《Adrian》14
Advertisement
လုပ်ရိုးလုပ်စဉ် မင်္ဂလာဆောင်ခန်းမ
တွေတောင်မဟုတ် အထင်ကရနာမည်ကြီး
နေရာအကျယ်ကြီးတစ်ခုတွင် အဖြူရောင်နှင်းဆီ
တွေခညောင်းနေသည်။
ပြာလွင်သောကောင်းကင်ကြီးအောက်
ဂုဏ်သရေရှိလူပေါင်းများစွာသည်လည်း
သူ့ထက်ငါ့အပြိုင် တန်ဖိုးကြီး အဆင်တန်ဆာများဖြင့်
ပွဲကိုတက်ရောက်လာကြသည်။
"တွေ့ပြီ Jeon.....Adrian ရှိတဲ့နေရာကိုသိပြီ...."
Jeonသည် အစောင့်အကျပ်ရာချီဖြင့်
အလွန်ဆိုးဝါးသည့်ဘဝတစ်ခုကိုဖြတ်သန်း
နေရခြင်း။ရှာဖွေမှုကိုတစ်ရက်မှမနားခဲ့။
Jeonရဲ့ လက်တံတွေကိုရသလောက်ဖြန့်ထားကာ
အပူတပြင်းကိုနေ့တိုင်းရှာနေခဲ့သည်။
Agustd ကတော့ အားအကိုးရဆုံးပေါ့..။
JEonထွက်ပြေးရှာဖွေဖို့အကြိမ်ပေါင်းများစွာ
ကြိုးစားခဲ့တိုင်းကူညီပေးတဲ့လူမှန်သမျှ
သည် အသက်မရှင်တတ်ကြပါ။
ရင်းခဲ့ရသောအသက်တွေသည်နည်းတော့တာ
မဟုတ်။ခြိမ်းခြောက်အကျပ်ကိုင်ရခြင်းကို
ခံစားခဲ့ရတာAdrian တစ်ယောက်ထဲတော့
မဟုတ်ခဲ့။
ဒါပေမယ့်မတူညီက Jeonဟာလူကြီး
တစ်ယောက်မို့ ကြောက်လန့်တာထက်
တေးမှတ်ထားပြီးစုပြုံတုံ့ပြန်ဖို့ကိုသာ
အားသာခဲ့သည်။
JEonငြိမ်သက်နေကာ အရင်လိုအော်ဟစ်
မဆူညံတော့ကြောင့် ခေတ္တခဏတာ
လှိုင်းထန်ပြီး အချိန်တချို့ဖြတ်သန်းလာပြီး
တော့လည်း ဘာမှမဟုတ်တော့ပါဘူးဟု
တွေးခေါ်ခဲ့ကြကာ သူတို့ဖြစ်ချင်တာ
သူတိူ့လုပ်ချင်တာကို ရှေးရှူးလုပ်ဆောင်နေခြင်း
သည်ဒီနေ့တွင်အကောင်အထည်ပေါ်လာခဲ့သည်။
Jeon က အကြိမ်ပေါင်းများစွာ
ငြင်းဆန်ခဲ့သော်ငြား ငါမိဘ
ငါအကောင်းဆုံးကိုစီစဉ်တာဆိုသော
ခေါင်းစဉ်ကြီးသည် မလှမပရယ်။
Adrian ရှိတဲ့နေရာကိုသိသွားပြီဆိုတဲ့
ဝမ်းသာမှုသည် ဘာနဲ့မှမလဲနိုင်။
ရင်ခုန်သံတွေမြန်လွန်းခဲ့ကာစိုးရိမ်ပူပန်
ရသောကလေးဆိုးလေးအားဒီနေ့ချက်ချင်း
ကိုတွေ့ချင်တာကြောင့် Jeon NewYorkကို
ချက်ချင်းပြန်ဖို့ပြင်ဆင်ခဲ့သည်။
"လက်မထပ်နိုင်ဘူး....လက်မထပ်နိုင်ပါဘူး
ဆိုတာကိုလည်းနေ့တိုင်းနေ့တိုင်း
ငါအားလုံးသိအောင်ပြောပြခဲ့ပြီးပြီ
နားမဝင်ကြတဲ့အတွက်စိတ်မကောင်းစရာပဲ..."
JEonဟာ မင်္ဂလာဆောင်ကိုလာခဲ့တယ်။
Agustd နဲ့ တခြားသော ကိုယ်ရံတော်တချို့
နှင့်အတူ မှိုင်းပြနေသော အနက်ရောင်
ဆင်ယင်မှုများဖြင့် အဖြူရောင်တွေကြား
တသီးတခြားဆန်စွာပင်။
"JeonJungkook!!!!"
"အဖေ ကြိုးဆွဲရာ အဖေပုံသွင်းရာ
အဖေ့ စိတ်သဘော အတိုင်း အနိုင်ကျင့်
လို့ရမှာက အဖေ ကိုယ်တိုင်ပဲရှိတာ
တခြားလူတွေ ဝပ်တွားခယနေတယ်ဆိုတာ
လည်းပိုက်ဆံကြောင့်ဆိုတာ နားလည်ထား"
"ဒါ Jeon မိသားစု ထဲကနေတရားဝင်
နှုတ်ထွက်တဲ့စာချူပ် ကျွန်တော့်အရည်အချင်း
နဲ့ကျွန်တော်ရှာထားတဲ့စီးပွါးရေးတွေကို
ခွဲထုတ်ယူထားပြီးပြီ...ဒီနေ့NewYorkကို
အပြီးထွက်သွားမယ် ဘယ်တော့မှ
ဒီမြေ ဒီလေကို ခြေမချတော့ဘူး..."
