《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 32 )
Advertisement
တဒေါက်ဒေါက်မြည်နေသော ဒေါက်ဖိနပ်သံက မုဆီရာသို့ တဖြည်းဖြည်း တိုးကပ်လာသည်။သေးငယ်သော မီးအလင်းရဲ့ ဗဟိုအောက်က မုရှေ့တွင် ခြေစုံရပ်လျက်။ဖိနပ်မှစ၍ သူမကိုယ်အား အောက်ခြေမှ အထက်သို့ တဆင့်ချင်း မော့ကြည့်လိုက်တော့။နှုတ်ခမ်းနီရဲရဲနှင့် မုကို မောက်မာစွာ ပြုံးပြနေသောသူကြောင့် မုတုန်လှုပ်သွားခဲ့ရသည်။သူမနှင့် ဇာတ်လမ်းပြီးပြတ်သွားပြီဟုထင်သောလည်း သူမဘက်ကတော့မပြီးနိုင်သေးတာကို မုသိခဲ့ပြီ။စွန့်ပစ်ခံရတဲ့ မိန်းမတစ်ယောက်က မုလို နောက်ပေါက်တဲ့ ရွှေကြာကို မျက်မုန်းကျိုးမှာပဲလေ။သို့ပေမဲ့ အခုလောက်ထိတော့ လုပ်လိမ့်မည်မထင်ခဲ့။ရှုးသွတ်မှုအတိုင်းတာကတော့ ' သရဖီ ' ဆိုသော သူမနာမည်အတိုင်း ခေါင်းထိပ်ပန်ဆင်ရပေမည်။
" Wow. .Wow. .အခုတော့ ဘယ်လိုဖြစ်တာလဲ နန်းမုဒြာ နင်အရဲစွန့်လိုက်တဲ့ အချစ်ရဲ့ရလဒ်က ဒီလိုဖြစ်နေတော့ ဘယ်လိုလဲ သိပ်ကြောက်သွားလား "
" ရှင်လည်း တစ်ခုမှတ်ထားပါ ဉီးလိုလူကိုတောင် လက်ခံပေးခဲ့တဲ့ ကျွန်မရဲ့ သတ်တိကလည်း မနည်းဘူးဆိုတာ "
မုမကြောက်ဘူးပြောရင် လိမ်တာပေါ့။ဒါပေမဲ့ မုစိတ်ထဲတွင် ရန်သူအားရအောင် သွေးပျက်ပြနေတာထက် တွန်းလှန်ဖို့သာ ဆုံးဖြတ်လိုက်သည်။အခုချိန်မှာ ကိုယ်က ခံဘက်ကဆိုပေမဲ့ မကောင်းတာလုပ်တဲ့သူက ကိုယ်မဟုတ်တော့ လိပ်ပြာလုံစွာနဲ့ပဲ ရင်ဆိုင်ရန်အသင့်ပြင်လိုက်သည်။မုရဲ့စကားကြောင့် သရဖီ လက်ခုန်သံပြင်းပြင်း တီးလိုက်သည်။
" ချီးကျူးတယ်... ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ကို ချီးကျုတာ နောက်ဆုံးအချိန်ထိတောင် မာန်မလျော့ပါလား ဟဲ့ ဒီမှာ...ငါအတွက်က Do or Died နှစ်ခုပဲရှိတာ "
" အဲ့ Do or Diedက ဉီးရှင်ကို ပြန်ရွေးချယ်ဖို့ရယ် ကျွန်မကို အပြတ်ရှင်းဖို့ရယ်မလား "
" ဟယ်တော့ !! တကယ်ကို ဉာဏ်ကောင်းတဲ့ ကလေးမပဲ "
" ဒါပေမဲ့ လွယ်မယ်ထင်လား "
" ဘာပြောတယ် ကောင်မ ပြန်ပြင်ပြောလိုက် ခုချိန်မှာ နင်လုပ်ကမဲ့ တစ်ခုထဲသောအရာက ငါကိုတောင်းပန်ရမှာပဲ "
" ဘာလို့လဲ မကြာခင် သံတိုင်ကြားဝင်ရတော့မဲ့လူကို"
" ဟဲ့ နင်ကငါကို ထောင်ချမယ်လို့ပြောတာလား ပြန်ပြောစမ်း ပြန်ပြောလို့ဟဲ့ ထပ်ပြောလေ "
မုလည်း စကားလုံးတိုင်းအား တစ်ခွန်းစီပြောရင်း သူမမျက်နှာဆီမှ အကြည့်မလွှဲခဲ့။ အဆုံးထိ လုပ်ပြီတာတောင် မုရဲ့ အနိုင်ပိုင်းထားသော အကြည့်ကြောင့် သရဖီ ဆောက်တည်ရာမရ သွေးရှုးသွေးတန်းဖြင့်။ မုပါးပြင်တဝိုက်ကို လက်ဝါးတို့ဖြင့် ဘယ်တပြန် ညာတပြန်ရိုက်လိုက်သည်။ စိတ်ထဲမှာလဲ သူမအားသေလောက်အောင် မုန်းမိသည်။အမြဲတမ်း အလျော့ပေး အကြိုက်ဆောင်ခဲ့ရသော မိမိအပိုင်ဟု သတ်မှတ်ထားသည့် အမျိုးသားမှာ ဆယ်စုနှစ်တစ်စုစာလောက် သူမအပေါ်ကိုရော အခြားမိန်းမများကိုပါ အကပ်မခံခဲ့ပဲ သူမလို သာမာန်လေးကိုမှ အရှုးမူးဖြစ်နေခြင်းဟာ လူရဲ့ နုလုံးသားအား နေ့တိုင်းအပ်ဖြင့်လာထိုးနေသလို စူးခနဲနေအောင် နာကျင်စေသည်။လေးငါးချက် ဆင့်ရိုက်ခံရတာမို့ နှုတ်ခမ်းဖျားတို့မှ သွေးစို့နေတာကိုတောင် မုကတော့ အလျော့မပေးသေး။
" ရှင်က ကျွန်မကို အခုလိုလုပ်နေတာတွေက မနာလိုလိုဖြစ်နေတာ ရှင်သေလောက်အောင် မနာလိုတယ်မလား ဉီးနားမှာ ရပ်နေတဲ့ ကျွန်မကို ကြည့်ပြီး "
" နင်...နင်ကသာ ငါကို မနာလိုနေတာ နင်ကသာ အယုတ်တမာလုပ်ပြီး ငါဆီက လုယူခဲ့တာ "
" လွယ်တယ်ထင်နေလား ကျွန်မကရော ဉီးကို ချစ်ခဲ့တာ လွယ်တယ်လို့ထင်နေတာလား ...အဆင့်တန်း နေထိုင်ပုံ ကြီးပြင်းလာရာမှုတွေက ရှင်လောက်တောင် မတူညီခဲ့ပဲ ဉီးနားမှာနေနေတဲ့ခဲ့ပေမဲ့ မလွယ်ကူခဲ့ဘူး လူတွေကို သတ်ဖြတ်နေတဲ့ လူဆိုတာသိတဲ့အချိန်မှာ အရမ်းကြောက်မိပေမဲ့လဲ ကျွန်မမစွန့်လွွတ်ပေးခဲ့ဘူး ရှင်ဆိုရင်ရော ချစ်နိုင်မှာလား "
" ငါလဲ ချစ်ပေးခဲ့တယ် ဒါပေမဲ့ သူမမြင်ခဲ့ဘူး...မဟုတ်ဘူး ငါကိုအမြဲ လျစ်လျူရှုထားတာ နင်ကြောင့်လေ "
" ရှင်ချစ်ပေးတယ်ဆိုတာ အမြဲ စျေးကြီးတာတွေဝတ်ပြီး အလှပြနေရုံပဲမလား သူအလိုရှိတဲ့ တကယ့် နွေးထွေးကြင်နာမှုကိုတော့ ရှင်မပေးခဲ့ဘူးလေ ရှင်ကသာ သူကိုနွေးနွေးထွေးထွေးနဲ့ နှစ်သိမ့်ပေးခဲ့မယ်ဆို ရှင်တို့ဇာတ်လမ်းမှာ ကျွန်မလဲ ဝင်ပါခဲ့မှာမဟုတ်ဘူး "
