《Me, Myself & Bad Romance •||• JINKOOK》【08】Part • 1 Final
Advertisement
⟨ Unicode Version ⟩
Me, Myself And Bad Romance
• အပိုင်း ၈ •
လက်ထဲက မီးခြစ်ကို ဆော့ကစားနေမိရင်း ဘောင်းဘီအိတ်က ခပ်မာမာအတောင့်လေးကို သူ ဆုပ်ကိုင်ထားမိသည်။ အဲ့ဒီ့နောက် ကျောင်းနံရံမှာ မှီလိုက်ရင်း ကိုကို မလုပ်နဲ့လို့ တားမြစ်ထားတဲ့ အရာတစ်ခုကို သူ လုပ်ဖို့ ချီတုံချတုံဖြစ်နေမိသည်။ မနေ့ ဆင်းရုံဆင်းပြီးကတည်းက သူ ကိုကို့ဆီက စာတွေ မကြည့်ဖြစ်သလို ကိုကို့ဖုန်းတွေကို မကိုင်ဖြစ်။ ပုံမှန်နေ့တွေလိုဆို သူ ဖုန်းမကိုင်တိုင်း ကိုကို သူ့ဆီရောက်နေပြီဖြစ်ပေမယ့် အခုကျတော့ ကုမ္ပဏီက ကိုကို့ကို စောင့်ကြည့်နေပုံရသည်။
" ဟင်း
သူ သက်ပြင်းချရင်း လမ်းခွဲဖို့ ဘယ်ကနေစပြောရမလဲ စဉ်းစားနေမိသည်။ ကိုကိုနဲ့လမ်းခွဲပြီးရင်လည်း ကိုကိုမရှိဘဲ သူနေနိုင်ဖို့မျှော်လင့်မိလိုက်သည်။
" ... နင်က ဘာကောင်မမို့လဲ ... ဂျွန်ဂျောင်ဂုအနားကို တပူးပူး တကပ်ကပ်နေရအောင်~~ အခုတော့ တူတူမရှိနေနိုင်တော့ဘူးမလား .. ဂျောင်ဂုက ကန်ထုတ်လိုက်ပြီမဟုတ်လား ..."
ရုတ်တရက် သူ့နာမည်ကြောင့် နံရံကိုမှီရာကနေ ကျောလေးမတ်ရင်း နားလေးစွင့်လိုက်သည်။ အဲ့ဒါထက် ဒီနေရာကို ဆေးလိပ်ခိုးသောက်တဲ့စီနီယာကြီးတွေကလွဲ သိပ်မလာကြတာမို့ အခုရောက်လာတဲ့မိန်းကလေးတွေက ဘယ်သူတွေများလဲ သူ စူးစမ်းမိလိုက်သည်။
" ... ရန်ဖြစ်ချင်စိတ်မရှိဘူး ဖယ်နေ ..."
ရင်းနှီးပြီးသား သူငယ်ချင်းမရဲ့အသံမို့ သူမျက်မှောင်ကြုတ်ရင်း ထိုနေရာကို လှမ်းကြည့်မိသည်။ မသုံးတော့တဲ့ ကျောင်းဆောင်ကြားမှာ မြင်လိုက်ရတာက ရှင်းခူရိုကို ဝိုင်းထားကြတဲ့သုံးယောက်ပင်။ ဘယ်အတန်းကလဲတော့ သူမသိ။
" ... ငါကတော့ ရန်ဖြစ်ချင်တယ် ဘယ်လိုလုပ်မလဲ .."
ပြောပြောဆိုဆို တစ်ဖက်ကကောင်မလေးက ခူရို့ဆံပင်ဆွဲကာ ခြေထောက်ကို ကန်လာတာမို့ သူ ထိုနေရာကို ရောက်အောင် သွားမိသည်။ ခူရိုကလည်း ငြိမ်ခံသူမဟုတ် တစ်ဖက်က ကောင်မလေးကို ဆံပင်ပြန်ဆောင့်ဆွဲကာ အနိုင်ရဖို့ ကြိုးစားပေမယ့် သုံးယောက်တစ်ယောက်မို့ ကြားထဲ ညှပ်နေသည်။
" .. နင်တို့တွေ .. တော်စမ်း!! "
ခူရို့ဘက်ကနေ တစ်ဖက်သူတွေကို ဆောင့်တွန်းကာ ခူရိုရှေ့ ကာမိတော့ ကျန်တဲ့ကောင်မလေးတွေ လန့်သွားကြသည်။
" ဂျောင်~~ ဂျောင်~ ဂျောင်ဂု ~~ "
" ... ရုံးခန်းထိရောက်ချင်လား ... သက်သေရှိတယ်နော် ... "
" အာ ~~ အဲ့လိုမဟုတ် ~~ "
" သွားတော့ နောက်တစ််ခါ ငါ့သူငယ်ချင်းကို မထိနဲ့ ... မိန်းကလေးဖြစ်နေရင်လည်း ငါညှာမှာ မဟုတ်ဘူး ..""
