《Me, Myself & Bad Romance •||• JINKOOK》【11】
Advertisement
⟨ Unicode Version ⟩
Me, Myself & Bad Romance
• အပိုင်း ၁၁ •
// “ ... Idol ဖြစ်သူ ဂျင်ဟာ ဒီလကုန်ပိုင်းမှာ စစ်မှုထမ်းတော့မယ်လို့ သိရှိရပါတယ် ... ဒီနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်ရှိသွားဦးမှာဖြစ်ပြီး BTSအဖွဲ့ဝင် J-Hopeနဲ့ ပြုလုပ်ထားခဲ့တဲ့ Collaborationကိုတော့ ကြေညာထားတဲ့ ရက်အတိုင်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ် ..." //
တီဗွီကလာနေတဲ့သတင်းကြောင့် ပေါင်မုန့်ပေါ် စတော်ဘယ်ရီယိုလေးသုတ်နေတဲ့သူ့လက်တွေရပ်တန့်သွားသည်။ အဲ့ဒီ့နောက် တီဗွီစကရင်ထက်မကြည့်မိဘဲ သက်ပြင်းယဲ့ယဲ့ချကာ လုပ်လက်စအလုပ်ကို လက်စသတ်လိုက်မိသည်။ ပြီးပြည့်စုံသွားတဲ့ ပေါင်မုန့်ယိုသုတ်ကိုတော့ အရှေ့မှာ ရှိနေတဲ့ ခူရို့ဆီပေးမိတော့ ခူရိုက သူ့ကို ကြည့်လာသည်။
" ... တကယ်အဆင်ပြေလို့လား ဂျောင်ဂု ... "
" အင်း ... "
" လိမ်နေတာပဲ ..."
" သိနေရင်လည်း ဘာလို့မေးနေသေးလဲ "
ခူရို့စကားကိုတုန့်ပြန်ရင်း သူအတွက် သူပြင်ဆင်ထားမိတဲ့ ပေါင်မုန့်ယိုသုတ်ကို တစ်ကိုက်ကိုက်လိုက်မိသည်။
" .. တကယ်ပဲ အိုပါးကို မပြောပြတော့ဘူးလား ... မရှင်းပြတော့ဘူးလား ... ဒီလိုနဲ့ နင်ချစ်တဲ့သူကို နင်လက်လွှတ်လိုက်တော့မှာလား .. နင်ကိုယ်တိုင်လည်း မြင်လိုက်ရတာပဲ မဟုတ်လား ... ငါတို့လက်ထပ်တုန်းက အိုပါးရဲ့အကြည့်တွေကို ... အကြည့်နဲ့တင် ဘယ်လောက်ချစ်လဲဆိုတာ သိသာနေတာကို ... ဘာဖြစ်လို့ နင်က ဒီလောက်ခေါင်းမာရတာလဲ .. ငါသာဆို ခြေထောက်ပဲရရ , ခေါင်းပဲရရ, ဘာပဲရရ ဆွဲထားမှာ ..."
ဒီတစ်ခါတော့ သူ သက်ပြင်းချလိုက်မိသည်။
" ... ဟင်အင်း နင်မှားနေပြီ ... ကိုကိုက ငါ့ကိုမုန်းနေတာ ... "
" ... ဂျောင်ဂုရား ~~ ငါ ရှင်းပြပေးလိုက်ရမလား ... အိုပါး နင့်ကို အထင်မလွဲဖို့အတွက် ငါဘာလုပ်ပေးရမလဲ ... အိုပါးကို နင်လမ်းခွဲပြီးကတည်းက နင့်ဆီမှာ ပျော်ရွှင်မှုတွေ မရှိတော့တာ နင်သိလား ... နင်မသိပေမယ့် ဘေးလူဖြစ်တဲ့ငါကတော့ အမြဲမြင်နေခဲ့ရတာ ... နင်သာ ဆန္ဒရှိမယ်ဆိုရင် ငါ အိုပါးကို အစအဆုံးရှင်းပြပေးမယ် ... "
" တော်ပါပြီ ... နင်ရှင်းပြပေးရင်တောင် ငါကိုကို့ဆီ ပြန်သွားလို့မရတဲ့ အကြောင်းရင်းတွေ ရှိတယ် .. ငါကလည်း ကိုကို့ဆီ ပြန်မသွားချင်တော့ဘူး ... ပြီးတော့ ငါတို့နှစ်ယောက်ရဲ့စာချုပ်ကို ငါတို့နှစ်ယောက်အပြင် တခြားလူ သိလို့မရဘူးလေ ... "
" ဒါဆို ဘာလို့ သွားဖက်ရတာလဲ .. ငါ ဘယ်လောက်လန့်သွားလဲ နင်သိလား .."
" ... ဖက်တယ်ဆိုတာက ... စိတ် မထိန်းနိုင်ခဲ့လို့ပဲ ... အနည်းဆုံး ငါ့ကို အသိတစ်ယောက်လို ဆက်ဆံစေချင်ခဲ့တာ ဒါပေမဲ့ နင်မြင်တဲ့အတိုင်းပဲလေ ခူရို ... ကိုကိုက ငါ့ကို မတွန်းထုတ်ရုံတမယ်ပါပဲ ..."
" ဟင်း ..."