" နင်ကငါကို လာအပြစ်တင်နေတာလား "
" ဟုတ်တယ်...ရှင်ကို အပြစ်တင်တယ် ဆယ်နှစ်တာလုံး အနားမှာရှိနေရက်နဲ့ ဉီးကို ဂရုမစိုက်ပဲ ကိုယ်ဘက်ကိုယ်ရပ်ပြီး နစ်နာသူလုပ်ပြနေတဲ့ ရှင်က အားလုံးထဲမှာအပြစ်အရှိဆုံးပဲ ရှင်အဖေကို ထောင်ချပြီး သူများလူကိုချစ်မိတဲ့ ဉီးနဲ့ကျွန်မမှာလဲ အပြစ်ရှိပေမဲ့ ရှင်လောက်တော့ အပြစ်မကြီးဘူး "
" နင်အပေါက်ကို ပိတ်လိုက်တော့...နင်တို့ကသာ ငါကို အခုလိုအပြစ်ရှိအောင်လုပ်တာ နင်ရော အောင်စစ်မှူးရောကသာ ငါဘဝကို ဖျက်စီးခဲ့ကြတာ "
( ဖြန်း... ဖြန်...ဖြန်း )
စကားတိုင်းကို သူမထက်တောင် တည်ငြိမ်စွာဖြင့် ကလန့်တိုက်နေသော မုကို စိတ်ပေါက်ပေါက်နှင့် လက်ဝါးကိုက တစ်ကျော့ပြန်ထပ်ရိုက်လိုက်ပြန်သည်။ပါးနှစ်ဖက်လုံး ရောင်ကိုင်းရဲစပ်လာသောလည်း မုမျက်ရည်တစ်စက်မကျခဲ့။စိတ်ထဲက အကြောက်တရားများကို ချစ်ရသူလာကယ်မည်ဆိုတဲ့ အတွေးဖြင့်သာ တင်းခံလျက်။အသားများတုန်ရီနေသည်အထိ ကြောက်ပါတယ် ဒါပေမဲ့ အကူညီမရမဲ့အတူ ငိုနေပါက အားကုန်ရုံသာရှိမည်။နောက်ဆုံး မုဆီ ဉီးရောက်လာမဲ့ အချိန်ထိအသက်ရှင်လျက် စောင့်နေဖို့ကိုသာ တွေးထားသည်။
" အစ်မ...မုဒြာကို လက်ပါတာတွေရပ်လိုက်ပါတော့ "
°°°°°°°°°°°°°
မုပျောက်တာ အခုဆို တရက်လုံးရှိပြီ။လမ်းတွင် accident ဖြစ်သည်လည်းမဟုတ်။အယုံကြည်ရဆုံးကို ကိုလင်းကို လုပ်တာမဟုတ်ဖို့ မျှော်လင့်ပေမဲ့ အဆုံးသတ်ရဲ့ အဖြေကတော့ ကိုလင်းဆီသာ။ရုံးခန်းထဲတွင် ခေါင်းအေးအေးထားပြီး အတွေးပေါင်းစုံတွေးပြီးနောက်မှတော့ အောင်စစ်မှူး Companyရဲ့ ဆော့စ်ဝဲဌာနဆီ ထွက်လာခဲ့သည်။ Company၏ ပင်မ ဌာနမို့ မည်သူမျှ အဝင်မခံသော ထိုနေရာအား သူဌေးကိုယ်တိုင်ရောက်လာသည့်မို့ အားလုံးက ကိစ္စကြီးတစ်ခုပေးတော့မည်ကို သဘောပေါက်၏ ။ ဝန်ထမ်း အယောက် 100ရှေ့က နံရံပြည့် Screenရှေ့တွင် ဝန်ထမ်းများအား မျက်နှာမူလျက် လက်နှစ်ဖက်အား ခုံပေါ်ထောက်၍ အောင်စစ်မှူး အမိန့်ပေးလိုက်သည်။
" မနေ့က...ညနေသုံးနာရီလောက် တမြို့လုံးရဲ့ CCTV မှာ ငါကားဖြတ်သွားတဲ့ မှတ်တမ်းကို 15မိနစ်အတွင်းလိုချင်တယ် "
အောင်စစ်မှူး စကားဆုံးတာနဲ့ ဝန်ထမ်းအားလုံးရဲ့ လက်တွေမှာ Computer Keyboard ပေါ်တွင် စတင် အလျင်အမြန်လှုပ်ရှားတော့သည်။ ခေါင်းမပေါ်ပဲ မှတ်တမ်းတွေကိုရှာနေသည့်မှာ ကျွမ်းကျင်ပညာရှင်တွေလို့ ပြောစရာမလို။ရှာဖွေနှုန်းမှာ 15မိနစ်တောင် မပြည့်ခင်မှာပဲ...။
Advertisement
" ရှာတွေ့ပါပြီ... 3နာရီ 15မိနစ်ဝန်းကျင်လောက် စက်မှုဇုန်ဘက်ကို မောင်းသွားပြီး လမ်းချိုးတစ်ခုရောက်တဲ့နေရာမှတော့ မျက်ချေပြတ်သွားပါတယ် "
" CCTV မှတ်တမ်းထဲမှာရော "
" အဲ့လမ်းနောက်ပိုင်း ဟိုင်းဝေလမ်းမို့ တပ်ဆင်ထားခြင်းမရှိပါဘူး "
" အခုချက်ချင်း ကိုလင်းဖုန်း GPSနဲ့ ငါပြောတဲ့ နံပါတ်ရဲ့ GPSကို ရှာပေး "
" ဟုတ်ကဲ့ "
" အာလုံးရှာနော် ငါအားလုံးရဲ့ မှတ်တမ်းကို လိုချင်တာ "
" ရပါပြီ သူဌေး...ဒါပေမဲ့ GPS နှစ်ခုလုံးက Km200 ကျော်တာနဲ့ ပျက်တောက်သွားပါတယ် အဲ့..အဲ့လိုဆို "
" ဘာဖြစ်လဲ ဆက်ပြောလေ "
" ကြို...ကြိုတင် ကြံစည်ထားတာ ထင်တယ် လမ်းစရှာမရအောင် "
" ဟာ... တောက်! !! ငါတော့... ငါတော့ နောက်ကျောကို ဓားနဲ့ထိုးခံလိုက်ရပြီ ငါကိုများ ရာရာစစ "
အောင်စစ်မှူး နောက်ဆုံးတော့ ကိုလင်းရဲ့ လက်ချက်ကို သိရှိခဲ့ပြီ။အမြဲ အားကိုးခဲ့ပြီး သူရဲ့ ဆိုးသမျှ အနိုင်ယူသမျှကို ခေါင်းငုတ်ခံပေးခဲ့လို့ ညီလေးတစ်ယောက်လို ချစ်ခင်ခဲ့သော ထိုလူမှ မထင်ထားသော လုပ်ရက်ကို လုပ်ခဲ့သိကို မယုံကြည်နိုင်သေး။မုအပေါ် မရီးလို့ခေါ်ကာ စနောက်ခဲ့သော ကိုလင်းက သူရှေ့တွင် သရုပ်ဆောင်ပြနေခဲ့ခြင်းသာ။အရှုးလုပ်ခံလိုက်ရတာကြောင့် စိတ်တိုဒေါသထွက်လွန်း၍ နံရံကို လက်သီးဖြင့်တချက် ပိတ်ထိုးလိုက်သည်။အခုနေများ မုကို တွေးကြည့်လိုက်ရုံနှင့်ပင် အရာအားလုံးကို ဆွဲစုတ်ဖျက်ဆီးချင်မိသည်။သို့သော် နားထဲတွင်တော့......
