《Me, Myself & Bad Romance •||• JINKOOK》【12】
Advertisement
⟨ Unicode Version ⟩
• Me, Myself & Bad Romance •
အပိုင်း ၁၂
" တောင်းပန်ပါတယ် တီတီ ~~ "
သီချင်းသံသဲ့သဲ့ပျံ့လွှင့်နေတဲ့ ကော်ဖီဆိုင်ခန်းငယ်လေးထဲ သူ့အသံက တိုးတိုးလျလျ။ စိတ်ခိုင်လွန်းတဲ့တီတီကတော့ သူ့ကိုမျက်ဝန်းနီနီနဲ့ ကြည့်သည်။ သူ တီတီနဲ့ မတွေ့ရတာ လေးနှစ်ကျော် ငါးနှစ်နီးပါးပင်။
" ... ပိန်ကျသွားလိုက်တာ ကလေးရယ် ..."
သူပြောတာကို မမှုဘဲ ရီဝေနေတဲ့မျက်ဝန်းတွေက ညှိုးငယ်စွာကြည့်ကာ သူ့လက်ကိုဖမ်းဆွဲဆုပ်ကိုင်လာသည်။
" ... မင်းအဖေလိုမျိုး သိပ်အသည်းမာတာပဲ သားသားရယ် ... တစ်ယောက်တည်း အများကြီးပင်ပန်းနေခဲ့မှာ ..."
သူ့လက်ကနေတစ်ဆင့် သူ့ပါးပြင်လေးကို ပွတ်သပ်ပြောတော့ သူမျက်ရည်လည်လာမိသည်။ သူ တီတီ့ကို အထင်လွဲနေခဲ့သည်မှာ အချိန်တစ်ခုအထိ ကြာမြင့်နေခဲ့ပြီဖြစ်သည်။ သူ့မွေးမိဘတွေ သေဆုံးရခြင်းအကြောင်းရင်းက တီတီ့ကြောင့်လို့ သူထင်ထားခဲ့ပေမယ့် သိပ်မကြာသေးခင်က သိလိုက်ရတဲ့အမှန်တရားကြောင့် သူ အမှားတွေ လုပ်မိခဲ့ပြီဆိုတာ နားလည်လိုက်ရသည်။
" .. တီ တီ .. တီတီ သားသားကို မမုန်းဘူးလားဟင် ..."
ခေါင်းငုံ့ကာမေးမိတော့ တီတီက သူ့လက်တွေက သူ့ကိုဖျစ်ညှစ်လာသည်။
" .. ဘယ်လိုလုပ် မုန်းရက်မလဲ သားသားရယ် တီတီ မင်းကို တီတီ့သားလေးတစ်ယောက်လိုချစ်တာကို ... တီတီ အမြဲစိုးရိမ်နေခဲ့ရတာ ... "
တီတီ့စကားကြောင့် သူမျက်ရည်လည်လာတော့ တီတီက သူ့ကျောကို ပုတ်ကာ နှစ်သိမ့်ပေးသည်။
" ..... လက်ထပ်ထားတယ်ဆို ... ဘာဖြစ်လို့ ဖိတ်စာလေးတောင် မပို့လာရတာလဲ ... သားသားမှာ မိသားစုရှိတယ်လေ .. သားသားမှာ တီတီရော သားကိုကိုရော အစ်ကိုထယ်ဟျောင်းရော ရှိတယ်လေ .. "
" ... "
" ပြီးတော့ သားကိုကိုနဲ့သား ... မခေါ်မပြောတော့ဘဲ ဆက်ဆံရေးကို အဆုံးသတ်တော့မှာလား ... "
တီတီ့စကားကိုတော့ သူဖြေနိုင်စွမ်းမရှိ၊ ဆွံ့အနေမိသည်။ အမှန်တရားတွေအကုန် သိပြီးတဲ့နောက်ပိုင်းမှာ ကိုကိုနဲ့ အဆင်ပြေအောင် ပြန်ချိန်ညှိယူချင်ခဲ့ပေမယ့် သူ လွန်သွားခဲ့ပြီဖြစ်သည်။ ကိုကို့ကို သူ ရက်ရက်စက်စက်လမ်းခွဲခဲ့သေးတဲ့အပြင် အိမ်ထောင်သည်ဆိုတဲ့စည်းပါ ခြားထားခဲ့ပြီးဖြစ်သည်။
" သားသား ... ကိုကိုနဲ့တွေ့ချင်လား .. ဒီတစ်ခါမိသားစုဝင်တွေကို တွေ့ခွင့်ပေးတဲ့အခါ သားသား လိုက်ခဲ့လို့ရတယ် .. "
တပ်ထဲရောက်နေသည့်ကိုကို့ဆီ တီတီက ခေါ်လေတော့ သူပြုံးသာပြုံးလိုက်မိသည်။ ဘယ်လိုအင်အားနဲ့ ကိုကို့ရှေ့ သူ ခြေစုံရပ်နိုင်ပါ့မလဲ။ ရပ်နိုင်ခဲ့ရင်တောင် အရှက်မရှိတဲ့ ဒီမျက်နှာက ကိုကိုနဲ့ မျက်နှာချင်းဆိုင်နိုင်မှာမဟုတ်။
" ... ကိုကို ~~ ကိုကို အဆင်ပြေနေရဲ့လား .. တီတီ "
" ... အင်း ~~ သားသားလက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ သူ အန်တီ့ကို အဆက်အသွယ်ပြန်လုပ်လာတယ်လေ .. အခုတော့ တပ်ထဲမှာ အစားလည်း ကောင်းကောင်းစားပြီး ကောင်းကောင်းနေနေပါတယ် ... မစိုးရိမ်ပါနဲ့ .. သားသားကိုကို့ကို သူ့အဖေက ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးနေတာမို့လို့ ...အရေးကြီးဆုံးက သားသားလေး ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပဲ ... တီတီနဲ့လိုက်ခဲ့ပါလား သားသားရယ် ..."
