《Adrian》7
Advertisement
အိပ်ခန်းထဲမှာကျန်ခဲ့သောမိန်းကလေးအပေါ်
အပြုအမူတချို့အဆင်မပြေခဲ့မှန်း
JEonကိုယ့်ကိုကိုယ်သိပါသည်။
ပါတီဆီသို့ပြန်လာကာ လူငယ်တွေဝိုင်းဖွဲ့
ကခုန်နေသည်ကိုအရက်ကောင်းကောင်းတစ်ခွက်
စပ်ကာငေးကြည့်နေသည်။
အနမ်းတစ်ခုကိုတောင်ဖြစ်ဖြစ်မြောက်မြောက်
မရှိ...လိုအပ်ချက်မရှိPerfect ယောကျ်ား
တစ်ယောက်လို့ ယုံကြည်မှုလွန်ကဲခဲ့ဖူးသည်။
အသားလွှာခြင်းထိခတ်ရမယ့်အရေးလေးကို
နှုတ်ခမ်းတွေဟာအကျဉ်းချခံထားရသလို...။
တရားခံဘယ်မှာလဲ....တရားခံ...။
အရက်ခွက်ကိုင်ထားသောJeon
လက်တွေတင်းခနဲ.....။
ပျော်ရွှင်နေသောလူငယ်လေးတွေဟာ
စည်းလွတ်ဝါးလွတ် ပျော်ရွှင်မှု၏အမြင့်ဆုံး
အပိုင်းကိုရောက်နေပြီ။
ဒီအရွယ်လေးတွေက မနေ့ကအိမ်နဲ့အတိုက်အခံ
ဖြစ်ခဲ့တဲ့သူတွေရှိလိမ့်မည်။
ရက်အနည်းငယ်မှာစာမေးပွဲကျခဲ့သူတွေ
ပါလိမ့်မည်....။
ဆိုးဝါးတဲ့ရန်ပွဲတွေကိုစိန်ခေါ်ခဲ့တဲ့ခပ်ရဲရဲ
သွေးပိုင်ရှင်တွေလည်းပါလိမ့်မည်...။
နှလုံးသားရေးရာ ခံစားချက်တွေနဲ့ရှုံးနိမ့်ခဲ့သော
သူတွေလည်းပါလိမ့်မည်....။
ဒီနေ့ပါတီရောက်လာတော့လည်း
အားလုံးဟာ စိတ်လွတ်ကိုယ်လွတ်အော်ဟစ်နိုင်ကြတာပဲ။
နာကျင်စရာတွေရှိကောင်းရှိနိုင်ပေမယ့်
သူတို့ဟာ ကိစ္စရပ်တွေအပေါ်
ထိလွယ်ရှလွယ် လိုအပ်တာထက်
ကြီးမားစွာခံစားသက်ဝင်တတ်ကြပေမယ့်
ကုစားမယ့်အရေးကျလည်းသိပ်အခက်ကြီးမဟုတ်နေ။
ကလေးစိတ်ဆိုတဲ့ ခေါင်းစဉ်မှာ
ဘယ်အရာကိုမှကြာကြာခေါင်းထဲထည့်
တအိအိခံစားနေကြမှာမဟုတ်။
အာရုံလေးတစ်ဖက်လွှဲသွားကြရင်
တစ်ဖက်မှာဘာကိုပဲခြေကုတ်ယူထားယူထား
မေ့လျှော့ကုန်ကြတာလားဟုထင်ရလောက်
အောင် သူတို့အရွယ်လေးတွေသည်ပေါ့ပါးကြသည်။
ယုံကြည်၍ သေချာ၍ မရလေသော
တိိမ်လိုလေလို စိတ်အလွှာပါးပါးလေးတွေ...။
သူတို့ကိုယ်သူတို့တောင်အစအဆုံးနားမလည်သေးဘဲ
တစ်ခုချင်းစမ်းစစ်နေဆဲအခြေအနေမှာ
ကျွန်တော်ဘယ်အရာကိုအားကိုးရမလဲ....။
JEonသည်အရက်တချို့မော့သောက်လိုက်ကာ
ဆက်လက်ကြည့်နေဆဲ...။
နမ်းဖို့ကို ထပ်မံကြိုးစားကြည့်ရမည်။
ကြိုးစားရမယ့်အရာမဟုတ်တာကို
အရက်သောက်...လာအရှိန်ယူရခြင်းသည်
၃၆နှစ်ကျော်ယောကျ်ားတစ်ယောက်ရဲ့
ရှက်စရာအကောင်းဆုံးစာမျက်နှာတစ်ခုပဲ။
နောက်တစ်ခွက်ထပ်သောက်လိုက်ကာ
မိန်းကလေး၏နှုတ်ခမ်းတွေအား
မြင်ယောင်ကြည့်လိုက်သည်။
အကောင်းစားအရက်တန်ခိုးပြခြင်းတွင်
ပကတိတုန်းကထက်တော့ရဲတင်းလာပါ၏။
ထိုင်ခုံကိုမှီလှဲချလိုက်ကာမျက်လုံးတွေကိုမှိတ်လိုက်
သည်။စိတ်၏အတွေးထဲတွင်အိမ်ထဲသို့
ပြန်ဝင်ကာလှေကားတွေအပေါ်ပြန်တက်သွားပြီး
အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီးပြီ။
အားတက်စရာစိတ်ဝိဥာဉ်၏လိုက်လျော
ခြင်းတွင်အနှောက်အယှက်တစ်စုံတရာပင်မရှိ။
အိပ်ရာပေါ်မှမိန်းကလေးကို နွေးထွေးစွာ
ပြုံးပြတဲ့အခါ ပြန်ပြုံးပြနေတဲ့သူမနှုတ်ခမ်းတွေက
လည်းသိပ်လှနေသည်။
အဆင်ပြေချောမွေ့စွာ ယစ်မူးခြင်းများနှင့်
မိန်းကလေးဆီလျှောက်သွားလိုက်ပြီး
သေးငယ်သောခါးသိမ်သိမ်အား
ဆွဲယူလိုက်ကာ နှုတ်ခမ်းတွေကို
ဖိကပ်လိုက်သည်။
ဖြောင့်ဖြူးနေသော
အတွေးတွေထဲ အရာရာဟာအောင်အောင်မြင်မြင်ပဲ။
မျက်လုံးတွေပြန်ဖွင့်ပြီးတာနှင့်အရက်ခွက်
ချကာအိမ်ထဲပြန်ဝင်မည်ဟု ဆုံးဖြတ်ချက်ကို
ခပ်မြန်မြန်ချလိုက်သည်။
ထင်သလောက်တော့လည်းခက်ခဲမှမနေပါ။
စိတ်ကိုပြင်ဆင်လိုက်ပြီး Jeonနှုတ်ခမ်းတွေသည်
ခပ်ပါးပါးအပြုံးဟန်တစ်ခုပေါ်လာခဲ့သည်။
ဖျက်ခနဲမျက်လုံးတွေကိုဖွင့်လိုက်သည်။
ခြေလှမ်းတွေကို ချက်ချင်းပြင်ဆင်လိုက်သည်။
အရက်ခွက်ကို စားပွဲပေါ်လှမ်းတင်လိုက်သော်
လည်းလက်တွေတုန်သွားတာကြောင့်
မရောက်ရှိဘဲ ကျကွဲသွားခဲ့သည်။
ဘဝသည်ပျက်ဖို့လမ်းတွေကြီး....။
"Adrian So..Sexy!!!!!!!"