" ဉီး...အရမ်းစိတ်တိုလာရင် တခြားဘာမှ မစဉ်းစားနဲ့ မုမျက်နှာလေးကိုပဲ မြင်ယောင်လိုက်နော် ပြီးရင် အသက်ကို နှာဖျားကနေ ရှုသွင်းရှုထုပ်လုပ်လိုက် အဲ့တာဆို ဆင်ခြင်တုံတရားမဲ့တာတွေ မလုပ်မိတော့ဘူးပေါ့ ဟုတ်တယ်မလား "
မသိခဲ့ဘူး အဲ့နေဖုန်းပြောခဲ့တာက နောက်ဆုံးဆိုတာကို။အခုလို ဖြစ်မယ်မှန်းသာသိခဲ့ရင် ကိုယ်ကိုတိုင်လာခေါ်မှာ။ကိုယ်လာမှာ မုစောင့်နေပေးပါ...။
" သူဌေး ဖုန်းလာနေပါတယ် "
" Hello "
" ကိုင်သားပဲ သရဖီဖုန်းကိုမကိုင်လောက်ဘူးထင်တာ"
" မင်းဘာကိစ္စ ဖုန်းထပ်ဆက်တာလဲ "
" ကိုလင်းရဲ့ လျိုဝှက်ချက်တစ်ခုပြောပြမယ် နားထောင်ချင်လား "
" ဘာပြောတယ် !!! မင်းတို့နှစ်ယောက်..."
" ဟုတ်တယ်ပေါင်းလုပ်တာ အဲ့လိုထက် မောင်နှမတွေရဲ့ အစီစဉ်ဆိုပိုမုန်မယ် "
" ဘာ...အခု မုဘယ်မှာလဲ ဘယ်မလဲလို့ !!! "
" မသိဘူးလေ ကိုယ်ရွေးချယ်ရမှာ အရင်လူကို ပြန်ယူပြီး အသက်ရှင်ခိုင်းမလား ကိုယ်ကြိုက်တဲ့ အရုပ်လေးကိုပဲ ဖျက်စီးခံမလားဆိုတာ ဒါဆို သေချာစဉ်းစားနော် "
" သရဖီ...ဖုန်းမချနဲ့ သရဖီ ငါ ***ကွာ "
" အခု ချက်ချင်း ဒီဖုန်းနံပါတ်ကို Hack ပြီး တည်နေရာရှာပေး "
" အဲ့...အဲ့တာကလေ သူဌေး ကိုမဟာပဲ Hack နိုင်တာ ကျွန်တော်တို့က Computer ဆော့လ်ဝဲသမားတွေ Hacker တွေမဟုတ်တော့ "
" မဟာကို ခေါ်လိုက်ကြ "
မဟာက ပေါ့ပျက်ပျက်နေတတ်ပေမဲ့ နည်းပညာပိုင်းမှာတော့ သူမတူအောင် ပါရမီရှိသူဖြစ်သည်။အလုပ်နေ့တိုင်းလုပ်ရသည်ကို မကြိုက်၍ Company ကို နေတိုင်းမလာ။စိတ်ပါတဲ့အခါတို့ နည်းပညာချို့ယွင်းတဲ့ အခါတို့မှသာ လာတတ်သည်။အခု ဌာနာကို တည်ထောင်သူကလဲ မဟာသာဖြစ်သည်။နာရီဝက်လောက်ကြာတော့ အလောသုံးဆယ်ဖြင့် ရောက်လာသော မဟာအား ဝန်ထမ်းတစ်ဉီးမှ အနားကပ်ပြီး အကြောင်းဆုံးရှင်းပြလိုက်သည်။အကြောင်းစုံကြားပြီး ဉီးလေးဖြစ်သူ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်တော့ အရုပ်ကြိုးပျက်နေသည့်အတိုင်း။မဟာ Computer ရှေ့ထိုင်လိုက်တာနဲ့ ဝန်ထမ်း 100 မစွမ်းဆောင်နိုင်သည်ကို ခဏအတွင်း အဖြေရလာသည်။
" လေးလေးအောင်.. ဒီကို ခဏ ကျွန်တော် သရဖီရဲ့ တည်နေရာကို ရှာတွေ့ပြီ "
" ဘယ်မှာလဲ "
" မြို့ပြင် စက်မှုဇုန်ရဲ့ အနောက်ဘက်လမ်း အဲ့လမ်းက တပ်ပိုင်မြေမို့ CCTV လည်းမတပ်ထားဘူး ပြီးတော့ မြေပုံထဲမှာလဲ မရှိဘူး ကျွန်တော်တို့ ခန့်မှန်းပြီး သွားမှရမယ် "
" မဟုတ်ဘူး...ငါအဲ့နေရာကိုသိတယ် "
" တကယ် "
" လွန်ခဲ့တဲ့ ငါးနှစ်က ဉီးရန်နိုင် စက်ရုံတစ်ခုစဆာက်ဖို့ ဝယ်ခဲ့တာ ဒါမဲ့ စီမံကိန်း လေလံတင်တော့ ကျသွားလို့ ဆောက်လက်စ စက်ရုံယောင်းကြီးပဲ ကျန်ခဲ့တာ အဲ့နေရာမှာ ငါအရောင်းဝယ် တစ်ခါသွားလုပ်ဖူးတယ် "
" လေးလေးအောင် ဒါဆို သူကတပ်ပိုင်မြေမို့ ဉီးရန်နိုင်ရဲ့ ပိုင်ဆိုင်မှုတွေသိမ်းတော့ မပါသွားတာနေမယ် "
" ဟုတ်လောက်တယ် သရဖီမှာပုန်းစရာ အဲ့နေရာပဲ ရှိတော့တယ် ငါအရင်သွားနှင့်မယ် မင်းနောက်ကနေ ဂိုဏ်းထဲက လူတွေ ခေါ်ပြီးလိုက်ခဲ့ "
" ခဏလေး ...လေးလေးအောင် သရဖီကို ဉပဒေအတိုင်းရှင်းမယ်ဆိုရင် ဂိုဏ်းကိုပါလာငြိနိုင်တယ် သူအခုလိုလုပ်တာကလဲ နောက်ကနေ တခြားအထောက်ပံ့ရှိလိုပဲနေမယ် ကျွန်တော် အဖေဆီကနေ လူတချို့ ခေါ်ခဲ့မယ် "
" မင်းအဆင်ပြေသလို ကြည့်စီစဉ်လိုက် ငါသွားနှင့်ပြီ"