တီတီက ချော့ခေါ်တော့ သူ တီတီ့လက်ကို ပြန်ဆုပ်ကိုင်လိုက်မိသည်။
" ... သားသားလည်း တီတီနဲ့တူတူနေချင်ပေမယ့် ... သားသားက တာဝန်ယူရမယ့်အရာတွေရှိလာပြီလေ... ပြီးတော့ အခု လောကကြီးကို ရင်ဆိုင်ရမယ့်အရွယ်ရောက်ပြီ ... "
သူပြောမိတော့ တီတီက သက်ပြင်းချသည်။ အဲ့ဒီ့နောက် သူ့ကို အကြည့်လွှဲကာ ရင်မောသလို ရေရွတ်လိုက်သည်။
" .. သားသားတောင် တွေးတတ်တဲ့အရွယ်ရောက်လာပြီ ... အိမ်ထောင်ကျသွားလို့ဖြစ်မယ် ... တီတီလည်း မင်းကိုကို့ကိုလည်း မင်းလိုမျိုး မြန်မြန်လေး လက်ထပ်စေချင်လိုက်တာ ... တပ်ထဲက ထွက်လာရင် အိမ်ထောင်ဖက်ရွေးပေးရမယ် ... အဲ့ဒီ့အခါကျရင် သားသားလေးရော တီတီ့ကို ကူညီပေးမယ် မဟုတ်လားဟင် "
ကိုကို့ကို အိမ်ထောင်ဖက်ရွေးပေးမယ်ဆိုတဲ့စကားကြောင့် သူ့မျက်ဝန်းတွေ လှုပ်လှုပ်ရှားရှားဖြစ်ကာ တီတီ့ကို ပြန်ကြည့်မိသည်။
ဟင်အင်း ... သူ မလိုချင် ... အဖြစ်မှန်တွေ သိပြီးနောက်မှာ ကိုကို အိမ်ထောင်ကျသွားမှာကို သူမလိုချင်၊ သူမှားခဲ့၊ဆိုးခဲ့တဲ့အမှားတွေကို ခွင့်မလွှတ်ရင်တောင် ကိုကို့ကို အခြားသူပိုင်ဆိုင်သွားတာမျိုး သူမမြင်ချင်။ သူ့မင်္ဂလာပွဲတုန်းက ကိုကို ကောင်းချီးပေးသလိုမျိုး ကိုကို့အလှည့်ကျရင် သူ ကောင်းချီးမပေးနိုင်။ တစ်ကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော၊ တရားလွန်တယ်ပဲပြောပြော ကိုကို သူ့ကို မုန်းရင်တောင် သူ့ကိုကျော်ပြီး အခြားသူနဲ့နေမှာကိုတော့ သူကြောက်သည်။ ကိုကို သူ့ကို မချစ်တော့ရင်တောင် မုန်းတယ်ဆိုတဲ့ခံစားချက်လေးနဲ့ အဆင်ပြေသေးသည်။ အနည်းဆုံး ကိုကို့စိတ်ထဲမှာ သူရှိနေသေးတာပဲလေ။
" သားသား ... ဘာတွေစဉ်းစားနေတာလဲ .. တီတီ ပြောတာတောင် မကြားတော့ဘူး ..."
တီတီ့စကားကြောင့် သူအတွေးအာရုံတွေပျက်ယွင်းသွားလေလျှင် ယောင်ပြီးပြုံးလိုက်မိသည်။
" ဟင် .. "
" သားသား ကိုကိုအတွက် သင့်တော်မယ့်သူရှာဖို့ သားသားကို အပ်ရမယ်လို့ ပြောလိုက်တာ .. သားသားက ကိုကို့အကြောင်းကို တီတီ့ထက်ပိုသိတယ်လေ ..."
ပြုံးရယ်ရင်းပြောလာတဲ့တီတီ့ကိုတော့ ဒီတစ်ခါ သူ မျက်နှာမဲ့ပြလိုက်မိသည်။
" .. တီတီ ... "
" ... "
" ကိုကို့ကို ဘယ်သူနဲ့မှ စေ့စပ်ပေးတာမျိုး မလုပ်ရင်ပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ် "
" ဘာဖြစ်လို့လဲ သားသားရဲ့ "
" ... တကယ်တော့ ..."
ပြောနေရင်း တစ်ဝက်တစ်ပျက်ရပ်ကာ ပြောသင့်မပြောသင့် သူစဉ်းစားလိုက်မိသည်။ ကိုကို့နဲ့သူ့အကြောင်း သူပြောသင့်ရဲ့လား။ ဒါမှမဟုတ် သူ့အကြောင်းပဲ သူပြောလိုက်ရမလား။
Advertisement
" ဘာဖြစ်လို့လဲ သားသားရဲ့ ... တကယ်တော့ ဘာဖြစ်လို့လဲ ..."
" ဟင်း ... တကယ်တော့ ကိုကို့ကို တခြားသူတွေနဲ့ လက်မထပ်စေချင်ဘူး ... "
သူ့စကားအဆုံးမှာ တီတီက ဘာလို့လဲ ဆိုတဲ့အကြည့်နဲ့ သူ့ကို စေ့စေ့ကြည့်သည်။
" .. ဘာလို့လဲဆိုတော့ ကိုကို့ကို သားသား ဘယ်သူ့ကိုမှ မပေးချင်ဘူး ..."
သားသားဆီက ကလေးဆန်ဆန်အသံလေးပြန်ထွက်လာတော့ သူမ ရယ်ချင်စိတ်ကို ဖုံးဖိလိုက်မိသည်။ တကယ်တော့ သူမ ခဏလေးပြန်လာတုန်းမှာ ရှောင်ပြေးနေတဲ့ သားသားကို တွေ့ချင်ခဲ့မိတဲ့အတွက် မရမက အတင်း လာတွေ့ခဲ့မိသည်။ အထင်လွဲပြီး မုန်းနေမှန်းသိပေမယ့် သားသားကို သူမ လုံးဝကြီး ဥပေက္ခာမပြုနိုင်။ အသာတကြည်လက်မခံမှန်းသိပေမယ့် ကောင်းကောင်းနေနေရဲ့လားဆိုတာ မျက်စိနဲ့အတည်ပြုချင်တဲ့အတွက် လာရှာခဲ့မိသည်။ အဲ့ဒီ့တော့မှ သားသားရဲ့အမျိုးသမီးဖြစ်သူ စကားကြောင့် သူမ ထင်မထားတဲ့အကြောင်းအရာတွေကိုပါ သူမ သိခဲ့ရတာပင်။
သားသားက အဖြစ်မှန်တွေ သိပြီးသွားတာတောင် သူမကို မဆက်သွယ်ခဲ့တဲ့အထိ ခေါင်းမာတယ်ပဲပြောရလေမလား ... အဲ့ဒီ့အတွက် သားသားရဲ့အမျိုးသမီးက သူမနဲ့ သားသား အခုလို တွေ့နိုင်ဖို့ စီစဉ်ပေးခဲ့တာပင်။
အခုတော့ ကိုကို့ကို မပေးချင်ဘူးဆိုပြီး မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့နေတဲ့သားသားအကြောင်းကို မသိချင်ယောင်ဆောင်ရင်း မေးခွန်းတွေ ထုတ်ရဦးမှာ ဖြစ်သည်။
" ... ဘာလို့မပေးချင်ရတာလဲ ကလေးလေးရဲ့ ..."
