《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 31 )
Advertisement
အခုတလော မိုးလင်းမျက်နှစ်လုံးဖွင့်တာနဲ့ ဘေးနားမှာ သူမကိုတွေ့နေရတာကိုတောင် မယုံကြည်နိုင်သေး။အိမ်မက်များလားပေါ့။အိမ်မက်ဆိုလည်း ဘယ်တော့မှပြန် နိုးမပါရစေနဲ့။သင်တန်းပြီးတဲ့ နောက်ပိုင်း မုက အမြဲနေ့လည်တိုင်း ထမင်းဘူးပြင်ပေးပြီး Company ကိုလာတတ်သည်။တခါတလေ ရုံးဆင်းချိန်ထိစောင့်ပြီး လျှောက်လည်ကြသည်။သူမနဲ့ အမြဲတစ်နေ့တာကို ကုန်ဆုံးရသည် တိုတောင်းလှသလို ခံစားရသည်။ကြင်စဉီးဇနီးမောင်နှံလို ဖြစ်နေပြီပေမဲ့ မုရဲ့ တရားဝင်ခွင်ပွန်းရာထူးကိုတော့ လိုချင်သေးသည်။အမြဲ သူမကိုသတိုးသမီးဝတ်စုံလေးနဲ့ စိတ်ကူးထဲ ပုံမဖော်ခဲ့သော နေ့ရက်လဲမရှိ။ဒီနေ့မှာတော့ သူမအား အရဲစွန့်ပြီး လက်ထပ်ခွင့်တောင်ဖို့ ဆုံးဖြတ်လိုက်သည်။ဒီလူကြီးရဲ့ အသက်ကိုငဲ့ပြီး လက်ခံပေးဖို့ မျှော်လင့်ရတာပဲလေ....။
" Hello... ဉီးမုလာတော့မယ်နော် ဘာလို့ ဒီနေ့မှ ထူးထူးဆန်းဆန်း ထမင်းဘူးမထုတ်ခိုင်းတာလဲ "
" မုနေ့တိုင်းချက်နေရတော့ ပင်ပန်းမှာဆိုးလို့ပါ "
" မုမရှိရင် ဉီးကိုချက်ကျွေးမဲ့သူမရှိလို့ အခုထဲက အဝစားထား ကြားလား "
" ကိုယ်...ကိုလင်းကို လာခေါ်ခိုင်းထားတယ် "
" Busနဲ့ လာနေကျကို ဒီမှာ ဉီးအောင်စစ်မှူး ရှင်ကြီး မရိုးသားဘူးနော် မုခံစားမိနေတယ် "
" အမယ်လေး မုကိုကိုယ် ဓာတ်ခန်းဖွင့်ပေးမှနဲ့တူတယ် ဗေဒင်ဟောစားဖို့ "
" တော်ပါ "
" ကိုလင်းလာခေါ်ရင်သာ လိုက်ခဲ့နော် ကိုယ်လဲ ခဏနေအလုပ်ပြီးပြီ "
" ဟုတ်ပါပြီ... မုလိုက်ခဲ့ပါ့မယ် "
" အဲ့တာဆို ဖုန်းချလိုက်တော့မယ် မေ့တော့မလို့ အရမ်းချစ်တယ်... အာဘွား အာဘွား "
" မုရောပဲ အာဘွား "
ဖုန်းပြောပြီး သိပ်မကြာပါဘူး အိမ်ရှေ့က ကားဟွန်းသံကြောင့် မုပြေးထွက်လာလိုက်သည်။ကိုလင်းက ကားနောက်ခန်းတံခါးကို ဖွင့်ပေးတော့ မုလည်း ဝင်ထိုင်လိုက်သည်။အရင်တုန်းကနဲ့မတူ ကိုလင်းအလုပ်ဝန်ပိနေလို့လားမသိ မျက်နှာတောင်ကျသွားသည်။ဉီးကလဲ အခုနောက်ပိုင်း လက်နက်အရောင်းဝယ်မလုပ်တော့ Company ကိုသာ အားသွန်းခွန်စိုက်ကြိုးပမ်းနေတော့သည်။အရင်ထဲက အကောင်းဆုံးဖြစ်မှ စိတ်တိုင်းကျတဲ့ ဉီးက ကိုလင်းကိုလည်း အနားမပေးဘူးထင်ပါရဲ့။