ရေကူးကန်၏ဘောင်ပေါ်အရက်ခွက်
အရောင်လဲ့လဲ့ကိုင်ကာခန္ဓာကိုယ်ကို
တစ်ချက်ချင်းစည်းချက်မှန်စွာ
လှုပ်ရှားနေသော အရိုင်းလေးဟာ
ခပ်ညို့ညို့မျက်ဝန်းတွေနဲ့...။
"Hot အောင် ကတိုင်း Hotသွားတာမျိုး
မဟုတ်ဘူး...ခံစားချက်တွေကိုထည့်ပြီး
တစ်ချက်ပဲ.....ဒီလိုလေး....."
အမူးလွန်နေသူဟာ မျက်နှာကိုမော့လိုက်ပြီး
လက်ချောင်းတွေကမျက်နှာ လည်တိုင်တွေ
နဲ့ရင်ဘက်တွေအထိပွတ်တိုက်ထိခတ်ပြသွားခဲ့သည်။
ရေစို၍ချွတ်ထားသောအင်္ကျီဟာ
ရေကူးကန်ထဲမျောနေလျှက်။
"အားးးးး အလွင့်ကြီး......ထပ်လုပ်ပြအုန်း...."
"ခန္ဓာကိုယ်ရဲ့Waveကိုလှလှလေးလုပ်ပြမယ်..
ကြည့်ကြ ကြည့်ကြ....."
မျက်လုံးတွေကိုပြန်မှိတ်လိုက်ကာ
ခုံပေါ်ပြန်လှဲချလိုက်သည်။
ထို့နောက်ကောင်းကင်ကိုပဲအကြောင်းပြချက်မရှိ
မော့ကြည့်ရင်း အရက်သာဆက်သောက်နေလိုက်သည်။
အော်ဟစ်သံတွေကြားလည်း ရီမောသံတွေ
ကြားလည်း Jeonယောင်၍တောင်မျက်လုံး
တွေပြန်မသွားတော့ပါ...။
ကြိုးစားလည်း ကြိုးစားတာပဲရှိတာ.....
ဘယ်လို ကြိုးစား ကြိုးစား....
အနုပညာဝမ်းစာပြည့်နေတဲ့ ပါရမီသမားကို
သွားယှဉ်ပြိုင်၍မရသလိုပဲ....
လူကြီးတစ်ယောက်မို့ ဘဝကခက်လွန်းလှပါသည်။
........။
ဆူဆူညံညံအသံတွေတိတ်ဆိတ်သွားသည့်
ညသန်းခေါင်အချိန်တွင် အိပ်ရာထက်
ငြိမ်သက်စွာထိုင်နေသောပုံရိပ်လေးတစ်ခု။
လရောင်သည်အခန်းပြတင်းပေါက်မှ
ခန္ဓာကိုယ်ဆီဖြာကျနေကာ အသက်ရှူရုံလေး
ငြိမ်ငြိမ်လေးနေနေသည်။
လွန်ခဲ့သောနာရီပိုင်းလောက်ကမှ
အနားမှာလူတွေဝိုင်းဝိုင်းလည်နေကာ
စိတ်လွတ်မူးရူးခဲ့ပြီး လက်ရှိမှာအမှောင်ထု
ထဲတစ်ယောက်ထဲဖြစ်သွားပြန်သော
ဖြစ်ရပ်သည် ဝမ်းနည်းစရာ။
အရင်ကထပ်ပိုဝမ်းနည်းနေရသည်ဆိုပိုမှန်လိမ့်မည်။
တလောကလုံးထားရစ်ခဲ့လည်း
မထားရစ်ခဲ့သော အမှန်တရားတွေကတော့
ရှိသေးတယ်မလား....။
ထိုအမှန်တရားကတောင်မျှော်လင့်ချက်မဲ့သွားခဲ့ပြီ။
မျှော်လင့်ချက်မဲ့ခြင်းဟာအမှတ်တရသော
ဘဝနေ့ရက်တစ်ရက်ကိုတောင်အလွတ်မပေး
အငြိုးတကြီးလိုက်တိုက်ခိုက်သည်။
အာရုံတွေကိုအားလပ်မှုမပေး ခုရက်ပိုင်းတွေမှာ
လူဟာတော်တော်ကိုယောက်ယက်ခတ်နေခဲ့သည်။
အိပ်လိုက်ရမလား ထကခုန်နေရမလား
စီးကရက်သောက်ရမလား
Seaကို ဖုန်းခေါ်ကာ နှိုက်နှိုက်ချွတ်ချွတ်စကား
တွေလျှောက်ပြောရမလား...