ဝန်ခံလာစေဖို့ရည်ရွယ်ပြီး သူမ ချော့မော့မေးမိတော့ ဝိုင်းစက်နေတဲ့မျက်ဝန်းငယ်က ရွှန်းစိုလဲ့လာသည်။
" ... ဘာလို့ဆို ... သားသား ကိုကို့အပေါ် အမှားတွေ အများကြီး လုပ်ထားမိတယ် တီတီ ... ကိုကို့ကိုလည်း ရက်ရက်စက်စက်ပြောပြီး နာကျင်အောင်လုပ်ထားမိတယ် ... ကိုကို့ကိုလည်း တစ်ယောက်တည်းပစ်ထားမိတယ် ... ပြီးတော့ ... သားသား ... "
" .. အင်း .. ပြီးတော့ ဘာဖြစ်လဲ သားသား ..."
" ... ဘာမှ မဟုတ်တော့ပါဘူး .. ဒီစကားက ကိုကို့ကိုပဲ အရင်ပြောသင့်တာ ..."
တိုးလျသွားတဲ့ အသံအဆုံး စိတ်အလိုမကျတော့သလို မျက်နှာကိုမဲ့လာလေတော့ သူမ သက်ပြင်းချလိုက်မိသည်။
" .. ကိုကိုနဲ့ မတွေ့ဘဲ .. ကိုကို့ကို သားသားပြောချင်တဲ့စကားတွေ ဘယ်လိုပြောမှာလဲ ..."
" ... ထားလိုက်ပါတော့ တီတီ ... ကံကြမ္မာက မျက်နှာသာပေးရင် သားသားတို့ ပြန်တွေ့ရမှာပါ ... ကိုကို့ကို ကိုယ်တိုင်တွေ့ဖို့ သတ္တိမရှိဘူး တီတီ ... "
ထပ်ပြီး ရှောင်ပြေးတော့မယ့် သားသားစကားကြောင့် သူမ ခေါင်းညိတ်မိရင်း တစ်ခုခုလုပ်မှဖြစ်တော့မယ်ဆိုတာ သိလိုက်ရသည်။ ဒီကလေးနှစ်ယောက် သူမကို အခုထိ ဝန်မခံကြသေးပေမယ့် တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေရှိတာ သူမ သိသည်။ ခက်တာက ဆော့ဂျင်အနေနဲ့ကြည့်ရင် သားသားဟာ အိမ်ထောင်သည်ဖြစ်နေတဲ့အပြင် လမ်းခွဲပြီးနာကျင်အောင် လုပ်သွားတဲ့အချစ်ဦးဖြစ်နေသည်လေ။ တာဝန်ယူသင့်တဲ့အရွယ်ရောက်ပြီပြောနေတဲ့သားသားကတော့ အခုထိ ကလေးလေးပဲ ရှိပါသေးသည်။ ဆော့ဂျင်ကလည်း သူမ ထိန်းချုပ်လို့ရတဲ့အရွယ်မဟုတ်တဲ့အတွက် အချိန်တစ်ခုအထိတော့ ကြာမြင့်နေဦးမည်။
သို့ပေမယ့် ဘယ်အရာကိုမှ သူမ အတင်းမလုပ်ယူ။ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်ရှိပေမယ့် တစ်ယောက်ကို တစ်ယောက် မရွေးချယ်ချင်တော့တာလည်း ဖြစ်နိုင်တာပဲလေ။
" .. အစ်ကိုထယ်ဟျောင်းရော အဆင်ပြေရဲ့လားတီတီ ကောင်းကောင်းနေနေရဲ့လား .."
" .. အင်း အဆင်ပြေပါတယ် .. သူက အခုဆို ကြေးအရမ်းမြင့်တဲ့ရှေ့နေဖြစ်နေပြီလေ ... "
" ... သတိရတယ်လို့ပြောပေးပါ အစ်ကိုထယ်ဟျောင်းကို ... "
" ပြောပေးလိုက်ပါမယ် ... သားသားရော ... တီတီကို့ပြောစရာတွေ ကုန်ပြီလား ..."
ထိန်ချန်ထားတဲ့အကြောင်းအရာအတွက် သူမ မေးခွန်းထုတ်တော့ မျက်ဝန်းဝိုင်းဝိုင်းတွေက မသိသလို၊ မတတ်သလို သူမကို ကြည့်လာသည်။ ကလေးမျက်နှာနဲ့ သားသားဟာ သိပ်ကို ချစ်စရာကောင်းလွန်းနေသည်ပဲ။
" ... ဘယ်အချိန်မှ ဟန်ဆောင်လက်ထပ်ထားတယ်ဆိုတာ ပြောပြမလဲ ... တီတီ့ကို ညာချင်သေးတာလား ... ကိုကိုကလွဲပြီး ဘာမှမသိတဲ့ကလေးက လက်ထပ်ထားတယ်ကြားတုန်းက လုံးဝကို အံ့ဩသွားတာနော် သားသား "
သူမပြောလိုက်မှပဲ မျက်ခုံးတွေ မြင့်ကာ နှုတ်ခမ်းတွေကို ကိုက်ရင်း အပြစ်လုပ်ထားသလိုမျက်နှာထားဖြစ်သွားတော့သည်။
" ... အဲ့ဒါကို တီတီဘယ်လိုသိတာလဲ ..."
