《Me, Myself & Bad Romance •||• JINKOOK》【03】
Advertisement
⟨ Unicode Version ⟩
အပိုင်း သုံး
အစီစဉ်တင်ဆက်သူရဲ့မေးခွန်းအဆုံး သူ ခေါင်းညိတ်ရင်း ရယ်လိုက်သည်။
သူ့စကားကြောင့် ရှိနေတဲ့ ဝန်ထမ်းတွေအပါအဝင် အစီစဉ်တင်ဆက်သူပါ မျက်လုံးတွေပြူးသွားရတော့သည်။ သူ့မန်နေဂျာကတော့ သွေးတက်နေပြီဖြစ်သည်။
" အာ ~~ ဆော့ဂျင် ဆော့ဂျင် ... ပွဲစီစဉ်သူဆီက ဖုန်းလာနေတယ် ..."
" ကဒ်!!! "
သူ့အဖြေကြောင့် ချက်ချင်းပင် မန်နေဂျာအစ်ကိုက ရိုက်ကွင်းထဲဝင်ကာ Ngဖြစ်အောင်လုပ်ရင်း မလာတဲ့ဖုန်းကို ဟန်ဆောင်ကမ်းပေးပြီး ဆွဲထုတ်လာသည်။
" ကင်ဆော့ဂျင်ရဲ့!! ဘာပေါက်ကရတွေ လုပ်နေတာလဲ ... မင်း နာမည်ကြီးတယ်ဆိုတိုင်း ဖြေလို့မရဘူးလေ ... မင်းသက်တမ်းက နှစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်ဆိုတာ သဘောပေါက် ... ငါ့ကိုပြသနာမဖြစ်အောင် လုပ်လို့မရဘူးလား ..."
သူ စိတ်ထင်ရာလုပ်တိုင်း ပြန်ဖြေရှင်းပေးရတဲ့ မန်နေဂျာအစ်ကိုက ထပ်ခါတလဲလဲ ပြောနေကျစကားတွေပြောလာတာ့ သူ ခေါင်းညိတ်လိုက်သည်။
" အစ်ကိုပဲပြောခဲ့တာလေ အမှန်အတိုင်း ရိုးရိုးသားသားနေဆို ... ပြီးတော့ ကျွန်တော်ကလည်း relationship နဲ့ ပတ်သက်ရင် လိမ်မှာမဟုတ်ဘူးလို့ ပြောပြီးသားနော် .. "
" သိတယ် သိတယ် ... ဒါပေမဲ့ ဒီ ချစ်သူရှိလားဆိုတဲ့မေးခွန်းတွေအကုန် ကန့်သတ်မေးခွန်းထဲ ထည့်ထားတာကို ... ဘာဖြစ်လို့ အစီစဉ်တင်ဆက်သူက မေးချလိုက်ရတာလဲ ... ကင်ဆော့ဂျင် ငါ့ကို Big Hitကနေ ကန်ထုတ်ခံထိအောင် မလုပ်ပါနဲ့ .."
" MCက မမှားပါဘူး ... စိတ်ဝင်စားတဲ့သူရှိလားလို့ မေးတာလေ ... အဲ့ဒီတော့ ရှိတယ်လို့ ပြန်ဖြေတာ ... ကန့်သတ်မေးခွန်းထဲက အလွတ်ကြီးပဲလေ ..."
" အမလေး ... ကင်ဆော့ဂျင်ရှီ !! မင်းရဲ့ အဲ့ဒီလိုပေါက်ကရကြောင့် Fandom Nameတောင် Cookie ဖြစ်သွားတာလည်း သတိရပါဦးနော် .. မင်းကောင်လေးကို မင်း အရမ်း အရမ်း အရမ်း ချစ်တာ သိပေမယ့် ... ငါတို့ကြိုးစားတည်ဆောက်လာတဲ့ လေးနှစ်တာကာလက အရမ်းကို ခက်ခဲခဲ့ကြတာမဟုတ်လား ..."
မန်နေဂျာရဲ့စိုးရိမ်စကားတွေအဆုံး သူ ပွဲဦးထွက်ခဲ့တဲ့နေ့က အဖြစ်အပျက်ကို သတိရမိသွားသည်။ တစ်ကိုယ်တော်ဖျော်ဖြေမှုအပြီး ပထမဦးဆုံး တီဗွီထုတ်လွှင့်မှုက စကရင်ထက်မှာ ပေါ်လာမှာမို့ တစ်နိုင်ငံလုံးကြားအောင် “Gukie-ya!! ချစ်တယ်” ဆိုပြီး သူ အော်ပြောခဲ့သည်။ ထူးဆန်းစွာနဲ့ တက်သစ်စအဆိုတော်တွေကြား Trendဖြစ်သွားခဲ့သည်မို့ ဖြေရှင်းချက်ထုတ်ရလေတော့ Cookieက Fandom nameပါဆိုပြီး ဖြေရှင်းခဲ့ရသည်။ဒီလိုနဲ့ သူ့ Fandom nameကို Cookieလို့ ခေါ်စေခဲ့ရသည်။
အဲ့ဒါတင်ကမ သူနဲ့ဂျောင်ဂု Anniversary နေ့မှာ Moonkook ဆိုတဲ့ Captionနဲ့ ဂျောင်ဂုပေးထားတဲ့ နက်ခ်တိုင်နဲ့Selca တင်လိုက်မိတာကို အဲ့ဒီ့အချိန်ကစ MoonKook Dayဆိုပြီး Cookie Selca Dayအဖြစ်သတ်မှတ်ကြပြန်သည်။ ၆လပိုင်း လေးရက်နေ့ ရောက်တိုင်း သူ့ခမျာ Moonkook ဆိုတဲ့ hashtagsအောက်မှာ သူ့ပုံနဲ့ တွဲရက်တင်ထားကြတဲ့ဖန်များစွာရဲ့ဓာတ်ပုံတွေကို မမောနိုင်မပန်းနိုင်ကြည့်ရပြန်သည်။ Anniversary နေ့မှာ သူ့ပုံကို ဂျောင်ဂုမဟုတ်တဲ့ တခြားတစ်ယောက်ပေါင်းများစွာနဲ့ တွဲမြင်နေရတာကတော့ သိပ်အဆင်မပြေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ စိတ်အလိုမကျတာကို သိတဲ့သားသားဂျွန်ဂျောင်ဂုကတော့ Moonkook hashtags အောက်မှာ Selcaပုံလေးရအောင် တင်ပြီး သူ့ကို စနောက်တတ်သေးသည်။