" ကိုလင်း... နေရောကောင်းရဲ့လား Maskတောင်တပ်ထားတော့ မုဉီးကို ခွင့်ပေးဖို့ ပြောပေးရမလား "
" ရပါတယ် မုဒြာ ကျွန်တော် ချောင်းနည်းနည်းဆိုးရုံပါ "
" ကျန်းမာရေးလဲ ဂရုစိုက်ပါအုံးကိုလင်းရယ် ပြီးတော့ ဉီးကအရမ်းစည်းကမ်းကြီးတယ်မလား "
" နည်းနည်းပါးပါးပါ "
" ဉီးမှကလဲ ယုံကြည်ရတာဆိုလို့ ကိုလင်းပဲရှိတာလေ အဲ့တာကြောင့် ဉီးကိုသေချာလေး ကူညီပေးပါအုံးနော်"
" ဟုတ်ကဲ့... ဒါကလဲ ကျွန်တော်တာဝန်ပဲလေ "
" ဒါနဲ့ မုကိုဘယ်ခေါ်သွားနေတာလဲ မြို့ထဲတောင်ကျော်လာပြီ "
" အဲ့...အဲ့..တာက ဆရာကခေါ်ခိုင်းတဲ့နေရာပါ.. မု..မုဒြာ အဲကွင်းဖွင့်ပေးရမလား "
" ဖွင့်ပါ မုလဲအိုက်နေတာနဲ့ အတော်ပဲ "
ကိုလင်းမျက်လုံးများက ယောင်ယက်ခတ်နေပြီး လက်ကလည်း တုန်ချိစွာဖြင့် ကားအဲကွင်းခလုတ်ကို နှိပ်လိုက်၏ ။အစထဲက အနေအေးသူမို့လားတော့မသိ ကိုလင်းမုကို စကားမပြောတော့ချေ။အနည်းငယ်ချမ်းဆိမ့်၍ မူးဝေလာသည်ကို စတင်ခံစားရတော့ မု မျက်လုံးအား အတင်းဖွင့်ရန်ကြိုးစားခဲ့သည်။သို့သော် နှာခေါင်းတွင်း ဝင်ရောက်လာသော လေထုတို့က မုကို အရာအားလုံးဆီမှ အဆက်သွယ်ပြတ်စေခဲ့သည်။
°°°°°°°°°°°°°
တစ်ခုသော ဆောင်းရာသီရဲ့ နေ့စွဲတွေထဲက တစ်ရက်မှာတော့ လူတစ်စုကြောင့် ကျွန်တော်ရဲ့ အနွေးဓာတ်ကတော့ မရှိတော့ပြီ။ လူကြောက်တတ်သော ထိုကောင်လေးအား လူများရဲ့ လှောင်ရီသံများက စကားနာထိုးလျက်။ကြေမွမျက်စိနေသော မျက်မှန်အား လက်ဖြင့် တစမ်းစမ်းရှာနေသော်လည်း မည်သူမျှ သနားညှာတာခြင်း အလျင်းမရှိ။ပြန့်ကျဲနေသော စာအုပ်များရဲ့ အလယ်မှာ ထိုကောင်လေးက ခေါင်းတောင်မဖော်ခဲ့ ။
" ဟဲ့မုမု နင်တဣသိုလ်မတတ်တဲ့ ငါတို့နှစ်ယောက်ကို ကျောင်းထဲခေါ်လာတာ ဘာသဘောလဲ "
" သင်းသန့် ဒီဒီ...ဒီက မုမုကိုမသနားဘူးလား ငါတစ်ယောက်ထဲကို နင်တို့က သောင်းပြင်လွတ်တဲ့ ခွေးလေးလုပ်ခိုင်းနေတာလား "
" အဲ့ကောင်မ စကားကတော့ ရှယ်တက် "
