《A Star's Marriage【Completed】》【02】
Advertisement
⟨ Unicode Version ⟩
ကြယ်တစ်ပွင့်ရဲ့လက်ထပ်မင်္ဂလာ
အပိုင်း နှစ်
နှစ်ရက်ခန့်ကြာပြီးနောက် ...
" ရား; ရား! Hype Labelက သတင်းကြည့်ပြီးပြီးလား သောက်ရမ်းဂယက်ထနေတာ ဝက်ဝက်ကွဲပဲ "
Survival Showအတွက် ပြိုင်ပွဲဝင်တွေကို ပြင်ဆင်ပေးနေရင်း ဘေးက စီနီယာအသံတွေကြောင့် သူနားစွင့်လိုက်မိသည်။
" ဘယ်တစ်ယောက်လဲ Hypeက အိုင်ဒေါလ်တွေက အရမ်းသန့်တာပါ ဘာသတင်းရယ်မှမရှိဘူးလေ "
" ဒီတစ်ခါကတကယ့် ဂယက်ပဲ ကောလဟာလသတင်း မထွက်ဖူးတဲ့ DDENG JKလေ! စိတ်ဝင်စားစရာပဲ ငါ ခေါင်းစဉ်ဖတ်ပြမယ် နင်လုပ်စရာရှိတာလုပ် "
စီနီယာအချင်းချင်းပြောတဲ့စကားကြောင့် သူ့ဦးနှောက် ဗလာဖြစ်သွားသည်။ ဒီနှစ်ရက်အတွင်းမေ့ဖို့ ကြိုးစားနေတဲ့အကြောင်းအရာကို အစဖော်ပေးလိုက်သလိုပင်။ ကိုင်ထားတဲ့ Dryer ကိုတောင် ငြိမ်သက်သွားမိသည်။
" အ့ .. ဟျောင်း! အဆင်ပြေရဲ့လား "
သူပြင်ပေးမိတဲ့ သင်တန်းသားဆီက အသံထွက်လာမှ ခေါင်းညိတ်လိုက်မိသည်။
" အာ ~~ တောင်းပန်ပါတယ် .."
အဲ့ဒီ့နောက် စီနီယာအစ်မတွေရဲ့စကားကို ငြိမ်သက်စွာ စူးစိုက်မိသည်။ သူ့လက်ကတော့ ပုံမှန်အတိုင်း အလုပ်လုပ်လျက်၊ မျက်နှာထားကတော့ တည်ငြိမ်နေပေမယ့် ရင်ထဲမှာတော့ ပြောပြမတတ်အောင် ဗလောင်ဆူနေပြီဖြစ်သည်။
" ‘DDENGအဖွဲ့ရဲ့ Main Vocalist Musician JKက လ်ိင်တူတစ်ယောက်အပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပွား’ တဲ့ videoနဲ့တကွ တင်ထားတာ ဒီမှာကြည့်!! "
စီနီယာတွေက သူတို့ဘာသာ သူတို့ပြောနေပေမယ့် ဆော့ဂျင်ကတော့ နှလုံးတစ်ခုလုံးဆွဲဖြုတ်လိုက်သလို ခံစားရလိုက်ပြီဖြစ်သည်။ ခေါင်းစဉ်က မှန်နေပေမယ့် ဒီအကြောင်းတွေကို မောင် ကိုယ်တိုင်ဖြန့်ဖို့တာ့မဖြစ်နိုင်။ ပြီးတော့ ဗွီဒီယိုနဲ့တကွဆိုတော့ ဘယ်သူကများ ဒီအကြောင်းတွေကို သိတာလဲ။ မဟုတ်မှ အဲ့ညက လျှို့ဝှက်ကင်မရာရှိနေခဲ့တာလား။
တုန်ယင်နေတဲ့လက်အစုံနဲ့အတူ ပြင်ဆင်လို့ပြီးသွားတဲ့ သင်တန်းသားကို နှုတ်ဆက်ပြီး ချက်ချင်းဖုန်းကောက်ကိုင်မိသည်။ ထို့နောက် မရဲတရဲ ပျံ့နေတဲ့ဗွီဒီယိုဖိုင်ကို ဝင်ကြည့်မိတော့ ရူးမတတ်ခံစားလိုက်ရသည်။
ဟုတ်သည် ... စကရင်ပေါ်မှာမြင်နေရတာက အဲ့ဒီ့နေ့ကဖြစ်ပျက်ခဲ့တဲ့အတိုင်းပင်။ အော်ဟစ်ရုန်းကန်နေတာတောင် မလွတ်တမ်းဆွဲထားခဲ့တဲ့သူ JK! သူ့မျက်နှာကို ဖုံးထားပေမယ့် မောင့်မျက်နှာကတော့ ရှင်းလွန်းသည်။ ငြင်းလို့မရတဲ့အထိ တက်တူးတွေက ထင်လွန်းနေတာမို့ ဖြတ်ကနဲ့ သူ မတ်တပ်ရပ်မိသည်။ မျက်နှာကိုဖုံးထားပေမယ့် အဲ့ဒီ့ခန္ဓာကိုယ်က သူလေ။
ဘယ်လိုလုပ်စိတ်အေးအေးထားနိုင်မှာလဲ ... ပြီးတော့ ဗွီဒီယိုကို ဘယ်သူက ရိုက်ထားတာလဲ။ တစ်ယောက်ယောက်ရှိနေခဲ့တာလား။
သွားပြီ သူ့ဘဝတော့ စုတ်ပြတ်သပ်ပြီ! အခြားဘယ်သူမှ မသိပေမယ့် ဗွီဒီယိုပိုင်ရှင်ကတော့ ကင်ဆော့ဂျင်မှန်းသိနေမှာလေ ~~
အတ္တကြီးစွာနဲ့ ကိုယ့်ကိုယ်ကိုယ် အရင်ပူမိတော့ မျက်ရည်တွေက အလုံးလိုက်လိမ့်ဆင်းလာသည်။ စိတ်အေးအေးထားဖို့ ကြိုးစားပေမယ့် အဆင်မပြေ။ မောင်ရော အခုချိန် ဘာလုပ်နေမှာလဲ ... ဒီသတင်းကို ဒီအတိုင်းထိုင်ကြည့်နေမှာတော့မဟုတ်။
" ဆော့လေး.. ဘာဖြစ်တာလဲ စိတ်ထိန်းလေ"
သူ့အဖြစ်ကို မြင်မိသွားတဲ့ စီနီယာအစ်မတစ်ယောက်ကတော့ စကားနဲ့နှစ်သိမ့်ပေးလာသည်။