အခြေခံသော ကိစ္စရပ်တွေကိုတောင်
မစဉ်းစားနိုင်တော့.....။
အမှောင်ထုကိုသာစိုက်ကြည့်နေလိုက်သည်။
"Adrian...."
တိတ်ဆိတ်သောညကိုဖောက်ထွင်းဝင်လာ
သောအသံလှိုင်းသည်ခန္ဓာကိုယ်တစ်ခုလုံး၏
သွေးတွေကိုနွေးခနဲ.....။
"မအိပ်သေးဘူးလား....."
အနားမှာလာထိုင်သူသည်ခေါင်းငိုက်စိုက်ဖြင့်။
အရှုံးသမားပုံစံမြင်ရဖို့ဒီဘဝမယ်တော့
မဖြစ်နိုင်တော့ဘူးလို့ထင်ခဲ့တာ....။
ရှုံးပြတဲ့အခါလည်း နှဖူးပေါ်တစွန်းတစကျနေသော
အနက်ရောင်ဆံပင်တွေကစ
အရက်သောက်နံ့တချို့အဆုံး....အင်းအဆုံးမဲ့ပါပဲ။
"အိပ်မလို့ပဲ......"
အိပ်ရာဖြူဖြူလေးပေါ်နှစ်ယောက်အတူတူ
ယှဉ်တွဲထိုင်လျှက်ပြတင်းပေါက်မှတဆင့်
အပြင်အမှောင်ထုကိုအဓိပ္ပာယ်မဲ့ထပ်ကြည့်နေကြသည်။
"ဘယ်လိုဖြစ်လို့ကျွန်တော့်အခန်းထဲရောက်လာခဲ့
တာလဲ...."
"သူ့အခန်းဆီသွားခဲ့တာ...
တံခါးဖွင့်လိုက်တော့ မင်းဖြစ်နေတယ်...."
နှုတ်ခမ်းဖူးဖူးလေးတွေကအသံသေးသေး
တစ်ခုထွက်ကျလာတဲ့အထိရီမောလိုက်တဲ့သူ။
JEonလည်းပြုံးယဲ့ယဲ့။
"လောကကြီးမှာသာမန်မျက်စိနဲ့
မမြင်နိုင်တဲ့သဘာဝလွန်စွမ်းအားတွေ
ရှိတယ်ဆိုတာ အမှန်ပဲ Adrian.."
"James..အရမ်းမူးနေတာပဲ...."
ဖရိုဖရဲမျက်အိမ်နီနီတွေနဲ့လရောင်အောက်
ကြည့်မိခဲ့သောမျက်နှာလေးဟာလည်း
ပုံမှန်မဟုတ်ပါ...ရီဝေဝေနဲ့လှလှလေး။
"မခေါ်မပြောဘဲမနေပါနဲ့....
ကိုယ့်မှာ ဒီကလေးလေးတစ်ယောက်ပဲရှိတာ
မင်းလည်းသိရက်နဲ့....."
"မရည်ရွယ်ပါဘူး...ကျွန်တော်
မခေါ်မပြောတော့ဘူးလို့ ဆုံးဖြတ်ထားတာမျိုး
မရှိပါဘူး...ကျွန်တော်လေလွင့်နေလို့ပါ..."
"Seaက မင်းရည်းစားလား...."
"နိုး...."
JEonက ခေါင်းငြိမ့်ကာခေတ္တတိတ်ဆိတ်သွား
သည်။မူးဝေနေသောခေါင်းဟာ
ချာချာလည်နေလျှက်...။
JEonထက်ပိုမူးနေတယ်ဟုသတ်မှတ်၍ရသော
ကောင်လေးသည်လည်းလရောင်ကို
လှမ်းငေးကာအပြုံးတစ်ချက်မှမပျက်သေး။
"တစ်ညလုံး မင်းနားကမခွါတော့
ချစ်ကြိုက်နေပြီထင်တာ..."
"အနားမှာမခွါဘဲနေတာနဲ့ ချစ်ကြိုက်ရမှာလား...
အော်..ဖြစ်နိုင်ပါတယ်...
Jamesမိန်းမလည်း Jamesနားကခွါမှမခွါတာ
အဲ့တော့ အထင်တွေလွဲပြီပေါ့..."
" မိန်းမမဟုတ်သေးပါဘူး..."
"မဟုတ်သေးတာလေ....."
ဘေးတစောင်းမြင်နေရသောမျက်နှာလေးသည်
သူ့ကိုသေလူလိုဆက်ဆံနေသောရက်ပိုင်း
တွေအတွင်းသိသာစွာ အရောင်တွေဖျော့သွားခဲ့ကာ
နှုတ်ခမ်းတွေအထိခြောက်သွေ့နေသည်။
မူးမူးရူးရူးနဲ့ကြည့်ရင်းပို၍ပို၍မူးလာသလိုပဲ။
"လက်ထပ်ပြီးရင် ဆိုးလ်မှာနေတော့မှာပေါ့
Newyork မှာ Jamesရဲ့ဆူညံပူညံ
သံတွေမကြားရတော့ဘဲ ကျွန်တော်နေရတော့မယ်..."
JEonသည် သဲမှုန်သဲစတွေပေကျံနေသော
ခြေဖဝါးတွေကိုကြမ်းပြင်မှ
သူ့ရဲ့ပေါင်ပေါ်တွေဆီဆွဲယူတင်လိုက်ကာ
ပေကျံနေသောအစအနတွေကိုဖွဖွလေးလိုက်ထိနေသည်။
"စိတ်ချပါ ဖိနပ်မစီးဘဲလျှောက်မသွားတော့ဘူး
ဒီလိုပေကျံနေရင်သုတ်ပေးမယ့်သူမှမရှိတော့တာ...
