《A Star's Marriage【Completed】》【05】- Final
Advertisement
⟨ Unicode Version ⟩
ကြယ်တစ်ပွင့်ရဲ့လက်ထပ်မင်္ဂလာ
အပိုင်း ငါး
အချိန်အားဖြင့် ညရှစ်နာရီ ~~
YoJi အားကစားခန်းမ ရဲ့ကားပါကင်မှာ သူ တစ်စုံတစ်ယောက်ကို စောင့်နေမိသည်။ ဂျူနီယာဂရုတွေရဲ့ရိုက်ကူးရေးအတွက် တာဝန်ကျတဲ့သူ့ချစ်သူလေးဟာ သူ့ကို တစ်နေကုန် မသိချင်ယောင်ဆောင်ပြီး အလုပ်လုပ်နေခဲ့တာမဟုတ်လား။
သူ အချိန်အများကြီးမရပေမယ့် ကားပဲတင်ပြေးရ၊ တင်ပြေးရ သူ့ထက်သုံးနှစ်ကြီးတဲ့ကလေးလေးဆော့ဂျင်ကို သူ အိမ်ပြန်ခေါ်ဖို့ လိုအပ်နေပြီဖြစ်သည်။
ထောင့်ကျတဲ့နေရာနား အရိပ်ခိုကာ သူ စောင့်နေရင်း နောက်ဆုံးမှ ထွက်လာတဲ့ moonlover လေးကို မြင်လိုက်ရပြီဖြစ်သည်။ ထုံးစံအတိုင်း အေးတိအေးစက်နဲ့ ပင်ပန်းပုံရနေတဲ့ ဆော့ဂျင်ကတော့ လုံခြုံရေးတွေကို ပြုံးရယ်ပြီး နှုတ်ဆက်နေသေးသည်။ ထိုမြင်ကွင်းကိုပဲ သူမျက်နှာမဲ့ရင်း ဆော့ဂျင်လေး ကားဆီမရောက်ခင် အရှေ့ကနေ သူပိတ်ရပ်မိသည်။ သူ့ကိုမြင်တော့ ဖျော့တော့သွားတဲ့ မျက်ဝန်းတွေကြောင့် တပ်ထားတဲ့maskကို ဆွဲချွတ်လိုက်မိသည်။
" ဖယ်ပေး! ဂျောင်ဂု! "
" ~~မောင်လို့ ခေါ်ရင် ဖယ်ပေးမယ်လေ "
ခပ်တည်တည်နဲ့ သူပြန်ရစ်မိတော့ ဆော့ဂျင်လေးက သူ့ကို မကျေမနပ်ကြည့်သည်။
" ဘာလိုချင်တာလဲ ဂျောင်ဂုရှီ "
" ခင်ဗျားကိုလေ ~~ အိမ်က ထွက်ပြေးသွားတဲ့ခင်ဗျားကို !! "
" တော်စမ်း ဂျောင်ဂု!! မဟုတ်တာတွေ မပြောနဲ့ ဒီနေရာက သတင်း အတတ်မြန်ဆုံးနေရာပဲ ဖယ်လိုက်တော့ ... "
" အာ~~ မောင့်ကို စိုးရိမ်နေတာလား စိတ်မပူပါနဲ့ ~~ ဆော့ဂျင်လေးသာ အိမ်ပြန်လိုက်မယ်ဆိုရင် သတင်းတွေမတတ်တော့ဘူးပေါ့ "
ရစ်နေမိတဲ့သူ့စကားမှာ ဆော့ဂျင်ကတော့ မျက်မှောင်ကြုတ်သည်။
" ဂျောင်ဂုရှီ! ကျွန်တော်အရှင်းဆုံးပြောမယ်နော် ... ကျွန်တော်က ဂျောင်ဂုရှီနဲ့ ဟန်ဆောင်စေ့စပ်ထားတဲ့သာမန်ကောင်လေးတစ်ယောက်ပါ ... ဂျောင်ဂုလို စူပါစတားတစ်ယောက်က ကျွန်တော့်ဆီက ဘာများလိုချင်နေလို့လဲ ... ကျွန်တော့်မှာ ဘာတပ်မက်စရာရှိလို့လဲ "
စိတ်ရှုပ်ဟန်နဲ့ ပြောလာလေတော့ သူလည်း တည်တံ့သွားမိသည်။
" ~~ မုန်းဖို့ကောင်းလိုက်တဲ့ moonlover !! "
သူ ခပ်တိုးတိုးရေရွတ်မိတော့ ဆော့ဂျင်လေးရဲ့မျက်ဝန်းတွေ ဝိုင်းစက်သွားသည်။
" ဘာကို တပ်မက်လဲသိလား ~~ ခင်ဗျားကိုလေ ~~ ကျွန်တော့်ကို မသိချင်ယောင်ဆောင်နေတဲ့ခင်ဗျားကိုလေ ... တပ်မက်လွန်းလို့ ရူးမတတ်ပဲ !!! "
သူ ပြောမိတော့ ဆော့ဂျင်လေးက မယုံနိုင်သလို ဆွံ့အနေပြန်သည်။
" မမှတ်မိရင်လည်းထားပါတော့ ... ခင်ဗျား ဘယ်လိုတွေးတွေးရတယ် ... အခု ခင်ဗျားသိဖို့လိုတာရှိတယ် "
" ... "
" သေချာနားထောင် ကင်ဆော့ဂျင် ... JK97ဆိုတာ ကျွန်တော်ပဲ !! လွန်ခဲ့တဲ့နှစ်နှစ်က ခင်ဗျားနဲ့နေ့တိုင်းလိုလို ဖုန်းပြောပြီး ခင်ဗျားနဲ့အတူတူ Fanboy lifeကိုဖြတ်သန်းပေးခဲ့တဲ့ JK97 အကောင့်ပိုင်ရှင်က ကျွန်တော်ပဲ !!! ဘယ်လိုကြောင့်များ အဆက်အသွယ်မလုပ်ဘဲ နေနိုင်တာလဲ ... အနည်းဆုံးတော့ moonlover အနေနဲ့ စာလေးတွေ ပို့ရမှာပေါ့ ... ဘာကြောင့်များ တွေ့ဖို့ပြောထားတဲ့ကတိကိုမေ့ပစ်ပြီး တစ်ကိုယ်ကောင်းဆန်ခဲ့ရတာလဲ .... မမြင်ဖူးဘဲနဲ့ အသံလေးကြောင့် ချစ်သူဖြစ်ခဲ့ရတာကို အပေါစားအချစ်လို့ သတ်မှတ်လိုက်တာလား ~~ တန်ဖိုးမထားတာလားပြောစမ်းပါဦး မောင့်ကလေးလေးရဲ့ !!!!! မောင် နာကျင်ရတယ် ~~~ "
သူ့ပခုံးကို ကိုင်လှုပ်ကာ ပြောလာလေတော့ ဆော့ဂျင် ကြောင်အစွာ မောင့်ကို ကြည့်မိသည်။ မောင် ဘာတွေပြောနေလဲ သူနားမလည်။ သူကmoonloverဆိုတာ ဟုတ်ပေမယ့် JK97က ဘယ်သူလဲ ... သူနားမလည်။ မောင်ဟာ မောင်ချစ်တဲ့သူနဲ့ သူ့ကို အထင်လွဲမှားနေတာဖြစ်သည်။ သူဟာ မောင်ချစ်ရတဲ့သူမဟုတ်။