" ပရိသတ်ဖြစ်တဲ့ ငါတို့မိန်းကလေးတွေတောင် နင့်လောက် သိပ်မခံစားနေရဘူး စိတ်ထိန်းဦးမှပေ့ါ သူလဲ ယောင်္ကျားလေးပဲ ဒါမျိုးတော့ဖြစ်မှာပေါ့ မီဒီယာတွေခေါင်းစဉ်တပ်ထားတဲ့အတိုင်းတော့မဖြစ်လောက်ဘူး ဒီနယ်ပယ်မှာ အလုပ်လုပ်နေတဲ့လူတိုင်း သိတယ် ဒါက ငါတို့နိုင်ငံက မီဒီယာလှည့်ကွက်တွေ!! လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမဖြစ်နိုင်ပါဘူး !! ဒီလောက်အောင်မြင်နေပြီးမှ အဲ့ဒီလိုလုပ်လို့မဖြစ်ဘူးလေ "
သူ့ကိုဆို ခပ်တုံးတုံးလိုဆက်ဆံတတ်တဲ့ စီနီယာအစ်မတွေက ပြောလာပေမယ့် အဲ့သတင်းက အမှန်တကယ်ဖြစ်ပြီး အဲ့ဗွီဒီယိုထဲက ကောင်လေးက သူပါ လို့သိရင် ဒီစကားထွက်လာလေမလား။ တကယ့်နစ်နာသူက သူဆိုပေမယ့် အဲ့ဒီ့ညက မောင် ဆေးမိထားတယ်ဆိုတာ … သူသိပါသည်။ ကန်ထယ်အိုကို သွားရှာတာ မောင့်နဲ့ ဒီလိုဖြစ်ပျက်မိတယ်ဆိုတော့ မောင်ကရော ကန်ထယ်အိုနဲ့ အချိတ်အဆက်များရှိနေလေမလား။ ကန်ထယ်အိုကို မေးချင်ပေမယ့် ကန်ထယ်အိုကို သူ မတွေ့တော့ပြီဖြစ်သည်။
ဆော့ဂျင် စိတ်လှုပ်ရှားစွာ သက်ပြင်းချမိတော့ သူ့ရဲ့ဖုန်းလေး တုန်ယင်လာခဲ့သည်။ သူကြည့်မိတော့ နံပါတ်အစိမ်းပင်။ မောင်များဖြစ်နေလေမလားဆိုတဲ့အတွေးနဲ့ ချက်ချင်းကိုင်လိုက်မိသည်
" ဟယ်လို "
" Rock Cityက ကင်ဆော့ဂျင်ဟုတ်ပါသလား "
" ဟုတ် .. ဟုတ်ပါတယ် "
" ဒါဖြင့်ရင် အခုရောက်နေတဲ့ NYအဆောက်အဦကနေ ထွက်ပေါက်ငါးဘက်ကို အမြန်ဆင်းလာပေးပါ .. ကျွန်တော်က JKရဲ့ ကိုယ်ရေးကိုယ်တာမန်နေဂျာပါ "
ပြောပြီးတာနဲ့ ဖုန်းချတော့ သူချက်ချင်းအပြေးအလွှားဆင်းသွားမိသည်။ ထွက်ပေါက်ငါးကိုရောက်တော့ ကားတစ်စီးက အဆင်သင့်စောင့်နေပြီး သူ မမြင်ဖူးတဲ့ အမျိုးသားတစ်ယောက်က သူ့ကို ကားထဲဝင်ဖို့ အချက်ပြသည်။အဲ့ဒီ့နောက် ကားလေးက ထိုနေရာကနေ ထွက်ကာ Hype Entertainment ဆီ ဆိုက်ရောက်သည်။ ရင်တလှပ်လှပ်နဲ့လိုက်လာခဲ့ပေမယ့် အခုထက်ထိ မောင့်ကို သူမမြင်ရသေး။ အထပ်မြင့်ပိုင်းကို ရောက်လာတဲ့အချိန်မှာတော့ ကျော်ကြားလှတဲ့ အနုပညာရှင်တစ်ချို့ကို သူမြင်လိုက်ရသည်။ အထပ်မြင့်ပိုင်းရဲ့ အတွင်းပိုင်းအခန်းတွေဆီရောက်လေတော့မှ သူ မောင့်မျက်နှာကို မြင်လိုက်ရသည်။ မောင်ကတော့ စူ့ကိုမမြင်သေး၊ ရှေ့က ipadပေါ်မှာ ပလူပျံနေတဲ့ သတင်းတွေကိုကြည့်ပြီး မျက်မှောင်ကြုတ်နေတာပင်။
" မန်နေဂျာင်ဘတ် ... ကျွန်တော် ကင်ဆော့ဂျင်ကိုခေါ်လာပါပြီ "
သူ့ကိုခေါ်လာတဲ့လူရဲ့အသံကိုကြားမှ မောင်နဲ့ မောင့်မန်ဘာတစ်ချို့ရဲ့အကြည့်က သူ့ဆီ စူးစိုက်ပုံကျလာသည်။ ကမ္ဘာကျော်စတားတွေရဲ့အကြည့်တွေအကုန်လုံးကသူ့ဆီမှာမို့ သူသိမ်ငယ်သွားမိသည်။
" ဒီမှာလာ ထိုင်ပါဦး "
အရေးပါသူဖြစ်ပုံရတဲ့ လူကြီးဆီက စကားသံထွက်လာမှ သူသက်ပြင်းချရင်း မောင်နဲ့ဘေးကပ်လျက် ထိုင်ခုံအလွတ်မှာ ဝင်ထိုင်မိသည်။ မောင့်မျက်နှာကို မကြည့်မိသေးဘဲ စားပွဲပေါ်တင်ထားတဲ့မောင့်လက်ကို ကြည့်မိတော့ အချင်းချင်းပွတ်သပ်ကာ စကရင်ကို တစ်ချက်တစ်ချက် ခေါက်နေသေးသည်။
Advertisement
" မင်္ဂလာပါ ငါက DDENG ရဲ့ပြောရေးဆိုခွင့်ရှိသူပဲ ကင်ဆော့ဂျင် မင်းမှာ ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာပြောစရာရှိလဲ ဘာဖြစ်ချင်တာမျိုးရှိလဲ "
သူ့ကို ဦးတည်မေးလာတော့ သူမဖြေတတ်။ သူက သာမန်ကောင်လေးတစ်ယောက်သာဖြစ်သည်။
" ကျွန်တော် ~~ ကျွန်တော် ဖြန့်ခဲ့တာမဟုတ်ပါဘူး .. .."
