《Adrian》11
Advertisement
မနက်ခင်းနေရောင်နွေးနွေးမျက်နှာပေါ်ဖြာကျ
လာတော့ Jeonနိုးထလာခဲ့သည်။
ခန္ဓာကိုယ်မှပင်ပန်းနွမ်းနယ်နေကြောင်းခံစားရ၍
စိတ်ညစ်မသွားဘဲပြုံးမိသွားသည်။
ဘဝမှာ ကိုင်ရိုက်ထားသလိုကြွက်သားတွေ
နာကျင်နေတာကို လှိုက်နေအောင်ပျော်ရမယ်
လို့တစ်ခါမှမတွေးမိ....။
အနားရှိ ညကမှ ခက်ခဲစွာအိမ်ပြန်သိမ်းခဲ့ရသော
အဆိုးအဆာလေးကို လက်ဖဝါးဖြင့်စမ်းနေကာ
ပွေ့ဖက်ချင်ဟန်ရှိသည်။
JEon လက်တွေဟာ အနက်ရောင်အိပ်ရာခင်းပေါ်
တရွေ့ရွေ့လိုက်စမ်းနေသော်လည်း
ကိုယ်ငွေ့ကိုမခံစားမိ...။အအိပ်ကြမ်းတတ်သူ
သည်ခြေရင်းလည်းရောက်နေတတ်တာမို့
မျက်လုံးတွေကိုဖွင့်ကာ ထထိုင်လျှက်အိပ်ရာ
ပေါ်ကြည့်လိုက်ချ်ိန်တွင် Adrian မရှိနေပါ....။
"Adrian....."
မတိုးမကျယ်ခေါ်လိုက်သော်လည်းတုံ့ပြန်မှုမရှိ။
JEonဟာခေတ္တစဉ်းစားဟန်ပြုပြီးနောက်
အိပ်ရာပေါ်မှဆင်းလိုက်ကာ ပေါ့ပေါ့ပါးပါး
အဝတ်အစားတစ်စုံကိုဝတ်ဆင်လိုက်သည်။
ရေချိုးခန်းတွေ....အိမ်သာတွေ...ကို
လိုက်ဖွင့်ကြည့်တော့လည်းမရှိ။
"Adrian...ကလေးရေ.....!!"
အိမ်ကြီးသည် Jeonအသံတစ်ခုမှလွဲ၍
ကျန်တာမရှိ...။အထူးတိတ်ဆိတ်နေခဲ့သည်။
JEonဟာ သူ့အခန်းကျယ်ကြီးထဲကထွက်လာကာ
တစ်ဖက်အခန်းလေး၏တံခါးကိုဖွင့်လိုက်သည်။
ရှင်းလင်းနေသောအခန်းသည်Adrian လုံးဝမဝင်
ထားတာသိသာပါ၏။
"Adrian!!!.."
မသိစိတ်ဟာသိပ်ကြောက်စရာကောင်းပါ၏။
လူတွေဟာတစ်ခုခုဖြစ်တော့မယ်ဆ်ိုစိတ်ထဲက
အလိုလိုခြောက်ခြားလာတယ်ဆိုတာယုံတမ်းမဟုတ်။
JEonသည် ရှာစရာခြံအကျယ်ကြီးနှင့်
အောက်ထပ်တထပ်လုံးရှိနေသေးသော်လည်း
အလွန်အမင်းကြောက်လန့်လာခဲ့ပါသည်။
"Jimin....!!"
လှေကားတွေအတိုင်းပြေးဆင်းလာပြီးတဲ့နောက်
အောက်ထပ်တစ်ထပ်လုံးရှိနေရာအနှံ့အပြား
ကိုရှာခဲ့သည်။ထမင်းစားခန်းထဲတွင်
အဒေါ်ကြီးရောက်နေကာ မနက်စာပြင်နေဟန်
ရှိတာမို့Jeonက အားတက်သရောပြေးသွားလိုက်ကာ
"အန်တီ....Adrian ခြံထဲမှာမလား.....
ခြံထဲက အပင်အောက်မှာ မလား...
ပန်းသီး စား နေတယ်မလား...."
"မတွေ့မိဘူး Jeon....သူအိမ်ပြန်ရောက်နေပြီလား..."
JEonဟာ ခြံထဲကိုပြေးဆင်းသွားလျှက်
တစ်ခြံလုံးနေရာလပ်မကျန်ရှာဖွေခဲ့ပြန်သည်။
အိမ်ထဲပြန်လာကာလက်ကိုင်ဖုန်းဆီပြေးလျှက်
Adrian ကိုဖုန်းခေါ်ခဲ့ပေမယ့် မရခဲ့....။
ကျောင်းသွားတာ....မဟုတ်ရင်...
သရေစာတွေနည်းနေလို့ သူသွားဝယ်နေတာ...
လမ်းလျှောက်ထွက်တာ...
အချိန်တန်ရင် အိမ်ကိုပြန်လာမှာ.....
အရင်လိုပဲ အရင်အတိုင်းပဲ....
ညက အပေးအယူတွေမျှပြီး နှလုံးသားတစ်ခုလုံး
ချပြအသုံးတော်ခံပြီးပြီးပဲ Adrian စိတ်တိုင်းမကျ
နိုင်စရာအကြောင်းတော့မရှိတော့လောက်ပါဘူး....။
Jeonသည်အိမ်ပေါ်ထပ်အခန်းဆီပြန်ပြေးလာပြန်သည်။
အဝတ်အစားသေချာလဲပြီးချက်ချင်း
ရှာဖွေချင်လို့...။ပြန်လာမှာသိနေလည်း
ဘာလို့သူမစောင့်နေချင်မှန်းကိုယ့်ကိုကိုယ်နားမလည်
စိတ်သည် ချက်ချင်းAdrian ကိုတွေ့ချင်နေခဲ့သည်။
အဝတ်အစားတွေခပ်မြန်မြန်လဲပြီးတဲ့အခါ
အလုပ်စားပွဲပေါ်က ကားသော့ကိုသွားပြေးယူ
လိုက်ချ်ိန်တွင် အလုပ်စားပွဲပေါ်တွင်
ဖိနပ်ဖြူလေးတစ်ဖက်......။
နောက်တစ်ဖက်သည် စားပွဲအောက်မှာရှိနေသည်။
ညစ်ပတ်နေသောဖိနပ်ဖြူလေး၏အောက်တွင်
စာရွက်လေးတစ်ရွက်ဖိနှိပ်ထားသည်။
JEonသည် မြန်မြန်ဆန်ဆန်ယူကာ
စာရွက်ခေါက်လေးကိုဖွင့်ဖတ်လိုက်သည်။
....Sorry James....
