《Adrian》5
Advertisement
September...။
"Adrian တောင်ပြန်လာပြီပဲ......."
ကျောင်းစောစောပြန်လာခြင်းတွင်
အရင်လိုအိမ်ကြီးထဲကြိုဆိုမယ့်သူ
မဲ့နေတာမျိုးမဟုတ် လိုတာထက်တောင်
ပိုများနေသည်။
ဆိုဖာပေါ်တွင် အရောင်စုံအသွေးစုံ
တညီတညာထိုင်နေသူများကို
တစ်ယောက်ချင်းဆီလိုက်ကြည့်လိုက်သည်။
"Adrian..လာအုန်း...ဒီမှာ..."
ခေါင်းရင်းခုံတွင်ခြေတံရှည်ရှည်တွေအား
ချိတ်ကာထိုင်နေသူထံမှ
အမိန့်ဆန်ဆန်အသံတွင်
အရောင်စုံတွေဆီမှမျက်နှာလွှဲလိုက်သည်။
ပြောစကားနားထောင်စွာနဲ့ပဲ
မလာခဲ့...မီးဖိုခန်းထဲသ်ို့ဝင်သွားခဲ့သည်။
JEon အမေ Jeon အမ နဲ့ နောက်ထပ်အမျိုးသမီး
တစ်ယောက်။ကိုရီးယားရိုးရာဝတ်စုံ
ရိုးရိုးယဉ်ယဉ်ဝတ်စားထားတာအလွန်ကြည်လင်
သောမျက်နှာပိုင်ရှင်မိန်းကလေးသည်
သိမ်မွေ့စွာထိုင်နေသည်။
သူကခေါ်လည်းမလာတတ်တာဒါပထမဆုံး
မဟုတ်တာကြောင့်သိပ်ဆန်းဆန်းပြားပြားတော့
မဟုတ်။
"အန်တီ ပန်းသီးခွဲပေးပါ...."
ကျောင်းပြန်ချိန်ဗိုက်ဆာသလိုလိုရှိ၍
ဧည့်ခန်းထဲမှ ကိုယ်နဲ့သိပ်ဆိုင်မယ် မထင်သော
ကိစ္စများကိုစိတ်မဝင်စားတော့ဘဲ
အစားစားဖို့က်ိုပဲဦးစားပေးလိုက်သည်။
"JEon အိမ်ထောင်ဖက်က်ိုတွေ့ပြီးပြီလား
Adrian..သိပ်ကြည့်ကောင်းတဲ့ကိုရီယား
အမျိုးသမီးပဲ..."
ဟိုဟိုဒီဒီဘာထပ်စားရင်ကောင်းအုန်းမလဲ
ဆ်ိုတာတွေးနေသောအတွေးစတွေသည်
တိခနဲရပ်သွားခဲ့သည်။
အိမ်ထောင်ဖက်.......။
ထမင်းစားစားပွဲနားမှခပ်ဖြေးဖြေးလျှောက်
သွားကာ တံခါးအကွယ်မှ တိတ်တိတ်လေး
ချောင်းကြည့်လိုက်သည်။
အဝါနုရောင်လိုက်ကာကို လက်ညိုးလေးဖြင့်
နည်းနည်းလေးဖယ်ထားလျှက်
အရှိန်အဝါကြီးလွန်းသောဧည့်ခန်းထဲက
လူတစ်စုကို တိတ်ဆိတ်စွာခိုးကြည့်နေခြင်းတွင်
လက်ထဲကအဒေါ်ကြီးလှီးပေးထားသော
ပန်းသီးစိတ်လေးနှင့်...။
"အိမ်ထောင်ပြုဖို့အချိန်တွေလည်းတန်နေပြီ
သားက အန်တီတို့မှမလှုပ်ရှားပေးရင်
သူ့ဟာသူကဖြစ်လာမှာမဟုတ်လို့
တကယ့်ကို အရှုပ်အရှင်းကအကင်းလွန်နေတာ...."
ပြုံးယဲ့ယဲ့နှင့် သိမ်မွေ့သူကိုရီးယားအမျိုးသမီး
ကိုလှမ်းကြည့်နေသူသည် ယောကျ်ားဆန်လွန်းစွာ။
ထိုအမျိုးသမီးကလည်းနူးညံ့စွာပြန်ပြုံးပြနေသည်။
လိုက်ဖက်ခြင်းနဲ့ ထိုက်တန်ခြင်း
ညီတူညီမျှသော တန်ဖိုးတရားတွေသည်
လိုက်ညှိစရာမလို ကွင်းကွင်းကွက်ကွက်.....။
"သမီးရဲ့ အလည်အပတ်ခရီးမှာ
သားက အကူအညီအများကြီးပေးပေးနော်"
ခေါင်းပေါ်ကဆံထုံးလှလှလေးမှာထိုးထား
သောကပိုကရိုကလစ်ကလေးကတောင်
စိန်ရောင်တွေတောက်နေသောချမ်းသာကြွယ်ဝ
မှုဘယ်လောက်ရှိနေမလဲ Jiminမှန်းဆတတ်ပါသည်။
"တည်းမဲ့နေရာကို ကိုယ့်ကိုပြောထားလေ
လာကြိုပေးပြီး သွားချင်တဲ့နေရာအားလုံးကို
လိုက်ပို့ပေးပါ့မယ်...."
"ဟုတ်ကဲ့ Jungkook...."