ခုဒါနောက်ဆုံးသုတ်ပေးရတာပဲ
ကတိ....ကတိ...."
"မိုးရွာတဲ့နေ့တွေမှာတော့ Sea အိမ်မှာ
သွားကပ်အိပ်ရမှာပဲ ကျွန်တော်သိပ်ကြောက်တယ်လေ.."
"ကျွန်တော် အင်အားနည်းလွန်းတယ်မလားJames
အဖေ ပြန်လာမှာသိနေလည်း
ဝမ်းမသာနိုင်ဘူး....အဖေနဲ့အတူတူနေရမယ်ဆို
ရင်တောင် သောက်ရမ်းတွေ
အထီးကျန်သွားရတော့မှာ...."
"ကိုယ်သူ့ကိုနမ်းဖို့ကြိုးစားခဲ့တယ်...."
အထိန်းအကွတ်မဲ့မူးနေ၍ပြောချင်ရာ
ပြောနေသောစကားသံသည်တိခနဲရပ်သွားခဲ့သည်။
မျက်နှာတစ်ခုလုံးကိုစေ့စေ့စပ်စပ်ကြည့်လာပြီး
စားပွဲပေါ်ကစီးကရက်ဘူးကိုလှမ်းယူကာ
မီးညှိနေသည်။Jeonကိုပါတစ်လိပ်ပေးလာတော့
အသာအယာယူကာနှုတ်ခမ်းမှာတေ့လိုက်သည်နှင့်
မီးလာညှိပေးတဲ့သူ။
"ကျေးဇူး...."
"Jamesကအချစ်ခရီးအကြောင်းကျွန်တော့်
ကိုပြောပြဖို့လာခဲ့တဲ့ပုံပဲ...ဒါကိုမသိဘဲ
ကျွန်တော့်Sideတွေကိုပြောမိသွားတယ်
နားထောင်ပေးပါ့မယ်......ဒါပေမယ့်
စီးကရက်လေးတော့သောက်ပါရစေ"
"မင်းရောနမ်းဖူးခဲ့ပြီလား..."
"ရေတွက်လို့တောင်မရဘူး...."
ပြင်ဆင်ပြီးအရာမရောက်ခဲ့သောလူအရေအတွက်။
ထည့်တော့မပြောမိ အထင်သေးမှာလည်း
စိုးရသေးသည်။အော်ဆဲချင်စရာကောင်းသော
နှုတ်ခမ်းတွေက အရသာပင်မသိသေးတဲ့
ထိပ်ဆုံးက မြင့်မြင့်မားမားကိုမှ
သွားအရသာခံချင်မိနေခြင်း....။
မလိုက်မဖက်ပေါ့လေ..။
ထိုအရာ ထိုအရာမှလွဲ၍ လာမထိနဲ့ဒီလိုမာနတရားနဲ့။
"အဆိုးအဆာကောင်...."
"ကြိုးစားပြီးတော့ ဘာတွေဆက်ဖြစ်လဲ..."
လူကြီးတစ်ယောက်လိုဟန်ပန်ဖြင့် ခပ်တည်တည်
မေးပုံဟာ Jeonထက်ပင်ပို၍ရင့်ကျက်နေသလို။
အတင်းအကျပ် ပုံစံခွက်တစ်ခုထဲကို
ဟန်မပျက်ထိုးကြိတ်ထည့်နေရတဲ့
မျက်နှာဟာ အေးအေးလူလူပဲ...။
ယောင်၍တောင်တုန်လှုပ်သွားခြင်းမရှိ။
"ဘာမှမဖြစ်လာဘူး Adrian
ကိုယ်တို့ဘယ်လိုလုပ်ကြမလဲ...."
မမျှော်လင့်ထားသောစကားဟုသတ်မှတ်၍ရပါသည်။
လူကြီးလူကောင်းမဆန်နေသောJeonကို
ပြာလွင်သောမျက်လုံးလှလှလေးတွေနဲ့
အံ့ဩစွာ ကြည့်လာတဲ့သူ။
နှလုံးသားထဲလိပ်ပြာလေးတွေဝဲပျံသွားကာ
မှောင်မဲမဲအခန်းဆိုသော်ငြားJimin စိတ်အတွေး
ထဲအလွန်လှပတဲ့ရေတံခွန်တစ်ခုအောက်
ဆွဲခေါ်ရောက်ရှိသွားသလိုပဲ..အေးစိမ့်သာယာလျှက်။
လွှတ်ချလိုက်ခြင်းမှာ...ကြမ်းပြင်ပေါ်ခွေခနဲ
လဲကျသွားခြင်းမှာ...အရာအားလုံးပြီးဆုံးသွားခဲ့
ပြီလို့ထင်ခဲ့တာ.....။
အေးအေးလူလူမျက်နှာလေးကဖျက်ခနဲ
Jeonကိုကြည့်လိုက်တဲ့အခါရင်ဆိုင်လိုက်ရသော
ပထမဆုံးသော ငြိုးငယ်နေသောအရှုံးမျက်နှာသည်
ထည်ထည်ဝါဝါJeonJungkook နဲ့မှမလိုက်။
JEon ကိုသေသေချာချာစိုက်ငေးကြည့်လျှက်
စီးကရက်တစ်ဖွာရှိုက်ယူလိုက်ကာ
"ကြီးတဲ့သူဆို...နည်းလမ်းရှာလေ
လူကြီးတွေက တွေးတတ်ခေါ်တတ်ကြတယ်မလား
ကျွန်တော်ကငယ်လွန်းသေးတယ်
Jamesဟိုတစ်နေ့က လွှတ်ချရင်း သတ်မှတ်ပြီးပြီပဲဟာ..."
"ကိုယ် ထုံထိုင်းနေပြီ....လေလွင့်နေတာ
ကိုယ်ဖြစ်လိမ့်မယ်ထင်တယ်..."