Adrian....။
ဆောင်းဦးလေလေးတစ်ချက်Jeonဆီကိုတိုးဝှေ့
တိုက်ခတ်သွားခဲ့တဲ့အခါဆံပင်တွေလွင့်သွားသည်။
စာရွက်ကိုကိုင်ထားခဲ့သောလက်တွေသည်
တုန်ခနဲ....။
အိမ်ကြီးထဲမှကားအနက်ရောင်သည်ညကလိုပဲ
အရှိန်ပြင်းစွာခြံထဲမှမောင်းနှင်ထွက်သွားတော့သည်။
.................။
အဲ့ဒီနေ့ကစ Adrian ဟာJamesဆီကိုလုံးဝ
ပြန်မလာတော့ဘူး....Adrian ရဲ့သတင်းအစအန
တွေကိုလည်းဘာမှမသိရတော့ဘူး....
Adrian ဘာကြောင့်ပျောက်ဆုံးသွားတယ်
Adrian aဘာတွေဖြစ်ခဲ့သလဲဆိုတာ
Adrian ဘယ်လိုကြောင့်များJamesကို
တစ်သက်လုံးထားခဲ့သလဲဆိုတာAdrian က
လွဲပြီးဘယ်သူကများသိနိုင်မှာလဲ........။
Adrian က Seaဆီကိုပဲ ပြေးသွားခဲ့တယ်....။
Adrian ခက်ခက်ခဲခဲပြေးလွှားသွားခဲ့တာ
သူငယ်ချင်းကောင်လေးဆီကိုပဲ....။
လူကြီးတစ်ယောက်ဟာ ဒုတိယအကြိမ်မှာ
လည်းရူးမတတ်လိုက်ရှာခဲ့ပါတယ်...။
မတူတော့တာက ဒုတိယအကြိမ်မှာ
Adrian ကိုလုံးဝရှာမတွေ့ခဲ့တော့ပါဘူး....။
................။
February..........။
Adrian ဖခင်ပြန်လွတ်လာချိန်။
မနက်ခင်း.......။
ပန်းစည်းတစ်စည်းကိုင်လျှက်ထောင်ရှေ့ကို
ခြေလှမ်းတစ်လှမ်းချင်းဆီလျှောက်လာခဲ့သည်။
ထောင်ဝမှ လူတစ်ယောက်ထွက်လာတဲ့အခါ
Jimin ခြေလှမ်းတွေကိုရပ်လိုက်၏။
"သား.....!!"
၁၃နှစ်သားတုန်းကတစ်ခါJeonနဲ့လိုက်လာခဲ့ပြီး
နောက်ပိုင်းပေါ်မလာတော့သော အနေစိမ့်သူ
သည် ဒီနေ့ကိုတော့ရောက်လာပေးလို့
ပျော်ရွှင်မှုကပြော၍မပြတတ်။
"Jimin...."
ဝမ်းသားလွန်းစွာပြေးဖက်မိတဲ့အခါ
ယိုင်သွားသောခန္ဓာကိုယ်လေး...။
လက်ကလေးတွေဟာ ပြန်ပွေ့ဖက်လာခြင်းတော့
မရှိခဲ့ပါ။
"ပန်းစည်း....ဂုဏ်ပြုပါတယ်..."
အပြုံးအရီတစ်ချက်မှမရှိ။ပျော်နေတာလား
ဝမ်းနည်းနေတာလားလို့ မခန့်မှန်းနိုင်သော
မျက်နှာသည် အေးစက်လွန်းလှသည်။
အနေတွေအရမ်းဝေးလို့လည်းဖြစ်ပါလိမ့်မည်။
ဘာဖြစ်ဖြစ်သူ့သွေးသားလေးပဲဟာ။
လက်တစ်ဖက်နဲ့ပီးပီးရောပေးခဲ့သောပန်းစည်းကို
ယူလိုက်ကာ ထပ်ပြုံးပြတော့လည်း
ပကတိအတိုင်းတည်ငြိမ်စွာ။
"အများကြီးလွမ်းနေခဲ့တာ...Adrian လေးရယ်..."
ခေါင်းငြိမ့်ပြသည်...။ခံစားချက်မရှိသော
မျက်ဝန်းပြာတွေသည် ပထမဆုံးပြန်တွေ့ရလို့လားမသိ
လိုတာထက်ပိုစွာအေးစက်လွန်းနေသည်။
စိတ်ထဲတော့မကောင်းလှ။
ခေါတ်မှီလွန်းသည့်ဝတ်စားဆင်ယင်မှုနဲ့
သိပ်ချောလွန်းသောသားဟာ
သူနဲ့ဘယ်နေရာမှမတူနေပါ။
ဆောင့်ကြွားကြွားဖြင့် အထက်တန်းတုန်းက
Jeonကို ချုံ့ကြည့်နေရသလိုပဲ....။
ဟုတ်ပါရဲ့ ပြုစုပျိုးထောင်ထားတာကသူမှ
မဟုတ်တာ...။JeonJungkook လေ..
JeonJungkook ကဘယ်သူမလို့လဲ....
သူတို့ခေါတ်အခါတုန်းက
တစ်ကျောင်းလုံးပြိုင်ဆိုင်မရဲတင်းရဲသော
အတော်ဆုံးအထက်ဆုံးကျောင်းသားမလား။
ပန်းစည်းပေးတဲ့တစ်ချိန်သာတပ်ထားသော
နေကာမျက်မှန်ကိုချွတ်ပြီးအတူတူလမ်းလျှောက်
လာခဲ့သောအချိန်တွင်ပြန်တပ်လိုက်တဲ့သူ။
အနည်းငယ်ညိုနေသောမျက်လုံးတွေကို
အကာအကွယ်ပြုချင်၍ဖြစ်လိမ့်မည်။
ကိုယ်ရည်စစ်သွား၍လားမသိ...
