《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Special Episode)
Advertisement
နှစ်လသကရာဇ်တွေ၏ တရွေ့ရွေ့လျှောက်လှမ်းလာသော ကံတရားတွေက မုတို့ကို မိသားစုလေးတစ်ခု ဖန်တီးပေးခဲ့ပြီ။လက်ထပ်ပြီး နောက်နေ့ ြ သစတျေးလျကို ကျောင်းသွားတတ်တဲ့ မုနောက်ကို ဉီးကတော့ ခေါက်တုန့်ခေါက်ပြန်လာရတာအမော။တစ်လတွင် နှစ်ပတ်လောက်လာနေတတ်ပြီး မြန်မာအဒေါ်ကြီးတစ်ယောက်ကိုလည်း အဖော်ထားပေးထားသည်။ဉီးကတော့ Company အလုပ်ကိုဆက်လုပ်ပြီး ဇာမဏီဂိုဏ်းကိုတော့ ဉီးအဖေနဲ့ အကိုဖြစ်သူကပဲ ဆက်အုပ်ချုပ်ကြသည်။ဘယ်လောက်ပဲ အလုပ်များပါစေ ဉီးကတော့ မြန်မာနိုင်ငံနဲ့ ြ သစတျေးလျကို အိမ်ဉီးနှင့် ကြမ်းပြင်လို မြောင်းပေါက်မတတ်လာတတ်သည်။
အဲ့တာတွေကြောင့်ပဲ ကျောင်းပြီးဖို့ သုံးလအလိုမှာတော့ မုကိုယ်ဝန်လွယ်လိုက်ရသည်။ဘွဲ့ရတော့ ဗိုက်လေးပင် ထွက်နေသည်။ကလေးကိုတော့ ဆစ်ဒနီမြို့က ဆေးရုံမှာပဲ မွေးလိုက်ရ၏ ။ကိုယ့်ရင်သွေးလေးအား သွေးချွေးတွေနှင့် အားစိုက်မွေးချင်ပေမဲ့ မုနှလုံးခွဲစိတ်ထားရတာကြောင့် ခွဲမွေးလိုက်ရသည်။ဉီးကတော့ မွေးလာသော ရင်သွေးလေးမှာ သမီးလေးဖြစ်ပြီး ရုပ်ကော အသားကပါ သူနဲ့တူတော့ သမီးရှုးကိုဖြစ်လို့။သမီးလေးနာမည်ကို စစ်ဒြာမှူးလို့ ဉီးဒီပကိုယ်တိုင်မှည့်ပေးသည်။မုလည်း ဆရာတစ်ယောက်ဆီမှာအလုပ်သင် ဝင်လုပ်ရင်း သမီးလေးတစ်နှစ်လောက်မှ မြန်မာနိုင်ငံပြန်လာတော့သည်။
ကိုယ်နိုင်ငံရောက်တာနဲ့ ကိုယ်ပိုင် Brandထုတ်ဖို့ လုံးပန်းက သမီးလေးကို နှစ်ယောက်တလှည့်စီထိန်းကနဲ့ အချိန်တစ်နှစ်တောင် ဘယ်လိုကုန်မှန်းမသိခဲ့ချေ။အခုဆို မုတို့အိမ်ထောက်သက်က လေးနှစ်ဖြစ်ပြီး သမီးလေး စစ်ဒြာမှူးပင် နှစ်နှစ်သမီးဖြစ်ခဲ့ပြီ....။
" ဉီးရေ...ဉီးထတော့ "
" မုကိုယ့်ကို ယောကျာ်းလို့ ဘယ်တော့မှခေါ်မှာလဲ သမီးလေးရဲ့ ဖေဖေဖြစ်နေပြီ လူတွေက ကိုယ့်ကို ဉီးလေးလို့ထင်နေကြရင် ဘယ်လိုလုပ်မလဲ "
" မထင်စေရပါဘူး မဟုတ်တောင် ဒီနေ့TV Show မှာ ယောကျာ်းနဲ့ သမီးလေးရှိကြောင်း တိုင်းသိပြည်သိကြော်ငြာပေးမယ် ကျေနပ်တော့ "
" မကျေနပ်သေးဘူး "
" ဘာလို့လဲ "
" သမီးလေးအတွက် မောင်လေးတစ်ယောက်လောက် မွေးပေးရအောင် "
" တော်လိုက်တော့ "
