《Adrian》12
Advertisement
February...........။
"JeonJungkook!!!!!"
"လွှတ်!!!!!.."
ဆိုးလ်မြို့တစ်နေရာ၏အိမ်ထဲမှပြေးထွက်
လာသောJeonကိုအဖေဖြစ်သူချထားသော
ဘော်ဒီဂတ်တချို့ကဖမ်းဆီးထားကြသည်။
"သောက်မှတ်သဲခြေမရှိဘူးလား...
မင်းနဲ့နေချင်ရင်...မင်းနဲ့နေမှာပေါ့..
ဘယ်နှလရှိနေပြီလဲ ဒီလိုသောက်ရူးထနေတာ.."
"ပြန်မှဖြစ်မယ် ဖေဖေ...ကျွန်တော်ပြန်မှ
ဖြစ်မယ်....ကျွန်တော့်ကလေး ကိုမတွေ့ရမချင်း
ကျွန်တော် စိတ်တွေပူနေတယ်..."
"ParkJiminကငါနဲ့စကားပြောထဲက
မင်းကိုအလေးအနက်ထားခဲ့တာ
မဟုတ်ဘူးJeon...ဒါကိုလည်းမင်းကောင်းကောင်း
သိရက်သားနဲ့ ........"
"မဟုတ်ဘူး...ကျွန်တော့်Adrian ကျွန်တော့်ကို
ဘယ်လောက်ချစ်တယ်ဆိုတာ
ကျွန်တော်သိတယ်...အဖေ ကြောင့်
အဖေကြောင့်!!!!!"
"ငါပြောတဲ့စကားတွေကိုယောင်လို့တောင်
မနာခဲ့ဘူး...မင်းကို မချစ်လို့ကိုမချစ်တာ
သူဘယ်သူ့နောက်လိုက်သွားလဲ
မင်းသိမှာပါ JeonJungkook ရဲ့...."
"မဟုတ်ဘူး....ချစ်တယ်...သူချစ်ပါတယ်ဆို!!!"
"သောက်ရူးလိုလုပ်နေလိုက်...
မပြန်ရဘူး...ဒါမင်းနိုင်ငံ မင်းအိမ်
မင်းသေတဲ့အထိ နေသွားရမယ့်နယ်မြေ
ဒီမှာပဲနေရတော့မယ်....."
"Adrian မရှိတဲ့အရပ်...က ကျွန်တော့်နိုင်ငံမဟုတ်ဘူး
သူရှိတဲ့နေရာ ဘယ်နေရာဖြစ်ဖြစ်ကမှ
ကျွန်တော့်နိုင်ငံ....."
"JEon....လူတွေကချစ်ရင်
ဘယ်လောက်ခက်ခက် အဆုံးအထိအနားမှာ
နေပေးတတ်ကြတယ်...ငါထပ်ပြောမယ်
Adrian မင်းကိုမချစ်ခဲ့ဘူး
မင်းနဲ့သူရဲ့အသက်နှစ်ဆမှာ ၁၉နှစ်သားလေးက
မင်းကိုအတည်ကြံမယ်ထင်နေလား...
မင်းထက်ပိုကောင်းတဲ့အတွေ့အကြုံ
အသစ်အဆန်း နုပျိုမှုတွေဝန်းရံနေတဲ့ဟာကို..."
JEonဟာ NewYorkမြို့ရဲ့အိမ်တော်ကြီး
မှာနေ့ညမပြတ်Adrian ကိုရှာဖွေရင်း
အင်းအားပြတ်ကာသတိလစ်မေ့မျောတဲ့အထိ
ဆိုးဝါးခဲ့တာမို့ကိုရီးယားကိုပြန်ခေါ်ကာ
ဆေးကုသမှုခံယူရသည်။
ပြန်ကောင်းလာချင်းချင်းပဲ NewYorkကို
ပြန်ပြေးရှာဖို့ အိမ်ကထွက်ပြေးလာခဲ့ခြင်း။
"အဖေက အချစ်ကို ထုတ်ပြမှလို့ထင်နေတာလား
Adrian က ကျွန်တော်ချစ်တာထက်တောင်
ကျွန်တော့်ကိုပိုချစ်နိုင်တယ်ဆိုတာ
အသေအချာပဲ.....တွေ့အောင်ရှာမှာ...
ကမ္ဘာပေါ်ကနေရာတစ်ခုမှမကျန်အောင်
ရှာမှာ....ကျွန်တော့်ကလေးတစ်ခုခုဖြစ်နေရင်
ဘယ်တစ်ဦးတစ်ယောက်ကိုမှခွင့်လွှတ်မှာမဟုတ်ဘူး
ဆိုတာလည်းသိထားပေး...."
"မင်းခြေတစ်လှမ်းခြံအပြင်ရွေ့ရင်
ငါဘာလုပ်မလဲဆိုတာလည်းကြည့်လိုက်"
JEonဟာချူပ်ကိုင်ထားသောလူတွေအား
တွန်းဖယ်ကာပြေးထွက်ခြင်းတွင်လူအင်အား
တွေပိုထွက်လာကာဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်
အိမ်ထဲကိုမရောက်ရောက်အောင်ပြန်ဆွဲသွင်း
ခဲ့ကြသည်။
ယောကျ်ားတစ်ယောက်ရဲ့အော်ငိုသံတွေဟာ ပတ်ဝန်းကျင်
ကိုဆိုးဆိုးဝါးဝါးကိုအကျည်းတန်စေခဲ့ပါ၏။
အိမ်ထဲရောက်တဲ့အခါ အမေဖြစ်သူနှင့်
အမဖြစ်၏ကြိုစောင့်ကာ ပွက်လောရိုက်
အပြစ်တင်ဆုံးမမှုနှင့် အဖေဖြစ်သူ၏
ကြမ်းတမ်းသောအပြုအမူတွေကြား
Jeon ဟာ နားနှစ်ဖက်ပိတ်ကာ Adrian ဟု
အော်ဟစ်လူးလိမ့်နေခဲ့၏။
ကျွန်တော် လုံးဝလက်လျှော့မှာမဟုတ်ဘူး...။
မတွေ့တွေ့အောင်ရှာမှာ......