ရင့်ကျက်တဲ့အလှတရားနဲ့ အေးချမ်းသော
အမျိုးသမီးတစ်ယောက်ဟာစံချိန်စံနှုန်းမှီပါပဲ။
လူကသာခေါတ်လွန်နေတတ်ပေမယ့်
ရွေးချယ်မှုအများစုကတော့Jeonကရှားပါတတ်သော
တော်ဝင်ဆန်တတ်သော..သာလွန်နေတတ်သော
အရာတွေကိုပဲကြိုက်၏။
JEonအရမ်းသဘောကျနေတယ်ဆိုတာ
သက်သေပြနေစရာကိုမလိုအပ်ခဲ့ပါ။
အလွန်အမင်းစိတ်လှုပ်ရှားနေကြောင်းလည်း
သိသိသာသာရယ်....။
လိုက်ကာစလေးလှုပ်ခနဲ..။ပန်းသီးတစ်စိတ်
ပါးစပ်ထဲထည့်ကာအပေါ်ထပ်လှေကားတွေ
အတိုင်းအပေါ်သို့တက်သွားခဲ့သည်။
October ကပူတယ်မခေါ်ပေမယ့် အခန်းက
လုံခြုံတာကြောင့် ခါးကအင်္ကျီကိုဆွဲချွတ်လိုက်သည်။
အခန်းပြတင်းပေါက်ဘောင်ပေါ်တက်ထိုင်
လိုက်ကာခြံဝန်းတစ်ခုလုံးကိုငေးကြည့်နေသည်။
ဒီကောင်းကင်
ဒီမြက်ခင်း
ခြေရာ အနှံ့အပြားတွေနဲ့
ဆူညံပူညံအသံတွေ...
အော်ဟစ်ကြိမ်းမောင်းသံတွေ...
ရီမောသဘောကျသံတွေ
ရေကန်ပြာပြာထဲက ရေကူးသင်ခါစအချ်ိန်တွေ...
သစ်ပင်အိုကြီးအောက်က ဂစ်တာတီးသင်ပေး
ခဲ့တဲ့အချိန်တွေ....
စက်ဘီးစမသင်ပေးဘဲကားမောင်းစသင်ပေး
ခဲ့သော နည်းနားမကျခဲ့သောအတိတ်တွေ
အမှတ်တရပေါင်းများစွာ....။
မှားယွင်းသောအိမ်မက်တွေမက်ခဲ့တာ....
တည့်မတ်စွာတဖြောင့်ထဲသွားနေတဲ့
လောကကို မွှေနှောက်ပစ်ချင်နေတဲ့လက်ကလေး....။
သီးချိန်တန်သီး ပွင့်ချိန်တန်လာရင်ပွင့်မယ့်
သဘာဝတရားကို ဆံပင်ဝါဝါတွေအောက်
သော့ခတ်ချင်ခဲ့တဲ့ ရဲတင်းမှုတွေ....။
စာနာသနားမှုနဲ့ကယ်တင်ထားခဲ့သောလက်တွေကို
လောဘကြီးစွာ ကျေးဇူးကန်းနေမှုတွေ...။
ဂရုစိုက်ခြင်းလက်ဆောင်ထုပ်လေးတွေ...
ကြင်နာခြင်းပန်းစည်းလှလှလေးတွေနဲ့
နွေမှာ အေးပြီး
မိုးမှာပေးတဲ့လုံခြုံခြင်း
ဆောင်းရာသီတစ်ခုအတွက်နွေးထွေးမှုတွေဟာ
အယူအဆတွေမှားစရာမရှိဘူး
ဖြောင့်မှန်ခဲ့သော မေတ္တာတရားတွေပေါ့....။
ရိုင်းလေသော စိတ်နှလုံးကသာ
ခံစားချက်တွေအရွယ်ရောက်လာလေ
ထုဆစ်နေသော စိတ်၏သေချာခြင်းက
ဒူးထောက်ဆိုလည်းထောက်
လက်မြှောက်ဆိုလည်းမြှောက်...သူအမိန့်ချလာရင်
နာကျင်ရခြင်းအရှင်းမရှိ....။
"Hello Sea...."
"Imm Adrian.."
"အမျိုးသမီးတစ်ယောက်ကသိပ်လှတာပဲ..."
"ဟုတ်လား...မိန်းမလှလေးတွေမြင်တိုင်း
ငါ့ကိုသတိရနေတာလား ငါအဲ့လောက်
အခြေအနေဆိုးနေပြီလားကွာ...."
"ဘာအကြောင်းတွေရှိရှိပြောပြစရာ
မင်းပဲရှိလို့ပါ...သူမတော်တော်ကိုလှနေတယ်..."
"မင်းကြွေသွားပြီလား...."
"ကြွေတာပေါ့ ဒီလောက်လှတာ
မကြွေနိုင်စရာဘာအကြောင်းရှိမှာလဲ
ကြွေသွားတာပေါ့....ကြွေမှာပေါ့...အင်း......"
"ဘယ်သူလဲ ဘယ်ကလဲ
ငါ့ကို ချိတ်ပေးမလား မင်းလှုပ်ရှားမှာလား..."
"James...မိန်းမ ဖြစ်လာမယ့်သူ ...."
Seaရဲ့ဖုန်းကိုင်ထားသော
လက်ကလေးတွေလှုပ်ခတ်သွားသည်။
အိပ်ရာထဲလေနေရင်းWave.. ဆိုတဲ့ဝင်လာတဲ့
Ph Callလေးကြောင့် ကော့ညွှတ်နေသော
မျက်တောင်လေးတွေလှုပ်ရှားအသက်ဝင်လာခဲ့ရင်း
ပြောပြလာသောအကြောင်းအရာကြောင့်
ခေတ္တတိတ်ဆိတ်သွားသည်။
"ခုမင်းဘယ်မှာလဲ....."
"ငါ့အခန်းပြတင်းပေါက်မှာဆေးလိပ်သောက်မလို့
မင်းကိုသတိရလာတာနဲ့...."