မု ကုတင်နားလာနိုးနေရင်း ဉီးစကားကြောင့် ထသွားတော့ လက်ကို လှမ်းဆဲွဲပြီး သူရင်ခွင်ထဲသို့ ဖိတ်ကြားလိုက်သည်။တသားမွေးတသွေးလာ ဆိုသောဆိုရိုးအတိုင်းမု သမီးလေးမွေးပြီမှ အရင်ကလိုမဟုတ် တည်ငြိမ်စွာလှလာသည်။သမီးလေးကြီးရင် ညီမလိုတောင်ထင်နိုင်၏ ။ပြည်ပ Fashion Show ပွဲတွေ၌ Designerအဖြစ် ပါဝင်ပြီးတဲ့နောက်ပိုင်းမှာ လူငယ်များကြားတွင် ပိုပြီးတောင်လူသိများလာတော့ ပိုပြီးစိတ်မချနိုင်။မုကလည်း သူမအင်တာဗျူးများတွင် ကိုယ်ရေးကိုယ်တာအကြောင်းမေးတိုင်း သိမ်မဖြေတာကြောင့်လည်းပါသည်။ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေသော သူမကို ပိုငိဆိုင်သူရှိမှန်းမသိကြတော့ သဝန်တိုမိသည်။
" ဒီနေ့ Showမှာ တကယ် အိမ်ထောင်ရှိတာပြောတော့မှာလား မုက ကိုယ်ရေးကိုယ်တာအကြောင်း ဖြေရတာ မကြိုက်ဘူးမလား "
" မဟုတ်ဘူး မု မှာ အရမ်းနားလည်ပေးတဲ့ ယောကျာ်းနဲ့ အရမ်းချစ်ရတဲ့ သမီးလေးရှိတယ်ဆိုတာကို ပြောပြမှာ အာလုံးသိအောင် "
" အဲ့တာအပြင် သားလေးလဲ ထပ်မွေးပေး သားလေးမှမဟုတ်ဘူး သမီးလေးလဲရတယ် "
" ဘာမှလဲ မဆိုင်ဘူး "
" မုရယ်ကိုယ်က အထီးကျန်ဆန်ခဲ့ရတော့ မိသားစု သိုက်သိုက် ဝန်းဝန်းနေချင်လို့ပါ "
" အင်းပါ သိတယ် အခုတော့ ထပြီးမနက်စာပြင်ပေးခဲ့တယ် သမီးလေးကို မုခုနကသွားကြည့်တာတော့ မနိုးသေးဘူး နိုးရင်ကျွေးပြီး အချိန်ပိုင်းကလေးထိန်းအန်တီလာရင် ရေမိုးချိုးပြီး ပြင်ပေးလိမ့်မယ် မုကတော့ သတိုသမီးကို ဝတ်စုံပြင်ပေးရမှာမို့ show ပြီးတာနဲ့ အရင်သွားနှင့်မယ် နောက်ကနေသမီးလေးနဲ့လိုက်ခဲ့ okတယ်မလား "
" ဟုတ်ကဲ့ပါ "
မုထမယ်ဆိုတော့ မလွတ်သေးပဲ နဖူးလေးကို တစ်ခါ နမ်းပြီး နှာတံချွန်ချွန်လေးဖြင့် မုနှာခေါင်းအား လာရောက်ပွတ်သပ်ပြီး ကပ်ချွဲနေလေသည်။သူမ နှုတ်ခမ်းလေးအား လက်ဖြင့် ထိတွေ့ပြီး နမ်းရှိုက်လိုက်တော့ အမြဲရိုးအီးမသွားစေပဲ ကြင်စဉီးတုန်းကလို အခုထိ ပူနွေးချိုမြိန်စေတုန်း။တခါတလေ အခုလိုဘဝလေးက အိမ်မက်များလားလို့တောင် တွေးမိပြန်သည်။တစ်ယောက်နဲ့ တစ်ယောက် အနမ်းတွေနဲ့ ဆော့ကစားနေရင်း ဖုန်းဝင်လာတော့ မုဖုန်းကောက်ကိုင်ကာ လက်ကလေးယမ်းပြပြီး ထွက်သွား၏ ။ မုကတော့ ပြောစရာမလိုအောင် ဇနီးတာဝန်ရော မိခင်တာဝန်ပါကျေသူပါ။ အလုပ်ရှိရင်တောင် မိသားစုကိုသာ ဉီးစားပေးသည်။
အခုလည်း သူမကို ခဏခဏပြောထားသော Show အား အတင်းငြင်းနေပြန်တော့ ကိုယ်ကြောင့်လဲ သူမအောင်မြင်မှုကို မပိတ်ပင်ချင်တော့ ကိုယ်ကပဲ လုပ်ရန်တိုက်တွန်းရသည်။Live Showဖြစ်တာကြောင့် မုအချိန်မှီသွားပြီး အစီစဉ်တင်ဆက်မှုအား စတင်လိုက်သည်။
" အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ Designer နန်းမုဒြာရောက်ရှိလို့လာပါပြီ "
" အားလုံးပဲ မဂ်လာပါ... Designer နန်းမုဒြာပါ "