စာချူပ်တွေကိုစားပွဲပေါ်ပစ်ချကာ
JEonက မိုက်ကြေးခွဲသည်။
"မင်းဘာလုပ်လုပ် ParkJiminနဲ့
ဘယ်တော့မှ မပေါင်းဆုံရဘူးဆိုတာ
မြဲမြဲမှတ်...."
မကြောက်ရဘူးလို့ ကိုယ့်ကိုကိုယ်သန်မာထား
လည်း ထိုကဲ့သို့သောစကားတွေကို
JEon သိပ်ကြောက်သလိုရူးမတတ်လည်းမုန်းတီး
ပါသည်။
"မင်းကသေလောက်အောင်ပေါင်းဖက်ချင်
ပါတယ်ဆိုတောင် Adrian က
မင်းရှေ့ကိုယောင်လို့တောင်ပေါ်လာမှာမဟုတ်ဘူး...
ရတယ် ငါက ဒီမင်္ဂလာပွဲမဖြစ်မြောက်လည်း
အရှက်နည်းနည်းရရုံကလွဲကျန်တာဘာမှမဖြစ်ဘူး
ငါ့ကိုမခန့်လေးစားဆက်ဆံခဲ့တဲ့ ဘာမဟုတ်တဲ့
ကောင်ရယ် ဘာမဟုတ်တဲ့ကောင်အတွက်
ငါ့ကိုဘက်ပြိုင်တဲ့ မင်းရယ်..မပေါင်းဆုံရရင်
ပြီးရော....ငါက အရှုံးမပေးတတ်ဘူး ...."
JEon ရဲ့အဖေဟာ Jimin အပေါ်သူလုပ်ခဲ့သမျှအားလုံး
ကို တစ်လုံးချင်းပြောပြလျှက်အစွယ်အကုန်
ထုတ်ပြလိုက်သည်။
"မင်းတ်ို့ မျက်နှာချင်းပြန်ဆိုင်မယ့်နေ့က
အားလုံးရဲ့အဆုံးသတ်ပဲ Jeon...."
JEonသည် မင်္ဂလာပွဲတစ်ခုလုံးရှိ
နှင်းဆီဖြူဖြူတွေအားလုံးကို
ဓားတစ်လက်ဖြင့်အကုန်ခုတ်ချပစ်ခဲ့သည်။
မင်္ဂလာပွဲကလူတွေသည်လည်းသေပြေးရှင်ပြေး
ပြေးခဲ့ရတော့သည်။
မြင်သမျှသောမျက်စိရှေ့ကအရာခပ်သိမ်း
ကိုကန်ကျောက်ဖျက်ဆီးပစ်ကာ
သတို့သမီးဆီ သွေးအေးစွာလျှောက်လှမ်းလာ
တဲ့အခါ အဖေအမေဖြစ်သူတို့က
သမီးဖြစ်သူကို ဆွဲပြေးကာထွက်ပြေးခဲ့ရတော့သည်။
တစ်ခုလေးမှမကျန်..အကောင်းပကတိပစ္စည်း
တစ်ခုတောင်မကျန်ရစ်လေအောင်
ဖျက်ဆီးခုတ်ဖြတ်ပြီးတဲ့အခါ Jeonအဖေနှင့်
JEon သာကျန်ခဲ့သည်။
လေပေါ်လွင့်နေသော ပေါ့ပါးတဲ့အဖြူရောင်
အပျက်အစီးစများကြား
ရစရာမရှိတော့သော မင်္ဂလာဆောင်အလည်
တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ကြနေကြသည်။
ထို့နောက် JEonကအရင်လှည့်ထွက်သွားခဲ့သည်။
ဘယ်လောက်စိတ်နာကြောင်း
ဘယ်လောက်စိတ်ဆိုးကြောင်း
ဘယ်အတိုင်းအတာအထိနာကျင်ရကြောင်း
ခံနိုင်ရည်ထက် လိုအပ်တာထက်ပိုတဲ့
ရက်စက်မှုတွေအပေါ် အဘယ်မျှမုန်းတီးခဲ့ကြောင်း
JEon ပါးစပ်ကပင် ထုတ်ဟမပြောနိုင်ခဲ့ပါ။
Adrian ကိုပေးခဲ့တဲ့ဒုက္ခတွေဟာ
Adrianခံနိုင်ရည်ရှိနိုင်လားလို့စဉ်းစားရန်ပင်မလို
လက်သီးတွေကျစ်ကျစ်ပါအောင်ဆုပ်ထားလျှက်
JEonဟာအရာအားလုံးကိုကျောခိုင်းခဲ့တော့သည်။
အဲ့ဒီနေ့ကစ ဘယ်တော့မှတောင်ကိုရီးယား
ကိုပြန်မလာခဲ့တော့ဘူး။
JEon အဖေ ဟာ ရှုံးရက်နဲ့အရှုံးကိုလက်မခံ
တင်းခံရင်း Jeonထွက်ခွါသွားပြီးတဲ့နောက်ပိုင်း
ပို၍ပို၍ခက်ထန်ပူလောင်စွာဆက်အသက်ရှင်ခဲ့သည်။
အချိန်တန်သေဆုံးသွားတဲ့အထိတောင်
ကြီးမားသော အတ္တတွေဟာ ကျွတ်တန်းဝင်မသွား။
ဒါဟာသူ့အနိုင်လိုမှုကြီးတာတွေအတွက်
ပြစ်ဒဏ်ဖြစ်ပါလိမ့်မည်။
စိတ်သည် သိပ်ကြောက်စရာကောင်းခဲ့ပါ၏။
............