စူးရဲစွာ ကြည့်ရင်း ပြောမိတော့ ထိုကောင်မလေး သုံးယောက်က သူနဲ့ခူရိုကို ကျောခိုင်းရင်း ထွက်သွားတော့သည်။ အဲ့ဒီတော့မှ သူ ခူရိုကို လှည့်ကြည့်မိတော့ သွေးစို့နေတဲ့နှုတ်ခမ်းထောင့်ကို မြင်လိုက်မိသည်။
" ... နေပါဦး ... နင်က ဘယ်တုန်းက ဒီလိုပုံစံဖြစ်သွားတာလဲ ရှင်းခူရို "
" ... ငါကအမြဲဒီလိုပဲဟာ ... "
သူမေးမိတော့ ခူရိုက သူ့မျက်နှာကို မကြည့်ဘဲ ပြန်ဖြေလာသည်။ ဟိုတနေ့ နမ်းပြီးကတည်းက ခူရိုဟာ သူ့ကို ရှောင်နေခဲ့သည်။ အဲ့ဒီ့အချိန်ကတည်းက တပူးပူးတတွဲတွဲဖြစ်ခဲ့တဲ့ခူရိုဟာ သူနဲ့ မရှိနေတာကြာခဲ့ပြီဖြစ်သည်။
" ဘာကို ဒီလိုလဲ ... ရှင်းခူရို ... နင်က ခပ်အေးအေးကောင်မလေးတစ်ယောက်ပါ ... ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံပြောင်းသွားရတာလဲ "
သူသိခဲ့တဲ့ရှင်းခူရိုနဲ့မတူဘဲ ခပ်ဆိုးဆိုးရှင်းခူရိုဖြစ်နေသည်မို့ သူမေးလိုက်မိသည်။
" ... မဟုတ်ဘူး ... ငါကအစကတည်းက ဒီလိုပုံစံပဲ ... နင်သိထားတဲ့ရိုးရိုးအေးအေးရှင်းခူရိုက ဂျွန်ဂျောင်ဂုကို ခင်ချင်လို့ ဟန်ဆောင်ထားတဲ့ပုံစံချည်း .. ဒါကမှ ငါ့ပုံစံပဲ ဂျွန်ဂျောင်ဂု ... စိတ်ဆိုးလား ဂျောင်ဂု "
အပြစ်ရှိသလိုပြောလာလေတော့ သူ့မျက်ခုံးပင့်တင်မိရင်း သက်ပြင်းချလိုက်မိသည်။ စိတ်တော့မဆိုးပေမယ့် အံ့ဩရတာကအမှန်ပင်။ သူ မထင်မှတ်ထားတဲ့ပုံစံကို မြင်လိုက်ရသည်မို့လေ။
" ... ဒါဆို studying cafeတွေဆီ သွားခဲ့တာတွေ ... ရည်းစားဟောင်းဆိုပြီး လာနှောင့်ယှက်တာတွေကရော ... ငါ့ကို ဘာတွေ ညာထားသေးလဲ နင် ..."
" သေချာပေါက် ညာထားတာပေါ့ ... ဒါပေမဲ့ နင့်ကျေးဇူးနဲ့ ငါလည်း သေချာစာလုပ်ဖြစ်တယ်လေ ... ပြီးတော့ ရည်းစားဟောင်းတွေကကျ တကယ်ပဲ .. ငါလိမ်ထားတာရယ်တော့မဟုတ်ပါဘူး ... နင့်အနားမှာ ငါကလွဲလို့ ဘယ်သူမှ မရှိစေချင်လို့ အဲ့လိုနေနေတာ ... ပြောရရင် နင့်ကို ကြိုက်တဲ့သူမှန်သမျှ ငါရှင်းထုတ်နေတာ ..."
မထူးတော့ဘူးဆိုပြီး အကုန်ပြောချနေပုံရတဲ့ရှင်းခူရိုကြောင့် သူ ရယ်လိုက်မိသည်။ တကယ်ဆို စိတ်ဆိုးသင့်တာ ဆိုပေမယ့် သူ စိတ်မဆိုးနေ။ သူနဲ့ခူရိုကြားမှာရှိတဲ့ သူငယ်ချင်းဆက်ဆံရေး ပျောက်ပျက်သွားမှာကိုပဲ သူ စိုးရိမ်ပါသည်။ အလယ်တန်းနှစ်တွေ တစ်လျှောက်လုံး သူ့အနားမှာ ဆိုးအတူ ကောင်းအတူ ရှိပေးခဲ့တာမဟုတ်လား။ အဲ့ဒါက အလိမ်အညာဆိုရင်တောင်မှပေါ့။
" ...နင်က ဘာရယ်တာလဲ ဂျောင်ဂု! .. စိတ်မဆိုးဘူးလား ... စိတ်မတိုဘူးလား ... ငါနင့်အပေါ်မှာ အများကြီး အမှားတွေလုပ်ထားတယ်နော် "
သူရယ်နေတာကို အံ့ဩဟန်နဲ့မေးလာတော့ သူခေါင်းခါလိုက်မိသည်။
" ... မဆိုးပါဘူး .. ငါ့မှာ သူငယ်ချင်းဆိုလို့ နင်ပဲရှိတာလေ ... ဒါပေမဲ့ ငါ့ကိုကြိုက်တဲ့သူတွေကို လိုက်ရှင်းထုတ်နေတယ်ဆိုတော့ ဘယ်လိုလဲ ရှင်းထုတ်လို့ရရဲ့လား .. ."
" .. .. ဘယ်ရမလဲ ... နင်က ချစ်ဖို့ကောင်းတာကိုး ... အဲ့ဒါကြောင့် ဟိုတစ်နေ့က ငါတောင် ~~ "
ပြောနေရင်းမှ ရပ်တန့်ကာ မှားပြီဆိုတဲ့ပုံစံဖြစ်သွားတာမို့ သူလည်း ရယ်နေရင်းကနေ မျက်နှာတည်လိုက်မိသည်။
Advertisement
" ... "
" ... တောင်းပန်ပါတယ် ဂျောင်ဂု ..."
" .. "
" ... ငါ .. ငါနင့်ကို နမ်းခဲ့မိတဲ့အတွက် .. ဒါပေမဲ့ ...နင်စိတ်ချ ... ငါ နောက်တစ်ခါ ထပ်မလုပ်တော့ဘူး... ငါကတိပေးတယ်! .. ငါက ကောင်လေးတွေအများကြီးနဲ့တွဲတတ်ပေမယ့် ... နင့်အပေါ် အဲ့လို စိတ်မရှိဘူး ... အစကတော့ ကြိုက်ပေမယ့် နင်နဲ့ခင်ပြီးနောက်ပိုင်း အဲ့လိုထပ်မရှိတော့ဘူး .. တကယ်ပြောတာ ... ငါ ထပ်မလုပ်တော့ဘူး ... ငါ့ကို စိတ်မတိုပါနဲ့ ... ငါ့ကို သူငယ်ချင်းအဖြစ်ကနေ မစွန့်လွှတ်နဲ့ ..."
သူငြိမ်သက်မိနေတဲ့အပေါ် အထင်တစ်မျိုးရောက်သွားပုံပေါ်တာမို့ တရစပ်ပြောချလာတော့ ထုံးစံအတိုင်း သူ ထပ်ရယ်လိုက်မိသည်။ ပြောရရင် သူလည်း ခူရိုကို ညာခဲ့တာရှိတာပဲ။ ကိုကိုနဲ့ တွဲနေတာကို လိမ်ပြီး ကိုကို့ကို သူ့အစ်ကိုပါလို့ ပြောထားတာလေ။ အဲ့ဒါအပြင် ကိုကိုက နာမည်ကြီးတဲ့တက်သစ်စ " ဂျင် " ဆိုတာလဲ ခူရိုက မသိဘူးလေ။
" ... အဟမ်း .. စိတ်ထဲတော့ ဘာမှ မရှိပေမယ့် ... တစ်ခုခုပြန်လုပ်ပေးရမယ်မဟုတ်လား ... နင်ငါ့အပေါ်မှားထားတာတွေက အရမ်းများနေပြီ ... ဒီအတိုင်း ခွင့်လွှတ်ပေးလိုက်ရင် လွယ်ရာကျတယ်လေ ..."