သားဟာပြည့်ဖောင်းမနေတော့ပါ။
စီးကရက်ထုတ်ကာ မီးညှိနေပုံသည်ကျွမ်းကျင်ပိုင်နိုင်
လျှက်....။
သောက်တတ်နေပြီလားဟုအလောတကြီး
မေးလိုက်ချင်ပေမယ့်သားပုံစံက
မေးစရာပင်မလိုခဲ့ပါ။
"ကိုယ်ရည်စစ်သွားတဲ့ပုံပဲဖေဖေကသားကို
ဝတုတ်လေးဖြစ်လိမ့်မယ်ထင်နေတာ
မင်းကသိပ်ကြည့်ကောင်းတဲ့ကောင်လေး
အဖြစ် လှလှလေးကြီးပြင်းလာတာပဲ..."
လူအသွားအလာမရှိသောသစ်ရွက်ခြောက်
တွေကြွေနေသောအပင်ကြီးအောက်တွင်
Jimin ကခြေလှမ်းတွေကိုရပ်တန့်လိုက်သည်။
အဖေဖြစ်သူနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်ကာ
စကားပြောဖို့အရှိန်ယူနေတဲ့ပုံ။
"Jimin....ဖေဖေ နဲ့ပြန်ဆုံရတာ မင်းမပျော်ဘူးလား
ဖေဖေတို့မတွေ့ရတာ အရမ်းကြာနေပြီလေ
ဖေဖေ့ကို တစ်ခုခုများစိတ်ခုစရာရှိနေလား"
"မရှိပါဘူး...."
"JEon ရော.....သူလိုက်မလာဘူးလား
ဒီနေ့ကသူ့ကို အဖေတို့သားအဖနှစ်ယောက်လုံး
ကျေးဇူးတင်စကားတွေလေးလေးနက်နက်
ပြောရမယ့်နေ့လေ ....."
သားမျက်နှာပိုပြီးအေးစက်တောင့်တင်းသွား
သလိုပဲ။ပထမဆုံးတွေ့ရလို့မြင်နေမကျလို့
လားမသိ...မွေးထားရသောကလေးဆိုပေမယ့်
Jimin ထံကအငွေ့အသက်တွေသည်
Advertisement
ကောင်းခြင်းတွေခံစားမရနေပါ။
မတွေးရက်မတွေးချင်ပေမယ့် အမေဖြစ်သူ
သေဆုံးခြင်းနဲ့ အဖေဖြစ်သူနှစ်ရှည်ထောင်ကျ
ခဲ့သည့်အရေးကိုပြိုင်တူခံစားခဲ့ရစဉ်က
မျက်လုံးတွေထက်ပို ကျိုးပဲ့နေသည်။
"ကျေးဇူးတင်ပါတယ်အဖေ....."
"ဘာအတွက်လဲ....."
"James...နဲ့ ဆုံခွင့်ပေးခဲ့လို့....."
ပျော့ပျောင်းသွားသောအငွေ့အသက်များနှင့်
မျက်နှာသည် လှိုက်လှဲစွာကျေးဇူးတင်နေ
ကြောင်းသိသာပါသည်။
Mr Parkက ပြုံးသွားခဲသည်။
ပြုံးနေသောမျက်နှာကို Jimin က
စူးရဲစွာစိုက်ကြည့်ကာနောက်ထပ်စကားတွေကို
အေးစက်လွန်းသောလေသံဖြင့်ထပ်ပြောလာခဲ့သည်။
"အဖေလူသတ်လည်းကျွန်တော်ခွင့်လွှတ်ခဲ့တယ်နော်"
နောက်ထပ်စကားတွင်အပြုံးတို့မဲ့ခနဲ။
"ဒါပေမယ့် ဒါကိုတော့ ကျွန်တော်ခွင့််မလွှတ်နိုင်ဘူး"
"ဘာကိုလဲ.....Jimin..."
"James နဲ့ ဆုံခွင့်ပေးခဲ့လို့....."
နောက်တစ်ခေါက်သောကြည့်လာပုံသည်
ပြတ်ရှလွန်းပါ၏။
"ပြဿနာတွေရှိနေကြတာလား....
မင်းတို့အဆင်မပြေကြဘူးလား...."
"ကျွန်တော် သူနဲ့အတူတူမရှိတော့တာလတချို့
ကြာပြီ...ဘယ်တော့မှသူ့ဆီကိုမပြန်တော့ဘူး
ကျွန်တော်ဘယ်မှာနေနေလဲဆိုတာလည်း
အဖေသိဖို့မလိုဘူး....အဖေထွက်လာလို့လည်း
အဖေနဲ့ကျွန်တော်အတူတူနေမှာမဟုတ်ဘူး"
"ဘာတွေဖြစ်နေတာလဲJimin.....
အဖေ့ကို ပွင့်ပွင့်လင်းလင်းပြောပြစမ်းပါ...."
"ဒီထက်ပွင့်လင်းစရာတော့ဘာမှမရှိတော့ဘူး
ကျွန်တော်နဲ့ရွယ်တူကောင်လေး
တစ်ယောက်နဲ့အတူတူနေနေတယ်..."
"မင်းရဲ့...ချစ်သူလား....."
"..........."
"Adrian မင်းအမေလိုနားမလည်နိုင်စရာ
တွေငါ့က်ိုမလုပ်နဲ့နော်..."
"လိုရင်းက အဖေ....အသက်ရှည်ရှည်နေပါ
ကိုယ့်ကိုကိုယ် အများကြီးဂရုစိုက်ပါ....
ခွင့်မလွှတ်နိုင်ခြင်းနဲ့ ကျေးဇူးတင်ခြင်းနှစ်ခုမှာ
ကျေးဇူးတင်ရခြင်းက ပိုပါတယ်..."