အရာအားလုံးကိုဖျက်ဆီးပြီး မိသားစုမှ
ကင်းကင်းပြတ်ပြတ်ထွက်ခွါလာခဲ့သော
Jeon ဟာ ဆိုးလ်နဲ့NewYorkရဲ့ခရီးအချိန်ကို
တောင်စိတ်မရှည်နေခဲ့။
စိတ်တွေလှုပ်ရှားလွန်း၍မျက်ရည်တွေပင်
ဝဲနေခဲ့သည်။
"မြို့က လည်းလူသူသိပ်မနေတဲ့မြို့ကိုမှ
အစွန်အဖျားနေရာတစ်ခုဖြစ်နေလို့
ဆက်စပ်ရတာကြာသွားခဲ့တာ....
သေချာပေါက် Adrian ရှိနေမှာပါ Jeon..."
"သိတယ် ငါသိပါတယ်...."
April က သိပ်တော့လှပမနေခဲ့ပါ....။
JEonဟာ NewYorkကို ခြေချပြီးတဲ့နောက်
Agustd နဲ့အတူ ကားတစ်စီးပေါ်တန်းတက်ကာ
Adrian ရှိနေမယ့်မြို့လေးသို့ပြေးသွားခဲ့သည်။
အဖေဖြစ်သူရဲ့အစောင့်အကျပ်တွေသည်
လည်းတသီတတန်းကြီးလိုက်လာခဲ့သည်။
Agustd ကအားလုံးကိုလက်စဖျောက်နိုင်ခဲ့ကာ
JEonအတွက်အများကြီးအကူအညီရခဲ့တဲ့သူ။
ကျွန်တော်လေ ကားကနှေးနေတယ်ထင်လို့
ကျွန်တော့်ခြေထောက်တွေနဲ့စိတ်တိုင်းကျ
ပြေးသွားချင်တာ....
တချက်ချက်လှည့်နေတဲ့စက္ကန့်တွေကို
စိတ်တွေမရှည်လွန်းလို့ နာရီကိုချွတ်ပြီး
လွင့်ပစ်မိတဲ့အထိ....။
ဘယ်လောက်လွမ်းခဲ့ရတဲ့နွေလဲ....
Adrian မရှိရင် ဘယ်ရာသီမှကျွန်တော့်အတွက်မလှဘူး။
နွေဦးဆိုရင်...ပူအိုက်လို့ဆိုကာ
Adrian ခါးမှာအဝတ်မရှိတတ်
ရေကူးကန်ပြာပြာထဲ ဘောင်းဘီတိုလေးနဲ့
ဝိုင်သောက်ဇိမ်ယူတတ်တယ်။
Adrian နေကာမျက်မှန်ရောင်စုံနဲ့
စတိုင်လေးတကျ ရေကန်ပြာမှာ ဇိမ်ယူနေပြီဆို
နွေဦး.....။ကျွန်တော့်ရဲ့နွေဦး...။
မိုးစက်တွေကိုAdrian သဘောမကျတတ်။
Advertisement
မိုးသည်းတဲ့ညတွေဆို ခေါင်းအုံးပိုက်
အိပ်ရာထဲဝင်တိုးပြီးAdrian James ရင်ခွင်ထဲ
ရောက်နေပြီဆို မိုးဦး....။
"James ရေ ပထမဆုံးကျတဲ့နှင်းတွေအတူတူ
ကြည့်ကြရအောင်".....လို့
ခေါင်းစွပ်လှလှလေးနဲ့မနက်စောစောမှာ
ပါးတစ်ဖက်ကိုဖွဖွလေးကိုင်လျှက်
အိပ်ရာလာနိုးပြီဆို ဆောင်းရာသီကိုရောက်ပြီ။
အရာအားလုံးအေးချမ်းပြီး
အဆိုးအဆာလေးနဲ့ နောက်ဆုံးအချိန်အထိ
အတူနေဖို့ အိမ်မက်တွေမက်ရင်း
JEonဟာ မြို့လေးကို ခရီးလမ်းတထောင့်မှ
မနားဘဲ အပြေးနှင်လာနေခဲ့သည်။
"ဟုတ်ပါတယ်....၇ထပ်မြောက်မှာAdrian ဆိုတဲ့
ကောင်လေးနေသွားတာပါ...."
JEonဟာ တိုက်ခန်းထဲကိုဝမ်းသာအားရ
ပြေးဝင်ဖို့ပြင်ဆင်
လိုက်သည့်အချိန်တွင် မိန်းမကြီးထံမှာ
ဒုတိယစကားတစ်ခွန်းထွက်လာခဲ့သည်။
"ဒါပေမယ့်ညကပဲ ဆုံးသွားခဲ့ပါတယ်...."