" ဒါဆို ဘာပြန်လုပ်ပေးရမလဲ ပြော ... ကြိုက်တဲ့မုန့်ဆိုင်ကိုခေါ်သွား ငါရှင်းမယ် ဂျောင်ဂု .."
" ဟင်အင်း မုန့်က ငါ့ဟာနဲ့ ငါဝယ်စားမှာ ... နင်က ငါနဲ့တူတူ ကျောင်းပြေးရုံလေးပဲ "
" ဟင် "
သူ့စကားအဆုံးမှာတော့ သူမမျက်ဝန်းတွေပြူးကျယ်သွားသည်။ ဟုတ်ပါရဲ့ ... သူတစ်ခါမှ ဒီလိုကျောင်းပြေးတယ်ဆိုတာ မရှိဖူးဘူးလေ။
" ... ဂျောင်ဂု ... နင် .. "
" အင်း ကျောင်းလစ်ချင်တယ် .."
" အင်း ... လစ်မယ် .... ငါအဖော်လုပ်ပေးမယ် ဂျောင်ဂု ဒါပေမဲ့ ဒီနံရံကနေ ကျော်ထွက်ရမှာနော် ... လုပ်နိုင်ပါ့မလား ... "
" ... ငါလား ... လုပ်ကြည့်မယ်လေ .. လုပ်နိုင်မှာပေါ့ ... နင်ရော ..."
" ... ငါက အတွေ့အကြုံရှိပြီးသားလေ .. ဂျောင်ဂုရား ..."
အဲ့ဒီ့နောက် ခူရိုက ရှုပ်ပွနေတဲ့ဆံပင်တွေကို သပ်ရပ်အောင် ပြင်ဆင်ရင်း ကျောင်းနံရံပေါ်ကို ကျောက်တုံးတွေကနေတစ်ဆင့် ကျော်ခွကာ လျောလျောလျူလျူ အပြင်ရောက်သွားသည်။ သူလည်း တစ်ခါမှတော့ မလုပ်ဖူးပေမယ့် ပထမဆုံးအနေနဲ့ ခူရို့အကူအညီကြောင့် လျောလျောလျူလျူပင်။ ဒါပေမဲ့ ခြေထောက်မှာတော့ ခြစ်ရာနည်းနည်းလေး ရခဲ့သေးသည်။
ထိုနေ့က သွားနေကျ အချိန်ပိုတွေလည်း မသွားဘဲ၊ Studying Cafe လည်း မသွားဘဲ သူနဲ့ခူရို တစ်နေကုန် စိတ်လွတ်ကိုယ်လွတ်လျှောက်လည်ရင်း ပျော်ရွှင်ခဲ့ကြပါသည်။ သို့ပေမယ့် ..
" ... ဝါး … အိုပါးကတော့ Album အသစ်ထုတ်ပြန်ပြီပဲ ...ဒီတစ်ခါတော့ ငါ မဝယ်နိုင်တော့ဘူး ..."
ရုတ်တရက် စတိုးဆိုင်ရှေ့ထိုင်ရင်း Bus carမှတ်တိုင်က Boardကို မြင်လေတော့ ခူရို့ဆီက အသံထွက်လာသည်။ သူပါ ကြည့်မိတော့ ကိုကို့ album အသစ်အတွက် ကြော်ငြာBoardပင်။
" ... အင်း ~~ ဒီတစ်ခါ ငါလည်း မဝယ်ဘူး "
လှပသေသပ်လွန်းတဲ့ကိုကို့ပုံရိပ်ကို သူကြည့်ရင်း ဝမ်းနည်းစွာ သူပြောမိတော့ ခူရိုက သူ့ကိုကြည့်သည်။
" မယုံပါဘူး ဂျင်ရဲ့ထွက်သမျှပစ္စည်းတိုင်း နင်ဝယ်နေကျပဲကို .... နင့်ကိုယ်ပေါ်မှာ ဂျင်နဲ့ မပတ်သက်တဲ့ပစ္စည်းဘယ်နှစ်ခုရှိလို့လဲ .. ကြည့် ... ကျောပိုးအိတ်ကသော့ချိတ်တောင် သူ့ပုံပဲမလား ..."
အမှုမဲ့အမှတ်မဲ့စကားပေမယ့် သတိပေးသလိုဖြစ်သွားတဲ့ခူရို့စကားကြောင့် သူ ကျောလေးမတ်သွားမိသည်။
ဟုတ်သား ... သူ့ဆီမှာ ကိုကိုနဲ့ပတ်သက်တာတွေပဲရှိတာကို ဘယ်လိုလုပ် ကိုကို့ကိုမေ့ပြီးလမ်းခွဲဖို့ဖြစ်နိုင်မှာလဲ ... ဘယ်လိုလုပ်မှ ကိုကိုနဲ့အဝေးမှာနေနိုင်မှာလဲ ... အခုတောင် ... အခုတောင် ခူရိုနဲ့ ပျော်အောင်နေပြီး ကိုကို့ကို မတွေးမိဖို့ ကြိုးစားနေတာ တကယ်အဆင်မပြေနေဘူးလေ ...
တွေးရင်းနဲ့ ဂျောင်ဂု စိတ်ရှုပ်လာသည်မို့ သက်ပြင်းချကာ မျက်မှောင်ကြုတ်ရင်း ခေါင်းငုံ့လိုက်မိသည်။
" ရား ... ဂျွန်ဂျောင်ဂု ... ဘာဖြစ်နေတာလဲ ... ငါမရှိတဲ့အချိန်အတွင်း ဘာစိတ်ညစ်စရာရှိလို့လဲ ... အိုပါးရဲ့ Dating scandal ကြောင့်လား ... အဲ့ဒါဆို ငါနှစ်သိမ့်ပေးမယ် ..."
ခူရို့စကားကြောင့် သူ ရင်မောစွာ ပြုံးရင်း ခူရို့ကို ကြည့်မိသည်။
" ... အဲ့လိုကြီးပြုံးမနေနဲ့ ... ဂျင်အိုပါးက ... ဘယ်သူ့နဲ့မှ မတွဲနိုင်သေးပါဘူး .. ဓာတ်ပုံတွေကလည်း တခြားတစ်ယောက်ပဲဖြစ်မှာပါ .... အဲ့ကိစ္စကို မတွေးနဲ့တော့ ..."