မောင့်စကားအရဆိုရင် မောင်ဟာ မမြင်ဖူးတဲ့ fanboy တစ်ယောက်နဲ့ ဇာတ်လမ်းရှိပုံပေါ်သည်။ စတွေ့တုန်းကလဲ သူဟာ မောင်နဲ့ရင်းနှီးတဲ့ပရိတ်သတ်ကောင်လေးတစ်ယောက်နဲ့အသံတူတယ်လို့ပြောဖူးတယ်မလား။ အခု မောင်က အဲ့ဒီ့ကောင်လေးကို ချစ်လွန်းလို့ အဲ့ဒီ့ကောင်လေးက သူ လို့ထင်နေတာလား ။
ဘယ်လိုကြောင့်များ အထင်မှားရက်နိုင်တာလဲ .. နာကျင်နေတဲ့မောင့်ကို ကြည့်ရတာ သူ့အင်အားတွေကို အလိုလိုကုန်ခမ်းသွားစေသည်။
" မှားနေပြီ ငါက မင်းချစ်တဲ့သူမဟုတ်ဘူး ဂျောင်ဂု!! Moonlover ဆိုတာ ငါဟုတ်ပေမယ့် ငါက မင်းကို အရမ်း အရမ်း အရမ်း သဘောကျတဲ့ Fan boy တစ်ယောက်ဆိုပေမယ့် JK97ကို ငါမသိသလို မင်းနဲ့ချစ်သူဖြစ်တဲ့တစ်ယောက်ကလည်း ငါမဟုတ်ဘူး ... အထင်မမှားပါနဲ့ ဂျွန်ဂျောင်ဂု ... မင်း နာကျင်ရတာထက် မင်းကိုပဲ ငေးကြည့်နေရတဲ့ ငါက ပိုနာကျင်နေရတာမို့လို့ ... ငါ့ကိုလွှတ်ပေး "
ဖယ်ပေးစေဖို့ ပြောလိုက်မိတော့ မောင် မျက်နှာမဲ့ကာ သူ့ကို ဒေါသတွေနဲ့ကြည့်လာသည်။ သူ ဂရုမစိုက်ဘဲ မောင့်ပခုံးကို တွန်းတိုက်ကာ မောင့်ရှေ့က ထွက်လာမိတော့ မောင်က သူ့ကို နောက်ကျောကနေ တင်းကျပ်စွာ ပွေ့ဖက်လာသည်။
" မလွှတ်နိုင်ဘူး ကင်ဆော့ဂျင်! ဘာဖြစ်လို့ မဟုတ်ဘူးဆိုပြီး ငြင်းနေရတာလဲ!!! ဆင်တူလက်ကောက်ကိုတောင် အခုထိဝတ်ထားလျက်သားနဲ့ မျက်နှာဗြောင်တိုက်ပြီး ငြင်းတယ်!!! မှတ်ထားဆော့ဂျင်!! မောင် မင်းကို ချစ်တယ်!! ဟိုးအရင်ကရော အခုရော မပြောင်းလဲတဲ့အချစ်နဲ့ ချစ်နေမိတာမို့လို့ အနားကနေ ထွက်မသွားနဲ့ ~~ "
တသိမ့်သိမ့်တုန်ကာ ပြောလာတော့ ဆော့ဂျင်မျက်ရည်ဝဲလာမိသည်။ ချစ်ရတဲ့မောင်ဟာ တစ်စုံတစ်ယောက်ကြောင့် နာကျင်လွန်ပြီး သူ့ကို ထင်ယောင်ထင်မှားဖြစ်နေတာဖြစ်သည်။ မောင့်ချစ်သူဟာ သူ မဟုတ်ဘူးဆိုတာ သူ ဘယ်လို မောင့်ကို ရှင်းပြရမလဲ။ မောင်နာကျင်နေတာမြင်ရတာ သူအဆင်မပြေ။ မောင်ပြောနေတဲ့ကိစ္စတွေကို သူမသိသလို အတိတ်မှာ JK97ဆိုတဲ့အကောင့်ပိုင်ရှင်နဲ့လဲ သူ ချစ်သူမဖြစ်ဖူးခဲ့ပါ။
Advertisement
သေချာတာက ဒါကို သူအခွင့်ကောင်းယူလို့မဖြစ်။ သိပ်ချစ်ရတဲ့မောင်က နာကျင်နေတဲ့အချိန် အတတ်နိုင်ဆုံး သူက ဖြူစင်နေပေးရမယ်မလားလေ။
ထို့ကြောင့် ဆော့ဂျင် အံကြိတ်ကာ မောင့်လက်တွေကို ဆွဲဖြုတ်ပစ်သည်။
" ငါကတော့ မင်းကို မချစ်ဘူးလေ ဂျွန်ဂျောင်ဂုရယ် "
ပြောပြီးတာနဲ့ ကားဆီရောက်အောင် ပြေးမိတော့ မောင်က ထပ်ကြပ်မကွာလိုက်လာသည်။ ဒီပုံအတိုင်းဆို သူ့ကားနဲ့သူ အိမ်ပြန်လို့တောင် ရမှာမဟုတ်။ မောင်က ကားပေါ်မှာ ပါလာဦးမှာပင်။ ထို့ကြောင့် အပြင်ပြေးထွက်ကာ တစ်ဖက်လမ်းက တက္ကစီငှားဖို့ကြိုးစားမိသည်။ မောင်ကတော့ ဇွဲမလျော့ဘဲ ကားလမ်းမကို ဖြတ်ကာ သူ့ကိုသာ စိုက်ကြည့်ပြီး သူ့အနောက်လိုက်လာသည်။ လူရှင်းနေတဲ့ကားလမ်းမကြီးမှာ တက္ကစီတွေလည်းမရှိသလို ဖြတ်သွားဖြတ်လာကားတွေကလည်း နည်းလွန်းသည်။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကိုယ်ပိုင်အိမ်ယာနဲ့ နီးတာမို့ ညရောက်တိုင်း လူချမ်းသာတွေပိုင်တဲ့ဒီလမ်းမဟာ တိတ်ဆိတ်ခြောက်ကပ်သည်။ သူ့နောက်ကနေ လိုက်လာတဲ့ ဂျောင်ဂုကို သူ လှည့်ကြည့်လိုက်မိသည်။
" ဘာလို့ကလေးဆန်နေရတာလဲ "
" ကလေးဆန်နေတာက ခင်ဗျားလေ ~~ ဘာလို့ ထွက်ပြေးနေတာလဲ ကင်ဆော့ဂျင် "
" ငါပြောပြီးပြီလေ အဲ့ဒီ့လူက ငါမဟုတ်ဘူးလို့!!! "
" ဘာဖြစ်လို့ အငြင်းသန်နေရတာလဲ !! ကျွန်တော့်ထက် ခင်ဗျားက ဘာများပိုသိနေလို့လဲ .. မဟုတ်မှ ကျွန်တော့်ကို ကစားခဲ့တာလား "
ဒီစကားမှာတော့ ဆော့ဂျင်ရယ်လိုက်မိသည်။
နိုင်ငံကျော်စူပါစတားတစ်ယောက်ကို ဘယ်လိုနည်းနဲ့ ကစားရမှာလဲ ... မဟုတ်တာတွေ ....