အဲ့ဒီလိုပဲ ကြားထဲမှာ ဘာစည်းမျဉ်းမှ လွှမ်းမိုးမခံဘဲ နေခဲ့သည်မို့ မန်နေဂျာအတွက် ခေါင်းကိုက်စရာဖြစ်ခဲ့ပေမယ့် သူ့အတွက်ကတော့ လွတ်လွတ်လပ်လပ်နဲ့ ပျော်ဖို့ကောင်းသည်။ ဂျောင်ဂုဂီပြောခဲ့သလိုပဲ နေရာတိုင်းမှာ သူ့ပုံတွေ၊ သူ့ကြေညာတွေရှိနေတော့ ဂျောင်ဂု ကျောင်းသွားတဲ့အခါဖြစ်ဖြစ်၊ ခရီးတွေထွက်တဲ့အခါဖြစ်ဖြစ် ဂျောင်ဂုဂီက သူ့ပုံတွေနဲ့ တွဲရိုက်ကာ သူ့ကို ပို့ပေးလာတတ်သည်။ အဲ့ဒီလိုအခါမျိုးဆို သူအူယားမတတ် ပေါက်စနလေးကို အသည်းယားရသည်။ အခုလည်း သူ့မွေးနေ့မို့ နေရာတကာက Billboard တွေ၊ Subway Ads နဲ့အတူ ပုံတွေ ပတ်ရိုက်ကာ သူ့ဆီပို့ထားပေးတာတွေရှိသည်။ သူ့ခမျာ အချိန်အကုန်ပြည့်နေတာမို့ သားသားဂျောင်ဂုပို့ထားတာ ကြည့်ဖို့ အချိန်မရသေး။
" ဂျင်ရှီ!! အဆင်သင့်ဖြစ်ပါပြီလား ... "
သူအတွေးများနေတုန်းမှာပဲ ကင်မရာဒါရိုက်တာရဲ့အသံကြောင့် အတွေးစတွေပြတ်တောက်သွားသည်။ မန်နေဂျာကတော့ လှည့်ကြည့်ကာ ခေါင်းညိတ်ရင်း အသည်းအသန်ပြန်ဖြေသည်။
" ဟုတ် ဖြစ်ပါပြီနော် ဖြစ်ပါပြီ "
သူ ဒါရိုက်တာဆီကို လျှောက်သွားရင်း စီစဉ်ထားတဲ့အပိုင်းအစတွေကို ပြန်ကြည့်မိသည်။ သူ့မန်နေဂျာကတော့ အယ်ဒီတာကြီးဆီကို ခုနက အပိုင်းလေးဖြတ်ထုတ်ပေးဖို့ အပူကပ်လို့ပေါ့ ...။
“ ဆော့ဂျင်ရှီ ... ဒီနေ့က အသက် ၂၂ပြည့်မွေးနေ့ မဟုတ်လား ... ဘာများစီစဉ်ထားသေးလဲရှင့် "
" မရှိပါဘူး Cookie တွေရဲ့အချစ်ကိုပဲ ခံယူရင်း ကုန်ဆုံးသွားမှာပါ ... ~~”
အဲ့ဒီ့နောက် ဒီအပိုင်းကို ညပိုင်း၇နာရီမှာ ထုတ်လွှင့်မှာဖြစ်တဲ့အတွက် သူ အပြီးသတ်ရိုက်ကူးရင်း ကျန်တဲ့အချိန်ဇယားတွေအတွက် သူလောလိုက်မိတော့သည်။ သူ ဂျောင်ဂုကို တွေ့ရဖို့ မစောင့်နိုင်တော့ပါလေ။
💠💠💠
// “ ..... 'ဂျင်' ရှီက ဒီလောက်ချောမောတဲ့ရုပ်ရည်နဲ့ဆိုရင် ကျောင်းတုန်းက ကောင်မလေးတွေ ဝိုင်းဝိုင်းလည် ဖြစ်ခဲ့မှာပဲ ... ရိုမန့်တစ်ဇာတ်လမ်းလေးတွေ ဘာတွေများရှိခဲ့ရဲ့လား ... ”
" ဒါပေါ့ ကျွန်တော့်မျက်နှာနဲ့ဆို အကုန်လုံးကို ဖမ်းစားနိုင်တယ်လေ ... " //
သူ ခပ်ရေးရေးလေးပြုံးလိုက်မိရင်း တီဗွီစကရင်ထက်ကို ခဏတာ မော်ကြည့်မိသည်။
ကိုကိုက စကရင်ထက်မှာ တင့်တင့်တယ်တယ်နဲ့ သိပ်လှလွန်းသည် ... တစ်ချိန်က သူတစ်ယောက်တည်းသာ သိခွင့်ရတဲ့ သဘောကျရတဲ့နှုတ်ခမ်းဖူးဖူးလေးနဲ့ အမြဲတမ်း ရီနေတတ်တဲ့မျက်ဝန်းလေးတွေက အခုတော့ တစ်နိုင်ငံလုံးမြင်တွေ့ခွင့်ရသွားခဲ့ပြီဖြစ်သည်။ တစ်ခါတလေကျ ကိုကို့ကို သည်းသည်းလှုပ်နေတဲ့မိန်းမတွေကို 'ဒါငါ့အပိုင်' ဆိုပြီး ကြွားကာ ဖွက်သိမ်းပစ်လိုက်ချင်မိပေမယ့် သူ့မှာ လုပ်ခွင့်မှ မရှိတာလေ။ ကိုကို ဒီလမ်းကိုရွေးချယ်သွားအောင် သူကိုယ်တိုင်ပဲ လုပ်ခဲ့မိသည်ကိုး။
Advertisement
ဒီမေးခွန်းကိုတော့ သူ တီဗွီထက်က အကြည့်လွှဲရင်း သိမ်းလက်စ ပန်းကန်တွေကို စုပုံလိုက်သည်။
ပြန်ဖြေပေးလာတဲ့စကားသံအဆုံး ခံပြင်းမိပေမယ့် ကိုကိုက ဝန်ခံလို့မှ မဖြစ်တာ ဆိုတဲ့အသိက သူ့ကို ထိန်းကျောင်းပေးလေတော့ သက်ပြင်းသာချလိုက်မိသည်။
ဒီပါးစပ်က ဘာဖြစ်လို့များ အိုင်ဒေါလ်အဖြစ်မြင်ချင်တယ်လို့ ပြောခဲ့မိတာလဲ မသိ။ မြင်ချင်တယ်လို့ပဲပြောလိုက်တာကို တကယ်လုပ်ချလိုက်တဲ့ ကိုကိုကြောင့် သူရင်မောနေခဲ့ရတာ တော်တော်ကြာကြာပင်။ သို့ပေမယ့်လည်း ကိုကို့ဆီကနေ သူ့အတွက် အချစ်ဆိုတာ ခံစားမိနေတာမို့ သူ့အချစ်ဇာတ်လမ်းငယ်လေးထဲမှာ သူပျော်မွေ့နေတာဖြစ်သည်။
" ဂျောင်ဂု! နားလိုက်တော့! ဒီနေ့ စောစောပြန်မယ်ဆို ... "
" ဟုတ်! ကျွန်တော် စောစောပြန်ပါမယ် "
ဆိုင်ရှင်အစ်ကိုကြီးအသံကြောင့် သူခေါင်းညိတ်လိုက်ရင်း လုပ်အားခရှင်းဖို့ ကောင်တာဆီ သွားမိသည်။ ကောင်တာပေါ်က အလှဆင်ထားတဲ့ ပန်းအိုးလေးမှာတော့ ကိုကို့စတစ်ကာတွေက ပြည့်နှက်နေသည်။ သူ စူးစိုက်ကြည့်ကာ ပြုံးရင်း သူ့လုပ်ခကို ရေတွက်နေတဲ့အစ်ကိုကြီးကို စောင့်မိသည်။
" ရော့ ဒီမှာ နှစ်ပတ်စာ ဝမ်******"
ကမ်းပေးလာတဲ့ပိုက်ဆံအလိပ်ကို သူ တရိုတသေလှမ်းယူလိုက်သည်။
" အာ ~~ နေဦး ... ဒီနေ့ ဂျင်မွေးနေ့မဟုတ်လား ... ရော့ ... ယူသွား မင်းက သူ့ဖန်ဘွိုင်းအကြီးစားပဲကို မေ့နေတာ ...."