သူ့ကို အထင်လွဲပြီး နှစ်သိမ့်ပေးဖို့ ကြိုးစားနေပုံရတာမို့ သူခေါင်းခါရင်း ခူရို့ကို အမှန်တိုင်းပြောဖို့ ကြိုးစားမိသည်။
" ... နင်သိလား ခူရို ... အဲ့ဒီ့ဓာတ်ပုံတွေက အမှန်ပဲဆိုတာ "
" ဟင် ... "
" ... Dating scandal ထွက်ထားတဲ့ပုံတွေက အမှန်ပဲ ... နင်တို့ရဲ့ဆော့ဂျင်အိုပါးက .. ကောင်လေးတစ်ယောက်နဲ့တွဲလာတာ တော်တော်ကြာနေပြီ "
" ဟင်? ဘာ? မဖြစ်နိုင်တာ ...လာမနောက်နဲ့ .. အချိန်ကောင်းမဟုတ်ဘူး ..."
" မနောက်ဘူး ... သေချာနားထောင် .... လန့်မသွားနဲ့ မအော်နဲ့ ..."
လိမ်ထားတာတွေကို အမှန်တိုင်းပြောပြီးနောက်မှာ ပိုပွင့်လင်းလာတဲ့ခူရို့အကျင့်စရိုက်ကြောင့် သူကြိုသတိပေးမိတော့ ခူရိုက ခေါင်းညိတ်ကာ သူ့ကိုပိုအာရုံစိုက်လာသည်။
" ... တကယ်တော့ အဲ့ဓာတ်ပုံထဲက ကောင်လေးက ငါပဲ ရှင်းခူရို ... ငါတို့တွဲလာတာ လေးနှစ်ရှိပြီ"
" ဘာ!!!! "
မအော်နဲ့လို့ ကြိုမှာထားတာတောင် အသံက ကျယ်လောင်စွာ ထွက်လာသည်မို့ လူတွေက ကွက်ကြည့်ကွက်ကြည့်ပင်။
Advertisement
" မဟုတ်သေးဘူးဂျောင်ဂု ... အခု နင်က ဆော့ဂျင်အိုပါးနဲ့ တွဲနေတယ်လို့ ပြောလိုက်တာလား ... နင်ကလေ .."
" အင်း ~~ သူ idolမဖြစ်ခင်ကတည်းက ငါတို့တွဲခဲ့ကြတာ ... ပြီးတော့ ငါပြောတဲ့ ကိုကိုဆိုတာကလည်း ဂျင်ကိုပြောတာပဲ ခူရို ... အစ်ကိုလို့ ပြောထားပေမယ့် တကယ်က တွဲနေကြတာ ... ဆောရီးခူရို ... နင်နဲ့မခင် ခင်ကတည်းက တွဲခဲ့ကြတာမို့လို့ နင့်ကို မပြောပြမိတာ ... ဒါပေမဲ့ အခုတော့ ပြောပြသင့်ပြီထင်လို့ ...."
လှုပ်ရှားသွားလာတဲ့လူတွေကို ကြည့်ပြီး သူပြောမိတော့ ခူရိုက အံ့အားသင့်ကာ ခဏတာ ငြိမ်သက်ရင်း သူ့ဆီက ထွက်လာမယ့်စကားလုံးတွေကို ထပ်စောင့်သည်။
" ... ဒါပေမဲ့ ... အခုတော့လမ်းခွဲရတော့မယ် ... ငါတကယ်မလုပ်ချင်ပေမယ့် လုပ်ရတော့မယ် ... ကိုကို ငါ့ကို အသာတကြည်လမ်းခွဲပေးအောင် ငါဘာလုပ်ရမလဲ ... ဘာကိုမှ မရိပ်မိဘဲ လျောလျောလျူလျူကျောခိုင်းသွားအောင် ငါဘာလုပ်ရမလဲ "
တကယ်ရင်ထဲတင်းကျပ်နေတဲ့အဖြေကို မေးမိတော့ ခူရို့မျက်ဝန်းတွေ ထပ်ပြီး ဝိုင်းစက်သွားပြန်သည်။
" လမ်းခွဲမယ်? ဘာကြောင့်လဲ သတင်းတွေကြောင့်လား ... ဒရာမာထဲကလို အေဂျင်စီဘက်က လမ်းခွဲဖို့ နင့်ဆီလာပြောလို့လား ... ဒါမှမဟုတ် .. ဂျင်အိုပါးက နင့်ကိုအပျော်ကစားနေလို့လား ..."
" ဟင်အင်း ... လမ်းခွဲချင်တာက ငါ့ဘက်က ... ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိလို့ လမ်းခွဲချင်တာ ... ဒါပေမဲ့ ကိုကိုကတော့ လမ်းခွဲပေးမှာမဟုတ်ဘူး .. ငါနဲ့တွဲနေတယ်ဆိုတာ သူ့ဘက်ကအတည်ပြုချင်နေတာ ... ငါကငြင်းနေလို့ စကားများမလိုတောင်ဖြစ်နေသးတယ် ..."
" ... ဒါဆို အိုပါးက နင့်ကို တကယ်အလေးအနက်ထားတာပေါ့ ... အိုပါးက နင့်ကို တကယ်ချစ်တာပေါ့ ... "
" ~~ အင်း ~~ အဲ့လိုထင်ရတာပဲလေ .."
