《Me, Myself & Bad Romance •||• JINKOOK》【10】
Advertisement
⟨ Unicode Version ⟩
• Me, Myself & Bad Romance •
အပိုင်း ၁၀
" နိုးပြီလား ... "
မျက်ဝန်းပွင့်တာနဲ့ ရင်းနှီးနေတဲ့အသံကိုကြားလိုက်ရသည်။
" ... အင်း ... "
" သေဖို့ကနေ ကပ်သီးလေးလွတ်လာတာ သိလား ... ငါမပေးတဲ့သော့ကို ဘယ်လိုလုပ်ယူသွားတာလဲ ... ငါသာ အဲ့အခန်းကို မစစ်မိရင် ဒီအချိန် အလောင်းပဲ သွားကောက်ရတော့မှာ သိလား ..."
စိတ်ပူပြီး ဆူနေတဲ့ ယွန်ဂီကြောင့် သူပြုံးရင်း ဘေးနားက ရေဘူးကို လှမ်းယူမိသည်။ ဆေးသွင်းထားရတဲ့ဆေးပိုက်တွေက ရှုပ်ယှက်ခတ်နေတာမို့ သူ့လက်ကမရောက်။ ဆောင့်ဆောင့်အောင့်အောင့်နဲ့ ယွန်ဂီဖွင့်ပေးတဲ့ရေဘူးကိုသာ မေ့ာချရင်း ကုတင်နောက်မှီလိုက်မိသည်။
" ... အခု သေမှ မသေသေးတာလေ ..."
" ... ပြောလေ ဆိုးလေ ... ဆော့ဂျင် ... အတည်ပြောရအောင် မင်း စိတ်တွေက မငြိမ်နေဘူးမဟုတ်လား ... ဒီလိုနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတော့ရော ဘာထူးမှာလဲ သူပြန်လာတာမှ မဟုတ်တာ ..."
ယွန်ဂီစကားကြောင့် ပြုံးရယ်နေတဲ့ သူ့မျက်နှာဖျော့ဖျော့ဟာ ငြိမ်သက်သွားရင်း မကြားသလိုနေလိုက်မိသည်။ ဒီကိစ္စကို ထုတ်ပြောပြီး မဆွေးနွေးချင်။
" တွေ့လား ... ထပ်လုပ်ပြန်ပြီ .. မသိသလို မကြားသလို မရှိခဲ့ဖူးသလိုနဲ့ ... အဲ့လိုလုပ်လေ ပိုခံစားရလေမဟုတ်လား ... ဒီအတိုင်း ဖွင့်ချလိုက်ပါတော့လား "
ပခုံးကို ပုတ်ကာ ပြောလာလေတော့ သူ ယွန်ဂီကိုကြည့်မိသည်။ သူ့မျက်နှာက အေးစက်ဖျော့တော့နေတာကိုတော့ ယွန်ဂီရော ခံစားမိမယ်ထင်သည်။
" ... သူပြန်လာရအောင် ငါလုပ်နေတာမဟုတ်ဘူး ... ငါ့ကိုယ်ငါ အလုပ်ရှုပ်အောင်လုပ်နေမိတာက အပိုအတွေးတွေ မတွေးမိရအောင်လို့ ... အနည်းဆုံး စိတ်သက်သာရာရလို့လုပ်နေတာ ... ပြီးတော့ အကျိုးရှိတာပဲလုပ်တယ်လေ ... သူများတွေလို အရက်သောက်တာတွေ ... လက်ကို ဓားနဲ့လှီးတာတွေ မလုပ်ဖူးလေ ... "
ဘာမှ မဖြစ်သလို ပြောလာပြန်တော့ ယွန်ဂီက သက်ပြင်းချသည်။
" ... ထားတော့ ... အခု နှစ်ပတ်တိတိနားရမယ် ... Collaborationကိစ္စက MV Shootingပဲ ကျန်တော့တာဆိုတော့ ငါ ဟိုဆော့နဲ့ ရအောင်ညှ်ိပေးမယ် .. ညှိမရတဲ့အဆုံးမှာ ဟိုတနေ့က အကြမ်းရိုက်ထားတဲ့ cutတွေ ပြန်သုံးလိုက်မယ် "
" ဟင်အင်း ... ဒီညနေ အပြီးသတ်မယ် .. "
" ဆော့ဂျင် မရ~~ "
" သိတယ် ... အဲ့ဒီ့ကိစ္စတစ်ခုကိုပဲ အပြီးသတ်ပြီးရင် နားစေချင်တဲ့အတိုင်း နှစ်ပတ် နားပေးမယ် ... အိုခေ? ... "
နောက်ဆုံး သူ့ကို ယွန်ဂီကပဲ အလျော့ပေးရင်း စီနီယာဟိုဆော့နဲ့ Collaboration MV ကိစ္စကို ညနေပိုင်းမှာပဲ အကုန်ပြီးဆုံးအောင် လုပ်လိုက်မိသည်။
ခန္ဓာကိုယ်က 'နားပါတော့ ကင်ဆော့ဂျင်ရဲ့' လို့ပြောနေတာတောင် သူ ပေါ့ပေါ့ပါးပါးနေနေမိသေးသည်။ အခုလည်းရိုက်ကွင်းပြီးလို့ နှစ်ပတ်တိတိနားရမယ်ဆိုတော့ သူ စိတ်မကောင်းဖြစ်မိသည်။ အနားယူရတာကို သဘောကျပေမယ့် အခုချိန်မှာတော့ အနားမယူချင်သေးပါ။ အလုပ်အရမ်းများခဲ့တဲ့သူက နှစ်ပတ်တိတိလုပ်ချင်တာလုပ်ဆိုပြီး ခွင့်ရပေမယ့် သူ့မှာ လုပ်စရာအလုပ်တွေက အကလေ့ကျင့်တာရယ်၊ အသံလေ့ကျင့်တာရယ်၊ သီချင်းရေးတာရယ်၊ အဖေ့ဆီက စီးပွားရေးဆိုင်ရာ သင်ခန်းစာတွေလေ့လာတာရယ် ... ဒါပဲ ရှိသည်လေ။
" ... ဟူး ... "
ဆော့ဂျင်သက်ပြင်းချရင်း နှင်းဖွဲဖွဲကျနေတဲ့ မြင်ကွင်းကို ငေးနေမိသည်။
" ... ဆော့ဂျင်ရှီ ... မင်ပီဒီကို စောင့်နေတာလား ..."