ကိုကို့မွေးနေ့ကို ဆိုင်ကနေ Event လေးလုပ်ထားပေးတာရှိတော့ photo cardနဲ့ minibookရယ် အအေးခွက်ရယ်ကို ကမ်းပေးသည်။ အားလုံးအမြင်မှာ သူက Soloist Jinကို တမ်းတမ်းစွဲဖြစ်နေပါတဲ့ ဖန်ဘွိုင်းလေး ဂျွန်ဂျောင်ဂုပေါ့ ...။ သူ့ဆီမှာ များပြားလွန်းတဲ့ကိုကို့ပုံတွေရှိနေပေမယ့်လည်း ကမ်းပေးလာတဲ့ပစ္စည်းတွေကို ယူရင်း စတော်ဘယ်ရီဖျော်ရည်လေးကို သောက်လိုက်မိသည်။
အဲ့ဒီ့နောက် သူမှန်းထားတဲ့အတိုင်း ကိုကို့မွေးနေ့အတွက် လက်ဆောင်လေးဝယ်ဖို့ သူ ကျောက်မျက်ရတနာဆိုင်ထဲ ဝင်ခဲ့တော့သည်။ သူ ဒီဆိုင်ထဲကို ဝင်ဖို့ ငယ်လွန်းနေတာလားတော့မသိ၊ သူဆိုင်ထဲရောက်သွားတာနဲ့ ကလေးလေးပဲ ဆိုတဲ့အသံကို သူကြားလိုက်ရသည်။ သို့ပေမယ့်လည်း သူဂရုမစိုက်ပါ။ ကိုကို့ကို အဖိုးတန်ဆုံးလေးပေးချင်လို့ တီတီပေးထားတဲ့မုန့်ဖိုးအပြင် သူ့ဟာသူ အချိန်ပိုင်းအလုပ်တွေ ကိုကိုမသိအောင် ခိုးလုပ်ထားသည်။ ဒီတိုင်း တီတီ့ဆီကမုန့်ဖိုးရယ် ကိုကိုပေးတဲ့မုန့်ဖိုးတွေရယ်နဲ့တင် ဝယ်လို့ရပေမယ့် သူကတော့ သူ့လုပ်အားခလေးပေါင်းပြီး ကိုကို့ကို လက်ဆောင်လေးပေးချင်သည်ပင်။
" ကောင်လေး ..ဘာများအလိုရှိလို့လဲ "
ကျောပိုးအိတ်လေးလွယ်ပြီး အအေးတစ်ခွက်နဲ့ ဆိုင်ထဲလျှောက်ကြည့်နေမိတဲ့သူ့အနားဆီ အစ်မကြီးတစ်ယောက်က လျှောက်လာကာမေးလေတော့ သူဖုန်းထုတ်လိုက်မိသည်။
" ဒါလေးအော်ဒါတင်ထားတဲ့တစ်ယောက်ပါ ... ကုဒ်နံပါတ်က 0613 ~~ "
သူပြောမိတော့မှ ထိုအစ်မကြီးက ပြူးတူးပြဲတဲနဲ့ သူ့ကို ပြုံးပြရင်း သေချာပြင်ဆင်ထားတဲ့စားပွဲဝိုင်းဆီ ဦးဆောင်ခေါ်သွားကာ သူ့ကို ထိုင်စေသည်။
" ခဏလေး ထိုင်စောင့်ပေးပါဦးနော် ... အော်ဒါတင်ထားတဲ့ဒီဇိုင်းကို ယူလာပေးပါ့်မယ် "
အဲ့ဒီ့နောက် သူမှာထားတဲ့ လည်ဆွဲလှလှလေးကို သူ့ရှေ့ဆီရောက်အောင် ယူလာရင်း စိတ်တိုင်းကျ၊ မကျ စစ်ဆေးစေသည်။ သူဟာ accessories တွေကို ဒီဇိုင်းဘယ်လိုဆွဲရမလဲ မသိပေမယ့် ကိုကို့လည်တိုင်ထက်မှာ လှလှပပတည်ရှိနိုင်မယ့် သူ့လက်ရာလေးတော့ရှိစေချင်သည်။ ထို့ကြောင့် သူ့စိတ်ကူးတွေအကုန် ဖန်တီးသူကို ပြောပြကာ ပုံပေါ်စေခဲ့တာဖြစ်သည်။ အခုတော့ ကတ္တီပါဘူးလေးထဲက ကြိုးမျှင်သေးသေးလေးဟာ လှပတင့်တယ်လွန်းနေသည်။ ကြိုးမျှင်သေးသေးလေးနှစ်ခုရဲ့အလယ်မှာရှိတဲ့ လက်စွပ်အဝိုင်းလေးက သူနဲ့ ကိုကို့ရဲ့တရားဝင်ချစ်ခွင့်ရမယ့်နေ့ကို သူ ရည်ရွယ်ပါသည်။
" အို့! ငါ ဒါကြိုက်တယ် !!! ယူမယ် .. တခြားသူကို ပြမနေဘဲ ထုပ်ပိုးလိုက်တော့ ..."