အကျဉ်းအကျပ်ဖြစ်နေသောအမူးသမား
ကြီးရဲ့ ဒုက္ခရောက်နေဟန်ကိုကြည့်နေကာ
ပြာကိုကြမ်းပြင်ပေါ်သို့ဖွာချလိုက်သည်။
"ကိုယ် မနမ်းနိုင်ဘူး....အကောင်းဆုံးကြိုးစားခဲ့ပါတယ်
ဘဝကိုပုံသဏ္ဍာန်မှန်မှန် သဘာဝကျကျ
ဖြတ်သန်းဖို့ အစွမ်းကုန်ကိုကြိုးစားခဲ့တာပါ
ကိုယ် မှား ပဲ မှား ချင်နေတော့တာ...
မမှားယွင်းသင့်တာလေးကိုလေ...."
စကားမဆက်တော့ဘဲ စီးကရက်ကို
ပြင်းထန်စွာရှိုက်ယူလိုက်သော
JEonရဲ့အသံတွေသိသာစွာတုန်ခါနေခဲ့သည်။
တစ်ခါမှမမြင်ဖူးခဲ့သောတုန်ရီခြင်းတွေ
နာကျင်နေရခြင်းတွေကို
အနီးကပ်မြင်တွေ့လိုက်ရတဲ့အခါ
ထပ်တူထပ်မျှနှလုံးသားမှာလာနာတယ်။
တုန်ရီနေသူထက် ပို၍နာလာရသလိုပဲ....။
ဘာတွေရှိသလဲ မမေးဘူး...။
ဘာကြောင့်လဲဆိုတာတွေမသိချင်ဘူး...။
အသက်နှစ်ဆ ဒီလူကြီးဦးနှောက်က
ဘယ်အရာတွေကိုဘယ်လိုတွေးခေါ်နေလဲ
သောက်ဂရုနည်းနည်းလေးမှမစိုက်နိုင်ပါဘူး။
သူနေသာမယ့်နည်းကိုသူတွေးပြီးသား....။
သူကဘဝကိုသိပ်အာရုံနောက်ခံမယ့်
လူစားမျိုးမဟုတ်....။
"ကိုယ်အရမ်းကိုမူးနေတယ် ပြန်အိပ်လိုက်တာပဲ
ကောင်းမယ်ထင်တယ်နော်...."
"Immm...Goodnight James..."
"ကောင်းသောညပါ Adrian..."
JEonဟာ မျက်နှာတစ်ခုလုံးကိုပွတ်သတ်ရင်း
အိပ်ရာပေါ်ကထလိုက်ကာအခန်းပြန်ဖို့
ပြင်ဆင်သည်။တလှမ်းချင်းလှမ်းသွားနေသော
ခြေလှမ်းတွေသည်ယိမ်းယိမ်းယိုင်ယိုင်...။
အိပ်ရာပေါ်ထိုင်နေရင်း
ထွက်သွားသောကျောပြင်အားမျက်တောင်မခတ်
မိ ဘဲငေးစိုက်နေမိသည်။
နာရီသံဟာတစ်ချက်ချက်....
October လေနုအေးတွေဟာလွမ်းမောဖွယ်ရာ
ဝင်တိုးတိုက်ခတ်နေခဲ့တယ်....။
Adrian ကသွားလို့လည်းမဆိုခဲ့သလို...လာပါလို့လည်း
ခေါ်မယ့်သူမဟုတ်ပါ။
တံခါးဖွင့်ပြီးတဲ့နောက်
ပြန်လှည့်ကြည့်လာသောJeonကိုAdrian
သည်အိပ်ရာပေါ်မှအေးစက်စွာပဲလှမ်းကြည့်နေသည်။
မျက်လုံးချင်းစက္ကန့်တချို့ပြန်ဆုံတွေ့မိလိုက်တဲ့အခါ
JEonဟာတံခါးကိုပြန်ပိတ်လိုက်သည်။
ထို့နောက်ချက်ချင်းဆိုသလိုအိပ်ရာဖြူဖြူလေး
ဆီပြန်ခပ်မြန်မြန် ပြန်ပြေးလာတော့
Adrian သည်အိပ်ရာပေါ်မှမတ်တပ်ရပ်လိုက်ကာ
ပြန်ပြေးလာသူ၏ခန္ဓာကိုယ်ပေါ်
ပြေးဖက်ရောက်ရှိသွားခဲ့တော့သည်။
တင်းကျပ်စွာပွေ့ဖက်ထားမှုဟာ
တစ်ယောက်ထဲကမဟုတ်...