"ပန်းသီးစားလေ...ဝိုင်ကောင်းကောင်းလေး
နဲ့မြည်းပြီးစား မူးလာရင် ကွေးကောက်နေအောင်
ကလိုက်....ငါ့ကိုအဲ့Video ပြီးရင်ပို့လိုက်
ငါကျောင်းမှာဖြန့်ပေးမယ်..."
"F....မင်းသောက်ကျင့်ကအမြဲယုတ်နော်..."
"ငါ့ကိုခုတွေ့ချင်လား Adrian
ငါ့မှာစက်ဘီးရှိတယ်...လာခေါ်ပေးရမလား..."
"မင်းကိုငါဘာလို့တွေ့ချင်ရမှာလဲ...
မလိုပါဘူး....."
"ပြီးတာပဲ....."
"ငါဖုန်းချလိုက်တော့မယ် Sea....
စကားနည်းနည်းပြောချင်တာ
ခုပြောလို့ပြီးပြီ....ဒါပဲ..."
"Adrian...."
"အင်း....."
အတန်ကြာတဲ့အထိSeaကဘာမှမပြော...။
ဖုန်းလိုင်းသည်တိတ်ဆိတ်နေသည်။
Jiminသည်စိတ်ရှည်စွာဆက်နားထောင်ပေးနေရင်း
မိနစ်တချို့ကြာမှစကားသံတိုးတိုးထွက်ကျလာသည်။
"သူမထက်...မင်းကပိုလှပါတယ်...
အဆပေါင်းထောင်သောင်းချီပိုလှတယ်
ဒါက အမှန်တရားတစ်ခုဆိုတာနားလည်ပါ"
နီရဲသောမျက်အိမ်တွေထဲမှမျက်ရည်တွေ
စီးဆင်းလာသူကSea....။
စီးကရက်တစ်လိပ်လက်ကြားညှပ်ရင်း
အဝေးကိုငေးမောသူ၏မျက်အိမ်တွေကတော့
ခြောက်ကပ်နေသည်။
"ဘာတွေလာပြောနေတာ..လဲ...."
သိပ်မဆက်ချင်သောလေသံတိုးတိုးဟာ
ဖုန်းလိုင်းထဲပြတ်တောက်သွားခဲ့တာလား။
"ကျေးဇူးပြုပြီး မင်းအသံတွေမတုန်ပါနဲ့
Adrian ရာ...."
ဖုန်းချလိုက်ကာ အိပ်ရာပေါ်ပစ်တင်လိုက်
သည်။စီးကရက်ကိုပါအခန်းပြတင်းပေါက်မှ
အောက်ကိုလွှတ်ချလိုက်ကာ
ကောင်းကင်ပြာပြာကိုငေးမောနေလိုက်သည်။
မူပိုင်အေးတိအေးစက်မျက်ဝန်းတွေနဲ့....။
......................................။
"ရေချိုးနေတာအရမ်းကြာနေလို့
ဝင်လာလိုက်ပြီ အောက်မှာDinnerစားဖို့
စောင့်နေကြတယ် တစ်ညလုံး
ချိုးနေတော့မှာလား...သိပ်စိတ်မရှည်.."
ဆပ်ပြာမြုပ်တွေသည်ကြမ်းပြင်ပေါ်အထိ
အများအပြားလျှံကျနေကာ မွှေးပျံ့လွန်းသော
ဆပ်ပြာနံ့ဟာများလွန်းတော့လည်းခေါင်းပင်မူး
လာသည်။အနီရောင်ဝိုင်ခွက်တစ်ခွက်နှင့်အတူ
မျက်လုံးတွေမှိတ်ထားကာရေစိမ်နေသောသူ။
ဆံနွယ်စတစ်ချောင်းချင်းစီဟာရေစတွေ
သီးခိုနေကာ ကြည်လင်ရှင်းသန့်နေသော
မျက်နှာဟာဝိုင်သောက်ထား၍
ပန်းနုရောင်သန်းနေတော့အဖြူရောင်
ဆပ်ပြာမြုပ်တွေကြားအဆန်းတကြယ်...။
JEonဟာ ပိုင်နိုင်စွာဝင်လာမာန်မဲပြီးမှ
စကားအရှိန်ကိုလျှော့လိုက်မိသည်။
"Adrian အိပ်ပျော်နေတာလား...."
ဖျက်ခနဲပွင့်လာသောမျက်လုံးတွေဟာ
မှင်သေသေ...ရီဝေဝေသာတစ်ချက်ကြည့်ပြီး
အကြည့်တွေလွှဲသွားခဲ့သည်။
"အချိန်ဆွဲမနေနဲ့ အောက်မှာမေမေတို့
မမတို့ ညစာအတူတူစားဖို့စောင့်နေတယ်"
"ညစာမစားတော့ဘူး..."
"ဘာဖြစ်လို့လဲ...."
"မဆာလို့ပေါ့...."
"ကိုယ့်မိသားစုနဲ့ အဆင်ပြေအောင်
မင်းအသက်အရွယ်တစ်ခုရောက်လာပြီပဲ
နေပေးလို့မရဘူးလား...
မင်းလေးစားမှုရှိရမယ်လေ..."
"ကျွန်တော့်ကိုသူတို့မလိုလားဘူးလေ..."
"သူတို့ပါးစပ်ကပြောခဲ့ဖူးသလား..."
"မျက်လုံးတွေကပြောခဲ့တယ်James
ကျွန်တော် မျက်နှာချင်းဆိုင်ဖို့
မဖြစ်နိုင်လို့Sorry...."
"မင်းကလေးဆန်လွန်းနေတာမဟုတ်ဘူးလား..."