" ငါက ကစားခံနေရတာမဟုတ်ဘူးလား ဂျောင်ဂုရား!! ... မင်းပြောတာတွေကို ငါတစ်ခုမှ နားမလည်ဘူး သိလည်း မသိဘူး ... သေချာတာက ငါက မင်းရဲ့big fan ဖြစ်ရုံလေးပဲ မင်းနဲ့သိပြီး ချစ်ခဲ့ကြတဲ့မှတ်ဉာဏ်မျိုး ငါ့မှာ မရှိဘူး "
တစ်ဖက်ကကမ်းကနေ သူပြောမိတော့ မောင့်ခြေလှမ်းတွေရပ်တန့်သွားသည်။
" ဒါဆို တစ်ခုမေးမယ်ဆော့ဂျင်!! ဘာမှမစဉ်းစားဘဲ မေးခွန်းကိုပဲ အမှန်အတိုင်းဖြေ!! အခု ~~ "
" .... "
" မောင်က အဲ့ဒီ့ဘက်မှာရပ်နေတဲ့ ကင်ဆော့ဂျင်ကို ချစ်တာမို့လို့ အခု ဒီမှာရပ်နေတဲ့ မောင့်ကို ချစ်လား "
ဒီစကားမှာတော့ သူ တွေဝေသွားသည်။
ချစ်တာပေါ့ ... သိပ်ကို ချစ်တာပေ့ါ ...
ပြန်ဖြေနေပေမယ့် နှုတ်ဖျားကနေ မထွက်ဘဲ မျက်ရည်လည်တော့မယ့်မျက်ဝန်းတွေကနေ အဖြေပေးမိသည်။ သို့ပေမယ့် နှုတ်ဖျားကတော့ ဒီလိုပြောဖို့ မဖြစ်နိုင်ဘူးမလား။ မောင်က သူ့ကို လူမှားနေတာလေ။
" မလိမ်ညာဘဲ ဖြေ!! ကင်ဆော့ဂျင်!! "
ဒုတိယအကြိမ်သတိပေးစကားမှာတော့ ဆော့ဂျင် မလိမ်ဘဲ အမှန်အတိုင်းဖြေကြည့်ဖို့ ကြိုးစားလိုက်မိသည်။ သို့ပေမယ့် မောင့်အနောက်က စူးရှလွန်းတဲ့ကားမီးရောင်ကို မြင်လေလျှင် ထိုကားရဲ့အရှိန်ကို သူသတိထားလိုက်မိသည်။ မောင်ကတော့ ကျောခိုင်းထားသူမို့ မြင်မှာမဟုတ်။ မောင့်မေးခွန်းကို အာရုံမရောက်တော့ဘဲ မောင့်ဆီ အပြေးသွားမိသည်။ အခုချိန် သူ့အတွက် မောင့်ကို ချစ်တယ်၊မချစ်ဘူးဆိုတာ အရေးမကြီးတော့ဘဲ မောင့်နောက်ကျောက လာနေတဲ့ကားအရှိန်ထက် မောင့်ဆီရောက်အောင် သူမြန်မြန်မပြေးနိုင်မှာကိုပဲ စိုးရိမ်နေမိခဲ့သည်။
လျှပ်တစ်ပြက်အတွင်းမှာပဲ သူဟာ အချစ်စိတ် ဇောအဟုန်နဲ့ မောင့်ဆီ လျင်မြန်စွာ ရောက်ကာ မောင့်ကို တွန်းထုတ်နိုင်ခဲ့သည်။ သို့ပေမယ့် သူကတော့ ရှောင်ချိန်မရလိုက်ဘဲ ပွတ်တိုက်မိကာ ခန္ဓာကိုယ်က လေပေါ်မြောက်တက်ပြီး ကတ္တရာလမ်းမကြီးထက်ကို ကျသည်။ မာကျောလွန်းတဲ့ ကတ္တရာနဲ့ ခေါင်းကို ဆောင့်မိတော့ သူတစ်ခုခုဖြစ်သွားပုံရသည်။
စူးအောင့်နာကျင်လာရင်း မောင့်ရဲ့သွေးပျက်သွားတဲ့မျက်နှာလေးကို မြင်လိုက်ရသည်။ မစိုးရိမ်ဖို့ ပြောပြချင်နေပေမယ့် နှုတ်ခမ်းတို့က စကားလုံးတွေအစား ခပ်ပျစ်ပျစ်အရည်တွေသာ ထွက်လာရသည်။ သူ့ဆီအပြေးလာပွေ့တဲ့မောင့်ကို မြင်လိုက်ရပေမယ့် သူ့အာရုံတွေဟာ ထွေပြားသွားခဲ့သည်။
လွန်ခဲ့တဲ့နှစ်နှစ်က ကားမှောက်ခဲ့တဲ့ခံစားချက်!! အဲ့တုန်းက နာနာကျင်ကျင်နဲ့ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေမိခဲ့တဲ့သူ။ ဘယ်သူ့ကို သူ ခေါ်နေခဲ့ဝာာလဲ ... ။
// ... မောင် ~~ ကလေး~ ကလေး မရတော့ဘူး ~~ နှုတ်ဆက်ရတော့မယ်ထင်တယ် ... ချစ် ... ချစ်တယ်နော် ~~~ //
အဲ့ဒီ့နောက် သူ့အသိတရားတွေအကုန် မေ့မျောခြင်းမြစ်ထဲ ကျဆင်းသွားရတော့သည်။
𖧷𖧷𖧷𖧷𖧷𖧷𖧷
“ စိုးရိမ်စရာတော့မရှိပေမယ့် ဒီအတောအတွင်းကအဖြစ်အပျက်တွေကို မမှတ်မိတာမျိုး၊ ခဏတာမေ့နေတာမျိုးတော့ ကြုံရတတ်ပါတယ် ပြီးတော့ လူနာက ဒါနဲ့ပါဆို အခုလို ကားအက်စီးဒင့်ဖြစ်တာ နှစ်ကြိမ်ရှိပြီနော် ... ပြန်သတိရလာဖို့ကတော့ ကြာဦးမယ် ထင်ပါတယ် "