ကျွန်တော့် ဘဝ ကို Adrian Sorry တစ်လုံးနဲ့
သင်္ဂြိုလ်လို့မရဘူး....။
ပျောက်ဆုံးသွားလို့မဖြစ်ဘူးလေ။
လူတွေပြောသလို မချစ်လို့ပစ်ခဲ့တယ်ပဲထားပါအုန်း
လုံခြုံစေချင်ခဲ့တဲ့ကလေးဘဝကို
အဆင်ပြေအောင် ခြယ်မှုန်းပေးရမှာတွေရှိသေးတယ်..
လူတွေပြောသလ်ိုအသက်တွေကွာဟလို့ပဲထားပါအုန်း
အဲ့ဒီငယ်လွန်းသေးတဲ့ကလေးဆိုးလေးကို
မေတ္တာနဲ့လမ်းပြချင်တာလေးတွေရှိသေးတယ်
စတင်ရုံပဲရှိသေးတာ....တစ်ယောက်တပြန်
မသိမသာပြသခဲ့တဲ့ အချစ်တစ်ခုအပေါ်
ပွင့်လင့်အပေးအယူမျှခဲ့ကြတာ လုံးဝနိဒါန်းပဲ
ရှိနေတာ....Adrian ဇာတ်သိမ်းပစ်လို့လုံးဝကို
မဖြစ်တာပါ.......။
အနောက်အရပ်ကနေထွက်လာတာမျိုးကို
မျက်လုံးစုံမှိတ်ခေါင်းငြိမ့်ရင်ခေါင်းငြိမ့်လိုက်မယ်
Adrian မချစ်ဘူးဆိုတာကိုတော့
ဘယ်တော့မှလက်မခံ....။
JEonဟာ အသိမဲ့စွာ လဲပြိုကျသွားခဲ့ပြန်သည်။
....................။
"Adrian....စားကြရအောင်......"
ပထမတစ်ခေါက်တွင်သူနဲ့အတူလာနေခဲ့
ပေမယ့်ဒုတိယအကြိမ်Adrainအိမ်ပြေးလာ
ခြင်းတွင်တော့ မြို့တစ်မြို့ကိုထပ်ပြောင်း
သွားခဲ့ကာရက်ကွက်တစ်ခု၏
သေးသေးနုတ်နုတ်အခန်းကျဉ်းလေးတွင်
တစ်ယောက်နေနေသည်။
မနက်စာထုတ်တွေနဲ့Seaက စားပွဲပေါ်
ပြင်ဆင်နေတော့ ဖုန်းသုံးရင်း
အိပ်ရာမှနိုးလာတဲ့ပုံ Adrian ဆံပင်ဝါဝါလေး
တွေရှုပ်ယှက်ခတ်နေသည်။
စားပွဲပေါ်မှာထိုင်လျှက်စားစရာများ
အဆင်သင့်ချပေးတာကိုစောင့်နေတာမို့
Seaက လိမ္မော်ရည်တစ်ခွက်ရယ်
စားစရာတချို့ရယ်ကို ပြင်ပေးလိုက်သည်။
Adrian ဟာဖုန်းကိုပဲကြည့်နေဆဲ။
"အစားစားအုန်းလူက အရိုးပေါ်အရည်တင်နေပြီ.."
"F......"
ကြက်ဥကြော်နဲ့အသားချောင်းတစ်ခုကို
ပါးစပ်ထဲထည့်ကာဆဲလိုက်ခြင်းတွင်
Seaက ပြုံးသည်။
"Adrian......"
"အင်း....."
"JEonအခြေအနေမကောင်းလွန်းလို့
ဆိုးလ်ကိုပြန်ခေါ်သွားကြတယ်...
ကျန်းမာရေးအရမ်းထိခိုက်သွားတဲ့ပုံပဲ"
လိမ္မော်ရည်ယူသောက်တော့မည့်လက်တွေ
တုံ့ခနဲ...လိမ္မော်ရည်ခွက်ဆီရောက်မသွား
တော့ဘဲ Seaကို ဖုန်းScreen မှမျက်လုံးတွေခွါ
ကာဖျက်ခနဲကြည့်လာသည်။
"ငါအစထဲက သူနဲ့မနေချင်တော့ဘူး
ပြောတယ်လေ...အဲ့ညကလည်း
မင်းကိုပြေးဖို့ပြောသားပဲ...
မင်းက လူသေလိုမတ်တပ်စုံရပ်နေပြီးတော့
ပြန်တွေး ပြန်ဒေါသထွက်တယ်...."
"Adrian ငါ့ကိုပြောပြပါ.....
မင်းဘာတွေဒုက္ခရောက်နေသလဲ...."
စားပွဲပေါ်တင်ထားသောAdrian လက်တွေကို
ဖွဖွလေးဆုပ်ကိုင်ကာ Seaကချော့မော့မေးလာ၏။
"ငါ့ပုံစံက ဒုက္ခရောက်နေတဲ့ပုံစံများ
ပေါက်နေလို့လား Sea....ငါအစားစား
Internet ကောင်းကောင်းသုံးနေတယ်လေ...."
"JEon နဲ့ မင်းရဲ့ကြားက ကြိုးတွေက
အဲ့ဒီလောက်အလွယ်တကူ
ဖြတ်တောက်လို့မရဘူးဆိုတာငါသိတယ်"
Adrian က အစားကိုပဲအာရုံစိုက်ကာ
ထပ်စားနေခဲ့သည်။
ဘာမှပြန်မပြောတော့အခြေအနေတွင်
Seaသည် Adrian ကိုစိုက်ကြည့်နေသည်။
"ညက ပွဲက 2:1တဲ့ ကြည့်နေရင်းနဲ့
နာကျင်လွန်းလို့ကွာ...ငါဘောလုံးပွဲကြည့်ရင်း
သေတောင်သေတော့မလိုပဲ
လောင်းထားတာ အကုန်ပလုံရော..."