ပွေ့ဖက်လာမှုသည်နွေးထွေးမှုကိုအပြည့်အဝ
တော့ခံစားရပါသည်။
သားရဲ့ခန္ဓာကိုယ်သေးသေးလေးအား
ခပ်တင်းတင်းပြန်ပွေ့ဖက်လိုက်ကာ
ဘာတွေဖြစ်ပျက်နေလဲဆ်ိုတာ
ခေါင်းအေးအေးရှိမှချော့မော့မေးလိုက်မည်။
စိတ်လိုလက်ရလေးဖက်ထားတုန်း
တာဝန်မကျေခဲ့ရသောကလေးလေး၏
အနွေးဓာတ်လေးကိုခံစားချင်ပါသေးပါသည်။
"အတူတူနေတာ မင်းချစ်သူဖြစ်နေလို့
သံယောဇဉ်မပြတ်လို့ အဖေနဲ့လာမနေနိုင်သေးရင်
စောင့်နေမယ် Adrian ....အဖေတို့နေခဲ့တဲ့
အိမ်ကလေးမှာပဲ...နှုတ်ဆက်ပြီးရင်ပြန်လာပါ
အတူတူခေါ်လာချင်လည်းရပါတယ်
အဖေ့ ကလေးလေး...လိုချင်တာဖြစ်ချင်တာ
အားလုံး မသေခင်မှာဖြည့်စည်းပေးတော့မှာ...."
"မသေပါနဲ့.....ရှင်သန်ပါ ....
ဘဝတစ်ခုမှာ ရှင်သန်ခြင်းကအရေးကြီးဆုံးပါပဲ"
"ဟုတ်ပါပြီ......ချစ်တယ် Adrian
အဖေ ကလေးလေးက်ို သိပ်ချစ်ပါတယ်..."
တုံ့ပြန်ခြင်းဟာခေါင်းလေးတဆက်ဆက်
ငြိမ့်ရုံ...။သစ်ရွက်ခြောက်တွေသည်တစ်ရွက်ချင်း
ပွေ့ဖက်ရာဆီကိုကြွေကျလာကြသည်။
နွေဦးလား မိုးဦးလား ဆောင်းဦး လားတောင်
Adrian မသိခဲ့ပါ........။
ဦးနှောက်နဲ့ နှလုံးသားအချိတ်အဆက်တွေလည်း
မမိနေ...။
ဘယ်အရာကိုကြည့်ကြည့်ဗလာကြီးပဲ....
သံစဉ်တွေကိုလည်းမခံစားတတ်တော့သလို
အရောင်တွေအပေါ်လည်းစိတ်လှုပ်ရှားမှုမရှိ။
ကမ္ဘာကြီးကသပ်သပ်Adrian ကသပ်သပ်ပါပဲ။
Sorry တစ်လုံးကို ဖိနပ်စုတ်လေးနဲ့ဖိပြီး
ခပ်ပေါ့ပေါ့ ပစ်ထားခဲ့သော
လူတစ်ယောက် အဘယ်မျှလောက်ရူးနေပြီဆိုတာ
သိသလိုလို....မသိတော့သလိုလို....
ရေးလက်စဇာတ်အိမ်တွေထဲမျောပါရေး
နေရင်းမှ ဇာတ်အိမ်တခြား ကိုယ်ကတခြား
အစတောင်ပြန်ကောက်မရတော့သော
စာရေးသူတွေရဲ့လမ်းပျောက်မှုလို....
လက်ရှိလား အတိတ်လား...ဘယ်ကာလ
တွေမှန်းမရေမရာနဲ့ Adrian သည်
James ဘုရင်နေရာပေးထားသော
ခမ်းနားလွန်းသည့်အိမ်တော်ကြီးနဲ့
ဆန့်ကျင်ဘက်ဘယ်သူမှမသိနိုင်သော
နေရာတစ်ခုသို့ဦးတည်ထွက်သွားခဲ့ပါသည်။
..............................။
မနက္ခင္းေနေရာင္ေႏြးေႏြးမ်က္ႏွာေပၚျဖာက်
လာေတာ့ Jeonနိုးထလာခဲ့သည္။
ခႏၶာကိုယ္မွပင္ပန္းႏြမ္းနယ္ေနေၾကာင္းခံစားရ၍
စိတ္ညစ္မသြားဘဲျပဳံးမိသြားသည္။
ဘဝမွာ ကိုင္ရိုက္ထားသလိုႂကြက္သားေတြ
နာက်င္ေနတာကို လွိုက္ေနေအာင္ေပ်ာ္ရမယ္
လို႔တစ္ခါမွမေတြးမိ....။
အနားရွိ ညကမွ ခက္ခဲစြာအိမ္ျပန္သိမ္းခဲ့ရေသာ
အဆိုးအဆာေလးကို လက္ဖဝါးျဖင့္စမ္းေနကာ
ေပြ႕ဖက္ခ်င္ဟန္ရွိသည္။
JEon လက္ေတြဟာ အနက္ေရာင္အိပ္ရာခင္းေပၚ
တေရြ႕ေရြ႕လိုက္စမ္းေနေသာ္လည္း
ကိုယ္ေငြ႕ကိုမခံစားမိ...။အအိပ္ၾကမ္းတတ္သူ
သည္ေျခရင္းလည္းေရာက္ေနတတ္တာမို႔
မ်က္လုံးေတြကိုဖြင့္ကာ ထထိုင္လၽွက္အိပ္ရာ
ေပၚၾကည့္လိုက္ခ်္ိန္တြင္ Adrian မရွိေနပါ....။
"Adrian....."
မတိုးမက်ယ္ေခၚလိုက္ေသာ္လည္းတုံ႔ျပန္မွုမရွိ။
JEonဟာေခတၱစဥ္းစားဟန္ျပဳၿပီးေနာက္
အိပ္ရာေပၚမွဆင္းလိုက္ကာ ေပါ့ေပါ့ပါးပါး
အဝတ္အစားတစ္စုံကိုဝတ္ဆင္လိုက္သည္။
ေရခ်ိဳးခန္းေတြ....အိမ္သာေတြ...ကို
လိုက္ဖြင့္ၾကည့္ေတာ့လည္းမရွိ။
"Adrian...ကေလးေရ.....!!"
