《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Final Episode)
Advertisement
စကားလုံးတလုံးစီတိုင်းအား မနည်းအားယူ၍ တိုးညှင်းစွာ ထွက်ပေါ်လာသော အသံလေးမှာ မုအသံလား။ခေါင်းငုတ်ထားတာကိုလည်း မမော့ကြည့်ရဲ။သူမသတိပြန်ရလာတာကို ခဏခဏတွေ့နေရသော စိတ်ကူးယဉ်ပုံရိပ်များကြောင့် မော့ကြည့်လိုက်ပါက ရေငွေ့များကဲ့သို့ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိသည်။မု လက်ကလေးမှ တရွေ့ရွေ့ဖြင့် ခေါင်းအားပုတ်ပြီး လက်ဖြင့် ပွတ်သပ်ဖွပေးလိုက်တော့ အထိအတွေ့ကို ရမှ မျက်ရည်များနှင့် မဝံမရဲြြကည့်မိသည်။မျက်နှာလေးချောင်ကျနေတာတောင် သူမကကိုယ့်ကို ပြုံးပြနေတုန်း။အစောင့်မျှော်ဆုံး မျက်ဝန်းလေးမှ အိပ်စက်မှုရပ်နားသည်မှာ ရုတ်တရက် ရောက်လာတော့လည်း မယုံကြည်နိုင်ခဲ့။မုအား ဘာစကားမမှ မမေးနိုင်ပဲ ဆေးပိုက်တန်းလန်းတောင် သတိမမူပဲ ဖက်လိုက်မိသည်။
" မု...ကလဲွဲပြီး ဒီတသက်ဉီးကို တာဝန်ယူမဲ့လူ မရှိတော့ဘူးလေ ဟုတ်တယ်မလား "
အသက်ပြင်းပြင်းရှုရင်း စကားလေးပါ ထပ်ပြောလာသည်မို့ ဝမ်းသာမဆုံး။နေလာခဲ့သော လူ့သတ်တမ်းတစ်လျှောက်တွင် အခုအခိုက်တန့်လေးလောက် ပျော်ရွှင်မှုမရှိခဲ့။ခဏအကြာမှ ဝင်လာသော ဆရာဝန်တွေနဲ့ မုမိသားစုတွေကတောင် တအံတ ြ သ။ခုနေ အားလုံးရဲ့ ညနေခင်းလေးက သာယာလှပခဲ့ပြီ။ချစ်ရသူ ပြန်ရလိုက်သော ခံစားချက် နွေးထွေးသော မိသားစုလေးရဲ့ ပြန်လည်ပေါင်းစည်မှုတွေဟာ ထိုနေ့ရဲ့ ဆေးရုံခန်းလေးအား ရယ်သံများဖြင့် လွှမ်းမိုးလျက်။
ရက်အနည်းငယ်အကြာမှာတော့ မုကျန်းမာရေးပြန်ကောင်းလာခဲ့သည်။မုန်တိုင်းများပြင်းထန်ပြီးတဲ့ နောက်မှာတော့ လေပြေလေးများက ပျော်ရွင်စရာများကိုသာ သယ်ဆောင်လာပေးတော့သည်။မုကိုလည်း ြ သစတျေးလျနိုင်ငံ ဆစ်ဒနီမြို့ရဲ့ တဣသိုလ်မှ ပညာတော်သင်အောင်ကြောင်း ထောက်ခံစာ ပို့လာခဲ့သည်။ကိုယ်ကတော့ ခွဲရမှာမည်မို့ စိတ်မကောင်းဖြစ်ရပြန်သည်။လက်ထပ်ဖို့ကိုလည်း သူမပညာရေးကို ပိတ်ပင်တယ်ထင်မည်စိုး၍ မပြောနိုင်။မုကပဲ အလိုက်တသိနှင့် ကျောင်းသွားမတတ်ခင် လက်ထပ်ဖို့ပြောတော့ အရမ်းပျော်မိသည်။မသွားခင် အမြန်စီစဉ်ရတာကြောင့် Pre Wedding ပုံလည်း မရိုက်ဖြစ်။ခန်းမနဲ့လည်း မုက မဆောင်ချင်ပြန်တော့ အဖေအိမ်ရဲ့ ပန်းခြံထဲမှာပဲ ပွဲစီစဉ်လိုက်ရတော့သည်။နောက်ဆုံးတော့ ကိုယ်အစောင့်စားခဲ့ရဆုံး နေ့ရက်လေးဆီသို့ ရောက်ရှိခဲ့ပြီ ။
" မုမုရယ် အရမ်းလှလိုက်တာ ငါဖြင့်ထင်တောင် မထင်ထားဘူး အိမ်ရဲ့ အငယ်ဆုံးက အရင်ဆုံးလင်ယူမယ်လို့ "
" မိလတ်ကိုယ့် ညီမကို ဒီလိုပြောစရာလား "
" မမကြီး... မမလတ် မုတကယ် ဝမ်းသာမိတယ်သိလား မမတို့ညီမလေးဖြစ်ရလို့ "
" အခုမှ အခုမှ ဒီအစ်မတွေရဲ့ အချစ်ကို သိပြီလား "
မုအစ်မတွေကလည်း သူတို့ရဲ့ ချစ်ညီမလေးကို ပွေ့ဖက်ပြီး ဝမ်းသာနေကြသည်။မုအဖေနဲ့ အမေဝင်လာတော့ အစ်မနှစ်ယောက်လည်း ပွဲဆီထွက်သွားကြသည်။