Adrian ဟာဖုန်းကိုပဲကြည့်ပြီးထပ်ပြောလာ
သောစကားသည် လူငယ်ဘဘာဝအတူတူ
အရူးအမူးအားပေးခဲ့ကြသောဘောလုံးတစ်သင်း၏
အကြောင်းဖြစ်နေသည်။
"မင်း တကယ်ပဲ...တကယ်ကိုပဲ
သူ့ကို မနှစ်သက်လို့ မနေချင်လို့ ထွက်ပြေးလာခဲ့တာ
လား...ငါ့ကိုတိကျတဲ့အဖြေတစ်ခုခုပေးပါ
Adrian....."
"ဟုတ်တယ်....."
"ရုပ်ရှင်ဇာတ်ကားတစ်ခုရဲ့Review ကို
ဖတ်နေရင်း ဘောပွဲအကြောင်းငါ့ကို
ပြောရင်းလား..."
"ပြောလို့မရဘူးလား...အဲ့လို...."
Advertisement
"မင်းအဖေ ပြန်ထွက်လာပြီပဲ
အဖေနဲ့အတူတူနေသင့်တယ်လေ....
ဘာလို့ တစ်ယောက်ထဲ ဒီလောက်စုတ်ပြတ်သတ်
နေတဲ့နေရာမှာ ချောင်ကပ်နေတာလဲ..."
"မင်းကနားညီးစရာပဲSea...
James လည်း ငါ့ကိုအဲ့လိုတွေ လုပ်လို့
စိတ်ပျက်ခဲ့တာ....ထွက်သွား
ငါဒီညစာစားပြီးရင် အိပ်တော့မှာ
မင်းကိုအချိန်မပေးနိုင်တော့ဘူး..."
"မနက်စာ Adrian!!!!ဒါမနက်.....!!"
င်္အကျီစကိုဆွဲဆောင့်လိုက်သော
Sea၏အပြုအမူတွင် Adrian ၏
ဖုန်းသည်ပြုတ်ကျသွားခဲ့ပြီး ရုတ်တရက်မို့
လန့်သွားသောအငွေ့အသက်များအပြည့်။
အရောင်မရှိဖျော့ရော့နေသောမျက်လုံးတွေက
ပေးသော ဒုက္ခတရားသည် Seaက ကြိတ်ချစ်နေရသူ
မို့ နှလုံးသားက်ို ဓားနဲ့မွှေနှောက်ခံနေရသလိုပဲ..
မျက်တောင်လေးတွေပုတ်ခတ် ပုတ်ခတ်...
သူဟာ ဘာမှမရှိ ဘာမှမသိသော ဘာခံစားချက်မှ
မရှိသော လူပါပေါ့.....။
"လုပ်....နေချင်သလိုနေ....ငါမင်းနဲ့ပတ်သတ်ပြီး
ဘာကိစ္စကိုမှမမေးမြန်းတော့ဘူး...
သူငယ်ချင်းဆိုတာ...ဒါမျိုးမဟုတ်ဘူးAdrian
ငါကသာမင်းကိုသူငယ်ချင်းလို့သတ်မှတ်ခဲ့ပေမယ့်
မင်းကငါ့ကို ဘယ်နေရာမှ သောက်ဘောင်မသွင်းဘူး
မင်းဘဝကိုငါဘာမှဝင်မပါတော့ဘူး
ငါသွားပြီ...."
လွှတ်ချလိုက်ချိန်တွင် ခုံပေါ်နေရာတကျ
ပြန်ထိုင်သွားကာဖုန်းကိုပြန်ကောက်နေ၏။
Seaသည် ဒေါသလည်းထွက်သွားတာပေါ့
ဝုန်းဝုန်းဒိုင်းဒိုင်း တိုက်ခန်းထဲမှထွက်သွားခဲ့တော့၏။
Adrian သည် ညစာဟုထင်ခဲ့ပေမယ့်
မနက်စာဖြစ်နေသော စားစရာတချို့ကို
ကုန်စင်အောင်ဆက်စားနေသည်။
မယုံကြည်၍ဖုန်းထောင့်ကနာရီကိုကြည့်တော့
9:45AM......။ထမင်းစားပွဲမှထကာ
အခန်းပြတင်းပေါက်ကိုဖွင့်လိုက်ချိန်တွင်
အထပ်မြင့်အဆောက်အဦးဟောင်းတစ်ခုဖြစ်၍
အပေါ်စီးမှ မနက်ခင်း၏ လှုပ်ရှားမှုအားလုံးကို
မြင်နေရသည်။
စီးကရက်တစ်လိပ်မီးညှိကာ ပြတင်းပေါက်
ဘောင်ပေါ်တက်ထိုင်လျှက်နာရီပေါင်းများစွာ
မြေပြင်မှလှုပ်ရှားမှုတွေကိုငေးစိုက်နေသည်။
ဘဝကိုအစကပြန်ဖော်ကြည့်လိုက်သည်။
လူမှန်းသိတတ်စမှာစတင်ဆုံတွေ့ခဲ့ရသော
အဖြစ်အပျက်တွေ....