သူ့စကားကြောင့် ခူရိုသက်ပြင်းချရင်း ဘာမှ ဆက်မပြောတော့ဘဲ မနက်စာကိုသာ စားတော့သည်။ သူလည်း တို့ကနန်း ဆိတ်ကနန်း စားနေရင်း သူနဲ့ခူရို လက်ထပ်ခဲ့တဲ့နေ့ဆီ ပြန်ရောက်ရှိသွားတော့သည်။
တကယ်တော့ သူနဲ့ခူရိုဟာ စာချုပ်အိမ်ထောင်ရေး တည်ဆောက်ထားတဲ့သူတွေဖြစ်သည်။ ဘာကြောင့် ဒီလိုလုပ်ဖြစ်လဲဆိုတဲ့အကြောင်း ပြောပြရရင် ခူရို့မိသားစုအကြောင်းကနေ စပြောရမှာပင်။
ခူရို့အမေဟာ ဆင်းရဲတဲ့ခူရို့အဖေနဲ့လက်ထပ်ခဲ့တာကြောင့် ခူရို့အဘိုးနဲ့အဘွားဟာ အမွေပြတ်စွန့်လွှတ်ခဲ့သည်။ ခူရို့အမေဆုံးပြီးမှ အခက်အခဲတွေကြားက ကြီးပြင်းလာတဲ့ခူရို့ကိုလည်း ပြန်တွေ့တဲ့အခါ ခူရို့ကို ခူရို့အဖေနဲ့ ကွဲစေပြန်သည်။ သွေးသားမို့လို့ ခူရို့ကိုသာလက်ခံပေမယ့် သားမက်ဖြစ်သူခူရို့အဖေကိုတော့ ခူရို့အဘိုးနဲ့အဘွားကလက်မခံခဲ့။ ဒီလိုနဲ့ ခူရိုတစ်ယောက်တည်း အဲ့ဒီ့အသိုင်းအဝိုင်းမှာ ကြီးပြင်းလာရင်းကနေ ရုတ်တရက် ခူရို့အဘိုးဆုံးတော့ သေတမ်းစာကို သိလိုက်ရသည်။ အမွေပိုင်ဆိုင်မှုနဲ့ရှယ်ယာအားလုံးကို ခူရိုက ဆက်ခံရရှိခဲ့သည်တဲ့။ သို့ပေမယ့် ထိုအမွေတွေဟာ ခူရို အိမ်ထောင်ကျမှပဲ ဆက်ခံခွင့်ရမယ့်အပြင် သေဆုံးချိန်ကစလို့ သုံးနှစ်အတွင်း ခူရိုသာ အိမ်ထောင်ပြုပြီး မျိုးဆက်မရှိခဲ့ရင် အမွေအားလုံးဟာ ခူရို့ဘွားလေးဖြစ်သူ၊ ခူရို့အဘိုးညီမမိသားစုဆီရောက်မှာတဲ့လေ။ ထို့ကြောင့် ခူရို့အဘွားက လက်မခံနိုင်ဘဲ ခူရို့ကိုအိမ်ထောင်ပြုဖို့ အမြဲတိုက်တွန်းနေခဲ့တာဖြစ်သည်။ အစကတော့ ခူရို့မှာ ချစ်သူရှိတဲ့အတွက် ပူစရာမလိုဘဲ အေးအေးဆေးဆေးဖြတ်သန်းကာမှ လက်ထပ်မယ့်အကြောင်း အိမ်ကိုဖွင့်ပြောဖို့ တစ်ပတ်အလိုမှာ ခူရို့ချစ်သူဟာ ယာဉ်တိုက်မှုနဲ့ ကိုမာဝင်နေခဲ့တာဖြစ်သည်။
ကိုယ်လေးလက်ဝန်နဲ့ တစ်ယောက်တည်းကျန်ခဲ့တဲ့ ခူရိုကတော့ အရူးတစ်ယောက်လို ပူဆွေးနေခဲ့ရပြီး အဆုံးသတ်မှာ ချစ်ရသူကို နှစ်တွေအကြာကြီးစောင့်နိုင်ဖို့အတွက် သူနဲ့အိမ်ထောင်ရေးစာချုပ်ချုပ်ဆိုခဲ့တာဖြစ်သည်။ သူ့အတွက်ကတော့ ရှေ့နေတစ်ယောက်ဖြစ်ဖို့ ကျောင်းစရိတ်တွေကို ခူရိုက ရမယ့်အမွေနဲ့ ထောက်ပံ့ပေးပြီး ကွာရှင်းတဲ့အခါ တစ်ဆယ်ရာနှုန်း လျော်ကြေးရရှိမှာဖြစ်သည်။
သို့ပေမယ့် သူဘယ်လိုမှ မထင်မှတ်ထားတာက ကိုကို!
လေးနှစ်လုံးလုံး သူ့ရှေ့မှာ မပေါ်လာခဲ့ပါဘဲနဲ့ ဘာကြောင့် သူ့မင်္ဂလာပွဲမှာပေါ်လာလဲစဉ်းစားမရ။ နောက်တော့မှ သိလိုက်ရတာက ခူရို့အဘွားက ဖိတ်ကြားခဲ့တာတဲ့။ သီချင်းသံချိုချိုလေး ကြားလိုက်ရကတည်းက ကိုကိုမှန်း သူသိနေခဲ့ပေမယ့် မဝံ့မရဲ လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ပြေးဖက်ချင်စိတ်ကလွဲ တခြားမရှိခဲ့။ သူ့ဆီလျှောက်လှမ်းလာတဲ့ကိုကို့ကို သူ ကြည့်ပြီး သူဖက်တွယ်ထားချင်ခဲ့တာဖြစ်သည်။ မယုံနိုင်စွာ တအံ့တဩဖြစ်နေတဲ့ကြားကနေ ကိုကို့မျက်ဝန်းဆီက အမုန်းတွေကိုပါ သူခံစားလိုက်မိတော့ သူပိုခြောက်ခြားသွားမိတယ်ဆို မှန်လေမလား။ သို့ပေမယ့် ပြန်ဆက်ဖို့ ခဲယဉ်းသွားတဲ့ကိုကိုနဲ့သူ့ပုံပြင်လေးကတော့ အချပ်ပိုတွေ မရှိလောက်အောင် ဇာတ်သိမ်းခဲ့ပြီးသားလေ။
Advertisement
ကိုကို့ကို သူ သိပ်ချစ်မိတော့ရော ... သူ ဘာလုပ်နိုင်မှာ မို့လို့လဲ ... ကိုကို့က သူ့ကို တကယ်ကြီး မုန်းပစ်ပြီးပြီလေ ...
" .. ဂျောင်ဂု!! ... "
" ဟင် "
ခူရို့အသံကြောင့် သူ့အတွေးစတွေ ပြတ်သွားကာ လက်ရှိအချိန်ဆီ ပြန်ရောက်လာသည်။
" ... ပေါင်ပေါင်းလေး မမွေးခင် သူ့အဖေ သတိရလာရင် သိပ်ကောင်းမယ်နော် ..."
ဝမ်းနည်းစွာ ထွက်လာတဲ့အသံအဆုံး သူ ခူရို့ကိုကြည့်မိတော့ ခူရိုလည်း သူ့လိုအတွေးများနေခဲ့တာ ထင်သည်။ မျက်ရည်လေး ဝဲလျက် နီရဲနေသည်။
" ... ငါတော့ သေချာပေါက် သတိရလာမယ်လို့ ယုံတယ် ... ဟန်မင်းက နင့်ကို ဘယ်လောက်တောင်ချစ်လိုက်လဲ ငါအသိပဲလေ ... နင်နဲ့ပေါင်ပေါင်းလေးကို ပစ်သွားရလောက်တဲ့အထိ သူ စိတ်ချမှာ မဟုတ်ဘူး ... "
ကြိုးစားနှစ်သိမ့်မိတော့ သူမက ပြုံးရုံလေးသာ ပြုံးသည်။
" ... ပြီးတော့ အဖေ့ကို သတိရတယ် ... အဖေက မကောင်းတဲ့သူဆိုပေမယ့် ငါ့အပေါ်တော့ အဖေကောင်းပီသတယ်လေ ..."
