《Adrian》8
Advertisement
October14.....10:30PM...။
"အန်တီ....Adrian ရော....."
ပြဿနာဟု အစ်မကအကြီးအကျယ်တွေ
ယောက်ယက်ခတ်နေပေမယ့်လည်း
အဖေဟာ အေးဆေးပါပဲ...။
New Yorkကို လိုက်လာခဲ့ပေမယ့်
JEonနဲ့မျက်နှာချင်းတောင်မဆိုင်ဖြစ်ခဲ့ပါ။
JEon က တခြားလုပ်ငန်းပါတနာတွေနဲ့
ပါတီတစ်ခုကိုသွားတက်နေရသည်။
အဖေကလည်းတွေ့ဆုံမှုတစ်ခုရှိတာကြောင့်
အဲ့ဒီတွေ့ဆုံမှုပြီးတဲ့အခါ ဆိုးလ်ကိုတန်းပြန်သွားခဲ့သည်။
အစထဲက ရင်းနှီးစွာမနေတတ်သူတွေမို့
ခပ်တန်းတန်းပင်....။
ဘယ်သူနဲ့တွေ့ဆုံခဲ့သလဲဆိုတာJeonစိတ်မဝင်စား
ခဲ့ခြင်းသည် အရာအားလုံးအစ အရာအားလုံးရဲ့
အဆုံးပဲ...။
ည၁၀နာရီကျော်လွန်လာတဲ့အခါ
JEon ထမင်းစားခန်းထဲသို့ရောက်လာခဲ့သည်။
"ပြန်မလာဘူး Jeon...."
အန်တီဟာ လုပ်ပေးနေကျ သူပြန်လာရင်
ကျွေးဖို့ပန်းသီးလေးတွေစိတ်နေခဲ့သည်။
"Adrian အတွက်လား....."
"စိတ်ပြီးသပ်သပ်သိမ်းထားပေးတာကြာပီ
ကလေးဟိုတစ်ခါ ပြဿနာဖြစ်ထဲက
သနားလို့ပါ...."
JEonကပြုံးကာပန်းသီးစိတ်လေးတစ်စိတ်ကို
ယူစားလိုက်သည်။
"သိပ်ချစ်တာပဲလား...သူ့ကို..."
မေးတဲ့အခါ အနောက်တိုင်းသူကြီးက
JEonကို ပြန်ပြုံးကြည့်လာခဲ့သည်။
"JEon လောက်တော့မဟုတ်ပါဘူး...."
JEonဟာ မျက်နှာလွှဲသွားကာမသိမသာ
တွန့်ချိုးသွားသောနှုတ်ခမ်းပါးလေးတွေ။
"ကျွန်တော် ဖုန်းခေါ်ကြည့်လိုက်အုန်းမယ်
အိမ်ပြန်ချိန်က အရမ်းနောက်ကျနေပြီ.."
"ကောင်းပါပြီ...."
Adrian ဆိုတဲ့ဖုန်းနံပါတ်လေးကို
ပြင်းထန်စွာဆူဟောက်ဖို့Jeonဖုန်းခေါ်လိုက်သည်။
စက်ပိတ်ထားပါသည်ဆိုတဲ့
ဖြေကြားမှုအပေါ် ထုံးစံအတိုင်းမို့
ဖုန်းကိုတစ်နေရာသို့ပစ်တင်ကာတစ်ခုခုဇိမ်ခံရင်း
စောင့်နေရန်တွေးလိုက်သည်။
ဒေါသတော့ထွက်နေပေမယ့်အရင်လို
မျက်နှာဖုံးကြီးတစ်ခုတပ် ကလေးကိုဖြဲခြောက်
ဖို့တော့စိတ်ကူးမရှိနေပါ..။
လူတွေအားလုံးလည်း ကိုရီးယားပြန်သွားကြ
ပြီမို့ နှစ်ယောက်ထဲရှိရမည့်ဒီလိုညမျိုးမှာ
ဒေါသတော့ဒေါသပဲ ချစ်ဒေါသတွေဖြစ်နေခဲ့ပါ၏။
JEon ထပ်မံနမ်းဖို့ စောင့်နေခဲ့ဟန်တူပါသည်...။
နာရီသံသည်တစ်ချက်ချက်.......။
......................။
"Adrian..."
ပင်လယ်ကမ်းခြေတန်ဖိုးနည်းအိမ်ယာ
တစ်ခုက အိမ်သေးသေးလေး၏
တံခါးပွင့်သွားတဲ့အခါ မြင်လိုက်ရသော
လူတစ်ယောက်ကြောင့်Seaအံ့ဩသွားခဲ့သည်။
"Sea....."
