《Me, Myself & Bad Romance •||• JINKOOK》【04】
Advertisement
⟨ Unicode Version ⟩
Me, Myself & Bad Romance
- အပိုင်း ၀၄-
ကွန်ဒိုရှေ့ရောက်တာနဲ့ ဆော့ဂျင်သက်ပြင်းချရင်း စိတ်တိုနေတာကို ဖြေလျော့မိသည်။ အချိန်ကတော့ တစ်နာရီ ထိုးတော့မယ်ဆိုပေမယ့် ဂျောင်ဂုလေး သူ့ကို စောင့်နေခဲ့ရင် စိတ်တိုရမယ့် အကြောင်းတွေ ပြန်မပြောချင်။
ဆော့ဂျင် အတတ်နိုင်ဆုံးပြုံးလိုက်ပြီး အိမ်ထဲဝင်သွားမိသည်။ အိမ်ထဲရောက်တာနဲ့ အေးချမ်းတိတ်ဆိတ်ပြီး ညအိပ်မီးပြာပြာလေး ခပ်လွင်လွင်တောက်ပနေသည်။ အရမ်းကို အသံတိတ်နေတာမို့ ဂျောင်ဂုလေး အိပ်ပျော်သွားတာများလား ...။
သူခြေဖျားထောက်ကာ လျှောက်လာရင်း ဧည့်ခန်းရောက်တော့ ပျော်ရွှင်စရာမြင်ကွင်းလေးကို မြင်လိုက်ရသည်။ ကိတ်မုန့်လေးရယ် ... နှင်းဆီပန်းလေးတွေရယ် ... ဝိုင်တစ်ခွက်ရယ် ... နို့တစ်ခွက်ရယ် ... သေချာပြင်ဆင်ထားပုံရတဲ့ ဒီပုံရိပ်လေးက ဂျောင်ဂုကို ပိုတိုးလို့ ချစ်လာစေသည်။ အလုပ်တွေရှုပ်နေလွန်းလို့ သေချာဂရုမစိုက်ပေးနိုင်တာတောင် ကောင်ငယ်လေးဟာ သူ့အတွက် သေချာပြင်ဆင်ထားပေးခဲ့သည်ပဲ။
ဆော့ဂျင် အဆင်မပြေဖြစ်လာတဲ့အကြောင်းအရာတွေကိုတောင် မေ့ပြီး ရင်ထဲကြည်နူးမှုလှိုင်းလေးတွေ ဖြတ်သန်းစီးဆင်းသွားရတော့သည်။ သူ ဂျောင်ဂုကို မတွေ့တာမို့ ရှာကြည့်မိတော့ ပြင်ဆင်ထားတဲ့စားပွဲရဲ့ဘေးဘက်ဆိုဖာမှာ ကွေးကွေးလေးအိပ်ပျော်နေတာကို မြင်လိုက်ရသည်။
ဘယ်လောက်တောင် စောင့်ခဲ့ရလို့ အခုလို အိပ်မောကျသွားတယ် သူမသိ။ ဂျောင်ဂုနဲ့စကားတွေ အများကြီးပြောချင်ပေမယ့်လည်း အိပ်ပျော်နေတဲ့ဂျောင်ဂုကို မနှိုးရက်။ ထို့ကြောင့် ဂျောင်ဂုပြင်ဆင်ထားပေးတဲ့ ကိတ်မုန့်အလယ်မှာ ဖယောင်းတိုင်အသေးလေး စိုက်ထွန်းရင်း ဝိုင်ခွက်နဲ့ နို့ခွက်ကို အသီးသီးဖြည့်လိုက်သည်။ ဂျောင်ဂုကတော့ အိပ်မောကျနေတာမို့လို့ နိုးမလာခဲ့ပါ။
သူ ဂျောင်ဂုနဲ့မျက်နှာချင်းဆိုင်ဆိုဖာအောက်မှာ ထိုင်ရင်း အိပ်ပျော်နေတဲ့ဂျောင်ဂုရော .. သူရော ... မွေးနေ့ကိတ်ရော ... ဝိုင်ခွက်နဲ့နို့ခွက်တွေကိုပါ ပါအောင် ဓာတ်ပုံလေးရိုက်လိုက်မိသည်။ အဲ့ဒီ့နောက် ဖယောင်းတိုင်အသေးလေးကို သူတစ်ယောက်တည်း ငြိမ်းစေလိုက်သည်။
" မွေးနေ့မှာ ပျော်ရွှင်ခဲ့ရပါတယ် ... ကလေးလေး ..."
အဲ့ဒီ့နောက် ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့သားသားကို သူ ပွေ့ချီကာ အိပ်ခန်းထဲခေါ်သွားမိတော့သည်။ နိုးမလာနိုင်တဲ့သားသားကတော့ သူ့လက်ပေါ်မှာ အေးဆေးသက်တောင့်သက်သာပင်။ ယောင်ပြီးတော့တောင် သူ့လည်တိုင်ကို ဖက်လိုက်သေးသည်။ အခန်းထဲရောက်တော့မှ သူ အဖြူလုံးလေးကို အိပ်ယာပေါ်တင်လိုက်သည်။ အဲ့ဒီတော့မှ အဖြူလုံးလေးက အပျင်းကြောဆန့်ကာ လူးလွန့်လာတော့သည်။ သို့ပေမယ့်လည်း နိုးနေတာတော့မဟုတ်။ ဝတ်ထားတဲ့လက်ရှည်ကို ဆွဲတင်ကာ လက်ကို ကုတ်ခြစ်လာလေတော့ သူ အဖြူလုံးလေးရဲ့လက်ကို တားပြီး ကုတ်ခြစ်နေတဲ့နေရာလေးကို ပွတ်သပ်ပေးလိုက်မိသည်။ ကုတ်ခြစ်လိုက်တာကြောင့် လက်ဖျံနားလောက်မှာ နီရဲရဲအရာက အထင်းသား။ ထို့ကြောင့် သူ ထိုနေရာလေးကို ဘေးအံဆွဲထဲက ဆေးယူကာ လိမ်းပေးလိုက်မိသည်။
တွ့န်တက်နေတဲ့အင်္ကျီလက်ကိုလည်း ပြန်ဆွဲချကာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးရင်း ခြေသလုံးထိပေါ်နေတဲ့ဘောင်းဘီကိုလည်း ခြေမျက်စိဖုံးအောင် ဆွဲချပေးမိသည်။ အဲ့ဒီ့နောက် ဂျောင်ဂုကို သူချစ်မဝစွာ ကြည့်ရင်း ဟိုးအရင်ကအတိုင်း မပြောင်းလဲတဲ့ ဂျောင်ဂုဆံနွယ်လေးကို သူ အသည်းယားစွာ ဖွပစ်လိုက်မိသည်။