အိမ္ႀကီးသည္ Jeonအသံတစ္ခုမွလြဲ၍
က်န္တာမရွိ...။အထူးတိတ္ဆိတ္ေနခဲ့သည္။
JEonဟာ သူ႔အခန္းက်ယ္ႀကီးထဲကထြက္လာကာ
တစ္ဖက္အခန္းေလး၏တံခါးကိုဖြင့္လိုက္သည္။
ရွင္းလင္းေနေသာအခန္းသည္Adrian လုံးဝမဝင္
ထားတာသိသာပါ၏။
"Adrian!!!.."
မသိစိတ္ဟာသိပ္ေၾကာက္စရာေကာင္းပါ၏။
လူေတြဟာတစ္ခုခုျဖစ္ေတာ့မယ္ဆ္ိုစိတ္ထဲက
အလိုလိုေျခာက္ျခားလာတယ္ဆိုတာယုံတမ္းမဟုတ္။
JEonသည္ ရွာစရာၿခံအက်ယ္ႀကီးႏွင့္
ေအာက္ထပ္တထပ္လုံးရွိေနေသးေသာ္လည္း
အလြန္အမင္းေၾကာက္လန့္လာခဲ့ပါသည္။
"Jimin....!!"
ေလွကားေတြအတိုင္းေျပးဆင္းလာၿပီးတဲ့ေနာက္
ေအာက္ထပ္တစ္ထပ္လုံးရွိေနရာအႏွံ့အျပား
ကိုရွာခဲ့သည္။ထမင္းစားခန္းထဲတြင္
အေဒၚႀကီးေရာက္ေနကာ မနက္စာျပင္ေနဟန္
ရွိတာမို႔Jeonက အားတက္သေရာေျပးသြားလိုက္ကာ
"အန္တီ....Adrian ၿခံထဲမွာမလား.....
ၿခံထဲက အပင္ေအာက္မွာ မလား...
ပန္းသီး စား ေနတယ္မလား...."
"မေတြ႕မိဘူး Jeon....သူအိမ္ျပန္ေရာက္ေနၿပီလား..."
JEonဟာ ၿခံထဲကိုေျပးဆင္းသြားလၽွက္
တစ္ၿခံလုံးေနရာလပ္မက်န္ရွာေဖြခဲ့ျပန္သည္။
အိမ္ထဲျပန္လာကာလက္ကိုင္ဖုန္းဆီေျပးလၽွက္
Adrian ကိုဖုန္းေခၚခဲ့ေပမယ့္ မရခဲ့....။
ေက်ာင္းသြားတာ....မဟုတ္ရင္...
သေရစာေတြနည္းေနလို႔ သူသြားဝယ္ေနတာ...
လမ္းေလၽွာက္ထြက္တာ...
အခ်ိန္တန္ရင္ အိမ္ကိုျပန္လာမွာ.....
အရင္လိုပဲ အရင္အတိုင္းပဲ....
ညက အေပးအယူေတြမၽွၿပီး ႏွလုံးသားတစ္ခုလုံး
ခ်ျပအသုံးေတာ္ခံၿပီးၿပီးပဲ Adrian စိတ္တိုင္းမက်
နိုင္စရာအေၾကာင္းေတာ့မရွိေတာ့ေလာက္ပါဘူး....။
Jeonသည္အိမ္ေပၚထပ္အခန္းဆီျပန္ေျပးလာျပန္သည္။
အဝတ္အစားေသခ်ာလဲၿပီးခ်က္ခ်င္း
ရွာေဖြခ်င္လို႔...။ျပန္လာမွာသိေနလည္း
ဘာလို႔သူမေစာင့္ေနခ်င္မွန္းကိုယ့္ကိုကိုယ္နားမလည္
စိတ္သည္ ခ်က္ခ်င္းAdrian ကိုေတြ႕ခ်င္ေနခဲ့သည္။
အဝတ္အစားေတြခပ္ျမန္ျမန္လဲၿပီးတဲ့အခါ
အလုပ္စားပြဲေပၚက ကားေသာ့ကိုသြားေျပးယူ
လိုက္ခ်္ိန္တြင္ အလုပ္စားပြဲေပၚတြင္
ဖိနပ္ျဖဴေလးတစ္ဖက္......။
ေနာက္တစ္ဖက္သည္ စားပြဲေအာက္မွာရွိေနသည္။
ညစ္ပတ္ေနေသာဖိနပ္ျဖဴေလး၏ေအာက္တြင္
စာရြက္ေလးတစ္ရြက္ဖိႏွိပ္ထားသည္။
JEonသည္ ျမန္ျမန္ဆန္ဆန္ယူကာ
စာရြက္ေခါက္ေလးကိုဖြင့္ဖတ္လိုက္သည္။
....Sorry James....
Adrian....။
ေဆာင္းဦးေလေလးတစ္ခ်က္Jeonဆီကိုတိုးေဝွ႕
တိုက္ခတ္သြားခဲ့တဲ့အခါဆံပင္ေတြလြင့္သြားသည္။
စာရြက္ကိုကိုင္ထားခဲ့ေသာလက္ေတြသည္
တုန္ခနဲ....။
အိမ္ႀကီးထဲမွကားအနက္ေရာင္သည္ညကလိုပဲ
အရွိန္ျပင္းစြာၿခံထဲမွေမာင္းႏွင္ထြက္သြားေတာ့သည္။
.................။
အဲ့ဒီေန႔ကစ Adrian ဟာJamesဆီကိုလုံးဝ
ျပန္မလာေတာ့ဘူး....Adrian ရဲ့သတင္းအစအန
ေတြကိုလည္းဘာမွမသိရေတာ့ဘူး....