" အပြန်မုန့်ဝယ်ကျွေးမယ် ငါလဲ ကျောင်းသားကဒ်လာထုတ်ရုံပဲ "
" အေးပါဟယ် "
" ဟိုမှာ ကြည့်စမ်းဘာဖြစ်နေတာလဲ မသိဘူး "
" မုမုအဲ့တာကို ကျောင်းတွင်းအနိုင်ကျင့်တာလို့ ခေါ်တယ် တဣသိုလ်ကျောင်းသူပဲ ဖြစ်နေပြီ ဒါတောင်မသိဘူး "
" အဲ့လိုကြီး ရှိလို့လား "
" နင့်မျက်မြင်ပဲလေ "
အများက ဝိုင်းသရော်နေသောလည်း ထိုကောင်လေးကတော့ ခေါင်းလေးတငုတ်ငုတ်မို့ မုစိတ်ထဲ သည်းမခံနိုင်တော့ပါ။ဆရာမကြီးတော့ မဟုတ်ပေမဲ့ အကူညီလိုနေသော သူတွေကိုတော့ လက်မကမ်းပဲမနေနိုင်။ဘယ်ခေတ်ကလူတွေမို့ ဒီလောက်တောင် အောက်တန်းကျရတာလဲလို့ တွေးမိသည်။မုကတော့ ခြေလှမ်းကျဲကျဲဖြင့် လူအုပ်ထဲ ဝင်တိုးလိုက်၏ ။နောက်က သူငယ်ချင်းမနှစ်ယောက်ကတော့ မုအကြောင်းကို သိတော့ အနောက်က အမြန်လိုက်ရသည်။
" မင်းလို စာကြမ်းပိုးကြောင့် ငါတို့အမြဲအဆူခံရတာ နောက်ဆုံးနှစ်ရောက်တာတောင် ကောင်းကျိုးမပေးဘူး "
" ကြည့်ပါလား ဘယ်လောက်တော်တဲ့ စာတော်ကျောင်းသားဖြစ်ဖြစ် နုံအနေရင် အမြဲခံရမှာပဲ ဟေ့ရောင် မင်း..သွားတိုင်ရဲလား မင်းကိုချီးမွန်တဲ့ ဆရာတွေကိုသွားတိုင်လေ... သွား "
" ဟဲ့ လူတွေ...သူသွားမတိုင်ရဲပေမဲ့ ငါသွားတိုင်ရဲတယ် "
Advertisement
အဝေးမှုန်နေသော မျက်လုံးရှေ့တွင် နီးကပ်လာသော သူမမျက်နှာလှလှလေးကိုတော့ ပြတ်သားစွာမြင်ခဲ့ရသည်။ဆံပင်ဂုတ်ခွဲလေးနှင့် မျက်နှာသေးသေးလေးမှ ပေးစွမ်းသော ခွန်အားကြောင့် ကြောက်ရွှံမှုတဝက်လျော့ခဲ့ပြီ ။
" ကျောင်းတွင်းအနိုင်ကျင့်တယ်ပေါ့ အရှုးတွေ အုပ်စုဖွဲ့ဟောင်မနေကြနဲ့ လာလေ ယောကျာ်းတွေမလား လာကြလေ တစ်ယောက်ချင်း "
" ဟေ့ရောင်တွေလစ်မယ်...မိန်းမတွေနဲ့ ဖက်မဖြစ်ချင်ဘူး အဲ့ကောင်ကို နောက်တစ်ခေါက်မှ အပြတ်ရှင်းမယ် "
" သွားကြ! !! မသာတွေ သွား ဝေးဝေးကို သေချင်းဆိုး ကာလနာတွေ "
မုလည်း စိတ်ရှိတိုင်းဆဲဆိုပြီး နောက်မှ ကောင်လေးအား စာအုပ်ဝိုင်းကောက်ပေးလိုက်သည်။အနိုင်ကျင့်ခံရတာလဲ မပြောနဲ့ လူကအူတူတူပါဆို ဆံပင်ကလည်း ညှင်းသိုးသိုး ခေါင်းကလည်း အမြဲလိပ်လို အခွံထဲလျိုဝင်လို့။အားသွတ်လျှာသွတ်မုကပဲ စကားအရင်စလိုက်သည်။