သူကသာ အဖြူလုံးလေး လို့ ရင်ထဲကနေ ခေါ်နေမိပေမယ့် ဂျောင်ဂုကတော့ အမည်းရောင်တွေကို စွဲစွဲမြဲမြဲဝတ်ဆင်တတ်ပါသည်။ အခုလည်း ဆွယ်တာအမည်းလက်ရှည်နဲ့ ဘောင်းဘီရှည်အမည်းဝတ်ထားတဲ့အကောင်ပေါက်လေးဟာ ဖိနပ်အမြင့်ထူထူအမည်းရောင်တွေကို သိပ်သဘောကျသည်။ သို့ပေမယ့်လို့ ကျောင်းသွားတဲ့အခါ ကျောပိုးအိတ်ထဲ ထုတ်စစ်မယ်ဆိုရင်တော့ ပန်းရောင်ပုစိလေးတွေ ထွက်လာတတ်သည်။ ဒါကတော့ ပြောစရာမလို ကင်ဆော့ဂျင် ဆိုသည့် သူ့ကြောင့် ကလွဲပြီး တခြား ဘယ်သူမှမရှိ။
ဆော့ဂျင် အိပ်မောကျနေတဲ့ ဂျောင်ဂုကို ကြည့်ပြီး အားရပါးရ ပြုံးလိုက်မိသည်။ မတွေ့ရတာ တစ်လလောက်ရှိနေပြီဆိုပေမယ့် အဲ့ဒီ့တစ်လအတွင်း သူခါးစည်းခံခဲ့ရတဲ့ ပင်ပန်းမှုမှန်သမျှ ဂျောင်ဂုမျက်နှာလေးကို တွေ့လိုက်ရတာနဲ့တင် အကုန် အရည်ပျော်ကျသွားခဲ့ပြီဖြစ်သည်။
" ... ချစ်လိုက်ရတာ အခါအခါပါပဲ ကလေးလေးရယ် ... "
အားမလိုအားမရ ရေရွတ်ရင်း ဂျောင်ဂုနဖူးပြင်လေးကို ငုံ့နမ်းလိုက်မိသည်။ သူ့အနမ်းကြောင့် ဂျောင်ဂုက လှုပ်လှုပ်ရွရွဖြစ်ကာ တစ်ဖက်စောင်းပြီး ကျောခိုင်းသွားပြန်သည်။ အဲ့ဒီ့နောက် သူလည်း ထွေထွေထူးထူးလုပ်စရာမရှိတော့သည်မို့ ဂျောင်ဂုဘေးနား ဝင်တိုးရင်း ဂျောင်ဂုကို နောက်ကျောကနေ ပွေ့ဖက်လိုက်သည်။ အရင်က သူ့ကို ဂျောင်ဂုဖက်ထားသလိုမျိုး သူ့ခြေထောက်တွေက ဂျောင်ဂုအောက်ပိုင်းတစ်ခုလုံးကို ခွယူဆွဲသွင်းကာ လည်ဂုတ်ကို နောက်ထပ်အနမ်းတစ်ပွင့်ခြွေရင်း အိပ်စက်ခြင်းကို အစပျိုးမိလိုက်တော့သည်။
... ချစ်တယ်နော် အဖြူလုံးလေး ...
အာရုဏ်တက်ချိန်မှာတော့ တစ်ကိုယ်လုံးဖိညစ်ခံထားရတာမို့ ညောင်းညာလာတဲ့အကောင်ပေါက်လေးက ဆော့ဂျင်ရင်ခွင်ထဲကနေ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ မပွင့်တပွင့်မျက်ဝန်းတွေနဲ့ သူ့ကိုဖက်တွယ်ထားတဲ့လက်ပိုက်ရှင်ကို စမ်းလိုက်မိသည်။ အလွတ်ရနေတဲ့လက်ညှိုးကောက်ကောက်လေးမှန်း သိတာနဲ့ အိပ်ချင်မပြေသည့်ကြားကနေ သူ ပြုံးလိုက်သည်။ သူ့အနောက်မှာ ဝင်သက်ထွက်သက်တို့ ပုံမှန်ဖြစ်နေတဲ့ အစ်ကိုကြီးလေး မနိုးသွားစေဖို့အတွက် ခပ်ဖြည်းဖြည်းလေး ကျောခိုင်းနေရာကနေ အရှေ့လှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။ အဲ့ဒီ့နောက် ညအိပ်မီးရောင်အောက်မှာ မြင်နေရတဲ့ အစ်ကိုကြီးရဲ့နှုတ်ခမ်းလေးကို ခဏတာ ဖိကပ်ရင်း ပါးလေးကို ခပ်ဖွဖွလေးပွတ်သပ်ကာ ရင်ခွင်ထဲတိုးဝှေ့လိုက်မိတော့သည်။
💠💠💠
နေရောင်ခြည်နုနုတွေ သူ့ကိုယ်ပေါ်ဖြာကျတာနဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ အိပ်ချင်မပြယ်သေးတာကြောင့် မကျေမနပ်နဲ့ ကိုယ်ကို တစ်ခြမ်းစောင်းလိုက်ရင်း နေရောင်ထိုးနေတာကို ကျောခိုင်းလိုက်မိတော့ နို့နဲ့ကွတ်ကီးရောထားတဲ့ အနံ့သင်းသင်းလေးက သူ့နှာဖျားဝ လာရိုက်ခတ်သည်။
" ကိုကို!! ထတော့!! သားသား ကျောင်းနောက်ကျတော့မယ် ... "
မျက်ဝန်းတွေ မဖွင့်ရသေးတာတောင် ကြားလိုက်ရတဲ့အသံဆာဆာလေးကြောင့် သူပြုံးလိုက်ရင်း လက်တွေကို စမ်းတဝါးဝါးရွေ့လျားလိုက်သည်။ အသံပိုင်ရှင်ကို မစမ်းမိ။
" ကိုကိုရေ!! အခုနေမှ ထပြီး မနက်စာတူတူလာမစားရင် သားသား ကျောင်းနောက်ကျမှာနော် ... ကိုကို့ကို ပစ်ထားတော့မှာနော်!! "
စိတ်မရှည်တော့တဲ့အသံပိုင်ရှင်ကြောင့် ဆော့ဂျင် မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်မိသည်။ ကုတင်ဘေးဘက်မှာ ခါးထောက်ကာ သူ့ကို နှုတ်ခမ်းလေးမဲ့ရင်း ကြည့်နေပါတဲ့ အဖြူလုံးလေး။ နားရွက်နှစ်ဖက်သာ ရှည်နေမယ်ဆိုရင် သေချာပေါက် ဖြူစွတ်စွတ်ယုန်ကလေးပင်။
Advertisement
" ... ~~ အဲ ~~ အင်း ~~~ ထမယ် .. ဒါပေမဲ့ ..."