" ဂရုစိုက်အုံး "
°°°°°°°°°°°°°°
နဖူးထိပ်ဆံစလေးများတွင် ချွေးများစို့ပြီး မေးလေးခိုက်အောင် တုန်၍ ကြောက်နေသောမုမှာ အရင်အတိုင်းမပြောင်းလဲသေး။ကြောက်ရင်တောင် ပြန်အော်တတ်သည့် လူမျိုးမဟုတ်လား။သို့ပေမဲ့ သူမရှေ့တွင် ရပ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်က လူဆိုတာကို မုအား ဖွင့်ပြောရန် အသင့်ပြင်လိုက်သည်။
" မုဒြာ...စိတ်အေးအေးထားနော် "
" ဘယ်သူ...ကို..ကိုလင်း ဘာမှမဖြစ်ဘူး တော်သေး..ခဏလေး မဟုတ်မှလွဲရော ကိုလင်းပါ "
" မုဒြာ လက်တွေနာနေပြီး ကျွန်တော်ကြိုးဖျည်ပေးမယ်လေ "
Advertisement
ကိုလင်းကိုမြင်ပြီး အံ့အားသင့်ပြီး သံသယဝင်ခဲ့ပေမဲ့ ဘာစကားမှမဟပဲ ကြိုးဖျည်ပေးတာကိုသာ ငြိမ်ခံလိုက်သည်။သူတစ်ကိုယ်လုံးက ကြိုးတွေမရှိတော့မှ...
" ကိုလင်း... ဒါဘာသဘောလဲ သရဖီနဲ့ ပေါင်းလုပ်တာပေါ့ မုအနားကိုမလာနဲ့နော် "
" ကျွန်တော်ကို ရှင်းပြခွင့်ပေးပါ မုဒြာ "
" ကိုလင်း နင်ဘယ်လို လုပ်လိုက်တာလဲ ငါခဏလေး ဖုန်းသွားပြောနေတာကို သူကိုလွတ်ပေးလိုက််ရလား အရှုးကောင်ရဲ့ "
" နှစ်ယောက်လုံး တကယ်ကို မထင်ထားဘူး စိတ်ပျက်ဖို့ကောင်းတယ် "
" ငါပြောသားပဲ အဲ့ကောင်မကို မလွတ်ပေးပါနဲ့လို့ "
" မုဒြာလက်တွေ ဒီလောက်ရဲနေတာ အစ်မဘယ်လို လုပ်ထားတာလဲ "
သုံးယောက်သား အမှောင်ထဲတွင် ရုန်းရင်းဆန်ခတ်နှင့်။မုကလည်း နှစ်ယောက်ချုပ်နေတာကို အတင်းရုန်း။သရဖီနဲ့ ကိုလင်းကလည်း ပြန်ချုပ်ရင်း မမြင်မစမ်း ဖြစ်ပျက်နေကြသည်။လွတ်မြောက်ချင်မိတယ် ဒီလို ယုတ်မာတဲ့လူတွေလက်ထဲကနေ ။နောက်ဆုံးအချိန်သာဖြစ်မယ်ဆို ဉီးကိုတွေ့သွားချင်သေးတယ်။အတွေးများနဲ့ ဗျောင်ဆန်နေချိန် သရဖီ အတင်းလှမ်းဆွဲရာမှမမိဘဲ မုပခုံးသို့ အားဖြင့် တွန်းလိုက်မိတော့......
" အ...အား! !!! "
Episode 33 Coming Soon
ပထဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
တေဒါက္ေဒါက္ျမည္ေနေသာ ေဒါက္ဖိနပ္သံက မုဆီရာသို႔ တျဖည္းျဖည္း တိုးကပ္လာသည္။ေသးငယ္ေသာ မီးအလင္းရဲ႕ ဗဟိုေအာက္က မုေရွ႕တြင္ ေျခစုံရပ္လ်က္။ဖိနပ္မွစ၍ သူမကိုယ္အား ေအာက္ေျခမွ အထက္သို႔ တဆင့္ခ်င္း ေမာ့ၾကည့္လိုက္ေတာ့။ႏႈတ္ခမ္းနီရဲရဲႏွင့္ မုကို ေမာက္မာစြာ ၿပဳံးျပေနေသာသူေၾကာင့္ မုတုန္လႈပ္သြားခဲ့ရသည္။သူမႏွင့္ ဇာတ္လမ္းၿပီးျပတ္သြားၿပီဟုထင္ေသာလည္း သူမဘက္ကေတာ့မၿပီးနိုင္ေသးတာကို မုသိခဲ့ၿပီ။စြန့္ပစ္ခံရတဲ့ မိန္းမတစ္ေယာက္က မုလို ေနာက္ေပါက္တဲ့ ေ႐ႊၾကာကို မ်က္မုန္းက်ိဳးမွာပဲေလ။သို႔ေပမဲ့ အခုေလာက္ထိေတာ့ လုပ္လိမ့္မည္မထင္ခဲ့။ရႈးသြတ္မႈအတိုင္းတာကေတာ့ ' သရဖီ ' ဆိုေသာ သူမနာမည္အတိုင္း ေခါင္းထိပ္ပန္ဆင္ရေပမည္။
" Wow. .Wow. .အခုေတာ့ ဘယ္လိုျဖစ္တာလဲ နန္းမုျဒာ နင္အရဲစြန့္လိုက္တဲ့ အခ်စ္ရဲ႕ရလဒ္က ဒီလိုျဖစ္ေနေတာ့ ဘယ္လိုလဲ သိပ္ေၾကာက္သြားလား "
" ရွင္လည္း တစ္ခုမွတ္ထားပါ ဉီးလိုလူကိုေတာင္ လက္ခံေပးခဲ့တဲ့ ကြၽန္မရဲ႕ သတ္တိကလည္း မနည္းဘူးဆိုတာ "
မုမေၾကာက္ဘူးေျပာရင္ လိမ္တာေပါ့။ဒါေပမဲ့ မုစိတ္ထဲတြင္ ရန္သူအားရေအာင္ ေသြးပ်က္ျပေနတာထက္ တြန္းလွန္ဖို႔သာ ဆုံးျဖတ္လိုက္သည္။အခုခ်ိန္မွာ ကိုယ္က ခံဘက္ကဆိုေပမဲ့ မေကာင္းတာလုပ္တဲ့သူက ကိုယ္မဟုတ္ေတာ့ လိပ္ျပာလုံစြာနဲ႕ပဲ ရင္ဆိုင္ရန္အသင့္ျပင္လိုက္သည္။မုရဲ႕စကားေၾကာင့္ သရဖီ လက္ခုန္သံျပင္းျပင္း တီးလိုက္သည္။