ရုတ်တရက် အနောက်နားကနေ ထွက်လာတဲ့အသံကြောင့် သူ လှည့်ကြည့်လိုက်မိသည်။ အဖေ့ရဲ့သင်ခန်းစာအရ HYPE Labelရဲ့ ရှယ်ယာရှင်တွေထဲက တစ်ယောက်ဆိုတာ သူသိတော့ ဦးညွတ်နှုတ်ဆက်မိသည်။
" ... မင်္ဂလာပါ ... ဒါရိုက်တာရှင်း ..."
" ... အို ... အန်တီ့ကို သိတာလား ..."
" ... အာ ~~ သိရမှာပေါ့ ... ကုမ္ပဏီမှာ အရေးပါတဲ့သူပဲလေ .."
" ... အာ အဲ့လိုကိုး ..."
" ... ဒါနဲ့ ဘာကိစ္စများရှိလို့လဲခင်ဗျ "
" .. အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ ... ဒီကုမ္ပဏီမှာ ဆော့ဂျင်ရှီကပဲ လုပ်ပေးနိုင်တာမို့လို့ပါ .."
" ဟုတ် ပြောကြည့်ပါဗျ ... ကူညီနိုင်ရင် ကူညီပေးပါ့မယ် ..."
" ဒီလို ... အန်တီ့မြေးမလေးနဲ့ မတွေ့ရတာ ဆယ်နှစ်ကျော်ပြီ ... တွေ့တော့လည်း သူက မင်္ဂလာဆောင်တော့မှာလေ .. သူ့မင်္ဂလာပွဲမှာ အန်တီက ဆော့ဂျင်ရှီကို surprise အနေနဲ့ သီချင်းဆိုစေချင်တာပါ ... အန်တီ့မြေးမလေးနဲ့ အန်တီ့မြေးသမက်က ဆော့ဂျင်ရဲ့ ပရိသတ်တွေပါ ... ဆော့ဂျင်ကို အရမ်းကြိုက်တဲ့သူတွေမို့ လာပေးရင် သိပ်ကောင်းမှာပဲ ... ဆော့ဂျင်ရှီလာဖို့ အန်တီဘာလုပ်ပေးရမလဲဟင် ... မင်ပီဒီနဲ့ မန်နေဂျာကို ပြောထားပေမယ့် သူတို့က လက်မခံဘူးလေ ..."
ထိုစကားအဆုံး သူခပ်ဖျော့ဖျော့လေး ပြုံးလိုက်မိသည်။ မန်နေဂျာစကားနဲ့ မင်ယွန်ဂီစကားကို နားမထောင်တာ မဟုတ်ပေမယ့် ဒီကုမ္ပဏီကို သူမဆက်ခံခင်၊ သူ့ကိုဆက်ခံသူမှန်းမသိခင်ကတည်းက အားလုံးနဲ့ အကျွမ်းတဝင်ရှိရမှာပင်။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်မိသည်။
" ... ရပါတယ်ဗျ ... အရေးကြီးပုဂ္ဂိုလ်ကို ကူညီပေးရမှာပေါ့ ... ဘယ်နေ့လဲ သိခွင့်ရှိမလား ... ဒါရိုက်တာရှင်း ... "
" ... အချိန်အရမ်းကပ်သလိုများ ဖြစ်သွားမလား မသိပေမယ့် မင်္ဂလာပွဲက သဘက်ခါပါပဲ ... အဆင်ပြေရဲ့လား .. ဆော့ဂျင်အတွက် စိတ်ကြိုက်အဝတ်အစား အသွားအလာ အကုန်လုံးကို တာဝန်ယူပြီး စီစဉ်ပေးမှာပါ ... ဖြစ်ရဲ့လား ... "
Advertisement
" ... ရပါတယ် ... ကျွန်တော်ကဆက်သွယ်လိုက်ပါမယ် ... ကူညီခွင့်ရလို့ ကျွန်တော်က ဝမ်းသာပါတယ် .. "
" ဒါဆို စောင့်နေမယ်နော် ... အခုတော့ အန်တီသွားလိုက်ပါဦးမယ် ... "
အဲ့ဒီ့နောက် သူ့ကို ထိုအမျိုးသမီးက သူ့ကို နှုတ်ဆက်ထွက်သွားတော့သည်။ အဖေပြောပြချက်အရ သူသိထားသည်က ထိုအမျိူးသမီးမှာ တစ်ဦးတည်းသော သမီးတစ်ယောက်ရှိပြီး သူမ သမီးက ဒါရိုင်ဘာဖြစ်သူနဲ့ လက်ထပ်ခဲ့တာမို့ သူမအမျိုးသားက စိတ်ဆိုးကာ အမွေပြတ်စွန့်လွှတ်ခဲ့တာတဲ့လေ ...။ အခု သူမအမျိုးသားဆုံးတော့ ကုမ္ပဏီတွေကို သူမ အုပ်ချုပ်ရပြီးနောက်ပိုင်းမှာ သူမသမီးက မြေးမလေးမွေးထားခဲ့တာသိတဲ့အတွက် အချိန်တော်ကြာ လိုက်ရှာနေခဲ့သည်တဲ့။ ထိုမြေးမလေးကိုပဲ ဆက်ခံစေချင်ခဲ့ပေမယ့် အမွေနဲ့ပတ်သက်ပြီး အတွင်းရေးပြသနာ နည်းနည်းရှိသည်တဲ့လေ။
ဒါကတော့ သူသိသမျှအကုန်ပင်။ အဖေနဲ့လက်တွဲပြီး အလုပ်လုပ်တာကြာပြီမို့ သူ ဒီရှင်းမျိုးနွယ်အမျိုးသမီးအကြောင်းကို သိနေတာဖြစ်သည်။
" ... ဆော့ဂျင် ... ခုနက ဒါရိုက်တာရှင်း မင်းကို ဘာပြောသွားတာလဲ ... သူ့မြေးမင်္ဂလာပွဲအတွက် Guestလုပ်ခိုင်းတာမလား .."
ကားသော့ကိုင်ကာ ထွက်လာတဲ့ ယွန်ဂီစကားကြောင့် သူခေါင်းညိတ်လိုက်ရင်း ယွန်ဂီနဲ့အတူ ကားဆီလျှောက်လာမိသည်။
" ... မသွားနဲ့နော် ... နှစ်ပတ်တိတိနားရမှာ သိတယ်မလား .."