" ... နင့်အဖေကိုလည်း ငါ့အသိစီနီယာအစ်ကိုကြီးတွေဆီမေးပြီး ရှာပေးပါ့မယ် .. ပြီးတော့ နင်လည်း ဘွားဘွားမသိအောင် ငွေအင်အားရော၊ လူအင်အားရော သုံးပြီးရှာနေတာပဲ မဟုတ်လား ..."
" အင်းနော် ..."
" ကဲ .. စိတ်ညစ်စရာတွေ မတွေးနဲ့တော့ ခူရို ... နင်လည်း ဘွားဘွား ကုမ္ပဏီကိုလိုက်ပြီး လေ့လာရဦးမယ်မလား ... ငါလည်း အမှုတွဲတွေ စစ်ပြီး အိမ်စာလုပ်ရဦးမယ် ..."
" ... ဟုတ်ပြီ ငါနင့်ကို မနှောင့်ယှက်တော့ဘူး .. အာ~~ မေ့တော့မလို့ ... နင့်ရဲ့အမွေအိမ်ကိုလေ .. မနေ့က သန့်ရှင်းရေးအတွက် ငါသွားစီမံတာ ... စတိုခန်းထဲက စာအုပ်လေးတစ်အုပ်တွေ့ခဲ့တယ် ... "
" ဟင် စာအုပ်? "
သူ အံ့ဩကာမေးမိတော့ ခူရိုကခေါင်းညိတ်သည်။ သူ့အမွေအိမ်ကို သူက အေဂျင်စီနဲ့ချိတ်ကာ ငှားထားသည်ဆိုပေမယ့် တကယ်တမ်း တာဝန်ယူပေးသူက ခူရိုပင်။
" ... အင်း စတိုခန်းထဲက ... ပစ္စည်းရွှေ့ဖို့ နေရာပြရင်း ငါ့ရှေ့ကျလာတော့ ဒီအတိုင်းလေးကောက်လိုက်တာ ... ဒါပေမဲ့စာရွက်ကို လှန်မှ ဒိုင်ယာရီ ဖြစ်နေတော့တာ ... တစ်ရွက်၊ နှစ်ရွက်လောက်ဖတ်တာတောင် ဘယ်သူမှန်းမသိလို့ ပြန်ထားဖို့လုပ်ပေမယ့် စာရွက်ကြားက ကလေးဓာတ်ပုံထွက်လာတယ်လေ ... ဓာတ်ပုံနောက်ကျောမှာ ဂျွန်ဂျောင်ဂုလို့ရေးထားလို့ ... စာအုပ်ပိုင်ရှင်က နင့်အဖေမှန်းသိတာ ... အဲ့ဒါကြောင့် ယူလာပေးတာ နင့်အတွက် .."
" ... အဖေ့ဒိုင်ယာရီ? ... ကြားရတာထူးဆန်းလိုက်တာ ... တကယ်တော့ ငါ့အိမ်ဆိုပေမယ့် ဘယ်နေရာမှာ ဘာရှိလဲ ငါတကယ်မသိဘူး ... ငါက သိတတ်စအရွယ်ကတည်းက ကိုကို့အိမ်မှာ ကိုကိုနဲ့တူတူနေလာခဲ့တာလေ ... ကိုကို့အိမ်ကို ငါ့အိမ်ထက်ပိုရင်းနှီးတယ်လို့ ခံစားရတယ် ... "
ပြုံးရယ်ပြီး ပြောလိုက်မိပေမယ့် ငယ်ဘဝရဲ့အမှတ်တရတွေက သူ့ခေါင်းထဲ ဆက်တိုက်ပေါ်လာသည်။ အဲ့ဒီ့အမှတ်တရတွေက ပျော်စရာအမှတ်တရတွေဆိုပေမယ့် အခုချိန်မှာ သူ့ကိုတော့ ဝမ်းနည်းစေသည်။
... သူ့ဘဝရဲ့တစ်ဝက်လောက်ကို ကိုကိုက စိုးမိုးထားခဲ့တာပဲ ...
" ... အင်း ~~ ကိုကို ကိုကိုနဲ့ မပြီးတော့ဘူး ... သတိထားဦးနော် ... နင့်ကိုကိုက တပ်ထဲဝင်တော့မှာဆိုတော့ နောက်ဆို စကရင်ပေါ်ကနေ ကြည့်ပြီးအလွမ်းသယ်လို့ရမှာ မဟုတ်ဘူးနော် ... အဲ့ဒါကြောင့် မြန်မြန်ပဲ သွားဖွင့်ပြောလိုက်တော့ ... "
ပြန်စနောက်လာတဲ့ ခူရို့စကားကို ပြုံးရုံသာ ပြုံးရင်း မနက်စာစားခြင်းပြီးဆုံးစေလိုက်မိသည်။ အဲ့ဒီ့နောက် ခူရို့အဖေကိုရှာပေးဖို့အတွက် စီနီယာတစ်ချို့ကို ဆက်သွယ်ပြီး ခူရိုလာပေးတဲ့စာအုပ်ကိုသာ ဖွင့်ဖတ်ဖို့ကြိုးစားလိုကိတော့သည်။
💠💠💠
" !!! "
" ... !! ... !! ... "
Drumသံတွေဆူညံစွာ ထွက်နေတဲ့အခန်းလေးထဲ တစ်ယောက်တည်းစိတ်ရှိလက်ရှိ ပေါက်ကွဲနေမိသည်။ အသံအရမ်းမြင့်တာမို့ တစ်ခန်းလုံးမြည်ဟိန်းနေပေမယ့် သူကတော့ မခံစားမိနေတာမို့ ပိုပြီး အရှိန်မြင့်သွားအောင် အားထည့်တီးခတ်နေဆဲပင်။
" ကင်ဆော့ဂျင် တော်လိုက်စမ်း! ကင်ဆော့ဂျင် တော်တော့!!!!! သေသွားလိမ့်မယ် ..."