"ဘယ်လိုဖြစ်တာလဲ....နောက်ကျနေပြီလေ..
ဘာဖြစ်လာတာလဲ...."
"ဘာဖြစ်ရမှာလဲ...."
Seaကအိမ်ထဲကိုခေါ်တော့ဖိနပ်ကို
လွင့်ပျံနေအောင်ချွတ်လျှက်ဝင်လာပြီး
ရှုပ်ပွနေသောပစ္စည်းတွေကြားထဲ
ဖြဲခွဲထိုင်လိုက်သည်။
"အဝေးကြီးကို....မင်းတစ်ခုခုဖြစ်လာပါတယ်...."
ဖြူဖျော့ဖျော့မျက်နှာဟာအားနည်းလွန်း
နေပြီး ကျောပိုးအိတ်ကိုဖွင့်ကာ
စားစရာတစ်ခုခုလိုက်ရှာနေသည်။
အခွံတွေပဲထွက်လာတဲ့အခါထိုအခွံတွေကို
ပြန်ထည့်နေပြန်သည်။
"ငါမင်းအိမ်မှာရက်တချို့နေပါရစေ .."
"JEon နဲ့ ပြဿနာတက်လာသလား..."
"အဆင်ပြေပါတယ်....."
"နေချင်သလောက်နေပါ...ငါတစ်ယောက်ထဲ
မို့ အထီးကျန်နေတာ....တစ်သက်လုံး
နေချင်လည်းရတယ်...."
"ကျေးဇူး....."
"ငါဘယ်မှာ အိပ်ရမလဲ...
ငါအရမ်းအိပ်ချင်နေလို့....."
"ငါ့အိပ်ရာမှာအိပ်လေ...နှစ်ယောက်မအိပ်တတ်ရင်
ငါကြမ်းပြင်ဆင်းအိပ်လိုက်မယ်..."
"ကြမ်းပြင်ဆင်းအိပ်လိုက်...
ငါသက်တောင့်သက်သာရှိနေချင်လို့..."
"ကောင်းပြီ...."
Seaသည် ဖြစ်သလိုခပ်နွမ်းနွမ်းအိပ်ရာလေး
ကိုအပြေးအလွှားရှင်းလင်းပေးကာ
ခေါင်းအုံးတွေကိုနေရာတကျသေချာပြန်လုပ်သည်။
အ်ိပ်ရာပေါ်ကဆေးလိပ်တိုတွေ
အစအနပစ္စည်းတွေကိုအမြန်ဆုံးသိမ်းဆည်းလိုက်ကာ
ပြန့်ပြန့်ပြူးပြူးဖြစ်အောင်ကြိုးစားပြီးနောက်
"Adrian ရပီ လာအိပ်တော့...."
"ငါ့ကိုမင်းနိုင်မယ်ဆိုရင် လာချီခေါ်ပါလား..."
နံရံကိုမှီနေသောတောင်းဆိုမှုတွင်Seaသည်
အိပ်ရာဆီမှJiminဆီကိုအပြေးရောက်သွားကာ
ပါးနှစ်ဖက်ကိုဖွဖွလေးကိုင်လိုက်သည်။
"ငါ့ကိုယုံကြည်လ်ို့ရပါတယ်.....
မင်းဘာတွေဖြစ်လာတာလဲ...
JEon က မင်းကို နှင်လိုက်လို့လား..."
"ထသွားရမှာပျင်းလို့ ချီခိုင်းတာ....
ဘာတွေလာမေးနေပြန်တာလဲ"
မခြားနားသောခန္ဓာကိုယ်ချင်းဆိုပေမယ့်
Jiminသည်သိပ်ကိုပေါ့ပါးလွန်းနေပါ၏။
ဘာမှထပ်ဖိအားတွေမပေးတော့ဘဲ
ပွေ့ချီကာအိပ်ရာပေါ်တင်ပေးလိုက်တော့
ခေါင်းအုံးထဲခေါင်းလေးတိုးဝင်သွားတဲ့သူ။
Seaဟာ အိပ်ရာခင်းတစ်ခုကိုခင်းလိုက်ပြီး
လှဲအိပ်လိုက်သည်။
"Sea....မင်းကိုသူဖုန်းဆက်လာလိမ့်မယ်
ငါမင်းဆီမှာမရှိဘူးလို့ပဲပြောပေးပါ..."
"ဘာကြောင့် ငါက လိမ်ရမှာလဲ...."