ဆပ်ပြာမြုပ်တွေကြားထဲငုံ့ဝင်သွားပြန်သည်။
ရေထဲနေနေတာဘယ်နှနာရီကြာနေပြီလဲ
နားလည်လို့မရခြင်းတွေဟာParkJimin
ဆိုတဲ့ဒီသက်ရှိလှလှလေးကြားဘယ်အချိန်အထိ
စီးဝင်နေအုန်းမှာလဲ...။
"ကိုယ့်ဧည့်သည်လည်းရှိနေတယ်လေAdrian
မင်းသူ့ကိုမကြိုဆိုချင်ဘူးလား...."
ဗွမ်းခနဲရေထဲမှပြန်ပေါ်လာသောမျက်နှာ
နှင့်ဆံပင်တွေအားလုံးကိုနောက်သို့လှန်တင်
လိုက်ကာ ပြာကျမတတ်အကြည့်ခံရခြင်းဆို
တဲ့ခံစားမှုကိုJeonဟာနဖူးတွေဒူးတွေ့....။
သေးသိမ်သလို...အမှားမလုပ်ထားဘဲ
မလုံခြုံလာသောလိပ်ပြာတွေဟာ
ကြည့်၍ရှု၍မလှနေ.....။
"ကျွန်တော် ကြိုဆိုပေးရမှာလား James.."
"အတင်းမခိုင်းစေပါဘူး...
ဒါကိုမင်းသဘောမကျဘူးဆိုရင်..."
"အဲ့ဒီလိုရွေးချယ်ခွင့်ရှိတာလား..."
"Jimin!..."
ဝိုင်ခွက်ကိုယူကာတစ်ချိုက်သောက်သည်။
မေးသောမေးခွန်းတွင်Jeonအသံတွေ
ကျယ်သွားကာ အစေးမကပ်သော
ရေချိုးကန်ထဲကပန်းနုရောင်သန်းနေသော
မျက်နှာလေးအားထပ်ကြာကြာမကြည့်ချင်တော့။
ဒေါသခပ်ပါးပါးဟု ဆွဲယူတွေးလိုက်ပြီး
စိတ်ခံစားချက်ကိုလျှော့လိုက်ကာမျက်နှာလွှဲ
လိုက်တော့မည့်အချိန်....
ပါးတစ်ဖက်သည်အေးခနဲ.....။
"ဘာလဲ...ကျွန်တော်ကဘာလဲ....
ကျွန်တော်က ဘာကောင်လဲ James..
ဘယ်လိုဖြစ်တည်နေရတာလဲ...."
ရုတ်တရက်ဆပ်ပြာမြုပ်တွေကြားကနေ
JEonဆီတိုးကပ်လာကာမျက်နှာနှစ်ခု၏
အကွာအဝေးအနည်းငယ်အထိကိုတိုးကပ်လိုက်
ပြီးပါးတစ်ဖက်ကိုသူ့ဘက်ကိုခပ်ကြမ်းကြမ်း
မျက်နှာချင်းဆိုင်ဆွဲလှည့်သည်။
မြင်နေရတာက ရေမှုံရေမွှားတွေနဲ့
အဝတ်အစားမရှိသောနူးညံ့ခြင်းနယ်မြေငယ်တစ်ခု။
ခန္ဓာကိုယ်တဝက်ဟာရေအောက်မှာ
နောက်ထပ်တစ်ဝက်ကတော့ ပြတ်ပြတ်သားသား..။
ဒေါသရိပ်တွေလား နာကျင်မှုအရိပ်တွေလား
အထဲမှာကြိတ်လှိုက်စားတတ်တဲ့လက္ခဏာမပြတဲ့
ရောဂါသည်လေးလိုဖူးကြွနေတဲ့မျက်နှာဟာ
တစ်ချ်ိန်ထဲမှာ အားကုန်ခမ်းနေပြီး
တစ်ချိန်ထဲမှာ ခက်ထန်နေခြင်းဟာ
အတိုင်းအထက်အလွန်။
သူမေးခွန်းတွေအများကြီးမေးနေတာ...
ရာချီသောမေးခွန်းတွေကိုJeonမျက်နှာ
၏အစိတ်အပိုင်းတစ်ခုချင်းအား
စေ့စေ့စပ်စပ်ကြည့်ကာမေးနေခဲ့တာ
စကားတစ်ခွန်းမျှမဆိုလေပဲ...။
"Adrian မင်းဘာတွေဖြစ်နေတာလဲ...."
၃၆နှစ်အရွယ်ယောကျ်ား၏မျက်လုံးတွေကို
မကျေနပ်နိုင်ပို၍စူးရဲခက်ထန်စွာ
ထပ်တိုက်ခိုက်တဲ့အခါ...Jeonဟာ
မျက်လွှာချလိုက်သည်။
"မင်းငယ်လွန်းသေးတယ်...."
နုနယ်ခြင်းတွေ ငယ်ရွယ်ခြင်းတွေဟာ
အကြောင်းပြချက်မှမဟုတ်ဘဲနဲ့...။
ဒီStory မှာ ကိုယ်ဘယ်နေရာမှာကိုယ်ဘယ်လို
ရင့်သန်နေသလဲကိုယ်အသိဆုံး...။
ဝိုင်ခွက်ကိုယူကာထပ်သောက်လိုက်ချိန်တွင်
ခန္ဓာကိုယ်ကလုံးဝလက်မခံတော့။
"ဝေါ့..."
"Adrian..."