အဆိုးပြီးရင် အကောင်းတွေလာသလို
"Adrian"လို့ တင်စီးစွာခေါ်တတ်သောအက်ရှရှ
အသံပိုင်ရှင်နဲ့ နေခဲ့ရသော ၁၃နှစ်ကျော် ၁၄နှစ်...။
သိပ်ပြီးစျေးကြီးတောက်ပြောင်လွန်းတဲ့
ဖြစ်တည်မှု....James က.အဆိပ်အပြည့်တဲ့အစွယ်တွေ
ဝန်းရံခနေတဲ့ တော်ဝင်မင်းသားလေးတစ်ပါး
စီးကရက်ဖွာနေသောလက်ကလေးတွေ
အနည်းငယ်တုန်နေကာ မျက်ဝန်းတွေကတော့
ဆွေးဆွေးမြေ့မြေ့ရယ်....။
Adrian နေဝင်သွားတဲ့အထိ ပြတင်းပေါက်
ဘောင်ပေါ်တွင်ထိုင်နေခဲ့သည်။
နေဝင်သွားလို့ တစ်စုံတစ်ခုလှုပ်ရှားလိမ့်မယ်
ဟုထင်ခဲ့သော်လည်း ညနက်အထိဆက်ထိုင်
နေခဲ့ပြန်သည်။
တိတ်ဆိတ်မှု ကြီးစိုးလာတာနဲ့အမျှ
တိုက်အိုဟောင်းကြီးဟာ ခြောက်ခြားစရာ
တွေကြီးပဲ........။
ခွေးတွေအူ...ကြောက်စရာအငွေ့အသက်တွေ
အလုံးလိုက်အရင်းလိုက်ဝင်လာခဲ့သော်လည်း
Adrian ဟာ တုန်လှုပ်ခြင်းတွေမရှိခဲ့.....။
"ထိုင်နေပြန်ပြီ ပြတင်းပေါက်မှာ....
လူစင်စစ်ရော ဟုတ်ဟုတ်ရဲ့လားမသိဘူး
သူဒီတိုက်ကို စပြောင်းလာထဲက
တစ်ရက််မှပုံမှန်မဟုတ်ဘူး....."
"ဘာကို ပြောချင်တာလဲ..."
"အဲ့အခန်းကအရင်တုန်းကနေခဲ့တဲ့တစ်ယောက်
အဲ့ဒီပြတင်းပေါက်ကပဲခုန်ချသေသွားခဲ့တာ
စိတ်တွေလည်းညစ်ပါတယ်....."
"ဝိဥာဉ်များဝင်ပူးနေလို့ သူကအဲ့မှာပဲ
တနေကုန်ထိုင်နေတာလား..."
"ကြောက်စရာကြီးကို....လာလာ
မကြည့်နဲ့တော့...."
အတင်းအဖျင်းဝေဖန်လေကန်ရေးတွေနဲ့
Adrian ထိုင်နေသောပြတင်းပေါက်ကို
လက်ညိုးတထိုးထိုးနဲ့ပြောနေကြသော
မိန်းမကြီးနှစ်ယောက်သည်နေထိုင်ရာနေရာ
တွေဆီကိုပြေးဝင်သွားကြ၏။
"အဲ့လိုပဲ သောက်တင်းသိပ်ချတာ...
ငါ့ဟာငါ သေချင်လို့သေလည်း
သူတို့ အကြောင်းပဲ...."
အသံတစ်ခုအမှောင်ထဲကကြား၍Adrian
လှမ်းကြည့်လိုက်ချိန်တွင် ဖြူဖွေးနေသော
မျက်နှာတစ်ခုသည် သွေးစတွေနဲ့
ဆံပင်တွေထဲက လည်းသွေးတွေတစက်စက်
စီးကျနေသည်။
"မကောင်းတဲ့အငွေ့အသက်တွေ
ငါရနေတယ် Adrian......
ဘဝကိုအလွယ်တကူအရှုံးပေးဖို့
စဉ်းစားနေတယ်ဆိုရင် ငါ့ဘဝကိုနင်ကြည့်ပါ..."
"ငါမပျော်ဘူး......"
"အရာအားလုံးကအခိုက်အတန့်တစ်ခု
ပဲဆိုတာ နားလည်ပါ Adrian...."
"အခိုက်အတန့်တွေရဲ့ဒဏ်ကိုတောင်ငါမခံနိုင်ဘူး.."
"မခံနိုင်ရင်...ငါ့ကိုကြည့်...."
ဦးခေါင်းတခြမ်းကြေမွနေတဲ့မိန်းကလေးဟာ
အမှောင်ထဲမှထွက်လာကာတရွေ့ရွေ့
သူ့ဆီလျှောက်လာခဲ့ပြီး ပြတင်းပေါက်ဘောင်
ပေါ်တက်ကာ ခုန်ချသွားခဲ့သည်။
"Hey!!..."
"Adrian...."
နောက်မှာပြန်ရောက်နေပြန်သောမျက်နှာသည်
လှလှပပလေး....။
Adrian သည် ခေါင်းတွေထိုးကိုက်လာပြီမို့
ပြတင်းပေါက်ပေါ်မှဆင်းသွားခဲ့သည်။
မျက်လုံးစူးစူးတွေနဲ့တစ်ချက်ကြည့်သွားခဲ့တော့
အဖြူရောင်အငွေ့အသက်လေးက
နောက်ဆုတ်လိုက်ရသည်။
လိပ်ပြာလွင့်အောင် ကြောက်ပြေးခဲ့ကြသော
လူသားတွေကြား ကိုယ်ကတောင်
သူ့ပုံစံကိုပြန်ကြောက်မိရတဲ့အထိ ဒီလူသားဟာ
အဆန်းတကြယ်ရယ်.....။
အဖြူရောင်အရိပ်ကလေးသည်အမှောင်ထဲ
တိုးဝင်ပျောက်ကွယ်သွားခဲ့တော့သည်။
ဝမ်းနည်းစရာကောင်းစွာ Adrian ဟာ
ဘဝခြားသော ကြောက်လန့်စရာတစ်ခုအပေါ်
တောင် ဘာသက်ရောက်မှုမှမရှိနိုင်တော့...။
အိပ်ရာထဲဝင်ကာ ငြိမ်သက်သွားခဲ့ပြန်တော့သည်။
.............။
"တောင်းပန်ပါတယ် Jeon...
Adrian ကိုမတွေ့ခဲ့ပါဘူး......"