"ငါ ကလိမ်ဆ်ိုရင် လိမ်လိုက်လေ....."
"ငါအကြောင်းအရင်းမသိဘဲမလိမ်နိုင်ဘူး
JEonက မင်းအုပ်ထိန်းသူလေ....
အုပ်ထိန်းသူလည်းမကတော့ဘူးမလား...."
".ငါ နမ်းကြည့်ချင်ရုံ
ပွေ့ဖက်ကြည့်ချင်ရုံ...ငါထိတွေ့မိချင်ရုံပဲ....
လက်တည့်စမ်းချင်ခဲ့တာ..စမ်းပြီးပြီ....."
"စမ်းပြီးသွားတော့ မင်းမကြိုက်လို့
ရှောင်ဖယ်ပြေးလာတာပေါ့...
Jeon က လူကြီးလေ...ဘယ်ခံစားလ်ို့ကောင်းပါ့မလဲ..."
Jiminဟာ အိပ်ရာပေါ်ကနေ
ကြမ်းပြင်ပေါ်ကSeaအားပြုံးယဲ့ယဲ့နှင့်
ငုံ့ကြည့်လာတော့ Seaက ပင်လယ်ပြာရောင်
မျက်လုံးတွေနဲ့ ကြိုဆိုနေသည်။
"လိမ်လေ.....အင်း လို့ ဖြေဖို့
ငါမင်းကိုလမ်းကြောင်းတွေဖွင့်ပေးနေတယ်..."
Jiminက မီးရောင်မှိန်မှိိန်အောက်ခပ်မဲ့မဲ့ပြုံးကာ
အိပ်ရာပေါ်ပြန်လှဲချလျှက် မျက်နှာကျက်ကို
ငေးစိုက်ကြည့်နေရင်း
"အင်း....."
Seaရဲ့ရီသံသည် ခပ်လှောင်လှောင်....။
"အစထဲက လွယ်ကူတဲ့ ဆုံမှတ်တွေမှ
မဟုတ်ခဲ့တာကွာ....ဘာပဲဖြစ်လာဖြစ်လာ
သက်တောင့်သက်သာဖြစ်အောင်နေပါ
မင်းသူ့ကို မချစ်တာ ငါယုံပါတယ်..."
"ကျေးဇူးတင်ပါတယ် Sea....."
စ်ိတ်အခန့်မသင့်၍Jiminဟာအိမ်ပြေးလာခဲ့တယ်
လို့ခပ်ပေါ့ပေါ့တွေးခဲ့ကာအချိန်တန်Jeon
လာရှာဖွေတွေ့ရှိသွားတဲ့အခါအရင်လို
ပြန်လည် လည်ပတ်သွားမယ့်အချိန်တွေပဲလို့
အလွယ်တကူစိတ်ကူးပြီး
အိပ်ပျော်အောင်အိပ်လိုက်မိတာ....။
ကျွန်တော်ဘာလို့များဖြူဖျော့လာတဲ့
လှိုင်းကလေးကို ရအောင်မမေးမိခဲ့ရတာလဲ
နောင်တဟာ နောင်မှတရတယ်ဆိုရင်...
ခင်ဗျားတို့ကျွန်တော့်ကိုမချိတင်ကဲဖြစ်နေကြမှာပဲ။
မရည်ရွယ်ခဲ့ပါဘူးဗျာ...။
Adrian က ကျွန်တော့်အတွက်လှိုင်းတော့
လှိုင်းပဲ....ကမ်းခြေနားမှာတလွင့်လွင့်နဲ့
လှနေတဲ့ သေးငယ်တဲ့လှိုင်းတော့မဟုတ်ဘူး...
ဆူနာမီ.....။
သေလောက်အောင်အိပ်ချင်နေသော်လည်း
ရူးလောက်အောင်ဒီနေ့တစ်နေ့တာဟာ
ပင်ပန်းလာခဲ့သော်လည်းမပိတ်သွားနိုင်သော
မျက်လုံးတွေဟာ ကြောင်တောင်တောင်...။
မျက်တောင်သည်မိုးလင်းခါနီးအထိပုံမှန်ခတ်နေလျှက်။
စောင့်နေတော့မှာပဲ...သူတစ်ညလုံး
မအိပ်ဘဲစောင့်နေတော့မှာ.....