ရုတ်တရက် သူထိုင်နေတဲ့ စားပွဲခုံအနားကနေ သူ ကိုကို့အတွက်ရည်ရွယ်ပြီး ဖန်တီးထားတဲ့ လည်ဆွဲလေးကို လက်ညှိုးညွှန်ကာ ဝယ်ဖို့ပြောလာလေတော့ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ ခံစားချက်တွေ သိပ်မကောင်းသည်မို့ ခပ်မြန်မြန်ပဲ ပြန်သိမ်းကာ ကျန်ရှိနေတဲ့ပမာဏကို ငွေချေဖို့ ကြိုးစားလိုက်မိသည်။
" ... ဟို ~~ အစ်ကိုလေးရှင့် ... ဒါက customized ဖြစ်လို့ ရောင်းပေးလို့မရပါဘူး ... လိုချင်ရင်တော့ တခြားပုံစံလေးတွေ စိတ်ကြိုက်အပ်လို့ရပါတယ် ... "
သူ ငွေသာ ရှင်းနေပေမယ့် ကိုကို့အတွက်ရည်ရွယ်ထားတဲ့ကြိုးလေးကို မျက်စောင်းထိုးနေတဲ့ အဲ့ဒီ့ဦးလေးကြီးကို အမြင်ကပ်ပါသည်။
" ပိုင်ရှင်က ဘယ်သူလဲ မင်းလား ကောင်လေး "
အသက်၃၀ကျော် ထိုဦးလေးကြီးက သူ့ကို မေးငေါ့ကာ မေးလာလျှင် ပြုံးရယ်နေတတ်တဲ့ သူ့မျက်နှာကို တည်တည်တံ့တံ့ထားလိုက်မိသည်။
" ချစ်စရာလေးဟဲ့ "
သူမျက်နှာတည်လိုက်မှပဲ ဟိုဘက်ကောင်တာက အစ်မတွေရဲ့တီးတိုးသံလေးကို ကြားလိုက်ရသည်။
" ကျောင်းသားလေးပဲဖြစ်မယ်! ... ကျောင်းသားတစ်ယောက်က ဒီလောက်ပမာဏကို ဝယ်ပြီး ဘာလုပ်မလို့လဲ ... ထွေထွေထူးထူးမရှိရင် မင်းရဲ့ဒီဇိုင်းကို ငါယူမယ် ... ဘယ်လောက်ပေးရပေးရပါစေ ... နှစ်ဆပေးမယ်ကောင်လေး "
သူ့ကို ငွေစကားပြောလာတဲ့ ထိုဦးလေးကြီးကို မော့ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်မိသည်။ ဦးလေးကြီးဆိုပေမယ့် ချောတော့ အချောသား။ ရုပ်နဲ့စကားနဲ့ မလိုက်ဖက်တာလေးတစ်ခုပဲပေါ့။
" မရောင်းနိုင်ပါဘူး ... ဒီတစ်ဆိုင်လုံးမှာရှိတဲ့ဟာတွေ အကုန်လုံးနဲ့လဲရင်တောင် ကျွန်တော်မလဲပေးနိုင်ပါဘူး ..."
သူ့စကားကြောင့် ထိုလူကြီးက သူ့ကို အကဲခတ်သလိုပုံစံမျိုးနဲ့ကြည့်သည်။ ဝန်ထမ်းအစ်မကြီးကတော့ သူတို့နှစ်ယောက်ကြား ငိုရအခက်၊ ရယ်ရအခက်ပင်။
" .. ဂျင်ရဲ့ဖန်လား ...ငါ မင်းကို ဂျင်နဲ့ တစ်နာရီလောက် ဒိတ်လို့ရအောင် လုပ်ပေးနိုင်တယ်နော် ကောင်လေး "
ကိုကို့ပုံပါတဲ့ tea sleeve ကိုကြည့်ပြီး ပြောလာလေတော့ သူ့စိတ်ထဲ အမြင်မကြည်တာတွေ ဆထပ် ပွားလာရသည်။
Advertisement
ဘာမို့လို့ ကိုကိုနဲ့ ကိုင်ပေါက်ရတာလဲ ... ကိုကို့ကုမ္ပဏီကလူလား ... ဘာလို့ ကိုကို့နာမည်ကို သုံးရတာလဲ ...
" ... ခင်ဗျားကို ကြည့်ရတာ … သူ့အနားကပ်နိုင်တဲ့ပုံလဲ မပေါက်ဘဲနဲ့ ... နောက်အပတ် စာမေးပွဲရှိသေးတယ် ... ကျွန်တော့်အချိန်တွေကို လာမဖြုန်းနဲ့ ... .. အစ်မရေ ... ကျန်တာအကုန်လုံးကို ငွေသားတစ်ဝက်နဲ့ရှင်းပြီး ဒီကဒ်နဲ့ တစ်ဝက် ရှင်းပေးပါ ... "
လုပ်လက်စတွေကို ခပ်မြန်မြန်အဆုံးသတ်ကာ ထထွက်ဖို့လုပ်တော့ ထိုလူကြီးက သူ့လက်ထဲက ကဒ်လေးကို မယုံနိုင်စွာကြည့်သည်။ ဟုတ်ပါတယ် ... အမဲရောင်ကဒ်လေးဟာ ကိုကို့အဖေက ကိုကို့ကိုပေးထားတဲ့ကဒ်ဖြစ်ပြီး ကိုကိုက သူ့ကို ပြန်ပေးထားတဲ့ကဒ်လေးဖြစ်သည်။ အစက မသုံးဖို့ ဆုံးဖြတ်ထားပေမယ့် ဒီလူကြီးရှေ့မှာတော့ သုံးပြချင်ပါသည်၊ စိတ်ရှိလက်ရှိ ဒီတစ်ဆိုင်လုံး ကိုကို့ကဒ်နဲ့ ဝယ်ပစ်လိုက်ရရင် သူလွန်ရာ ကျဦးမည်။
" ကောင်လေး ~~ မင်းရဲ့လက်ရာလေး ... ဂျင်ကို ပေးဖို့အတွက် ငါ လာဝယ်တာဆိုရင်ရော လျောလျောလျူလျူရောင်းပေးနိုင်မလား ...."