သူ့ထက်ငါအပြိုင်အဆိုင်အရူးအမူးဖက်တွယ်
ထားခဲ့ကြသည်။
Jeonသည်ခန္ဓာကိုယ်ထက်တွယ်ကပ်နေသော
ကောင်လေးကိုအရ်ိုးတွေကျေမတတ်ကျစ်ကျစ်ပါ
ဖက်ထားရင်း တစက်ချင်းကျလာသော
မျက်ရည်တွေသည်ထိုကလေးလေး၏
SportShirtလေးထက်အမြောက်အမြားစီးဝင်သွားျစ
ခဲ့သည်။
အိပ်ရာပေါ်ပစ်ချကာနှုတ်ခမ်းတွေအား
အရူးအမူးဆွဲငင်ယူလိုက်ပြီးအကြမ်းအရမ်း
အနမ်းတွေကျဲချတဲ့အခါ ကျောပြင်ပေါ်
ကုတ်ခြစ်လာခဲ့သောလက်ကလေးတွေ....။
ဆွဲချွတ်လွှင့်ပစ်လိုက်သောအင်္ကျီလေးဟာ
အခန်းထောင့်ဆီလွင့်စင်သွားခဲ့ပြီး
Jeonရဲ့ Necktie တွေကိုဆွဲဖြည်ချသွားသော
နောက်ထပ်လက်ကလေးတွေ....။
နှုတ်ခမ်းတွေ....ပါးဖောင်းဖောင်းလေးတွေ
ပန်းနုရောင်သန်းနေတဲ့ဒီတကိုယ်လုံးကို
သူထိန်းခဲ့သိမ်းခဲ့ရတာဘယ်နှကြိမ်ဘယ်နှခါ
ရှိခဲ့ပြီလဲ။အရက်ကြောင့်လွတ်သွားသော
အသိစိတ်တွေနဲ့ အစုန်အဆန်
ခန္ဓာကိုယ်တစ်ခုလုံးဆီကိုလျှောက်သွားနေတဲ့
JEonလက်တွေဟာ အရှိန်မနှေးသွား....။
JEon ကိုလှဲချလိုက်ပြီးခန္ဓာကိုယ်ပေါ်ခွထိုင်လာသော
အနေအထားသည် ရူးလောက်စရာအတိ။
တကိုယ်လုံးကိုတဖွဖွနမ်းသွားရင်း
နောက်ဆုံးနှုတ်ခမ်းပါးတွေကိုပိုကြမ်းရမ်းစွာ
သိမ်းပိုက်လာတဲ့သူ....။
ပြုတ်ထွက်သွားသောအနက်ရောင်Shirt၏
ကြယ်သီးတွေကုန်စင်သွားတဲ့အခါ
JEonနယ်မြေတစ်ခုလုံးရဲရဲတောက်သွားခဲ့သည်။
အဝါရောင်ဆံပင်လေးတွေထဲလက်တွေထိုးဖွကာ
ပေးနေသောအကြင်နာမှန်သမျှသည်
ညသန်းခေါင်းမှာကူရာကယ်ရာမဲ့ခြင်းကို
ဖြစ်စေခဲ့၏။
ရင်ဘက်တွေပေါ်တံဆိပ်ခတ်နေလျှက်ပင်
အခန်းပြတင်းပေါက်ဆီချီပိုးခေါ်ကာ
ဘောင်ပေါ်တင်လျှက် ဖူးကြွနေသောနှုတ်ခမ်းတွေကို
အရူးအမူးထပ်နမ်းလေသောJeon၏
အနမ်းပညာရပ်သည် ၁၉နှစ်အရွယ်ကောင်လေး
၏ခြေချောင်းလေးတွေကိုကွေးညွှတ်သွားတဲ့အထိ။
မောပန်းသွားတဲ့အထိ....။
အခန်းမီးမဖွင့်ဘဲလရောင်ကိုအမှီပြုနေသည်မို့
အမှတ်တမဲ့Jeon လက်ဖြင့်ထိခိုက်မိသွားသော
စားပွဲခုံပေါ်က ပစ္စည်းတွေသည်
ကြမ်းပြင်ပေါ်ထွက်ကျကုန်သည်။
"အသံတွေ ထွက်ကုန်ပြီ.....James.."
အိပ်ရာပေါ်ပြန်ခေါ်ဆောင်ကာ
တကိုယ်လုံးတဖွဖွနမ်းနေချိန်တွင်
ကောင်ငယ်လေးသည် ဖုန်းယူကာ
သီချင်းကျယ်ကျယ်ဖွင့်လိုက်သည်။
အသံတွေတော့တိတ်မပေးနိုင်ပါ....။
Adrian အကြိုက်ဆုံးသီချင်းကခပ်လွင့်လွင့်..။
ခန္ဓာကိုယ်အရွယ်အစားချင်းကွာခြားခဲ့တာမို့
ရင်ခွင်ထဲကိုထည့်ကာအရုပ်ကလေး
တစ်ရုပ်လိုနမ်းတိုင်းရင်ခွင်ကျယ်ကြီးထဲ
သူဟာပျောက်ပျောက်နေသည်။
ပေရေနေသောခြေဖဝါးတွေအဆုံးအထိ
JEonဟာ ယုယုယယနမ်းရှိုက်ကာ
သိမ်းကျူံးပွေ့ဖက်ထားခဲ့သည်။
Jeonရဲ့ အနမ်းတွေအားပျော့သွားချိန်မှာ
အစားဝင်အားကောင်းလာသော
နှုတ်ခမ်းထူထူတွေသည် နှုတ်ခမ်းပါးတွေပေါ်က
လုံးဝဖယ်ခွါမသွားခဲ့...။
ခါးသေးသေးလေးကိုခပ်တင်းတင်းပွေ့ဖက်ကာ
JEon က အလျှော့မပေးအပြိုင်အဆိုင်....။
စောင်ဖြူဖြူထဲလုံးထွေးကာ
အချိန်အတော်အကြာ ခံစားမှုတွေကို
အလိုလိုက်ခဲ့ပြီးနောက် ပင်ပန်းသွားသူလေး
သည်Jeonရင်ဘက်ပေါ်မှာမှောက်အိပ်နေကာ
မလှုပ်နိုင်တော့....။
အပြင်းအထန်နမ်းရုံနဲ့ခြေကုန်လက်ပန်းကျသွားတဲ့သူ။
အနားယူတာတောင်ရင်ဘက်က
မို့မောက်တက်နေသောအသားစိုင်တချို့ကို
ကိုက်ထားသေးသည်။
JEonဟာရင်ဘက်ပေါ်ကနေရင်ခွင်ထဲ
သို့ဆွဲသွင်းလိုက်ပြီးဆံပင်ဝါဝါလေးတွေအား
ဆက်လက်နမ်းမွှေးနေခဲ့သည်။
October 13ဟာ အနီရောင်အနမ်းတွေနဲ့.......။
.......................။
မိုးလင်းလာတဲ့အခါဝင်လာသောအသိစိတ်
တစ်ခုသည်သူ့အခန်းထဲမှာမဟုတ်နေဘူး
ဆိုတာပဲ။အထိအတွေ့လေးတစ်ခုကို
ခံစားမိတဲ့နောက်မျက်လုံးတွေဖွင့်ကြည့်လိုက်
တော့ရင်ခွင်ထဲတွင်နှစ်ခြိုက်စွာအိပ်မောကျနေသော
အဝါနုရောင်လေး။
မအံ့ဩပါဘူး...အရက်မူးနေလို့မေ့သွားရ
လောက်တဲ့အထိAdrian ဟာသူ့အတွက်
မပေါ့တန်ဘူး...။သူအားလုံးMemory ထဲ
ပြန်ရောက်လာပြီးသား....။
မြင်မကောင်းလောက်အောင်သူ့လက်ချက်
ဖြင့်ရဲရဲတောက်နေသောကလေးလေးကို
အားနာ..သနားမှုဟာ ဘယ်စကားလုံးသုံး၍
တောင်းပန်ရမှန်းတောင်မသိ။
တစ်ချက်လှုပ်လိုက်တဲ့အခါ အင့် အဲ ဖြစ်လာတာ
မို့ ခေါင်းလေးကိုသပ်ကာ ပြန်အိမ်ပျော်သွားစေရန်
ချော့မြူနေရသည်။
ဒေါက်!! ဒေါက်!!