" ဖေဖေနဲ့ မေမေ မုလှရဲ့လား "
" လှတာပေါ့ မေမေရဲ့ သမီးလေးကို အခုထိကလေးလေးလို မြင်မိနေတုန်းပဲ "
" မုမု သမီးကို အောင်စစ်မှူး ဆူရိုက်ရင် ဖေဖေတို့ဆီပြန်လာခဲ့ကြားလား "
" ရှင်ကလည်း အခုမှ မဂ်လာဆောင်မဲ့ ကလေးတွေကို နမိတ်မရှိတာတွေ "
" ဖေဖေနဲ့မေမေ ကျေးဇူးတင်ပါတယ်နော် မုကို ဒီအရွယ်ထိရောက်အောင် စောင့်ရှောက်ပေးခဲ့လို့ ဒါပေမဲ့ မုကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ခင်ပွန်းကို ယုံတယ် သူကမုရဲ့လက်ကို လွတ်မဲ့သူ မဟုတ်ဘူးဆိုတာ "
" မေမေလဲ သူနဲ့ဆို စိတ်ချပါတယ် "
" မေမေကလဲ ဘာလို့ငိုနေတာလဲ "
" ညည်းအမေကတော့ မင်းသမီးလုပ်ပြီ ဒါဆိုခဏနေမှတွေ့မယ်နော် "
" ဟုတ်ကဲ့ "
တဖက် သတိုးသားခန်းမှာလည်း အောင်စစ်မှူး စိုင်းဝေနှင့် စစ်ဖြစ်နေတော့သည်။အဖော်မရှိလို့ စိုင်းဝေကို သွားစောင့်ခိုင်းခါမှ ပိုဆိုးနေ၏ ။
" ဘာလို့လဲ မကြာခင် လက်ထပ်တော့မဲ့သူတွေကို ဘာလို့ သွားတွေ့လို့မရတာလဲ "
" ခင်ဗျားကြီး အရမ်းပိုမနေနဲ့ ခဏနေလဲ တွေ့ရမဲ့ဟာကို "
" မင်းသပ်သပ်မနာလိုနေတာမလား "
" သေလိုက်ပါလား ခင်ဗျားသာ သမီးမမွေးစေနဲ့ မွေးလို့ကတော့ အမေမရရင် သမီးကြံမှာ "
" ငါသမီးမွေးလို့ကတော့ မင်းအရိပ်တောင်မတွေ့စေရဘူး ဒါမှန်းသိရင်အဲ့နေ့ထဲက မင်းကို သတ်လိုက်တယ် "
" ခင်ဗျားကို တကယ် ချီးကျုးတယ် မုကို အဆုံးထိချစ်ပြီး ကာကွယ်ပေးနိုင်လို့ ပြီးတော့ ကျွန်တော်လက်လွတ်လိုက်တာလဲ နောင်တမရဘူး ခင်ဗျားနေရာမှ ကျွန်တော်သာဆို မုကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး "
" မင်းကိုလဲ ငါကျေးဇူးတင်တယ် "
" ဘာလို့ "
" ချစ်တဲ့သူကို လက်လွတ်ဖို့ဆိုတာ မလွယ်ဘူးလေ ငါကိုယ်တိုင်တောင် မလုပ်နိုင်ဘူး "
" တော်ပြီဗျာ ခင်ဗျားနဲ့ စကားပြောရတာပျင်းဖို့ကောင်းတယ် ခဏနေ မုမုခန်းမထဲဝင်ရင် မဂ်လာသီချင်းတီးဖို့ သွားလေ့ကျင့်တော့မယ် မုမုဆီသွားလို့ကတော့ ညနေ ခန်းဝင်ဖို့ မစဉ်းစားနဲ့ "
" ဒီအကောင်စုတ်ကတော့ လူကြီးကို မရိုမသေ "
စိုင်းဝေ စိတ်ထဲကမခံစားရဘူးပြောရင် လိမ်နေလို့သာ။သူသဘောကျသော မိန်းကလေးနှင့် ချစ်သူမှာလဲ အဆင်ပြေပြီးသားသူမို့ ကြားဝင်မနှောက်ယှက်ချင်။အစထဲကသူကသာ တစ်ဖက်သတ်ဖြစ်ခဲ့သည့်မို့ လက်ခုပ်ြ သဘာပေးဖို့ကိုသာ လာရောက်ခဲ့သည်။မကြာခင် မဂ်လာဆောင်ရတော့မှာတောင် အောင်စစ်မှူးတို့ကတော့ ဂနာမငြိမ်နိုင်သေး။ခေါက်တုံခေါက်ပြန် လမ်းလျှောက်ရင်း မုကို မြန်မြန်တွေ့ချင်နေမိတော့သည်။