အစာတစ်ခုမှဗိုက်ထဲမရှိဘဲရေစိမ်ဝိုင်သောက်
ခြင်းဟာ နည်းနည်းတော့ခန္ဓာကိုယ်အတွက်
အဆင်မပြေလေတဲ့ပုံ....။
အန်ထွက်လာသောအနီရောင်အရည်တွေဟာ
ရေချိုးခန်းတစ်ခုလုံးကိုစီးသွားခဲ့သည်။
ဒီတစ်ခွက်ထဲအလှထိုင်သောက်နေတာမဟုတ်ဘူး
ဆိုတဲ့အမှန်တရားဟာရေသောက်တာများ၍အန်ထွက်နေ
သလိုနှုတ်ခမ်းတွေကသက်သေ...။
"ဘာလို့အများကြီးသောက်ထားရတာလဲ..."
"ဝေါ့...."
ပန်းရောင်သန်းနေသောမျက်နှာသည်
နီရဲလာကာ မျက်အိမ်တွေပါနီမြန်းလာသည်။
ကြီးမားသောဝေဒနာကိုခံစားနေရကြောင်း
သိသာလွန်းပါ၏။
"မင်း...မင်းက ငဆိုးကောင်...ParkJimin.."
ရေထဲမှကောက်ချီလိုက်ရကာသဘက်တစ်ခု
နဲ့ပက်လိုက်ပြီးအိပ်ခန်းဆီJeonသယ်သွား
ခဲ့သောလမ်းတစ်လျှောက်လည်းမသက်သာနေပါ။
အိပ်ရာပေါ်တင်လိုက်ပြီး အန်တာရပ်သွား၍
အဝတ်အစားဝတ်ပေးရန်ဗီရိုဆီပြေးနေချိန်တွင်
ဝေဒနာခံစားနေရသောသူဟာအန်ခြင်းကို
မအောင့်အီးထားနိုင်ခဲ့ပါ။
"James!!"
အိပ်ရာဖြူဖြူလေးပေါ်စွန်းထင်းတော့မယ့်
ဖြစ်ရပ်အတွက် နှုတ်ခမ်းကထွက်ကျ
လာတော့မည့်အရာတွေကိုပြေးလာကာကွယ်ပေးခဲ့တာ
တက်တူးအပြည့်နဲ့လက်ဖဝါးနှစ်ဖက်...။
"ရတယ် အန်ချလိုက်...မင်းအိပ်ရာတွေ
ပေကျံကုန်မယ်...."
ငါးနှစ်သားလေးထဲကဒါတွေက
မလုပ်ခဲ့ဖူးသောအလုပ်တွေမဟုတ်။
ကလေးတစ်ယောက်လက်ဆွဲ
၂၃နှစ်အရွယ်စီးပွါးစရှာထဲက
ကားမူးတတ်သောကလေးရဲ့အရာရာဟာ
သူ့လက်တွေထဲမှာ....။
နေမကောင်းဖြစ်တိုင်းအစအဆုံးသော
အရာတွေဟာ သူ့လက်သူ့ခြေပဲ။
Jiminသည်သန့်စင်ခန်းထဲပြေးဝင်သွားသူ၏
ကျောပြင်အားစိုက်ကြည့်ကာ
တလောကလုံးဝိုင်းလှောင်တဲ့ရီသံတွေကြားလာ
ရသလိုပဲ။
ParkJimin ရေ ကြက်ခြေခပ်တွေသိလား
ParkJimin ရေ ဒါအမှားလက္ခဏာတွေ
သိလား....သိလား....။
တဆက်ဆက်တုန်လာတဲ့လက်တွေခြေထောက်
တွေ....ခုံမှာသိမ်မွေ့စွာထိုင်နေသောမိန်းမပျိူလေးနဲ့
အင်အားကြီးလွန်းသောနောက်ထပ်
မျက်နှာနှစ်ခု.....။
သူ့ကိုယ်သူပြန်စမ်းစစ်တဲ့အခါ...
အမေသေပြီး အဖေဘဝပျက်၍
ခုံလှုံရာယူထားရသော ဒုက္ခသည်...
လောကရဲ့အမှန်တရားတွေဟာ
နှလုံးသွေးနဲ့ဖျက်ချင်ပါတယ်ဆိုတာတောင်
ရူးနေသလားဟု ပြန်မေးမည့်အမျိုး....။
သိပ်ခမ်းနားတဲ့အရာ
သိပ်အဆင့်အတန်းမြင့်တဲ့ဇိမ်ခံပစ္စည်းလို
သိပ်စျေးကြီးလွန်းတဲ့ ဖြစ်တည်မှု....
သိပ်ထည်ဝါလွန်းတဲ့အခါ....
အသက်ရှူလို့မရခြင်းတွေကိုဖြစ်စေသည်။
လက်တွေဆေးကြောပြီးပြန်ထွက်လာသူသည်
အဝတ်အစားတွေလဲပေးနေလည်း
အိမ်မက်ကမ္ဘာထဲလွင့်နေသလို...။
စကားတွေတတွတ်တွတ်ဆိုနေလည်း
ထုံထိုင်းပြီး ဘာမှမကြားရ...။
ကိုယ့်သေတွင်းကိုယ်တူးမိတဲ့ဥပမာဟာ
နာနာကျင်ကျင်ရယ်....။
"ဝိုင်ကို အန်ထွက်အောင်အထိကြိုက်တာ
ကိုယ်နဲ့တူတာဆိုပေမယ့်
အတိုင်းအဆတော့ရှိ ကြားရဲ့လား..
မင်းကလေးလေးပဲရှိသေးတာ..."
တိုးလျှိုးတောင်းပန်သလိုမျက်ဝန်းလှလှ
တွေနဲ့ ချော့မော့ဟန် ဆံပင်တွေကို
လာသပ်နေတော့ အာရုံတွေနောက်လာလွန်းပြီ။
Coffee Crazy တစ်ယောက်ရှေ့ကို
Cappuccino တွေ Americanoတွေ
Mokka.. Espresso ..ဆိုတဲ့Menu ရွတ်ပြနေသလိုပဲ...