ရှေ့မှာ လဲလျောင်းငြိမ်သက်နေတဲ့ချစ်ရသူကိုကြည့်ပြီး လွန်ခဲ့တဲ့သုံးလက ဆရာဝန်တွေပြောသွားတဲ့စကားကို သူကြားယောင်နေမိခဲ့သည်။
" ဘာဖြစ်လို့ အဲ့ဒီလို လုပ်ခဲ့တာလဲ ကလေးလေးရယ် "
တိုးဖွဖွရေရွတ်ရင်း ဆော့ဂျင်လေး လက်မှာပတ်ထားတဲ့လက်ကောက်လေးကို သူ ပွတ်သပ်လိုက်မိသည်။ အချစ်နဲ့ပတ်သက်ရင် ဝေးဖို့ကံတွေပဲ သူ့မှာ ရှိနေတာများလားမတွေးတတ်။ ချစ်လား မချစ်ဘူးလားဆိုတဲ့အဖြေကို လက်တွေ့လုပ်ပြသွားတဲ့ ကင်ဆော့ဂျင်ကိုသူမုန်းချင်သည်။ ဘာကြောင့်များ သူ့ကို လူဆိုးကောင်လိုမျိုး တစ်ယောက်တည်း အမြဲချန်ခဲ့လဲ သူမသိ။
" သတိပြန်ရတဲ့အခါ ထပ်ပြီးမေ့သွားရင်တောင် မောင်က အတင်းမလုပ်ယူဘဲ စိတ်ရှည်လက်ရှည်နဲ့ ဆော့ဂျင်လေးဘေးမှာ ရှိနေမှာ ~~ သေချာပေါက် ပြန်နေကောင်းရမယ်နော် ဆော့ဂျင်လေး "
ဒီနေ့လည်း ထပ်ပြီး မကြားနိုင်တဲ့စကားတွေကို ရေရွတ်ရင်း ဖျော့တော့နေတဲ့ပါးနုနုလေးကို သူပွတ်သပ်လိုက်မိသည်။
မောင့်ကလေးလေး အမြန်နေကောင်းလာပါစေတော့ကွယ် ~~~
ဂျောင်ဂု မျက်ဝန်းတွေပိတ်ပြီး ဆော့ဂျင်လက်လေးကို ပါးပြင်နဲ့ဖိကပ်ထားမိသည်။ ပူနွေးနေတဲ့လက်လေးဟာ သူ့ဒဏ်ရာတွေကို နှစ်သိမ့်ပေးရုံသာ တတ်နိုင်သည်လေ။
Advertisement
ဂျောင်ဂုတွေးနေမိတုန်း သူဖိကပ်ထားမိတဲ့လက်ဆီက လှုပ်ရှားမှုလေးကို ခံစားလိုက်ရသည်။ ထို့ကြောင့် ချက်ချင်း မျက်ဝန်းတွေ ဖွင့်မိတော့ ဆော့ဂျင်လေးရဲ့မျက်ခွံတွေ လှုပ်ရှားလာတာ သတိထားလိုက်မိသည်။
" ကလေး~~ ဆော့ဂျင်လေး ~~"
သူခေါ်မိတော့ မျက်ခွံလွှာတို့က ဖြည်းညင်းစွာ ပွင့်လာသည်။ သူလည်း ပျော်ရွှင်မှုတို့က ချက်ချင်းလှိုက်တက်လာကာ ဆရာဝန်ခေါ်တဲ့အချက်ပေးခလုတ်ကို နှိပ်မိတော့ စက္ကန့်ပိုင်းလေးအကြာမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေ ရောက်လာတော့သည်။ သတိရလာခါစ ဆော့ဂျင်လေးကို စစ်ဆေးတာတွေလုပ်တော့ တစ်ခုခုကြီးကြီးမားမားထိခိုက်နေတာမျိုးမရှိ။ ဆေးပုံမှန်သောက်ဖို့နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ သူ့ကို မှာကြားသွားခဲ့သည်။
ဆေးရုံအခန်းလေးထဲ သူနဲ့ဆော့ဂျင်လေးသာ ကျန်တော့တယ်ဆိုရင်ဖြင့် ဆော့ဂျင်လေးက သူ့ကို မျက်မှောင်ကြုတ်ကာ စူးစမ်းသလိုကြည့်လာသည်။ ဘာဖြစ်နေတယ်ဆိုတာ သူမသိပေမယ့် သေချာတာကတော့ ဆော့ဂျင်လေးရဲ့မျက်ဝန်းတွေဟာ စစတွေ့တုန်းကလို အေးတိအေးစက်အငွေ့အသက်တွေမရှိတော့၊ နွေးထွေးမှုတွေကို အတိုင်းသား မြင်နေရတာဖြစ်သည်။
" ... ဘယ်သူလဲ မသိပေမယ့် ~~ JKနဲ့ တော်တော်တူတာပဲနော် "
တက်တက်ကြွကြွနဲ့ အရင်စပြောလာတော့ သူ အံ့ဩသွားမိသည်။ ဆော့ဂျင်လေးဟာ သူ့ကိုမမှတ်မိဘူးလား ....။
" စိတ်မရှိရင် ဖုန်းလေး ခဏငှားလို့ရမလား သတင်းလေးကြည့်ချင်လို့ပါ "
သူပြန်မဖြေတာကိုလဲ အာရုံမရဘဲ ဆော့ဂျင်လေးဟာ တစ်ခုခုကိုသာ လောနေပုံရသည်။ သူလဲ ဘာဆက်ဖြစ်မယ်သိချင်တာမို့ ဖုန်းကို ထုတ်ပေးမိတော့ ဆော့ဂျင်လေးက တစ်ခုခုကို အလောတကြီးရှာသည်။