ထပ်ပြီးတားမြစ်လာတဲ့ယွန်ဂီကို အမှန်အတိုင်းပြောလို့မဖြစ်ဘူးဆိုတာ သိလိုက်ရတာမို့ သူခေါင်းညိတ်လိုက်သည်။
" အေး ... နားပါမယ်ဆိုကွာ ..."
" ... ဒါဆိုလည်း ပြီးတာပဲ .. ပြီးတော့ အခု Foto Wedding Studio ရိုက်ကွင်းက ပုံတွေ မင်းဆီပို့ထားပေးတယ်တဲ့ .. သဘောကျတဲ့ပုံတွေရွေးပြီး တင်လိုက်တဲ့ ... မင်းမန်နေဂျာမှာလာတာ .."
" ဟုတ်ပြီ ... အခုတော့ အိမ်ကိုပဲ ပြန်ရအောင် ယွန်ဂီ ..."
" အင်း .."
အဲ့ဒီ့နောက် နှင်းဖွဲဖွဲတွေကြားမှာ ကားလေးတစ်စီးဟာ အနွေးဓာတ်ပေးမယ့် အိမ်ပြန်လမ်းဆီ ဦးတည်လျက် ....။
💠💠💠
// " ဆော့ဂျင်ရှီက ပုံမှာပြထားပေးတဲ့ လျှောက်လမ်းအတိုင်း ဝင်ပြီး သီချင်းလေးဆိုပေးရင် ရပါတယ် ..."//
" အာ ~~ သိပါတယ် ... ရီဟာဇယ်မလုပ်ထားတော့ နည်းနည်း စိုးရိမ်တာပါ .."
// " ... ဆော့ဂျင်ရှီကို ယုံပါတယ် ... အကောင်းဆုံးတွေပဲ ချပြပေးမှာလေ ... ဒါနဲ့ ... ပရိုဂျူဆာမင်တို့တော့ ရောက်ပြီ ... ဆော့ဂျင်ရှီကို ကြိုဖို့အန်တီ ကားပို့လိုက်မယ်လေ ... " //
" ရပါတယ် ... ကျွန်တော် လာယူပါ့မယ် ... ဒါပေမယ့်လေ ... ကျွန်တော်လာမယ့်အချိန်က ပွဲစမယ့်အချိန်နဲ့ ကွက်တိဖြစ်နေမှာမို့ ဂုဏ်ပြုလွှာလေးအရင်ပို့ထားပေးမယ် ... ကွက်လပ်ဖြစ်နေတဲ့နေရာမှာ သတို့သားနဲ့သတို့သမီးနာမည်လေးဖြည့်ထားပေးပါနော် ..."
// " ...ဟုတ်ပါပြီ ဆော့ဂျင်ရှီ ... " //
" ... ဒါဆို ခဏနေ တွေ့ကြမယ်နော် "
အဲ့ဒီ့နောက် ဖုန်းလေးကျသွားတော့ သူ့ကိုယ်သူ မှန်ထဲ ကြည့်လိုက်မိသည်။ ပွဲအတွက် အဆင်သင့်ဖြစ်ပြီး သွားဖို့အချိန်ကပ်နေပြီဆိုပေမယ့် သူ သီချင်းဆိုမယ့်အကြောင်း မင်ယွန်ဂီက မသိတာမို့ ပွဲထဲ စောရောက်နေလို့မဖြစ်။ ထို့ကြောင့် အချိန်ကွက်တိကို စောင့်ရင်း သွားဖို့ ဆုံးဖြတ်လိုက်မိသည်။
သူလိုချင်တဲ့အချိန်ကို ရသည်ဆိုရင်ပဲ ကားသော့ဆွဲကာ မင်္ဂလာပွဲရဲ့တည်နေရာကို ဦးတည်လိုက်မိတော့သည်။ သူ ပွဲစီစဉ်တဲ့ခန်းမထဲရောက်တော့ အရှေ့ကနေမဟုတ်ဘဲ တဖက်ခြမ်းကနေ အတွင်းထဲဝင်ဖို့ ဒါရိုက်တာရှင်းရဲ့လူတွေက လာကြိုသည်။ သူလည်း ထိုအနောက်လိုက်ရင်း ကျေးဇူးတင်လွှာအတွက် ကဒ်နဲ့ ပန်းစည်းကို ယူလိုက်မိသည်။ ကျမ်းသစ္စာမကျိန်ဆိုခင် သူ သီချင်းအရင်ဆိုပေးရမှာမို့ ကမ်းပေးလာတဲ့မိုက်ကို ယူရင်း သံစဉ်တွေကို စောင့်နေမိသည်။
အဲ့ဒီ့နောက် ကျမ်းသစ္စာကျိန်ဆိုဖို့ ရပ်စောင့်နေကြတဲ့ သတို့သားနဲ့ သတို့သမီးရဲ့နောက်ကျောကို သူမြင်လိုက်ရသည်။ ရှင်းလင်းစွာ ထွက်ပေါ်လာတဲ့ သံစဉ်တွေအဆုံး စည်းချက်ညီစွာ သူ စတင်သီဆိုလိုက်မိသည်။ လျှောက်လမ်းမကြီးထဲကိုတော့ သူမဝင်ရသေး။
“ ... ♪ .. It's beautiful life ... ကိုယ်မင်းရဲ့ဘေးမှာ ရှိနေပေးမယ် … It's beautiful life ... မင်းရဲ့နောက်မှာ အမြဲရှိနေပေးမယ် … It's beautiful life .... နေရောင်တစ်ခုတည်းအောက်မှာ မင်းနဲ့ရှိရမယ်ဆိုရင် … ♪ .. အသက်ရှူနေရတာလေးကအစ သဘောကျတယ် ”
သူ့အသံကြောင့် ခန်းမထဲကလူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားသလို အကုန်လုံး အသံလာရာ အနောက်ကို လှည့်ကြည့်သည်။ သူသည်လည်း ထုံးစံအတိုင်း အပြုံးလေးတစ်ပွင့်ဆောင်ရင်း ဂုဏ်ပြုပန်းစည်းကို မ, ကာ လျှောက်လမ်းမကြီးဆီ ခြေချလိုက်သည်။
“ ... ♪ ... မင်းအမှတ်တရတွေထဲမှာ ကိုယ်ကရှင်သန်နေတာ ... ♪ ... ကိုယ့်ရဲ့ဘေးမှာပဲနေပေးပါလား ... ♪ ... beautiful my love ... beautiful your heart ...♪ .. It's beautiful life ... ဘယ်အချိန်မဆို မင်းကိုကာကွယ်ပေးမယ် ... ”
ပြုံးရင်း ကြည်နူးညင်သာစွာ သူ လျှောက်လမ်းမထက် တစ်လှမ်းလှမ်းလိုက်မိသည်။ အဲ့ဒီ့နောက် အံ့ဩမင်သက်စွာ သူ့ဘက်ကို လှည့်ကြည့်လာတဲ့ ရှေ့တည့်တည့်က သတို့သားဖြစ်သူမျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာတော့ နွေးချင်ယောင်ဆောင်ထားတဲ့သူ့မျက်ဝန်းတွေ ရုတ်ချည်းအေးခဲသွားသလို ခံစားချက်တွေ ဗလာဖြစ်သွားသည်။ သို့ပေမယ့် နှုတ်ဖျားကတော့ သူ အိမ်မှာ လေ့ကျင့်ထားတဲ့အတိုင်း သံစဉ်အလိုက် စာသားတွေကို ဖော်ကျူးနေဆဲ ...။
“ ... ♪ .. ကိုယ့်အပေါ် မင်းမှီခိုထားလို့ရပါတယ် ... It's beautiful life .. မင်းရဲ့မျက်ရည်တွေနဲ့ မင်းရဲ့အပြုံးတွေကိုလည်း ..