ကျန်းမာရေးကJeonကိုသိပ်နှိပ်စက်နေတာ
ကြောင့်Newyork ကိုပြန်ချင်နေပေမယ့်
စိတ်သွားတိုင်းကိုယ်မပါ။
ဒါပေမယ့်လက်မလျှော့စွာ လူယုံတွေနဲ့
နေ့တိုင်းလ်ိုလိုရှာခိုင်းနေခဲ့သည်။
ထောင်ကထွက်သွားသောသူနှင့်အဆက်အသွယ်
ရသော်လည်း နောက်တစ်ခါထောင်ပြန်ချ
ချင်မိအောင်ကို Adrian လာတွေ့ရက်သားနဲ့
လွှတ်ပေးလိုက်ခြင်းကို Jeonကို အဆုံးအထိဒေါသ
တွေထွက်ခဲ့ကာ ပိုးစိုးပက်စက်တွေပြောမိခဲ့သည်။
ခုမှအပြင်ရောက်သူမို့ တစ်ဖက်ကလည်း
Adrian စိတ်ချမ်းသားဖို့ကိုသာရှေးရှူးတော့မှာ
မို့သူနဲ့အတူတူမနေဘူးဆိုရင်တောင်လက်ခံဖို့
စဉ်းစားထားခဲ့သည်။
ဒီလိုမျိုးခြေရာဖျောက်သွားလိမ့်မယ်လို့မှမထင်တာ။
တကယ်တမ်းAdrian ဟာ
လူအားလုံးကိုအဆက်အသွယ်မလုပ်တော့မှ
အဖေဖြစ်သူလည်းပြန်ရှာနေရတော့သည်။
JEonရဲ့ခေါင်းငိုက်စိုက်ကျနေမှုကိုဘယ်အရာ
မှမကူညီနိုင်...အခန်းထဲ အိပ်ရာပေါ်
သတင်းလာပို့သူတွေဝမ်းနည်းစွာလာအသိပေးခဲ့
ပေမယ့်တုံ့ပြန်ခြင်းမရှိ....။
"JEon.....အဆင်ပြေရဲ့လား......"
"ဟိုဟာလေ....သူ့ကျောင်းလမ်းကြားလေးတွေ
သူ ဆိုးပေခဲ့ရာ လေးတွေရော ရှာခဲ့ပြီးပြီလား..."
နီရဲသောမျက်ဝန်းအိမ်တွေနှင့်ဒေါသတကြီး
တောင်သူတို့ကိုအပြစ်မတင်နိုင်ရှာ။
အဲ့ဒီနေရာတွေကိုJeonဟာထပ်ခါထပ်ခါရှာဖွေခဲ့ပြီးပြီ။
ခုချ်န်ထိတိုင်လည်းနေ့တိုင်းသွားရှာခဲ့ရမြဲ။
"ရှာခဲ့တာပေါ့....."
"တစ်ခါတလေ...လမ်းကြားလေးတွေမှာ
သူ့ရည်းစားတွေကို နမ်းနေတတ်တယ်"
"ကျန်းမာရေးကိုဂရုစိုက်ပါJeon
အမြန်ဆုံးနေပြန်ကောင်းလာရင်
NewYorkကို Jeonကိုဘယ်လိုနည်းနဲ့ပဲ
ဖြစ်ဖြစ် ရအောင်ခေါ်ထုတ်သွားမှာပါ...."
လူယုံတော်တွေဘယ်လောက်များများ
JEonလက်တွေဘယ်လောက်ဖြန့်ကျက်နိုင်
တယ်ဆိုဆို Adrian ကိုရှာဖွေဖို့ဆိုရင်
အဖေဖြစ်သူက လွှမ်းမိုးလိုက်ကာ
ကူညီပေးသူတိုင်းရဲ့ မိသားစုတွေကို
ဒုက္ခပေါင်းစုံပေးတတ်တာမို့သစ္စာခံတွေတောင်
သစ္စာဖောက်ခဲ့ကြသည်။
တစ်ယောက်ထဲသောကျန်သူက Agustd..။
စကားသိပ်များများမဆိုတတ်ဘဲ
ပိရိစွာဝင်ထွက်သွားလာတတ်သော
သူဟာ Jeon အတွက်တစ်ယောက်ထဲသော
ကျန်ရှိရာပဲ ....။
"ကျေးဇူး Agustd..."
Adrian ပျောက်ဆုံးသွားသောနေ့ထဲက
ဘဝတစ်ခုလုံး၏ယန္တယားတွေပျက်ဆီးသွား
ခဲ့သောJeonဟာ အရူးအမူးကြေကွဲခဲ့သည်။
စိတ်မကောင်းစရာJeonပုံစံဟာ
ပြိုလဲနေပြီး ကောင်းကောင်းပင်မလှုပ်နိုင်နေ။
ဘယ်လောက်ခံစားနေရမလဲဆိုတာကြမ်းပြင်ပေါ်
ချထားသောခြေဖဝါးတွေတုန်ရီနေပြီး
မျက်နှာကိုအုပ်ဆိုင်းထားသောလက်တွေသည်
နီရဲနေသည်ကိုကြည့်ပြီးသိနိုင်၏။
နမ်းခဲ့ရလို့.....စည်းတစ်ခုကိုကျော်ပြီးညတစ်ည
ကိုအရောင်တွေခြယ်ဖြတ်သန်းပြီးခဲ့လို့
JEonဒီလောက်ကြီးရုပ်ပျက်ဆင်းပျက်နိုင်စွာ
အရူးတပ်ိုင်းဖြစ်နေတာမျိုးမဟုတ်ပါ။
အနမ်းတွေထက်....လွန်ကြူးမှုတွေထက်
ဖြူစင်တဲ့သံယောဇဉ်တွေနဲ့နေ့ရက်လေးတွေ
ငါးနှစ်အရွယ် ကလေးသေးသေးလေးထဲက
ထမင်းတစ်လုပ်စီခွံ့ပြုစုယုယခဲ့ရတဲ့ပုံရိပ်တွေ..။
Adrian က သတ်မှတ်ချက်တွေအားလုံးရဲ့
အဆုံးမရှိခြင်းပဲ....။
အတူတူရီမောခဲ့ခြင်းတွေ...အတူတူငိုခဲ့ဖူးတာတွေ
ဆူဆဲမာန်မဲတိုင်း စိုက်ကြည့်တတ်တဲ့
မျက်ဝန်းအိမ်ပြာပြာတွေ....။
Jamesဆိုတာနဲ့ Adrian ဟာ ကပ်လျှက်ဆိုတဲ့
လူကြီးတစ်ယောက်နဲ့ကလေးဆိုးလေး
တစ်ယောက်၏ NewYorkမြို့ပေါ်က
လန်းဆန်းခဲ့သော Sundayလေးတွေ....။
ကလေးလေးက ဘဝရဲ့တစ်စိတ်တပိုင်းကို
ဖြစ်ခဲ့တာ....ခန္ဓာကိုယ်မှာအရေးကြီးဆုံး
အင်္ဂါတစ်ခုမရှိဘဲရှင်သန်၍မရဘူးဆိုရင်
Adrian က Jeon ခန္ဓာကိုယ်ရဲ့ နှလုံးအိမ်ပဲ...။
"JungKook.....လက်ထပ်ပွဲအတွက်
နေရာရွေးဖို့ အဖေခေါ်ခိုင်းလိုက်တယ်...."