" ဒါဆို နင်ကရော ... နင်ရော အိုပါးကို တကယ် ချစ်လား ... "
ခူရိုရဲ့မေးခွန်းမှာတော့ သူ့ရင်ထဲ တင်းကျပ်လာသည်။ သူ့ကိုယ်သူမေးနေမိတဲ့မေးခွန်းကို ခူရို့ဆီက ကြားရတော့ သူခေါင်းခါလိုက်မိသည်။
" ... ငါမသိဘူး ခူရို ... "
" ... မသိဘူး? မသိဘူးဆို ဘာလို့တွဲခဲ့သေးလဲ ... နင်လည်း သဘောကျနေလို့တွဲခဲ့တာ မဟုတ်ဘူးလား ... "
" ... အင်း ~~ ငါသဘောကျတယ် ... ကိုကိုငါ့ကိုဂရုစိုက်ပေးတာတွေ ~~ ငါ့ကိုဦးစားပေးတာတွေ ~~ ငါ့ကိုကာကွယ်ပေးတာတွေ ~~ ငါ့အတွက် လုပ်ပေးခဲ့တာတွေ ~~ အနစ်နာခံတာတွေ အကုန်သဘောကျတယ် ... ဒါပေမဲ့ ငါ အခု ကိုကိုနဲ့ရှိနေရတာ မပျော်တော့ဘူး ... အဲ့ဒီ့စကားတွေကိုပဲ ကြားယောင်နေပြီး ... နာကျင်ရတယ် ... "
ပြောရင်းနဲ့ ရင်ထဲမွန်းကျပ်လာသည်မို့ သူ မျက်ရည်ဝိုင်းမိတော့ ခူရိုရဲ့လက်တစ်ဖက်က သူ့ပခုံးပေါ်ရောက်လာသည်။
" ...အိုပါးက နင့်ကို နာကျင်အောင် ဘာစကားတွေပြောလိုက်လို့လဲ ..."
" ဟင်အင်း ... ကိုကိုက ငါ့ကို နာကျင်အောင် ဘယ်တော့မှ မလုပ်ဘူး ... အဲ့ဒီ့စကားဆိုတာက .. ငါ့မိဘတွေနဲ့ပတ်သက်တဲ့တစ်ခုခုပါ ... အခုချိန်မှာတော့ ငါသေချာမပြောပြနိုင်သေးဘူး ~~ "
" ဒါဖြင့်ရင် နင်မပြောပြနိုင်တဲ့ကိစ္စက နင့်ကိုကိုနဲ့ပတ်သက်နေလို့လား ..."
" တိုက်ရိုက်တော့မဟုတ်ပေမယ့် ပတ်သက်နေသေးတယ် . "
" အဲ့ဒီတော့ နင်က လမ်းခွဲချင်နေတာလား ... နင်လမ်းခွဲချင်တာကို နင့်ကိုကိုက သဘောမတူတာလား ..."
" အင်း "
အဆုံးသတ်မှာတော့ စကားဝိုင်းလေးတိတ်ဆိတ်သွားသည်။ သူ့ဆီကစကားသံထပ်မထွက်လာသလို ခူရိုကလည်း တစ်ခုခုကို စဉ်းစားနေဟန်ပင်။
" .. ငါ့စိတ်ထင်တာပြောရရင် ... နင်က အိုပါးကို မချစ်မိသေးဘူးနဲ့တူတယ် ... အိုပါးက နင့်ကိုဂရုစိုက်ပေးလို့ ... အဲ့ဒါတွေကို နင်သဘောကျနေတာနဲ့တူတယ် ... ဂျောင်ဂုရား ... ငါက နငါ့သူငယ်ချင်းဆိုတော့ နင့်ဘက်ကပဲနေမယ် ... နင့်ကိုယ်နင်သေချာအောင်ပြန်မေး ... နင် အိုပါးကိုချစ်လားလို့ ... ချစ်တယ်ဆိုရင်တော့ စိတ်ခုနေတာကို ရအောင်ညှိပြီး တွဲပါ ... "
" ..."
" အေး ... နင်မချစ်မိသေးဘူးဆိုရင်တော့ .. လမ်းခွဲလိုက် ... နင်ရော အိုပါးရော မနာကျင်ရတော့ဘူးပေါ့ ... ဒါပေမဲ့ နင်ကတော့ လမ်းခွဲပြီးမှ မချစ်မိသွားစေနဲ့ ... အဲ့ဒါက အရမ်းနာကျင်ရတယ် .... ကိုယ့်မှာရှိနေတုန်းက တန်ဖိုးမထားဘဲ သူများလက်ထဲရောက်မှ ပြန်လိုချင်တဲ့ခံစားချက်လိုမျိုး အရမ်းမုန်းဖို့ကောင်းတယ်လေ ... "
ပခုံးကိုပုတ်ကာ အကြံပေးလာတဲ့သူငယ်ချင်းမရဲ့စကားသံအဆုံး သူ ငိုချလိုက်မိသည်။ ဘာကြောင့်ငိုတယ်ဆိုတာတော့သူမသိ။ သူ့စိတ်တွေ မွန်းကျပ်ရှုပ်ထွေးနေသည်။ အချစ်တွေ၊ ဘာတွေ မစဉ်းစားနိုင်တော့ဘဲ ကိုကို့နဲ့ဇာတ်လမ်းပြီးချင်နေတာပဲ သိတော့သည်။
" ... ငိုလိုက် ဂျောင်ဂုရား ... ငိုချလိုက် ... နင်လမ်းခွဲတာကို နင့်ကိုကိုလက်ခံဖို့ကတော့ ငါ့ထက် နင်ပိုသိမှာပါ ... နင်ဘာလုပ်ရင် သူ့ဘက်က စိတ်ကုန်မယ်ဆိုတာလေ ... .."
" .... "
" ...အိုက်ရီဂူး ... ငါတို့အိုပါးကတော့ သနားစရာပဲ ... မကြာခင်မှာ လမ်းခွဲခံရတော့မယ် ... ဒီလောက်ပြည့်စုံတဲ့အိုပါးကို လမ်းခွဲမယ့်ကောင်လေးကို သတ်ပစ်ချင်လိုက်တာ ... တကယ်ပဲ ... "
ဆက်တိုက်ကို မျက်ရည်ကျနေတာမို့ ခူရိုက ကိုကို့ကြော်ငြာဘုတ်တွေကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလာလေတော့ သူမျက်ရည်တွေကို သုတ်ပစ်လိုက်မိသည်။ အဲ့ဒီ့နောက် သူ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချက်ချင်းချလိုက်မိသည်။
... ဟုတ်တယ် ... လမ်းခွဲရမယ် ... အခုချိန်မှာတော့ သူ့ကိုယ်သူ မသိသေးပေမယ့် လမ်းခွဲပြီးမှ ခူရိုပြောသလိုမျိုးဖြစ်လာရင်လည်း အဲ့ဒီ့အတိုင်း သူ လက်ခံမယ် ... ကိုကို့ကို သူ ချစ်လား မချစ်လားဆိုတာ သူသိဖို့အတွက် အနည်းဆုံး သူ ကြိုးစားကြည့်ဖို့လိုပါသည် ... ကြိုးစားကြည့်ဖို့ဆိုတာကလည်း ကိုကိုနဲ့ ဝေးရာကို ပြေးဖို့လိုသည်လေ ....