ဆိုင်ထဲက ထွက်တော့မယ့် သူ့ကို ကောင်တာအနားထိ လှမ်းဆွဲကာ ပြောလာတော့ သူ ဒေါသငွေ့ငွေ့ပါတဲ့မျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်မိသည်။
ကိုကို့နာမည်နဲ့ ကိုင်ပေါက်နေတဲ့ ထိုလူကြီးကို သူမုန်းပါသည် ... ဘယ်သူမှန်းမသိတာတောင် ကိုကို့ကို ပိုင်ဆိုင်သလို လုပ်ပြနေတာ ပိတ်ရိုက်ပစ်ဖို့ကောင်းသည်။
" ... ဘယ်လိုလုပ်မလဲ ... ကျွန်တော်လည်း ကင်ဆော့ဂျင်ကို ပေးမလို့ ... စိတ်ချပါ ... ဒီကြိုးလေးကို ကိုကို့လည်တိုင်မှာ အမြဲမြင်စေရမယ် "
သူပြောတော့ ထိုလူကြီးမျက်နှာမဲ့သွားကာ သူ့လက်ကို ထပ်ဆွဲသည်။ ကြည့်ရတာ အလျော့ပေးမယ့်ပုံမပေါ်။
" … ကင်ဆော့ဂျင်နဲ့ သိတာလား "
ဒီမေးခွန်းကိုတော့ သူမဖြေမိ။ ကိုကို့အတွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ သူခံစားလိုက်မိတဲ့အတွက်ဖြစ်သည်။
" ခင်ဗျား လွှတ်!! "
သူ့လက်ကို တင်းကျပ်နေအောင် ဆွဲထားတဲ့အတွက်သာ သူ လွှတ်ပေးဖို့ ရုန်းမိသည်။
" လွှတ်ပေးမယ် !! ကင်ဆော့ဂျင်နဲ့ လိုက်တဲ့ဟာတစ်ခုရွေးပေးရင် လွှတ်ပေးမယ်!!"
ဂရုမစိုက်စွာ သူ့လက်ကို ဆွဲရင်း ခင်းကျင်းထားတဲ့ Accessories တွေကို ပြလာလေတော့ သူ အံကြိတ်လိုက်မိသည်။ လူမြင်ကွင်းမှာ မသိတဲ့သူတစ်ယောက်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရတာကို သူ မကြိုက်။ ခပ်ရိုင်းရိုင်းတွန်းလွှတ်ပြီး ပြန်လာချင်ပေမယ့် သူ့အလွန်ဖြစ်ဦးမှာစိုးသည်။ ထို့ကြောင့် ရချင်တာရဆိုပြီး လက်ညှိုး ညွှန်လိုက်မိသည်။ သူ ညွှန်လိုက်တဲ့ဟာကတော့ ငွေရောင်လဲ့နေတဲ့ bracelet ပင်။ အဖျားပိုင်းလေးမှာတော့ ဝေလငါးရဲ့အမြီးလေးကို ပြာလဲ့လဲ့ရောင်ကျောက်လေးနဲ့ စီခြယ်ထားသည်။
အို! ဒါ ဝယ်ပေးဖို့ စဉ်းစားဖူးတဲ့ဟာပဲ ... ကိုကို့လက်မှာဆို သိပ်လှမှာ ....
သူကိုယ်တိုင်လည်း အံ့ဩရင်း ငြိမ်သက်သွားတဲ့ခဏမှာ ထိုလူကြီးကတော့ သူ့လက်ကို လွှတ်ကာ သူ ညွှန်ပေးတဲ့ bracelet လှလှလေးကိုကြည့်ပြီး သဘောကျစွာပြုံးသည်။
" ... တကယ်ပဲ! ကင်ဆော့ဂျင်အကြိုက်ကို မင်းသိတယ် .. ကျေးဇူးပဲကောင်လေး! နောက်မှ အေးဆေးဆပ်မယ်! "
ထိုလူကြီးပြောနေတဲ့စကားကို သူအာရုံမထားတော့ဘဲ သူ့လက်ကို ထပ်မဆွဲထားတော့ဘူးတာနဲ့ ထိုနေရာကနေ သူ အမြန်ပြေးထွက်လာတော့သည်။ မှာထားတဲ့ကိတ်တွေကို အလှဆင်ပြီး သူ ကိုကို့ကို စောင့်ရဦးမယ်လေ။
ဒီလူကြီးဟာ သိပ်ကို ရှုပ်လွန်းသည်။
ဆိုင်ထဲမှာ ကျန်နေခဲ့တဲ့ ထိုလူကြီးကတော့ ဂျောင်ဂုထွက်သွားတာနဲ့ ဖုန်းလေးထုတ်ဆက်လိုက်သည်။
" အခုလေးတင် ဆိုင်ထဲက ထွက်သွားတဲ့ကောင်လေးရဲ့အကြောင်း ငါလိုချင်တယ်! စုံစမ်းထား "
💠💠💠
" ကင်ဆော့ဂျင် မွေးနေ့မှာ ပျော်ရွှင်ပါစေ ..."