သူ့အဖြေအဆုံး မောင့်နှုတ်ခမ်းဆီက လှုပ်ရှားလာသည်။
" အဲ့ဒါကို သိတယ် ဆော့ဂျင်ရှီ! "
မောင့်စကားကြောင့် သူ ငြိမ်သက်သွားပေမယ့် မန်နေဂျာကတော့ စကားဆက်သည်။
" ဒါဖြင့်ရင် ဘာအစီအစဉ်မှ မရှိတဲ့ပုံပဲ .. အဲ့ဒါဆို စကြရအောင် "
သူ့ဆီကနေ အကြည့်လွှဲကာ အရေးပါတယ် ထင်ရတဲ့ သူတွေနဲ့ အကြောင်းအရာတစ်ခုကို ဆွေးနွေးဖို့စတင်သည်။ မောင့်ရဲ့မန်ဘာတစ်ဖြစ်လဲ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နမ်ဂျွန်ကတော့ သူ့ကို အကဲခတ်သလိုကြည့်ပေမယ့် မောင်ကတော့ သူ့ကို တစ်ချက်လေးတောင် စောင်းငဲ့မကြည့်။ စိတ်ရှုပ်နေပုံရတဲ့မျက်နှာထားနဲ့ ဆွေးနွေးနေတဲ့စကားဝိုင်းကိုသာ အာရုံရနေပုံပေါ်သည်။
" ပွဲဦးထွက်တဲ့ ရှစ်နှစ်သက်တမ်းမှာ Dating Rumors မထွက်ဘဲ အခုမှ သက်သေနဲ့တကွ ထွက်တယ်ဆိုတော့ ဒါက အန္တရာယ်များတာပဲ ထုတ်ပြန်ချက်မှားတာနဲ့ career တစ်ခုလုံးအဆုံးသတ်မှာဖြစ်သလို အချက်အလက်မိတာနဲ့ အောင်မြင်မှုကလဲ ဒီထက်ပိုတိုးမှာ "
" ဒါဖြင့်ရင် အခုတလော လိင်တူစုံတွဲတွေက ရေပန်းစားနေတယ် တစ်နည်းအားဖြင့် ပြန်တွေးကြည့်ရင် Kpop industry မှာ လိင်တူစုံတွဲတွေမရှိသေးဘူး ... အရင်ကလို မိတ်ကပ်လိမ်းလို့ ဂေးဆိုပြီး ပြောတာမျိုးလဲ မရှိတော့ ဒီအခွင့်အရေးကို အသုံးချပြီး ချစ်သူတွေပါ လို့ ကြေညာချက်ထုတ်ကြမလား ... အဲ့လိုဆို ဖန်တစ်ချို့လောက်ကပဲ မကျေနပ်မှုတွေဖြစ်မှာဖြစ်ပြီး တခြားအနုပညာရှင်တွေဆီက ထောက်ခံချက်လေးရရင် ပြန်ငြိမ်ကျသွားမှာပဲ "
စကားအဆုံးမှာတော့ ဆော့ဂျင်မျက်ဝန်းပြူးသွားရသလို ဂျောင်ဂုကို ကြည့်မိသည်။ ဂျောင်ဂုကတော့ အခုထက်ထိ ဘာသိဘာသာပင်။
" ချစ်သူလို့ ကြေညာချက်ထုတ်တာ ... ဟုတ်ပါပြီ .. ဒါပေမဲ့ ဗွီဒီယိုကြည့်လိုက်ရင် အကြမ်းဖက်နေတာနဲ့ တူနေတယ်လေ "
" ချစ်သူအချင်းချင်း သဘောထားချင်းမတိုက်ဆိုင်ဘဲ အတူတူနေတဲ့အခါလည်း ရှိတာပဲလေ"
ပြန်ကြားရေးအဖွဲ့က ဝန်ထမ်းတစ်ယောက် ပြောလာတော့ သူ့အကြည့်တွေ ထိုဝန်ထမ်းဆီရောက်လာသွားပြန်သည်။ အဓိကက သူနဲ့မောင်ဆိုပေမယ့် ပါဝင်ဆွေးနွေးခွင့်မရှိတဲ့ ဒီစကားဝိုင်းမှာ သူမွန်းကျပ်လာရသည်။ သူ့ကိစ္စကို ဘာလို့ တခြားသူတွေက ဆွေးနွေးနေရတာလဲ၊ သူသဘောမကျ။ အင်တာတိန်းမန့်နယ်ပယ်က ဒီလိုပဲဆိုတာ သိပေမယ့် အခုလောက်ထိဖြစ်မယ်မထင်။
" စုံတွဲလို့ထုတ်ပြန်တာအဆင်ပြေပေမယ့် နောက်ဆက်တွဲကအဆင်မပြေလောက်ဘူး ... ဒီလိုဗွီဒီယိုတွေပြန့်တာက ဆော့ဂျင်အတွက်နစ်နာပြီးသားဖြစ်နေတယ် ... သူ့ရဲ့အဝတ်ဗလာပုံက တော်တော်လေး ပျံ့နေပြီလေ ဂျောင်ဂုရဲ့တွဲဖက်အနေနဲ့ မာနထိတာမျိူးဖြစ်လာလိမ့်မယ် "
ထိုစကားကြောင့် သူမတွေးထားမိသေးတဲ့အကြောင်းအရာက ခေါင်းထဲရောက်လာသည်။ဟုတ်ပါရဲ့ ... ဒီအခန်းထဲကလူတွေအကုန် ထိုအရာကို မြင်ပြီးတဲ့အပြင် သူမှန်းလဲ သိနေကြတာဖြစ်သည်။ ရုတ်တရက် သူ့အဝတ်ဗလာပုံအကြောင်းတွေးမိတော့ ဦးနှောက်က ထူပူကာ နှလုံးခုန်တာတွေ မြန်လာသည်။ စိတ်တည်ငြိမ်ဖို့ ကြိုးစားပေမယ့် အရာရာအားလုံး တဝါးဝါးဖြစ်လာသည်။
မဟုတ်သေးဘူး ~~ စိတ်ငြိမ်ငြိမ်ထား ~~ ငြိမ်ငြိမ်နေ ~~