Adrian ဘာေၾကာင့္ေပ်ာက္ဆုံးသြားတယ္
Adrian aဘာေတြျဖစ္ခဲ့သလဲဆိုတာ
Adrian ဘယ္လိုေၾကာင့္မ်ားJamesကို
တစ္သက္လုံးထားခဲ့သလဲဆိုတာAdrian က
လြဲၿပီးဘယ္သူကမ်ားသိနိုင္မွာလဲ........။
Adrian က Seaဆီကိုပဲ ေျပးသြားခဲ့တယ္....။
Adrian ခက္ခက္ခဲခဲေျပးလႊားသြားခဲ့တာ
သူငယ္ခ်င္းေကာင္ေလးဆီကိုပဲ....။
လူႀကီးတစ္ေယာက္ဟာ ဒုတိယအႀကိမ္မွာ
လည္း႐ူးမတတ္လိုက္ရွာခဲ့ပါတယ္...။
မတူေတာ့တာက ဒုတိယအႀကိမ္မွာ
Adrian ကိုလုံးဝရွာမေတြ႕ခဲ့ေတာ့ပါဘူး....။
................။
February..........။
Adrian ဖခင္ျပန္လြတ္လာခ်ိန္။
မနက္ခင္း.......။
ပန္းစည္းတစ္စည္းကိုင္လၽွက္ေထာင္ေရွ႕ကို
ေျခလွမ္းတစ္လွမ္းခ်င္းဆီေလၽွာက္လာခဲ့သည္။
ေထာင္ဝမွ လူတစ္ေယာက္ထြက္လာတဲ့အခါ
Jimin ေျခလွမ္းေတြကိုရပ္လိုက္၏။
"သား.....!!"
၁၃ႏွစ္သားတုန္းကတစ္ခါJeonနဲ႔လိုက္လာခဲ့ၿပီး
ေနာက္ပိုင္းေပၚမလာေတာ့ေသာ အေနစိမ့္သူ
သည္ ဒီေန႔ကိုေတာ့ေရာက္လာေပးလို႔
ေပ်ာ္ရႊင္မွုကေျပာ၍မျပတတ္။
"Jimin...."
ဝမ္းသားလြန္းစြာေျပးဖက္မိတဲ့အခါ
ယိုင္သြားေသာခႏၶာကိုယ္ေလး...။
လက္ကေလးေတြဟာ ျပန္ေပြ႕ဖက္လာျခင္းေတာ့
မရွိခဲ့ပါ။
"ပန္းစည္း....ဂုဏ္ျပဳပါတယ္..."
အျပဳံးအရီတစ္ခ်က္မွမရွိ။ေပ်ာ္ေနတာလား
ဝမ္းနည္းေနတာလားလို႔ မခန့္မွန္းနိုင္ေသာ
မ်က္ႏွာသည္ ေအးစက္လြန္းလွသည္။
အေနေတြအရမ္းေဝးလို႔လည္းျဖစ္ပါလိမ့္မည္။
ဘာျဖစ္ျဖစ္သူ႔ေသြးသားေလးပဲဟာ။
လက္တစ္ဖက္နဲ႔ပီးပီးေရာေပးခဲ့ေသာပန္းစည္းကို
ယူလိုက္ကာ ထပ္ျပဳံးျပေတာ့လည္း
ပကတိအတိုင္းတည္ၿငိမ္စြာ။
"အမ်ားႀကီးလြမ္းေနခဲ့တာ...Adrian ေလးရယ္..."
ေခါင္းၿငိမ့္ျပသည္...။ခံစားခ်က္မရွိေသာ
မ်က္ဝန္းျပာေတြသည္ ပထမဆုံးျပန္ေတြ႕ရလို႔လားမသိ
လိုတာထက္ပိုစြာေအးစက္လြန္းေနသည္။
စိတ္ထဲေတာ့မေကာင္းလွ။
ေခါတ္မွီလြန္းသည့္ဝတ္စားဆင္ယင္မွုနဲ႔
သိပ္ေခ်ာလြန္းေသာသားဟာ
သူနဲ႔ဘယ္ေနရာမွမတူေနပါ။
ေဆာင့္ႂကြားႂကြားျဖင့္ အထက္တန္းတုန္းက
Jeonကို ခ်ဳံ႕ၾကည့္ေနရသလိုပဲ....။
ဟုတ္ပါရဲ့ ျပဳစုပ်ိဳးေထာင္ထားတာကသူမွ
မဟုတ္တာ...။JeonJungkook ေလ..
JeonJungkook ကဘယ္သူမလို႔လဲ....
သူတို႔ေခါတ္အခါတုန္းက
တစ္ေက်ာင္းလုံးၿပိဳင္ဆိုင္မရဲတင္းရဲေသာ
အေတာ္ဆုံးအထက္ဆုံးေက်ာင္းသားမလား။
ပန္းစည္းေပးတဲ့တစ္ခ်ိန္သာတပ္ထားေသာ
ေနကာမ်က္မွန္ကိုခၽြတ္ၿပီးအတူတူလမ္းေလၽွာက္
လာခဲ့ေသာအခ်ိန္တြင္ျပန္တပ္လိုက္တဲ့သူ။
အနည္းငယ္ညိဳေနေသာမ်က္လုံးေတြကို
အကာအကြယ္ျပဳခ်င္၍ျဖစ္လိမ့္မည္။
ကိုယ္ရည္စစ္သြား၍လားမသိ...
သားဟာျပည့္ေဖာင္းမေနေတာ့ပါ။
စီးကရက္ထုတ္ကာ မီးညႇိေနပုံသည္ကၽြမ္းက်င္ပိုင္နိုင္
လၽွက္....။
ေသာက္တတ္ေနၿပီလားဟုအေလာတႀကီး
ေမးလိုက္ခ်င္ေပမယ့္သားပုံစံက
ေမးစရာပင္မလိုခဲ့ပါ။
"ကိုယ္ရည္စစ္သြားတဲ့ပုံပဲေဖေဖကသားကို
ဝတုတ္ေလးျဖစ္လိမ့္မယ္ထင္ေနတာ
မင္းကသိပ္ၾကည့္ေကာင္းတဲ့ေကာင္ေလး
အျဖစ္ လွလွေလးႀကီးျပင္းလာတာပဲ..."