စီအီးအိုရဲ့စကားကြောင့် ဆော့ဂျင် ပြုံးလိုက်ပြီးခေါင်းညိတ်လိုက်သည်။ သူ့အချိန်ဇယားတွေ အကုန်ပြီးသွားပေမယ့် ရုတ်တရက်ရောက်လာတဲ့ စီအီးအိုကြောင့် သူ့မွေးနေ့ပွဲကို ဆင်နွှဲနေရတာဖြစ်သည်။ လူကသာ ကုမ္ပဏီရဲ့6လွှာမှာရှိနေပေမယ့် စိတ်ကတော့ နှစ်လမ်းခြားတဲ့ကွန်ဒိုဆီက အကောင်ပေါက်လေးဆီမှာပင်။
" ... ဒီနှစ်မှာ ဒရာမာတွေလည်း ရိုက်ဖို့ အကြံပြုချင်ပါတယ် ... ကဲ အခုတော့ အလုပ်ကြောင်းမပြောဘဲ သောက်ရအောင် !! မွေးနေ့ကို ဂုဏ်ပြုပါတယ် "
စီအီးအိုက အစပြုလာတော့ ရှိနေတဲ့ပရိုဂျူဆာတွေ၊ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေကပါ ခွက်မြောက်ရင်း သူ့မွေးနေ့ကို ဂုဏ်ပြုသည်။ သူသည်လည်း ဒီတိုင်းခွက်မြောက်ရင်း အလိုက်သင့်လေး မော့ချလိုက်မိသည်။ သူက သောက်နိုင်တဲ့လူစားထဲမှာ ပါပေမယ့် Limit ကျော်သွားရင်တော့ အန္တရာယ်များလွန်းသည်။ အသက်ပြည့်ပြီး အဖေနဲ့ သောက်တုန်းက လစ်မစ်ကျော်သွားခဲ့သည်မို့ အဖေ သူ့ကို တော်တော်လေး ထိန်းလိုက်ရသည်တဲ့။ တော်သေးတာက အဖေရှိနေလို့ပေါ့ ... မဟုတ်ရင် နောက်ဆက်တွဲရှင်းရမယ့် ကိစ္စကတော့ ပေါ့သေးသေးမဟုတ်။
" .... ဂျင်ရှီ!! ဒါက ကျွန်တော့်Teamရဲ့လက်ဆောင်ပါ .. "
တက်သစ်စအဆိုတော်တစ်ယောက်ကို အရေးပေးလွန်းတာမို့ သူအနေရခက်စွာ ပြုံးရင်း မန်နေဂျာကို ကြည့်မိသည်။ မန်နေဂျာကတော့လက်ခံပေးလိုက်ပါ ဆိုတဲ့ပုံစံနဲ့ သူ့ကိုကြည့်သည်။ ဒါတောင် အဖေနဲ့ သူ့ရဲ့တော်စပ်မှုကို ဘယ်သူမှ သိတာမဟုတ်။
" ... ဟာ ~~ ပရိုဂျူဆာဟွမ်... ပရိုဂျူဆာဟွမ်က ဘာဖြစ်လို့များ ဒီအချိန်ကြီး ... ကြိုလည်း မပြောဘူး .. လာမယ်ဆိုတာ သေချာသိရင် ပြင်ဆင်ထားမှာပေါ့ ..."
ရုတ်တရက် အခန်းထဲ ဝင်လာတဲ့ ပရိုဂျူဆာဟွမ်ကြောင့် ပေါ့ပေါ့ပါးပါးနေနေတဲ့သူတွေအကုန် ကျောလေးမတ်ကာ တောင့်တင်းသွားကြသည်။ သူကတော့ ဘာသိဘာသာပင် သက်ပြင်းခပ်ရေးရေးချသည်။
ပြန်ချင်ပြီလေ .... အိမ်ပြန်ချင်ပြီလေ ... တစ်ဦးတည်းသော သားသားလေးနဲ့ တွေ့ချင်နေပြီလေ ... ဘာလို့ တစ်ယောက်ပြီး တစ်ယောက်လာနေရတာလဲ ...
" ... အာ ~~~ ပါတီလုပ်နေကြတာလား ... ငါက Big Hitဘက်ကို မရောက်တာကြာလို့ လှည့်လာတာ ..."
ပြောရင်းနဲ့ သူ့ကို ကြည့်လာလေတော့ သူ ရိုရိုကျို့ကျို့လေး နေလိုက်မိသည်။ ပရိုဂျူဆာဟွမ်ဆိုတာက HYPE အင်တာတိန်းမန့်ရဲ့ ဈေးအကြီးဆုံးပရိုဂျူဆာပင်။ သူလုပ်နေတဲ့ Big Hitအင်တာတိန်းမန့်ဆိုတာကတော့ HYPEရဲ့ လက်အောက်ခံ ကုမ္ပဏီအခွဲတစ်ခုပေါ့။ ရာထူးအရရော၊ ကုမ္ပဏီအရပါ ကြီးသည်မို့ စီအီးအိုကအစ အလိုက်သင့်ဆက်ဆံရသည်။ အဲ့ဒီလိုပဲ ပရိုဂျူဆာနယ်ပယ်တစ်ခုလုံးမှာတော့ ဟွမ်က ထိပ်တန်းစာရင်းဝင်ပင်။
" ... ဘယ်သူ့ ပါတီလဲ ..."
" အာ ~~ ဒါကတော့ ဒီနှစ်အတွင်း ငွေအများဆုံးရှာပေးနိုင်တဲ့ ကျွန်တော်တို့ရဲ့တက်သစ်စလေး ဂျင်ရဲ့မွေးနေ့ပါတီပါ .. "
" ဒီလိုဆိုမှ ~~ လမ်းကြုံတာပဲပေါ့ ... တစ်ခွက်လောက် သောက်ရအောင် ကင်ဆော့ဂျင် ..."
အကျင့်မကောင်းတဲ့အပြင် နိုင်ထက်စီးနင်းဆက်ဆံတတ်တာ သိသည်မို့ ဆော့ဂျင် ခပ်မာမာကြည့်လိုက်မိသည်။ သူ့အကြည့်ကြောင့် မန်နေဂျာမျက်နှာက မိုးပြိုမတတ်ပင်။
" ... Love Shot ဆိုရင်ရော ... "
အသင့်ငှဲ့ထားတဲ့ခွက်ကို သူ့လက်ထဲထည့်ကာ ပြောလာလေတော့ မန်နေဂျာက သူ့ကို ခဏလောက် သည်းခံပေးပါ ဆိုပြီး ကြည့်သည်။ သူ့ဟာသူသာဆိုရင် ငြင်းပစ်မှာဆိုပေမယ့် သူ့အပေါ်ကောင်းပြီး အစစအရာရာကာကွယ်ပေးတဲ့မန်နေဂျာမျက်နှာကြောင့် အလိုက်သင့်နေပေးဖို့ ဆုံးဖြတ်လိုက်သည်။
အားလုံးကလဲ ပြန်ပြောရဲကြတာ မရှိတာမို့ သူ့အဖြစ်ကို ငြိမ်ခံပြီးကြည့်နေကြသည်။ သူကတော့ အလိုက်သင့်ပင် Love shot ဆိုလည်း shot တာပေါ့ဆိုပြီး လက်ချင်းချိတ်ကာ သောက်လိုက်မိသည်။
" ... မရည်ရွယ်ပေမယ့် လမ်းကြုံဝယ်လာခဲ့တဲ့ bracelet ကတော့ မင်းအတွက်ဖြစ်သွားပြီပဲ ဂျင် "
နောက်တစ်ဆင့်ထပ်တက်ကာ လက်ဆောင်ပေးဖို့ ကြိုးစားလေတော့ သူ ခပ်ဖျော့ဖျော့လေး ရီလိုက်မိသည်။ အခု သူ့ကို ငွေနဲ့မျှားဖို့ ကြိုးစားနေပုံပေါ်သည်။ သူ့ပုံစံက အဲ့လောက်ထိလွယ်နေတဲ့ပုံပေါက်နေတာလား။
ဒီနယ်ပယ်မှာ ပရိုဂျူဆာဟွမ် ဘယ်လိုရှိတယ်ဆိုတာ သိနေတဲ့လူတွေကတော့ နှာခေါင်းရှုံ့ရင်း ငြိမ်သက်နေသည်။
" .. .. ကျွန်တော် ငြင်းပါရစေ ... တန်ဖိုးကြီးလက်ဆောင်တွေကို ကျွန်တော် လက်မခံပါရစေနဲ့ ..."