"JeonJungKook နင်ထွက်ခဲ့စမ်း!!!...
ဟဲ့ မနိုးသေးဘူးလား ထွက်ခဲ့စမ်း
ငါတို့ ဝင်လာရမှာလား...."
အော်တော့အော်ချင်နေသည် အော်၍မရသော
အခြေအနေတစ်ခုနဲ့အစ်မ၏အသံကြောင့်
JEonဟာရင်ခွင်ထဲက အိပ်ပျော်နေသူလေး
ကိုသေသေချာချာခေါင်းအုံးပေါ်နေရာချပေး
ခဲ့ကာအိပ်ရာပေါ်ကဆင်းလာသည်။
"ဘာလဲ....."
"ဘုရားရေ!!!!"
တံခါးဖွင့်ကာ အနှောက်အယှက်ပြုသူ
တွေအားစိတ်မရှည်စွာJeonအော်ဟစ်
လိုက်ချိန်တွင်အစ်မဖြစ်သူ၏သူ့ရင်ဘက်
တွေကိုကြည့်ကာလန့်သွားပုံသည်
သရဲတစ္ဆေလို...။
အစ်မမို့မသင့်တော်တဲ့အခါJeonဟာ
အခန်းထဲက Shirt က်ိုပြန်ယူပြီးအေးဆေးစွာပြန်ဝတ်နေသည်။
"အဖေ အဖေ....ရောက်လာတယ်
JeonJungKook...နင်ညက
ယွန်အာ ကို ဘာသွားလုပ်လိုက်လဲ...
သူမမိဘတွေရောအားလုံးအောက်မှာရောက်
နေကြတယ်...မင်္ဂလာပွဲအတွက်တွေ့ဆုံကြတာ
ဆိုပေမယ့် ဖေဖေ စိတ်ဆိုးနေတယ်ဆိုတာ
အသိအသာကြီး......နင့်ဒီကိစ္စကို ဖေဖေ....
ဖေဖေ သိသွားသလား...."
"ရှူး ကြားသွားမယ် သူအိပ်ချင်ယောင်
ဆောင်တတ်တယ် အစ်မ..."
"ငါတို့အတန်တန်တားနေရက်နဲ့
ဖြစ်သင့်လို့လား နင်ဦးနှောက်နည်းနည်းတောင်
မရှိတော့တာလား ငါ့ကိုပြောစမ်းပါ
ယွန်းအာမိဘတွေပါသိပြီး
မင်္ဂလာပွဲကိုဖျက်တာတို့ ဆို အကြောင်းပြချက်က
ဒါပါဆို...ငါတို့မိသားစုတစ်ခုလုံးရဲ့သိက္ခာတွေ..."
"နင့်ကိုငါတိတ်တိတ်နေတော့လို့
ပြောနေတယ်နော်....
ငါပြင်ဆင်ပြီးရင် ဆင်းလာခဲ့မယ်...."
"Adrian က နင့်ကလေးလေးလိုပဲဆို
အချစ်ဆုံးသူငယ်ချင်းရဲ့သားလေးမလို့
နင့်ရဲ့သားလိုပဲဆို...."
အခန်းတံခါးကိုပိတ်ချလိုက်သည်။
လူသေနိုင်သောစကားတွေ...။
သူ့မှာအကြောင်းပြချက်မရှိဘူး....။
၃၆နှစ်ကျော်၃၇ ရောက်နေပြီနှလုံးသားကို
ဦးနှောက်ကကောင်းကောင်းControl
မလုပ်နိုင်ခဲ့ဘူး။
JEonအပြစ်တွေကြီးပဲလို့စုပြုံပုံချ
လိုက်ရအောင်လည်းစောင်တဝက်အထိ
လျှောကျသွားတဲ့အခါပန်းနုရောင်သန်းစွာ
ပေါ်ထွက်လာသောအလှတရားတွေက
ဖွင့်ဖူးစချိန်ထဲက Jeon ကိုနေ့တိုင်း
ရှုထောင့်အမျိုးမျိုးကနေ နှိပ်စက်နေခဲ့တာ....။
အစ်မပြောခဲ့သော သတ်မှတ်ချက်ကို
ပန်းနုရောင်တွေ အဝါနုရောင်တွေကြား
တစ်ခါတရံ လှစ်ခနဲ ပြုံးပြခဲ့မှုတွေ
ဝိုင်ကို လျှာဖျားလေးနဲ့သိမ်းယူသွားပုံတွေ
အခါထောင်သောင်းချီ မျက်နှာလွှဲခဲ့ပါတယ်။
ParkJimin ဘာပါရမီပါလဲမေးရင်...