ပြန်မလာတော့ဘူး....ဘယ်တော့မှကျွန်တော်ပြန်မလာ
Advertisement
တော့ဘူး James
မတောင်းပန်ဘူး....ဘယ်တော့မှမတောင်းပန်ဘူး...။
နောက်ဘဝကျရင်....ကျွန်တော်အားနည်းတဲ့
ကောင်အဖြစ်ဘယ်တော့မှမမွေးဖွားဖို့
ဆုတောင်းမယ်.....။
နောက်ဘဝကျရင်...အနိုင်ကျင့်ခံရတဲ့
သေးသေးနုတ်နုတ်ကောင်အဖြစ်
မဖြစ်တည်လာဖို့ဆုတောင်းမယ်....။
နောက်ဘဝကျရင်....
နောက်ဘဝကျရင်ပေါ့ Jeon...
ခင်ဗျား နှုတ်ခမ်းလေးတွေကို တစ်ခါလောက်လေး
ခိုနားမိတာနဲ့ ကမ္ဘာပြိုခဲ့ရတဲ့ အရေးမျိုးကို
ကျွန်တော် ရင်ဆိုင်နိုင်တဲ့ သတ္တိအပြည့်ရှိတဲ့
လူတစ်ယောက်အဖြစ်မွေးဖွားချင်ပါတယ်......။
ကျွန်တော်ခင်ဗျားကိုသတိတွေရလိုက်တာ...
တစ်ဘဝလုံးတော့ စောင့်မနေပါနဲ့တော့ဗျာ.....။
..............................။
October 16 ဆိုးလ်............။
ဝုန်းခနဲသော Private Meeting တံခါးသည်
ပွင့်ထွက်သွားခဲ့ကာခေါင်းရင်းတည့်တည့်တွင်
ထိုင်နေသော Jeon Group၏ ဥက္ကဌသည်
ဝုန်းဒိုင်းကျဲဝင်လာသော သားဖြစ်သူအား
အေးစက်စက်လှမ်းကြည့်လာသည်။
"ဘာကိစ္စလဲ....JungKook..."
JEonဟာ နက်ဆွေးနေသောပြင်ဆင်မှုများဖြင့်
ပြောင်ရှင်းနေသောမျက်နှာသည်
တင်းမာခက်ထန်လွန်းနေကာအဖေဖြစ်သူဆီ
ခပ်မြန်မြန်လျှောက်လာခဲ့သည်။
"သူ့ကို ဘာလုပ်လိုက်တာလဲ....."
"ဘယ်သူ့ကို ငါက ဘာလုပ်ရမှာလဲ...."
"မသိချင်ယောင်ဆောင်မနေနဲ့..."
"ငါ Meeting လုပ်နေတယ်...
မင်းယောက္ခမလောင်းပါ ရှိနေတယ်နော်"
"ကျွန်တော့်Adrian ဘယ်မှာလဲ...
ကျွန်တော့်ဆီပြန်မလာတော့ဘူး
ကျွန်တော် ကလေး....."
အဖေ့ဖြစ်သူ၏မျက်နှာဆီတိုးကပ်ကာ
အက်ကွဲကွဲJeonဟန်ပန်ကြောင့်
အဖေဖြစ်သူ၏မျက်နှာသည်အပြိုင်အဆိုင်တင်းမာ
သွားကာ Jeonကိုအပြင်သို့ဆွဲဆောင့်ခေါ်လာခဲ့သည်။
"မင်းဘယ်လိုတောင်ရုပ်ပျက်ဆင်းပျက်
နိုင်ရတာလဲJeonJungKook!!!!..."
"Adrian ပျောက်နေတယ်...အဖေ...
ကျွန်တော် NewYorkတစ်ခုလုံး
မြေလှန်ပြီးပြီ.....ဘယ်မှာလဲ....."
"ငါမသိဘူး ...အရွယ်ရောက်နေပြီပဲ
မင်းနဲ့မနေချင်တော့လို့ထွက်သွားတာမျိုး
လည်းဖြစ်မှာပေါ့...အဲ့ကိစ္စကိုထားပြီး
မင်းနဲ့ငါမျက်နှာချင်းဆိုင်တွေ့တုန်းယွန်အာနဲ့
လက်ထပ်ဖို့ကိစ္စပြောရအောင်....."
"သူ့ကို ကျွန်တော်ငြင်းပြီးပြီ....
လက်ထပ်တဲ့ကိစ္စမရှိတော့ဘူး...."
"အဲ့ဒီလောက်လွယ်ကူနေရအောင်
ယွန်အာ ကမင်းပြုစုခယခဲ့တဲ့
အရူးကောင်လို တစ်ကောင်ကြွက်
မိဘမဲ့မဟုတ်ဘူးနော် ....."