အမဖြစ်သူသည် ဒေါက်မြင့်မြင့်နှင့်
ဝင်လာခဲ့ပြီးနောက် August Dကို
တွေ့တဲ့အခါ အနည်းငယ်တော့အံ့အားသင့်သွားသည်။
ပြောစရာရှိတာပြောပြီး၍ပြန်ထွက်သွားတဲ့အခါ
"လက်ထပ်ပွဲက ဆက်ဖြစ်နေတုန်းပဲလား
JEon.....မပျက်သေးဘူးလား..."
"ငါမဆောင်ပါဘူး.....
စီစဉ်နေတဲ့သူတွေ အဆင်ပြေတဲ့သူ
ဝင်ဆောင်ပေးကြလိမ့်မယ်..
Adrian ကို သာ ခေါင်းထဲထည့်ပါ August D...
ငါနောက်ထပ် ရက်နည်းနည်းလောက်မှ
ပြန်ရှာမတွေ့ရင် သွက်သွက်ခါအောင်ရူးရတော့မယ်..."
"ကောင်းပါပြီ Jeon....ကြိုးစားပေးပါ့မယ်..."
JEonသည်အခန်းပြတင်းပေါက်နားသို့
တရွေ့ရွေ့လျှောက်သွားကာ အဝေးကိုငေးကြည့်
နေသည်။ အနက်ရောင်တွေရဲ့ထည်ဝါမှုတွေတောင်
JEonဆီမှာရှာ၍မရတော့....။
လေတိုက်၍ဆံပင်တွေလွင့်မျောနေရင်း
မျက်ရည်တွေစီးကျနေတဲ့သူ။
"ကမ္ဘာကြီးရဲ့ တထောင့်တနေရာမှာ
ပြတင်းပေါက်ကနေ အပြင်လောကကြီးကို
သူငါ့လိုပဲငေးနေကြည့်လိမ့်မယ် ဆိုတာယုံတယ်
တကမ္ဘာလုံးကိုရှာကြရအောင် Agustd ။
Agustd ဟာ ခေါင်းငြိမ့်ပြပြီးတဲ့နောက်
JEon အော်ဟစ်ငိုကြွေးတော့မည့်ဟန်တွေ
ပေါ်လာပြီမို့ လွတ်လပ်စေရန်အခန်းထဲမှ
ရှောင်ထွက်ပေးသွားခဲ့တော့သည်။
..........။
February...........။
"JeonJungkook!!!!!"
"လႊတ္!!!!!.."
ဆိုးလ္ၿမိဳ႕တစ္ေနရာ၏အိမ္ထဲမွေျပးထြက္
လာေသာJeonကိုအေဖျဖစ္သူခ်ထားေသာ
ေဘာ္ဒီဂတ္တခ်ိဳ႕ကဖမ္းဆီးထားၾကသည္။
"ေသာက္မွတ္သဲေျခမရွိဘူးလား...
မင္းနဲ႔ေနခ်င္ရင္...မင္းနဲ႔ေနမွာေပါ့..
ဘယ္ႏွလရွိေနၿပီလဲ ဒီလိုေသာက္႐ူးထေနတာ.."
"ျပန္မွျဖစ္မယ္ ေဖေဖ...ကၽြန္ေတာ္ျပန္မွ
ျဖစ္မယ္....ကၽြန္ေတာ့္ကေလး ကိုမေတြ႕ရမခ်င္း
ကၽြန္ေတာ္ စိတ္ေတြပူေနတယ္..."
"ParkJiminကငါနဲ႔စကားေျပာထဲက
မင္းကိုအေလးအနက္ထားခဲ့တာ
မဟုတ္ဘူးJeon...ဒါကိုလည္းမင္းေကာင္းေကာင္း
သိရက္သားနဲ႔ ........"
"မဟုတ္ဘူး...ကၽြန္ေတာ့္Adrian ကၽြန္ေတာ့္ကို
ဘယ္ေလာက္ခ်စ္တယ္ဆိုတာ
ကၽြန္ေတာ္သိတယ္...အေဖ ေၾကာင့္
အေဖေၾကာင့္!!!!!"
"ငါေျပာတဲ့စကားေတြကိုေယာင္လို႔ေတာင္
မနာခဲ့ဘူး...မင္းကို မခ်စ္လို႔ကိုမခ်စ္တာ
သူဘယ္သူ႔ေနာက္လိုက္သြားလဲ
မင္းသိမွာပါ JeonJungkook ရဲ့...."
"မဟုတ္ဘူး....ခ်စ္တယ္...သူခ်စ္ပါတယ္ဆို!!!"
"ေသာက္႐ူးလိုလုပ္ေနလိုက္...
မျပန္ရဘူး...ဒါမင္းနိုင္ငံ မင္းအိမ္
မင္းေသတဲ့အထိ ေနသြားရမယ့္နယ္ေျမ
ဒီမွာပဲေနရေတာ့မယ္....."