သူ့ကိုယ်သူ စူးစိုက်ကာ မျက်မှောင်ကြုတ်ပေမယ့် စိုးရိမ်နေတာက ပျောက်ကွယ်မသွား၊ အေးစိမ့်နေတဲ့အခန်းမှာ ချွေးစီးပျံလာရသည်။ သို့ပေမယ့် ရုတ်တရက် သူ့နားထဲ ရောက်လာတာက earbuds နှစ်ခု။ သူလှည့်ကြည့်မိတော့ မောင်က သူ့နားနှစ်ဖက်ထဲ earbudကို သေချာထည့်ပေးနေတာဖြစ်သည်။ ချက်ချင်း စိုးရိမ်စိတ်တွေလျော့ကျကာ သိပ်ချစ်ရတဲ့မောင့်အပြုအမူတွေအပေါ် တသိမ့်သိမ့်ရင်ခုန်လာရသည်။
" သူတို့ပြောတာကို အာရုံမစိုက်နဲ့ ဆော့ဂျင်! ခင်ဗျားအမှားမပါတာသိတာမို့လို့ သက်တောင့်သက်သာနေပါ "
ခက်ထန်တယ်လို့ မဆိုသာတဲ့ စကားလုံးလေးနဲ့ စိုးရိမ်စိတ်တွေကို လျော့ချဖို့ ကြိုးစားပေးတော့ သူ့ရင်တုန်မှုတွေက လျော့ပါးလာသည်။ စကားဝိုင်းမှာ အကြိတ်အနယ်ဆွေးနွေးနေကြပေမယ့် သူကတော့ မောင်ဖွင့်ထားတဲ့ သံစဉ်တွေအတိုင်း စီးမြောနေမိည်။ သုံးနာရီလောက်ကြာအောင် ဆွေးနွေးပြီးတဲ့အဆုံးမှာ မောင်က သူ့နားထဲက earbuds ကို ကိုယ်တိုင်ဖြုတ်ပေးသည်။ ကြည့်ရတာ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုရလာပုံပင်။
" ဂျောင်ဂု ... မင်းပြောမယ့် ဆုံးဖြတ်ချက်ကဘာလဲ "
သံစဉ်တွေငြိမ်းအေးသွားတာနဲ့ အပြင်စကားဝိုင်းရဲ့အသံတွေကို ပြန်ကြားလာရသည်။ အခန်းထဲကလူတွေအကုန် မောင့်ဆီက ထွက်လာမယ့်စကားကို အာရုံစိုက်သည်။ သူကတော့ တောက်ပပြောင်လက်နေတဲ့စားပွဲခုံကိုငေးရင်း တုန်ယင်နေမိသည်။ အဆုံးသတ်က ဘာဖြစ်လိမ့်မလဲ။
" ... ကင်ဆော့ဂျင်ကို ကျွန်တော့်စေ့စပ်သူအဖြစ် ကြေညာလိုက်ပါ ... စေ့စပ်ထားတယ်ဆိုတာ လက်ထပ်တော့မယ့်သူတွေပဲလေ ဒါကြောင့် ဒီလိုကိစ္စတွေက ရှိနိုင်တာမဆန်းဘူး အဲ့ဒါအပြင် မကောင်းပြောတာတွေနဲ့ ဗွီဒီယို ဖြန့်တဲ့သူတွေကို ကျွန်တော့်ဘက်က အတိအလင်းတရားစွဲဖို့ ပိုလွယ်ကူသွားပြီ "
မောင့်စကားတွေကြောင့် သူအပါအဝင်အားလုံးက မောင့်ကို တအံ့တဩကြည့်မိတော့ မောင်က သူ့ကို ပြန်လှည့်ကြည့်သည်။ အကြည့်ချင်းဆုံသွားတဲ့တစ်ခဏမှာ ဘယ်ဘက်ရင်အုံက ဒိတ်ကနဲ့။ သူ့မျက်ဝန်းတွေ ဖျော့တော့သွားရသည်။ အဲ့ဒီ့နောက်မှာတော့ သေချာတဲ့အဆုံးအဖြတ်တစ်ခုကိုရသွားသလိုမျိုး မောင့်စကားကအတည်ဖြစ်သွားခဲ့သည်။ ထူးဆန်းစွာနဲ့ သူလဲ ငြင်းဖို့ တိတ်ဆိတ်နေခဲ့မိတော့သည်။
သေချာတဲ့ထုတ်ပြန်ချက်ကို ရပြီးတာနဲ့ မောင်က schedule တစ်ချို့ကြောင့် သူ့ကို ချန်ရစ်ကာ ထွက်သွားသည်။ အခန်းထဲမှာ သူနဲ့ မန်နေဂျာသာ ကျန်ရစ်ခဲ့တော့ မန်နေဂျာက သူ့ကိုစကားစလာသည်။
" ကင်ဆော့ဂျင်က DDENG ရဲ့ အမာခံပရိသတ်တစ်ယောက်ပဲ predebutကတည်းက ရှိခဲ့တာ မဟုတ်လား "
သူ့အကြောင်းကို သိသာစွာမေးလာတော့ သူ မျက်ဝန်းတွေဝိုင်းစက်သွားသည်။
" ဘယ်လိုသိ ~~ "
Advertisement
" Biasက JK ဟုတ်တယ်မလား ... "
" .. ဘာလို့အကုန်သိနေရတာလဲ .. "
" အဲ့ဒါထက်... စာပို့တိုင်း ဂျောင်ဂုကို 'မောင်' လို့ခေါ်တဲ့ user moonloverက မင်းမဟုတ်လား ဆော့ဂျင် "
မန်နေဂျာရဲ့စကားတွေကြားမှာ သူ့မျက်ဝန်းတွေက ဝိုင်းစက်လျက် ...။ ဘယ်လိုလုပ်အစအဆုံးသိနေရတော့တာလဲ ... ထိပ်တန်းအင်တာတိန်းမန့်ရဲ့မန်နေဂျာအစွမ်းကတော့ အံ့ဩစရာပင်။