အံ့အားသင့်သွားကာမတည်ငြိမ်နိုင်
မိန်းမကြီးဆီတိုးကပ်ကာ အလောတကြီး
မေးသူက Agustd ။
"မဖြစ်နိုင်လိုက်တာ ကျွန်တော်စုံစမ်းသိရတာ
Adrian ဒီလိုအခြေအနေမဟုတ်ပါဘူး...."
"ညက နှလုံးရပ်သွားတယ်လို့....
သူနဲ့အတူတူနေတဲ့ ကောင်လေးက
Adrian ကျန်ရစ်တဲ့ပစ္စည်းတွေလာယူရင်း
ပြောသွားခဲ့တာ ကျွန်မတို့က သူနဲ့တစ်တိုက်ထဲသာ
နေတာ အဲ့ဒီလောက်မရင်းနှီးခဲ့ပါဘူး
ပြီးတော့ Adrian ကစရောက်လာထဲက
ကျန်းမာရေးကောင်းတဲ့ပုံမပေါ်သလို....
စိတ်လည်းပုံမှန်မဟုတ်တဲ့ပုံစံပဲ...."
"အထောက်အထားပြပါဒါဆို
အဲ့ဒီကောင်လေး ဘယ်မှာနေလဲ
ခုဘယ်မှာလဲ....Adrian ကိုရော
ခင်ဗျားတို့ တွေ့ခဲ့ရလား...."
"ပြောပြီးပြီလေ အဲ့လောက်မရင်းနှီးပါဘူးလို့
ငိုယိုပြန်လာလို့ ကျွန်မတို့ကမေးမိရုံပါ...
သူကအဲ့အတိုင်းဖြေသွားခဲ့တာပဲ....."
Agustd ဟာ ၇ထပ်မြောက်ကိုပြေးတက်
သွားခဲ့ပြီးတံခါးတွေဖွင့်ကြည့်လိုက်သည်။
ကမ္ဘာပေါ်မှာ Adrian တွေအများကြီးရှိ
နေမှာပဲလေ။ဒါက Jamesရဲ့ Adrian
ဖြစ်မှာမဟုတ်လောက်ပါဘူး။
အိပ်ခန်းခေါင်းရင်းက နှစ်ယောက်တွဲ
ဓာတ်ပုံလေးကို မြင်လိုက်ရတဲ့အခါ
Agustd မှောက်ချလိုက်မိခဲ့၏။
"ဘယ်လိုဖြစ်နိုင်မှာလဲ......"
စုံစမ်းတုန်းကတောင် Adrian ဟာ
ပြတင်းပေါက်မှာဆေးလိပ်အမြဲတမ်း
သောက်နေတယ်တဲ့....။
ဆေးလိပ်တိုတွေ...တစ်ခန်းလုံးအပြည့်....
မသေချာဘူးဆိုတဲ့စိတ်ကိုအခြေအနေက
အတိအကျ သက်သေပြုနေခဲ့သည်။
အခန်းထဲမှပြန်ထွက်လာပြီးJeon
ဆီကိုပြန်လာတဲ့အခါ မြေညီထပ်လှေကား၏
လက်ယမ်းတိုင်ကိုမှီလျှက် ငြိမ်သက်နေသော
JEon.......။
ပုခုံးကို ထိကိုင်လိုက်တဲ့အခါ Jeonလန့်သွားသလို
တုန်သွားလျှက် အေးစက်သောနှလုံးသားပိုင်ရှင်
Agustd လိုလူမျိုးပင် မျက်ရည်ဝဲသွား
စေနိုင်သော မျက်လုံးအိမ်အကျယ်ကြီးတွေ
ဖြင့် စကားမပြောဘဲ ကမ္ဘာပြိုပြနေသည်။
"မဖြစ်နိုင်ပါဘူး....အထောက်အထားနဲ့
သက်သေတွေလည်းမရှိဘဲနဲ့....
သေတယ် ပြောတိုင်း ယုံကြည်ရမှာလား.....
မဟုတ်ဘူး မဟုတ်ပါဘူး....."
ခေါင်းညိတ်ပြကာ လှေကားလက်ယန်း
တွေကိုပြန်မှီတွယ်သွားခဲ့ပြန်သည်။
နေဝင်ရီတရော အချိန်တွင် လှေကားရင်းတွင်
မလှုပ်မယှက် ငြိမ်သက်နေသော
လူတစ်ယောက်နဲ့ အနီးအနားတဝိုက်က
လူများအားAdrian နဲ့ပတ်သတ်ပြီး
သိရလိုသိရငြား လိုက်မေးမြန်းနေသောလူတစ်ယောက်။
အနီးနားရှိဆေးရုံတွေဆေးခန်းတွေပါ
မကျန်လိုက်စုံစမ်းနေခဲ့လည်းအဖြေဟာတစ်ခုထဲပဲ။
Seaကိုတွေ့အောင်ရှာဖို့သာလိုအပ်တော့သည်
ဟုစိတ်ဆုံးဖြတ်ကာ ၇ထပ်တိုက်ဆီပြန်
လာခဲ့သည်။
"ပြန်ကြရအောင် Jeon....."
"တွေ့ခဲ့လား.....Agustd "
"တွေ့ရမှာ....တွေ့ရမှာပါ......."