Advertisement
မင်းဘေးကနေ အတူမျှဝေခံစားပေးမှာမလို့ ..
♪... ရူးလောက်တဲ့အထိ မင်းကို ချစ်ခဲ့ရတဲ့နေ့တွေ .. ♪ .. မင်းကို အဆုံးရှုံးမခံလိုက်ချင်ပါဘူး ....”
နှုတ်ဖျားကသာ တည်ငြိမ်စွာနဲ့ သီဆိုလိုက်ပေမယ့် သူ့ခန္ဓာကိုယ်အတွင်းမှာတော့ အပူချိန်တွေတောင် မမှန်နိုင်။ ရုတ်ချည်းအေးစက်သွားရာကနေ ချက်ချင်းပူလောင်လာကာ အရှေ့မှာ မြင်နေရတဲ့ မင်္ဂလာစုံတွဲကို သူ ဖျက်ဆီးပစ်ချင်လာမိသည်။
မပြုံးမိတော့ပေမယ့် နူးညံ့နေတဲ့သူ့အသံကြောင့် ခန်းမအတွင်းကပရိသတ်တွေ သူဘာဖြစ်နေတယ်ဆိုတာ သတိမထားမိ။ အေးစက်တောင့်တင်းလာတဲ့သူ့မျက်ဝန်းတွေကို နားလည်ပုံရတဲ့ သတို့သားကတော့ အံ့ဩဝိုင်းစက်သွားတဲ့မျက်ဝန်းတွေကနေ တဖြည်းဖြည်း ဖျော့တော့နီရဲလာသည်။ ဟုတ်ပါရဲ့ ... နှစ်နှစ်ကာကာချစ်ခဲ့ရသလို ပစ်ပစ်နှစ်နှစ် မုန်းတီးလွန်းတဲ့ကလေးလေးဟာ အခု သူ့ရှေ့တည့်တည့်မှာ မဟုတ်ပါလား။ သူကာကွယ်ပေးမှ လုံခြုံနွေးထွေးမယ်လို့ထင်ခဲ့မိတဲ့ကောင်ငယ်လေးဟာ အခုတော့ တခြားမိန်းကလေးတစ်ယောက်ကို လုံခြုံနွေးထွေးစေတော့မှာတဲ့လား ။
အရွယ်ရောက်လာတာ သိပ်မြန်ပါလား ဆိုပြီး ဂုဏ်ယူပေးလိုက်ချင်ပေမယ့် ကိုယ့်အတွက်မဟုတ်တဲ့အရွယ်ရောက်ခြင်းကို သူ မုန်းသည်။ ကိုယ့်လက်ထဲရောက်ပြီး ကိုယ့်အပိုင်ဖြစ်ပြီးမှ အဆုံးသတ်မှာ သူများပိုင်သွားတဲ့ အဲ့ဒီ့ကလေးကို သူမုန်းသည်။
' ...♪ ...♪'
အမြင်ချင်ရဆုံးနဲ့ မမြင်ချင်ဆုံးမျက်နှာလှလှကို ဆော့ဂျင် စိုက်ကြည့်မိရင်း လျှောက်လမ်းမကြီးထက် ပုံမှန်လမ်းလျှောက်မိသည်။ သံစဉ်တွေသာစီးမျောသွားတဲ့အပိုဒ်ငယ်လေးမှာ ဆို့နင့်သွားတဲ့သူ့အသံကို မရိပ်မိနိုင်အောင် ဖြေလျော့ရင်း မွန်းကျပ်နေတဲ့ကြားကနေ ရအောင် ပြုံးပြလိုက်မိသေးသည်။ အဲ့ဒီ့အပြုံးတွေမှာတော့ အမုန်းတွေ၊ နာကျင်ခြင်းတွေ ရောယှက်နေတယ်ဆိုတာ တစ်ဖက်က ကောင်ငယ်လေး သိပါလိမ့်မည်။
အချစ်လွန်လို့ မုန်းဖို့ကြိုးစားခဲ့ရတဲ့ကောင်လေးကို တွေ့ရင် သေမတတ်ပိုင်ဆိုင်ချင်မိမှာစိုးလို့ အဆက်အသွယ်ဖြတ်ခဲ့ပေမယ့် လေးနှစ်ကြာပြီးနောက်မှာ ပြန်တွေ့လိုက်ရတာက အဲ့ဒီ့ကလေးရဲ့ မင်္ဂလာပွဲမှာတဲ့လား။
မတည်ငြိမ်နိုင်ဘဲ နာကျင်တုန်လှုပ်နေတဲ့နှလုံးသားကို ဆော့ဂျင် မရမကဖုံးဖိလိုက်မိသည်။ ဖြည်းဖြည်းချင်း နီးကပ်အောင် တည်ငြိမ်စွာ လျှောက်သွားမိပေမယ့် သူ့ခြေလှမ်းတွေယိမ်းယိုင်နေတယ်ဆိုတာကတော့ သူကိုယ်တိုင်ကလွဲလို့ တခြားသူတွေ သိမယ်မထင်။ အဲ့ဒါထက် ဘယ်ဘက်ရင်အုံနေရာကနေ စူးစူးနင့်နင့် ထိုးအောင့်လာတာမို့ အသံကို မယိုင်မိအောင် အားစိုက်သီဆိုနေရသည်။ ကိုင်ထားတဲ့မိုက်နဲ့ပန်းစည်းကို ပစ်ချပြီး ထွက်ပြေးလိုက်ချင်ပေမယ့် လေးနှစ်လုံးလုံး လွမ်းခဲ့ရတဲ့ဒီမျက်နှာကို တစ်စက္ကန့်ပိုရရင် တစ်စက္ကန့်ကြည့်ချင်မိသေးသည်။ သို့ပေမယ့် ဒီလိုဖြစ်နေမိတဲ့ သူ့ကိုယ်သူ သိပ်မုန်းသည်။
“ ... ♪ ...လောကကြီးထဲ မင်းနဲ့တစ်ပုံစံတည်းတူတဲ့အမှတ်တရတွေ ...♪ ... နောက်ထပ် ထပ်ပြီးတော့ အဲ့အတိုင်း ကိုယ့်ကိုထားခဲ့ပြန်တာပဲ ...♪ ...”