ကျယ်ပြောသော ခြံဝန်းပန်းခြံကြီးထဲတွင် ကျုးလစ်ပန်းများ အပြည့်နှင့် အလှဆင်၍ အဖြူရောင်ပိတ်သားများနှင့် နေရာယူထားကာ အလှဆုံးသတိုးသမီး လျှောက်လှမ်းရန် အနီရောင်ကတီပါကော်ဇောကြီးကိုလည်း ခင်ကျင်းထား၏ ။လျှောက်လမ်းကြီးရဲ့ အဆုံးမှာတော့ ဖန်သားအိမ်ပုံစံငယ်လေးတွင် ခရစ်စတယ် မီးဆိုင်းများကလည်းအပြည့် ။မုမိသားစုနှင့် သူငယ်ချင်းတွေရယ် မဟာတို့သားအဖနှင့်အဖေရယ် Company ဝန်ထမ်းအချို့ပြီးတော့ ဂိုဏ်းကလူယုံတွေနဲ့ လူအယောက် 50တောင် မပြည့်ပေမဲ့ မုတို့ မဂ်လာပွဲမှာတော့ အကြီးအကျယ်။
Advertisement
" အခုဆိုရင်တော့ ဒီနေ့ရဲ့ နတ်သမီးလေး ထွက်လာပါပြီ "
မဟာက မိုက်နှင့်အော်ပြောလိုက်တာနှင့် စိုင်းဝေ၏ လက်များကလည်း Pianoကို စတင်တီးခတ်လိုက်သည်။အောင်စစ်မှူးတော့ စိတ်လှုပ်ရှားလွန်းကို လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး တံခါးမကြီး ဘက်ကိုသာ ကြည့်နေတော့သည်။ Piano တေးသွား ငြိမ့်ငြိမ့်လေးနှင့် တံခါးမကြီး ဖွင့်လိုက်တာနဲ့ အဖြူရောင် ဂါဝန်အရှည်ကြီးဖြင့် ဆံပင်အနိမ့်လေးထုံးပြီး ဇာပုဝါလွင့်လွင့်ကြီးအား လွှမ်းခြုံထားသော သူမ။ဂါဝန်အကားကြီးဆို စိတ်ရှုပ်ရတယ်ဆိုလို့ ကိုယ်ကျပ်ဂါဝန်အရှည် လည်ဟိုက်လေးကို ဝတ်ကာ လက်ထဲမှ အနီရင့်ရောင် ပန်းစည်လေးနှင့် ရင်သက်ရှုမောဖွယ်အလှအား တဖြည်းဖြည်းတွေလိုက်ရတော့ လူအများပင် ငေးမဆုံးကြ။ထိုသို့ ကျက်သရေရှိလာသော သတိုးသမီးလေးမှ ကိုယ်ဆီ ပြုံးပြီး လျှောက်လှမ်းမကြီးဆီကနေ လာနေသည်ကို အခုထိမယုံနိုင်သေး။
သူမကို ချစ်တယ် ဒါပေမဲ့ အခုလောက်ထိတော့ မထင်ခဲ့။ဒီဘဝမှာတော့ မိဘတွေကို ကြည့်ရင်း သေဆုံးသွားတဲ့ ခံစားချက်သစ်ပင်ကြီးအား သူမကပြန်လည်ရှင်သန်လာစေခဲ့သည်။အခုလို မြင်ကွင်းမျိုးက ကိုယ်ဘဝမှတခါမှ မတွေးကြည့်မိဖူးခဲ့ပါ။မိသားစုဆိုတဲ့ ဝေါဟာရက ဘာမှန်းမသိပေမဲ့ ကိုယ်အတွက်တော့ မုကသာ သင်ပြပေးခဲ့တာပါ။
" သတိုးသားရှင့်...မုကို ကြည့်နေတာ ရပ်ပေးပါတော့"
" ကိုယ်သတိုးသမီးလေးကို ကြည့်လို့ကို မဝတာ "
" တော်တော်ကဲနေပါ့လား "
" ကဲတာမဟုတ်ပါဘူး ကိုယ့်မိန်းမကို ချစ်လို့ဟာကို "
" အာရုံစိုက်အုံး "
" ဟုတ်ကဲ့ပါ မိန်းမရယ် "
မုတို့ မဂ်လာပွဲရဲ့ အဆုံးသတ်မှာတော့ တစ်ယောက်ကို တစ်ယောက် လက်စွတ်အပြန်လှန်စွတ်ပေးကြသည်။ပြီးတာနဲ့ မုက မဟာဆီမှ မိုက်ကို လှမ်းယူပြီး ဉီးရဲ့ မျက်နှာကို ကြည့်ရင်း အပြောချင်ဆုံးစကားများကို စတင်ပြောလိုက်သည်။
" ပထမဆုံး..ပထမဆုံးတွေတုန်းက မချစ်မိခဲ့ဘူး ဉီးကို ဒီအတိုင်းရုပ်ချောလို့ ပြီးတော့ မျက်မမြင်ထင်ပြီး သနားခဲ့တာ ဒါပေမဲ့ နောက်ပိုင်း ဉီးရဲ့အပြုမူတွေက မုရဲ့ ရင်ဘတ်တံခါးကို လာခေါက်တော့ မဖွင့်ပေးပဲ မနေနိုင်ခဲ့ဘူး တခါတလေ လမ်းခွဲမိချင်ပေမဲ့ မခွဲနိုင်ဘူး အဲ့လောက်ထိ...အဲ့လောက်ထိ ဉီးကို အရမ်း အရမ်းချစ်ပါတယ် "