JEonရဲ့အခြေအနေက ဘယ်အရာကိုမှထပ်လက်ခံ
လို့မရတော့တဲ့အနေအထားရောက်နေပြီမို့
Agustdက တစ်ခဏတော့ နေသာအောင်
ပွေ့ဖက်ရင်းလိမ်ညာလိုက်ရသည်။
အိမ်ပြန်ဖို့ဆွဲထူလိုက်တဲ့အခါပြန်လဲကျသွား
သောJeonသည် ခြေထောက်တွေပင်မခိုင်တော့။
Agustd သည် ခက်ခဲစွာတွဲခေါ်လာခဲ့ပြီး
ကားထဲကို Jeonကို ချော့မော့တက်ခိုင်းတဲ့အခါ
ကားရဲ့ထောင့်တွင်သွားမှီနေပြန်သောသူသည်
လက်ဖျားတွေတုန်ရီနေ၏။
ထိုလက်တွေကို Agustd က နွေးထွေးစွာ
ဆုပ်ကိုင်လိုက်ထားလိုက်ရသည်။
ကျွန်တော် ကံကြမ္မာရဲ့ပဲ့ကိုင်ရှင်ကိုF....
လို့မဆဲချင်ဘဲ....မကြားကြားအောင်ဆဲလိုက်မိပါပြီ။
..............။
"အပြစ်မတင်ပါဘူး..ဘယ်သူကိုမှ
တစ်နေ့ဒီလမ်းကိုသွားရမှာငါတို့နားလည်နေတာပဲ
Adrian ထွက်သွားတာကိုမင်းလက်မခံနိုင်
ဘူးဆိုတာ သိပေမယ့် ငါအဖေ ဖြစ်သူထက်တော့
သေချာတဲ့အရင်းအမြစ်မရှိတော့ပါဘူး
Adrian သေဆုံးခဲ့တယ် အဲ့တာအမှန်ပဲJungkook "
"ငါသေသေချာချာသူ့ရဲ့နောက်ဆုံးခရီးကိုပို့ခဲ့ပါတယ်
မင်းပို့ပေးစရာလည်းမလိုသလို
လာဖို့လည်းမလိုအပ်ဘူးJeon
Adrian ကိုကောင်းမွန်စွာဘဝကူးစေချင်ရင်
ထပ်ပြီးအမျှင်တန်းတွေမရှည်ပါနဲ့..."
"ငါအထဲမှာရှိနေတုန်းမင်းAdrian ကို
စောင့်ရှောက်ပေးခဲ့တာတွေအတွက်လည်း
ကျေးဇူးအများကြီးတင်ပါတယ်....
ပြီးတော့ ငါတို့တစ်သက်လုံးစာပြန်မတွေ့တော့
ကြရအောင်....ငါမင်းကိုမတွေ့ချင်တော့တာ
ငါတရားတယ်မလား...ဒါမင်းနဲ့ငါနောက်ဆုံး
ဆက်သွယ်မှုပဲ ငါတို့သေတဲ့အထိထပ်တွေ့ဆုံ
တွေ့စရာမလိုအပ်တော့ဘူး..."
Phချလိုက်ကာအပြီးပိတ်လိုက်ပြီးMr Parkသည်
Seaဆီကို လက်ကိုင်ဖုန်းကိုလှမ်းပေးလိုက်သည်။
"ဒါက တရားတယ်လို့ထင်လ်ို့လား...Sea..."
"Adrian အပူအပင်မရှိအေးချမ်းစွာ
အသက်ဆက်ရှင်ဖို့က Jeon မရှိမှဖြစ်မှာ
ကျွန်တော် ဦးလေးကို အားလုံးပြောပြပြီးပြီနော်
Adrian ခံစားခဲ့ရတာ တော်ရုံတန်ရုံကိစ္စရပ်
တွေမဟုတ်ဘူး....အဲ့ဒီအသိုင်းအဝိုင်း
အဲ့ဒီလူနဲ့ Adrian ဆက်စပ်နေသရွေ့က
ဘယ်နေ့ ဘာဖြစ်မလဲကို စောင့်နေရသလိုပဲ..."
"ဒါကမတရားဘူးထင်ရင်လည်း
ကျွန်တော့် သူငယ်ချင်းကို ဘဝသစ်စိတ်သစ်နဲ့
အေးချမ်းစွာရှင်သန်စေချင်တဲ့စေတနာပဲ
ဦးလေး သတ္တိရှိရင် ပြန်တွေ့ပေးကြည့်လိုက်လေ
ဒုက္ခတွေရောက်မှာ ဘယ်သူဆိုတာ
လက်တွေ့ပြလို့ရတာပေါ့...."