ဘယ်အရသာကိုမဆိုအရူးအမူးမို့
လာသမျှအကုန်ကြိုက်လွန်းနေလို့.....
ရွေးချယ်ရတွေခက်လွန်းလာလို့ စိတ်ရှုပ်လာခဲ့သလို
အကြိုက်လွန်တဲ့အခါမပျော်ပိုက်ရတော့တာ
အမှန်တရား...။
တန်ဆေးလွန်ဘေး ဆိုတဲ့စကားပုံကို
ParkJimin...ကလက်ခလည်နဲ့စကားပြောမည့်သူ။
JEonလက်တွေကိုခပ်ကြမ်းကြမ်းရိုက်ထုတ်
လိုက်ကာအိပ်ရာပေါ်လှဲချလိုက်သည်။
စောင်ကိုမြန်မြန်ဆန်ဆန်ခေါင်းအထိလုံအောင်
ခြုံကာခန္ဓာကိုယ်လေးကွေးပစ်လိုက်တဲ့သူ။
"မင်း ဒီလိုပဲနေချင်တာဆိုရင်နေပါ
ကိုယ်ကတော့ အောက်ပြန်ဆင်းမှဖြစ်မယ်
ဧည့်သည်တွေရှိလို့..
အန်တီ့ကို မင်းစားချင်မယ့်ညစာလာပို့ခိုင်းမယ်နော်"
ဧည့်သည်ဆိုတဲ့ နာမ်စားမှာလက်တွေက
စောင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မိသည်။
"အဆိုးအဆာလေး....."
JEonဟာ စောင်လုံးလေးကိုခပ်ဖွဖွထိကာ
ပြောစရာရှိတာပြောပြီးထသွားဖို့ပြင်ဆင်လိုက်သည်။
ကျောခိုင်းရုံ စက္ကန့်အနည်းငယ်လေးတွေ
အနောက်ဘက်မှ ခန္ဓာကိုယ်အားသိုင်းဖက်လာသော
လက်ကလေးနှစ်ဖက်သည် ယှက်သိုင်းလျှက်...။
JEonမျက်အိမ်တွေဝိုင်းခနဲ....။
"Adrian...."
စကားအများကြီးပြောပြီးရှင်းပြတတ်သော
ဇာတ်ကောင်တွေကိုသိပ်အားကျမိပါသည်။
Adrian ဆိုသော နာမ်စားလေးရဲ့
လေသံအနိမ့်အမြင့်အတက်အကျမှာ
ပျော်ဝင်တဲ့ ခပ်လေးလေး ခံစားမှုသည်
လက်တွေကိုချက်ချင်းဖြေလျှော့သွားစေပါ၏။
ချက်ချင်းဆိုသလိုအိပ်ရာထဲပြန်လှဲ
လိုက်ကာခေါင်းအုံးတွေကြားထဲ
ခေါင်းတိုးနေလိုက်သည်။
ထထွက်သွားသော ခြေသံဟာတဖြည်းဖြည်း
ဝေးကွားသွားပြီး မကြာသောအချိန်တွင်
အောက်ထပ်မှရီသံသဲ့သဲ့တွေကြားလာရသည်။
အားလုံး F.......။
......................။
"အရာအားလုံးအတွက်ငါမင်းကို
ကျေးဇူးတင်ပါတယ် Jungkook..."
ထောင်ဝင်စာသွားတွေ့ရသောအချစ်ဆုံး
သူငယ်ချင်းဟာမကြာခင်ပြန်လွတ်လာတော့
မှာဖြစ်၍အရင်အခေါက်တွေလို
ခေါင်းငိုက်စိုက်တော့မဖြစ်နေ။
"သူငယ်ချင်းတွေပဲ ဒီစကားမင်းငါ့ကို
ပြောစရာမလိုပါဘူး..."
"Jiminကို သားအရင်းလေးလိုအရာရာမှာ
အကောင်းဆုံးတွေဖြည့်စည်းပေးခဲ့တာ
ငါအဲ့ကျေးဇူးတရားတွေကို ညတိုင်းစဉ်းစားမိပါတယ်.."
"Adrian က သိပ်ချစ်စရာကောင်းတယ်..
မင်းမွေးထားတာလို့မထင်မှတ်ရအောင်
သိပ်ချစ်စရာကောင်းတယ်...."
"သူ့အမေ ....သူ့အမေရဲ့ အလှတွေ...."
Jimin ဟာအဖေဖြစ်သူကိုကျန်ခဲ့သောငါးနှစ်
အသက်၁၃နှစ်တုန်းကတစ်ခါလာတွေ့ပြီး
နောက်ပိုင်းတွေ့ဖို့ခေါ်၍မရတော့။
JEonပဲ အချိန်မှန်မှန်တွေ့ဆုံခဲ့သည်။
"ချစ်နေတုန်းပဲလား သူမကို...."
"ချစ်မိသွားပြီဆိုတဲ့နောက်တော့ဘယ်လိုမျိုးများ
မုန်းနိုင်ပါ့မလဲကွာ..."