တဖြည်းဖြည်းနီးကပ်လာလေ ... ရင်ခုန်သံတွေက ပိုကျယ်လာပြီး ဂျွန်ဂျောင်ဂုဆိုတဲ့ အဲ့ဒီ့ကလေးကို ပိုမုန်းလာလေမို့ ဆော့ဂျင် လက်သီးဆုပ်လိုက်မိသည်။ သိပ်မကြာခင် ငိုချတော့မယ့်ပုံပေါ်တဲ့ ဂျောင်ဂုရဲ့မျက်ဝန်းတွေကို သူ မာထန်စွာနဲ့ လျစ်လျူရှုပြီး ဟန်ဆောင်အပြုံးတစ်ပွင့်နဲ့ ဖျော်ဖြေလိုက်မိသည်။
“ ... ♪ ... မင်းရဲ့အမှတ်တရတွေရယ် မင်းနဲ့အမှတ်တရတွေရယ် ... ♪ ... It's sorrowful life sorrowful day ... ♪ ... ဝမ်းနည်းစရာတွေကို အနိုင်မယူနိုင်သေးဘူး ...
အမှတ်တရတွေထဲမှာ ကိုယ်က ရှင်သန်မနေတော့မယ့်အထိ ...ကိုယ့်ဘေးနားကနေ ထွက်မသွားပါနဲ့ ...”
သီချင်းသံလေး အဆုံးသတ်တာနဲ့ ပရိတ်သတ်ဆီက လက်ခုပ်သံတွေ ထွက်လာတာကို သူ ခံယူရင်း ဂျောင်ဂုရှေ့ တည့်တည့်ရပ်မိသည်။ အဲ့ဒီ့တော့မှ ထိန်းမနိုင်စွာ မျက်ရည်ကျလာတာက သိပ်ချစ်ခဲ့ရတဲ့ကလေးလေး ဂျွန်ဂျောင်ဂု ...။
' အဟက်'
နှစ်ဦးသား ကြားရုံ ခပ်ဟဟလေးရယ်လိုက်မိပေမယ့် သတို့သမီးဖြစ်သူပါ ကြားသွားမယ်ဆိုတာတော့သူသိသည်။ အများအမြင်မှာတော့ သိပ်သဘောကျရတဲ့ idolက မင်္ဂလာလက်ဆောင် သီချင်းသီဆိုပေးခဲ့တာမို့ အပျော်လွန်ပြီး ငိုနေတယ်ပေါ့။ သို့ပေမယ့် ဘာကြောင့် င်ိုနေလဲ သူသိသည်။ ဂျောင်ဂု ငိုတာက သူ့ကို မြင်လိုက်ရလို့ပင်။ လေးနှစ်လုံးလုံး အဆက်အသွယ်မလုပ်ဘဲ ပစ်ထားခဲ့တာမို့ ဝမ်းနည်းပြီး ငိုတာပဲ ဖြစ်ရမည်။
" ... ပျော်ရွှင်ကြဖို့ မျှော်လင့်တယ် ..."
တိုတိုတုတ်တုတ်စကားကို ရေရွတ်ပြီး ဂျွန်ဂျောင်ဂုလက်ထဲ ပန်းစည်းကို ထည့်မိတော့ သူ့လက်ကို မသိမသာလေး ပြန်ဆွဲသည်။ ထိုအပြုအမူကြောင့် မျက်ရည်ခနေတဲ့ဂျောင်ဂုမျက်ဝန်းတွေကို ကြည့်မိတော့ သူ့ကို သိပ်သတိရကြောင်းပြောပြနေသလိုပင်။
" .. အစ်ကိုက ~~ အစ်ကိုက ဘာလို့လဲ .."
သတိရတယ်လို့ ပြောပြနေတဲ့မျက်ဝန်းကြောင့် ဆူပွက်နေတဲ့သူ့နာကျင်မှုနဲ့ဒေါသတွေ ပြေလျော့သွားသယောင်ရှိပေမယ့် သူစိမ်းဆန်စွာ အစ်ကို လို့သုံးနှုန်းလာချိန်မှာတော့ သူ့မျက်ဝန်းတွေက မထီမဲ့မြင်အကြည့်တွေ အဖြစ်ကူးပြောင်းသွားမိသည်။
" ... သတို့သမီးရှင်တွေရဲ့တောင်းဆိုမှုကြောင့် လာရောက် သီဆိုပေးတာပါ ... ဒီလက်ဆောင်ကို သဘောကျဖို့ မျှော်လင့်တယ် ..."