ပေါ်တင်ပဲ ငြင်းမိတော့ အကုန်လုံး အံ့ဩသွားကြပေမယ့် မန်နေဂျာကတော့ သူ့အနား အပြေးလေးရောက်လာသည်။
" .. အာ ~~ လက်ခံလိုက်ပါမယ်နော် ... ပရိုဂျူဆာဟွမ် ... ဂျင်လေးကို အများကြီးကြည့်ရှုစောင့်ရှောက်ပေးပါဦးနော် ..."
သူငြင်းနေတဲ့ကိစ္စကို မန်နေဂျာအစ်ကိုက လက်ခံလိုက်လေလျှင် သူမျက်မှောင်ကြုတ်ကာ မန်နေဂျာကိုကြည့်မိသည်။ ပရိုဂျူဆာဟွမ်ကတော့ အနိုင်ရသလိုအပြုံးနဲ့ သူ့လက်ကို ဖြတ်ကနဲ့ဆွဲယူကာ လက်ကောက်ဝတ်ထက်မှာ bracelet ကို တပ်ပေးနေပြီဖြစ်သည်။ သူရုန်းထွက်ဖို့ ကြိုးစားလိုက်ပေမယ့် ဒီအခန်းထဲမှာ ရှိနေတဲ့ မျက်ဝန်းပေါင်းများစွာက သူ့အပြစ်ကို ရှာနေဟန်နဲ့တူသည်။ ဒီနယ်ပယ်မှာ ဆယ်စုနှစ်လောက်ရှင်သန်လာတဲ့ နာမည်ကြီးစီနီယာတစ်ယောက်ကို သူငြင်းလိုက်ရင် သူ့ရဲ့ပြစ်ချက်ဖြစ်သွားပေလိမ့်မည်။ အနုပညာနယ်ပယ်က နားရင် အဖေ့ကုမ္ပဏီကို ဦးစီးရမှာဆိုပေမယ့် သူ့မန်နေဂျာကတော့ လတ်တလော ခက်ခဲသွားနိုင်သေးသည်။
ဆော့ဂျင် ဒီတစ်ခါတော့ သည်းခံရင်း မကျေမနပ်သာ ပြုံးလိုက်သည်။ အဲ့ဒီ့နောက် ပုံမှန်အငွေ့အသက်တွေဖြစ်သွားတဲ့ ပတ်ဝန်းကျင်ကို သူလျစ်လျူရှုကာ စိတ်တိုတိုနဲ့ ပြန်ဖို့ ပြင်ဆင်လိုက်မိသည်။ ပြန်မယ်ဆိုပေမယ့် ဒေါသတွေကို ဖြေသိမ့်ဖို့ လိုနေသေးသည်။ ထို့ကြောင့် သန့်စင်ခန်းဝင်ကာ စိတ်ကို ငြိမ်တဲ့အထိ အသက်ကို ပုံမှန်ရှူမိသည်။ ပေါက်စနလေးနဲ့ တွေ့ရမှာ သူဒေါသ ထွက်နေလို့မရ။ တွေ့ရမယ့် အချိန်ခဏလေးမှာ သူ့ခံစားချက်တွေ ကောင်းနေရမှာဖြစ်သည်။
ဆော့ဂျင် သောက်ထားတာ မသိသာအောင် ခံတွင်းသန့်ရင်း သက်ပြင်းခဏချမိသည်။ သူရှုပ်နေတုန်းမှာပဲ ရုတ်တရက် သူ့အနောက်နားကနေ ခါးကို ဆွဲယူကာ သူ့လည်တိုင်ကို နှုတ်ခမ်းနဲ့ လာထိတဲ့တစ်စုံတစ်ယောက်ကြောင့် သူ ချက်ချင်းပြန်လှည့်ကာ တစ်ဖက်က သန့်စင်ခန်းနံရံနဲ့ ဆောင့်ကပ်လိုက်မိသည်။
"ဘာလုပ်တာလဲ ခင်ဗျား!!!! "
တခြားသူတော့မဟုတ်။ ပရိုဂျူဆာဟွမ်ပင်။
ပြေလျော့သွားတဲ့စိတ်တွေက ချက်ချင်းပင် လှိုက်တက်ကာ ဟွမ်ရဲ့ရင်ဘတ်ကို သူ့တံတောင်ဆစ်နဲ့ ဖိကပ်ရင်း မီးတောက်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်မိသည်။
" ... ဝါး ... ကင်ဆော့ဂျင်က မလွယ်ဘူး .. ငါရွေးတာ မမှားဘူးပဲ ..."
ပြုံးရင်းပြောလာတဲ့ ထီမထင်အပြုံးကို သူ မဲ့ပစ်မိသည်။
" ... ဘာလိုချင်တာလဲ ... ကျွန်တော်က ငြိမ်ခံနေမယ်ထင်နေတာလား ..."
" ဟား ဟား မထင်ပေမယ့် ဒီလောက်ကြီးဖြစ်နေမယ်လို့ မထင်ဘူး ... ဂျင် ... မင်းဘက်က ဒီလိုဆိုမှ ငါ လိုချင်တာကိုပဲ တည့်ပြောမယ် .."
ပြောရင်းနဲ့ ပရိုဂျူဆာဟွမ်လက်တွေက သူ့ပါးပေါ်ရောက်လာတော့ သူ့တံတောင်ဆစ်ကို အားပိုထည့်လိုက်မိသည်။
" အဟွတ်! .. အဲ့လောက်ထိလည်း မဖြစ်နဲ့ဦး ... ကင်ဆော့ဂျင် ... Soloist တစ်ယောက်အနေနဲ့ နိုင်ငံကျော်တစ်ယောက်ဖြစ်ချင်လား ... USဘက်ကို ငါလမ်းဖွင့်ပေးနိုင်တယ် ..."