ရူးချင်တိုင်းရူးနေတဲ့သူ့လက်တွေကို အနာခံပြီး တားဆီးလာတာကတော့ ထုံးစံအတိုင်း မင်ယွန်ဂီပင်။
" … "
" ... ဆော့ဂျင် တော်တော့ "
လက်ထဲက Drum sticks ကိုပစ်လွှင့်ကာ သူ့ပခုံးတွေကို ကိုင်လှုပ်လာလေတော့ သူ ယွန်ဂီကို ကြည့်လိုက်မိသည်။ ဆူညံလွန်းတဲ့ဒရမ်သံကိုတော့ သူမခံစားမိပေမယ့် ယွန်းဂီရဲ့အသံက နားထဲတိုးဝင်လာသည်။
" အ့ "
စူးရှလွန်းတာမို့ နားနှစ်ဖက်ကို ပိတ်မိတော့ ယွန်းဂီဆီက သနားစရာအကြည့်ကိုရသည်။
" ... ယွန်ဂီ! ... ငါ .. ငါ ... မကြားရဘူး ... ငါ ခံစားလို့မရတော့ဘူး ... ယွန်ဂီ ငါ ..."
တကယ်ကိုခြောက်ခြားလာမိတော့ မင်ယွန်ဂီလက်ထဲကနေ ရုန်းထွက်ကာ သူ့နားနှစ်ဖက်ကို သူပိတ်ပြီး စူးရှနာကျင်မှုတွေထဲကနေ ရုန်းထွက်သည်။ သည်းမခံနိုင်တော့တာမို့ မျက်ရည်ကျမိတော့ ယွန်ဂီက သူ့ကို ပြန်ဆွဲယူကာ ဖွဖွလေးပွေ့ဖက်လာသည်။
" ... အဆင်ပြေသွားမှာ .. စိတ်ကိုလျော့ ... ဆော့ဂျင် ... ငိုချလို့ရတယ် ... ငိုလိုက် ဒါပေမဲ့ .. အနားယူနေတဲ့အချိန်မှာ ဘာမှ မလုပ်နဲ့ ဆော့ဂျင် ... "
တကယ်ကိုပင်ပန်းနွမ်းလျနေပြီမို့ မင်ယွန်ဂီကို ပြန်မတွန်းထုတ်မိဘဲ အလိုက်သင့်လေး ရင်ခွင်ထဲ မှီချလိုက်သည်။ ယွန်ဂီကတော့ သူ့နာကျင်မှုကို သိနေသလိုမျိုး နှစ်သိမ့်ပေးသည်။
Advertisement
" ... ငါ ... ငါ မခံစားနိုင်တော့ရင် ဘယ်လိုလုပ်မလဲ ... အဲ့ဒီ့သံစဉ်တွေကို မခံစားနိုင်တော့ရင် မကြားနိုင်တော့ရင် ငါရူးရလိမ့်မယ် ... ကျေးဇူးပြုပြီး ... တစ်ခုခုလုပ်ပေးလို့မရဘူးလား ... ငါတစ်ခုခုမလုပ်နိုင်ရင် ရူးရလိမ့်မယ် ... ယွန်ဂီ ငါ .. ငါ သီချင်းတွေ မလုပ်နိုင်တော့ရင် ... ငါနာကျင်ပြီးသေသွားရလိမ့်မယ် .. .. ငါမနေနိုင်ဘူး ယွန်ဂီ ... "
" ... ဟင်အင်း ... လုပ်နိုင်မှာပါ ... နှစ်လလောက်အနားယူပြီးရင် တပ်ထဲဝင်ရတော့မှာလေ ... အဲ့ဒီ့ကာလအတွင်း မင်းအဆင်ပြေလာမှာ ... ငါယုံတယ် မင်းက ကင်ဆော့ဂျင်မို့လို့ ငါယုံကြည်တယ် ... သီချင်းတွေ ပြန်လုပ်နိုင်မှာ ..."
နာကျင်နေတဲ့ဆော့ဂျင်ကို ယွန်ဂီပွေ့ဖက်ပြီး နှစ်သိမ့်ပေးမိတော့ ဆော့ဂျင်က ဘာမှအသံထွက်မလာတော့ဘဲ အသံတိတ်ငိုသည်။ ဆော့ဂျင်ငိုတာမျိုးက သိပ်ရှားသည်မို့ သူအံ့ဩရပေမယ့် နာကျင်မှု အနက်ကိုတော့ သူနားလည်သည်။ ကားအက်စီးဒင့်ဖြစ်ပြီးတဲ့နောက်မှာ အကြားအာရုံတစ်ချို့ထိခိုက်သွားတဲ့အတွက် ဆော့ဂျင်ဟာ အမြင့်သံတွေကို သေချာနားထောင်နိုင်ဖို့ အချိန်တစ်ခုအထိ အနားယူရမှာဖြစ်သည်။ အမြဲတမ်းမကြားနိုင်တာတော့မဟုတ်ပေမယ့် စိတ်ဖိစီးမှုများတဲ့အခါ၊ ဒေါသထွက်လွန်လာတဲ့အခါမျိုးဆို ထုံထိုင်းသွားတတ်သည်။ ဒါကို သိသိချည်းနဲ့ ကင်ဆော့ဂျင်ဟာ ခေါင်းမာစွာ ပြန်ကြားနိုင်ဖို့ အတင်းကြိုးစားနေတာဖြစ်သည်။ သို့ပေမယ့် အဲ့ဒါထက် ပိုနာကျင်နေရတဲ့အရာရှိနေတာမို့ မေ့ပျောက်ဖို့ ကြိုးစားနေတယ်ဆိုရင် ပိုမှန်လေမလား။
နှုတ်ကနေသာ ထုတ်မပြောပေမယ့် ဆော့ဂျင်အကြောင်းကို သူ နားလည်သည်။ လေးနှစ်လုံးလုံး ဆော့ဂျင်ကို အနှောင့်အယှက်ပေးနိုင်တာ ဂျောင်ဂုဆိုတဲ့ကောင်လေးတစ်ယောက်သာ ရှိပါသည်။ ဂျွန်ဂျောင်ဂု ဆိုတဲ့နာမည်ကြားရင်တောင် လှုပ်ရှားသွားတတ်တဲ့ဆော့ဂျင် ... အခုတော့ အဲ့ဒီ့ကောင်လေးရဲ့လက်ထပ်ပွဲမှာ ကိုယ်တိုင်ကောင်းချီးပေးခဲ့ရတော့ ဘယ်လောက်ထိ သေမတတ်နာကျင်နေမလဲ သူ တိုင်းတာကြည့်နိုင်သည်။ သို့ပေမယ့် အကြော တင်းလေးကင်ဆော့ဂျင်ဟာ ဘယ်လောက်နာကျင်နေလဲဆိုတဲ့အကြောင်း နှုတ်ကနေ တစ်ခွန်းတောင်မဟလာ။
