွက်သွားတဲ့နောက်မှာတော့ အယ်ရာ့ဆီက ဖုန်းခေါ်လာခဲ့တယ် ... နောက်ဆုံး ငါရင်ဆိုင်ရတော့မယ်မှန်းသိတော့ ငါ အသာတကြည်ပဲ ဖုန်းကိုင်လိုက်မိတယ် ... ရှိုက်သံတွေ ပါဝင်တဲ့ အယ်ရာ့မေးခွန်းတွေကို အမှန်အတိုင်းပဲ ဝန်ခံခဲ့မိတယ် ... ကားမောင်းနေတာမို့ အေးဆေးပြောမယ်ဆိုပြီး သူမ ဖုန်းချသွားခဲ့တယ် ... နာကျင်နေမယ်ဆိုတာ သိပေမယ့် နှစ်သိမ့်ပေးဖို့ စကားလုံးလည်း ငါ့ဆီမှာ မရှိခဲ့ပါဘူး .. ငါ အယ်ရာ့အပေါ်မှာ လုပ်မိတဲ့အမှားက တအားကြီးမားလွန်းတယ်လေ ... အခုတော့ ခေါင်းနည်းနည်းကိုက် နေပေမယ့် ဒီစာကိုတော့ ငါရအောင် ရေးချင်မိသေးတယ် ... ငါ အယ်ရာအပါအဝင် ကင်မင်ဆွန်းနဲ့ ကင်ဂျယ်ဟီးကို တောင်းပန်ချင်သေးတယ် ... ပြီးတော့ တစ်သက်လုံး မပြောခဲ့မိတဲ့ စကားကိုလည်း ကင်မင်ဆွန်းကို ပြောချင်မိတယ် ... " အစ်ကိုမင်ဆွန်း ... ကျွန်တော် ခင်ဗျားကို ချစ်တယ် " ... ဆိုတာလေးပေါ့ ...
အခုတော့ ငါ့ကို ဆေးရုံဆင်းဖို့ လာခေါ်မယ့် အယ်ရာ့ကို ထိုင်စောင့်ရင်း ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်တော့မယ် ... ဒီစာအုပ်လည်း ကုန်ပြီလေ ....
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
စာအုပ်လေး အဆုံးသတ်တာနဲ့ သူမ မျက်ဝန်းတွေ ကျိန်းစပ်သွားသည်။ လူတစ်ယောက်ကို ချစ်လို့ရတဲ့ နည်းလမ်းပေါင်းများစွာထဲမှာမှ ဂျွန်ဟေယောင်းကတော့ ခေါင်းမာမာနဲ့ ချစ်ဖို့ တွေးခဲ့ပုံပေါ်သည်။ သူမကရော ဘာထူးသေးလဲ အနားမှာ မရှိတာတောင် ကွာရှင်းဖို့ အခုထိ သဘောမတူခဲ့ဘူးလေ ...
"ဟင်း"
အတွေးတွေ များနေတဲ့အပြင် လုပ်စရာတွေကလည်းဆက်တိုက်ရှိနေတာမို့ ကင်ဂျယ်ဟီး သက်ပြင်းချလိုက်သည်။ အဲ့ဒီ့နောက်မှာတော့ ကိုင်ထားမိတဲ့ ဒိုင်ယာရီစာအုပ်လေးကို ကင်မင်ဆွန်းထံပို့ပေးဖို့ သူမ ဆုံးဖြတ်လိုက်မိတော့သည်။
ချစ်ရသူဆီက ချစ်တဲ့အကြောင်းတွေကို ကင်မင်ဆွန်းလည်း သိဖို့ လိုအပ်သည် မဟုတ်ပါလားလေ ...
💠💠💠
NOV 04, 2022
ဂျွန့်ဖေဖေရဲ့ဒိုင်ယာရီကို အရှည်ကြီးရေးလိုက်မိပါတယ် ... အကြောင်းရင်းကတော့ Me, Myself And Bad Romance ရဲ့ မူရင်းplot မို့လို့ပါ (အမှန်က အဲ့ဒါလေးကို ရေးမှာပေါ့နော်) ...