"Adrian မရွိတဲ့အရပ္...က ကၽြန္ေတာ့္နိုင္ငံမဟုတ္ဘူး
သူရွိတဲ့ေနရာ ဘယ္ေနရာျဖစ္ျဖစ္ကမွ
ကၽြန္ေတာ့္နိုင္ငံ....."
"JEon....လူေတြကခ်စ္ရင္
ဘယ္ေလာက္ခက္ခက္ အဆုံးအထိအနားမွာ
ေနေပးတတ္ၾကတယ္...ငါထပ္ေျပာမယ္
Adrian မင္းကိုမခ်စ္ခဲ့ဘူး
မင္းနဲ႔သူရဲ့အသက္ႏွစ္ဆမွာ ၁၉ႏွစ္သားေလးက
မင္းကိုအတည္ႀကံမယ္ထင္ေနလား...
မင္းထက္ပိုေကာင္းတဲ့အေတြ႕အၾကဳံ
အသစ္အဆန္း ႏုပ်ိဳမွုေတြဝန္းရံေနတဲ့ဟာကို..."
JEonဟာ NewYorkၿမိဳ႕ရဲ့အိမ္ေတာ္ႀကီး
မွာေန႔ညမျပတ္Adrian ကိုရွာေဖြရင္း
အင္းအားျပတ္ကာသတိလစ္ေမ့ေမ်ာတဲ့အထိ
ဆိုးဝါးခဲ့တာမို႔ကိုရီးယားကိုျပန္ေခၚကာ
ေဆးကုသမွုခံယူရသည္။
ျပန္ေကာင္းလာခ်င္းခ်င္းပဲ NewYorkကို
ျပန္ေျပးရွာဖို႔ အိမ္ကထြက္ေျပးလာခဲ့ျခင္း။
"အေဖက အခ်စ္ကို ထုတ္ျပမွလို႔ထင္ေနတာလား
Adrian က ကၽြန္ေတာ္ခ်စ္တာထက္ေတာင္
ကၽြန္ေတာ့္ကိုပိုခ်စ္နိုင္တယ္ဆိုတာ
အေသအခ်ာပဲ.....ေတြ႕ေအာင္ရွာမွာ...
ကမၻာေပၚကေနရာတစ္ခုမွမက်န္ေအာင္
ရွာမွာ....ကၽြန္ေတာ့္ကေလးတစ္ခုခုျဖစ္ေနရင္
ဘယ္တစ္ဦးတစ္ေယာက္ကိုမွခြင့္လႊတ္မွာမဟုတ္ဘူး
ဆိုတာလည္းသိထားေပး...."
"မင္းေျခတစ္လွမ္းၿခံအျပင္ေရြ႕ရင္
ငါဘာလုပ္မလဲဆိုတာလည္းၾကည့္လိုက္"
JEonဟာခ်ဴပ္ကိုင္ထားေသာလူေတြအား
တြန္းဖယ္ကာေျပးထြက္ျခင္းတြင္လူအင္အား
ေတြပိုထြက္လာကာဘယ္လိုပုံစံနဲ႔ပဲျဖစ္ျဖစ္
အိမ္ထဲကိုမေရာက္ေရာက္ေအာင္ျပန္ဆြဲသြင္း
ခဲ့ၾကသည္။
ေယာက်္ားတစ္ေယာက္ရဲ့ေအာ္ငိုသံေတြဟာ ပတ္ဝန္းက်င္
ကိုဆိုးဆိုးဝါးဝါးကိုအက်ည္းတန္ေစခဲ့ပါ၏။
အိမ္ထဲေရာက္တဲ့အခါ အေမျဖစ္သူႏွင့္
အမျဖစ္၏ႀကိဳေစာင့္ကာ ပြက္ေလာရိုက္
အျပစ္တင္ဆုံးမမွုႏွင့္ အေဖျဖစ္သူ၏
ၾကမ္းတမ္းေသာအျပဳအမူေတြၾကား
Jeon ဟာ နားႏွစ္ဖက္ပိတ္ကာ Adrian ဟု
ေအာ္ဟစ္လူးလိမ့္ေနခဲ့၏။
ကၽြန္ေတာ္ လုံးဝလက္ေလၽွာ့မွာမဟုတ္ဘူး...။
မေတြ႕ေတြ႕ေအာင္ရွာမွာ......
ကၽြန္ေတာ့္ ဘဝ ကို Adrian Sorry တစ္လုံးနဲ႔
သၿဂႋဳလ္လို႔မရဘူး....။
ေပ်ာက္ဆုံးသြားလို႔မျဖစ္ဘူးေလ။
လူေတြေျပာသလို မခ်စ္လို႔ပစ္ခဲ့တယ္ပဲထားပါအုန္း
လုံျခဳံေစခ်င္ခဲ့တဲ့ကေလးဘဝကို
အဆင္ေျပေအာင္ ျခယ္မွုန္းေပးရမွာေတြရွိေသးတယ္..
လူေတြေျပာသလ္ိုအသက္ေတြကြာဟလို႔ပဲထားပါအုန္း
အဲ့ဒီငယ္လြန္းေသးတဲ့ကေလးဆိုးေလးကို
ေမတၱာနဲ႔လမ္းျပခ်င္တာေလးေတြရွိေသးတယ္
စတင္႐ုံပဲရွိေသးတာ....တစ္ေယာက္တျပန္
မသိမသာျပသခဲ့တဲ့ အခ်စ္တစ္ခုအေပၚ
ပြင့္လင့္အေပးအယူမၽွခဲ့ၾကတာ လုံးဝနိဒါန္းပဲ
ရွိေနတာ....Adrian ဇာတ္သိမ္းပစ္လို႔လုံးဝကို
မျဖစ္တာပါ.......။
အေနာက္အရပ္ကေနထြက္လာတာမ်ိဳးကို
မ်က္လုံးစုံမွိတ္ေခါင္းၿငိမ့္ရင္ေခါင္းၿငိမ့္လိုက္မယ္
Adrian မခ်စ္ဘူးဆိုတာကိုေတာ့
ဘယ္ေတာ့မွလက္မခံ....။
JEonဟာ အသိမဲ့စြာ လဲၿပိဳက်သြားခဲ့ျပန္သည္။
....................။
"Adrian....စားၾကရေအာင္......"