" ဟင် ~~ ဘယ်တုန်းက စေ့စပ်သွားတာလဲ ... ဘယ်သူနဲ့လဲ ... ဘာဖြစ်လို့လဲ "
နားမလည်နိုင်တဲ့မေးခွန်းတွေကို ဘာသိဘာသာရေရွတ်ရင်း ဆော့ဂျင်လေးမျက်မှောင်ကြုတ်လာတော့ သူအနားတိုးကပ်သွားမိသည်။ ဖုန်းစကရင်ကိုကြည့်မိတော့ ဆော့ဂျင်လေးဟာ DDENG ARTIST JKရဲ့သတင်းတွေကို ရှာနေတာဖြစ်သည်။
" ဒီနေ့က ဘယ်နှစ်ရက်နေ့လဲ ... ငါ ဘယ်လောက်တောင် မေ့မြောနေခဲ့တာလဲ "
ဆော့ဂျင်လေးရဲ့အပြုအမူတွေကြောင့် သူ တစ်ခုခုကို နားလည်လိုက်သည်။ ထို့ကြောင့် ဆော့ဂျင်လေးရဲ့ကုတင်ပေါ် တင်ပလွှဲထိုင်ကာ ဆော့ဂျင်လေးရဲ့လက်ထဲက ဖုန်းကို ဆွဲယူလိုက်သည်။ အဲ့ဒီတော့မှ သူ့ကို ကြည့်လာပါတဲ့ဆော့ဂျင်လေး။
" ဒီနေ့က ၂၀၂၂ခုနှစ်၊ ဩဂုတ်လ၊ ၁၈ရက် .... "
" ဟင် ဒါဆို နှစ်နှစ်တောင် မေ့နေခဲ့တာလား ... မာမီ!! မာမီရော ... မင်းကရော ဘယ်သူလဲ "
" ... နှစ်နှစ်လုံးလုံးမေ့နေခဲ့တာ မဟုတ်ပါဘူး ... အဲ့ဒီ့နှစ်နှစ်အတွင်းက ဘာဖြစ်ခဲ့လဲဆိုတာ မေ့သွားတာ .."
သူပြောမိတော့ ဆော့ဂျင်လေးက သူ့ကို အူကြောင်ကြောင်ကြည့်သည်။
" မင်းက ဘယ်သူလဲ ဘာဖြစ်လို့ JK နဲ့အရမ်းတူနေရတာလဲ "
ဒီမေးခွန်းကိုတော့ သူဖျော့ဖျော့လေးပြုံးရင်း ဆော့ဂျင်လေးရဲ့လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်သည်။
" JK97 အကောင့်ကို သိတယ်မလား "
သူမေးမိတော့ ဆော့ဂျင်လေးက ခေါင်းညိတ်သည်။
" အင်း သိတယ်လေ ~~ ငါ့ရဲ့အွန်လိုင်းကချစ်သူ .. "
" ... အင်း ~~ အဲ့ဒါဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါ့မယ် သေချာနားထောင်နော်"
" ... "
".. ကျွန်တော်က ကင်ဆော့ဂျင်ပြောနေတဲ့အွန်လိုင်းချစ်သူပါ ကျွန်တော့် username က JK97 ~~...ထပ်ဆောင်းပြောရမယ်ဆို DDENG ရဲ့အငယ်ဆုံးမန်ဘာ JK!! ဂျွန်ဂျောင်ဂုပါ "
သူ့စကားအဆုံးမှာတော့ သူ့လက်ထဲက ဆော့ဂျင်လေးရဲ့လက်တွေဟာ ရုန်းထွက်သွားပြီး မျက်ဝန်းပြူးကာ အံ့ဩလွန်းလို့ ဟလာတဲ့
ပါးစပ်ကို ဖမ်းပိတ်သည်။
" ဝိုး!! မဖြစ်နိုင်တာ ~~ .. JK97က?? ~~ မဖြစ်နိုင်တာ ~~ မင်းက ... မဟုတ်သေးဘူး ... မောင်က ~~ "
ပါးစပ်ပိတ်ပြီး ပြောနေတဲ့ဆော့ဂျင်လေးရဲ့ပုံရိပ်တွေဟာ အရင်က သူသိတဲ့ဆော့ဂျင်နဲ့မတူ။ လွတ်လပ်ပေါ့ပါးပြီး နွေးထွေးမှုရှိသည်။ ဒါ ဆော့ဂျင်လေးရဲ့ပုံစံအစစ်များလား။
အံ့ဩလွန်နေတဲ့ဆော့ဂျင်လေးရဲ့လက်နှစ်ဖက်ကို သူ ဆွဲယူကာ လက်ကောက်ဝတ်မှာ တည်တံ့နေတဲ့ လက်ကောက်လေးကိုပြမိသည်။
" ... အာဂီရားးး ဒါကသက်သေပဲလေ ... ဘာတွေကို မယုံနိုင်ဖြစ်နေတာလဲ ~~ "
သူပြောတော့ ဆော့ဂျင်လေး လက်ကောက်ဝတ်က ဆင်တူလက်ကောက်လေးကို ကြည့်သည်။ မယုံနိုင်သေးတဲ့ပုံပင်။ အဲ့ဒီ့နောက် မျက်မှောင်ကြုတ်ကာ မေးလာတဲ့မေးခွန်း။
" ဒါဖြင့်ရင် ခုနက စေ့စပ်တယ်ဆိုတဲ့သတင်းတွေက ဘာတွေလဲ?? ဘယ်သူနဲ့လဲ .. ငါ့ကို လာလှည့်စားနေတာလား "
" ဘယ်ကလှည့်စားနိုင်ရမှာလဲ ... ခုနက စေ့စပ်တဲ့သတင်းက ကင်ဆော့ဂျင်ဆိုတဲ့ မောင့်ကလေးလေးနဲ့လေ ~~ ကလေးလေး ~~ မယုံကြည်ဘူးဆိုရင် သက်သေပြရမလား .... ဒီနှစ်နှစ်အတွင်းက တခြားအကြောင်းအရာတွေကို မေ့သွားပေမယ့် ဒါကိုတော့ မမေ့ဘူးလို့ မောင်ယုံတယ် "