" ခ်ီးက်ဴးတယ္... ရင္ထဲကေန လွိုက္လွိုက္လွဲလွဲနဲ႕ကို ခ်ီးက်ဳတာ ေနာက္ဆုံးအခ်ိန္ထိေတာင္ မာန္မေလ်ာ့ပါလား ဟဲ့ ဒီမွာ...ငါအတြက္က Do or Died ႏွစ္ခုပဲရွိတာ "
" အဲ့ Do or Diedက ဉီးရွင္ကို ျပန္ေ႐ြးခ်ယ္ဖို႔ရယ္ ကြၽန္မကို အျပတ္ရွင္းဖို႔ရယ္မလား "
" ဟယ္ေတာ့ !! တကယ္ကို ဉာဏ္ေကာင္းတဲ့ ကေလးမပဲ "
" ဒါေပမဲ့ လြယ္မယ္ထင္လား "
" ဘာေျပာတယ္ ေကာင္မ ျပန္ျပင္ေျပာလိုက္ ခုခ်ိန္မွာ နင္လုပ္ကမဲ့ တစ္ခုထဲေသာအရာက ငါကိုေတာင္းပန္ရမွာပဲ "
" ဘာလို႔လဲ မၾကာခင္ သံတိုင္ၾကားဝင္ရေတာ့မဲ့လူကို"
" ဟဲ့ နင္ကငါကို ေထာင္ခ်မယ္လို႔ေျပာတာလား ျပန္ေျပာစမ္း ျပန္ေျပာလို႔ဟဲ့ ထပ္ေျပာေလ "
မုလည္း စကားလုံးတိုင္းအား တစ္ခြန္းစီေျပာရင္း သူမမ်က္ႏွာဆီမွ အၾကည့္မလႊဲခဲ့။ အဆုံးထိ လုပ္ၿပီတာေတာင္ မုရဲ႕ အနိုင္ပိုင္းထားေသာ အၾကည့္ေၾကာင့္ သရဖီ ေဆာက္တည္ရာမရ ေသြးရႈးေသြးတန္းျဖင့္။ မုပါးျပင္တဝိုက္ကို လက္ဝါးတို႔ျဖင့္ ဘယ္တျပန္ ညာတျပန္ရိုက္လိုက္သည္။ စိတ္ထဲမွာလဲ သူမအားေသေလာက္ေအာင္ မုန္းမိသည္။အၿမဲတမ္း အေလ်ာ့ေပး အႀကိဳက္ေဆာင္ခဲ့ရေသာ မိမိအပိုင္ဟု သတ္မွတ္ထားသည့္ အမ်ိဳးသားမွာ ဆယ္စုႏွစ္တစ္စုစာေလာက္ သူမအေပၚကိုေရာ အျခားမိန္းမမ်ားကိုပါ အကပ္မခံခဲ့ပဲ သူမလို သာမာန္ေလးကိုမွ အရႈးမူးျဖစ္ေနျခင္းဟာ လူရဲ႕ ႏုလုံးသားအား ေန႕တိုင္းအပ္ျဖင့္လာထိုးေနသလို စူးခနဲေနေအာင္ နာက်င္ေစသည္။ေလးငါးခ်က္ ဆင့္ရိုက္ခံရတာမို႔ ႏႈတ္ခမ္းဖ်ားတို႔မွ ေသြးစို႔ေနတာကိုေတာင္ မုကေတာ့ အေလ်ာ့မေပးေသး။
" ရွင္က ကြၽန္မကို အခုလိုလုပ္ေနတာေတြက မနာလိုလိုျဖစ္ေနတာ ရွင္ေသေလာက္ေအာင္ မနာလိုတယ္မလား ဉီးနားမွာ ရပ္ေနတဲ့ ကြၽန္မကို ၾကည့္ၿပီး "
" နင္...နင္ကသာ ငါကို မနာလိုေနတာ နင္ကသာ အယုတ္တမာလုပ္ၿပီး ငါဆီက လုယူခဲ့တာ "
" လြယ္တယ္ထင္ေနလား ကြၽန္မကေရာ ဉီးကို ခ်စ္ခဲ့တာ လြယ္တယ္လို႔ထင္ေနတာလား ...အဆင့္တန္း ေနထိုင္ပုံ ႀကီးျပင္းလာရာမႈေတြက ရွင္ေလာက္ေတာင္ မတူညီခဲ့ပဲ ဉီးနားမွာေနေနတဲ့ခဲ့ေပမဲ့ မလြယ္ကူခဲ့ဘူး လူေတြကို သတ္ျဖတ္ေနတဲ့ လူဆိုတာသိတဲ့အခ်ိန္မွာ အရမ္းေၾကာက္မိေပမဲ့လဲ ကြၽန္မမစြန့္လြြတ္ေပးခဲ့ဘူး ရွင္ဆိုရင္ေရာ ခ်စ္နိုင္မွာလား "
" ငါလဲ ခ်စ္ေပးခဲ့တယ္ ဒါေပမဲ့ သူမျမင္ခဲ့ဘူး...မဟုတ္ဘူး ငါကိုအၿမဲ လ်စ္လ်ဴရႈထားတာ နင္ေၾကာင့္ေလ "
" ရွင္ခ်စ္ေပးတယ္ဆိုတာ အၿမဲ ေစ်းႀကီးတာေတြဝတ္ၿပီး အလွျပေန႐ုံပဲမလား သူအလိုရွိတဲ့ တကယ့္ ႏြေးေထြးၾကင္နာမႈကိုေတာ့ ရွင္မေပးခဲ့ဘူးေလ ရွင္ကသာ သူကိုႏြေးႏြေးေထြးေထြးနဲ႕ ႏွစ္သိမ့္ေပးခဲ့မယ္ဆို ရွင္တို႔ဇာတ္လမ္းမွာ ကြၽန္မလဲ ဝင္ပါခဲ့မွာမဟုတ္ဘူး "
" နင္ကငါကို လာအျပစ္တင္ေနတာလား "
" ဟုတ္တယ္...ရွင္ကို အျပစ္တင္တယ္ ဆယ္ႏွစ္တာလုံး အနားမွာရွိေနရက္နဲ႕ ဉီးကို ဂ႐ုမစိုက္ပဲ ကိုယ္ဘက္ကိုယ္ရပ္ၿပီး နစ္နာသူလုပ္ျပေနတဲ့ ရွင္က အားလုံးထဲမွာအျပစ္အရွိဆုံးပဲ ရွင္အေဖကို ေထာင္ခ်ၿပီး သူမ်ားလူကိုခ်စ္မိတဲ့ ဉီးနဲ႕ကြၽန္မမွာလဲ အျပစ္ရွိေပမဲ့ ရွင္ေလာက္ေတာ့ အျပစ္မႀကီးဘူး "
" နင္အေပါက္ကို ပိတ္လိုက္ေတာ့...နင္တို႔ကသာ ငါကို အခုလိုအျပစ္ရွိေအာင္လုပ္တာ နင္ေရာ ေအာင္စစ္မႉးေရာကသာ ငါဘဝကို ဖ်က္စီးခဲ့ၾကတာ "
( ျဖန္း... ျဖန္...ျဖန္း )