JEonမျက်လုံးတွေ၏အရောင်တွေသည်
အခိုးအငွေ့တွေထွက်မတတ်။
"ဘယ်လိုစကားမျိုးပြောလိုက်တာလဲ...အဖေ"
"ငါမင်းကိုမွေးထားခဲ့တာJungKook
မိဘတစ်ယောက်အနေနဲ့ငါဒီကိစ္စကို
လုပ်လိုက်တာနည်းနည်းလေးမှမမှားဘူး"
လုပ်လိုက်တာ....ဆိုတဲ့စကားအဖေ့ပါးစပ်က
ထွက်လာ၍Jeonသိပ်လန့်သွားခဲ့သည်။
"ဘာလုပ်လိုက်တာလဲ...ကျွန်တော့်ကလေးကို
ကျွန်တော့်Adrian ကို
အဖေ ဘာတွေများလုပ်လိုက်ပြီလဲ..."
"ကလေး လို မွေးခဲ့ရင် ...မင်းတစ်သက်လုံး
ကလေးလို ဖြူစင်သန့်စင်မှပေါ့
မင်းဘယ်ခြေလှမ်းတွေလှမ်းနေလည်းဆိုတာ
ငါမသိဘူးထင်နေလား...
ငါဒီမီးလောင်တော့မယ်ဆိုတာသိနေလို့
ကြိုတင်အကွက်တွေချခဲ့တာ..."
"ဆင်ခြင်ခဲ့ပါတယ်...ကျွန်တော်ရှောင်လို့ရသမျှ
နည်းအားလုံးနဲ့ရှောင်ခဲ့ပေမယ့်မရလို့ပါ...
မဖြစ်သင့်မှန်းသိပေမယ့် ဖြစ်ချင်နေတယ်...
ဆက်ဖြစ်သွားမှာပဲ...."
"JeonJungKook!!!"
"ယွန်အာ ကို လက်ခံခဲ့တာ ထွက်ပေါက်တစ်ခု
များဖြစ်လာမလားလို့....ဒါပေမယ့်
ကျွန်တော်တို့နှစ်ယောက်ချည်ထားတဲ့ကြိုးတွေက
ပါးစပ်ကထုတ်ပြောဖွင့်ဟဖို့မလိုတဲ့အထိ
ထပ်တူထပ်မျှဖြစ်နေတယ် ...."
"ငယ်လွန်းသေးလို့ စိတ်ကစားတာပါ
သူအရွယ်ရောက်စမှာ ပထမဆုံးအထိအတွေ့က
ကျွန်တော်ဖြစ်နေလို့ ငြိတွယ်တာပါ
ကျွန်တော်အသက်နဲ့ဒီကလေးလေး
ဘယ်လိုမှမတန်ပါဘူးလို့တရားတွေလည်းချခဲ့ပါတယ်...
မထိန်းနိုင်တော့လို့ပါကျွန်တော့်အတွက်
အရမ်းခက်ခဲလွန်းလို့ပါ အဖေတောင်းပန်ပါတယ်.."
လူတိုင်းမှာ ကိုယ်စီကိုယ်ငှအစိုင်အခဲတွေ
ရှိခဲ့ကြမယ်ဆိုရင်....Jeon အဖေဖြစ်သူမှာ
လည်းသိမ်းဆည်းထားသောအဖုအထစ်တွေ
အများကြီးရှိပါလိမ့်မည်။Jeonအင်္ကျီစကို
ဆောင့်ဆွဲယူလိုက်ကာ
"မင်းအသက်၂၃နှစ်ထဲကဒီကလေးကို
မမွေးရဘူးလို့ငါတို့ဝိုင်းတားခဲ့တယ်
ရွာလွန်ရွက်တိုက်ပြီး
ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးရှိခဲ့တဲ့
မိသားစုကနေ ခွဲထွက်ပြီး အဝေးကြီးမှာ
အဲ့ကလေးလက်ကိုဆွဲပြီးသွားနေတယ်....."
"အဲ့ဒီအချိန် Jeon မင်းကလည်း
ငါတို့အိမ်ရဲ့အငယ်ဆုံးကလေးလေးပဲလေ
တစ်သက်လုံးငါ့စကားမြေဝယ်မကျတဲ့
မင်းက NewYorkကနေ ဆိုးလ်ကို
ခြေဦးတောင်မလှည့်ခဲ့တော့ဘူး
ဘာလို့လဲ အဲ့ဒီကလေးလေးနဲ့မင်းကို
ငါတို့ခွဲမှာစိုးလို့...."