" အဲ့ဒီ့တော့ .. "
" အဲ့ဒီတော့ ... မင်းဘက်က ငါနဲ့ အိပ်ပေးရုံပဲ .. position ကို ကြိုက်သလို ရွေးချယ်လို့ရတယ် ... ငါ မင်းရဲ့အထိအတွေ့ကို လိုချင်ရုံလေးပဲ ..."
ပြောပြီးတာနဲ့ သူ့နှုတ်ခမ်းတွေကို လက်မနဲ့ဖိကပ်လာတော့ သူ ကော်လံကနေဆွဲယူကာ မျက်နှာကို တစ်ချက်ဆွဲထိုးမိသည်။
" ( ခွပ် ) "
" ခွေးစကားတွေ မပြောနဲ့ !!! အိုလ်ဒေါလုပ်ဖို့ ရွေးချယ်ခဲ့တာ အောင်မြင်မှုအတွက် မဟုတ်ဘူး ... ရှင်းရှင်းပဲပြောမယ်!! ကျုပ်ကို လာမထိနဲ့ .. ဆယ်နှစ်စာ ကြိုးပမ်းလာတဲ့ခင်ဗျားရဲ့ career အဆုံးသတ်သွားမယ် "
စီနီယာတွေရော ဘာတွေရော မစဉ်းစားနိုင်တော့ဘဲ သူ စိတ်ပေါက်ပေါက်နဲ့ ပြောကာ ထွက်လာခဲ့လိုက်တော့သည်။ တကယ့်ဟာတွေ! သူ့အရှေ့က ဘယ်နှစ်ယောက်ကိုများ ဒီခွေးစကားတွေ ပြောပြီးပြီလဲ မသိ … ။
" တောက် "
စိတ်တိုလိုက်တာ ... ဟွမ်ဂင်ဝန်း ... ထပ်လွန်လာရင် HYPE Label ကနေ ခင်ဗျားကို ဖြုတ်ချပစ်ဖို့ ကြိုးစားမယ်!
အဲ့ဒီ့နောက် ဆော့ဂျင် ဂျောင်ဂုဆီ ဦးတည်သွားလိုက်ပေမယ့် ကျန်နေခဲ့တဲ့ ဟွမ်ကတော့ ထိုးခံထိလို့ စိတ်မတိုနေတဲ့အပြင် ပြုံးရင်းနဲ့ လက်မတွေကိုသာ ပွတ်သပ်နေခဲ့တော့သည်။
ကင်ဆော့ဂျင်! ကင်ဆော့ဂျင်! မင်းက ဘာကောင်လေးလဲ ... တကယ်ကို ပေါ့သေးသေးလေး မဟုတ်ဘူးပဲ .... ဒါပေမယ့်လည်း ... ငါက မင်းကိုပဲ လိုချင်နေတာ ဘယ်လိုလုပ်မလဲ ... ခက်ခဲတာကို မကြိုက်ပေမယ့် မင်းကိုတော့ ကြိုက်နေမိတယ် ...
💠💠💠
Sep 18, 2022
Advertisement
- In Serial669 Chapters
Deadman (A Post-Apoc Litrpg)
Even after the bombs fell, even after countries unleashed weapons beyond imagining on one another, even after lawlessness became the norm, people still expect their mail. As a deadman, I'm uniquely suited to deliver it. Rads don't bother me, and people who try to hurt me typically wind up dead. Sure, humans may not like dealing with a face like mine, but hey, you can't beat my express rates. A dystopian litrpg in the vein of Fallout and The Postman *1500+ words per chapter *Updates Tuesdays and Thursdays
8 604 - In Serial10 Chapters
Hero's Exodus
Over the last five years, children of Earth have been brought to various worlds, becoming Heroes in their own rights. And ever since a few months ago, they have been returning. With new bodies and the abilities to cast magic, they have disrupted the flow of everyday life. Leoric, a human turned Ice Elf, has finally returned after hundreds of years, with only a few years passing on Earth. Brought in by a mysterious organization who seeks to protect the Heroes, Leoric longs for the chance to see his family again and somehow return to society. And to do that, he vows to combat anything that stands in his way. Be it fellow Heroes, this mysterious organization, or the unknown dangers to come.
8 88 - In Serial11 Chapters
Player 47 - Rewritten
[participant in the Royal Road Writathon Challenge] In an unfamiliar world full of monsters, demons, deities and secrets buried for the better, a game is being played. 160 "Players", each one a soul of someone who died on Earth, will kill each other for a second chance at life. No one but the strongest deserves to live again and Frey Alcott, the 47th Player, does not plan on staying dead for long. (A rewrite and continuation of a discontinued fiction.)
8 79 - In Serial26 Chapters
Chronicles Of The Godkin
Chronicles Of The Godkin is a new fantasy world, focusing on men and women of tremendous strength known as 'Godkin'. Raderius, The Undying King is the focus of the first volume and one of the major antagonists of the setting. Witness Raderius's rise to power and the birth of the nation of Nozokath.
8 123 - In Serial12 Chapters
Eve to Eternal
A ruined uninhabitable environment.Self-supporting enclosed cities.The world was in such a depressing state after the biochemical war three centuries ago.A girl found a way to escape this world through a virtual reality MMO game, Tataria.Join her in an adventure to explore the continent, raid dungeons, and uncover deep secrets within this new world.
8 200 - In Serial12 Chapters
Righteous Bestowal: Emperor of All
Elden Wiseman a man born with a cursed body by the heavens, that doesnt let him practice martial arts, he still persist because he wishes to reach the submit, yet when he is so close to change his destiny, his won clan betrayes him and tries to kill him, in the end he falls into a profound rift, where he is left to die, in the end he meets a being that will give him a chance to change his cursed destiny, IF THIS WORLD DOESNT ACCEPT YOU, WHAT ABOUT MINE?.Follow him, in his road to reach the submit, but hey this world works on mana, will he follow its logics, or create his own?Hey guys Credo here, this is my first fict, im an amateur in all ways, dont be rude but please give it a try, english is not my first lenguage, so if you see a mistake please tell me about it, second these fic is about my favorite skill of all, from ISSTH Meng hao skill Rightous Bestowal, and my love for summoning skill, they are my favorite, so one day not finding a good novel,i tough how about making my own fic andgiving my charc these skill,i say, it will not just center about the beasts but both supporting each other, so i will do a mix as a battle summoner or tamer. So if you have any suggestion, please share them, they will always be welcomed.
8 69