ပထမတစ္ေခါက္တြင္သူနဲ႔အတူလာေနခဲ့
ေပမယ့္ဒုတိယအႀကိမ္Adrainအိမ္ေျပးလာ
ျခင္းတြင္ေတာ့ ၿမိဳ႕တစ္ၿမိဳ႕ကိုထပ္ေျပာင္း
သြားခဲ့ကာရက္ကြက္တစ္ခု၏
ေသးေသးႏုတ္ႏုတ္အခန္းက်ဥ္းေလးတြင္
တစ္ေယာက္ေနေနသည္။
မနက္စာထုတ္ေတြနဲ႔Seaက စားပြဲေပၚ
ျပင္ဆင္ေနေတာ့ ဖုန္းသုံးရင္း
အိပ္ရာမွနိုးလာတဲ့ပုံ Adrian ဆံပင္ဝါဝါေလး
ေတြရွုပ္ယွက္ခတ္ေနသည္။
စားပြဲေပၚမွာထိုင္လၽွက္စားစရာမ်ား
အဆင္သင့္ခ်ေပးတာကိုေစာင့္ေနတာမို႔
Seaက လိေမၼာ္ရည္တစ္ခြက္ရယ္
စားစရာတခ်ိဳ႕ရယ္ကို ျပင္ေပးလိုက္သည္။
Adrian ဟာဖုန္းကိုပဲၾကည့္ေနဆဲ။
"အစားစားအုန္းလူက အရိုးေပၚအရည္တင္ေနၿပီ.."
"F......"
ၾကက္ဥေၾကာ္နဲ႔အသားေခ်ာင္းတစ္ခုကို
ပါးစပ္ထဲထည့္ကာဆဲလိုက္ျခင္းတြင္
Seaက ျပဳံးသည္။
"Adrian......"
"အင္း....."
"JEonအေျခအေနမေကာင္းလြန္းလို႔
ဆိုးလ္ကိုျပန္ေခၚသြားၾကတယ္...
က်န္းမာေရးအရမ္းထိခိုက္သြားတဲ့ပုံပဲ"
လိေမၼာ္ရည္ယူေသာက္ေတာ့မည့္လက္ေတြ
တုံ႔ခနဲ...လိေမၼာ္ရည္ခြက္ဆီေရာက္မသြား
ေတာ့ဘဲ Seaကို ဖုန္းScreen မွမ်က္လုံးေတြခြါ
ကာဖ်က္ခနဲၾကည့္လာသည္။
Advertisement
- In Serial78 Chapters
MMORPG: Deliverance
In the year 2043, Gabriel was a man known as the "One man army". In the Virtual reality game Deliverance Online, he made his way as an infamous mercenary, willing to do anything for the right price. He led armies into battle, assassinated Kings and even helped old ladies pick flowers. Until one day he refused an offer out of pride and spite from someone too powerful to refuse. With no allies to help him he was thrown into the abyss of despair and forced to watch as his life was taken from him. A pair of gods decide to give him one more chance, to do it all again. His memories were sent back 8 years in the past.Follow Gabriel as he makes his way back to the top, using knowledge to swing things in his favor. Except this time he won't do it alone. He will save his family, he will achieve glory, money, women and power to protect them all. It's time for Gabriel's deliverance.
8 171 - In Serial15 Chapters
Reincarnation, the beginning.
After a sudden death, a butcher is given a second chance. Reincarnated in another world as a Saurian, a reptilian race, he sees here an opportunity to live his life to the fullest. Using his past life's knowledge, will he become the most powerful man among his race or will he choose to stay in the shadow, living quietly? --- English is NOT my native language. Any form of criticism is welcome as long as it will help me in writing. Update: {HIATUS} [Cover was found on the internet]
8 123 - In Serial19 Chapters
O.A.I.
In a lab that grows replacement organs, a decades-long failing project finally succeeds. Follow the experiences of Mark, the lab's newest security guard, as he attempts to discover the secrets behind the mysterious behavior of the night crew, and the strange occurrences that have everyone in the lab on edge. ------------------------- This is an Interactive Discovery Writing (IDW) work of fiction. That means that audience input helps drive the direction of the story. For this work, new chapters are usually posted on Mondays and audience polls posted on Tuesdays. Thanks for your input and interest!
8 207 - In Serial8 Chapters
The Bees of Burntwood
Bedtime tales to read to your children. Each chapter is a stand alone story, while also adding to the overall tale. The Bees of Burntwood is a tale of a year in the life of a hive and their mythology.
8 164 - In Serial48 Chapters
Haikyuu!!: She's Your Sister!?
With a new team and a new coach, Karasuno is on their way to becoming a strong team. Golden Week has begun, and Ukai decided to bring in some back-up. Who might they be? Why, it's none other than Hinata's older sister, who just returned after graduating high school in America. Follow Karasuno, as they embark on their further journeys with her, as she herself experiences new friends, love, and the bonds they will share as a team.
8 222 - In Serial36 Chapters
My Badboy ✔
Arya Brown and Alexander Knight love storyArya Brown is a beautiful 16 year old who lives with her dad , step mom and step brother. Arya is your typical high school student. Come and join her journey with the bad boyAlexander Knight is the bad boy and player of Ravenwood high school he plays girls like a card game but the only girl he really wants is Arya Will he be able to get her to trust him ?.....Started: 23/11/21Finished: 19/01/22BOOK 2 IS OUT Y'ALL!All rights reserved this story shouldn't be copied by ANYONE.High Rates3rd In toxic /07/03/222nd In "Inlove" /10/06/221st in player /23/3/22
8 229