ကားအက်စီးဒင့်ဖြစ်ခဲ့ပေမယ့် ဆော့ဂျင်အဖေက ဖုံးကွယ်ကာ ဆော့ဂျင်ကို တစ်ဖက်လှည့်နဲ့ စစ်မှုထမ်းစေဖို့ အမြန်ဆုံးဖြတ်ချက် ချရတာဖြစ်သည်။ အကြောင်းရင်းကတော့ အပြင်လောကနဲ့ ပြတ်တောက်စေဖို့ရယ်၊ သီချင်းတွေမလုပ်နိုင်တော့တဲ့အပြစ်တင်စိတ်ကို တားဆီးနိုင်ဖို့ရယ်ဖြစ်သည်။ သို့ပေမယ့် ဆော့ဂျင်ဖြစ်နေတာက အသည်းကွဲနေတာပင်။ တစ်ခါတလေလည်း သူ ဆော့ဂျင်ကို နားမလည်နိုင်။ ကလေးပဲရှိသေးတဲ့ကောင်လေးကို ဖမ်းဆွဲထားရင် ရပါလျက်နဲ့ ဘာကြောင့်များ လေးနှစ်လုံးလုံး လွှတ်ထားပေးရတာလဲ သူမသိ။ သူသာဆိုရင် လူကို အရင်သိမ်းပြီး နောက်မှ အချစ်တွေ ဖန်တီးမှာပင်။ ဒီနေရာမှာတော့ သူနဲ့ ဆော့ဂျင် ကွာခြားလွန်းသည်။
အခုတော့ အငိုတိတ်စပြုလာတဲ့ဆော့ဂျင်ကို သူ ပခုံးလေးပုတ်ရင်း မေးခွန်းထုတ်မိသည်။ ဆော့ဂျင်ထုတ်ပြောလာအောင် သူကြိုးစားရမှာပင်။ အဲ့ဒါမှ နည်းနည်းလောက် နေရထိုင်ရသက်သာသွားမှာ မဟုတ်လား။
" ... ဆော့ဂျင် ~~~ အဲ့ဒီ့လောက်ထိ သဘောကျနေတယ်ဆိုရင် ဘာလို့ ဖမ်းမဆွဲထားဘဲ လွှတ်ထားရတာလဲ ... ”
သူ့မေးခွန်းကိုတော့ ဆော့ဂျင်မဖြေ။ သူ ဆက်ပြောမိသည်။
" အခုတော့ လွှတ်ချရမယ့်အချိန်ကို ရောက်လာပြီ .. နာကျင်ရသမျှပေါက်ကွဲပြီး လွှတ်ချလိုက် .. ဆော့ဂျင်.."
" အဲ့ဒီလိုမလုပ်နိုင်ရင်ရော "
အသံထွက်လာသည်မို့ သူ ဆော့ဂျင်ဘေးနားထိုင်ကာ ဆော့ဂျင်ကို ကြည့်လိုက်မိသည်။ ငိုထားတဲ့မျက်ဝန်းရဲရဲတွေက သနားစရာကောင်းလွန်းသည်။
" ... မလုပ်နိုင်ရင် သိမ်းပိုက်ဖို့ကြိုးစား .. စိတ်သက်သာရာရမယ်ထင်တဲ့အတိုင်းလုပ် .. မင်းနာကျင်ခဲ့ရတာများပြီ .. ငါကအမြဲတမ်းမင်းဘက်ကပဲ ဆော့ဂျင် "
" ... ဒါပေမဲ့ သူက လက်ထပ်ပြီးတဲ့အပြင် ကလေးပါရှိနေခဲ့တာလေ ..."
ဒီစကားကိုတော့ သူ သက်ပြင်းချမိသည်။
" .. ငါတစ်ခုပြောပြမယ် ဆော့ဂျင် ... အိမ်ထောင်ကျသွားတာက အဆုံးသတ်မဟုတ်ဘူး ... သူလက်ထပ်တဲ့အချိန်ကအရမ်းကို ငယ်လွန်းသေးတယ် ... တစ်ချိန်ချိန်ကျ ငြီးငွေ့လာလို့ကွာရှင်းချင်လည်း ကွာရှင်းနိုင်တာပဲ .. မင်းမှာ မျှော်လင့်ချက်ရေးရေးရှိသေးတယ် ... မမေ့ပစ်နိုင်ရင် အနားတော့ရောက်အောင်ခေါ် ... အဲ့ဒါကြောင့် ဒီအတောအတွင်းမှာ မင်းအဖေစီစဉ်ထားပေးတဲ့အတိုင်းပဲ နာခံလိုက်ဆော့ဂျင် "
သူ့စကားမှာတော့ ဆော့ဂျင်ငြိမ်သက်သွားသည်။ သူပြောသာပြောနေပေမယ့် သူများအိမ်ထောင်ရေးပျက်ဆီးမယ့်အလုပ်မျိုး ဆော့ဂျင် မလုပ်မှန်း သူသေချာသိသည်။ ဆော့ဂျင်ကတော့ အတန်ကြာတဲ့အထိ ငြိမ်သက်နေပြီးမှ သွေးစို့နေတဲ့သူ့လက်တွေသူပြန်ကြည့်ရင်း တုံ့ပြန်လာသည်။
" ... ဟင်အင်း .. အနားခေါ်ထားရရင်တောင် ငါ သူ့ကိုမုန်းနေတော့မှာ .. ယွန်းဂီ ငါဆုံးဖြတ်ပြီးပြီ အဲ့ကလေးကို မေ့ပစ်လို့မရတာမို့ ငါ မုန်းရင်းနဲ့ နေမယ် .. ငါ နာကျင်ရတယ်ဆိုရင်တောင် ... ဒီပုံစံအတိုင်း ရူးသွားမယ်ဆိုရင်တောင် မလွှတ်ချနိုင်ဘူး ... ငါ တစ်သက်လုံးမုန်းတီးပြီးနေမယ် ... ငါ့ဖြစ်တည်မှုက ဘယ်လောက်ပဲ တောက်ပနေပါစေ ... သူ့အတွက်က အပိုပဲလေ .. သူကိုယ်တိုင်ပြောခဲ့တာပဲကို ... အဟက် ..."