"... ခူရိုကြောင့်လေ ... "
" ခူရိုနဲ့ တီတီက ဘယ်လိုသိကြတာလဲ "
" ... ဟန်မင်းဆိုတဲ့လူနာကို တာဝန်ယူထားရတာ တီတီ့ကျောင်းနေဖက်လေ .. ပြီးတော့ ဟန်မင်းဆိုတာက တီတီတို့ သုတေသနထဲက လူနာပါ ... ခူရိုနဲ့သိတာက ကြာပါပြီ ... သားသားလက်ထပ်ထားတာ ခူရိုမှန်း မသိတာ တစ်ခုပဲ ..."
စကားအဆုံးသတ်မှာတော့ ဂျောင်ဂု အသက်မဝင်စွာ ရယ်လိုက်မိသည်။ တိုက်ဆိုင်တာလား ဘာလားတော့မသိပေမယ့် တစ်ချို့အဖြစ်အပျက်တွေက ဆန်းကြယ်လှသည်။
" .. စာချုပ်က ဘယ်အချိန်ထိလဲ ... စာချုပ်ပြီးရင် တီတီတို့ဆီ ပြန်လာမယ်မလား ... ဟန်မင်းကတော့ ဒီတစ်နှစ်အတွင်း ပြန်သတိရနိုင်တဲ့အခြေအနေမှာရှိတယ် "
" ... စာချုပ်က သုံးနှစ်ပါပဲ .. ဟန်မင်းသတိ မရလာခဲ့ရင်ပေါ့ ... ဒါပေမဲ့ တီတီ ... ဘဝကို သားသား တစ်ယောက်တည်း ရင်ဆိုင်ချင်သေးတယ် ... ခက်ခဲပေမယ့် ကျေနပ်ပါတယ် .. အရာရာအဆင်ပြေနေရင် ဘဝက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ ..."
သားသားစကားကြောင့် သူမ သားသားကို ဝမ်းနည်းစွာ ကြည့်မိသည်။ အရွယ်ရောက်လာရင် ဆော့ဂျင်လေးနဲ့ အတူတူရှိနေနိုင်မယ်ထင်ခဲ့မိတာ ... အခုတော့ ခက်ခက်ခဲခဲပျိုးထောင်ထားရတဲ့ အဖိုးတန်လေးကို ဆော့ဂျင်လေးနဲ့ အတူတူမတွေ့နိုင်တော့တာ ဝမ်းနည်းစရာပင်။
Advertisement
" ... သားသားသဘောပါပဲလေ .. ဒါပေမဲ့ အဆက်အသွယ်တော့လုပ်နော် ... "
" ဟုတ် .. လတိုင်း တီတီ့ကို ဆက်သွယ်ပါ့မယ် ... ပြီးတော့ တီတီ ... အဖေ့ကိစ္စနဲ့ပတ်သက်ပြီး အသိပေးရမယ်ထင်လို့ပါ ... စုံစမ်းကြည့်သလောက် အမှုက လိုက်လို့မရနိုင်တော့ပေမယ့် တီတီ့ကြောင့် မဟုတ်ပါဘူး ... သားသားလည်း အတတ်နိုင်ဆုံး သိမ်းဆည်းထားပြီး နေလိုက်ပါ့မယ် ... ဒါက ... အဖေ့ရဲ့ ဒိုင်ယာရီပါ ... အဖေ့ရဲ့နောက်ဆုံးအချိန်မရောက်ခင် နာရီပိုင်းလောက်အထိ အကုန်ချရေးသွားပုံပဲ တီတီ ... တီတီ ဖတ်ပြီးရင် အဖေ့ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ... ပြီးတော့ ကိုကို့အဖေကိုရောပေါ့ ... တီတီ အထင်လွဲနေတာတွေလည်း ရှိတယ်လို့ ထင်တယ် တီတီ "
ကမ်းပေးလာတဲ့စာအုပ်ငယ်ကြောင့် သူမမျက်ဝန်းတွေ အရောင်ပြောင်းကာ တွန့်ဆုတ်စွာ ယူလိုက်မိသည်။ ဒီစာအုပ်ကြောင့် သားသားက အမှန်တရားတွေ သိလာတာဆိုပေမယ့် တရားခံအစစ်ကို သားသားက ဘယ်လိုရှာတွေ့ခဲ့လဲ သူမသိပါ။ မကြာခင်ရှေ့နေဖြစ်တော့မယ့်သားသားက တရားစွဲဖို့ အချက်အလက်တွေ ပြန်ရှာနေခဲ့တာနဲ့တူသည်။ သို့ပေမယ့် တရားစွဲဖို့ သက်သေမရှိတဲ့အတွက် အဆုံးသတ်မှာမှ မရလိုက်လို့လက်လျော့ခဲ့တာမျိုးပင်။
" ... တီတီ ... သားသား လုပ်ငန်းခွင်ဝင်ပြီးလေ့လာရမယ့်အချိန်ရောက်ပြီမို့လို့ သွားခွင့်ပြုပါဦး ... တစ်လတစ်ခါ ပုံမှန်ဆက်သွယ်ပါ့မယ် .. ပြီးတော့ တီတီ့စကားနားထောင်ပြီး တစ်လတစ်ခါ physical check လုပ်ပ့ါမယ် သားသားရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးရော စိတ်မပူပါနဲ့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်နိုင်ပါပြီ တီတီ .. သွားလိုက်ပါဦးမယ် "
နှုတ်ဆက်စကားပြောကာ ထွက်သွားတော့တဲ့သားသားကို သူမ ငေးမောရင်း လက်ထဲက စာအုပ်ကို ပြန်ကြည့်မိသည်။ အဲ့ဒီ့နောက် ဝါဖျော့ဖျော့ စာရွက်သားတွေကို တစ်ရွက်ချင်းစီလှန်ရင်း ဆိုင်ငယ်လေးထဲ သူမ အချိန်ကုန်ဆုံးစေလိုက်မိတော့သည်။
သားသားရဲ့ဖခင် ဂျွန်ဟေယောင်းကို သူမ အထင်လွဲနေတယ်ဆိုတဲ့အကြောင်းအရာက ဘာများဖြစ်လိမ့်မလဲ ...