ပြတ်ပြတ်သားသားပြန်သုံးနှုန်းမိတော့ ဂျောင်ဂုက မျက်နှာမဲ့ကာ မျက်ရည်တွေလိမ့်ဆင်းလာသည်။ ဂျောင်ဂုဆီက မျက်ရည်တွေကို အလွန်မုန်းပေမယ့် အခုတော့ ကျေနပ်နေသလိုပင်။ ထူပူမွန်းကျပ်နေတဲ့နှလုံးသားက ဂျောင်ဂုမျက်ရည်တွေကို မြင်လိုက်ရတော့ သက်သာရာရသွားသလိုမျိုး ကျေနပ်လာသည်။ သို့ပေမယ့် အသံထွက်ဖို့ ခဲယဉ်းလောက်တဲ့အထိ နာကျင်မှုတိုးလာတာကတော့ လိမ်ညာလို့မရ ...။
" .... သတို့သား~~ ကျွန်တော့်အင်္ကျီစကို လွှတ်ပေးနိုင်မလား ... "
သူစိမ်းဆန်စွာ ဂျောင်ဂုဆွဲထားတဲ့အင်္ကျီစကို လွတ်အောင် သူ့လက်ကို ဆွဲယူလိုက်မိသည်။ တစ်ဆက်တည်းမှာပဲ တုန်လှုပ်လာတဲ့ နှလုံးသားဟာ သူ့တစ်ကိုယ်လုံးကို နာနာကျင်ကျင် ထိုးဆွနေသလိုပင်။ သူ့အဖြစ်ကို သူမုန်းတာမို့ မျက်နှာလွှဲမိတော့ ဂျောင်ဂုက ကိုင်ထားတဲ့ပန်းစည်းကို သတို့သမီးလက်ထဲပစ်ထည့်ကာ အရှေ့တည့်တည့်က သူ့ကို ချက်ချင်းပွေ့ဖက်သည်။
မုန်းတယ်ဆိုပေမယ့် တကယ်တမ်းလိုအပ်နေမိတဲ့ပွေ့ဖက်မှုလေး ရလိုက်မိတော့ သူ့နှလုံးသားဟာ တုန်လှုပ်ခြင်းကနေ မောဟိုက်လှိုက်ဖိုလာသည်။ 'အသိတရားကပ်စမ်း ... ကင်ဆော့ဂျင်ရဲ့' လို့ သူ့ကိုယ်သူပြောမိပေမယ့် နှလုံးသားက လက်မခံ။ ပြန်မပွေ့ဖက်မိဘဲ တောင့်တင်းစွာ ရပ်နေခဲ့ပေမယ့် ရင်ခွင်ထဲဝင်လာတဲ့ကောင်ငယ်လေးကို မတွန်းထုတ်ရက်ခဲ့။ သူမပိုင်တော့တဲ့ပွေ့ဖက်မှုလေးဟာ တပ်မက်ရလောက်တဲ့အထိနွေးထွေးလွန်းသည်။ သို့ပေမယ့်လည်း သူ မုန်းတီးရလောက်တဲ့အထိ အသည်းနာဖို့ကောင်းသည်။
" ... သတိရနေခဲ့တာ ..."
တိုးဖွဖွပြောလာတဲ့စကားကြောင့် အမှတ်မရှိတဲ့နှလုံးသားက တလှပ်လှပ် ခုန်လာလေလျှင် သူ့လက်တွေ တဖြည်းဖြည်း ပြန်ပွေ့ဖက်ဖို့ ကြိုးစားမိသည်။ သို့ပေမယ့် ဂျောင်ဂုပခုံးပေါ်မရောက်နိုင်ဘဲ တင်းကျပ်တဲ့ကြိုးတွေနဲ့ ချည်နှောင်တားမြစ်ထားသလို ခက်ခဲလွန်းနေခဲ့သည်။
" ... ငါကတော့ မင်းကို မုန်းတယ် ဂျွန်ဂျောင်ဂု ..."
ဒီကလေးလေးကို ဆွဲယူပွေ့ပြီး ခန်းမထဲကနေ ထွက်ပြေးချင်စိတ်ကို တားမြစ်ဖို့အတွက် သူ့နှုတ်ဖျားကနေ မုသားတစ်ချို့သုံးမိတော့ သူ့ကို ဖက်ထားရာကနေ တဖြည်းဖြည်း ဖယ်ခွာကာ သူ့ကိုမော့ကြည့်လာသည်။ ကင်မရာတွေရဲ့စုံချက်အလယ်မှာ ဂျောင်ဂု သူ့ကို မယုံနိုင်စွာ ငေးကြည့်လာပေမယ့် သူကတော့ ဂျောင်ဂု ပခုံးပေါ်တင်းကျပ်နေအောင် ပြန်ဆုပ်ကိုင်ပြီး ပြုံးလိုက်မိသည်။
ဗွီဒီယိုမှတ်တမ်းထဲမှာတော့ ဂျောင်ဂုဟာ ချစ်ရတဲ့idolနဲ့တွေ့လို့ စိတ်လှုပ်ရှားပြီး အပျော်လွန်နေတဲ့ Fanboy လေးပေါ့။ သူကတော့ ထိုfanboyလေးကို နှစ်သိမ့်ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပုံစံမျိုး။ သို့ပေမယ့် ဘာတွေဖြစ်နေတယ်ဆိုတာတော့ နှစ်ဦးသားသာ သိသည်။
သူ ငိုနေတဲ့ဂျောင်ဂုကိုကြည့်ရင်း ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားတဲ့လက်တွေ မလွှတ်ပေးနိုင်ဘဲ တောင့်တင်းလာရသည်။
ထားခဲ့တုန်းက တစ်ယောက်တည်း ထားခဲ့ပြီးတော့ အခုကျမှ သတိရတယ်ဆိုပြီး မင်္ဂလာပွဲမှာ ငိုပြနေတာက ဘာသဘောလဲ ... အခြားတစ်ယောက်ဆီ ရောက်တော့မယ့်မင်းက ဘာဖြစ်လို့ ငါ့ကို မျှော်လင့်ချက်ပေးရတာလဲ ...
အဲ့ဒီ့မျက်ရည်စတွေနဲ့ကလေးကို စိတ်ရှိလက်ရှိအော်ပြောပစ်လိုက်ချင်ပေမယ့် သူ့နာကျင်ဒေါသတွေက ဂျောင်ဂုပခုံးကို ဖျစ်ညှစ်ထားတဲ့လက်တွေမှာသာ အဆုံးသတ်သည်။ သူ့အားနဲ့ တအားဖိထားမိတာမို့ နာကျင်လာပုံရတဲ့ဂျောင်ဂုက မျက်နှာမဲ့လာပေမယ့် သူကတော့ ဆို့နင့်မှုတွေကို အားတင်းချေဖျက်သည်။
" ... ဓာတ်ပုံရိုက်ရအောင် ဂျင် ... ဒါပြီးရင် အချိန်ဇယားတွေရှိသေးတယ် ..."