ကြိမ်ဖန်ထပ်နေတဲ့စကားတွေကို ဆော့ဂျင် ရေရွတ်ရင်း ခပ်မဲ့မဲ့ပြုံးလာတော့ ယွန်ဂီ သက်ပြင်းသာ ချလိုက်မိသည်။အဲ့ဒီ့နောက် ကင်ဆော့ဂျင်တစ်ယောက် ဘာမှမဖြစ်ခဲ့သလိုမျိုး ပေါ့ပေါ့ပါးပါး သူ့အနားကနေထကာ အခန်းထဲက ထွက်ခွာသွားသည်။ ကျန်နေခဲ့တဲ့သူကတော့ ဆော့ဂျင် ထင်တိုင်းကြဲခဲ့တဲ့ပစ္စည်းတွေကို လိုက်ကောက်သိမ်းမိတော့သည်။
" ... ဆော့ဂျင် ... ဆော့ဂျင် ... မင်းကို ချစ်ရတာလည်း လွယ်တာတော့ မဟုတ်ဘူး ... "
သူ တီးတိုးလေးရေရွတ်ရင်း ခပ်ဟဟသာ ရယ်လိုက်မိသည်။ ကင်ဆော့ဂျင်ကို အသည်းနင့်အောင် သူချစ်ရပေမယ့် သူ ဘယ်တော့မှ မရွေးချယ်ပါ။ ချစ်နေရက်သားနဲ့ ဘာလို့မရွေးချယ်လဲ မေးရင် တစ်ခွန်းသာ ဖြေပါမည်။
' သိပ်ချစ်လွန်းလို့ မရွေးချယ်တာ ' ဆိုပြီးတော့လေ ..
အကယ်၍များ ကင်ဆော့ဂျင်ကို ချစ်တယ်လို့ဖွင့်ပြောပြီး ရွေးချယ်လိုက်ရင် ကင်ဆော့ဂျင်မှာ နားခိုရာ တစ်နေရာပျောက်သွားပေလိမ့်မည်။ အပေါင်းအသင်းသိပ်နည်းတဲ့ဒိကောင်လေးမှာ တစ်ဦးတည်းသော ခင်မင်ရာဆိုလို့ သူသာ ရှိသည်။ အမြဲတမ်းအခြားတစ်ယောက်အတွက် နာကျင်ခံစားနေရတဲ့ဆော့ဂျင်ကို သူ စည်းကျော်ပြီး ကြိုးစားမိရင် နားခိုရာပျောက်ပြီး အထီးကျန်နေလိမ့်မည်။ သူဟာ ဆော့ဂျင် ဝေဒနာတွေ အတွက် ဖြေဆေးမဟုတ်ပေမယ့် အနည်းဆုံးတေ့ာ ဝေဒနာတွေကို ထိန်းသိမ်းပေးထားနိုင်တဲ့ဆေးတစ်မျိုးတော့ဖြစ်ချင်ပါသည်။ အဲ့ဒီ့အတွက် ကင်ဆော့ဂျင်ကို ရဖို့ ဘယ်တော့မှ ကြိုးစားမည်မဟုတ်။ အဲ့ဒီလိုပဲ သူဟာလည်း သိပ်မကြာခင်မှာ လက်ထပ်ရတော့မယ့်သူတစ်ယောက်လေ။
သူ့ကို အချိန်အကြာကြီး ချစ်ပေးခဲ့တဲ့ကောင်ငယ်လေးတစ်ယောက်နဲ့ပေါ့ ...။ သူတွေးမိရင်း ပစ္စည်းတွေကို နေရာတကျရှိစေလိုက်သည်။
" !! "
အဲ့ဒီ့နောက် မြည်လာတဲ့ဖုန်းလေးကို ကောက်ကိုင်လိုက်မိသည်။ တခြားသူတော့မဟုတ်။ နောက်အပတ်မှာ လက်ထပ်တော့မယ့်သတို့သားလောင်းလေးဆီကပင်။
// " လူကြီး ... မလာသေးဘူးလား .. ဘယ်သူနဲ့ရှိနေတာလဲ ... ကိုယ်စောင့်နေရတာ ဆယ့်ငါးမိနစ်ရှိပြီ ... ကိုယ် အချိန်အများကြီးမရဘူးနော် " //
တည်ငြိမ်သယောင် အသံစွာစွာလေးကြားတော့ သူစိတ်ဖြေအပြုံး ပြုံးလိုက်မိသည်။ မချစ်မိသေးပေမယ့် ကြာလာရင် ချစ်မိသွားမယ်မှန်း သူသေချာသိပါသည်။
" အင်း ငါ လာပြီ ကောင်လေး .."
// " နောက်ငါးမိနစ်မရောက်ရင် ထပြန်မှာနော် .. မြန်မြန်လာ .. ဒါပဲ " //
သူနှုတ်ဆက်စကားပြောတာကို ဘယ်တော့မှ မစောင့်တတ်တဲ့ကောင်လေးကတော့ ဖုန်းကို တိကနဲ့ ချပစ်လိုက်သည်။ အဲ့ဒီ့နောက် သူသည်လည်း ဒီအခန်းကနေ အမြန်ထွက်ခွာကာ ချိန်းဆိုထားတဲ့နေရာဆီ ရောက်အောင်သွားလိုက်မိတော့သည်။
💠💠💠
Nov 04, 2022 7:12 PM
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
Me, Myself & Bad Romance
• အပိုင္း ၁၁ •
// “ ... Idol ျဖစ္သူ ဂ်င္ဟာ ဒီလကုန္ပိုင္းမွာ စစ္မႈထမ္းေတာ့မယ္လို႔ သိရွိရပါတယ္ ... ဒီေနာက္ပိုင္းမွာေတာ့ အႏုပညာလႈပ္ရွားမႈေတြ ဆက္ရွိသြားဦးမွာျဖစ္ၿပီး BTSအဖြဲ႕ဝင္ J-Hopeနဲ႔ ျပဳလုပ္ထားခဲ့တဲ့ Collaborationကိုေတာ့ ေၾကညာထားတဲ့ ရက္အတိုင္း ထုတ္လႊင့္သြားမွာျဖစ္ပါတယ္ ..." //
တီဗြီကလာေနတဲ့သတင္းေၾကာင့္ ေပါင္မုန႔္ေပၚ စေတာ္ဘယ္ရီယိုေလးသုတ္ေနတဲ့သူ႔လက္ေတြရပ္တန႔္သြားသည္။ အဲ့ဒီ့ေနာက္ တီဗြီစကရင္ထက္မၾကည့္မိဘဲ သက္ျပင္းယဲ့ယဲ့ခ်ကာ လုပ္လက္စအလုပ္ကို လက္စသတ္လိုက္မိသည္။ ၿပီးျပည့္စုံသြားတဲ့ ေပါင္မုန႔္ယိုသုတ္ကိုေတာ့ အေရွ႕မွာ ရွိေနတဲ့ ခူ႐ို႕ဆီေပးမိေတာ့ ခူ႐ိုက သူ႔ကို ၾကည့္လာသည္။
" ... တကယ္အဆင္ေျပလို႔လား ေဂ်ာင္ဂု ... "
" အင္း ... "
" လိမ္ေနတာပဲ ..."