စကားတိုင္းကို သူမထက္ေတာင္ တည္ၿငိမ္စြာျဖင့္ ကလန့္တိုက္ေနေသာ မုကို စိတ္ေပါက္ေပါက္ႏွင့္ လက္ဝါးကိုက တစ္ေက်ာ့ျပန္ထပ္ရိုက္လိုက္ျပန္သည္။ပါးႏွစ္ဖက္လုံး ေရာင္ကိုင္းရဲစပ္လာေသာလည္း မုမ်က္ရည္တစ္စက္မက်ခဲ့။စိတ္ထဲက အေၾကာက္တရားမ်ားကို ခ်စ္ရသူလာကယ္မည္ဆိုတဲ့ အေတြးျဖင့္သာ တင္းခံလ်က္။အသားမ်ားတုန္ရီေနသည္အထိ ေၾကာက္ပါတယ္ ဒါေပမဲ့ အကူညီမရမဲ့အတူ ငိုေနပါက အားကုန္႐ုံသာရွိမည္။ေနာက္ဆုံး မုဆီ ဉီးေရာက္လာမဲ့ အခ်ိန္ထိအသက္ရွင္လ်က္ ေစာင့္ေနဖို႔ကိုသာ ေတြးထားသည္။
" အစ္မ...မုျဒာကို လက္ပါတာေတြရပ္လိုက္ပါေတာ့ "
မုေပ်ာက္တာ အခုဆို တရက္လုံးရွိၿပီ။လမ္းတြင္ accident ျဖစ္သည္လည္းမဟုတ္။အယုံၾကည္ရဆုံးကို ကိုလင္းကို လုပ္တာမဟုတ္ဖို႔ ေမွ်ာ္လင့္ေပမဲ့ အဆုံးသတ္ရဲ႕ အေျဖကေတာ့ ကိုလင္းဆီသာ။႐ုံးခန္းထဲတြင္ ေခါင္းေအးေအးထားၿပီး အေတြးေပါင္းစုံေတြးၿပီးေနာက္မွေတာ့ ေအာင္စစ္မႉး Companyရဲ႕ ေဆာ့စ္ဝဲဌာနဆီ ထြက္လာခဲ့သည္။ Company၏ ပင္မ ဌာနမို႔ မည္သူမွ် အဝင္မခံေသာ ထိုေနရာအား သူေဌးကိုယ္တိုင္ေရာက္လာသည့္မို႔ အားလုံးက ကိစၥႀကီးတစ္ခုေပးေတာ့မည္ကို သေဘာေပါက္၏ ။ ဝန္ထမ္း အေယာက္ 100ေရွ႕က နံရံျပည့္ Screenေရွ႕တြင္ ဝန္ထမ္းမ်ားအား မ်က္ႏွာမူလ်က္ လက္ႏွစ္ဖက္အား ခုံေပၚေထာက္၍ ေအာင္စစ္မႉး အမိန့္ေပးလိုက္သည္။
" မေန႕က...ညေနသုံးနာရီေလာက္ တၿမိဳ႕လုံးရဲ႕ CCTV မွာ ငါကားျဖတ္သြားတဲ့ မွတ္တမ္းကို 15မိနစ္အတြင္းလိုခ်င္တယ္ "
ေအာင္စစ္မႉး စကားဆုံးတာနဲ႕ ဝန္ထမ္းအားလုံးရဲ႕ လက္ေတြမွာ Computer Keyboard ေပၚတြင္ စတင္ အလ်င္အျမန္လႈပ္ရွားေတာ့သည္။ ေခါင္းမေပၚပဲ မွတ္တမ္းေတြကိုရွာေနသည့္မွာ ကြၽမ္းက်င္ပညာရွင္ေတြလို႔ ေျပာစရာမလို။ရွာေဖြႏႈန္းမွာ 15မိနစ္ေတာင္ မျပည့္ခင္မွာပဲ...။
" ရွာေတြ႕ပါၿပီ... 3နာရီ 15မိနစ္ဝန္းက်င္ေလာက္ စက္မႈဇုန္ဘက္ကို ေမာင္းသြားၿပီး လမ္းခ်ိဳးတစ္ခုေရာက္တဲ့ေနရာမွေတာ့ မ်က္ေခ်ျပတ္သြားပါတယ္ "
" CCTV မွတ္တမ္းထဲမွာေရာ "
" အဲ့လမ္းေနာက္ပိုင္း ဟိုင္းေဝလမ္းမို႔ တပ္ဆင္ထားျခင္းမရွိပါဘူး "
" အခုခ်က္ခ်င္း ကိုလင္းဖုန္း GPSနဲ႕ ငါေျပာတဲ့ နံပါတ္ရဲ႕ GPSကို ရွာေပး "
" ဟုတ္ကဲ့ "
" အာလုံးရွာေနာ္ ငါအားလုံးရဲ႕ မွတ္တမ္းကို လိုခ်င္တာ "
" ရပါၿပီ သူေဌး...ဒါေပမဲ့ GPS ႏွစ္ခုလုံးက Km200 ေက်ာ္တာနဲ႕ ပ်က္ေတာက္သြားပါတယ္ အဲ့..အဲ့လိုဆို "
" ဘာျဖစ္လဲ ဆက္ေျပာေလ "
" ႀကိဳ...ႀကိဳတင္ ႀကံစည္ထားတာ ထင္တယ္ လမ္းစရွာမရေအာင္ "
" ဟာ... ေတာက္! !! ငါေတာ့... ငါေတာ့ ေနာက္ေက်ာကို ဓားနဲ႕ထိုးခံလိုက္ရၿပီ ငါကိုမ်ား ရာရာစစ "
ေအာင္စစ္မႉး ေနာက္ဆုံးေတာ့ ကိုလင္းရဲ႕ လက္ခ်က္ကို သိရွိခဲ့ၿပီ။အၿမဲ အားကိုးခဲ့ၿပီး သူရဲ႕ ဆိုးသမွ် အနိုင္ယူသမွ်ကို ေခါင္းငုတ္ခံေပးခဲ့လို႔ ညီေလးတစ္ေယာက္လို ခ်စ္ခင္ခဲ့ေသာ ထိုလူမွ မထင္ထားေသာ လုပ္ရက္ကို လုပ္ခဲ့သိကို မယုံၾကည္နိုင္ေသး။မုအေပၚ မရီးလို႔ေခၚကာ စေနာက္ခဲ့ေသာ ကိုလင္းက သူေရွ႕တြင္ သ႐ုပ္ေဆာင္ျပေနခဲ့ျခင္းသာ။အရႈးလုပ္ခံလိုက္ရတာေၾကာင့္ စိတ္တိုေဒါသထြက္လြန္း၍ နံရံကို လက္သီးျဖင့္တခ်က္ ပိတ္ထိုးလိုက္သည္။အခုေနမ်ား မုကို ေတြးၾကည့္လိုက္႐ုံႏွင့္ပင္ အရာအားလုံးကို ဆြဲစုတ္ဖ်က္ဆီးခ်င္မိသည္။သို႔ေသာ္ နားထဲတြင္ေတာ့......