ဂျောင်ဂုပြောမိတော့ ဆော့ဂျင်လေးက မျက်တောင်တွေကို ပုတ်ခတ်ကာ နှုတ်ခမ်းလေးက ခပ်စူစူဖြစ်လာသည်။
ဒါကသာ ဆော့ဂျင်လေးရဲ့ အစစ်အမှန်ပုံရိပ်ဖြစ်ရမည် ~~~ ကြားထဲမှာ သိခဲ့ရတဲ့ဆော့ဂျင်လေးက အတိတ်မေ့နေတဲ့အတွက် ပုံစံအမှန်မဖြစ်နိုင်။
ဂျောင်ဂု သူ့ကို ကြောင်အစွာ ကြည့်နေတဲ့ဆော့ဂျင်မျက်နှာအနား တိုးကပ်သွားမိသည်။ အဲ့ဒီ့နောက် အသက်တောင် ရှူဖို့အဆင်ပြေနေပုံမရတဲ့ ဆော့ဂျင်လေးရဲ့နှုတ်ခမ်းကို ဦးတည်ကာ သူ အမြတ်နိုးရဆုံးသော အောက်နှုတ်ခမ်းထူထူလေးကို စတင်ငုံထွေးမိသည်။ သူ့အထိအတွေ့ကြောင့် တုန်လှုပ်သွားခဲ့တဲ့ဆော့ဂျင်လက်တွေကို သူအသာအယာဖျစ်ညှစ်ရင်း နှုတ်ခမ်းတွေကို ဆွဲခါမိတော့ အလိုက်တသိပြန်လည်တုံ့ပြန်လာသည်။ အသက်ရှူရကျပ်မှာစိုးတာမို့ သူရပ်တန့်မိတော့ ဆော့ဂျင်လေးက သူ့ကို မျက်ရည်ရွှဲလည်နဲ့ ကြည့်လာသည်။
ထိုအကြည့်တွေကြောင့် သူ့ခမျာ ထိတ်ထိတ်ပျာပျာဖြစ်သွားရတော့သည်။
" ဘာဖြစ်တာလဲ ... ကလေးလေး ဘာဖြစ်လို့လဲ ... "
သူမေးတော့ ခေါင်းခါလာတဲ့ဆော့ဂျင်လေးဟာ လက်တွေကို သူ့လက်ဆီကနေ နောက်တစ်ခါထပ်ရုန်းသည်။ ဒီတစ်ခါတော့ ရှောင်ပြေးတာမျိုးမဟုတ်ဘဲ သူ့လည်တိုင်တွေကို ဖက်တွယ်လာသည်။
ဒါမျိုးက သူ တွေးတောင် မတွေးထားတဲ့ပုံစံပင် ~~
" ဒါဖြင့်ရင် အခု ငါက မောင်လို့ခေါ်တဲ့ ဂျွန်ဂျောင်ဂုကြီးရဲ့ စေ့စပ်သူကြီးပေါ့ "
သူ့လည်တိုင်ကိုဖက်တွယ်ကာ မျက်နှာချင်းဆိုင် နှုတ်ခမ်းချင်းထိလုမတတ်မေးလာတော့ သူခေါင်းညိတ်လိုက်သည်။
" မယုံသေးဘူးလား .. "
" ဟင်အင်း မယုံနိုင်သေးဘူး မောင်~~ ငါကမောင်နဲ့ မိုးနဲ့မြေလို ခြားနေတာကို ~~ "
ခပ်ဆိုးဆိုးအသံက သူသိထားတဲ့ကင်ဆော့ဂျင်နဲ့ ကွဲလွဲလာတော့ သူပြုံးရင်း သူ့လက်နှစ်ဖက်ကို ဆော့ဂျင်လေးရဲ့ခါးပေါ်တင်လိုက်မိသည်။ အခုမှ သတိရလာတဲ့ကင်ဆော့ဂျင်ဟာ တကယ်ကို သည်းသည်းကဲကဲလေးပင်။ အရင်က အတိတ်မေ့နေလို့ ငြိမ်သက်နေပုံနဲ့တူသည်။ စကားပြောတာတွေကလဲ သူနဲ့ဖုန်းပြောဖူးတဲ့ ပုံစံလေးတွေပင်။
" ... (မွ) ... "
မယုံနိုင်တဲ့ကင်ဆော့ဂျင်လေးနဲ့ နှုတ်ခမ်းကို တစ်ချက်ဖိကပ်နမ်းတော့ ဆော့ဂျင်လေးကလည်း သူ့နှုတ်ခမ်းကို ပြန်ဖိကပ်နမ်းပြန်သည်။
" ... (မွ ) ... အိပ်မက်မဟုတ်ဘူးပဲ "
" .. ( မွ ) ... တကယ်ပါဆိုနေ ... "
" ...(မွ) ... တကယ်ပါနော်? "
" ... (မွ) တကယ်ပေ့ါလို့ ... "
" ဒါဖြင့်ရင် ဆော့ဂျင်လေးကို DDENG ရဲ့မန်ဘာတွေနဲ့ တွေ့ဖို့ ခေါ်သွားပေးပါလား "
ဒီစကားအဆုံးသတ်မှာတော့ ဂျောင်ဂု ဆွံ့အသွားရင်း အဆိုးအဆာလေးရဲ့ နှုတ်ခမ်းလေးကို ဖိကိုက်လိုက်မိသည်။
"အ့"
" အလည်လေး ~~ Hyung တွေနဲ့ တွေ့ချင်လို့ ချွဲနေတာပဲကိုး ... စိတ်ချ မောင်တို့လက်ထပ်တဲ့နေ့ကျရင် Label တစ်ခုလုံးက Artist တွေအကုန် ဖိတ်ကြမယ်လေ .."
အဲ့ဒီ့နောက်မှာတော့ ဆော့ဂျင်လေးဟာ သူ့ရင်ခွင်ထဲခိုဝင်ရင်း နှစ်နှစ်တာကာလက အကြောင်းအရာတွေကို တစ်ခုချင်းစီ စပ်စုနေပါတော့သည်။
𖧷𖧷𖧷𖧷𖧷𖧷𖧷
တစ်နှစ်ခန့်ကြာပြီးနောက် ...