"ရွယ်တူသက်တူတွေဘဝကို
အတောင်ပံကိုယ်စီတပ်နေကြချိန်
မင်း အဲ့ကောင်လေးကိုပဲကျောင်းပို့ကျောင်းကြို
လုပ်နေခဲ့တယ်..မင်းခေါင်းထဲမှာ
ParkJiminနဲ့ပဲစပြီး ParkJiminနဲ့ပဲဆုံးခဲ့တယ်...
မင်းအမေက မင်းကိုလွမ်းလို့ငိုတိုင်း
ငါတို့ParkJimin ကိုပိုမုန်းတယ်...."
"အဲ့ဒီကလေးကြောင့်မိသားစု
အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို
ခြေစုန်ကန်ပြီး မင်းကမင်းသဘောအတိုင်း
ဘာအရောင်မှထွက်လာမှာမဟုတ်တဲ့
အဲ့ဒီကောင်လေးဘဝကိုပဲ တည်ဆောက်ပေးနေခဲ့တယ်
ငါတို့ကိုအသက်ရှင်နေတယ်လို့တောင်
မင်းသဘောမထားခဲ့ဘူး.....
မိဘရယ်လို့ မိသားစုရယ်လို့လည်းမသိခဲ့တော့ဘူး..."
"အရွယ်ရောက်လာလို့ အသက်၃၀ကျော်
လာလို့ လူ့အသိရှိိလာမယ်ထင်လို့
အမေဖြစ်သူက ခခယယခေါ်တော့
အိမ်ကိုပြန်လာတယ်....
NewYorkမှာ မိုးကြီးလို့ ချက်ချင်းထပြန်တဲ့မင်း...."
"သူ အိမ်မှာ တစ်ယောက်ထဲလေ....
အဖေတို့က လူအများကြီး...
အတ္တလာမကြီးနဲ့....."
"ဘာ....."
"အစထဲက သူ့ကိုကြည်ဖြူခဲ့ရင်...
ဒီလိုမျိုးတွေဖြစ်မလာနိုင်ဘူး"
"သူ့မိဘတွေရဲ့စရိုက်တွေပြည့်နှက်နေမယ့်
ကလေးကို ငါတို့ကဘာကိစ္စကြည်ဖြူရမှာလဲ..."
"ကျွန်တော်ကြည်ဖြူလို့ကျွန်တော်
ပြုစုပျိုးထောင်ခဲ့တယ်
အနေတွေနီးလွန်းလို့ နေ့တစ်နေ့ကို
ဒီကလေးလေးနဲ့စပြီး ညမှာလည်းဒီကလေးလေးနဲ့
ပဲအဆုံးသတ်မိလို့ ချစ်မိသွားလို့
သေသင့်တယ်ဆိုလည်း သတ်လိုက်...."
"ကျွန်တော်လည်း ချူပ်တည်းရတာပင်ပန်းလွန်းလို့
ဆင်ခြင်ရတာရူးရလွန်းလို့...
မဖြစ်သင့်ဘူး မထိသင့်ဘူးဆိုတာ လူမလို့နားလည်ပေမယ့်
Adrian မျက်လုံးတွေက ကျွန်တော့်ကို
တစ်နေ့ထက်တစ်နေ့ လူစိတ်တွေပျောက်လာစေတာ
ကျွန်တော်ရောပျော်နေခဲ့တယ် လို့အဖေထင်လို့လား..."
"မိဘအသိုင်းအဝိုင်း ငါ့မျက်နှာ
မင်းအမေမျက်နှာ ငါတို့ဂုဏ်သိက္ခာ
တွေကိုစောင်းငဲ့ကြည့်ပါအုန်း
ဒီတိုင်းမင်းတို့တိုင်းတစ်ပါးမှာ
ပျော်မြူးနေတာတောင် ပြန်ကြားရတဲ့
အတင်းအဖျင်းတွေက သိပ်ဆိုးလွန်းတယ်
ဘာစိတ်ပျောက်ပျောက်
အဲ့ဒီကောင်လေးကို မင်းလုံးဝရွေးချယ်ရမယ့်
အရာမဟုတ်ဘူးဆိုတာသိတယ်မလား.."
"မိုက်ပြစ်ကိုသိပါတယ်...
JEon မိသားစုထဲက ကျွန်တော့်ကိုထုတ်လိုက်ပါ...
Adrian ဘယ်မှာလဲဆိုတာကိုပဲပြောလိုက်တော့..."