အပျင်းကြောဆန့်ကာ အသံရှည်ဆွဲပြီး သူ့လက်တွေကို ဂျောင်ဂုလက်တွေဆီ ရောက်တဲ့အထိ သူလှမ်းလိုက်ရင်း ဂျောင်ဂုကို အိပ်ယာပေါ်ရောက်အောင် ဆွဲချလိုက်မိသည်။
" … ဟ! ကိုကို! ..."
" အင်း ~~ ငါးမိနစ် ... ငါးမိနစ်ပဲ ..."
ကပိုကရိုနဲ့ ပြုတ်ကျလာတဲ့အဖြူလုံးလေးကတော့ ရေချိုးပြီးခါစမို့ ထင်သည်။ သုံးနေကျနိူ့နှစ်ဆပ်ပြာရည်နံ့က သင်းသင်းလေးပင်။ သူဂျောင်ဂုကို ခါးကနေ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ကာ ဂျောင်ဂုလည်ဂုတ်ကို သူ့နှာဖျားနဲ့ ပွတ်သပ်နမ်းရှိုက်မိသည်။
" ကိုကိုရေ ~~~ "
ဂျောင်ဂုကတော့ သူ့အပြုအမူတွေကြောင့် ရင်ခွင်ထဲမှာတင် လှုပ်လှုပ်ရွရွဖြစ်လာကာ ဖက်တွယ်ထားတဲ့သူ့လက်တွေကို ပြန်ဆုပ်ကိုင်လာသည်။ သူ ဂျောင်ဂုကို အလျော့မပေးဘဲ ဂျောင်ဂုအင်္ကျီအောက်ကနေ တိုးဝင်ကာ ဂျောင်ဂုရင်ဘတ်ကို ပွတ်သပ်မိတော့ အကောင်ပေါက်စက သူ့လက်တွေကို တားမြစ်ဟန်နဲ့ ဆုပ်ကိုင်လာသည်။
" ကိုကိုရေ~~ ကျောင်းနောက်ကျမှာနော် ~~ လာ မမြူဆွယ်နဲ့ ~~ "
သူ့လက်ကောက်ဝတ်ကို ကိုင်ကာ အင်္ကျီထဲကနေ အပြင်ဘက်ကို ပြန်ဆွဲထုတ်ရင်း ပြောလာပြန်တော့ သူ ဂျောင်ဂုပါးပြင်ကို ဖျပ်ကနဲ့ နမ်းလိုက်မိသည်။
" ဟာ!! မျက်နှာလည်း မသစ်ရသေးဘဲနဲ့ လာနမ်းနေပြန်ပြီ ကိုကို ညစ်ပတ်!! .. သွား ~~ သားသားကို လာမဖက်နဲ့ ~~ ထ တော့!!"
ပြောရင်းနဲ့ သူ့လက်တွေကို ဆုပ်ကိုင်ကာ တွန်းထုတ်ဖို့ လုပ်လေတော့ သူပိုပြီး ခပ်တင်းတင်းဖက်ကာ ခေါင်းအုံးထက် မျက်နှာဖွက်ဖို့ကြိုးစားနေတဲ့ ဂျောင်ဂုရဲ့ပါးပြင်ကို ဒုတိယအကြိမ် နမ်းဖို့ ကြိုးစားမိသည်။
" ဟ! ကိုကိုနော် ...."
" ... တစ်ခါပဲ နမ်းနမ်းတစ်ခါပေးပြီးရင် တကယ်ထမယ် "
" ... "
နောက်ဆုံးမှာတော့ မရမကကို ပါးပြင်ထက် အနမ်းလာခြွေတဲ့ကိုကို့ကို သူအရှုံးပေးလိုက်ရသည်။ သို့ပေမယ့် ကိုကိုဟာ အိပ်ယာကနေ အခုထိ မထတဲ့အပြင် ကိုကို့လက်ချောင်းတွေကြား သူ့လက်ချောင်းတွေကို ဆုပ်ယူကာ သူ့တစ်ကိုယ်လုံးနစ်မြုပ်သွားအောင် သူ့နောက်ကျောကနေ ဖက်ထားရင်း သူ့ဆံနွယ်စတွေကို တဖွဖွနမ်းနေသေးသည်။
သူနဲ့တွေ့တိုင်း တစ်ကိုယ်လုံးနေရာ အနှံ့နမ်းတတ်တဲ့ ကိုကို့အကြောင်းကို သူသိသည်မို့ ကိုကိုမနမ်းရင် သူ နေမတတ်တော့ပါ။ ထပ်ပြီး ကြာကြာနေမိရင် သူရော၊ ကိုကိုပါ ဒီနေရာကနေ မထနိုင်တော့ဘူးဆိုတာ သိနေတာမို့ ကိုကို့လက်တွေကို ဆွဲခွာကာ ရင်ခွင်ထဲကနေ ကုန်းရုန်းထထိုင်မိသည်။
" ကိုကို!! မဆိုးနဲ့နော် ~~ သားသား အရေးကြီးတဲ့အတန်းချိန်ရှိတယ် "
" ~~ ကိုကို့လောက် အရေးကြီးလား ~~ "
" ကြီးတာပေါ့ ~~ သားသား ကျောင်းမြန်မြန်ပြီးမှ ကိုကို့နောက် တကောက်ကောက်လိုက်လို့ရမှာလေ ..."