" အိုင်ဒေါလ်ကို ချစ်တာသိပေမယ့် ပြောချင်တာက ... မင်းက fanတစ်ယောက်ဆိုတာ ဂျောင်ဂုမသိစေနဲ့ ... မတော်တဆသိမိခဲ့ရင်တောင် သူ့ကို မောင် လို့ခေါ်တဲ့တစ်ယောက်က မင်းဆိုတာ မသိစေနဲ့ ဆော့ဂျင် "
ဒီစကားမှာတော့ သူငြိမ်သက်သွားမိသည်။ သူပို့တဲ့စာတွေ ဂျောင်ဂုက ဖတ်တောင် မဖတ်တဲ့ဟာကို ဘာလို့များ ပေးမသိစေချင်ရတာလဲ ...။
" အာ ~~ ဒီလိုသတိပေးတာက မင်းရော ဂျောင်ဂုရော နှစ်ယောက်လုံးအတွက်ပါ ဂျောင်ဂုက ဒီထပ်ပိုအောင်မြင်လာရမယ့်သူ ... သူ့အတွက် မင်းက အတားအဆီးဖြစ်နေတာမျိုး ငါမကြိုက်ဘူး ... မင်းရဲ့ fanboy lifeကိုတော့ မပိတ်ပင်ပါဘူး ဒါပေမဲ့ သိသာအောင် မနေနဲ့ ဆော့ဂျင် ... ဂျေခေက ဖန်တွေကို အရမ်းချစ်တတ်တာသိတယ်မလား ... မင်းက သူ့ဖန်ဆိုတာ သိရင် သူ ဒီကိစ္စကနေ ရုန်းထွက်နိုင်တော့မှာ မဟုတ်ဘူး ဆော့ဂျင် ... ငါပြောချင်တာက ... အတူတူနေတဲ့အခါ ဂျောင်ဂုက မင်းကို မချစ်မိသွားစေနဲ့ ... အန္တရာယ်များတယ် "
သူနားမလည်တဲ့စကားလုံးတွေနဲ့ တားမြစ်လာလေလျှင် သူမျက်မှောင်ကြုတ်လိုက်မိသည်။ မန်နေဂျာရဲ့စကားကို သူ နားမလည်နိုင်။ ဂျောင်ဂုက သူ့ကို မချစ်မိနိုင်တာ အသေအချာပဲကို ဘာလို့ လာတားမြစ်နေရတာလဲ သူမသိ။ အမှန်ဆို ဒရာမာတွေထဲမှာ ပြောနေကျစကားက 'မင်း သူ့ကို မချစ်မိစေနဲ့လေ'၊ သူကျမှ ဘယ်လိုဖြစ်ပြီး 'သူ မင်းကို မချစ်မိစေနဲ့' ဖြစ်ရတာလဲ။ ဆော့ဂျင် စိတ်အိုက်လာပေမယ့်လည်း ခေါင်းညိတ်လိုက်မိသည်။
သေချာတာတစ်ခုကတော့ DDENG ရဲ့ Fansgin တွေကို moonloverနာမည်လေးနဲ့ တက်ရောက်ခွင့်မရှိတော့ဘဲ ကင်ဆော့ဂျင်နာမည်နဲ့သာ အခြားတစ်ယောက်လို သွားရတော့မှာဖြစ်သည်။
အခန်းထဲဆော့ဂျင် လေးပင့်စွာ သက်ပြင်းချမိတော့ ရုတ်တရက် အရှိန်နဲ့ ပွင့်လာတဲ့တံခါးကြောင့် သူရော မန်နေဂျာပါလန့်သွားမိသည်။ ကြည့်လိုက်မိတော့ ချစ်ရတဲ့မောင် ~~။
" ဂျေခေ!! ဘာလို့လဲ ... RUN DDENG ရိုက်ကူးရေးမှာ ရှိနေရမှာမလား .. "
မန်နေဂျာက တအံ့တဩပြောတော့ မောင်က ခေါင်းခါသည်။
" ကျွန်တော့်ပစ္စည်းကျန်ခဲ့တာကို ဘယ်လိုလုပ် စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်နိုင်မလဲ "
အခုမှ ခပ်ပြုံးပြုံးလေးနဲ့ မြင်ဖူးနေကျ စကရင်ထက်ပုံရိပ်မျိုး ဖြစ်လာတော့ ဆော့ဂျင်ရင်ထဲ သိမ့်ကနဲ့။
" ဘာပစ္စည်းကျန်ခဲ့လို့လဲ "
မန်နေဂျာစကားကြောင့် သူ မောင့်ကို ငေးကြည့်မိတော့ မောင်က သူ့ကို ကြည့်ကာ ပြုံးလာသည်။
" အဲ့မှာလေ ... ကျွန်တော့် ကွန်ဒိုခေါ်သွားရမယ့် ကင်ဆော့ဂျင် ကျန်နေခဲ့တာ ဘယ်လိုလုပ် စိတ်အေးရမလဲ ... သွားရအောင် ဆော့ဂျင်!! ခင်ဗျား ကျွန်တော့် ကွန်ဒိုဆီပြောင်းလာဖို့ လိုတယ် .. "
ဂျေခေစကားအဆုံးမှာတော့ မန်နေဂျာက မနိုင်သလို သက်ပြင်းချပေမယ့် သူကတော့ ယောင်အအနဲ့ မောင့်နောက်ကို ပါသွားခဲ့ပြီဖြစ်သည်။ သူ့မှာ ချစ်ရသူကို မောင် လို့တရားဝင်ခေါ်ခွင့်မရှိခဲ့ပေမယ့် ဒီကြယ်ကလေးရဲ့ဘေးမှာ အနီးစပ်ဆုံးရှိနေခွင့်ရတဲ့အတွက် ခပ်ဖျော့ဖျော့လေးသာ ပြုံးလိုက်မိသည်။