အရှည်ရေးချင်ခဲ့တာမို့လို့ အတတ်နိုင်ဆုံး အတိုလေးချုပ်ထားပေမယ့် ဖတ်ရတာ အနှောင့်အယှက်ဖြစ်သွားရင် ဂျင်နာရဲ့ လိုအပ်ချက်ကြောင့်ပါ ... ကိုကိုနဲ့ သားသားကိုတော့ သိပ်မကြာခင် ပေးတွေ့ပါမယ်နော် 🙆🏻♀️
ပြီးတော့ ဂျင်နာ တမင်သက်သက်မထည့်ထားတဲ့အကြောင်းအရာလေးတွေရှိပါတယ် ( ဥပမာ- သားသားက ဒိုင်ယာရီလေးဖတ်ပြီး သူ့ကိုယ်သူ ထူးခြားတဲ့သူမှန်း သိသွားတာမျိုး ~~ အဲ့ဒါကိုသိလို့ သူ့တီတီကို သူ့ကိုယ်သူဂရုစိုက်မယ်လို့ ကတိတွေ ပေးနေတာမျိုး ~~ ) မဖော်ပြလည်း ဆက်စပ်တွေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ... နောက်ဆို ဂျင်နာ Noteတွေ မထည့်တော့ဘူးနော် မေးသမျှမေးခွန်းတွေအကုန်လုံးကို ဇာတ်သိမ်းမှပဲ Noteလေး ပြန်လုပ်ပေးပါ့မယ် ... ဘာလို့ဆို စာဖတ်ရတာ အရမ်းရှုပ်သွားမှာ စိုးလို့ပါ ... 🙇🏻♀️
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
Jinah's Note:::
᪥᪥᪥᪥᪥᪥᪥᪥᪥᪥᪥
“ ဂျွန့်ဒိုင်ယာရီ ”
[01]
Advertisement
- In Serial184 Chapters
Practicing Basic Sorcery for Billions of Times Made Me Invincibl
"Ryan was transported to a world of swords and magic, and he discovered that he was contracted with a system that made him stronger as long as he continued to practice basic magic! When everyone else was learning all sorts of fancy magic, Ryan was keeping a low profile practicing foundational magic! “Ding! Congratulations to master for completing foundational magic training 10 000 times. You obtained [Spell Casting Speed X10]!” “Ding! Congratulations to master for completing foundational magic training 100 000 times. You obtained [Complete Fire Elemental Magic]!” “Ding! Congratulations to master for completing one million times of blade-drawing. You obtained [Domain of the Laws of Magic, Saint Mage Rank]!” Thus, after practicing foundational magic for billions of times, when Ryan unleashed his foundational magic, he realized that no one could rival him!"
8 1936 - In Serial12 Chapters
Rise of Toki
From a common worm to human to a dragon, they have a gem embedded in their bodies since birth. These gems contained the skills of that specimen for it to grow and mature. The more skills one obtains, the stronger they become, the more evolutionary options they open. Then their powers would be passed down to their children to unlock. This is a story about a little tortoise rising up against ... the world! Maybe not. It all started out when this little tortoise sought out to find her little sister in a big world. My attempt to draw the main characters.
8 202 - In Serial6 Chapters
The King's Dungeon
The world of Praelium is a simple one. Wake up in the morning, get dressed, eat some breakfast, stare at the outside scenery and look at all the wild monstrosities that roam the landscape. Oh, and you can't forget the constant battle. Or the magic. And the guilds. Infact, Praelium really isn't simple. Everything is a constant battle to survive, as even in the most peaceful of cities, someone or something will always be out there, rooting for your demise. And the thing that cheers the most for the immediate dissipation of your frail soul? Dungeons. Areas of landscape that are unusual in every way. Vast deserts the size of planets, oceans of lava, you name it, a Dungeon can have it. But in this story? We aren't talking about any old, run of the mill, "Hurr durr, monster, battle, treasure!" type of Dungeon. We're talking about the Dungeon of a King. That's right, you heard me loud and clear. We're following the Dungeon of a King, and its Master, Basileus, in their conquest to become Praelium's greatest, most hated. Praelium's most revered, most feared. Praelium's most adored, most scored. Praelium's finest Dungeon, the cream of the crop, the Dungeon of Dunegons, and the one that will rise above all!
8 218 - In Serial11 Chapters
Feudal Feud
After many years of oppression, the ascendance of a new Ruler will cause many reforms to take place, causing the long-lasting power balance to once again shift. Rai, a boy of unknown blood whose life was spent close to the less fortunate, will be the responsible for some of the many changes about to take place in Fai Ki City, which is never again going to be the same. Updates at around 20:00PT two times a week*
8 120 - In Serial30 Chapters
Naruto: The Phoenix Wolf Jinchuriki
What happens when a bored god is displeased with Naruto after the Boruto series started. Why create a new bijuu and jinchuriki of course. Now how will the world handle the newest jinchuriki. Beware: I don't know everything in or about Naruto so some error will appear.
8 113 - In Serial21 Chapters
My Husband | KTH | ✔️
[ COMPLETED ][ Edited ]A romantic story" He will fill your life with happiness."These words lingers my mind completely.Will he?Taehyung X Reader📖1 h 52 min→ Highest ranking #1 in Btsv#1 in BTS#1 in Jung#4 in fanfiction out of 1.36M stories100k on 28th January 2022200k on 27th May 2022
8 173