💠💠💠
NOV 04, 2022
(9: 00PM)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
• Me, Myself & Bad Romance •
အပိုင္း ၁၂
" ေတာင္းပန္ပါတယ္ တီတီ ~~ "
သီခ်င္းသံသဲ့သဲ့ပ်ံ႕လႊင့္ေနတဲ့ ေကာ္ဖီဆိုင္ခန္းငယ္ေလးထဲ သူ႔အသံက တိုးတိုးလ်လ်။ စိတ္ခိုင္လြန္းတဲ့တီတီကေတာ့ သူ႔ကိုမ်က္ဝန္းနီနီနဲ႔ ၾကည့္သည္။ သူ တီတီနဲ႔ မေတြ႕ရတာ ေလးႏွစ္ေက်ာ္ ငါးႏွစ္နီးပါးပင္။
" ... ပိန္က်သြားလိုက္တာ ကေလးရယ္ ..."
သူေျပာတာကို မမႈဘဲ ရီေဝေနတဲ့မ်က္ဝန္းေတြက ညႇိဳးငယ္စြာၾကည့္ကာ သူ႔လက္ကိုဖမ္းဆြဲဆုပ္ကိုင္လာသည္။
" ... မင္းအေဖလိုမ်ိဳး သိပ္အသည္းမာတာပဲ သားသားရယ္ ... တစ္ေယာက္တည္း အမ်ားႀကီးပင္ပန္းေနခဲ့မွာ ..."
သူ႔လက္ကေနတစ္ဆင့္ သူ႔ပါးျပင္ေလးကို ပြတ္သပ္ေျပာေတာ့ သူမ်က္ရည္လည္လာမိသည္။ သူ တီတီ့ကို အထင္လြဲေနခဲ့သည္မွာ အခ်ိန္တစ္ခုအထိ ၾကာျမင့္ေနခဲ့ၿပီျဖစ္သည္။ သူ႔ေမြးမိဘေတြ ေသဆုံးရျခင္းအေၾကာင္းရင္းက တီတီ့ေၾကာင့္လို႔ သူထင္ထားခဲ့ေပမယ့္ သိပ္မၾကာေသးခင္က သိလိုက္ရတဲ့အမွန္တရားေၾကာင့္ သူ အမွားေတြ လုပ္မိခဲ့ၿပီဆိုတာ နားလည္လိုက္ရသည္။
" .. တီ တီ .. တီတီ သားသားကို မမုန္းဘူးလားဟင္ ..."
ေခါင္းငုံ႔ကာေမးမိေတာ့ တီတီက သူ႔လက္ေတြက သူ႔ကိုဖ်စ္ညႇစ္လာသည္။
" .. ဘယ္လိုလုပ္ မုန္းရက္မလဲ သားသားရယ္ တီတီ မင္းကို တီတီ့သားေလးတစ္ေယာက္လိုခ်စ္တာကို ... တီတီ အၿမဲစိုးရိမ္ေနခဲ့ရတာ ... "
တီတီ့စကားေၾကာင့္ သူမ်က္ရည္လည္လာေတာ့ တီတီက သူ႔ေက်ာကို ပုတ္ကာ ႏွစ္သိမ့္ေပးသည္။
" ..... လက္ထပ္ထားတယ္ဆို ... ဘာျဖစ္လို႔ ဖိတ္စာေလးေတာင္ မပို႔လာရတာလဲ ... သားသားမွာ မိသားစုရွိတယ္ေလ .. သားသားမွာ တီတီေရာ သားကိုကိုေရာ အစ္ကိုထယ္ေဟ်ာင္းေရာ ရွိတယ္ေလ .. "
" ... "
" ၿပီးေတာ့ သားကိုကိုနဲ႔သား ... မေခၚမေျပာေတာ့ဘဲ ဆက္ဆံေရးကို အဆုံးသတ္ေတာ့မွာလား ... "
တီတီ့စကားကိုေတာ့ သူေျဖႏိုင္စြမ္းမရွိ၊ ဆြံ႕အေနမိသည္။ အမွန္တရားေတြအကုန္ သိၿပီးတဲ့ေနာက္ပိုင္းမွာ ကိုကိုနဲ႔ အဆင္ေျပေအာင္ ျပန္ခ်ိန္ညႇိယူခ်င္ခဲ့ေပမယ့္ သူ လြန္သြားခဲ့ၿပီျဖစ္သည္။ ကိုကို႔ကို သူ ရက္ရက္စက္စက္လမ္းခြဲခဲ့ေသးတဲ့အျပင္ အိမ္ေထာင္သည္ဆိုတဲ့စည္းပါ ျခားထားခဲ့ၿပီးျဖစ္သည္။
" သားသား ... ကိုကိုနဲ႔ေတြ႕ခ်င္လား .. ဒီတစ္ခါမိသားစုဝင္ေတြကို ေတြ႕ခြင့္ေပးတဲ့အခါ သားသား လိုက္ခဲ့လို႔ရတယ္ .. "
တပ္ထဲေရာက္ေနသည့္ကိုကို႔ဆီ တီတီက ေခၚေလေတာ့ သူၿပဳံးသာၿပဳံးလိုက္မိသည္။ ဘယ္လိုအင္အားနဲ႔ ကိုကို႔ေရွ႕ သူ ေျခစုံရပ္ႏိုင္ပါ့မလဲ။ ရပ္ႏိုင္ခဲ့ရင္ေတာင္ အရွက္မရွိတဲ့ ဒီမ်က္ႏွာက ကိုကိုနဲ႔ မ်က္ႏွာခ်င္းဆိုင္ႏိုင္မွာမဟုတ္။
" ... ကိုကို ~~ ကိုကို အဆင္ေျပေနရဲ႕လား .. တီတီ "
" ... အင္း ~~ သားသားလက္ထပ္ၿပီးတဲ့ေနာက္ပိုင္းမွာ သူ အန္တီ့ကို အဆက္အသြယ္ျပန္လုပ္လာတယ္ေလ .. အခုေတာ့ တပ္ထဲမွာ အစားလည္း ေကာင္းေကာင္းစားၿပီး ေကာင္းေကာင္းေနေနပါတယ္ ... မစိုးရိမ္ပါနဲ႔ .. သားသားကိုကို႔ကို သူ႔အေဖက ေကာင္းေကာင္းမြန္မြန္ေစာင့္ေရွာက္ေပးေနတာမို႔လို႔ ...အေရးႀကီးဆုံးက သားသားေလး ... ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ဖို႔ပဲ ... တီတီနဲ႔လိုက္ခဲ့ပါလား သားသားရယ္ ..."