အကြောင်းမသိတာမဟုတ်သော
JEon အဖေ ၏ သမိုင်းကို
JEonသူငယ်ချင်းဖြစ်၍သူသေချာနားလည်၏။
သူတို့စိတ်ကျန်းမာရေးစောင့်ရှောက်ရေး
နေရာတစ်ခုကိုရောက်နေကာ
နှစ်ယောက်လုံးပြိုင်တူတနေရာကိုလှမ်းကြည့်
မိတော့ အပင်ပေါ်ကအသီးတွေကို မမှီမကမ်း
ခုန်ခူးနေသော Adrian ကိုမြင်တွေ့ရသည်။
သတိလစ်မေ့မျောသွားပြီးပြန်နိုးလာချိန်တွင်
ပုံမှန်မဟုတ်တော့သော Adrian ဟာ
အဖြစ်အပျက်တွေအပေါ်ဘာမှမသိတော့။
လူတွေကိုလည်းသိတဲ့အချိန်သိပြီး
မသိတော့တဲ့အချိန်မသိတော့ပါ။
Seaကို Sunday မှာမှတ်မိနေပေမယ့်
Mondayကျ သူစိမ်းလို ဆက်ဆံတတ်သည်။
ဘယ်သူမှလက်လှမ်းမမှီနိုင်တော့သော
တထောင့်တနေရာလေးဆီ ၃ယောက်သား
ပြေးလွှားလာကြကာ Adrian ကိုကုသနေကြသည်။
Adrian က ဆေးကုသမှုခံယူနေရပြီး
Seaနဲ့ အဖေဖြစ်သူတို့ကတော့
အဆင်ပြေသလိုနေထိုင်ကာ Adrian ကို
စောင့်ရှောက်နေကြသည်။
"Adrian.....ထမင်းစားမယ်...ကလေးလေးရေ..."
မျက်လုံးလေးတွေလက်ခနဲ....။
ခေါင်းလေးချာခနဲလှည့်ကြည့်ပုံလေးက
သိပ်အပြစ်ကင်းစင်ပါ၏။
ညစ်ပတ်နေသော
လက်တွေကို အင်္ကျီဖြင့်ခပ်မြန်မြန်သုတ်ကာ
Adrian အဆောက်အဦးထဲသို့ပြေးဝင်သွားတော့သည်။
"ခံစားချက်တွေကိုထုတ်မပြခဲ့တဲ့
ပေတေတေ Adrian ထက်စာရင်
ဒါဟာပုံမှန်မဟုတ်ပေမယ့်
သူအသက်ရှူဝတဲ့ပုံပဲ ......"
"ပြန်ကောင်းလာအောင်ဖြည်းဖြည်းချင်း
ကြိုးစားရအောင် ဟိုဘက်ကမ္ဘာက
လူမပါဘဲနဲ့ပေါ့....."
Sea ၏ မျက်လုံးတွေထဲနာကျင်ကျိုးကြေ
မှုပေါင်းများစွာဖြင့်လက်သီးတွေဆုပ်ထားလျှက်....။
..................။
အဖေကိုယ်တိုင်ဖုန်းဆက် သေချာခြင်းတွေကို
JEon အပေါ် သွန်းလောင်းတဲ့အခါ
Adrian နေသွားသောတိုက်ခန်းလှေကားရင်းတွင်
မယုံကြည်နိုင်ထပ်စောင့်နေဆဲဖြစ်သော Jeonဟာ
နွေလည်ခေါင်မှာ....
ကိုယ့်ကိုကိုယ်မီးပုံရှို့လိုက်ရသလိုပဲ....။
လက်မခံချင်၍ မယုံကြည်၍မှမရတော့တာ။
သေခြင်းတရားက လိမ်လည်စရာမှမဟုတ်ဘဲ။
Adrian ဘာတွေဖြစ်ခဲ့သလဲသိပြီးမှ
Adrian ဘယ်မှာရှိနေသလဲသိပြီးမှ
Adrian ဘယ်တော့မှပြန်မလာတဲ့လမ်းကို
ထွက်သွားခဲ့တယ်ဆိုတာသည်
April Foolလား။
August Dက ထပ်မံခေါ်ဆောင်ကာ
အိမ်ကြီးဆီဦးတည်လိုက်ရပြန်သည်။
..............
JEon ရဲ့ရင်ကွဲနွေနိဒါန်းအစပေါ့.....။
ရုတ်တရက်ဖြစ်ပျက်သွားခဲ့သော
အဆိုးဝါးဆုံးအဖြစ်အပျက်မှာ
JEon ဟာ အရုပ်ကြိုးပျက်ဘဝထက်ဆိုးခဲ့ပါတယ်။
JEon က Adrian သေဆုံးသွားပြီဟု
သိပြီးတဲ့နောက်ပိုင်းမှာ ခြံဝန်းထဲနေ
ခြံဝန်းပြင်ကို လုံးဝမထွက်လာခဲ့တော့ဘူး....။
JEon ကို မြင်ရတွေ့ရဖို့သိပ်ကိုရှားပါးသွားခဲ့တယ်။
စီးပွါးရေးတွေလည်းမလုပ်တော့သလို
အတိတ်က Jeonကိုပြန်ရှာဖွေချင်မိတဲ့အထိ
အလွန်ဆိုးဝါးစွာပြောင်းလဲသွားခဲ့တယ်။
နေ့တိုင်းလ်ိုလို....အိမ်အကျယ်ကြီးထဲ
မြင်သမျှလူတိုင်းကို ကြမ်းတမ်းစွာ
ပြောဆိုဆက်ဆံတတ်ပြီး Adrian ဆုံးပါးတဲ့
သတင်းတောင်ကိုရီးယားရောက်သွားတဲ့အခါ
ဝမ်းနည်းချင်ယောင်ဆောင်ပြေးလာကြသော
လူအားလုံးကို အသိစိတ်မဲ့စွာ
ဝုန်းဒိုင်းကြဲခဲ့ခြင်းကြောင့်ပြန်ပြေးသွားခဲ့ကြတယ်။
JEon က ည၁နာရီ ၂နာရီ အချိန်တွေမှာ
ဝရံတာမှာ ညဝတ်ရုံအနက်ရောင်ကြီး
ဖြင့် လမ်းလျှောက်နေတတ်တယ်.....။
JEonဟာ ပန်းသီးတွေရေခဲသေတ္တာအပြည့်
သိုလှောင်ထားတတ်ပြီး....