သူနဲ့ မောင့်ရဲ့ဆက်ဆံရေးက ဟန်ဆောင်ထားရာကနေ ဘယ်အခြေအနေထိ ရောက်သွားလေမလဲ ... အများကြီးတော့ မမျှော်လင့်ပါဘူး ... ဒီကြယ်ကလေးရဲ့ဘေးမှာ တိုးတိုးတိတ်တိတ် ခိုတွယ်ပြီး အချိန်တန်ရင် နေရာမှန်ကို သူပြန်မှာပဲလေ။
ဂျောင်ဂုနဲ့ ဆော့ဂျင်ကတော့ Hype Building ကနေ ထွက်ခွာသွားပြီဖြစ်ပေမယ့် ကျန်ရစ်နေခဲ့တဲ့ မန်နေဂျာကတော့ အကြမ်းရည်နွေးနွေးကို တစ်ငုံစာသောက်ကာ သက်ပြင်းချလိုက်သည်။
.... မပတ်သက်စေချင်တော့လို့ ဝေးသထက်ဝေးအောင် လုပ်ခဲ့ပါလျက်နဲ့ ဘာကြောင့်များ အခုလို ထိပ်တိုက်ဆုံစေခဲ့တာလဲ ... ကင်ဆော့ဂျင် ပြန်သတိမရလာပါနဲ့ ... မင်းသာ ‘မောင်’ လို့ခေါ်နေတဲ့တစ်ယောက်မှန်း ဂျောင်ဂုသိရင် သူ ရူးသွားရလိမ့်မယ် ... ကျေးဇူးပြုပြီး မင်းက ဂျောင်ဂုရဲ့ အားနည်းချက်မဖြစ်လာပါနဲ့ ... ဆော့ဂျင်
𖧷𖧷𖧷𖧷𖧷𖧷𖧷
“ ဒါ ကျွန်တော့်ကွန်ဒို ... ဆော့ဂျင်ရှီရဲ့လုံခြုံရေးအတွက် ဒီမှာနေတာ ပိုအဆင်ပြေလိမ့်မယ် ... ဒီနေရာကို ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်မန်ဘာတွေကလွဲပြီး ဘယ်သူမှ မသိဘူး "
အခန်းသော့ဖွင့်နေရင်း မောင်ပြောလာတော့ သူခေါင်းညိတ်လိုက်သည်။
ဘာလို့ ဘယ်သူမှ မသိရမလဲ ... ဒီနေရာကို သူသိပါသည် ... မောင်နဲ့ ပတ်သက်တဲ့ သတင်းအပိုင်းအစလေးတွေကအစ သူသိသည် .. အဲ့ဒီလိုပဲ အတွင်းပိုင်းပရိသတ်တော်တော်များများက လည်း သိပေမယ့် မသိချင်ယောင်ဆောင်ထားကြတာချည်းပင်။
" ဝင်လာခဲ့ပါ ကျွန်တော်တော့ ပြန်လာဖြစ်တာမဟုတ်ပေမယ့် ဆေ့ာဂျင်ရှီက လက်ရှိ နေတဲ့နေရာမှာ နေရင် ပိုပြီး အန္တရာယ်များတာမို့လို့ပါ ... "
အခန်းထဲဝင်တာနဲ့ သန့်ပြန့်လွန်းတဲ့အပြင်အဆင်ကို ငေးနေမိတုန်းမှာပဲ ပြောလာတဲ့မောင့်စကားကြောင့် သူခေါင်းညိတ်လိုက်သည်။ မောင်ကတော့ သူ ပထမဆုံးစတွေ့တဲ့ညကလို ကောင်ငယ်လေးမဟုတ်တော့၊ ဖော်ဖော်ရွေရွေနဲ့ ရင်းနှီးဖွယ်ကောင်လေးပင်။ စကရင်ပေါ်မှာ မြင်ရတာနဲ့ သိပ်ကွာခြားမှုမရှိ။ အူကြောင်ကြောင်နဲ့ မောင့်နောက်လိုက်ရင်း ဧည့်ခန်းထဲရောက်သွားမိတော့ ထူးထူးဆန်းဆန်းအိပ်ယာအသစ်နှစ်ခုကို တွေ့လိုက်ရသည်။
သူထိုအိပ်ယာနှစ်ခုကို ကြည့်နေတုန်းမှာပဲ မောင်က ပျာပျာသလဲ ရှင်းပြချက်ပေးလာသည်။
" အာ~~ ဒါတွေက ဟို ... ကျွန်တော်က အိပ်ယာပြောင်းတတ်တဲ့အကျင့်ရှိလို့ပါ ဆော့ဂျင်ရှီက အဆင်မပြေရင် အိပ်ခန်းထဲမှာ နှစ်ခုထပ်ရှိသေးတယ် အဆင်ပြေတာ ယူသုံးပါ ... ကျွန်တော့်စတိုင်လ်က မျှသုံးတတ်တာ မဟုတ်ပေမယ့် ကျွန်တော့်ကြောင့်နဲ့ နစ်နာသူဖြစ်ခဲ့ရတာမို့လို့ ကောင်းပေးပါ့မယ် "
စကားနည်းတတ်တဲ့သူ့ကြောင့် မောင်က အနေခက်စွာ ဆိုလာလေလျှင် သူပြုံးလိုက်သည်။ သူ့အဖို့က မောင့်အနီးနားမှာ ရှိနေရတာနဲ့တင် တန်ဖိုးကြီးနေပြီဖြစ်သည်။ မပိုင်ဆိုင်ရဘူးဆိုတာ သေချာသိရက်သားနဲ့ ရှေ့မှာရှိနေတဲ့အဖိုးတန်လေးဆီမှာ ခဏတာ ခိုတွယ်ခွင့်ရခဲ့တယ်လေ။ လောကကြီးမှာ သူ့လောက် ကံကောင်းတဲ့သူရှိမှာမဟုတ်။
" ခင်ဗျားက စကားနည်းတာပဲနော် ဆော့ဂျင်ရှီ ...."