" သိေနရင္လည္း ဘာလို႔ေမးေနေသးလဲ "
ခူ႐ို႕စကားကိုတုန႔္ျပန္ရင္း သူအတြက္ သူျပင္ဆင္ထားမိတဲ့ ေပါင္မုန႔္ယိုသုတ္ကို တစ္ကိုက္ကိုက္လိုက္မိသည္။
" .. တကယ္ပဲ အိုပါးကို မေျပာျပေတာ့ဘူးလား ... မရွင္းျပေတာ့ဘူးလား ... ဒီလိုနဲ႔ နင္ခ်စ္တဲ့သူကို နင္လက္လႊတ္လိုက္ေတာ့မွာလား .. နင္ကိုယ္တိုင္လည္း ျမင္လိုက္ရတာပဲ မဟုတ္လား ... ငါတို႔လက္ထပ္တုန္းက အိုပါးရဲ႕အၾကည့္ေတြကို ... အၾကည့္နဲ႔တင္ ဘယ္ေလာက္ခ်စ္လဲဆိုတာ သိသာေနတာကို ... ဘာျဖစ္လို႔ နင္က ဒီေလာက္ေခါင္းမာရတာလဲ .. ငါသာဆို ေျခေထာက္ပဲရရ , ေခါင္းပဲရရ, ဘာပဲရရ ဆြဲထားမွာ ..."
ဒီတစ္ခါေတာ့ သူ သက္ျပင္းခ်လိုက္မိသည္။
" ... ဟင္အင္း နင္မွားေနၿပီ ... ကိုကိုက ငါ့ကိုမုန္းေနတာ ... "
" ... ေဂ်ာင္ဂုရား ~~ ငါ ရွင္းျပေပးလိုက္ရမလား ... အိုပါး နင့္ကို အထင္မလြဲဖို႔အတြက္ ငါဘာလုပ္ေပးရမလဲ ... အိုပါးကို နင္လမ္းခြဲၿပီးကတည္းက နင့္ဆီမွာ ေပ်ာ္႐ႊင္မႈေတြ မရွိေတာ့တာ နင္သိလား ... နင္မသိေပမယ့္ ေဘးလူျဖစ္တဲ့ငါကေတာ့ အၿမဲျမင္ေနခဲ့ရတာ ... နင္သာ ဆႏၵရွိမယ္ဆိုရင္ ငါ အိုပါးကို အစအဆုံးရွင္းျပေပးမယ္ ... "
" ေတာ္ပါၿပီ ... နင္ရွင္းျပေပးရင္ေတာင္ ငါကိုကို႔ဆီ ျပန္သြားလို႔မရတဲ့ အေၾကာင္းရင္းေတြ ရွိတယ္ .. ငါကလည္း ကိုကို႔ဆီ ျပန္မသြားခ်င္ေတာ့ဘူး ... ၿပီးေတာ့ ငါတို႔ႏွစ္ေယာက္ရဲ႕စာခ်ဳပ္ကို ငါတို႔ႏွစ္ေယာက္အျပင္ တျခားလူ သိလို႔မရဘူးေလ ... "
" ဒါဆို ဘာလို႔ သြားဖက္ရတာလဲ .. ငါ ဘယ္ေလာက္လန႔္သြားလဲ နင္သိလား .."
" ... ဖက္တယ္ဆိုတာက ... စိတ္ မထိန္းႏိုင္ခဲ့လို႔ပဲ ... အနည္းဆုံး ငါ့ကို အသိတစ္ေယာက္လို ဆက္ဆံေစခ်င္ခဲ့တာ ဒါေပမဲ့ နင္ျမင္တဲ့အတိုင္းပဲေလ ခူ႐ို ... ကိုကိုက ငါ့ကို မတြန္းထုတ္႐ုံတမယ္ပါပဲ ..."
" ဟင္း ..."
သူ႔စကားေၾကာင့္ ခူ႐ိုသက္ျပင္းခ်ရင္း ဘာမွ ဆက္မေျပာေတာ့ဘဲ မနက္စာကိုသာ စားေတာ့သည္။ သူလည္း တို႔ကနန္း ဆိတ္ကနန္း စားေနရင္း သူနဲ႔ခူ႐ို လက္ထပ္ခဲ့တဲ့ေန႔ဆီ ျပန္ေရာက္ရွိသြားေတာ့သည္။
တကယ္ေတာ့ သူနဲ႔ခူ႐ိုဟာ စာခ်ဳပ္အိမ္ေထာင္ေရး တည္ေဆာက္ထားတဲ့သူေတြျဖစ္သည္။ ဘာေၾကာင့္ ဒီလိုလုပ္ျဖစ္လဲဆိုတဲ့အေၾကာင္း ေျပာျပရရင္ ခူ႐ို႕မိသားစုအေၾကာင္းကေန စေျပာရမွာပင္။
ခူ႐ို႕အေမဟာ ဆင္းရဲတဲ့ခူ႐ို႕အေဖနဲ႔လက္ထပ္ခဲ့တာေၾကာင့္ ခူ႐ို႕အဘိုးနဲ႔အဘြားဟာ အေမြျပတ္စြန႔္လႊတ္ခဲ့သည္။ ခူ႐ို႕အေမဆုံးၿပီးမွ အခက္အခဲေတြၾကားက ႀကီးျပင္းလာတဲ့ခူ႐ို႕ကိုလည္း ျပန္ေတြ႕တဲ့အခါ ခူ႐ို႕ကို ခူ႐ို႕အေဖနဲ႔ ကြဲေစျပန္သည္။ ေသြးသားမို႔လို႔ ခူ႐ို႕ကိုသာလက္ခံေပမယ့္ သားမက္ျဖစ္သူခူ႐ို႕အေဖကိုေတာ့ ခူ႐ို႕အဘိုးနဲ႔အဘြားကလက္မခံခဲ့။ ဒီလိုနဲ႔ ခူ႐ိုတစ္ေယာက္တည္း အဲ့ဒီ့အသိုင္းအဝိုင္းမွာ ႀကီးျပင္းလာရင္းကေန ႐ုတ္တရက္ ခူ႐ို႕အဘိုးဆုံးေတာ့ ေသတမ္းစာကို သိလိုက္ရသည္။ အေမြပိုင္ဆိုင္မႈနဲ႔ရွယ္ယာအားလုံးကို ခူ႐ိုက ဆက္ခံရရွိခဲ့သည္တဲ့။ သို႔ေပမယ့္ ထိုအေမြေတြဟာ ခူ႐ို အိမ္ေထာင္က်မွပဲ ဆက္ခံခြင့္ရမယ့္အျပင္ ေသဆုံးခ်ိန္ကစလို႔ သုံးႏွစ္အတြင္း ခူ႐ိုသာ အိမ္ေထာင္ျပဳၿပီး မ်ိဳးဆက္မရွိခဲ့ရင္ အေမြအားလုံးဟာ ခူ႐ို႕ဘြားေလးျဖစ္သူ၊ ခူ႐ို႕အဘိုးညီမမိသားစုဆီေရာက္မွာတဲ့ေလ။ ထို႔ေၾကာင့္ ခူ႐ို႕အဘြားက လက္မခံႏိုင္ဘဲ ခူ႐ို႕ကိုအိမ္ေထာင္ျပဳဖို႔ အၿမဲတိုက္တြန္းေနခဲ့တာျဖစ္သည္။ အစကေတာ့ ခူ႐ို႕မွာ ခ်စ္သူရွိတဲ့အတြက္ ပူစရာမလိုဘဲ ေအးေအးေဆးေဆးျဖတ္သန္းကာမွ လက္ထပ္မယ့္အေၾကာင္း အိမ္ကိုဖြင့္ေျပာဖို႔ တစ္ပတ္အလိုမွာ ခူ႐ို႕ခ်စ္သူဟာ ယာဥ္တိုက္မႈနဲ႔ ကိုမာဝင္ေနခဲ့တာျဖစ္သည္။
ကိုယ္ေလးလက္ဝန္နဲ႔ တစ္ေယာက္တည္းက်န္ခဲ့တဲ့ ခူ႐ိုကေတာ့ အ႐ူးတစ္ေယာက္လို ပူေဆြးေနခဲ့ရၿပီး အဆုံးသတ္မွာ ခ်စ္ရသူကို ႏွစ္ေတြအၾကာႀကီးေစာင့္ႏိုင္ဖို႔အတြက္ သူနဲ႔အိမ္ေထာင္ေရးစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္သည္။ သူ႔အတြက္ကေတာ့ ေရွ႕ေနတစ္ေယာက္ျဖစ္ဖို႔ ေက်ာင္းစရိတ္ေတြကို ခူ႐ိုက ရမယ့္အေမြနဲ႔ ေထာက္ပံ့ေပးၿပီး ကြာရွင္းတဲ့အခါ တစ္ဆယ္ရာႏႈန္း ေလ်ာ္ေၾကးရရွိမွာျဖစ္သည္။
သို႔ေပမယ့္ သူဘယ္လိုမွ မထင္မွတ္ထားတာက ကိုကို!
Advertisement
- In Serial10 Chapters
An Minecraft Adventure