" ဉီး...အရမ္းစိတ္တိုလာရင္ တျခားဘာမွ မစဥ္းစားနဲ႕ မုမ်က္ႏွာေလးကိုပဲ ျမင္ေယာင္လိုက္ေနာ္ ၿပီးရင္ အသက္ကို ႏွာဖ်ားကေန ရႈသြင္းရႈထုပ္လုပ္လိုက္ အဲ့တာဆို ဆင္ျခင္တုံတရားမဲ့တာေတြ မလုပ္မိေတာ့ဘူးေပါ့ ဟုတ္တယ္မလား "
မသိခဲ့ဘူး အဲ့ေနဖုန္းေျပာခဲ့တာက ေနာက္ဆုံးဆိုတာကို။အခုလို ျဖစ္မယ္မွန္းသာသိခဲ့ရင္ ကိုယ္ကိုတိုင္လာေခၚမွာ။ကိုယ္လာမွာ မုေစာင့္ေနေပးပါ...။
" သူေဌး ဖုန္းလာေနပါတယ္ "
" Hello "
" ကိုင္သားပဲ သရဖီဖုန္းကိုမကိုင္ေလာက္ဘူးထင္တာ"
" မင္းဘာကိစၥ ဖုန္းထပ္ဆက္တာလဲ "
" ကိုလင္းရဲ႕ လ်ိဳဝွက္ခ်က္တစ္ခုေျပာျပမယ္ နားေထာင္ခ်င္လား "
" ဘာေျပာတယ္ !!! မင္းတို႔ႏွစ္ေယာက္..."
" ဟုတ္တယ္ေပါင္းလုပ္တာ အဲ့လိုထက္ ေမာင္ႏွမေတြရဲ႕ အစီစဥ္ဆိုပိုမုန္မယ္ "
" ဘာ...အခု မုဘယ္မွာလဲ ဘယ္မလဲလို႔ !!! "
" မသိဘူးေလ ကိုယ္ေ႐ြးခ်ယ္ရမွာ အရင္လူကို ျပန္ယူၿပီး အသက္ရွင္ခိုင္းမလား ကိုယ္ႀကိဳက္တဲ့ အ႐ုပ္ေလးကိုပဲ ဖ်က္စီးခံမလားဆိုတာ ဒါဆို ေသခ်ာစဥ္းစားေနာ္ "
" သရဖီ...ဖုန္းမခ်နဲ႕ သရဖီ ငါ ***ကြာ "
" အခု ခ်က္ခ်င္း ဒီဖုန္းနံပါတ္ကို Hack ၿပီး တည္ေနရာရွာေပး "
" အဲ့...အဲ့တာကေလ သူေဌး ကိုမဟာပဲ Hack နိုင္တာ ကြၽန္ေတာ္တို႔က Computer ေဆာ့လ္ဝဲသမားေတြ Hacker ေတြမဟုတ္ေတာ့ "
" မဟာကို ေခၚလိုက္ၾက "
မဟာက ေပါ့ပ်က္ပ်က္ေနတတ္ေပမဲ့ နည္းပညာပိုင္းမွာေတာ့ သူမတူေအာင္ ပါရမီရွိသူျဖစ္သည္။အလုပ္ေန႕တိုင္းလုပ္ရသည္ကို မႀကိဳက္၍ Company ကို ေနတိုင္းမလာ။စိတ္ပါတဲ့အခါတို႔ နည္းပညာခ်ိဳ႕ယြင္းတဲ့ အခါတို႔မွသာ လာတတ္သည္။အခု ဌာနာကို တည္ေထာင္သူကလဲ မဟာသာျဖစ္သည္။နာရီဝက္ေလာက္ၾကာေတာ့ အေလာသုံးဆယ္ျဖင့္ ေရာက္လာေသာ မဟာအား ဝန္ထမ္းတစ္ဉီးမွ အနားကပ္ၿပီး အေၾကာင္းဆုံးရွင္းျပလိုက္သည္။အေၾကာင္းစုံၾကားၿပီး ဉီးေလးျဖစ္သူ မ်က္ႏွာကို တစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့ အ႐ုပ္ႀကိဳးပ်က္ေနသည့္အတိုင္း။မဟာ Computer ေရွ႕ထိုင္လိုက္တာနဲ႕ ဝန္ထမ္း 100 မစြမ္းေဆာင္နိုင္သည္ကို ခဏအတြင္း အေျဖရလာသည္။
" ေလးေလးေအာင္.. ဒီကို ခဏ ကြၽန္ေတာ္ သရဖီရဲ႕ တည္ေနရာကို ရွာေတြ႕ၿပီ "
" ဘယ္မွာလဲ "
" ၿမိဳ႕ျပင္ စက္မႈဇုန္ရဲ႕ အေနာက္ဘက္လမ္း အဲ့လမ္းက တပ္ပိုင္ေျမမို႔ CCTV လည္းမတပ္ထားဘူး ၿပီးေတာ့ ေျမပုံထဲမွာလဲ မရွိဘူး ကြၽန္ေတာ္တို႔ ခန့္မွန္းၿပီး သြားမွရမယ္ "
" မဟုတ္ဘူး...ငါအဲ့ေနရာကိုသိတယ္ "
" တကယ္ "
" လြန္ခဲ့တဲ့ ငါးႏွစ္က ဉီးရန္နိုင္ စက္႐ုံတစ္ခုစဆာက္ဖို႔ ဝယ္ခဲ့တာ ဒါမဲ့ စီမံကိန္း ေလလံတင္ေတာ့ က်သြားလို႔ ေဆာက္လက္စ စက္႐ုံေယာင္းႀကီးပဲ က်န္ခဲ့တာ အဲ့ေနရာမွာ ငါအေရာင္းဝယ္ တစ္ခါသြားလုပ္ဖူးတယ္ "
" ေလးေလးေအာင္ ဒါဆို သူကတပ္ပိုင္ေျမမို႔ ဉီးရန္နိုင္ရဲ႕ ပိုင္ဆိုင္မႈေတြသိမ္းေတာ့ မပါသြားတာေနမယ္ "
" ဟုတ္ေလာက္တယ္ သရဖီမွာပုန္းစရာ အဲ့ေနရာပဲ ရွိေတာ့တယ္ ငါအရင္သြားႏွင့္မယ္ မင္းေနာက္ကေန ဂိုဏ္းထဲက လူေတြ ေခၚၿပီးလိုက္ခဲ့ "
" ခဏေလး ...ေလးေလးေအာင္ သရဖီကို ဉပေဒအတိုင္းရွင္းမယ္ဆိုရင္ ဂိုဏ္းကိုပါလာၿငိနိုင္တယ္ သူအခုလိုလုပ္တာကလဲ ေနာက္ကေန တျခားအေထာက္ပံ့ရွိလိုပဲေနမယ္ ကြၽန္ေတာ္ အေဖဆီကေန လူတခ်ိဳ႕ ေခၚခဲ့မယ္ "
" မင္းအဆင္ေျပသလို ၾကည့္စီစဥ္လိုက္ ငါသြားႏွင့္ၿပီ"
" ဂ႐ုစိုက္အုံး "
နဖူးထိပ္ဆံစေလးမ်ားတြင္ ေခြၽးမ်ားစို႔ၿပီး ေမးေလးခိုက္ေအာင္ တုန္၍ ေၾကာက္ေနေသာမုမွာ အရင္အတိုင္းမေျပာင္းလဲေသး။ေၾကာက္ရင္ေတာင္ ျပန္ေအာ္တတ္သည့္ လူမ်ိဳးမဟုတ္လား။သို႔ေပမဲ့ သူမေရွ႕တြင္ ရပ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ႏွစ္က လူဆိုတာကို မုအား ဖြင့္ေျပာရန္ အသင့္ျပင္လိုက္သည္။
" မုျဒာ...စိတ္ေအးေအးထားေနာ္ "
" ဘယ္သူ...ကို..ကိုလင္း ဘာမွမျဖစ္ဘူး ေတာ္ေသး..ခဏေလး မဟုတ္မွလြဲေရာ ကိုလင္းပါ "
" မုျဒာ လက္ေတြနာေနၿပီး ကြၽန္ေတာ္ႀကိဳးဖ်ည္ေပးမယ္ေလ "
ကိုလင္းကိုျမင္ၿပီး အံ့အားသင့္ၿပီး သံသယဝင္ခဲ့ေပမဲ့ ဘာစကားမွမဟပဲ ႀကိဳးဖ်ည္ေပးတာကိုသာ ၿငိမ္ခံလိုက္သည္။သူတစ္ကိုယ္လုံးက ႀကိဳးေတြမရွိေတာ့မွ...
Advertisement
- In Serial43 Chapters
The One She Loved
Katelyn Gonzalez a 16-year-old girl that has suffered from the young age at the hands of her family. The reason her mom was pregnant she was expecting twins but due to complications her twin was born weak and was barely able to survive. From that day her family started hating her. She was named after her old nanny. When she turned 10 her dad and mom started verbally abusing her, her brothers started physically and verbally abusing her and most importantly her brothers best friend and her first love Alessandro Moretti also started joining her brothers in hurting her. Finally having enough Katelyn ran away on her 16th birthday. What will happen when her family and Alessandro realize their mistake but she is already gone What if they are not willing to let her go? What happens when they finally meet her again? Will she forgive them or not? Read to find out.Start - 9th November 2020End-Warning: This book contains mature themes like violence, abuse etc. Please don't read if any of these themes trigger you. Here is the first and last warning. Read at your own risk. Also English is not my first language so there will be grammar mistakes.Cover by @emilyawesome383Word Count till Now 32,859