" ... ကဲ ထ သွားမယ် ဂျောင်ဂု ... "
" ... "
" ... ဟာ ... လာခဲ့ ... တက်တက်ကြွကြွနေ ! အဲ့အကြောင်းတွေ မတွေးနဲ့တော့ ... ခဏနေ အိမ်ပြန်ရတော့မယ် လာ ..."
ခေါ်နေပေမယ့် ထိုင်ခုံကနေ ပါမလာတဲ့ ဂျောင်ဂုကြောင့် ခူရိုစိတ်မရှည်စွာ ဂျောင်ဂုလက်ကို ဆွဲယူလိုက်သည်။ အဲ့ဒီ့နောက် လေးဖင့်နေတဲ့ သူငယ်ချင်းဖြစ်သူကို လက်ကနေ အတင်းဆွဲကာ ကားလမ်းတစ်ဖက်ခြမ်းကို ဖြတ်ကူးသွားတော့သည်။
ထိုမြင်ကွင်းကိုတော့ မီးစိမ်းကိုစောင့်ရင်း ကားပေါ်ကနေ မြင်လိုက်ရတဲ့ကောင်လေးတစ်ယောက်။ မျက်ဝန်းအိမ်တွေ လှုပ်လှုပ်ရှားရှားဖြစ်ကာ ကားတံခါးကို ဆွဲဖို့ကြိုးစားလိုက်မိသည်။
" ဆော့ဂျင် ဒါ ဘာလုပ်မလို့လဲ ..."
" ... ကျွန်တော်သွားမှ ဖြစ်မယ်အစ်ကို ... "
" ... မဖြစ်ဘူး ... ဆော့ဂျင် ... တစ်နေကုန် ရိုက်ကွင်းမှာ အလွဲတွေလုပ်ထားတဲ့အပြင် ... Pre-recording ကိုပါ ထပ်ပြီး အလွတ်ခံဦးမလို့လား ... ကင်ဆော့ဂျင် ... ဒီတစ်ခါ ငါ မင်းသဘောအတိုင်း မလုပ်ပေးနိုင်ဘူး ..."
" ... ဒါပေမဲ့ ... တစ်နေကုန် ဖုန်းခေါ်တာတောင် မကိုင်တဲ့ အဲ့ကလေးက အခုလို ညဘက်မှာ လျှောက်သွားနေတယ်လေ ... "
" ... ဆော့ဂျင် ... မင်းကောင်လေးက ဆယ်ကျော်သက်ပဲရှိသေးတာနော် ... ဆယ်ကျော်သက်ပဲရှိသေးတာ ... ချုပ်ချယ်လို့မရဘူး .. ပြီးတော့ မင်းရော အခုမှ ဒီလမ်းပေါ်မှာ အောင်မြင်စပြုတာနော် ... ငါ ပျိုးထောင်ထားတဲ့ပန်းတစ်ပွင့် ညှိုးမှာကို ငါမကြည့်နေနိုင်ဘူး ... ကင်ဆော့ဂျင် ... အခုကစပြီး မင်းကို ငါကြပ်မတ်တော့မှာ ..."
မန်နေဂျာအစ်ကိုရဲ့စကားအဆုံး သူအံကြိတ်မိရင်း ရှာမတွေ့တော့တဲ့ပုံရိပ်လေးသွားရာလမ်းကို မျှော်ငေးကြည့်လိုက်သည်။ မီးစိမ်းလေးလင်းပြီးမို့ လှိမ့်ထွက်သွားတဲ့ကားလေးကတော့ ဆန့်ကျင်ဘက်လားရာဆီပင်။ ဒီနေ့ရော သူဘယ်နှစ်နာရီအထိ အလုပ်လုပ်ရဦးမှာလဲ ...။ သူများတွေထက် အရှေ့ကိုအမြဲရောက်နေရတဲ့သူ့ဘဝက မရောက်လာသေးတဲ့ဘယ်လအတွက် ဘာတွေထပ်လုပ်ရဦးမှာလဲ ...။
လူကသာ The Show ရဲ့ pre-recording အတွက် stage ပေါ်မှာရှိနေပေမယ့် သူ့စိတ်ကတော့ ကျောင်းဝတ်စုံနဲ့ကောင်လေးဆီကပ်ငြိသွားခဲ့ပြီဖြစ်သည်။
ကလေးလေး ... ဖုန်းတောင် မကိုင်ရလောက်တဲ့အထိ ကိုကို့အပေါ် ဘာတွေများဖြစ်နေရတာလဲဟင် ...
စိတ်ကသာ ဝမ်းနည်းနေပေမယ့် သူကတော့ စတိတ်ထက်မှာ သူ့ပရိသတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေမှုကိုတော့ သူပေးနိုင်ခဲ့ပါသည်။
💠💠💠
" ဘာလို့ဖုန်းမကိုင်တာလဲ ... ပို့သမျှစာတွေလည်း ဘာလို့ reply တစ်ခုတောင်မလာရတာလဲ .. ဂျောင်ဂု-ah ... ကိုကို ဘာတွေလုပ်မိထားလို့ စိတ်ကောက်နေတာလဲ ..."
အပြင်ခံအဖြူတစ်ထည်လေးဝတ်ပြီး ဦးထုပ်အဖြူ၊ maskအမည်းတပ်ထားတဲ့ ကိုကိုဟာ သူ့ကို အလိုမကျစွာ မေးခွန်းထုတ်လာသည်။ အရင်ကအခြေအနေနဲ့ဆို ပျာပျာသလဲ ကိုကိုစိတ်မဆိုးဖို့ ကပ်ချွဲတော့မှာဖြစ်ပေမယ့် အခုတော့ ထူးဆန်းစွာ ငြိမ်သက်နေမိသည်။
" ... ကျွန်တော် စိတ်မကောက်တတ်တော့ဘူး ကိုကို ..."
" ... "
တည်ငြိမ်နေသယောင်ရှိတဲ့သူ့စကားကြောင့် ကိုကို့ရဲ့အလိုမကျမှုတွေ စိုးရိမ်မှုအသွင်ပြောင်းသွားဟန်ပင်။
" ... ဂျောင်ဂု-ah .... ဘာဖြစ်ချင်နေတာလဲ … ကိုကို ဘာလုပ်ပေးရမလဲ ..."
" ... လမ်းခွဲချင်တယ် ... လမ်းခွဲပေးပါ ... ကိုကိုနဲ့တွဲရတာငြီးငွေ့လာပြီ ... ဒီထက်ပိုကြာလာရင် ငြီးငွေ့လွန်းလို့ သေရလိမ့်မယ် ..."