there was an girl who spown in a forest and after, she will be infected by an enderman.note: Minecraft is not mine. It just an fanfic.enjoy.
8 88 - In Serial38 Chapters
Pride X Kämpfer ReVamp
Caelum Desanto, Caprice Steiner, Simone Alucard, and the gang of Galatea Academy are back in this the second volume of the shamelessly perverse "Pride X ReVamp" light-novels.With Galatea Academy reopening for business a mere two weeks after the destruction caused by Crimson Crescent's Familiars, Caelum and the gang are left with little choice but to pick up the pieces and carry on with the semester. As Caelum continues to make inroads toward unlocking the Kaiser's Blessing, the antagonism between Caprice and the Countess reaches new heights leaving one to savor victory and the other to lick her wounds.However, all is not fair in love and war, and when a new player enters the arena with unknown intentions toward Caprice, Caelum finds himself facing an opponent he is quite simply ill prepared to fight.Sequel to: """"Pride X Familiar ReVamp"""" available on Amazon Kindle in ebook format.Authors note: Cover Artwork is not final.
8 188 - In Serial79 Chapters
Hidden||Harry Potter various[YEAR 1-2]
"We must hide the child... even hiding her identity until then she will be safe." - Albus Dumbledore.Join Y/N's trip to Hogwarts, the wizarding world. Fun, adventure, danger, and love will be coming for her.And join her to search for her real identity.[Harry Potter various x reader]The characters and storyline are from JK Rowling and me, but some of the characters are mine. This story will have movies and book scenes.Cover book made by: @Guinealove2005Started: January 16 2020Ended: October 7 2021All Rights Reserved. Copyright. 16 January 2020 © Jihye_1aOriginal work by Jihye_1a(me)
8 111 - In Serial17 Chapters
A Bet (Completed) ~ [English]
Why people still thinking, a 'bet' just a game and can't hurt anyone...???Yin Anan WongWar Wanarat Ratsaamerat****////******English is not my first language...Sorry for the bad grammar...Pure my imagination...Enjoy it...
8 215 - In Serial38 Chapters
Baby Daddy
When Violet Conrad's best friend Eva decides to get a tattoo, the big and sexy tattoo artist Jordan Marshall makes it his mission to brand Violet permanently as well.After a one-night "mistake", Violet finds out she is expecting a baby. She is a pragmatic business woman. She has the career, the money, the apartment. She doesn't need a baby daddy.But daddy wants to be involved in his child's life from the first minute until the last - and mommy will have to learn how to deal with that.
8 292 - In Serial70 Chapters
I See You [Sesshomaru]
Akiko has been blind for as long as she can remember, but does not view it as a handicap. Accompanied by her seeing-eye dog, Tobi, she goes through life just as any other person. However, when forced to live with her aunt and cousins after a death in the family, her whole life is turned around when she travels through the well by chance. And it is there she meets a certain demon and a past life Akiko was believed to have had.©2016-2018 Madness PublishingThe only thing I own is the character Akiko, along with other additional characters, and the dialogue added in spots. Everything else belongs to the original author of 'Inuyasha'.
8 83