သူပြောမိရင်း ကိုကို့အကြည့်တွေကို မခံယူနိုင်စွာ လွှဲမိတော့ ကိုကို့လက်ကောက်ဝတ်ပေါ်က ထင်းနေတဲ့ ပြာလဲ့လဲ့အရာလေးဆီ သူအကြည့်ရောက်သွားမိသည်။ မြင်မြင်ချင်းတစ်ခဏမှာပဲ မနေ့က ဖြစ်ပျက်သမျှအရာအားလုံးပြန်ပေါ်လာလေတော့ သူ မျက်မှောင်ကြုတ်လိုက်မိသည်။
အပြာရောင်လဲ့နေတဲ့ ဒီဝေလငါးအမြီးလေးက မနေ့က ဟိုဆိုင်မှာ ဟိုလူကြီးကို သူ လက်ညှိုးထိုးပြခဲ့တဲ့ လက်ကောက်လေးပင်။ အဲ့လူကြီး လျှောက်ပြောနေတယ်လို့ သူ ထင်ခဲ့မိပေမယ့် အခုတော့ ဒီဟာလေး ကိုကို့လက်ပေါ်မှာ သူပေးမယ့်ဟာထက် အရင်ဦးဆုံးနေရာယူလာလေတော့ စိတ်အလိုမကျမှုက ထင်းကနဲ့ ထိုးထောင်ထွက်လာသည်။
အဲ့လူကြီးပေးတာကို ဘာလို့ ကိုကိုက ဝတ်နေရတာလဲ .. မဟုတ်မှ ... အဲ့လူကြီးရဲ့စကားအတိုင်း ကိုကိုက သူမဟုတ်တဲ့ တခြားသူတွေနဲ့လည်း ဒိတ်နေရတာမျိုး ရှိနိုင်တာပေါ့လေ ...
အတန်ကြာတိတ်ဆိတ်မိပြီး မျက်မှောင်ကြုတ်မိတော့ ကိုကိုက သူ စိုက်ကြည့်နေတဲ့လက်ကောက်ဝတ်လေးဆီ အကြည့်ရောက်သွားသည်။
" အာ~~ "
ကိုကိုက တစ်ခုခုပြောဖို့ ကြိုးစားလိုက်ပေမယ့် သူကတော့ အရင်ဆုံး မေးခွန်းထုတ်လိုက်သည်။
" ဒါ ဘာလဲ ကိုကို "
လေသံကတော့ မမာပေမယ့် မကြိုက်နေတဲ့ပုံစံတော့အထင်းသားပင်။ သူ့မေးခွန်းအဆုံး ကိုကိုကတော့ ထို bracelet လေးကို ဆွဲဖြတ်ကာ ကုတင်ဘေး သူ့စာကြည့်စားပွဲနားက အမှိုက်ပုံးထဲ ချက်ချင်းပစ်လွှင့်လိုက်သည်။ ကိုကို့အပြုအမူကြောင့် သူ့မျက်ခုံးနှစ်ဖက်ပင့်တက်သွားမိသည်။
ကိုကို ဘာလုပ်နေလဲ သူနားမလည်ပါ ...
" အမှိုက်လေ ~~ ကိုကိုပစ်ဖို့ မေ့သွားတာ .. "
ပြုံးကာ ပြောရင်းနဲ့ အိပ်ယာထက် ထထိုင်လာတော့ ကိုကို့ကို သူအထူးအဆန်းကြည့်မိသည်။ သူ့အကြည့်မှာတော့ မေးခွန်းတွေက အများကြီးပင်။
ဘယ်သူပေးတာလဲ
ဘာလို့ပစ်လိုက်ရတာလဲ
ဘာလို့အမှိုက်ဖြစ်တာလဲ
အမှိုက်ဆိုရင် ဘာလို့အစကတည်းက လက်မှာ ဝတ်ထားသေးလဲ
ဝတ်ထားပြီးတော့ အိမ်ကိုတောင် ပြန်သယ်လာသေးတယ် .. မဟုတ်မှ သူတွေခဲ့တဲ့လူကြီးပေးတာလား ...
မေးခွန်းများစွာရှိနေပေမယ့် ဘယ်ကစမေးရမယ်မသိ၊ သို့ပေမယ့်လည်း ကိုကိုကတော့ သူ့ကိုသိနေတဲ့အလား အဖြေပြန်ပေးလာခဲ့ပါသည်။
" ... ကိုကိုတို့ကုမ္ပဏီမှာ စီနီယာတစ်ယောက်ရှိတယ် သူက အသစ်တွေဆိုရင် အဲ့လိုပဲ .. ကိုကို သူ့ဆီက လက်မခံချင်ပေမယ့် အရှေ့မှာ တခြားသူတွေရဲ့လက်ဆောင်တွေကို လက်ခံထားတာမို့ မန်နေဂျာမျက်နှာထောက်ပြီး လက်ခံလိုက်တာ ... ဒါကို လွှင့်ပစ်မယ်လို့ စဉ်းစားပြီးသားပဲ ... "
ကိုကို့စကားအဆုံးမှာတော့ သူမသိမသာသက်ပြင်းချလိုက်မိသည်။ အကြည့်တွေကတော့ အမှိုက်ပုံးထဲက ဝေလငါးအမြီးလေးဆီမှာ ရှိနေတုန်းပင်။
" .. ဂုဂီ - ya ~~... "
Advertisement
" .. မခေါ်နဲ့တော့ သွားတော့ကိုကို ~~ မျက်နှာသစ်၊ရေချိုးတော့ !!"
ပြောရင်းနဲ့ပဲ အဲ့ဒီ့လက်ကောက်အကြောင်းကို သူ မေ့ပစ်ရင်း ကိုကို့ကို ကုတင်ပေါ်ကနေ ဆွဲချကာ ရေချိုးခန်းဆီကို ဦးတည်ပို့လိုက်မိတော့သည်။ အဲ့ဒီ့နောက် ရေချိုးခန်းကနေ ထွက်လာမယ့်ကိုကို့ကို လက်ဆောင်လေးပေးဖို့ သူစောင့်နေမိလိုက်တော့သည်။
“ ... ဂျောင်ဂု! ဘာလုပ်နေတာလဲ ... အခုထိ ကျောင်းဝတ်စုံမလဲသေးဘဲနဲ့ ... "
သူ ရေချိုးခန်းက ထွက်လာတာနဲ့ စာကြည့်စားပွဲမှာ ထိုင်ကာ သူ့ကို စောင့်နေပုံရတဲ့ ဂျောင်ဂုကို သူကြည့်လိုက်မိသည်။ ကျောင်းဝတ်စုံတောင် မလဲရသေးတဲ့ဂျောင်ဂုဟာ ထိုင်ခုံပေါ်မှာ လုံးလုံးလေးပင်။ အုပ်ကျနေတဲ့ဆံပင်တွေကလည်း ဂျောင်ဂုရဲ့ကလေးမျက်နှာကို ပိုထင်းလာစေသည်။
သူကတော့ ရေချိုးပြီးခါစမို့ ခါးထက်မှာ တဘက်ဖြူတစ်ထည်သာ ရှိသည်။ ဂျောင်ဂုကတော့ ထုံးစံအတိုင်း သူ့အပေါ်ပိုင်းဗလာဖြစ်နေတဲ့ကိုယ်ကို ပြူးကြောင်ကြောင်လေးခေါင်းစောင်းကာ ကြည့်သည်။
" ... အဟမ်း~~ ဂျွန် ဂျောင် ဂု ရေ !! "
" ဟမ် ~~ အင်း ~~ ဟို အင်္ကျီ !! ကိုကို့ကို အင်္ကျီဝတ်ပေးမလို့~~ "
" !!! "
ပြောမိပြောရာ ပြောလိုက်ပုံရတဲ့ဂျောင်ဂုကြောင့် သူ မျက်ခုံးပင့်ကာ ခါးထောက်ကြည့်မိတော့ ဂျောင်ဂုက စကားမှားသွားတဲ့ပုံနဲ့ နှုတ်ခမ်းတွေကို ရွဲ့ကာ မျက်ဝန်းတွေကို ပြူးကျယ်ရင်း ယုန်သွားလေးတွေ ထုတ်သုံးလာသည်။
" ... ဟီး ~~ ဟီး ~~ အင်္ကျီထုတ်ထားပေးတယ် ပြောမလို့ ... ဒါ ဟိုးရှေ့နှစ်လတုန်းက ကိုကိုလာတုန်းက ချန်ထားတဲ့အင်္ကျီလေး ... ကြယ်သီးပြုတ်နေတာမြင်လို့ ပြန်တပ်ထားပေးတယ် .."