ခပ်နာနာအရိုက်ခံလိုက်ရသောပါးတစ်ဖက်သည်
ဖျင်းခနဲ..။အသက်ကြီးမှ ဆယ်ကျော်သက်
လေးလို အချစ်အတွက်တိုက်ပွဲဝင်နေရသော
လူကြီးသည်လည်းသိပ်မလွယ်ကူလှ။
"မင်းတို့ရဲ့ ကလေးကလား အချစ်ကို
ငါကအသိအမှတ်ပြုပြီး ကြင်နာမှုကိုပြပေးရမှာလား
ယွန်အာ နဲ့လက်ထပ်ပွဲကမပျက်ဘူး
မင်းပါးစပ်ထက် ငါသူ့မိဘတွေနဲ့ချူပ်ထားတဲ့
Million ချီတဲ့စာချူပ်တွေကပိုပြီး
ခိုင်မာသေချာတယ်...ဘဝကို ပုံသဏ္ဍာန်မှန်မှန်
လက်တွေ့ကျကျ..လူကြီးလူကောင်းဆန်ဆန်
ဖြတ်သန်းပါ...."
"သူမရှိရင်....ကျွန်တော် နောက်တစ်ရက်
အသက်ရှုဖို့တောင် မနည်းရုန်းကန်ရမှာ
သူဘယ်မှာလဲသာ ပြောပါ....!!!!"
"မင်း မဝင်သင့်တဲ့အခန်းထဲဝင်သွားပြီး
ပြန်မထွက်ခဲ့တော့ဘူးဆိုတာ ငါသိလိုက်ရတဲ့
အချိန်မှာ ငါJiminကိုစကားပြောဖို့
လိုလာပြီလို့ သတ်မှတ်လိုက်တယ်..."
"အဖေ ဘယ်လိုလုပ်သိတာလဲ .....ယွန်အာ?"
"တချို့အကြည်ဓာတ်လေးတွေ
ကြောက်စရာကောင်းလာရင်
အံ့ဩမှင်သက်ရတယ်Jeon...
သူမက မင်းကို သိပ်ကြိုက်တဲ့ပုံပဲ...."
"Jimin နဲ့ ငါစကားပြောခဲ့တယ်.....
နှစ်ယောက်ထဲ....တစ်နာရီနီးပါး...
မင်းအကျင့်လုပ်ပေးထားလို့
မြှောက်ဆွနေတဲ့ စိတ်ဓာတ်ကလေးကို
နေရာမှန်လူမှန်သိအောင် အလင်းပြပေးလိုက်တယ်...
သေချာတာကတော့မင်းဆီကိုသူ
ဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူး...."
တစ်ကိုယ်လုံးကအင်အားတွေအစအနတောင်
ရှာလို့မရတော့အောင်Jeonက ဖျော့လျှော့
သွားခဲ့သည်။အဖေ ဖြစ်သူကိုလည်းဒီလောက်
တောင်လားဆိုတဲ့မျက်လုံးတွေနဲ့ခပ်ကြာကြာ
စိုက်ကြည့်ကာ စီးဆင်းလာခဲ့သောမျက်ရည်
တွေကိုမသုတ်မိတော့။
ဘာတစ်ခုမှဆက်မေးဖို့ရန်အင်အားမရှိတော့ဘဲ
အနမ်းဦး လေး တောင်မပြေပျောက်သေးတဲ့
ကလေးလေးကိုရှာဖို့ အခန်းပြင်ပြန်ပြေးထွက်
သွားခဲ့တော့သည်။
........................။
October14.....10:30PM...။
"အန်တီ....Adrian ရော....."
အဖေဟာ အေးဆေးပါပဲ...။
ခပ်တန်းတန်းပင်....။
အဆုံးပဲ...။
"ပြန်မလာဘူး Jeon...."
"Adrian အတွက်လား....."
သနားလို့ပါ...."
ယူစားလိုက်သည်။
"ကောင်းပါပြီ...."
......................။
"Adrian..."
"Sea....."
ဘာဖြစ်လာတာလဲ...."
"ဘာဖြစ်ရမှာလဲ...."
ဖြဲခွဲထိုင်လိုက်သည်။
ပြန်ထည့်နေပြန်သည်။
"အဆင်ပြေပါတယ်....."
နေချင်လည်းရတယ်...."
"ကျေးဇူး....."
"ငါဘယ်မှာ အိပ်ရမလဲ...
"ကောင်းပြီ...."
အိပ်ရာပေါ်ကဆေးလိပ်တိုတွေ
"Adrian ရပီ လာအိပ်တော့...."
"ငါ့ကိုယုံကြည်လို့ရပါတယ်.....
မင်းဘာတွေဖြစ်လာတာလဲ...