မနက်တိုင်းမှာမပျက်မကွက်ပန်းသီးလေးတွေ
ကိုစီစီရီရီစိတ်ထားကာ စားပွဲပေါ်တင်ထားတတ်တယ်။
Park ကိုယ်တိုင်ရော Adrian နဲ့အတူနေ
လူများကပါ ဒါဟာအမှန်တရားပဲလို့ဆိုတဲ့
အခါ Jeon ဟာ လက်ခံခြင်း လက်မခံခြင်း
ယုံကြည်ခြင်း မယုံကြည်ခြင်းတွေတောင်
စိတ်ထဲမခံစားရတော့.....။
အဲ့ဒီအချိန်အခါ က Jeon ခံစားရသော
ခံစားမှု စာမျက်နှာတချို့ကို Adrian Story
ထဲမှာ သိပ်များများစားစားမတွေ့ခဲ့ရဘူး....။
စာရေးသူအနေနဲ့ Jeonပြသခဲ့သလောက်ပဲ
ရေးခဲ့တဲ့ပုံပေါ်တယ်....။Jeonပြသလောက်
ပြုမူလှုပ်ရှားပုံတွေကိုပဲစာအုပ်ထဲမှာတွေ့နိုင်ခဲ့တယ်။
အနက်ဆုံးအပိုင်းရဲ့Adrian သေဆုံးခြင်းလို့
သိထားခဲ့တဲ့ Jeonရဲ့ လှိုက်ခါနာကျင်မှုကို
Jeonကတံခါးပိတ်ခံစားခဲ့ရတာမို့
အဲ့ဒီနာကျင်ခြင်းအတိုင်းအတာကို
စကားလုံးရှာလို့မရခဲ့တာမျိုးလည်းဖြစ်နိုင်တယ်။
ပိုနာကျင်စရာ သူ Adrian အသက်ရှင်နေသေးတာ
ကိုမသိခဲ့ဘူး....။သူ့ကိုလက်ခံယုံကြည်လာအောင်
ဖခင်ကိုယ်တိုင်ကစ လိမ်လည်ခဲ့တယ်...။
ထပ်ယုံကြည်အောင်မလာနိုင်မှန်းသိရက်နဲ့
Adrian ကို ထားရှိတဲ့နေရာကို လာချင်လားလို့
မစာနာသော ဖိတ်ခေါ်မှုအပေါ် Jeonသွားရန်
အင်အားနည်းနည်းလေးတောင်မရှိခဲ့တာကို
နားလည်နိုင်ကြမှာပါ....။
JEonကတစ်ခါတရံ လသာတဲ့ညမျိုးတွေမှာ
အဖြူရောင်အခန်း၏အိပ်ရာပေါ်ထိုင်ကာ
ညစ်နွမ်းနွမ်းဖိနပ်လေးတစ်ဖက်ကိုပွေ့ဖက်ထားရင်း
ခဏခဏ နမ်းနေတတ်တယ်......။
Jeonက Sorry James ဆိုတဲ့ စာရွက်လေးကို
တစ်နေကုန် ထိုင်ကြည့်နေရင်လည်း
ကြည့်နေတတ်တယ်....။
အင်အားတွေစုစည်းခဲ့တယ်...ပန်းစည်းလှလှလေး
ကိုင်ကာ Adrian ဆီသွားပြီး
တောင်းပန်စကားတွေ အများကြီးပြောဖို့....
သေမတတ်အလွမ်းတွေကို ဦးတိုက်
အစီရင်ခံဖို့....ဒါပေမယ့် Adrian သူ့ကို
စကားပြန်ပြောမှာမဟုတ်ဘူး....
ကမ္ဘာကြီးရဲ့ အနက်ပိုင်းမှာ အိပ်ပျော်နေမယ့်
ကလေးလေးဆိုတဲ့ အသိကြောင့်Jeonဟာ
ထိုအရာကိုမစွမ်းသာဘဲ...လှိုက်ရူးခဲ့ရတာ
ရာသီအလီလီ......။
Adrian သေဆုံးခြင်းကို နေ့ရက်တစ်ရက်မှာ
လက်ခံပြီး အော်ဟစ်ငိုကြွေးနေတတ်ပြီး
နောက်တစ်ရက်ပြောင်းလဲသွားရင်
Adrian ရှိနေသေးကြောင်းအေးစက်စက်ဆိုတတ်တယ်။
သေကြောင်းကြံမှုတွေကိုခဏခဏ
လုပ်ခဲ့တယ်....သေချင်လွန်းလို့တော့
ခေါင်းစဉ်မတပ်လာဘဲ
"Adrian ကို လွမ်း လို့ ပါ...."လို့ တိုးတိုးလေးဆို
တတ်တယ်...။
Jeonဟာ Adrian ဆိုတဲ့ကလေးလေးအတွက်
လက်ထဲရောက်လာထဲက တာဝန်အလွန်ကျေစွာ
တော်ဝင်မင်းသားလေးတစ်ပါးလိုယုယခဲ့တဲ့သူ...။
Jeon ဟာ Adrian ကိုချစ်တဲ့အတွက်
လူကြီးလူကောင်းJeonJungkook မဖြစ်ခဲ့ရလည်းရခဲ့
တယ်။၁၈နှစ်အရွယ် မွေးစားကလေးလေးကို
အရောင်ဆ်ိုးချင်ခဲ့သော လူဆိုးကြီးအဖြစ်
ပြောစမတ်တွင်လည်းနေပျော်ပျော်ပါပဲ။
Jeon ဟာ မိသားစုနဲ့ အရာအားလုံးကို
စွန့်လွှတ်ခဲ့တယ်....Jeonမက်မောတတ်တဲ့
ဥစ္စာပစ္စည်းတွေကိုစွန့်လွှတ်ခဲ့တယ်....