" နောက်ဆုံးနှစ်စီနီယာ ထင်တယ်နော် ညီမက နန်းမုဒြာပါ "
" ဟုတ်..ဟုတ်ကဲ့ "
" ဟယ်...ကြည်ပါအုံး မျက်မှန်တောင်ကျိုးသွားတာပဲ"
" ရ...ရ..ပါတယ် "
" ဘာကိုရတာလဲ မျက်မှန်မပါပဲ ဘယ်လိုလမ်းသွားမလဲ မုလဲ လေးလုံးမို့သိတယ် မျက်မှန်မပါရင်အကန်းလိုပဲ မုမျက်နှာကိုကြည့် မျက်ကပ်မှန်တွေ့လား အဲ့တာဆို မျက်မှန်မလိုတော့ဘူး "
" ဟို...ဟိုလေ အပန်းမကြီးရင်...ကျွန်...ကျွန်တော်ကိုလဲ အဲ့လို ဟာ...ဟာလေးလိုက်လုပ်ပေးပါလား "
" သွားကြတာပေါ့ စီနီယာကြီး "
" ဘယ်...ဘယ်ကို "
" မျက်မှန်ဆိုင်ကိုလေ ကူညီရင် အဆုံးထိကူညီတတ်တာ မုအကျင့်လေ "
သူမကိုယ်သူမ လက်ညှိုးလေးထိုးပြပြီး ပြုံးနေတဲ့ နှုတ်ခွန်းချိုတို့က လူကို အကြည့်မလွှဲစေနိုင်ခဲ့။အမြဲ လူတိုင်းကို မမြင်သလို သတ်မှတ်ထားသော အမြင်အာရုံက သူမကြောင့် လင်းလက်လာခဲ့သည်။အမြဲရေထဲနစ်ခံရသော မွန်းကပ်သောခံစားချက်တို့ဟာ သူမကြောင့် ရှင်သန်လာခဲ့သည်။စမ်းတဝါးဝါးဖြစ်နေသော လက်တစုံအား သေချာဆုတ်ကိုင်ပေး၍ မျက်မှန်ဆိုင်ထိ မုကပဲ ခေါ်သွားပေးရတော့သည်။ဘေးတွင် အစစအရာရာ ကူညီပေးသော သူမဟာ တကယ်ကို စေတနာအပြည့်။မျက်စိစမ်းပြီ ပြန်ထွက်လာသည့်အခါမှတော့ သူမမရှိတော့ပြီ။
" ဟို...ဟိုလေ ငွေရှင်းချင်လို့ "
" အော် ရှင်အတွက်ကို အတူပါလာတဲ့ ကောင်မလေးက ရှင်းခဲ့ပေးပါတယ် ပြီးတော့ ဒီစာလေးပါ ပေးခိုင်းလို့ရှင့် "
( Hi စီနီယာကြီး ညီမက Eမေဂျာ ပထမနှစ်ကျောင်းသူ နန်းမုဒြာပါ အခုတော့ မုကျောင်းကို ပြန်ပြေးရလို့ ပိုက်ဆံရှင်းပေးခဲ့လို့ တမျိုးမထင်ပါနဲ့ မိတ်ဖြစ်ဆွေဖြစ်ပေါ့ ဒါပေမဲ့ နောက်တစ်ခါ ဆက်ဆက်တွေ့ရင်တော့ အစ်ကိုနာမည်လေးသိပါရစေ)
မုသားမပါပဲ အရိုးခံစိတ်ထားလေးဖြင့် ရေးထားသော ထိုစာလေးကို အမြဲတယုတယသိမ်းထားမိခဲ့သည်။အမြဲ ထိုမိန်ကလေးကို ရှာဖွေမိနေပေမဲ့ နှစ်နှစ်အကြာမှာေတာ ့သူမဟာ မယှဉ်သာတဲ့ ပြိုင်ဖက်ဆီတွင်ပေါ်လာခဲ့သည်။နောက်တစ်ခါ ဆက်ဆက်တွေ့ချင်လို့ ဆုတောင်းခဲ့သည်မှာ အခုလိုမျိုးမဟုတ်။
" မုြဒာကို နောက်တခါတွေ့ရင် ပြောပြချင်ခဲ့တဲ့ ကျွန်တော်နာမည်က ကိုလင်းပါ "