လှဲအိပ်လိုက်သည်။
"ငါ ကလိမ်ဆိုရင် လိမ်လိုက်လေ....."
".ငါ နမ်းကြည့်ချင်ရုံ
Jeon က လူကြီးလေ...ဘယ်ခံစားလို့ကောင်းပါ့မလဲ..."
Jiminက မီးရောင်မှိန်မှိန်အောက်ခပ်မဲ့မဲ့ပြုံးကာ
ငေးစိုက်ကြည့်နေရင်း
"အင်း....."
"ကျေးဇူးတင်ပါတယ် Sea....."
စိတ်အခန့်မသင့်၍Jiminဟာအိမ်ပြေးလာခဲ့တယ်
အလွယ်တကူစိတ်ကူးပြီး
မရည်ရွယ်ခဲ့ပါဘူးဗျာ...။
ဆူနာမီ.....။
Advertisement
- In Serial16 Chapters
That Time I Got Reincarnated as a Dwarf While Trapped in a Dungeon Full of Spiders
Thousands of years ago, mankind would honor their dead and their journey to the afterlife through the process of mummification. The elaborate tombs and burial rituals marked our transition from hunter-gatherers to civilizations and empires. However, it's been over 500 years since we've sent tributes to the underworld, and now the underworld, or whatever lies beyond, has decided to send something back. Authors Note- This story is inspired by DnD, Dark Souls, Guild Wars 1, and my love of eldritch horror and dark creepy dungeons. Also completed doesn't mean end of the line. There is more Mike Sammons in the future, promise.
8 86 - In Serial17 Chapters
Transmigrator: Not really a PLAYER
The second personality played a cruel joke with the main character, but he did not despair. Having received the opportunity to become a transmigrator, he gets a new life. During sleep, he goes to a new world, the world he dreamed so much about ... The world of Naruto. In his new life, the main character will meet new friends to begin his journey, overcoming all difficulties. Follow him and see how he will conquer this world with his own hands.
8 150 - In Serial92 Chapters
Signing In but Cultivators Know My Cheat
-Just moving stuff from scribble over here since why not- Systems have descended upon the cultivation world and many heroes are likely to have one than none. The great ones above are starting to bore of the tiring games played in the countless realms. The Most Ancient One had an epiphany one day, why not have a broken sign-in system but with public announcements? In a world where systems are common among cultivators, prodigies are overflowing. A young scholar, Liu Xun has been tasked upon to receive countless trials to rise to the pinnacle. What is the trial you may ask? Signing in! What is the reward? Gacha wheel! Who is the happiest here? Of course, the great ones!
8 123 - In Serial15 Chapters
A Simple Bar In The Multiverse
I'm Lucas, 30 years old and single. I went to drink with some friends that day and when I was walking home, I found some weird glowing door on a wall on which I've never seen anything before. I'm a bit ashamed to say that I instantly tried to open it. Behind it was that weird silver light which I also touched with my bare hand. Don't judge me! I was very drunk. It has nothing to do with my intelligence... Anyway, I seemed to have been transported in a magical room and an invisible female entity has just just given me an offer: Turn this bar into the best bar in the universe where you'll work forever. In exchange I would get great powers with great responsab... Wait! That's spiderman. Anyway, great powers and unlimited lifespan. I think I'll say yes... Follow the story of Lucas, the manager of the Simple Bar, while he turns this seemingly innocuous bar into one that becomes known in the entire Multiverse. Or at least in a big part of it. I mean, the Multiverse is virtually infinite, so... A part of the story will take place in the Divine Realm of the Wanderer's Realms from my first novel 'The Life of a Goddess and a Fox in the Cultivation World '. I will post 1 chapter every week at 7 p.m. EST on Saturday.
8 180 - In Serial28 Chapters
Brightstar: The Rising Superhero
Kenn has powers, it's not a weird ability to have in this world, rare, yes, but not impossible. Superheroes exist in this world. So how about he gave it a go? Helping people doesn't sound so bad. However, the thing that may hold him back is his power because at best, it's mediocre, but in truth is nothing more than a party trick. What is his power? Well... If I told you everything now, it wouldn't be a story, is it? I'll try to post weekly.
8 160 - In Serial7 Chapters
Nebulanomicon
Genius inventor and alcoholic bachelor, Jonas Jupiter, is whisked away on a stupid space adventure. Featuring ray guns, sexy lizards, spaceships, dangerous architecture, and how! New chapter every Sunday! Check out nebulanomicon.com for original art and more recent chapters!
8 193