Jeon ဟာနောက်ဆုံးကိုယ့်ကိုကိုယ်လည်း
စွန့်လွှတ်ဖို့ စိတ်လွတ်တိုင်းကြိုးစားခဲ့တယ်...။
Jeon တစ်ယောက်အလွန်သနားစရာ
ကောင်းအောင် Adrian အငွေ့အသက်
လှလှလေးတွေပြည့်နှက်နေတဲ့
အိမ်နဲ့ခြံကြီးတဲ့ ရက်ပေါင်းများစွာပိတ်လှောင်ရင်း
ဘဝတစ်ခုလုံးပျောက်ဆုံးခဲ့ရတယ်....။
အဲ့ဒီကာလက လမ်းသွားလမ်းလာတချို့က
Jeon ဝရံတာတွင် မလှုက်မယှက်
ထိုင်နေတာမျိုးတွေ့ကြရင်....
တစ်ယောက်ကိုယ်တစ်ယောက် တိုးတိတ်စွာ
လက်တို့ရင်း
"သူ Adrian ကို စောင့် နေတာလေ"
ဟု အတင်းမမြည်သောစပ်စုခြင်းများနဲ့
အားလုံးဟာ Jeonအပေါ်သိနားလည်ခဲ့ကြတယ်။
ဒါဟာ တစ်ဦးတစ်ယောက်ထဲကမဟုတ်
အဲ့ဒီအချိန်အခါက လူကြီးအစ ကလေးအဆုံး
Jeon ကို အမှတ်တမဲ့ လှမ်းမြင်လိုက်ရတာနဲ့
Adrian ကို မျှော်လင့်လွမ်းမောနေတဲ့
အရှုံးသမားကြီးဖြစ်ကြောင်း တံဆိပ်ခတ်ပြီးသား။
သေချင်စရာနွေဦးတွေပါပဲ Adrian.....ရေ။
............။
တွေခညောင်းနေသည်။
August Dကတော့ အားအကိုးရဆုံးပေါ့..။
သည် အသက်မရှင်တတ်ကြပါ။
မဟုတ်ခဲ့။
အားသာခဲ့သည်။
သူတို့လုပ်ချင်တာကို ရှေးရှူးလုပ်ဆောင်နေခြင်း
Advertisement
- In Serial27 Chapters
A Deck of Dragons - A Card Game LitRPG
An orphan wakes up in another world. A dragon wakes up in another time. Together, the two must navigate a new place. One seeks an explanation; the other seeks freedom... Indefinite hiatus. This story features a card game inspired by Magic: The Gathering, Yu-gi-oh, Pokemon, and Hearthstone.
8 84 - In Serial472 Chapters
Opening an orphanage in another world
I got reincarnated and one thing lead to another, I decided to open up and protect the orphanage
8 203 - In Serial19 Chapters
Hazard Lands (Dropped)
Pls don't read, it was my first novel and pretty crap.“This is the end…†heavenly and earth shattering voices echoed throughout the world. Bright flashes of light covered the entirety of the planet, blinding billions of people. Crimson clouds began to cover the atmosphere, painting the landscape a ghastly red. Animals howled in fear and flocks of birds rose to the sky, striving for solace.Many faces were stricken with abstract horror, while others stared up at the bloody sky with curiosity. A glimmer of surprise crossed their faces as seven beams of light stabbed into the world, much more blinding than the previous luminescence.“Begin the Apocalypse,†at this instance, the clouds caved in, showering the land with crimson liquid. Just who did the voice belong to? What were those lights? Is the world ending?Only time can time…
8 221 - In Serial11 Chapters
Smiling master
Aki always knew death would be his get away ticket for something, but he was mostly expecting an endless struggle against demonic captors in hell, but he can certainly do with netting a job as a dungeon master in another world. He'd likely have tried saving random people long before 'that' if he actually thought it was even a possibility too!
8 149 - In Serial14 Chapters
Love needs Expression (PART ONE) 1970's
The story of two lovers, walking though the path of gruesome, solemn fame prices.
8 101 - In Serial24 Chapters
Soulmates/ Jolby
Colby Brock has known he's a werewolf since he was eighteen, and ever since his father told him the news he has been anxious to meet his mate. A mate, the reason for every werewolf to live. What happens when Colby discovers that his mate has always been around? How will Colby's mate react?
8 140