မုရဲ့ စကားဆုံးတာနဲ့ အောင်စစ်မှူး မျက်ရည်များဝဲ၍ မုအား ခါးလေးမှ မပြီး သူမအား အနမ်းတွေပေးလိုက်သည်။မုကလည်း ပြန်နမ်းရင်း အနမ်းချင်းဖလှယ်လို့မပြီး။မနမ်းတာကြားသော သူမနှုတ်ခမ်းပွင့်လေးအား တလောကလုံးကို ဂရုမပြုမိသည့်အထိ စုပ်နမ်းမိသည်။ ပွဲထဲက ဧည့်သည်များကလည်း လက်ခုပ်သံများဖြင့် အားပေးကြသည်။သူငယ်ချင်းမများကတော့ မုကိုကြည့်ရင်း ငိုကြသည်။အရမ်းဝမ်းသာကြပေမဲ့ သူတို့သူငယ်ချင်းကို အားကျတာလည်းပါသည်။
" အမယ်လေး...ကောင်မတို့ရယ် မုမုကတော့ ငါတို့ကို ထာစခဲ့ပြီ အီးဟီး..ဟီး "
" တကယ်ပါဟယ် ငါလဲ သူကို လင်ရလိမ့်မယ်လို့ကို မထင်တာ အခုတော့ "
" သူများကို အားကျပြီးပဲ လက်ခုပ်တီးကျတာပေါ့ "
အဲ့နောက်မှတော့ မုရဲ့ လက်ကိုင်ပန်းစည်ကို ပစ်ဖို့ အချိန်ရောက်လာခဲ့သည်။ မဟာကတော့ လက်တဆန်ဆန့်နှင့် ။မုလည်း ကျောပေးပြီး အားကုန်ပစ်လိုက်သည်။မဟာမှာ အားကြိုးမာန်တတ်ဖမ်းသောလည်း ပန်းစည်ကတော့ စိုင်းဝေလက်ထဲ ရောက်သွားသည်။မဟာရဲ့ မျက်နှာကတော့ အလုံးစုံငြိုးနွမ်းသွားပြီ။စိုင်းဝေ မဟာလက်ထဲသို့ ပန်းစည်ကမ်းရင်း....။
" ကျွန်တော်ထက်စာရင် အစ်ကိုက ပိုလိုမယ်ထင်လို့ အခွင့်ရေးကို သေချာဖမ်းဆုပ်လိုက်ပါ "
စိုင်းဝေလက်ထဲက ပန်းစည်ရတာနဲ့ မဟာ သွဲ့ဒါရှေ့တွင် ဒူးထောက်လိုက်သည်။
" လူရှုပ်လူပွေ လူပေါ်ကျော့မလုပ်တော့ပဲ မင်းချစ်သူလုပ်လို့ရမလား "
မုနှင့် အောင်စစ်မှူး သာမက အားလုံးကပါ လက်ခံဖို့ ဒါဒါအား ဝိုင်းတိုက်တွန်းကြသည်။အရင်ထဲက မဟာကို အရမ်းမုန်းတဲ့လည်းမပါဘဲ ရင်ခုန်ဖူးသည်မို့ ဒါဒါလက်ခံလိုက်သည်။
" လက်ခံပေးမှာမို့ ရှင့်အကျင့်တွေမပြင်တဲ့နေ အပြတ်ပဲ "
ဒါဒါနှင့်မဟာကို ကြည့်ပြီး မုနဲ့ဉီးပြုံးမိကြသည်။မုပခုံးပေါ်လက်တင်ပြီး သူမကိုရင်ခွင်ထဲတွင် မှီလျက်သာဖြင့်...
" မုရေ ဒီနေ့က ကိုယ်တို့ မိသားစုဘဝလေးရဲ့ အစပေါ့နော် "
" ပြီးတော့ မုနဲ့ဉီးတို့ရဲ့ အခက်အခဲတွေကြားက Happy Ending လေးလေ "
လူတိုင်းရဲ့ တသတ်မှာ ဘယ်နှကြိမ်မြောက် အချစ်ကို တွေ့လိုက်လဲ။လောကကြီးထဲမှာလဲ ထောင်သောင်းမကသော အချစ်တွေရှိကြပေမဲ့ တကယ့်စိတ်ရင်းမှန်နှင့် ဖြစ်ပေါ်လာတဲ့ အချစ်ကတော့ တစ်ခါတည်းသာ။ ကျွန်တော်ဘဝ ပြဇာတ်ရဲ့ လူစားထိုးသရုပ်ဆောင်လို့မရနိုင်သော မင်းသမီးနေရာကတော့ တစ်ဉီးတည်းသော သူမပဲပေါ့.....။
Readerလေးတို့ရေ❤️❤️❤️ ...အခုဆိုရင်တော့ Only She Fic လေးက ဒီမှာတင် ဇာတ်သိမ်းသွားပါပြီ။လိုအပ်ချက်တွေရှိနေသေးမဲ့ ဝါသနာအရရေးတာမို့ အကြံပြုပေးလို့လဲရပါတယ်။နောက်ထပ်လည်း Ficတွေကို ကြိုးစားပြီးရေးနေအုံးမှာမို့ ဖတ်ပေးကြပါအုံး။အခုလို အဆုံးထိဖတ်ပေးလိုလဲ ကျေးဇူးတင်ပါတယ်နော် ။Fic တစ်ပုဒ်ကို အဆုံးထိ ဖတ်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။Love You All😘😘😘
#Zawgyi
Advertisement
" မု...ကလှဲပွီး ဒီတသက်ဉီးကို တာဝန်ယူမဲ့လူ မရှိတော့ဘူးလေ ဟုတ်တယ်မလား "
" ဟုတ်ကဲ့ "
" ဘာလို့ "
" တော်တော်ကဲနေပါ့လား "
" အာရုံစိုက်အုံး "
" ဟုတ်ကဲ့ပါ မိန်းမရယ် "
Advertisement