တီတီက ေခ်ာ့ေခၚေတာ့ သူ တီတီ့လက္ကို ျပန္ဆုပ္ကိုင္လိုက္မိသည္။
" ... သားသားလည္း တီတီနဲ႔တူတူေနခ်င္ေပမယ့္ ... သားသားက တာဝန္ယူရမယ့္အရာေတြရွိလာၿပီေလ... ၿပီးေတာ့ အခု ေလာကႀကီးကို ရင္ဆိုင္ရမယ့္အ႐ြယ္ေရာက္ၿပီ ... "
သူေျပာမိေတာ့ တီတီက သက္ျပင္းခ်သည္။ အဲ့ဒီ့ေနာက္ သူ႔ကို အၾကည့္လႊဲကာ ရင္ေမာသလို ေရ႐ြတ္လိုက္သည္။
" .. သားသားေတာင္ ေတြးတတ္တဲ့အ႐ြယ္ေရာက္လာၿပီ ... အိမ္ေထာင္က်သြားလို႔ျဖစ္မယ္ ... တီတီလည္း မင္းကိုကို႔ကိုလည္း မင္းလိုမ်ိဳး ျမန္ျမန္ေလး လက္ထပ္ေစခ်င္လိုက္တာ ... တပ္ထဲက ထြက္လာရင္ အိမ္ေထာင္ဖက္ေ႐ြးေပးရမယ္ ... အဲ့ဒီ့အခါက်ရင္ သားသားေလးေရာ တီတီ့ကို ကူညီေပးမယ္ မဟုတ္လားဟင္ "
ကိုကို႔ကို အိမ္ေထာင္ဖက္ေ႐ြးေပးမယ္ဆိုတဲ့စကားေၾကာင့္ သူ႔မ်က္ဝန္းေတြ လႈပ္လႈပ္ရွားရွားျဖစ္ကာ တီတီ့ကို ျပန္ၾကည့္မိသည္။
ဟင္အင္း ... သူ မလိုခ်င္ ... အျဖစ္မွန္ေတြ သိၿပီးေနာက္မွာ ကိုကို အိမ္ေထာင္က်သြားမွာကို သူမလိုခ်င္၊ သူမွားခဲ့၊ဆိုးခဲ့တဲ့အမွားေတြကို ခြင့္မလႊတ္ရင္ေတာင္ ကိုကို႔ကို အျခားသူပိုင္ဆိုင္သြားတာမ်ိဳး သူမျမင္ခ်င္။ သူ႔မဂၤလာပြဲတုန္းက ကိုကို ေကာင္းခ်ီးေပးသလိုမ်ိဳး ကိုကို႔အလွည့္က်ရင္ သူ ေကာင္းခ်ီးမေပးႏိုင္။ တစ္ကိုယ္ေကာင္းဆန္တယ္ပဲ ေျပာေျပာ၊ တရားလြန္တယ္ပဲေျပာေျပာ ကိုကို သူ႔ကို မုန္းရင္ေတာင္ သူ႔ကိုေက်ာ္ၿပီး အျခားသူနဲ႔ေနမွာကိုေတာ့ သူေၾကာက္သည္။ ကိုကို သူ႔ကို မခ်စ္ေတာ့ရင္ေတာင္ မုန္းတယ္ဆိုတဲ့ခံစားခ်က္ေလးနဲ႔ အဆင္ေျပေသးသည္။ အနည္းဆုံး ကိုကို႔စိတ္ထဲမွာ သူရွိေနေသးတာပဲေလ။
" သားသား ... ဘာေတြစဥ္းစားေနတာလဲ .. တီတီ ေျပာတာေတာင္ မၾကားေတာ့ဘူး ..."
တီတီ့စကားေၾကာင့္ သူအေတြးအာ႐ုံေတြပ်က္ယြင္းသြားေလလွ်င္ ေယာင္ၿပီးၿပဳံးလိုက္မိသည္။
" ဟင္ .. "
" သားသား ကိုကိုအတြက္ သင့္ေတာ္မယ့္သူရွာဖို႔ သားသားကို အပ္ရမယ္လို႔ ေျပာလိုက္တာ .. သားသားက ကိုကို႔အေၾကာင္းကို တီတီ့ထက္ပိုသိတယ္ေလ ..."
ၿပဳံးရယ္ရင္းေျပာလာတဲ့တီတီ့ကိုေတာ့ ဒီတစ္ခါ သူ မ်က္ႏွာမဲ့ျပလိုက္မိသည္။
" .. တီတီ ... "
" ... "
" ကိုကို႔ကို ဘယ္သူနဲ႔မွ ေစ့စပ္ေပးတာမ်ိဳး မလုပ္ရင္ပိုေကာင္းမယ္လို႔ ကြၽန္ေတာ္ထင္တယ္ "
" ဘာျဖစ္လို႔လဲ သားသားရဲ႕ "
" ... တကယ္ေတာ့ ..."
ေျပာေနရင္း တစ္ဝက္တစ္ပ်က္ရပ္ကာ ေျပာသင့္မေျပာသင့္ သူစဥ္းစားလိုက္မိသည္။ ကိုကို႔နဲ႔သူ႔အေၾကာင္း သူေျပာသင့္ရဲ႕လား။ ဒါမွမဟုတ္ သူ႔အေၾကာင္းပဲ သူေျပာလိုက္ရမလား။
" ဘာျဖစ္လို႔လဲ သားသားရဲ႕ ... တကယ္ေတာ့ ဘာျဖစ္လို႔လဲ ..."
" ဟင္း ... တကယ္ေတာ့ ကိုကို႔ကို တျခားသူေတြနဲ႔ လက္မထပ္ေစခ်င္ဘူး ... "
သူ႔စကားအဆုံးမွာ တီတီက ဘာလို႔လဲ ဆိုတဲ့အၾကည့္နဲ႔ သူ႔ကို ေစ့ေစ့ၾကည့္သည္။
" .. ဘာလို႔လဲဆိုေတာ့ ကိုကို႔ကို သားသား ဘယ္သူ႔ကိုမွ မေပးခ်င္ဘူး ..."