" ဟင် ~~ အာ .. ဟုတ်တယ် ကျွန်တော်က စကားနည်းတယ်ဂျောင်ဂုရှီ ... "
ပြတ်တောက်သွားတဲ့စကားအပေါ် ဂျောင်ဂုကရယ်သွေးသမ်းရင်း လည်ဂုတ်ကို ပွတ်သပ်လိုက်သည်။ သူကတော့ မောင့်အပြုအမူတွေ တစ်ခုချင်းစီကြည့်ရင်း မှတ်သားနေမိသည်။ သူစိမ်းတွေ အားလုံးထဲကမှ မောင့်ကို အသည်းအသန်ချစ်ခဲ့ရတာ သူမဟုတ်ပါလား။ အခုတော့ သူ့အချစ်တွေ ထုတ်ဖော်ခွင့်မရပေမယ့်လည်း အခုလိုလေးအနီးကပ်ဆုံးရှိနေတာက သူ့ကို စိတ်ချမ်းသာစေဖို့ လုံလောက်ပါသည်။
" ဒါနဲ့လေ ဆော့ဂျင်ရှီ .. ဆော့ဂျင်ရှီက ကျွန်တော် သိခဲ့ဖူးတဲ့ဖန်တစ်ယောက်နဲ့တူတယ် .. "
ဒီစကားမှာတော့ ဆော့ဂျင်မျက်ဝန်းလေးတွေ ဝိုင်းစက်သွားသည်။ အမှန်တိုင်းပြောရင် သူက DDENG ရဲ့ Fansgin ကို တစ်ခါသာရောက်ဖူးပြီး Concert တွေကိုသာ အရောက်များတာဖြစ်သည်။ မာမီဆုံးပြီးကတည်းက ကိုယ့်ဘဝကိုယ်ကျောင်းခဲ့ရတာမို့ ငွေရေးကြေးရေးက အဆင်ပြေတဲ့အထဲမှာမပါ။ ဒယ်ဒီ့ကိုလဲ လုံးဝအဆက်အသွယ်ဖြတ်ထားသူမို့ သူ့အခြေအနေက ထင်ထားတာထက်ပိုဆိုးပါသည်။ မာမီချန်သွားတဲ့အိမ်လေးတစ်လုံးသာ ပိုင်ဆိုင်သည်။ ဒါပေမဲ့လဲ အဲ့ဒီ့ Fansgin တုန်းက သူ့မျက်နှာ အလဂျစ်ဖြစ်နေတာမို့လို့ maskတပ်ပြီးသွားခဲ့ရတာလေ။ မောင်က မှတ်မိနေမှာ သူ မဖြစ်နိုင်။
" ဟုတ်လား ဘယ်သူနဲ့တူတာလဲ ကျွန်တော်က ... "
" ကျွန်တော့်ကို သက်တောင့်သက်သာဖြစ်စေတဲ့ကောင်လေးတစ်ယောက်ပေါ့ ... သူလဲ ဆော့ဂျင်ရှီလောက်ပဲရှိမယ်ထင်တယ် .. ဆော့ဂျင်ရဲ့အသံက သူ့အသံနဲ့ တူလွန်းတယ် .... "
ပြုံးရွှင်စွာ ပြုံးနေရင်းကနေ မျက်နှာလွှဲကာ မောင့်မျက်ဝန်းတွေ အရောင်ပြောင်းတော့ သူ့ရင်ထဲ ဆစ်ကနဲ့။ မောင် ဝမ်းနည်းနေတာမျိုး သူမလိုချင်။ တဆက်တည်းမှာပဲ မောင်ပြောတဲ့ ပရိသတ်ကောင်လေးကို အားကျမိလိုက်သည်။ သူတောင် မောင် ပွဲဦးမထွက်ခင်ကတည်းက မောင့်အနောက်မှာ ရှိနေခဲ့တာလေ ... မောင်က သူ့ကို သတိထားမိတာမဟုတ်။
" အာ~~ နှောင့်ယှက်နေမိပြီ ဒီမှာပဲ သက်တောင့်သက်သာနေပါ ဆော့ဂျင် .. ဒါကတော့ ကျွန်တော့်နံပါတ် ... တစ်ခုခုဆို မန်နေဂျာမဟုတ်ရင် ကျွန်တော့်ဆီ လာပြောပါ .. ပစ္စည်းတွေနေရာချလိုက်ဦးနော် ကျွန်တော် ယူစရာပစ္စည်းလေးတစ်ခုရှိလို့ "
အဲ့ဒီ့နောက် မောင်က သူ့ကို ထားကာ Golden Film လို့စာတန်းချိတ်ထားတဲ့ အခန်းငယ်လေးထဲ ဝင်သွားသည်။ ကြည့်ရတာ မောင့်ရဲ့စတူဒီယိုဖြစ်မယ်ထင်သည်။ ကုမ္ပဏီမှာရှိနေတဲ့ မောင့်အခန်းနဲ့မတူ။ သူလဲ ပစ္စည်းတစ်ချို့ကို နေရာချလိုက်ပြီး ဧည့်ခန်းထဲ ထွက်လာလိုက်သည်။ သိပ်မကြာ မောင်ပြန်ထွက်လာတော့ ဖြူအုနေတဲ့မောင့်လက်ပေါ်မှာ ထင်းနေတဲ့အရာလေး။
ကြယ်ကလေးရယ်၊ယုန်ကလေးရယ်၊ လခြမ်းလေးရယ်ကိုပေါင်းပြီး တန်ဆာဆင်ထားတဲ့လက်ကောက်လေး။ မောင့်လက်ပေါ်မှာ သူမြင်လိုက်မိတော့ သူ့လက်မှာ ဝတ်ထားမိတဲ့ပုံစံတူလက်ကောက်လေးကို Hoodieထဲ ဖွက်လိုက်မိသည်။ မောင်မြင်ပြီး အနှောင့်အယှက်ဖြစ်သွားမှာ သူမလိုလား။
ဒီလက်ကောက်လေးဟာ ဘယ်သူပေးထားမှန်းမသိပေမယ့် မောင့်အတွက် အရမ်းအရေးပါတာ သူသိသည်။ ဘယ်နေရာသွားသွား မောင်ဝတ်ထားတတ်သလို အရေးကြီးတဲ့ပွဲတွေ၊ ဆုပေးပွဲတွေနဲ့ အရှင်းဆုံးပြောရရင် အောင်မြင်ပြီးနောက်ပိုင်း ထွက်လာတဲ့ Music Video တွေထဲမှာအစ မောင့်လက်လှလှပေါ်မှာ နေရာယူသည်။ Fan Goodsတွေထဲမှာလည်း best sellerပင်။ သူ့မှာတောင် သူဝတ်ထားတာအပြင် ပုံစံတူ တစ်ခုရှိသေးသည်။ ဖန်တွေတော်တော်များများလည်း မောင်ဝတ်ထားသလိုမျိုး လိုက်ဝတ်ကြပါသေးသည်။
" ဆော့ဂျင်ရှီ ... ကျွန်တော် ခင်ဗျားကို ယုံကြည်သလိုမျိုး ခင်ဗျားလည်း ကျွန်တော့်ကို ယုံကြည်ဖို့ မျှော်လင့်ပါတယ် .. တစ်အိမ်လုံး စိတ်ကြိုက်နေလို့ရပေမယ့် Golden Film ကိုတော့ မဝင်ပါနဲ့ ... ကျွန်တော်အလုပ်လုပ်တဲ့နေရာမို့လို့ပါ "
မကြိုက်တာကို ယဉ်ယဉ်ကျေးကျေးပြောတော့ သူလဲ ခေါင်းညိတ်ရင်း ထွက်သွားတော့မယ့် မောင့်ကို နှုတ်ဆက်လိုက်သည်။ မောင်ကတော့ သူ့ကို စိတ်ချကာ ထွက်သွားခဲ့ပေမယ့် သူကတော့ တန်ဖိုးကြီးလူသားလေးရဲ့ အခန်းငယ်ကို သေချာကြည့်ရင်း အနာဂတ်အတွက် သက်ပြင်းချလိုက်မိသည်။
ပရိသတ်တစ်ယောက်က အိုင်ဒေါလ်တစ်ယောက်အပေါ်မှာ ထားတဲ့ချစ်ခြင်းမျိုးဆိုပေမယ့် ကြာလာရင် လောဘတက်မိလာမှာ စိုးတယ် မောင် ~~
ဆော့ဂျင်သက်ပြင်းထပ်ချကာ အခန်းထဲပြန်ဝင်သွားမိသည်။ ဒီကို မောင်နဲ့ပတ်သတ်တာဆိုလို့ ဘာမှ ယူမလာပါ။ သူက မောင့်ကို အရမ်းကြိုက်နေမိတဲ့ ဖန်တစ်ယောက်မှန်း မောင်သိသွားမှာလဲ စိုးသည်။ မောင်က ဖန်တွေကို သိပ်ချစ်တာမို့လို့ သူ့ကို အားနာနေမှာမျိုးမကြိုက်။
ဆော့ဂျင်ခေါင်းခါလိုက်ရင်း ပျက်ကွက်မိတဲ့အလုပ်ကို တာဝန်ယူဖို့ စိတ်နှစ်လိုက်မိတော့သည်။ သူ့ဘဝက အခု ခဏတာ ရွှေငန်းဖြစ်နေပေမယ့် အချိန်တန်လာရင်တော့ အရင်ကလို ကျီးကန်းငှက်လေး ပြန်ဖြစ်ဦးမှာလေ။
𖧷𖧷𖧷𖧷𖧷𖧷𖧷
Happy Birthday Our Koo Koo
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩
အပိုင်း နှစ်
" အာ ~~ တောင်းပန်ပါတယ် .."