JeonJungkook ဒူးထောက်ကျဖို့လို့
ဖြေဆို၍ရနိုင်တဲ့အထိ
ဝမ်းစာပြည့်ပြည့်မွေးဖွားလာခဲ့တဲ့အမျိုး....။
"ရေချိုးအုန်းလေ...အင်္ကျီတွေဘာလို့
အလောတကြီးဝတ်နေတာလဲ...."
အဖေဆိုတဲ့အသံကြားသည်နှင့်တုန်လှုပ်
နေပြီဖြစ်သောJeonသည်အဝတ်အစားတွေကို
မြန်မြန်ပြန်ဝတ်နေသည်။
"အောက်မှာဧည့်သည်တွေအများကြီး
ရောက်နေတယ်လို့ လာပြောတယ်Adrian
ဘယ်မှမသွားနဲ့နော် အခန်းထဲမှာပဲနေ...."
"ဘယ်သူတွေလဲ....."
"မသိဘူးလေ...အန်တီလာပြောသွားတာ
အလုပ်ကလူတွေပဲဖြစ်မှာပေါ့..."
Advertisement
- In Serial61 Chapters
The Voice of the World
Jason Elric used to be an ordinary college student living in the heart of San Francisco. He had a part time job, he played online games with friends he got along moderately well with, and he earned reasonably good grades. The worst he really had to worry about in life was turning in his coursework on time and not being late to class. Now, though? Now fighting for his life and running from a horde of giant frogs that want to make him their next meal is just another Tuesday. Thanks to a summoning ritual gone terribly right, Jason has found himself trapped in a world eerily similar to the role playing games games he used to play for fun. Unfortunately for the now ex-college student, everything happening around him is terrifyingly real and if he wants to survive, he’ll have to figure out how to exploit the system for his benefit before it’s too late. The Voice of the World is the first part of what is planned to be a multi-book, Isekai LitRPG story with crafting elements, set in the fantasy world known as Verdania. This is my first time posting online for public consumption, so bear with me as I work to find a style that people like. While I may occasionally write scenes that may deal with heavy concepts, expect this story to be primarily light hearted high fantasy. There will be a lot of common fantasy tropes involved, as this story got its start as a simple practice exercise, rather than any plan to actually post it. However, it’s grown on me, so I felt it’s worth sharing after all. Thus, if you’re looking for more serious/original/unusual stories, you might want to look elsewhere. For the rest of you, feel free to leave suggestions, as well as to point out grammar and spelling mistakes; I’ll do my best to make edits to correct them. I do my own editing currently, and it’s easy to miss things when you know what’s supposed to be there, so such call outs are highly encouraged. Content TLDR: No harems, probably no romance (unless it makes sense for the story later on) (it did, eventually), definitely no sex (keeping this PG-13 or close to it), limited profanity. Does/Will contain mixes of magic and technology (think Warhammer, Final Fantasy); copious amounts of blue tables; race, gender, and sexual equality concepts; crafting sequences; and (slightly, but not overbearingly) strong protagonists. If you don’t like these things, go elsewhere instead of downvoting people for content instead of writing quality. Update Time currently varies, due to personal injury, but the goal is 1/week on Wednesdays, with a possible smaller chapter on weekends if time/health permits.
8 309 - In Serial41 Chapters
Hating The Player
|| Highest Rank - #1 in Teen Fiction and #5 in Romance ||Melody Carson has been in the same class as Tyson McCannon since primary school. She's watched him play with girls, set the school on fire, skip classes, prank teachers, smoke behind the school, break the law, get into fights with other guys for fun and even watched him get suspended for three weeks. He always ruins everything and never does what he is told.Melody has hated him since the day he set foot in her school and luckily he has never noticed her.That is, until now. Tyson has set his eyes on Melody and won't stop until he gets what he wants. And he wants her.*-*-*Note: It is cliché at first but it gets better. [COMPLETED] Copyright © by Laylaa Khan
8 219 - In Serial96 Chapters
Terms and Conditions
The planet Earth –galactic name Driew—has always been an ordinary and peaceful planet with a small population of ape-beings ruling it. Conflicts do break out from time to time, but that is to be expected since most living planets die by either solar flares or some form of self-destruction. But, unfortunately for the Earth, a Mustela named Exflibberaguil was approaching this planet, and something destructive seemed to always follow him—though he would say it was just his destructively-hot looks. Marine Nick Lucifay is a female inhabitant of Earth, always too ready to run. When presented with an opportunity of adventure, her ape-brain figures that adventure is probably worth the consequence of death. And so, setting off to the nearest McDonalds, Marine Nick finds herself in the midst of an intergalactic struggle that involves a great quantity of bubbles. Chased by the most unlikely of enemies, Exflibberaguil must give up his secrets to save a world—and Marine—from running to their deaths.
8 95 - In Serial36 Chapters
Ganda’lfr – The Left Hand of God
The eight year old Vectre lay unconscious in his bed. He collapse because of the sudden burst of information entering his brain. The memories of his past life was now unburied and he was being made to remember who he was. An inhabitant from another world. He was from a world where monsters and magic did not exist, where advance technology ran rampant. Huge amount of information are now being process by his brain. Including his ability.
8 177 - In Serial12 Chapters
Vice Captain of Straw Hat Pirates
In the world of pirates, a young man reincarnates into a completely ordinary person's body. But coincidentally, he encounters Monkey D. Luffy. Hungry for adventures but also scared of death, he joins the Straw Hat Pirates as the vice-captain. ............ Straw Hats will follow the same routes with a lot of new changes.
8 145 - In Serial6 Chapters
Lục cung phượng hoa (ngocquynh520 convert)
Lục cung phượng hoaTác giả: Tầm Hoa Thất Lạc Đích Ái TìnhGiới thiệu:Tạ quý phi, chịu đựng chết tất cả kẻ thù, ở tám mươi tuổi lúc sống thọ và chết tại nhà mỉm cười cửu tuyền.Không ngờ vừa mở mắt, lại trở lại hồn nhiên thiện lương thời kỳ.----------
8 195