" ကိုယ်ပိုင် Brandထောင်ထားတော့ တကယ်ကို အရည်ချင်းရှိပါတယ် ကြိုးစားမှုတွေလဲ မနည်းလောက်ဘူးနော် "
" ဟုတ်ပါတယ် "
အကြောင်းရာ အမျိုးမျိုးမေးပြီးတဲ့အခါမှတော့ မုရဲ့ အချစ်ရေးအကြောင်းအား မေးမြန်းသော အမျိုးသမီးမှ စကားစလိုက်သည်။
" မုက အသက် 24နှစ်နဲ့ အရမ်းအောင်မြင်နေပေမဲ့ အချစ်ရေးကိုတော့ အရမ်းလျို့ဝှက်တယ်နော် "
" အဲ့လိုတော့ မဟုတ်ပါဘူး မုပြောပြရင် အားလုံးယုံနိုင်ကြပါ့မလား "
" ချစ်သူရှိနေတာလား "
မု သူမပြောမဲ့ စကားကို အားလုံးကြိုမတွေးထားမှန်းသိတာမို့ ပြုံးရယ်ရင်း Cramer ဘက်ကြည့်လိုက်သည်။
Advertisement
" တကယ်တော့ မုမှာ ခင်ပွန်းရော ကလေးပါရှိပါတယ် မုကို အချစ်တွေ ဂရုစိုက်ကြင်နာမှုတွေပေးတဲ့ သူကြောင့် မုအခုလိုရပ်တည်နိုင်တာပါ ပြီးတော့ သမီးလေးကလဲ မုရဲ့ခွန်အားပါ "
" တကယ်ကြီးလား Omg! !! မုရဲ့ Funboy တွေအတွက်တော့ စိတ်မကောင်းစရာပဲ "
" စိတ်မကောင်းဖြစ်ကြမှာသိပေမဲ့ သူတို့အတွက်လည်း တချိန်ချစ်ပေးမဲ့သူတွေ ပေါ်လာမှာပါ "
" ခင်ပွန်းကတော့ တကယ့်ကို ကံကောင်းတဲ့သူပဲနော်"
" မုကသာ ကံကောင်းတာပါ အမြဲမုလုပ်ချင်တာတွေကို ပံ့ပိုးပေးပြီး လိုလေသိမ့်မရှိအောင် ထားပေးတဲ့ အရမ်းချစ်ရတဲ့ ယော်ကျားပါ "
မု Show ပဲှဲပွီးတာနဲ့ မဂ်လာဆောင်ခန်းမဆီသို့ ပြေးရပြန်သည်။အားလုံးမထင်ထားတဲ့ သွဲ့ဒါတောင် အခုဆို မဟာနဲ့ လက်ထပ်ပြီလေ။ဒီနေ့ရဲ့ သတိုသမီးလေးဖြစ်မဲ့ သူငယ်ချင်း ဝတ်စုံကို မုကိုယ်တိုင် ချုပ်ပေးရသည်။မဟာနဲ့ သွဲ့ဒါလည်း နှစ်အတော်ကြာအောင် တွဲလိုက်ကြသည်။ဒါပေမဲ့ ကြားထဲမှာ မဟာက နှစ်ခါလောက် ဇာတိမပျောက်ပွေလိုက်သေးသည်။နောက်ဆုံးတခေါက် သွဲ့ဒါအခြားတစ်ယောက်နဲ့ တွဲဖို့လုပ်ခါမှ သူခြေပြန်ငြိမ်ပြီး လက်ထပ်ရန်စီစဉ်ကြသည်။မစီစဉ်လို့ကလဲ မရ သွဲ့ဒါတွင် ကိုယ်ဝန်သုံးလရှိနေပြီ။မဟာကို အသိမပေးဘဲ ပြစ်ထားလိုက်တော့ သူတော်တော်ကြေကွဲသွားပုံရသည်။သွဲ့ဒါကို တောင်းပန်ပြီး အတင်းတောင်းယူလက်ထပ်တော့သည်။
လေးနှစ်တာကာလမှာ အချို့သော အကြောင်းရာတွေက စာမျက်နှာတစ်ရွက်လှမ်းလိုက်သလို ပြောင်းလဲမှုများခဲ့သည်။မထင်ထားသော ဖြစ်ရပ်တွေ လက်ခံနိုင်စရာမရှိတဲ့ လူတွေရဲ့ ဘဝနောက်ကြောင်းတွေ တားဆီးမရတဲ့ အချစ်တွေက လူလောကရဲ့ ကံတရားဆိုသည့် စက်ဝိုင်းကြီးများလား။
" မု ဘာတွေတွေးနေတာလဲ "
" မဟုတ်ပါဘူး ဒါဒါ မဟာနဲ့ ဂတိကဝတ်ပြုတာကို ကြည့်ပြီးတွေးနေတာ အချိန်တွေကုန်တာ မြန်ပါလားပေါ့ "
" ဟုတ်တယ်နော်...ကိုယ်တို့ မဂ်လာပွဲမှာ ချစ်သူတွေဖြစ်သွားတဲ့ သူတို့ကအခုဆို အကြင်လင်မယားတောင်ဖြစ်ကုန်ပြီ "