လူအသြားအလာမရွိေသာသစ္ရြက္ေျခာက္
ေတြေႂကြေနေသာအပင္ႀကီးေအာက္တြင္
Jimin ကေျခလွမ္းေတြကိုရပ္တန့္လိုက္သည္။
အေဖျဖစ္သူႏွင့္မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ကာ
စကားေျပာဖို႔အရွိန္ယူေနတဲ့ပုံ။
"Jimin....ေဖေဖ နဲ႔ျပန္ဆုံရတာ မင္းမေပ်ာ္ဘူးလား
ေဖေဖတို႔မေတြ႕ရတာ အရမ္းၾကာေနၿပီေလ
ေဖေဖ့ကို တစ္ခုခုမ်ားစိတ္ခုစရာရွိေနလား"
"မရွိပါဘူး...."
"JEon ေရာ.....သူလိုက္မလာဘူးလား
ဒီေန႔ကသူ႔ကို အေဖတို႔သားအဖႏွစ္ေယာက္လုံး
ေက်းဇူးတင္စကားေတြေလးေလးနက္နက္
ေျပာရမယ့္ေန႔ေလ ....."
သားမ်က္ႏွာပိုၿပီးေအးစက္ေတာင့္တင္းသြား
သလိုပဲ။ပထမဆုံးေတြ႕ရလို႔ျမင္ေနမက်လို႔
လားမသိ...ေမြးထားရေသာကေလးဆိုေပမယ့္
Jimin ထံကအေငြ႕အသက္ေတြသည္
ေကာင္းျခင္းေတြခံစားမရေနပါ။
မေတြးရက္မေတြးခ်င္ေပမယ့္ အေမျဖစ္သူ
ေသဆုံးျခင္းနဲ႔ အေဖျဖစ္သူႏွစ္ရွည္ေထာင္က်
ခဲ့သည့္အေရးကိုၿပိဳင္တူခံစားခဲ့ရစဥ္က
မ်က္လုံးေတြထက္ပို က်ိဳးပဲ့ေနသည္။
"ေက်းဇူးတင္ပါတယ္အေဖ....."
"ဘာအတြက္လဲ....."
"James...နဲ႔ ဆုံခြင့္ေပးခဲ့လို႔....."
ေပ်ာ့ေပ်ာင္းသြားေသာအေငြ႕အသက္မ်ားႏွင့္
မ်က္ႏွာသည္ လွိုက္လွဲစြာေက်းဇူးတင္ေန
ေၾကာင္းသိသာပါသည္။
Mr Parkက ျပဳံးသြားခဲသည္။
ျပဳံးေနေသာမ်က္ႏွာကို Jimin က
စူးရဲစြာစိုက္ၾကည့္ကာေနာက္ထပ္စကားေတြကို
ေအးစက္လြန္းေသာေလသံျဖင့္ထပ္ေျပာလာခဲ့သည္။
"အေဖလူသတ္လည္းကၽြန္ေတာ္ခြင့္လႊတ္ခဲ့တယ္ေနာ္"
ေနာက္ထပ္စကားတြင္အျပဳံးတို႔မဲ့ခနဲ။
"ဒါေပမယ့္ ဒါကိုေတာ့ ကၽြန္ေတာ္ခြင့္္မလႊတ္နိုင္ဘူး"
"ဘာကိုလဲ.....Jimin..."
"James နဲ႔ ဆုံခြင့္ေပးခဲ့လို႔....."
ေနာက္တစ္ေခါက္ေသာၾကည့္လာပုံသည္
ျပတ္ရွလြန္းပါ၏။
"ျပႆနာေတြရွိေနၾကတာလား....
မင္းတို႔အဆင္မေျပၾကဘူးလား...."
"ကၽြန္ေတာ္ သူနဲ႔အတူတူမရွိေတာ့တာလတခ်ိဳ႕
ၾကာၿပီ...ဘယ္ေတာ့မွသူ႔ဆီကိုမျပန္ေတာ့ဘူး
ကၽြန္ေတာ္ဘယ္မွာေနေနလဲဆိုတာလည္း
အေဖသိဖို႔မလိုဘူး....အေဖထြက္လာလို႔လည္း
အေဖနဲ႔ကၽြန္ေတာ္အတူတူေနမွာမဟုတ္ဘူး"
"ဘာေတြျဖစ္ေနတာလဲJimin.....
အေဖ့ကို ပြင့္ပြင့္လင္းလင္းေျပာျပစမ္းပါ...."
"ဒီထက္ပြင့္လင္းစရာေတာ့ဘာမွမရွိေတာ့ဘူး
ကၽြန္ေတာ္နဲ႔ရြယ္တူေကာင္ေလး
တစ္ေယာက္နဲ႔အတူတူေနေနတယ္..."
"မင္းရဲ့...ခ်စ္သူလား....."
"..........."
"Adrian မင္းအေမလိုနားမလည္နိုင္စရာ
ေတြငါ့က္ိုမလုပ္နဲ႔ေနာ္..."
"လိုရင္းက အေဖ....အသက္ရွည္ရွည္ေနပါ
ကိုယ့္ကိုကိုယ္ အမ်ားႀကီးဂ႐ုစိုက္ပါ....
ခြင့္မလႊတ္နိုင္ျခင္းနဲ႔ ေက်းဇူးတင္ျခင္းႏွစ္ခုမွာ
ေက်းဇူးတင္ရျခင္းက ပိုပါတယ္..."
ေပြ႕ဖက္လာမွုသည္ေႏြးေထြးမွုကိုအျပည့္အဝ
ေတာ့ခံစားရပါသည္။
သားရဲ့ခႏၶာကိုယ္ေသးေသးေလးအား
ခပ္တင္းတင္းျပန္ေပြ႕ဖက္လိုက္ကာ
ဘာေတြျဖစ္ပ်က္ေနလဲဆ္ိုတာ
ေခါင္းေအးေအးရွိမွေခ်ာ့ေမာ့ေမးလိုက္မည္။
စိတ္လိုလက္ရေလးဖက္ထားတုန္း
တာဝန္မေက်ခဲ့ရေသာကေလးေလး၏
အေႏြးဓာတ္ေလးကိုခံစားခ်င္ပါေသးပါသည္။
"အတူတူေနတာ မင္းခ်စ္သူျဖစ္ေနလို႔
သံေယာဇဥ္မျပတ္လို႔ အေဖနဲ႔လာမေနနိုင္ေသးရင္
ေစာင့္ေနမယ္ Adrian ....အေဖတို႔ေနခဲ့တဲ့
အိမ္ကေလးမွာပဲ...ႏွုတ္ဆက္ၿပီးရင္ျပန္လာပါ
အတူတူေခၚလာခ်င္လည္းရပါတယ္
အေဖ့ ကေလးေလး...လိုခ်င္တာျဖစ္ခ်င္တာ
အားလုံး မေသခင္မွာျဖည့္စည္းေပးေတာ့မွာ...."