ရုတ်တရက် အနားကပ်လာတဲ့ယွန်ဂီကြောင့် သူအသိစိတ်ဝင်လာမိတော့ သူ့ရဲ့တောင့်တင်းမှုတွေ အနည်းငယ်ပြေလျော့သွားသည်။ သူဘာဖြစ်နေတယ်ဆိုတာ သိနေပုံရတဲ့ယွန်ဂီကတော့ နေရာတွေကို စီစဉ်ကာ အမှတ်တရ မှတ်တမ်းပုံလေးရိုက်ဖို့ စီစဉ်ပေးသည်။ သူ့မန်နေဂျာအစ်ကိုကတော့ ဒါရိုက်တာရှင်းကို သူ ပွဲပြီးတဲ့အထိ နေလို့မရတော့တဲ့အကြောင်းနဲ့ အားနာကြောင်းစကားတွေကို ပြောနေပုံရသည်။ သူကတော့ ဘာဆိုဘာမှ မသိနိုင်တော့သလို ဂျွန်ဂျောင်ဂု တစ်ယောက်တည်းအပေါ်မှာသာ အာရုံရှိသည်။ အရေးကြီးတဲ့Guestတစ်ယောက်ဖြစ်တာကြောင့် သူ့ကိုအလယ်မှာထားကာ ခူရိုနဲ့ဂျောင်ဂုက တစ်ဖက်တစ်ချက်စီမှာပင်။
ထွက်ပြေးချင်စိတ်ကို သေချာထိန်းပြီး မင်ယွန်ဂီပြောတဲ့အတိုင်း သူရပ်နေမိသည်။ တဖျပ်ဖျပ်နဲ့ကင်မရာမီးတွေကြား သူရယ်နေခဲ့လား၊ ပြုံးနေခဲ့လား ဒါမှမဟုတ် တည်နေခဲ့တာလား သူမသိ။ သေချာတာကတော့ ခန်းမထဲမှာ လူများစွာ ရှိနေပေမယ့် သူကတော့ တစ်ကိုယ်တည်း အထီးကျန်နေသလို အရာရာ ထုံထိုင်းနာကျင်နေမိသည်။
" ... ဆော့ဂျင် ~~ ကားထဲကစောင့် ငါလိုက်ပို့မယ် မင်းမမောင်းနဲ့ ..."
ဘယ်လိုပြီးဆုံးသွားမှန်းမသိတဲ့ မှတ်တမ်းဓာတ်ပုံတွေကြားမှာ သူ့ကို ယွန်းဂီက တီးတိုးလေး လာကပ်ပြောသည်။ ခန်းမထဲက သူ ထွက်ခွာဖို့ အဆင်သင့်ဖြစ်လေလျှင် သူ ကလေးလေးမျက်နှာကိုကြည့်မိသည်။
မျက်ရည်စတွေရှိနေပေမယ့် တောက်ပတဲ့အပြုံးတွေနဲ့ တစ်ဖက်ကသတို့သမီးကို ကြည့်ကာ တွန့်ကွေးလာတဲ့နှုတ်ခမ်းလေး။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြီးပြင်းလာတဲ့ဒီကလေးရဲ့ မင်္ဂလာပွဲကို မြင်လိုက်ရတာ အခြားသူတွေအတွက်ဆို ကောင်းချီးပေးမှာဆိုပေမယ့် သူ့အတွက်ကတော့ ပျိုးထောင်ခဲ့ရတဲ့အသည်းပန်းလေးကို ခြွေချယူသွားသလိုပင်။ အုံလိုက်ကျင်းလိုက် ကပ်တွယ်နေတဲ့အသည်းပန်းလေးရဲ့အမြစ်က သူ့နှလုံးသားဗဟိုချက်တည့်တည့်မှာ တွယ်ငြိနေတုန်းမို့ ဆွဲယူထုတ်တဲ့အခါ နှလုံးသားသာ ကြွတက်နာကျင်ရသည်။
... ဆော့ဂျင် ဂျောင်ဂုကို ငေးနေခဲ့ပေမယ့် ဂျောင်ဂုကတော့ တစ်ချက်လေးတောင် မလှည့်လာခဲ့ ...။ အဲ့ဒီ့နောက် သူ ကျောခိုင်းကာ ပရိသတ်တွေကြား ဖြတ်လျှောက်မိတော့ ခပ်ယဲ့ယဲ့ကြားလိုက်ရသည်။
" ... သတို့သမီးက ကိုယ်ဝန်ရှိနေတာလေ ... အဲ့ဒါကြောင့် အမွေဆက်ခံနိုင်ဖို့ မင်္ဂလာပွဲကို ခပ်မြန်မြန်လုပ်တာ ... "
" ... ဒါပေမဲ့လည်း သတို့သားရဲ့အသိုင်းအဝိုင်းကတော့ အထည်ကြီးပျက်ထဲကပဲ လို့ကြားတယ် ... ကြည့်လေ ... အခုတောင် ဘယ်သူမှ မရှိဘူးမလား ... မင်္ဂလာဆောင်မှာလေ ...."
" ... ဘယ်လိုပဲပြောပြော ... ကလေးတောင် ရနေပြီဆိုတော့ အမွေတွေအားလုံးကို သူတို့မိသားစုပဲ ရလိမ့်မယ် ..."
ဆက်နားမထောင်ချင်ပေမယ့် အတိုင်းသား ကြားခဲ့ရတာမို့ သူ လက်သီးကို တင်းတင်းဆုပ်ရင်း ကားထဲဝင်လာမိသည်။ အဲ့ဒီ့နောက် အခုမှ ဒေါသတွေကို ပေါက်ကွဲခွင့်ရသလိုမျိုး စတီရင်ယာကို သူ ထုရိုက်နေမိသည်။
" ... ကလေး? ... ကလေးတောင် ရနေခဲ့ပြီလား .. ဂျောင်ဂုကလေ ... သားသား .. သားသားကလေ ..."