ပြောရင်းနဲ့ ထလာကာ သူ့ဆီကို ကမ်းပေးတော့ သူ လှမ်းယူကာ ဝတ်လိုက်မိသည်။ ကြယ်သီးတပ်ထားပေးတယ်ဆိုလို့ သေချာကြည့်မှ ကော်လံနားလေးမှာ ယုန်ကလေးနားရွက်ထောင်ကြယ်သီးလေး ရှိနေသည်။
" ... ဒီယုန်ပေါက်ကတော့လေ ... ပေါက်ပေါက်ရှာရှာ ကြယ်သီးတွေဘယ်ကရှာလာတာတုန်း "
သူ ကြယ်သီးတပ်ဖို့ ကြိုးစားရင်း ပြောမိတော့ ဂျောင်ဂုရဲ့လက်တွေက သူ့လက်တွေကို တားမြစ်ကာ သူ့ကိုမော့ကြည့်လာသည်။
" ... အဒေါ်ကြီးကို မေးပြီး ရှာဝယ်ထားတာ နောက်ဆို ကိုကို့ပစ္စည်းတွေအပေါ်မှာ ယုန်ကလေးတွေ ကပ်ထားမယ် ... သားသားရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်အဖြစ်နဲ့ပေ့ါ "
ပြောရင်းဆိုရင်း ကော်လံကို ဆွဲချကာ သူ့နှုတ်ခမ်းကို တစ်ချက်ဖိဆွဲလာလေတော့ သူဂျောင်ဂုရဲ့ခါးကို ဆွဲပွေ့ကာ သူ့ခန္ဓာကိုယ်နဲ့ ပူးကပ်မိသည်။ ဂျောင်ဂုကတော့ သူ့ကို ပြုံးပြုံးကြီးပင် ရီဝေဝေစိုက်ကြည့်သည်။
ဒီ ၁၇နှစ်သားကို စိတ်ရှိလက်ရှိချစ်ပစ်လိုက်ချင်ပေမယ့် ဂျောင်ဂုခံစားချက်တွေကို သူငဲ့နေလို့သာ ဘာအဆင့်မှ မတက်နိုင်နေတာဖြစ်သည်။ ဒီပေါက်စနလေးကို ဒီအတိုင်း ညာစားရင်လည်း ရတယ်ဆိုပေမယ့် ဂျောင်ဂုခံစားချက်တွေ သေချာလာတဲ့အထိ သူစောင့်ပါမည်။ ဂျောင်ဂုကတော့ တစ်ခါလေးတောင် ခံစားချက်တွေကို ဆန်းစစ်ဖူးပုံ မပေါ်နေပါ။
" .. တော်တော်ဆိုးနေပါလား ... ကဲ ... ဘယ်မှာလဲ မွေးနေ့လက်ဆောင် ..."
" ... ကိတ်ခွဲပေးဖို့တောင် စောင့်နေတာ ကိုကိုကသာ မှီအောင်ပြန်မလာတာလေ ... ကိုကိုက နောက်ကျလွန်းတယ် .. အယ် .. ဒါနဲ့ ညက ကိတ်တွေက အပြင်စားပွဲမှာလေ ... ကိုကို ဘာလုပ်လိုက်ပြီလဲ "
" ...မင်းက အိပ်ပျော်နေတော့ ကိုကိုတစ်ယောက်တည်း ပါတီလုပ်လိုက်တာလေ ... အခု ဘယ်မှာလဲ လက်ဆောင် ! အဲ့ဒီ့ပါတီက လက်ဆောင်လို့တော့ မပြောနဲ့နော် .."
သူပြောမိတော့ ဂျောင်ဂုကရယ်ရင်း အိတ်ကပ်ထဲက တစ်စုံတစ်ခုကို ဆွဲယူထုတ်သည်။ အဲ့ဒီ့နောက် သူ့အရှေ့မှာတင် ထုတ်ပြလာလေတော့ သူသေချာကြည့်လိုက်မိသည်။ ကြိုးမျှင်သေးသေးလေးနှစ်ခုကို ဆက်သွယ်ထားတဲ့လက်စွပ်ပုံစံလေးနဲ့ လည်ဆွဲလေးဖြစ်သည်။
" .. ဒန် ဒန် .. "
" ... ဒါက ဘာလဲ ... "
" လည်ဆွဲလေ ... ဒီနေ့ကစပြီး ဘယ်သွားသွား ဘာလုပ်လုပ် ကိုကိုဝတ်ကို ဝတ်ရမယ့် လည်ဆွဲပဲ ... အလည်လက်စွပ်လေးက ကိုကိုနဲ့သားသား တရားဝင်ချစ်ခွင့်ရမယ့်နေ့ကို ရည်ရွယ်တာ .. အဲ့ဒီ့နေ့မရောက်မချင်း ကိုကို ချွတ်လို့မဖြစ်ဘူးနော် "
" ဟင် အခုလည်း တရားဝင်တွဲနေတာပဲ ဘယ်သူက မင်းကို ခိုးတွဲနေလို့လဲ ..."