"မေသပါနဲ႔.....ရွင္သန္ပါ ....
ဘဝတစ္ခုမွာ ရွင္သန္ျခင္းကအေရးႀကီးဆုံးပါပဲ"
"ဟုတ္ပါၿပီ......ခ်စ္တယ္ Adrian
အေဖ ကေလးေလးက္ို သိပ္ခ်စ္ပါတယ္..."
တုံ႔ျပန္ျခင္းဟာေခါင္းေလးတဆက္ဆက္
ၿငိမ့္႐ုံ...။သစ္ရြက္ေျခာက္ေတြသည္တစ္ရြက္ခ်င္း
ေပြ႕ဖက္ရာဆီကိုေႂကြက်လာၾကသည္။
ေႏြဦးလား မိုးဦးလား ေဆာင္းဦး လားေတာင္
Adrian မသိခဲ့ပါ........။
ဦးေႏွာက္နဲ႔ ႏွလုံးသားအခ်ိတ္အဆက္ေတြလည္း
မမိေန...။
ဘယ္အရာကိုၾကည့္ၾကည့္ဗလာႀကီးပဲ....
သံစဥ္ေတြကိုလည္းမခံစားတတ္ေတာ့သလို
အေရာင္ေတြအေပၚလည္းစိတ္လွုပ္ရွားမွုမရွိ။
ကမၻာႀကီးကသပ္သပ္Adrian ကသပ္သပ္ပါပဲ။
Sorry တစ္လုံးကို ဖိနပ္စုတ္ေလးနဲ႔ဖိၿပီး
ခပ္ေပါ့ေပါ့ ပစ္ထားခဲ့ေသာ
လူတစ္ေယာက္ အဘယ္မၽွေလာက္႐ူးေနၿပီဆိုတာ
သိသလိုလို....မသိေတာ့သလိုလို....
ေရးလက္စဇာတ္အိမ္ေတြထဲေမ်ာပါေရး
ေနရင္းမွ ဇာတ္အိမ္တျခား ကိုယ္ကတျခား
အစေတာင္ျပန္ေကာက္မရေတာ့ေသာ
စာေရးသူေတြရဲ့လမ္းေပ်ာက္မွုလို....
လက္ရွိလား အတိတ္လား...ဘယ္ကာလ
ေတြမွန္းမေရမရာနဲ႔ Adrian သည္
James ဘုရင္ေနရာေပးထားေသာ
ခမ္းနားလြန္းသည့္အိမ္ေတာ္ႀကီးနဲ႔
ဆန့္က်င္ဘက္ဘယ္သူမွမသိနိုင္ေသာ
ေနရာတစ္ခုသို႔ဦးတည္ထြက္သြားခဲ့ပါသည္။
..............................။
Advertisement
- In Serial46 Chapters
Maou : Summoning [Hiatus]
When you summon a hero to save your world, there's always the risk that something might go wrong. But when you summon an overpowered Demon Lord from another dimension, that might just be fate.
8 144 - In Serial24 Chapters
Immortal on Earth (Dropped, sorry)
Earth. A world without cultivators, Qi or anything extraordinary. At least to the general public it is. An ancient cultivator gets reincarnated into this world, unaware of the changes his arrival will cause. For things are starting to move within the shadows, waiting for their chance to reclaim what was once theirs. And what secrets lie hidden on Earth, a world separated from the rest of the multiverse since eons past? A search for answers begins, as the cultivator tries to regain his old strength and gathering comrades to fend of the terrors he has caused.
8 236 - In Serial34 Chapters
Lost then found (eren x reader)
You and Eren have known each other forever. When shinganshina is breached you loose each other. You believe he's dead and him you. what will happen when you both join the cadets.( Disclaimer: I do not own attack on Titan or its characters)
8 164 - In Serial54 Chapters
A Dryflame Child's Life (Rewriting)
This is a barren synopsis, go back.
8 118 - In Serial71 Chapters
Tidel Wave Nico Di Angelo x Reader
Completed (: Warning: this is my first work! To me, it's kinda cringe but I need to edit it. (: kinda cliche I guess.You are 15 years old and the only half-blood that Nico Di Angelo can stand. Little do they know that they have crushes on each other. This is after the second titan war and war with Gaea. This will have quest, drama, almost dying and more.I DONT OWN THESE CHARACTERS: ALL RIGHTS TO RICK RIODAN!!!!
8 111 - In Serial37 Chapters
Who Let The Vamps Out? (Boyxboy) ✔
*COMPLETED* (08.05.20)Noah Sorin is a 17-year-old genius who is sent on a mission to the Elite high school, Bran Prep High.His investigation? Vampires. What happens when Noah stumbles upon Aleksei Maksim Griffon, a vampire with beautiful pale skin, unruly raven-hair and eyes as blue as the ocean? "Don't fall in love with a vamp," they'd warned him."I won't," was what he said. But a story of heartbreak, forbidden love, and undying passion unravels as he discovers the secrets of the supernatural.***This book is a boy x boy story.Best ranking:#58 gay : 01.12.20#102 fiction (04.05.20)#69 featured (04.05.20)#10 lgbt (15.05.20)#10 lbtq (15.05.20#92 supernatural#75 featured (03.05.20)#94 vampire#89 teenfiction#4 supernatural (15.10.20)Rankings: #fiction #featured #queer #gay#depression#bl#youngadult#featured #comedy#bisexual #manxman#teen fiction #boyxboy #bxb #LGBT #romance#vampire#supernatural#werewolf
8 207