- In Serial7 Chapters
Elemental Monarch: The Reign of Darkness
Him: Being a bastard and having tested to have near zero elemental power was not a good mix. Especially not in a world where one's position in life is dictated by their power. The only strength he has, well, is his strength, literally. Strength so immense it rivaled that of the Giants. And something tells him that he does have magic, it was just resting in his blood, waiting for the day it finally awakens. Her: Born in a tribe that was once feared by all but now reduced to mere slaves and servants. She was forced to live her life in the shadow, figuratively and literally. Masks behind masks, she carries a dark secret that could either bring death to her, or calamity upon the world. Welcome to the world of Elementerra, where races vie for supremacy, and individuals struggle for their place in society. There's no good, there's no evil. No matter where, no matter when, there is only one rule, one constant - Power. Those with it can dictate anything, and those without can only obey. How will two outcasts fight their ways to the top, and fight their destiny to find each other? Uploads new chapter every week. Join my Discord community and become part of Elementerra: https://discord.gg/QE4CtHY8uu
8 76 - In Serial11 Chapters
The Werewolf Syndrome
She is one of the runners, the despised ones in the werewolf society. He is one of the more prominent Alphas, vicious and dangerous. They were soulmates. A fact both of them denied. Will they be able to confront their past and fears and acknowledge their bond?
8 204 - In Serial75 Chapters
My vows
Meet lakshmi A 19 year sharp tongued lazy medical student who tries to run away from her marriage set up by her parents within 3 days.... What happens when all her plans fail and she ends up being married to a cold arrogant CEO who is 10 years older than her?! What will happen when she has to face the harrasments, cruelty and schemes of the world to which she wasn't exposed before? What happens when they are caused by peope close to her? Will she be able to overcome the hurdles and stand strong? Or will she fall apart? Will her life be a path of rose petals or it's thorns to make her bleed? Read the story of a young girl tied in a sacred bond with a Dark Devil....⚠️Content warning : consists of physical and mental abuse, violence and mature content 18+.🔞⚠ PLAGIARISM OF THIS BOOK IS STRICTLY PROHIBITED AND SERIOUS ACTION WOULD BE TAKEN.