°°°°°°°°°°°°
အရာအားလုံးကို မသိသေးပဲ တစ်ယောက်ထဲ အပျော်လွန်ခဲ့သူကတော့ အောင်စစ်မှူးသာ။
" မုကိုယ့်ကို လက်ထပ်ပါနော်...မဟုတ်ဘူး အဲ့လိုကသိပ်မကောင်းသေးဘူး မု Do you marry me? ဒါကြီးကလဲ လူတိုင်းပြောနေကြတာ မု အရာအားလုံးထက် မင်းကို ပိုချစ်တာမို့ ကိုယ်ရဲ့ သတိုးသမီးလေးဖြစ်ပေးပါနော် Yes! !! ဒါပဲ ဒီလိုက အကောင်းဆုံး "
ဒူးထောက်လိုက် နောက်ကျောပေးပြီး ပြန်လှည့်လိုက် လမ်းလျောက်ရင်းကျင့်လိုက်ဖြင့် မုတော့မသိ ကိုယ်တော့ စိတ်တော်တော်လှုပ်ရှားနေသည်။အန်တီမြင့်ကလည်း လက်စွတ်အားသေချာ အနုစိတ်လုပ်ပေးပြီး စိန်ပါထည့်သွန်းထားတာမို့ လက်စွတ်လေးမှာ အရောင်တလက်လက်ဖြင့်။သူမနှင့် ပထမဆုံးအနမ်းပေးခဲ့သော ခေါင်မိုးထပ်ကိုသာ ရွေးထားပြီး ထိုနေရာလေးမှာပဲ လက်ထပ်ခွင့်တောင်၍ အမှတ်တရဖြစ်စေချင်သည်။တစ်ခုလုံးတွင် ရောင်စုံဘောလုံးများနှင့် သူမဝင်လာတာနဲ့ တယောဆရာကိုလည်း အသင့်သံစဉ် တီးခတ်ရန်ပြင်ဆင်ထားသည်။မုက တခမ်းတနားတွေ သိပ်မကြိုက်တာသိပေမဲ့ တသတ်မှာတစ်ခါမို့ သေချာလုပ်ပေးချင်သည်။ဖြစ်သွားမဲ့ အမူရာလေးကိုလည်း ကိုယ့်မှာ ကြည်နှုးရပြန်၏ ။လေတိုက်တာတောင် သူမကိုစောင့်ရင်း ယောက်ယတ်ခတ်လို့ ။ရောက်သင့်နေပြီမို့ နာရီကိုကြည့်လိုက်တော့လည်း ကျော်နေပြီ။ခဏနေရောက်မှာပါလို့ တွေးရင် ထပ်စောင့်တော့လည်း သုံးနာရီလောက်သာ ကျော်သွားပြီ ရောက်မလာခဲ့။
" လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိပ်ထားပါတယ်ရှင့် "
ကိုလင်းရော မုပါ ဆက်သွယ်လို့မရတော့ ရင်ထဲမှာ ဗလာင်ဆူနေခဲ့ပြီ။တစ်ခုခုများဖြစ်လို့လား ကားများမဟုတ်လောက်ပါဘူးလို့ ကိုယ့်စိတ်ကိုယ်သာ ဖြေနေရသည်။ကိုလင်းကိုတော့ သံသယ တစိုးတစိလေးတောင်မဝင်ခဲ့ ။အရမ်းကြာနေတာကိုလည်း ဘာလုပ်ရမှန်းမသိ။ စောင့်ဆိုင်းရင်းရောက်မလာသော မုအား အိမ်ပြန်ရှာတော့လဲ မတွေ့။ကိုလင်းကို ဖုန်းဆက်တိုင်ခေါ်တော့လဲ မကိုင်။သူစိတ်ထဲတွင်တော့ မု ဒုက္ခရောက်နေပြီဆိုတာကို သိလိုက်သည်။