" ကိုကိုနော်~~ မနောက်နဲ့ ... အခုက ဘယ်လိုလုပ်တရားဝင်တွဲလို့ရမှာလဲ ... ကိုကိုက တက်သစ်အနုပညာရှင်တစ်ယောက်လေ ~~ သားသား ကိုကိုနဲ့ တရားဝင်မတွဲနိုင်သေးဘူး "
" ... ဂုဂီ ... ကိုကိုက မင်းနဲ့ဆက်ဆံရေးကို ဖုံးကွယ်ထားတာမရှိဘူးနော် တွဲနေတဲ့သူရှိလားမေးရင် ချက်ချင်းပဲ ဖြေမှာ ... ဂျွန်ဂျောင်ဂု ပါလို့ .. ဘာတွေဖြစ်လာ ဖြစ်လာ ဂရုမစိုက်ဘူး ..."
သူပြောမိတော့ ဂျောင်ဂုက မျက်နှာမဲ့လာသည်။
" ဟင်အင်း သားသားကတော့ ဂရုစိုက်တယ် ... သားသားနဲ့တွဲနေတာ တစ်ယောက်ယောက်က သိသွားလို့ အဲ့ဒါကို အသုံးချပြီး ကိုကို့ကို ဆွဲချမယ်ဆိုတာမျိုး လုံးဝအဖြစ်မခံနိုင်ဘူး ... သားသားက ကိုကို့အနားမှာရှိရတာထက် ကိုကိုတောက်ပနေတာကို ကြည့်ရတာမျိုး ပိုသဘောကျတယ် ကိုကို "
ဂျောင်ဂုစကားကြောင့် သူမျက်မှောင်ကြုတ်ရင်း နှုတ်ခမ်းကို ချွန်လိုက်မိသည်။ ဂျောင်ဂုသဘောက တစ်ယောက်ယောက်က လမ်းခွဲဖို့ လာပြောရင် ဂျောင်ဂုက ချက်ချင်းလမ်းခွဲပေးဖို့ ဆန္ဒရှိတဲ့ပုံပင်။ သူကတော့ ဒါမျိုးကို သဘောမတူ၊ လမ်းခွဲဖို့ ဖိအားပေးခံရရင်တောင် လမ်းခွဲမှာမဟုတ်။ ဂျောင်ဂုသာ အချစ်ကို နားလည်သွားလို့ တစ်ခြားတစ်ယောက်ကို ချစ်မိသွားရင်တောင် သူ လမ်းမခွဲပေးနိုင်ပါ။ အတ္တကြီးတယ်ပဲပြောပြော၊ တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော ဘာအကြောင်းပြချက်နဲ့မှ လမ်းမခွဲပေးနိုင်။ ဂျောင်ဂု သူ့ကိုမချစ်ရင်တောင် သူ့အနားမှာပဲ ဂျောင်ဂုကို ထားပါမည်။
သို့ပေမယ့် ဂျောင်ဂုဘက်ကနေသာ သူ့ကို ချန်ထားခဲ့မယ်ဆိုရင်တော့ .... ။
" ကိုကို ~~ လျှောက်မတွေးနဲ့ .. သားသားက ကိုကို့ကို အများကြီးချစ်တယ်လေ ... "
သူ နှုတ်ခမ်းချွန်ထားမိလို့ စိတ်ဆိုးတယ် ထင်သွားတဲ့ အကောင်ပေါက်ကတော့ သူ့နှုတ်ခမ်းကို လက်ညှိုးနဲ့ ထိကစားလာသည်။
" ဂုဂီရား ~~~ ကတိတစ်ခုလောက်ပေးနိုင်မလား ..."
" ဘာများလဲ ... "
" ကိုကို့အပြင် နောက်တစ်ယောက်ကို မချစ်စေရဘူးဆိုတဲ့ကတိ ..."
" ဟင် ..."
" ဟုတ်တယ် ~~ အခု မင်း ကိုကို့ကို မချစ်ဘူးဆိုရင်တောင် တခြားတစ်ယောက်ကိုတော့ သွားချစ်လို့မရဘူး ... အကယ်လို့ ကိုကိုမဟုတ်တဲ့တခြားတစ်ယောက်ကို ချစ်မိသွားမယ်ဆိုရင် ~~ "
" အင်း ~~ ကိုကိုမဟုတ်တဲ့တခြားတစ်ယောက်ကို ချစ်မိသွားရင် ~~ ? "
သူပြောတာကို အလေးအနက်မထားဘဲ ပြောင်ချော်ချော်လုပ်လာတော့ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ အဲ့ဒီတော့မှ မျက်နှာပိုးသေကာ သူပြောတာကို အလေးအနက်ပြန်ရှိလာသည်။
" ... မင်းကို မုန်းပစ်ပြီး မရှိသလို လျစ်လျူရှုမှာ ~~ "
သူ့စကားအဆုံး ဂျောင်ဂုက မျက်ခုံးနှစ်ဖက်ပင့်တက်ရင်း သူ့ပါးပြင်လေးကို လက်ချောင်းလေးနဲ့ ပွတ်သပ်သည်။
" စိတ်ချကိုကို ... အဲ့ဒီလိုနေ့က မရှိလာစေရဘူး ... ဘာဖြစ်လို့လဲဆိုတော့ ကိုကို့ရဲ့အရာရာအားလုံးထဲမှာ သားသား ပျော်ဝင်နေပြီးသား မို့လို့လေ ..."