သားသားဆီက ကေလးဆန္ဆန္အသံေလးျပန္ထြက္လာေတာ့ သူမ ရယ္ခ်င္စိတ္ကို ဖုံးဖိလိုက္မိသည္။ တကယ္ေတာ့ သူမ ခဏေလးျပန္လာတုန္းမွာ ေရွာင္ေျပးေနတဲ့ သားသားကို ေတြ႕ခ်င္ခဲ့မိတဲ့အတြက္ မရမက အတင္း လာေတြ႕ခဲ့မိသည္။ အထင္လြဲၿပီး မုန္းေနမွန္းသိေပမယ့္ သားသားကို သူမ လုံးဝႀကီး ဥေပကၡာမျပဳႏိုင္။ အသာတၾကည္လက္မခံမွန္းသိေပမယ့္ ေကာင္းေကာင္းေနေနရဲ႕လားဆိုတာ မ်က္စိနဲ႔အတည္ျပဳခ်င္တဲ့အတြက္ လာရွာခဲ့မိသည္။ အဲ့ဒီ့ေတာ့မွ သားသားရဲ႕အမ်ိဳးသမီးျဖစ္သူ စကားေၾကာင့္ သူမ ထင္မထားတဲ့အေၾကာင္းအရာေတြကိုပါ သူမ သိခဲ့ရတာပင္။
သားသားက အျဖစ္မွန္ေတြ သိၿပီးသြားတာေတာင္ သူမကို မဆက္သြယ္ခဲ့တဲ့အထိ ေခါင္းမာတယ္ပဲေျပာရေလမလား ... အဲ့ဒီ့အတြက္ သားသားရဲ႕အမ်ိဳးသမီးက သူမနဲ႔ သားသား အခုလို ေတြ႕ႏိုင္ဖို႔ စီစဥ္ေပးခဲ့တာပင္။
အခုေတာ့ ကိုကို႔ကို မေပးခ်င္ဘူးဆိုၿပီး မ်က္ႏွာငယ္ေလးနဲ႔ ေခါင္းငုံ႔ေနတဲ့သားသားအေၾကာင္းကို မသိခ်င္ေယာင္ေဆာင္ရင္း ေမးခြန္းေတြ ထုတ္ရဦးမွာ ျဖစ္သည္။
" ... ဘာလို႔မေပးခ်င္ရတာလဲ ကေလးေလးရဲ႕ ..."
ဝန္ခံလာေစဖို႔ရည္႐ြယ္ၿပီး သူမ ေခ်ာ့ေမာ့ေမးမိေတာ့ ဝိုင္းစက္ေနတဲ့မ်က္ဝန္းငယ္က ႐ႊန္းစိုလဲ့လာသည္။
" ... ဘာလို႔ဆို ... သားသား ကိုကို႔အေပၚ အမွားေတြ အမ်ားႀကီး လုပ္ထားမိတယ္ တီတီ ... ကိုကို႔ကိုလည္း ရက္ရက္စက္စက္ေျပာၿပီး နာက်င္ေအာင္လုပ္ထားမိတယ္ ... ကိုကို႔ကိုလည္း တစ္ေယာက္တည္းပစ္ထားမိတယ္ ... ၿပီးေတာ့ ... သားသား ... "
" .. အင္း .. ၿပီးေတာ့ ဘာျဖစ္လဲ သားသား ..."
" ... ဘာမွ မဟုတ္ေတာ့ပါဘူး .. ဒီစကားက ကိုကို႔ကိုပဲ အရင္ေျပာသင့္တာ ..."
တိုးလ်သြားတဲ့ အသံအဆုံး စိတ္အလိုမက်ေတာ့သလို မ်က္ႏွာကိုမဲ့လာေလေတာ့ သူမ သက္ျပင္းခ်လိုက္မိသည္။
" .. ကိုကိုနဲ႔ မေတြ႕ဘဲ .. ကိုကို႔ကို သားသားေျပာခ်င္တဲ့စကားေတြ ဘယ္လိုေျပာမွာလဲ ..."
" ... ထားလိုက္ပါေတာ့ တီတီ ... ကံၾကမၼာက မ်က္ႏွာသာေပးရင္ သားသားတို႔ ျပန္ေတြ႕ရမွာပါ ... ကိုကို႔ကို ကိုယ္တိုင္ေတြ႕ဖို႔ သတၱိမရွိဘူး တီတီ ... "
ထပ္ၿပီး ေရွာင္ေျပးေတာ့မယ့္ သားသားစကားေၾကာင့္ သူမ ေခါင္းညိတ္မိရင္း တစ္ခုခုလုပ္မွျဖစ္ေတာ့မယ္ဆိုတာ သိလိုက္ရသည္။ ဒီကေလးႏွစ္ေယာက္ သူမကို အခုထိ ဝန္မခံၾကေသးေပမယ့္ တစ္ေယာက္အေပၚတစ္ေယာက္ ခံစားခ်က္ေတြရွိတာ သူမ သိသည္။ ခက္တာက ေဆာ့ဂ်င္အေနနဲ႔ၾကည့္ရင္ သားသားဟာ အိမ္ေထာင္သည္ျဖစ္ေနတဲ့အျပင္ လမ္းခြဲၿပီးနာက်င္ေအာင္ လုပ္သြားတဲ့အခ်စ္ဦးျဖစ္ေနသည္ေလ။ တာဝန္ယူသင့္တဲ့အ႐ြယ္ေရာက္ၿပီေျပာေနတဲ့သားသားကေတာ့ အခုထိ ကေလးေလးပဲ ရွိပါေသးသည္။ ေဆာ့ဂ်င္ကလည္း သူမ ထိန္းခ်ဳပ္လို႔ရတဲ့အ႐ြယ္မဟုတ္တဲ့အတြက္ အခ်ိန္တစ္ခုအထိေတာ့ ၾကာျမင့္ေနဦးမည္။
သို႔ေပမယ့္ ဘယ္အရာကိုမွ သူမ အတင္းမလုပ္ယူ။ တစ္ေယာက္အေပၚတစ္ေယာက္ ခံစားခ်က္ရွိေပမယ့္ တစ္ေယာက္ကို တစ္ေယာက္ မေ႐ြးခ်ယ္ခ်င္ေတာ့တာလည္း ျဖစ္ႏိုင္တာပဲေလ။
" .. အစ္ကိုထယ္ေဟ်ာင္းေရာ အဆင္ေျပရဲ႕လားတီတီ ေကာင္းေကာင္းေနေနရဲ႕လား .."