အမျိုးသမီးဖြစ်သူအပေါ်သိပ်ချစ်ခဲ့ပြီး
မိသားစုအပေါ်တာဝန်အများကြီးကျေပွန်ခဲ့သော
သူငယ်ချင်း...။သဘောမတူတဲ့မိန်းမကိုယူလို့
အိမ်ကစွန့်လွှတ်ခဲ့လည်း ချစ်တဲ့စိတ်တစ်ခုထဲနဲ့
ချစ်စရာကောင်းတဲ့မိသားစုလေးကိုသူကြိုးစား
တည်ဆောက်ခဲ့တာ...။
ချစ်ခြင်းမေတ္တာကိုစျေးပေါကုန်ပစ္စည်းလို
အလေးမထားတတ်တဲ့နှလုံးသားမျိုးနဲ့
ကြုံဆုံလာတော့ အချစ်ကြီးလို့အမျက်ကြီးတယ်
ဆိုတဲ့စကားဟာအသက်ဝင်လာခဲ့သည်။
ဒါပေမယ့်တွေရဲ့နောက် ပြဿနာတက်တဲ့ညက
အပြစ်ရှိသူ သူ့အမျိုးသမီးလေးကိုတော့မထိခဲ့နိုင်ပါဘူး။
ဒေါသအားလုံးကို တစ်ဖက်လူအပေါ်သာ
ပုံချပစ်ပြီး ရက်စက်တဲ့လူသတ်မှုတစ်ခုဖြစ်ပေါ်လာခဲ့တယ်။
သို့သော်
မမျှော်လင့်စွာ...လွင့်ကြွေသွားခဲ့ရတဲ့သူသိပ်ချစ်တဲ့
အမျိုးသမီးရဲ့ဝိဥာဉ်ရယ် လူဖြစ်ခါစ
ငါးနှစ်သားကလေးလေးရယ်....လောကဓံက
သူငယ်ချင်းအပေါ်မနိုင်မနင်းပက်စက်လွန်းခဲ့သည်။
ရွယ်တူပေမယ့်Jeonထက်ဆယ်နှစ်ကျော်
လောက်ပိုအိုစာနေသောသူငယ်ချင်းအပေါ်
ပြန်လွတ်လာတဲ့အခါတော့ဘဝကိုပျော်ရွှင်စွာ
အေးချမ်းစွာဖြတ်သန်းစေချင်သောစေတနာမျိုး
JEonမှာ အပြည့်အဝရှိပါသည်။
မူလတန်းထဲကကျောင်းနေဘက်သူငယ်ချင်း
တစ်ယောက်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာပါ။
JEonဟာ Friendshipတစ်ခုအပေါ်
သိပ်တာဝန်ကျေခဲ့သော လူတစ်ယောက်။
"မင်းAdrian ကိုဘာတွေဖြစ်စေချင်သေးလဲ...
မင်းရောကျန်ရှိနေတဲ့ဘဝနေ့တွေအတွက်
ဘာတွေအိမ်မက်ထားလဲ...."
"ငါအများကြီးမမျှော်လင့်ထားပါဘူး
မင်းပြုစုပျိုးထောင်ထားတာအရမ်းပြီးပြည့်စုံပါတယ်
သူပညာတတ်မယ် အလုပ်ကောင်းလေးတစ်ခု
ရလာပြီး အချိန်တန်ရင်သူ့ကိုသိပ်ချစ်တဲ့
သူကလည်းသိပ်ချစ်မယ့်အမျိုးသမီးလေးတစ်ယောက်
နဲ့လက်ထပ်ပြီး ကလေးလေးတွေမွေးမယ်
ငါလည်းအဖိုးနေရာမှာ မြေးတွေမြစ်တွေနဲ့
ငါသိပ်လိုချင်ခဲ့တဲ့ အေးချမ်းတဲ့မိသားစု
ဘဝလေးကိုကျန်နေတဲ့နေ့ရက်တွေမှာတော့
ရလာချင်တယ်...ငါအတ္တများကြီးနေသလား...Jeon.."
မင်းမှားတယ်လို့ထောက်ပြလ်ို့မရသလို
ဒါဟာအတ္တလို့လည်းလက်ည်ိုးထိုးလို့မှမရနေတာ
သူငယ်ချင်းပြောတာကသဘာဝကျကာ
နှစ်ရှည်ထောင်ကျနေတဲ့လူတစ်ယောက်ရဲ့
အိမ်မက်ကဒါ့အပြင်ဘာရှိမှာလဲ။
JEonဟာ စီးကရက်ဘူး ကို အင်္ကျီထဲ..လိုက်စမ်း
နေပြန်သည်။
"မကြီးပါဘူး....အဆင်ပြေပါတယ်...."
"JEon....."
"အင်း....."
"စီးကရက်က မင်းရှေ့မှာချထားတယ်လေ...."
"Oh Sorry!..."
သောက်တာလည်းမဟုတ် သောက်လို့လည်း
မရသောနေရာတွင်Jeonဟာစီးကရက်ဘူးကို
အင်္ကျီထဲထည့်လိုက်ပြန်သည်။
"ဘာတွေဖြစ်နေတာလဲ....."
"ဘာဖြစ်လ်ို့ရမှာလဲ....မယုံသင်္ကာမျက်လုံးတွေနဲ့
မကြည့်စမ်းပါနဲ့ ရင်ထဲမကောင်းဘူး..."
ငယ်သူငယ်ချင်းတွေမို့ခပ်နောက်နောက်
စကားကိုJeonကဆိုတဲ့အခါ တစ်ဖက်က
သဘောကျစွာပြုံးသည်။
"မင်းပြုံးတာ မမြင်ရတာတောင်ကြာပြီ
ပြုံးလိုက်တော့ ပြန်ငယ်သွားသလ်ိုပဲ Park..."
"တစ်ဘဝလုံးငိုကြွေးလာရလို့
ငါပြုံးချင်နေပြီ Jeon...."
"ပျော်ရွှင်ခွင့်တွေရှိပါတယ်ကွာ....."
"သားက သိပ်ချော တယ်မလား..."
မေးခွန်းတွင် Jeonကနှုတ်ဆိတ်သွားကာ
စဉ်းစားဟန်ပြုသည်။
မထုံတတ်တေးလှည့်ကြည့်ဟန်တွေ...