8 322 - In Serial55 Chapters
Say Yes Sir +18 ✔️
Sequel of Family Ties (Cover by @_navyblueee_Second book of the Valentino series Smut Warning🤫🔥_________#2 in plot twist "Your not allowed to cum, moan or speak" he said before I felt his fingers over the laced of my underwear."Do you understand?" he asked and I nod. He raised an eyebrow and I quickly caught up to myself"Yes sir" I said and he nod with smirkHe started moving his fingers in a circular motion and I bit down on my lip so I wouldn't moan. I could feel how wet I was getting by his actions and how my body was pressed against his. He then pulled my underwear to the side. Our eyes made contact as he played with my clit. I was very wet and my core arched for his touch. My hands went to his shoulders and he entered me using two fingers. "Stop biting your lip" he ordered and I released my lip. He wasn't making this easy for me His fingers going in and out of me at a slow paced. "Remember what I said" he asked and I nod multiple times as my grip tightened on his shoulders. He started going faster, his fingers pumping in and out of my hole. I wanted to moan so badly Just when I was getting used to it he added another finger. Twisting and turning his long fingers my eyes rolled back in pleasure. Fuck Leon My mouth formed an O and he smirked. I could feel a knot forming in my stomach. He went even faster as he pulled out of one my boobs. He started sucking my nipple and I tried pulling away from him. "Stay still" he ordered and a whimper passed my lipsI was going to come and he knew it. "Leon" I moaned and he wrapped his free hand around my waist tightly, holding me still. He went even faster and my head rested on his shoulder. I hugged him as I bit down on to his shoulder. "I'm gonna- fuck" I screamed as I came. My body was shaking embarrassingly and he held me close to his body. After recovering from my orgasm his hold loosened around my waist."You spoke, you moaned and you came" he said into my ear.
8 406 - In Serial6 Chapters
Mark of a Witch (Black Butler/Kuroshitsuji Fanfic)
Revenge drove her to make a bargain with a demon, to change and save herself. For better or worse, she didn't know. However, now her fate was entwined with that of an alluring demon, Sebastian Michaelis. He held claim to her soul and perhaps in time... her body. Note: This is set prior to the events in Black Butler/Kuroshitsuji. I hope you enjoy.
8 162 - In Serial22 Chapters
The Luna's True Mate
Ophelia James has been tormented her entire life because she had no wolf. On her 18th birthday, she searches for her fated mate but when he finds out she is his mate, he rejects her and leaves her for dead.Enter, Jordan. Alpha of the Black River Pack. Will Ophelia get a second chance with her new mate? Will he turn out to be her true mate? And what will happen with her first mate that rejected her? Read and find out. Please comment and vote and let me know what needs to be changed or if you love this! WARNING: THIS STORY CONTAINS DESCRIPTIONS OF VOILENCE , CURSE WORDS AND SMUT SCENES! IF YOU ARE NOT COMFORTABLE WITH THESE THINGS THEN DO NOT PROCEED!
8 281 - In Serial27 Chapters
The Letters I Never Sent || completed
I like someone but he doesn't like me back
8 138 - In Serial38 Chapters
The Bad Boy's Favorite Girl
When both of her parents leave on a business trip for a few months, Alina Hadley is sent from Fort Worth to Greenwich, where her mom's best friend lives. She is introduced to a whole new world, one that she wasn't aware of when she moved seven years ago. This change from Texas to Connecticut is topped off with having to live with the school's bad boy, Jay Von Baron. Will Alina last these few months?
8 165