" ဟင့် ဟင့် "
သူ အခန်းထဲဝင်တာနဲ့ ကုတင်ပေါ်မှာ ဖုန်းကြည့်ကာ တရှုံ့ရှုံ့ငိုနေတဲ့ လူသားလေးကို သူမြင်လိုက်ရသည်။ မျက်နှာလှလှကို မဲ့ရွဲ့ကာ ငိုနေတာမို့ သူ အပြေးသွားမိတော့ အဆိုးလေးက သူ့ကိုကြည့်ကာ ပို ငိုလာတော့သည်။
" ဟင့် .. ဟင့် .. "
" ဘာဖြစ်ဝာာလဲ .. ဘာဖြစ်တာလဲ .. မောင့်ကိုပြော ကလေးလေး "
လက်ထဲကဖုန်းကို ဆွဲလုပြီး အိပ်ယာပေါ်ချကာ မျက်ရည်တွေနဲ့ ပါးနှစ်ဖက်ကို ဖိသုတ်ပေးလိုက်သည်။ အဆိုးလေးကတော့ ပြန်မဖြေသေး။ မျက်ရည်တွေ ကုန်စင်အောင် သုတ်ပြီးတော့မှ သူ့ကို မပွင့်တပွင့်နဲ့စကားပြောလာသည်။ ဟန်ဆောင်ငိုနေတာမဟုတ်ဘဲ တကယ်ခံစားပြီး ငိုနေခဲ့ဝာာပင်။
" ... သိလား ... မောင်~~ ဆယ်စုနှစ် တစ်ခုစာနီးပါးသဘောကျခဲ့ရတဲ့ကောင်လေးက လက်ထပ်တော့မယ်တဲ့ ... အဲ့ဒါ သူ့ဖန်တွေက သူ့ဆီရေးထားတဲ့ comment တွေ ဖတ်ပြီး ငိုနေတာ ... "
" ဟင် "
" သိလား မောင် ~~ သူတို့တွေ ဘယ်လိုခံစားနေရလဲဆိုတာ ဆော့ဂျင်းနီလေးသိတယ်မောင် ~~ "
အဆိုးလေး ကင်ဆော့ဂျင် ဘာပြောနေလဲဆိုတာ သူနားမလည်နိုင်လို့ လင်းနေတဲ့စကရင်ပေါ်က ကွန်မန့်တွေကို ဖတ်ကြည့်မိလိုက်သည်
// “ အချိန်တန်တော့လည်း ဒီလူသားကို လက်လွှတ်ပေးရတော့တာပါပဲ အစကတည်းက ကိုယ်မပိုင်မှန်း သိလျက်သားနဲ့ပေါ့ ... ”
“ ငါ့နှလုံးသားတွေ တစ်စစီကွဲသွားခဲ့ပြီ ”
“ Congratulations ပါ ကိုကိုရေ အသည်းကွဲခံပြီး ဆက်ချစ်ပေးနေပါ့မယ် ”
“ ... မယုံနိုင်သေးဘူး ဒီကြယ်ပွင့်လေးကို လက်လွှတ်ရတော့မယ်ဆိုတာ ... ”
“ အခုဝော့ာ သန်းပေါင်းများစွာထဲက သူ့နှလုံးသားလေးကိုရှာတွေ့သွားခဲ့ပြီပဲ ”
“ ငါ့ရဲ့ဆယ်ကျော်သက်ဘဝတစ်ခုလုံး သူ့ဆီမှာ မြှုပ်နှံထားခဲ့တာလေ ... အခုတော့ ဒီလိုဇာတ်သိမ်းနဲ့ အဆုံးသတ်ရတော့မှာတဲ့လား ”
" လက်မခံနိုင်သေးဘူး ... တကယ်ကို လက်မခံနိုင်သေးဘူးကွယ် ~~ " //
အစရှိတဲ့ မှတ်ချက်များစွာကို သူမြင်လိုက်ရသည်။ အဲ့ဒီ့တော့မှ သက်ပြင်းချနိုင်ကာ အဆိုးလေးဆော့ဂျင်ကို အကဲပိုလိုက်တာဆိုတဲ့ပုံစံမျိုးနဲ့ သူကြည့်မိသည်။
ဟုတ်ပါသည် ... သူနဲ့ ဆော့ဂျင်လေး လက်ထပ်တော့မယ်လို့ အတည်ပြုလိုက်တဲ့အတွက် ဖန်တွေက ဝမ်းနည်းကြေကွဲနေကြတာဖြစ်သည်။ အခုချိန်ထိ သူ့ကို ချစ်ပေးပြီး သူ့ကိုကာကွယ်ပေးခဲ့ကြတဲ့ ဖန်တွေကို အားနာမိပေမယ့် ဆော့ဂျင်လေးကိုလည်း လက်မလွှတ်နိုင်ပါ။ အဲ့ဒါကြောင့် လက်ထပ်ပြီးသွားတာတောင် သူ ဂီတကို ဆက်လုပ်ဖို့ စိတ်ကူးထားပါသည်။
" ဘာလဲ အပိုလုပ်နေတယ်ထင်နေတာလား "
သူ့အကြည့်ကို နားလည်နေတဲ့ ကင်ဆော့ဂျင်လေးက ကပ်ကပ်လန်အောင် ရန်ပြန်တွေ့တော့ သူပြုံးမိသွားသည်။
" တကယ်လဲ အဲ့လိုပဲမလား ~~ ကိုယ့်လက်ထပ်ပွဲအတွက် ပျော်ရွှင်ရမယ့်ဟာကို ဘာဖြစ်လို့ ဝမ်းနည်းပြနေရတာလဲ ... မောင်နဲ့ လက်မထပ်ချင်ဘူးလား ... "
သူမေးမိတော့ အဆိုးလေးက အိပ်ယာပေါ်ပက်လက်လေးလှဲချလိုက်သည်။ တီရှပ်အဖြူတစ်ထည်ကိုသာ အတွင်းခံဘောင်းဘီနဲ့တွဲဝတ်ထားတဲ့ အဆိုးလေးဟာ အလုပ်ပိတ်ရက်မို့ အိပ်ယာကနေ တစ်နေကုန်မထဘဲ ဂိမ်းကစားလိုက်၊ ဖုန်းသုံးလိုက်လုပ်နေတာဖြစ်သည်။ သူကတော့ recording လုပ်ဖို့ ဒီည စတူဒီယိုကို အမှီသွားရမှာဖြစ်တဲ့အတွက် အနက်ရောင်ဂျာကင်ကို ဝတ်ပြီးလျက်သားပင်။
" ... မဟုတ်ပါဘူး မောင်~~ အဆိုးလေးက အားနာလို့ပါ ... "
" ဟင် ဘာဆိုင်လို့လဲ "
" မောင့်ကို လူတွေအများကြီးချစ်ကြတယ်လေ ... မောင်က အချစ်တွေအများကြီးနဲ့ရှင်သန်နေတဲ့ကောင်ချောလေးလေ ~~ "
" အဲ့ဒီတော့ ~~ "
" အဲ့ဒီတော့ အဲ့ဒီလို အချစ်တွေအများကြီးနဲ့လူသားကို ဆော့ဂျင်းနီလေးက တစ်ယောက်တည်းအပိုင်သိမ်းရတော့မယ်ဆိုတော့ မောင့်ကိုအပိုင်မရတဲ့သူတွေအတွက် အားနာမိလို့ ငိုနေတာ "
စကားတွေ သိပ်တတ်နေတဲ့ဆော့ဂျင်းနီလေးဟာ လက်နှစ်ဖက်ကို အပျင်းကြောဆန့်ရင်း ပြောလာပြန်တော့ ဝတ်ထားတဲ့ရှပ်အဖြူလေးဟာ အပေါ်မြင့်တက်သွားသည်။ အဲ့ဒီတော့မှ ပေါ်လာတာက ချပ်ရပ်နေတဲ့ ဝမ်းဗိုက်လေးနဲ့ခါးလှလှလေးဖြစ်သည်။ စောင်ပုံထဲ လုံးထွေးနေတာမို့ သူအသည်းယားစွာ သူ့နှာခေါင်းနဲ့ အဆိုးလေးကင်ဆော့ဂျင်ရဲ့ဝမ်းဗိုက်ကို ကျီစယ်မိတော့ အဆိုးလေးရဲ့ခြေထောက်တွေက သူ့ခါးကိုခွလာသည်။
" ဟာ ~~~ မောင် ဘယ်လိုဖြစ်နေတာလဲ ... သူများ စိတ်မကောင်းဖြစ်နေတာကို ~~ "