စိတ်မပါဘဲ ထွက်သွားတဲ့ ဂျောင်ဂုရဲ့စကားလုံးအချို့အပေါ် ဆော့ဂျင်မျက်ဝန်းတွေ ယိမ်းယိုင်သွားသည်။ သို့ပေမယ့် ယိုင်နဲ့သွားတဲ့စိတ်ထိခိုက်မှုတွေကို ဖယ်ရှားရင်း မယုံသလို ရယ်လိုက်မိသည်။
" ... အဟက်! .. မဟုတ်တာတွေ မပြောနဲ့ဂျောင်ဂု ... မနေ့ညကတည်းက ကိုကို တစ်စက်လေးတောင် မအိပ်ရသေးဘူး ... အဲ့ဒါကြောင့် ခေါင်းလည်းကိုက်နေတယ် ... တစ်ညလုံးလေ့ကျင့်နေခဲ့တာမို့ တစ်ကိုယ်လုံးနာနေတယ် ... အခု ... မဟုတ်တဲ့စကားတွေနဲ့ ကိုကို့ကို နာကျင်အောင် မလုပ်နဲ့ ... လမ်းခွဲမယ်? ဘာလို့လမ်းခွဲမှာလဲ? ငြီးငွေ့တယ်? ငြီးငွေ့မှာစိုးလို့ပဲ တရားဝင်တွဲဖို့လုပ်ခဲ့တယ်လေ ... အဲ့ဒါကို မင်းက သဘောမှမတူခဲ့တာ ... "
ဖြစ်တည်လာဟန်ရှိတဲ့ဒေါသတွေကို မြိုသိပ်ရင်း သူ့ကို မအော်မိအောင် ပြောနေပုံရတဲ့ကိုကို့ကြောင့် သူ့မျက်ခမ်းစပ်တွေ ပူစပ်ပူလောင်ဖြစ်လာရသည်။
တွေ့လား ... ကိုကို သူ့ကို ဘယ်လောက်ထိ အလေးထားလဲ သူ ခံစားမိနေတယ် ... စိတ်တိုတာတောင် မအော်ရက်တဲ့အထိ ချစ်ပေးတဲ့ကိုကို့ကို လမ်းခွဲပစ်ရမှာ ကိုကို့အတွက် နာကျင်ရတယ်ဆိုရင် သူ့အဖြစ်က နှစ်ဖက်ချွန်ဓားသွားလိုပါပဲ ကိုကို့ကို ထိုးစိုက်လေ သူကိုယ်တိုင်လည်း နာကျင်ရလေပဲ ...
အဲ့ဒီလိုဆိုတိုင်း သူ ဆက်တွဲနေလို့မရ ... ကိုကို့ကိုမြင်တိုင်း တီတီ့လုပ်ရပ်တွေကို မြင်လာသလို သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ပုံရိပ်တွေပါ သူမြင်လာသည်။ ငယ်ငယ်ကတည်းကနေ အခုထိ လူသတ်သမားကို အမေထင်ပြီး ယုံကြည်ခဲ့ရတာလေ .. အဲ့ဒီ့လူရဲ့သွေးသားကလည်း အခု သူ့ရှေ့မှာရှိနေခဲ့တာမဟုတ်လား ... ဘယ်လိုအင်အားမျိုးနဲ့ ထွေးဖက်နိုင်တော့မှာလဲ ... အဲ့လောက်ထိ သူ့အသည်းက မမာသေး။
" ... ကိုကို ဘာလို့ တစ်ကိုယ်ကောင်းဆန်ရတာလဲ ... ကျွန်တော်က ကိုကို့အတွက်ပဲ ဖြစ်တည်လာတာလို့ ထင်နေတာလား ... ငယ်ရွယ်ပြီး မစဉ်းစားတတ်သေးတဲ့ ကျွန်တော့်ကို ကိုကိုက လှည့်စားပြီး တွဲခဲ့တာမဟုတ်လား ..."
စားပွဲခုံအောက်မှာ လက်သီးကို တင်းတင်းဆုပ်ထားရင်း ပြောလိုက်မိတော့ ကိုကို့မျက်နှာတည်တင်းသွားသလို မျက်ဝန်းတွေက ကြေကွဲရိပ်တွေ ထင်ဟပ်လာသည်။ ကိုကို့နှုတ်ခမ်းကတော့ တင်းတင်းစေ့လျက် နီရဲနေတဲ့မျက်ဝန်းတွေနဲ့သာ သူ့ကို စိုက်ကြည့်သည်။ သာမန်အချိန်ဆို ထိုအကြည့်တွေကို သူမခုခံရဲလောက်အောင် ကြောက်နေတတ်ပေမယ့် အခုတော့ ထိုအကြည့်တွေက နာကျင်စေမယ့်စကားလုံးတွေ ရွေးပြောဖို့ ဖိအားပေးနေသလိုဖြစ်လာလေတော့သည်။
" ကိုကို ... ကျွန်တော် ကိုကို့ကိုတွဲခဲ့တယ်ဆိုတာ ကျွန်တော် နားမလည်သေးလို့လေ ... အဲ့ဒီ့တုန်းက ကျွန်တော်ငယ်လွန်းသေးတယ် ... ကိုကိုကသာ ကျွန်တော့်ရဲ့ကလေးစိတ်ကို အနိုင်ပိုင်းပြီးတွဲခဲ့တာမဟုတ်လား .. အခုချိန်မှာ ပြန်စဉ်းစားကြည့်ရင် ကိုကို့ဖြစ်တည်မှုက ကျွန်တော့်အတွက် အပိုပဲ ... ကျွန်တော် ကိုကိုနဲ့ရှိနေရင် ဘာခံစားချက်မှ ဖြစ်မလာတော့ဘူး ... ကျွန်တော် ကိုကို့ကို စိတ်ကုန်နေတာ ကြာနေပြီ "
ဒီစကားအဆုံးမှာ ဒေါသကြီးတတ်တဲ့ကိုကို့နှုတ်ခမ်းဖျားတွေ တဆတ်ဆတ်တုန်ယင်လာသည်။ မငိုတတ်တဲ့ကိုကို့မျက်ဝန်းတွေကလည်း တစ်ကြောင်းတည်းသောမျက်ရည်ကို စီးကျခွင့်ပြုရင်း သူ့ကို တွေတွေလေး စိုက်ကြည့်လာသည်။
" .. မယုံဘူး ဂျောင်ဂု ~~ စိတ်ကုန်နေတယ်ဆိုရင် ဘာလို့ ဒီစကားလေးပြောတာကို မင်း ငိုနေရတာလဲ ... "
သူ့လည်း ကိုကိုနဲ့အဖြစ်တူစွာ ငိုနေခဲ့တာမို့ ကိုကိုမေးခွန်းထုတ်လာလေတော့ သူခေါင်းငုံ့လိုက်မိသည်။
" ... အားနာလို့ ... အားနာမိလို့ .... ကိုကို့ကိုဖောက်ပြန်သလိုဖြစ်သွားမိတယ် ... ကျွန်တော် ကိုကိုနဲ့ရှိနေရင် ဘာခံစားချက်မှ ဖြစ်မလာတော့တာဘာလို့လဲသိလား ..."