အဖြူလုံးလေးရဲ့စကားကို ဆော့ဂျင်ပြုံးရင်း ပါးပြင်လေးကို သူ နမ်းရှိုက်လိုက်မိသည်။ အဲ့ဒီ့နောက် ခြေဖျားထောက်ကာ သူ့လည်တိုင်ကို ခိုတွယ်လာတဲ့လက်လေးတွေက လည်ဆွဲတပ်ပေးဖို့ ကြိုးစားလေတော့ သူအနည်းငယ်ငုံ့ချလိုက်မိသည်။ သူ ငုံ့ချလိုက်တာမို့ သူ့နှာဖျားဝက ဂျောင်ဂုလည်တိုင်နဲ့ ကွက်တိပင်။ သူ အသည်းယားစွာနဲ့ တစ်ချက် ဆွဲနမ်းမိတော့ ဂျောင်ဂု ခန္ဓာကိုယ်လေး တုန်တက်သွားပေမယ့် ချက်ချင်းပင် သူလုပ်သလိုမျိုး ပြန်လိုက်လုပ်ကာ သူ့လည်တိုင်ပေါ်က လက်စွပ်ကွင်းလေး ရှိနေတဲ့ညှပ်ရိုးတည့်တည့်ကို နှုတ်ခမ်းနဲ့ လာဖိကပ်သည်။
ချစ်ရပါသော ဒီလူသားလေးရဲ့ ခပ်ကဲကဲအပြုအမူတွေကို သူ သဘောကျစွာ ပြုံးရင်း တူညီတဲ့အချစ်တွေ ရှိနေဖို့ သူဆုတောင်းလိုက်မိသည်။
ဂျောင်ဂုကတော့ သူ့လည်တိုင်ပေါ်မှာ ရှိနေတဲ့ ကြိုးလေးကို ကြည့်ပြီး သဘောကျစွာ ရယ်နေခဲ့ပါတော့သည်။
အဲ့ဒီ့အချိန်အထိ သူ သေချာသိပါသည် .. ဂျောင်ဂုဟာ သူ့ကို မချစ်သေးဘူးဆိုတာ ...။
💠💠💠
“ ... ဆော့ဂျင် … ကျောင်းစာတွေကရော ဘယ်လိုရှိလဲ ... ညပိုင်း အတန်းချိန်ထပ်ယူလိုက် ... ပြီးတော့ ဟိုကောင်လေးနဲ့ ခိုးတွေ့နေတာ လျော့! "
အဖေနဲ့ ညစာအတူတူစားရင်း အဖေ့ဆီက မပြောစဖူး အသံထွက်လာတော့ သူအဖေ့ကို ကြည့်လိုက်မိသည်။ သူ ဂျောင်ဂုနဲ့ တွဲနေတာ အဖေသိပေမယ့် အခုလိုတော့ တားမြစ်တာမျိုး မရှိခဲ့။
" ခိုးမတွေ့ပါဘူး ... ကျွန်တော်က ခိုးတွဲနေတယ်ထင်လို့လား ...ပြီးတော့ ကျောင်းစာတွေလဲ နိုင်ပါတယ် ... assignmentလဲ ပုံမှန်ထပ်တယ်… "
" မင်းကို အနုပညာရှင်ဖြစ်စေချင်ခဲ့တယ်ဆိုတာ ... ငါ့လုပ်ငန်းရဲ့အဓိက ဖြစ်တဲ့ အဲ့ဒီ့အနုပညာရှင်တွေရဲ့ခံစားချက်ကို သိစေချင်လို့ပဲ ... အချိန်တန်ရင်တော့ ငါ့နေရာကို မင်းယူရမှာ ... အဲ့ဒီတော့ သူများတွေထက် နှစ်ဆ ကြိုးစားဖို့လိုတယ် ... "
" သိပါတယ် ... ကြိုးစားနေတာမို့လို့ အဖေက စိတ်မပူပါနဲ့ ... ပြီးတော့ ဂျောင်ဂုကို စောင့်ရှောက်ပေးလို့လည်း ကျေးဇူးတင်ပါတယ် ..."
အဖေက မာမီလို ပေါ်တင်စောင့်ရှောက်တာမျိုးမဟုတ်ပေမယ့် နောက်ကွယ်ကနေ တိတ်တိတ်လေး စောင့်ရှောက်ပေးနေတာ သူသိတော့ ကျေးဇူးစကားဆိုလိုက်မိသည်။ ကွယ်လွန်သူ ဂျောင်ဂုအဖေဟာ သူ့အဖေနဲ့ သူငယ်ချင်းထက်ပိုရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာတော့ သူ အနည်းအကျဉ်းသိထားပါသည်။
" အခုတလောတော့ တွေ့တာ လျော့လိုက်ပါ ဆော့ဂျင် ဂျောင်ဂုနောက်ကို နောက်ယောင်ခံလိုက်နေတဲ့သူတစ်ယောက်ရှိနေတယ် ... အဲ့ဒီ့လူက ပရိုဂျူဆာဟွမ်ရဲ့လူပဲ ... ... ပြီးတော့ မင်းကို s*x partnerအတွက် ကမ်းလှမ်းတယ်ဆို !! "
သူဘာဖြစ်နေတယ် ဆိုတာ အတိအကျသိနေတဲ့အပြင် ဂျောင်ဂုကိစ္စကိုပါ သိနေတော့ သူမျက်မှောင်ကြုတ်လိုက်မိသည်။ ဂျောင်ဂုကို ဘာဖြစ်လို့ ပရိုဂျူဆာဟွမ်က နောက်ယောင်ခံလိုက်ရတာလဲ ... သူနဲ့ ပတ်သက်ပြီး သိနေလို့လား ... မဟုတ်မှ ဂျောင်ဂုကိုလည်း သူ့လိုမျိုး ကမ်းလှမ်းဖို့ ကြိုးစားနေတာလား ...