" အဲ့နေ့က မဂ်လာေဆာင်ခဲ့တဲ့ မုတို့လဲ အခုဆို စစ်ဒြာမှူးဆိုတဲ့ သမီးလေးတောင်ရနေပြီလေ မုတို့ သမီးလေးလဲ တစ်နေ့မုတို့လို ချစ်တဲ့သူနဲ့ တွေ့ပြီး ရွှေလက်တွဲမှာပေါ့နော်"
" သမီးဆိုမှ သမီးလေးကို အဖေဆီပေးထားတာ မတွေ့ပါလား "
" အဖေဆီကနေငိုနေလို့ ဝေဝေခေါ်သွားတယ် "
" ဘာ! !! စိုင်းဝေ ခေါ်သွားတယ် ကိုယ်လိုက်ရှာလိုက်အုံးမယ် သူဆီဘာလို့ ထည့်လိုက်တာလဲ "
သမီးလေးကို စိုင်းဝေခေါ်သွားတယ်လို့ကြားလိုက်တာနဲ့ ရှူးတိုက်ထွက်သွားသော ဉီးကို ကြည့်ရင်း မုခေါင်းလေးပင် ခါမိသည်။
" ယောကျာ်းရေ...ရှင်တော့ မုအတွက်ပြီးတော့ သမီးလေးအတွက်ပါ ရှုးရအုံးမယ်ထင်တယ် "
~~~ The End ~~~
အခုဆိုရင် မုနဲ့ အောင်စစ်မှူးတို့ အတဲွဲပြီးသွားပြီဆိုတော့ Author နောက်ထပ်အတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရက်စက်တဲ့ ဘုရင်အာယန်းနဲ့ ချစ်စရာကောင်းတဲ့ မိဖုရားငယ်လေး အဲရိကာတို့ပါ။ရှေးခေတ်တော်ဝင်နန်းတွင်း Ficလေးမို့ ဆန်းဆန်းလေးဖြစ်နေမှာပါ။တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြပေမဲ့ ထုတ်မပြောနိုင်တဲ့ အခြေနေကြားက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်။ရိုလည်းရိုပြီး လောင်လည်းလောင်ရမဲ့ ဇာတ်လမ်းလေးပါ Mature အရေးသားလေးလည်း နည်းနည်းပါတော့ ဖတ်ပေးကြပါအုံးနော် 😁😁😁။
https://www.wattpad.com/story/300653793?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=AndricChaw7&wp_originator=PiODRTG1L23XzZad6Ia3psWgukaThuRF%2Ble7LxF6LFwlVHDfzbt%2FUG1F%2B9ouRTfM8KLoKn%2B%2Bo3Ajf7Hh66qXjR%2ByJXdu8cZqDzuf82dEQLReXcXjbRonwm353Z%2B3G86q
#Zawgyi
" ဉီးရေ...ဉီးထတော့ "
" မကျေနပ်သေးဘူး "
" ဘာလို့လဲ "
" တော်လိုက်တော့ "
Advertisement
" ဘာမှလဲ မဆိုင်ဘူး "
" ဟုတ်ကဲ့ပါ "
" ဟုတ်ပါတယ် "
" ချစ်သူရှိနေတာလား "
" မု ဘာတွေတွေးနေတာလဲ "
" အဲ့နေ့က မဂ်လာဆောငျခဲ့တဲ့ မုတို့လဲ အခုဆို စစ်ဒြာမှူးဆိုတဲ့ သမီးလေးတောင်ရနေပြီလေ မုတို့ သမီးလေးလဲ တစ်နေ့မုတို့လို ချစ်တဲ့သူနဲ့ တွေ့ပြီး ရွှေလက်တွဲမှာပေါ့နော်"
~~~ The End ~~~
Advertisement
- In Serial301 Chapters
Reborn To Love
“So, what do you want?” He Xinyan quickly glanced up into Gu Yechen’s face and frowned. Why did he look so familiar? Where did she see him before?