8 700 - In Serial37 Chapters
Taking Her Home
| Highest rank #2 in Mafia |Currently Rewriting/Editing Feb. 2020Rebecca was finally ready to start her life. She had just graduated from college, had a great job at the hospital in the city and a gorgeous apartment that was across the hall from her best friends. Everything was falling into place.When she goes out to celebrate and ends up drunker than she ever had been before, she is saved by the handsome and extremely sexy Vincent, son to the Capo, who takes her home.What will happen when she wakes up alone the next day. Will this be the typical one night stand?
8 102 - In Serial110 Chapters
Ethereal ✭Fred Weasley✭
Ethereal(adj) To be extremely delicate, not for this world //#1 in fredweasley 9.04.2019#1 in remuslupin 9.04.2019#2 in georgeweasley 9.04.2019#1 in georgeweasley 14.04.2019#1 in harrypotter 19.06.2019Cover by @kage_ino---Harry Potter is owned by J.K Rowling and Warner Bros. Studios. Sophia Lupin, however, is my character and adds a partial story line that I have made. But the main plot follows a combination of the Harry Potter movies and books. Enjoy!
8 166 - In Serial7 Chapters
Being His Villain ~ BL [Quick Wear]
Vin wakes up in an empty space with no memories and only a feeling of needing to find someone. That's when 111, a system, shows up.111 stated that Vin needed to go through multiple worlds as a villain and get rid of the protagonists halos with the condition of not going OOC and he'd be able to wish for whatever he wanted.Vin agreeing, goes through the worlds as villains along with a dog that is always trailing close behind him. This is a story where Vin will play as the villain and finds his true love, who will love him forever, unconditionally.**inconsistent updates**no images are mine unless stated otherwise**original story
8 195