" ‘DDENGအဖွဲ့ရဲ့ Main Vocalist Musician JKက လိင်တူတစ်ယောက်အပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပွား’ တဲ့ videoနဲ့တကွ တင်ထားတာ ဒီမှာကြည့်!! "
Advertisement
- In Serial53 Chapters
Plague Children
Years ago, in the country of Sei'O, a plague spread and turned half of their population to stone. The children of those infected were born with skin abandoned of all color. Completely grey, they were known as Plague Children. Though they possessed no ability to spread the plague, they were heavily mistreated, discriminated against, ostracized, and often times killed at their younger ages. The story follows the young Plague Child Ora, as he gains one of the strongest relics the world would ever come to see. With it, everything changes with relative ease. What fate awaits this world that heavily mistreated Ora? In this world of magic, relics, and ancient arts, no one could be certain. Tags OP Main Magic High Fantasy Races Lore World Building Evil Main Multiple Views Multiple Arcs Relics Tragedy Grimdark Strategical Politics Evil Organization Light Humo Death Elves Beastkin Magic Technology
8 194 - In Serial29 Chapters
Angel of Death
While walking home from a hospital visit to his dying girlfriend, Cody happens across a mysterious jewel-clad book whose pages tell of powerful and frightening """"Soulless Ones,"""" and the means by which he could become one. Spurred by hope to save the love of his life, Cody finds it a small price to cast out his soul if it means she can be saved.Had he only read the book more thoroughly, however, he would have seen that the price of becoming a soulless one was far higher than he had believed.
8 225 - In Serial10 Chapters
The Friendly Neighborhood Nightmare Caller
The year is 21XX, humanity still seems to love killing each other over some pointless war or another. VR Dive technology is a thing and has more uses than just fun and games.For the past year, humanity has temporarily put aside its differences to fight a new threat, the Fiends, an enemy of unknown origins. The Fiends seem to have an unlimited reserve of forces, yet they seem to primarily attack small human settlements, with the occasional siege on a city with a vast horde.Humanity has resorted to creating Saviors, ex-humans who have extraordinary powers and who's forms generally resemble some form of human-monster hybrid. They range from ordinary superhumans and slime people to harpies and golems, as well as, from plant people and zombies to kitsunes and arachne.While they are called Saviors, their official title is the Defenders of Humanity and they serve the Human Collective Government Defense Force.Now, what happens when one of the biggest unknowns of the Fiends' forces, the Fiendish Maidens, joins the HCGDF?This story follows Savior Squad 108-F, a squad of misfits who joined the Defense Force for a variety of reasons, as they live their lives and go on missions for the "greater good" of humanity. During their adventures, they meet one of the most elusive Fiends in existence: the Nightmare Caller Eve, one of the Fiendish Maidens. ----------------------------------------------------------------------------------------------------------------------------------------------- This story was created using the world of a pair of "Create Your Own Adventures", called Defenders of Humanity and Ravagers of Humanity. There are four of us working together to write this story, so you may notice differences in writing styles, though we will try to make it seem like one style. All credit for any pictures we use, go to their artists. We plan to update as we complete chapters, however fast that happens to be. Sorry for any inconsistencies.
8 258 - In Serial35 Chapters
Eternia Memories: 2+X
Eternia Memories: 3 In the aftermath of the critical fight between Class A and Class F, things finally returned to a state of normality for the Elites. Kato and co., together with Alice, joins forces to form a small band in their leisure time, but their short bit of peace and quiet are about to be overturned by an upcoming school-wide talent show that’s going to be the razor-sharp focus for many student organizations in Korolev Senior. In the midst of the coming storm of power struggles, Caius, the coolest of the men of the Elites, finds himself between a rock and a hard place; the epic return of an original Elite and his first love to their school, Mayumi, and a part-time softie delinquent from the drama department, Cecilia. Under the weight of his identity as an Elite and their commitment to their class’ anti-establishment agenda, his newfound role in the drama department will not be easy for him. He’ll have to, unfortunately, test the strength of his bonds with his friends once more, as he had done many years ago at Mayumi’s ill-timed departure. (Unlisted: Volume 1)
8 225 - In Serial24 Chapters
Making a World Into Fantasy
Traversing over into the body of the late Eliott Hearthrom, Lukas finds himself in a new, boring world. Blessed by the system he finds himself changing the world to make it more to his liking and aadding things he could only dream of in his previous life. "Come forth! Oh ancient magics!""Create unicorns! Phoenixes! Dragons!""Let me become a god of creation!" [Denied! Host is too weak and incompetent, please do the appointed tasks dutifully.] "...." ------ Just writing stuff for fun and without much experience! I appreciate any comments or critiques. Thank you for stopping by :)
8 136 - In Serial23 Chapters
Game on
"I think Y/N is pregnant with my child." he said it as if he was admitting that he had a disease.-"YOU CAN'T KEEP ME AWAY FROM MY SON!" He yelled as if he had any rights to claim my child as his.-"Then we will see what the court will say about this." He spoke angrily before walking out the house not forgetting to slam the door.
8 184