8 69702 - In Serial225 Chapters
Eighteen Again: The CEO’s Wife Was A Delinquent
In order to be loved, she changed her whole personality, but all she got in return was a cold husband and her unrequited feelings.
8 3422 - In Serial34 Chapters
Outta Her System
(Book 1) Lanae Roberts moves out of her hometown after her mother was killed by gang members. She leaves without contacting most of her family members and friends, including Omari, a family friend that she has grew feelings for. After three years she returns. But everything has changed, including Omari.Omari Hills, aka Lucky on the streets of Harlem, is the leader of the gang that was once led by Lanae's mom. Their gang image went from soldiers to savages. They show no more mercy and are ruthless. Omari is cold as ice since Lieasha died and Lanae disappeared. He blames his self for what happened. He sees her after three years and doesn't take it so lightly. Will Lanae tell Omari about her feelings for him? Or will it remain a secret, forever?
8 135 - In Serial39 Chapters
Surrounded By You ~Romanogers
Natasha and Steve have been partners for a long time, but the undercover mission is nothing like the others!It's hard to keep track of the things that happen~ or the things that change!May contain smut, but there'll always be warning before hand.( I do not own the marvel characters, just the idea and new characters.)[This story happens a while after Civil War.]
8 98 - In Serial38 Chapters
GAMMA COLE & THE SILVER WOLF
"Hey Gamma." Alice giggles looking up to me, not even noticing that Jay has gone. Her cheeks have a pink hue to them from all the Vodka, her eyes are full of mischief as she goes to take another sip. I quickly grab the drink from her hand before it can reach her lips and throw it away into a nearby bush without a second thought. "Yeah, you're done with that, Wonderland." I grin at her as she scowls at me."Hey!" Alice protests. She gets to her feet, a little wobbly. Then stands on the log she was just sat on, so she is at my height. She puts her hands on her hips and scrunches up her eyes as if to try and get me into focus. "I'm not scared of you, Gamma! You can't just take a girls drink you know!" She slurs out as she pokes my chest now with an accusing index finger. Anyone else would be in a world of pain for talking to me like this, but all I want to do is pull her into my arms and kiss her till her lips are bruised and swollen. She's fucking adorable when drunk. Not giving a fuck if anyone's watching us or not, I step forward, crowding right into her space making her physically gulp at our proximity."I don't scare you huh?" I growl at her in a deep but quiet voice. She bites her lip, but not out of fear, she likes it when I talk to her like this. "You don't look like the big-bad-wolf to me." She whispers."What do I look like to you?" I rasp out quietly as her fingertips continue featherlight touches to my lips."I don't know...something..." She breathes, her eyes crease with both confusion and fascination.----------Labelled as having a dangerous wild wolf, Alice is left feeling isolated on her family's farm for most of her childhood. However, now she is of age, she can finally follow her dreams and compete to be on the elite enforcers squad and win the heart of long-time crush Beta Jay. That is until the packs Gamma, Cole, takes over her training and flips her life upside down. (This is a slow burn; I hope you enjoy x)
8 183 - In Serial34 Chapters
BLSC #1 : The Undercover Model
BLSC #1Andrew SamuelThe most popular guy at school , handsome , play soccer and a player of course. You can call him a smart head but not in Biology , Math and Chemistry. He needs to get a good score for that to get a car from his dad.. so he needs helpKayla MichaelsonBeautiful Victoria Secret Angel and a nerd. Beautiful and smart are the right definition to describe her. She hates attention when she's at school because she doesn't want to people treat her special because she's famous Angel so she went for an undercover. "Sorry I don't want to tutor you , go find someone else because I know everyone is dying to tutor you right now Andrew" Kayla said coldlyEditor : Simranpreet Banga
8 169