" .. အင္း အဆင္ေျပပါတယ္ .. သူက အခုဆို ေၾကးအရမ္းျမင့္တဲ့ေရွ႕ေနျဖစ္ေနၿပီေလ ... "
" ... သတိရတယ္လို႔ေျပာေပးပါ အစ္ကိုထယ္ေဟ်ာင္းကို ... "
" ေျပာေပးလိုက္ပါမယ္ ... သားသားေရာ ... တီတီကို႔ေျပာစရာေတြ ကုန္ၿပီလား ..."
ထိန္ခ်န္ထားတဲ့အေၾကာင္းအရာအတြက္ သူမ ေမးခြန္းထုတ္ေတာ့ မ်က္ဝန္းဝိုင္းဝိုင္းေတြက မသိသလို၊ မတတ္သလို သူမကို ၾကည့္လာသည္။ ကေလးမ်က္ႏွာနဲ႔ သားသားဟာ သိပ္ကို ခ်စ္စရာေကာင္းလြန္းေနသည္ပဲ။
" ... ဘယ္အခ်ိန္မွ ဟန္ေဆာင္လက္ထပ္ထားတယ္ဆိုတာ ေျပာျပမလဲ ... တီတီ့ကို ညာခ်င္ေသးတာလား ... ကိုကိုကလြဲၿပီး ဘာမွမသိတဲ့ကေလးက လက္ထပ္ထားတယ္ၾကားတုန္းက လုံးဝကို အံ့ဩသြားတာေနာ္ သားသား "
သူမေျပာလိုက္မွပဲ မ်က္ခုံးေတြ ျမင့္ကာ ႏႈတ္ခမ္းေတြကို ကိုက္ရင္း အျပစ္လုပ္ထားသလိုမ်က္ႏွာထားျဖစ္သြားေတာ့သည္။
" ... အဲ့ဒါကို တီတီဘယ္လိုသိတာလဲ ..."
"... ခူ႐ိုေၾကာင့္ေလ ... "
" ခူ႐ိုနဲ႔ တီတီက ဘယ္လိုသိၾကတာလဲ "
" ... ဟန္မင္းဆိုတဲ့လူနာကို တာဝန္ယူထားရတာ တီတီ့ေက်ာင္းေနဖက္ေလ .. ၿပီးေတာ့ ဟန္မင္းဆိုတာက တီတီတို႔ သုေတသနထဲက လူနာပါ ... ခူ႐ိုနဲ႔သိတာက ၾကာပါၿပီ ... သားသားလက္ထပ္ထားတာ ခူ႐ိုမွန္း မသိတာ တစ္ခုပဲ ..."
စကားအဆုံးသတ္မွာေတာ့ ေဂ်ာင္ဂု အသက္မဝင္စြာ ရယ္လိုက္မိသည္။ တိုက္ဆိုင္တာလား ဘာလားေတာ့မသိေပမယ့္ တစ္ခ်ိဳ႕အျဖစ္အပ်က္ေတြက ဆန္းၾကယ္လွသည္။
" .. စာခ်ဳပ္က ဘယ္အခ်ိန္ထိလဲ ... စာခ်ဳပ္ၿပီးရင္ တီတီတို႔ဆီ ျပန္လာမယ္မလား ... ဟန္မင္းကေတာ့ ဒီတစ္ႏွစ္အတြင္း ျပန္သတိရႏိုင္တဲ့အေျခအေနမွာရွိတယ္ "
" ... စာခ်ဳပ္က သုံးႏွစ္ပါပဲ .. ဟန္မင္းသတိ မရလာခဲ့ရင္ေပါ့ ... ဒါေပမဲ့ တီတီ ... ဘဝကို သားသား တစ္ေယာက္တည္း ရင္ဆိုင္ခ်င္ေသးတယ္ ... ခက္ခဲေပမယ့္ ေက်နပ္ပါတယ္ .. အရာရာအဆင္ေျပေနရင္ ဘဝက ဘာအဓိပၸါယ္ရွိေတာ့မွာလဲ ..."
Advertisement
- In Serial8 Chapters
Struggle for Survival
The world as Emmet knows it ends. Alone and helpless in a foreign and hostile environment, he does his best not to die. A blend of Wuxia, Progression Fantasy, and Rational Fiction.
8 183 - In Serial14 Chapters
I Have A Dagger
Bored, I browsed my spam folder. I clicked on some interesting spam, summoning me to another world. All I have is this dagger: [Dagger] Broad leaf blade made by a dwarf blacksmith while drinking. Hilt slapped on by an elf high on shrooms. The handle is pleasantly smooth, which makes for a terrible gripping experience. Upgradeable, if you upgrade it. Has a chance of killing something if you stab said something in the right place. Fully editable Google Doc for the whole story.
8 83 - In Serial11 Chapters
When the throne calls
A newly graduated teacher begins his career while trying to overcome certain things from his past.His mysterious semblance shall attract lots of people, but he shall not care. Well, things are about to change!
8 187 - In Serial6 Chapters
Unfinished Works
A list of my unfinished stories and stuff. I might work on them in the future, but atm I have no intention to.
8 223 - In Serial33 Chapters
Death Mark
Synopsis:The tragic death of his parents left Dante alone in this world were Cultivators capable of sundering the heavens and Gods capable of sealing an entire realm weren't just the stuff of legends...With the loss of his aunt, Dante’s childhood was short lived as he had to deal with the world’s harsh reality and fend for himself.His only hope was to cultivate and become a Dungeon Soldier, proving himself on the battlefield, his weakness had made him realize that revenge was still too far away for him.However, fate was cruel to him as his cultivation was to never advance to the next realm due to his body's constitution. Dante’s condition didn't stop him though, he still persisted hoping to achieve a breakthrough under the pressure of life and death battles.After more than a decade since his parents’ death, Dante is still nowhere close to his goal. Will he give up on his vengeance and live a quiet mundane life or will he take his fate into his own hands?Watch him as he embarks on a journey filled with legends, magic and ancient secrets!!
8 161 - In Serial14 Chapters
Cuffed For Good
Niah is just a regular girl who wants to show the world what's hers. She wants to stay with the one she loves the most. Will that last?
8 162