" ... "
" ... ဆောရီးပဲကိုကို ~~ ကိုကို့ကို ချစ်ဖို့ကြိုးစားရင်း အခြားတစ်ယောက်ကို ချစ်မိသွားလို့ ... "
စကားဆုံးတာနဲ့ ဘာအသံမှမထွက်လာတော့ဘဲ အားရပါးရငိုချလိုက်တာမို့ ဆော့ဂျင် ရင်ဘတ်တစ်ခုလုံး မွန်းကျပ်ရှုပ်ထွေးသွားသည်။ သူ့ကလေးလေး ဒီလိုဖြစ်လာမယ်လို့ တွေးဖူးခဲ့ပေမယ့် ဒီလောက်ထ်မြန်မြန်ကြီးရောက်လာမယ်လို့မထင်ထားခဲ့။ သူမမြင်နိုင်တဲ့အခြားတစ်ဖက်မှာ ချစ်ရတဲ့ကလေးလေးက အခြားတစ်ယောက်ကို ချစ်မိသွားခဲ့ပြီဖြစ်သည်။
ချစ်တတ်သွားခဲ့လို့ ဂုဏ်ယူချင်ပေမယ့် ဂျောင်ဂုအချစ်တွေဟာ သူ့အတွက် မဟုတ်မှန်းသိလိုက်ရတော့ နှလုံးသားက စူးအောင့်နာကျင်လာသည်။
သူ ဘာစကားမှ မထွက်လာဘဲ ဂျောင်ဂုကို တွေတွေကြီး စိုက်ကြည့်နေမိသည်။ ခန္ဓာကိုယ်က မနားရသေးတဲ့အရှိန်နဲ့ အခုဂျောင်ဂုပြောတဲ့စကားတွေ ရောထွေးကြားယောင်ကာ သူ ထူပူလာမိသည်။ ဂျောင်ဂုကတော့ သူ့အရှေ့မှာ ငိုနေတုန်းပင်။
Advertisement
- In Serial22 Chapters
Never Attribute to Malice
Jane Wainwright has been in higher education for decades, never managing to decide what to do with her life. Just when she has finally decided what she wants to do with her life she is brutally ripped from her life and thrown into a world of swords and sorcery. And also really big hammers. But the forces of apathy, stupidity and bureaucracy will rise against her. And hitting them with a hammer probably won't work. At least there are always [Dungeon]s to delve and monsters to slay, that should keep her occupied. Cover Art by Georgia Nixon
8 611 - In Serial43 Chapters
The Epoch of Magic
Daron, since childhood has been engrossed in his fantasies of magic coming to the earth, or some way in which he gets to learn magic.As his life progresses, he cannot part with these imaginations, and instead decided to go down the path of a novelist, and spread his fantasies with the world.Over time, his fame grows as his novels become increasingly popular among people of most ages.At the age of 59, the world seems to have literally done against him as countless lightening bolts strike his house.Thankfully, the lightening rod protected him, which angers the world. After countless fruitless efforts, just as the world is about take take more drastic measures to kill Daron, he suddenly chokes himself in a wicked twist of fate, with his own tongue and dies a hilariously horrible death.When he regains consciousness, he finds himself an unborn child still in the womb of his mother, with his AI assistant from his laptop in his head.Follow Daron as he progresses through this new and mysterious world he had been reincarnated into. Please note: This story will be really slow in the beginning, and I appologize in advance.
8 65 - In Serial24 Chapters
Miracle Angeliva
Spirits, or what people usually referred to as ghosts, are something that has always been with us since ancient times. Some people are gifted to see them. However, most of us can’t see them without training. And without seeing them, we won’t believe. People only believe what they see, after all. However, I assure you, spirits are real. Spirits are always there. Just because you can’t see them doesn’t mean they are not real. Just like people of ancient ages who can’t see bacteria or those who can’t see stars further than eyes can see, there are limits to our technology. Similarly, even though the current technology can’t prove the existence of supernatural beings, that doesn’t mean they don’t exist. In the future, if we can develop technology so everyone can see them just like how a microscope helps us seeing micro beings, I believe everyone will believe it too. That being said, I still can’t prove their existence yet. -Raleigh Von Vlad Update daily (if possible, if not, guaranteed chapters are on Tuesday, Thursday, Saturday, and Sunday) Thanks to gej302 for the fantastic cover!
8 133 - In Serial16 Chapters
Gracie
Grace's life wasn't ordinary at all. She's super small for her age and has no family. She meets a guy at her work who she becomes a good friend of hers. After working there for a bit she gets invited to dinner by his family .. little did she know is that she wouldn't be leaving after
8 175 - In Serial10 Chapters
Rainy Days
A long, rolling storm blankets Paris and a certain water fearing Cat curses it endlessly. However he had no way to know that from the very first drop the storm had started to change things.
8 192 - In Serial61 Chapters
PLAY BOY IN LOVE _ KTH FF
"Why you always have to be some goody two shoes? ""And why do you always have to be a swollen piggy? ""Yahhh!! How dare you call me ugly like that.""Oh I am so sorry to hurt your feelings by calling you that. I THOUGHT YOU ALREADY KNEW IT. "--------------------------------------------------What happens when the school play boy falls in love with the popular girl who happens to hide her miserable life behind her fake smile.What would happen when he finds out the reality of her life?Read the story to find out.--------------------------------------------------Cover by @Lilacfanfictions (8/7/2022) @939yearoldgoblin (12/8/2022)Thank you for these amazing covers 💜They are a piece of art Thanks for this amajin cover 💜💜------------------------------------------------
8 112