ရေကူးကန်ပြာပြာထဲ မျက်မှောင်ကျုံ့ကာ
ခုန်ချသွားဟန်တွေ...
ညစ်ပတ်ပေရေနေတတ်သောဘဝနေထိုင်မှုပုံစံတွေ...
အရောင်အစင်းမရှိသောဖိနပ်လေး...
ရောင်စုံသောဘောင်းဘီတိုတိုလေးတွေ...
ကိုရီးယားစင်စစ်သော်ငြား
အနောက်တိုင်းမှာကြီးပြင်းလာရ၍
အနောက်တိုင်းသားလေးစစ်စစ်ဖြစ်လာပုံတွေ....
မင်္ဂလာပါလို့ ခါးညွှတ်နှုတ်ဆက်ဆိုရင်
Hello လို့ လက်ပြနှုတ်ဆက်ပြပုံတွေ....
အနေအထိုင်မတတ်၍ရစ်ပတ်နွယ်ဝင်လာ
သောကကြိုးကကွက်တွေ....
ရဲတင်းစွာ အရည်ပျော်ကျမတတ်စိုက်ကြည့်တတ်
သော မျက်လုံးပြာပြာလေးတွေ....
တင်တင်စီးစီး ပြုမူတတ်သော အရိုင်းဆန်လှသော
အန္တရာယ်တချို့နဲ့ စုပေါင်းခြုံငုံပြန်မြင်ယောင်ကြည့်
နေမိတဲ့အခါ.....
"JEon....."
သတိပေးသလိုအသံတစ်ခုကြားမှဆက်ခနဲ
သောခန္ဓာကိုယ်နှင့်သူငယ်ချင်းကို
ကြည့်မိတော့ အဖြေကိုမျှော်လင့်နေဟန်။
Advertisement
- In Serial318 Chapters
Rebound: A 2nd Chance
“I'll just force them to recognize and respect the blood and sweat that I'm dripping on the hardwood. Because I don't hold anything back. I leave everything out on the court." -Jason Yang.
8 657 - In Serial380 Chapters
Prophecy Approved Companion
Qube is an NPC in an AI-driven VR-RPG who avoids her scripted death and blithely continues following the Player, trying to make sense of the normalised nonsense of Fantasy RPGs and accidentally glitching out the world in stranger and stranger ways as she seeks to be the very best Childhood Companion ever. It’s a loving parody of old school RPGs, high fantasy, and every gamer who has ever thought “what happens if I do this...” BOOK ONE COMPLETE. BOOK TWO ONGOING! Updates Tuesdays and Fridays. This is essentially a first draft, so I welcome grammatical corrections etc. Discord: https://discord.gg/XGr5DTN Cover by: https://www.instagram.com/pengwen.l/
8 506 - In Serial45 Chapters
The One and Only
Candle Dragon's eyes, Qiong Qi's energy, Rok's wings, Flying Serpent's enchantment…each of it brought him an insane ability. With a sword in his hand, he could smash the sky and conquer the universe. He cared little about the afterlife, he only wanted to live life to its fullest in this life! Read all of the updated chapters ahead on Flying-Lines.
8 125 - In Serial9 Chapters
The Crown of Sorrow
The air itself burned. All was ash and dust. The remains of his home, his friends, his loved ones, his comrades, his enemies, mixed and intermingled. One spec of ash indistinguishable from the next. He had fallen to his knees, among the aftermath of the ruin of his own making. He no longer knew how long it had been since he'd fallen, how long he remained beyond everything else he ever knew. The ashes of his life coated his body, making him appear as a gray uneven statue, a monument to his own sorrow. Ages pass, Life returns to the barren world,but how will the sins of the past affect its future? Saora of Valskaar begins another routine patrol of Valkaars borders. Accompanying rising a star of the Long-Riders, Captain Luke, as his Shield Maiden, unaware of the spiraling events that will change her life, and possibly end it. (This is my first novel, though the idea for it has been in the back of my mind for years, This is my attempt to put it to paper. Looking forward to any constructive criticism, however, i already have in mind, the entire plot and tone of the story, any revisions based on feedback will likely only be considered upon completion. As of now starting out, i haven't really settled on a timeline for regular updates But I aiming for at least two chapters a week at about 2000 words each. I will promise at least one chapter of that size at least once a week, until completion. I'm rather determined to put this story on paper ( or web page i guess).
8 150 - In Serial14 Chapters
A Shade of Timeless Retribution
What would you do to rid yourself of your immortality? After bearing a lifetime of pain and suffering. How will you want to end it? A nameless man in a dying universe, wanted to end it and so he did. Albeit, forcefully. What shall be the consequences of his action? Let's find out.--------------------------------------------------------------------------------------------------------------------------------------------------This my first attempt at a fiction, inspired by various sources. Critics welcome :)
8 199 - In Serial58 Chapters
I Like You a Latte {Complete}
"You're my favorite thing." He croaked. "You're all I have left . . . I don't know what I would do if you left me." ***A story built on coffee, awkward glances, dark pasts, too many puns, and one girl's uncanny ability to find trouble.Oh, and love. ***Beverly had always loved local coffee shops. When she stumbles upon Cynthia's, she enjoys a mocha and the adorable, awkward giant of a barista, who is covered in tattoos and would be terrifying, if not for the fact that he can hardly look her in the eye. As they grow closer, Beverly works to unravel his tricky past, whilst trying not to get involved in her roommate's suspicious antics and the sudden uprising of drugs and alcohol at her university.***Highest Rankings:#1 in Sweet 5/14/22 -- 5/18/22#5 in Chicklit 7/23/22#1 in shyboy 8/7/22
8 137