မကျေနပ်နိုင်ဘဲ သူရေရွတ်မိတော့ ပါးပြင်ထက်က ဝမ်းနည်းမျက်ရည်တွေ စီးဆင်းလာသည်။ တကယ်ဆို ဂျောင်ဂုကို သူ သေလောက်အောင်မုန်းပစ်မိပေမယ့် သူ့ဆီ ပြန်လာဖို့ မျှော်လင့်နေခဲ့သေးသည်။ ဂျောင်ဂုအကြောင်းတွေ အဆက်အသွယ်မလုပ်ဘဲ မစုံစမ်းဘူးဆိုတာကလည်း ဂျောင်ဂုအတွက် သူအချိန်ပေးချင်ခဲ့လို့ဖြစ်သည်။ လမ်းခွဲပြီး တစ်နှစ်လောက်အထိတော့ နည်းနည်းလောက်တော့ သိသေးပေမယ့် သူလက်လျော့မိတဲ့သုံးနှစ်အတွင်းမှာ ဂျောင်ဂုဟာ တစ်ခြားတစ်ယောက်ဆီ ရောက်သွားခဲ့ပြီဖြစ်သည်။
" .... ဘာလို့လဲ ... ဒါဆို ဘာလို့ ဖက်ခဲ့သေးတာလဲ . ... မင်းနဲ့ ပထမဆုံးပြန်တွေ့ရင် ဒီလိုပုံစံမျိုးကို မျှော်လင့်ခဲ့တာမဟုတ်ဘူးလေ ဂျောင်ဂု-ah ... "
လည်တိုင်ထက်မှာ ရှိနေတဲ့ ကြိုးမျှင်လေးကို ကိုင်ရင်း သူ ငိုလိုက်မိသည်။
... မပိုင်ဆိုင်နိုင်တော့ဘူးဆိုတာ သိပေမယ့် တစ်နေ့နေ့တော့ ပြန်လာနိုင်ကောင်းရဲ့ ဆိုပြီး မုန်းပြီးစောင့်နေခဲ့မိတာ ... အခုတော့ ပိုင်ဆိုင်ဖို့ မပြောနဲ့ ချစ်ခွင့်တောင်မရတော့ဘူးဆိုမှ ... ဘာဖြစ်လို့ ငါ မင်းကို တမ်းတနေရဦးမှာလဲ ...
... မမေ့နိုင်ဘူး ဟုတ်တယ်ဂျောင်ဂု .. ငါမင်းကိုမမေ့နိုင်ဘူး ... ... အဲ့ဒီ့ကောင်မလေးရဲ့လက်ကိုတွဲထားတဲ့ မင်းပုံရိပ်က ငါ့ကို ရူးတာထက် ပိုရူးစေတယ် ... ဂျွန်ဂျောင်ဂု ... ငါ ... မင်းကို မမေ့နိုင်တော့မှ ပြတ်သားနိုင်ဖို့ဆိုရင် အဆုံးထိမုန်းပစ်မှပဲရမယ် ... ... ...
... ဟုတ်တယ် ဂျွန်ဂျောင်ဂု ... အခုချိန်ကစပြီး ငါနာကျင်ရတယ် ဆိုရင်တောင်မှ မင်းကို မုန်းပြီးရှင်သန်မယ် ...
နောက်ဆုံးတော့ ဆော့ဂျင် ငိုနေမိရာကနေ မျက်ရည်သုတ်ကာ ကားသော့ကို လှည့်လိုက်မိသည်။ အငိုတိတ်သွားတဲ့တစ်ခဏမှာ စိတ်က တည်ငြိမ်လာသယောင်ရှိပေမယ့် တကယ်တမ်းကျ ဂျောင်ဂုပုံရိပ်တွေဆီမှာသာ ကပ်တွယ်နေသည်။ လက်ကိုင်ကို လှည့်ရင်း လှိမ့်ထွက်လာမိတဲ့ကားလေးဟာ လမ်းမထက် ဦးတည်ချက်မဲ့ကာ ပြေးလွှားလျက်။
ဘယ်နေရာကို ဦးတည်ရမယ်ဆိုတာ သူမသိသလို ဘယ်နေရာမှာ ဆိုက်ရပ်ရမလဲ သူမသိ။ သူ့အတွေးထဲမှာ ချစ်ရသူလက်ကို တွဲပြီး ပြုံးပျော်နေတဲ့ကောင်ငယ်လေးသာရှိသည်။ သူ့ကို ဖက်တွယ်ပြီး 'သတိရနေခဲ့တာ' လို့ ပြောခဲ့တဲ့ကောင်ငယ်လေးသာ ရှိသည်။ ဟိုးအရင်အတိတ်က သူ့တစ်ယောက်တည်းကိုပဲ ကြည့်ခဲ့တဲ့ကောင်ငယ်လေးသာရှိသည်။
... " ဒုန်း " ...
Advertisement
- In Serial14 Chapters
Book Worm
Jared Jotter book entuthsiast extreme, found himself in a place not quite like his home, and with mysterious Forces playing with his Fate.Everything he wants is for people to stop bothering him and to read a good book, that is if he coulnd't find a more exciting hobby in this new World .
8 208 - In Serial14 Chapters
Hanging on Bones
huh?... So no reincarnation for me?...****Warning! Mature Content!****I extend my arm out as far as it goes and stab myself with all my might. The blade securely lodges between my ribs. One problem solved. Finally having my hand free I immediately bend down and scoop up flickering glass candle holder. In one swift motion I straighten out, turn and throw it at the closest of my pursuers. To my surprise it's a perfect square hit and the leading veteran crashes into the headstone he was just about to jump over. It was waaay too close for my comfort. If not for this success, shortly after I would be the one lying on the ground…----------------------My first attempt at writing a book - the way i like them.
8 158 - In Serial6 Chapters
The BLOODLANDS
The story follows a young lord in which a middle-aged man reincarnated into the body and gets a second chance at using the knowledge he learns from reading in his past life. No longer bound to the world of his library and university but in a world in which if he failed not only his death but the death of others are in his hands. This concept of the book came about from having two mild heart attacks and the regrets of not being more active in my younger life. Note: The cover of the book is from a painting of Richard the Lionheart at the Battle of Arsuf (1191) during the Third Crusade where he defeated Saladin. Painting by Gustave Doré (19th century).
8 111 - In Serial24 Chapters
Night Gaunt
Meet Vanessa Blight a middle aged woman that works for a computer firm with a bunch of perverted co-workers. She has to deal with a lot of problems in her daily life. But just when life started to look up for her...she died. But that wasn't the end of her story.
8 199 - In Serial17 Chapters
Memories
What if Ah Si and Sanchai really did break up in London?Just something I started after watching Ep 40-41 air (even without subs, coz I'm crazy like that). I'm not really sure if I should continue this though lol
8 164 - In Serial26 Chapters
My mommy - IU || gxg / littlespace
Lily is high school student with a traumatic past. In order to cope, she goes into little space. When Lily is a little, she is timid and shy...but she can also get a little too naughty. Jieun is a beautiful actress and singer that is known by her stage name IU. During her hiatus, she roams around the city and bumps into Lily. Lily falls for her instantly, but does Jieun? ⚠️ Smut and Traumatic Flashbacks ⚠️
8 433