" ... အဲ့ဒီ့ကောင်ကို ကုမ္ပဏီကနေ ဖြုတ်ချလို့မရဘူးလား ... သူက ဘာအကန့်ရှိလို့ ဂျောင်ဂုနောက်ကို လိုက်ရတာလဲ .. အဖေ!!! ဂျောင်ဂု ထိခိုက်လို့မဖြစ်ဘူးနော် .... ဂျောင်ဂုကို ကာကွယ်ဖို့ ကျွန်တော် စီစဉ်လိုက်ရမလား ... မဟုတ်ရင် အဖေ့အိမ်မှာ ဂျောင်ဂုကို ထားလိုက်ရမလား "
ကင်မ်မင်ဆွန်းတစ်ယောက် သူ့ရှေ့မှာ အချစ်ကြောင့် ယောက်ယတ်ခတ်နေတဲ့ သားဖြစ်သူကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ ပြောချင်နေတဲ့အကြောင်းအရာက သားဖြစ်သူ s*x partner အဖြစ်ကမ်းလှမ်းခံရလို့ ဒေါသထွက်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ အကြောင်းအရာဖြစ်သည်။ သို့ပေမယ့် သားဖြစ်သူကတော့ သူ့ကိုယ်သူ အရင်စိတ်မပူဘဲ သည်းသည်းလှုပ်နေရတဲ့ချစ်သူကောင်လေးကိုသာ အပူတကပ်ကပ်ဖြစ်နေသည်။
" ကင် ဆော့ ဂျင် ~~ ဂျွန်ဂျောင်ဂုကို စိတ်မပူဘဲ ... မင်းကိုယ်မင်းသာ ဘယ်လိုလှည့်ကွက်သုံးပြီး ရှောင်ရမလဲ တွေးစမ်းပါ ... ဟွမ်က အကျင့်မကောင်းပေမယ့် ငါ့ကုမ္ပဏီမှာ သူ့ကို လိုနေသေးတယ် ... ပြီးတော့ ... မင်းမာမီက မင်း ဂျောင်ဂုနဲ့ တွဲနေတာကို မသိဘူးမဟုတ်လား ... ဘယ်အချိန်ထိ ဖုံးကွယ်ထားမှာလဲ "
အဖေမေးတော့ သူစားလက်စ ဇွန်းကို ပြန်ချကာ နှုတ်ခမ်းတွေကို သုတ်လိုက်မိသည်။
" ... လက်ထပ်ဖို့ အရွယ်ရောက်တဲ့အချိန်ကျမှ မာမီ့ကို အသိပေးမှာပါ ... "
" ကောင်းပြီလေ ... ကဲ စားပြီးရင် ငါ့လက်ထောက် မင်းကို လာကြိုလိမ့်မယ် ... ငါက ပါတီရှိတာမို့လို့ သွားပြီ ဆော့ဂျင် !! ပြီးတော့ အတတ်နိုင်ဆုံး စိတ်ထိန်းပြီးနေစမ်းပါ ... အင်တာတိန်းမန့်နယ်ပယ်က စကားတစ်ခွန်းမှားတာနဲ့ လိုသလို ချဲ့လို့ရတယ်ဆိုတာ သိတယ်မဟုတ်လား ... ဂရုစိုက်ပြီး ကိုယ့်image ကိုယ်ထိန်း ..."
ပေါ့ပေါ့ပါးပါးပင် အကြံပေးကာ ထထွက်သွားတဲ့ တစ်ခေတ်တစ်ချိန်က ကြယ်ပွင့်ကြီး ကင်မင်ဆွန်းကို ဆော့ဂျင် ပြုံးကာ ခေါင်းညိတ်ရင်း ရှိနေတဲ့ လိမ္မော်ရည်ခွက်ကို ကုန်အောင် သောက်လိုက်မိသည်။ သူ့ရဲ့အဖေဟာ တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ HYPE Label ကို ဦးစီးနေတဲ့ ဥက္ကဌတစ်ယောက်ဖြစ်သည်။ တော်တော်များများက သူနဲ့အဖေ့ရဲ့တော်စပ်မှုကို မသိကြပါ ...။ အဖေနဲ့ တူတူမနေတာကြောင့်လည်း ဘယ်သူမှ သတိမထားမိ။ သူကိုယ်တိုင်လည်း ထုတ်ပြောတာမျိုးမရှိသလို ဂျောင်ဂုတောင်မှ သူ့အဖေဟာ ကင်မင်ဆွန်းဆိုတာကို မသိ။ ဒီအတိုင်း အနုပညာရှင်၊ စီအီးအိုတစ်ယောက်လို့သာ သိထားတာဖြစ်သည်။
Advertisement
- In Serial25 Chapters
Unparalleled Appearance: She is the Last with Divine Power in a Universal War
Unparalleled appearance in the myriad worlds. Unrivaled talent. The only one who could use the divine power of the universe. Her story began with experiencing the inevitable end of her precious world, her home. The death of all her friends. The last survivor of hundreds of millions of heroes. Lanaery was known to her world, the Sacred Origin, as the most talented Saintess who ever lived. Unfortunately. Despite being the only survivor of her entire race, she was forced to become stronger to protect her last home, her universe, from a universal war. On her way, she will have to face technological civilizations. Elemental gods who turned their backs on their universe, and Evil Gods from another universe who wanted the destruction of all life.
8 126 - In Serial23 Chapters
The Reaper's Herald
When the Divine Monarchs disappear they leave their thrones unattended. Chaos will rise. War, pestilence, death, destruction, the foundation of order is shattered. From the depths of chaos, a new Monarch rises. With a sweep of his blade he takes life, with a flick of his wrist he grants it. The Elements converge, the boundary between life and death fades, blood shall rain upon the earth. His legend unfolds with the myriad realms as his witness. I do not own the picture used for the book cover. All rights go to the original owner(s).
8 197 - In Serial123 Chapters
Creation, The wolves that are us (Creation series, Book 1)
The origin of a species and the different families that inherited the power of unknown birth collide in an attempt to settle their ways and solve mysteries, how will they react when the answer to that truth is shown? The story mostly takes the perspective of Percy, a 19 year old member of the Daybreak pack as well as some additional characters' point of view. These packs having their respective abilities that shape their lifestyles, and they've remained inherited throughout the pack's history and bloodline which over time have long lost their origins. Auxiliary chapter - Main Characters, rules of this fantasy and etc. But they're explained throughout the course of the Novel, so it isn't necessary to read. (Participant in the Royal Road Writathon challenge April 2022)
8 111 - In Serial90 Chapters
Hide and Aizawa
"Please forgive your foolish brother… My unfortunate Lil Sis." This is a story of regret from an older brother, who in his previous life became the greatest source of sadness for her half-sister. And in this life, he would dedicate himself to ensure that his half-sister is able to walk and shine brightly in this gloomy world. *****
8 152 - In Serial32 Chapters
The Garbage Man
2021/10/20 - Taking this down for a complete rewrite. I like the plot but the writing on the first attempt is... Garbage :/ Jack was just waiting for the storm to pass. It wouldn't. What it did was take him on the journey of a lifetime. A lot of lifetimes, in fact. This is a cultivation/wuxia story at its core. May contain young masters, martial arts and magic. * 14/08/2020 - Rough editing done on the published chapters, hooray! Now to resume normal - edited! - releases.
8 182 - In Serial49 Chapters
THE RUNNING
---BOOK 1--- Elenore Burns, an 18 year old she-Wolf, never wanted to go to the Running. But what happens when she does? A game where males chase their desired mates into the woods after the she-wolves get a 60 second head start. Can she escape past the borders, or will she be taken? ---------------------- ---BOOK 2--- After enduring many hardships in the eyes of a Luna, Elenore Burns finally returns to her rightful position as Luna of the Wolf Territories. Before she can settle down, she must first find her family. Love and loss will come to the pack, untimely endings and new lives will flourish. Can she save the only blood relatives she has left and lead a successful nation of Wolves or will her dream remain a fantasy? *Chapter 1 of Book 2 starts after the Announcement chapter Highest ranking in Werewolf: #83 (03/26/17)
8 436