" .... သွားခါနီးမှ လာမြူဆွယ်နေတာမဟုတ်ဘူးလား ဆော့ဂျင်းနီလေးက ... "
"မောင်နော် ~~ မကဲနဲ့နော် ရှားရှားပါးပါးနားရက်ရတာကို ဒါမျိုးလာမလုပ်နဲ့နော် ခွင့်မပြုဘူးနော် "
ဘယ်အဆင့်ထိတက်မယ်ဆိုတာ ကြိုသိနေတဲ့အဆိုးလေးရဲ့စကားကိုတော့ သူ အင်တင်တင်နဲ့ခေါင်းညိတ်လိုက်ရင်း ဘောင်းဘီပေါ်ကနေ ချစ်မြတ်နိုးရတဲ့ပိစိလေးကို နမ်းလိုက်မိသည်။
" ကန်ချမှာနော် မောင်!!! သွားစရာရှိတာ မြန်မြန်သွားနော် ~~ မသွားရင် ကန်ချမှာနော် "
သူလဲ ဘာမှမလုပ်ရသေးပါဘဲ ကန်ချမယ်ပဲ ပြောနေတဲ့အဆိုးလေးရဲ့ နှုတ်ခမ်းကို သူ တစ်ချက်ဖိကပ်နမ်းရင်း အိပ်ယာပေါ်က ထလိုက်မိသည်။
" နောက်အပတ်မှ ဆော့ဂျင်းနီလေးနဲ့ မောင် တွေ့ကြတာပေါ့ကွာ "
ပြောရင်း လိုအပ်တဲ့ဖိုင်တွဲကို သူယူလိုက်မိသည်။ ဆော့ဂျင်လေးနဲ့သူ့ရဲ့ မင်္ဂလာပွဲက နောက်အပတ်ဆိုပေမယ့် နှစ်ယောက်လုံးကတော့ အလုပ်တွေ ရှုပ်နေတုန်းပင်။
Advertisement
- In Serial40 Chapters
Universe Tales: Virtual Log of the Fallen One
Universe Tales. The new VRMMORPG that supported the Full Dive system with the game's settings boasting a 99% likeness to reality. Enter Maria Heltania, a smart and bright high school girl who's unfortunately directionally and technologically challenged. Being forced by her best friend to play the new VRMMO Universe Tales, she decides to be an Angel. Only to be met with misfortune right from the start because of her unique habits, what more lucky or unlucky events could possibly fall upon this young girl?
8 173 - In Serial38 Chapters
Making of a Gentleman
Number one expert in the Devata realm was on his end of life span. He was unwilling to hand over his sect to his ungrateful disciples. He decided to burn all his power and sect's resources to create a microchip that was designed to help him find and create a successor. He named the system as -Gentleman's system Discord: raghunandan#4640
8 74 - In Serial13 Chapters
Don't Worry, We Have The Best Supporter On Our Team
Adventurer Academy, an education facility meant to teach students swordsmanship, spells, alchemy and smithing skills provided up to advanced levels to become full fledged adventurers. Students, however, are free to choose their paths. This is a story revolves around a young female magician and a classless student.
8 199 - In Serial17 Chapters
The Exciting Arrival
This is a revival for the AU that I have where my OC for The 7D shows up in Jollywood and decides to live there permanently.Songs:1. Life's A Happy Song (The Muppets) - All2. Don't Stop The Music (Rihanna) - The 7D and Empathy (my OC)3. Gypsy Bard (My Little Pony) - Empathy4. One Week (Barenaked Ladies) - Bashful, Sleepy and Sneezy5. Bones Shatter (Hedley) - Doc and Grumpy6. Who I Am Hates Who I've Been (Relient K) - Empathy and The 7D7. Miss Murder (AFI) - The 7D, Empathy and Queen Delightful8. Ready to Go (Panic! at the Disco) - The 7D and Empathy9. Don't You Worry 'Bout a Thing (Tori Kelly) - Empathy10. Victorious (Panic! at the Disco) - The 7D and Empathy11. Circles (Post Malone) - All
8 124 - In Serial6 Chapters
Strawberry blonde
Logan is the Mrs. Popular at her school.Tyson is Mr. Playboy at his school.What happen when they get paired for the famous baby project?Read more to find out
8 152 - In Serial6 Chapters
Chaeryeong Imagines
Just random imagines of our one and only Lee ChaeryeongFemale Reader
8 62