ဖုန်နံ့တွေနဲ့ ပြည့်နှက်နေသော အခန်းတစ်ခန်းထဲတွင် မုရဲ့ လက်ကိုရော ခြေထောက်ကိုပါ ခုံနှင့်တွဲ၍ ချည်နှောင်ထားခံရသည်ကို ခံစားမိသည်။ ခေါင်းများအား တူရွင်းသံဖြင့် ရိုက်ခံထားရသလို နာကျင်ပြီး မျက်လုံးကိုပင် ဖွင့်ရန်မနည်းအားယူနေရသည်။ဆေးအရှိန်ကြောင့် ကိုယ်တွင်းအပူချိန်ကလည်း တငွေ့ငွေ့နှင့် နုံးချိနေသည်။မုခေါင်းပေါ်တည့်တည့်တွင်သာ မီးလုံးရဲ့ အလင်းသာရှိပြီး ကျန်နေရာမှာတော့ မှောင်မိုက်ခြင်းများနှင့်။လူရှိလိုရှိငှား အော်ဟစ်အကူညီတောင်းခံမိသည်။ကိုလင်းကိုလည်း မတွေ့တာကြောင့် ဘယ်ရောက်လို့ရောက်မှန်းလဲမသိ။ သို့သော်လည်း အကူညီမဲ့ရုံသာရှိသည်။မုလူတိုင်းကို မကောင်းစိတ်မထားခဲ့သလို မကောင်းကြံခြင်းလဲမရှိခဲ့ပါ။အတတ်နိုင်ဆုံး ဘဝကို ရိုးရှင်းစွာဖြတ်သန်းခဲ့တဲ့ မုကျမု ဘာလိုအခုလို ဖမ်းချုပ်တာကို ခံရတာလဲ။မုကလဲကျတော့ ဘာလို့ ကူညီမဲ့သူမရှိရတာလဲ ။အခုချိန်မှာ ဉီးကိုတွေ့ချင်မိလို့ မျက်ရည်များပင်ကျမိတော့သည်။
Advertisement
" တစ်ယောက်ယောက်ရှိလား ကယ်ကြပါအုံး လူရှိလား...ဘာလို့မုကို ဖမ်းထားရတာလဲ ဘာလို့မုကိုလဲ ကယ်ကြပါအုံး တစ်ယောက်ယောက်လောက် မုကို ကယ်ပေးကြပါ "
မုဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက စာကြောင်းလေးတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။
" တကယ်ချစ်တဲ့လူက ချစ်လား
မေးဖို့မလိုအောင် သူရဲ့အရာ
အားလုံးကို ခံစားမိမြင်နိုင်တယ် "ဆိုတဲ့အတိုင်း ဉီးလဲ မု ဒုက္ခတွေ့နေတာကိုလည်း သိပေးပါနော်။ဉီးတကယ်ချစ်တယ်ဆိုတာကို ယုံကြည်တာမို့ မုဆီရောက်လာပေးပါနော်။
Episode 32 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
အခုတေလာ မိုးလင္းမ်က္ႏွစ္လုံးဖြင့္တာနဲ႕ ေဘးနားမွာ သူမကိုေတြ႕ေနရတာကိုေတာင္ မယုံၾကည္နိုင္ေသး။အိမ္မက္မ်ားလားေပါ့။အိမ္မက္ဆိုလည္း ဘယ္ေတာ့မွျပန္ နိုးမပါရေစနဲ႕။သင္တန္းၿပီးတဲ့ ေနာက္ပိုင္း မုက အၿမဲေန႕လည္တိုင္း ထမင္းဘူးျပင္ေပးၿပီး Company ကိုလာတတ္သည္။တခါတေလ ႐ုံးဆင္းခ်ိန္ထိေစာင့္ၿပီး ေလွ်ာက္လည္ၾကသည္။သူမနဲ႕ အၿမဲတစ္ေန႕တာကို ကုန္ဆုံးရသည္ တိုေတာင္းလွသလို ခံစားရသည္။ၾကင္စဉီးဇနီးေမာင္ႏွံလို ျဖစ္ေနၿပီေပမဲ့ မုရဲ႕ တရားဝင္ခြင္ပြန္းရာထူးကိုေတာ့ လိုခ်င္ေသးသည္။အၿမဲ သူမကိုသတိုးသမီးဝတ္စုံေလးနဲ႕ စိတ္ကူးထဲ ပုံမေဖာ္ခဲ့ေသာ ေန႕ရက္လဲမရွိ။ဒီေန႕မွာေတာ့ သူမအား အရဲစြန့္ၿပီး လက္ထပ္ခြင့္ေတာင္ဖို႔ ဆုံးျဖတ္လိုက္သည္။ဒီလူႀကီးရဲ႕ အသက္ကိုငဲ့ၿပီး လက္ခံေပးဖို႔ ေမွ်ာ္လင့္ရတာပဲေလ....။
" Hello... ဉီးမုလာေတာ့မယ္ေနာ္ ဘာလို႔ ဒီေန႕မွ ထူးထူးဆန္းဆန္း ထမင္းဘူးမထုတ္ခိုင္းတာလဲ "
" မုေန႕တိုင္းခ်က္ေနရေတာ့ ပင္ပန္းမွာဆိုးလို႔ပါ "
" မုမရွိရင္ ဉီးကိုခ်က္ေကြၽးမဲ့သူမရွိလို႔ အခုထဲက အဝစားထား ၾကားလား "
" ကိုယ္...ကိုလင္းကို လာေခၚခိုင္းထားတယ္ "
" Busနဲ႕ လာေနက်ကိဳ ဒီမွာ ဉီးေအာင္စစ္မႉး ရွင္ႀကီး မရိုးသားဘူးေနာ္ မုခံစားမိေနတယ္ "
" အမယ္ေလး မုကိုကိုယ္ ဓာတ္ခန္းဖြင့္ေပးမွနဲ႕တူတယ္ ေဗဒင္ေဟာစားဖို႔ "
" ေတာ္ပါ "
" ကိုလင္းလာေခၚရင္သာ လိုက္ခဲ့ေနာ္ ကိုယ္လဲ ခဏေနအလုပ္ၿပီးၿပီ "
" ဟုတ္ပါၿပီ... မုလိုက္ခဲ့ပါ့မယ္ "
" အဲ့တာဆို ဖုန္းခ်လိဳက္ေတာ့မယ္ ေမ့ေတာ့မလို႔ အရမ္းခ်စ္တယ္... အာဘြား အာဘြား "
" မုေရာပဲ အာဘြား "
ဖုန္းေျပာၿပီး သိပ္မၾကာပါဘူး အိမ္ေရွ႕က ကားဟြန္းသံေၾကာင့္ မုေျပးထြက္လာလိုက္သည္။ကိုလင္းက ကားေနာက္ခန္းတံခါးကို ဖြင့္ေပးေတာ့ မုလည္း ဝင္ထိုင္လိုက္သည္။အရင္တုန္းကနဲ႕မတူ ကိုလင္းအလုပ္ဝန္ပိေနလို႔လားမသိ မ်က္ႏွာေတာင္က်သြားသည္။ဉီးကလဲ အခုေနာက္ပိုင္း လက္နက္အေရာင္းဝယ္မလုပ္ေတာ့ Company ကိုသာ အားသြန္းခြန္စိုက္ႀကိဳးပမ္းေနေတာ့သည္။အရင္ထဲက အေကာင္းဆုံးျဖစ္မွ စိတ္တိုင္းက်တဲ့ ဉီးက ကိုလင္းကိုလည္း အနားမေပးဘူးထင္ပါရဲ႕။
" ကိုလင္း... ေနေရာေကာင္းရဲ႕လား Maskေတာင္တပ္ထားေတာ့ မုဉီးကို ခြင့္ေပးဖို႔ ေျပာေပးရမလား "
" ရပါတယ္ မုျဒာ ကြၽန္ေတာ္ ေခ်ာင္းနည္းနည္းဆိုး႐ုံပါ "
" က်န္းမာေရးလဲ ဂ႐ုစိုက္ပါအုံးကိုလင္းရယ္ ၿပီးေတာ့ ဉီးကအရမ္းစည္းကမ္းႀကီးတယ္မလား "
" နည္းနည္းပါးပါးပါ "
" ဉီးမွကလဲ ယုံၾကည္ရတာဆိုလို႔ ကိုလင္းပဲရွိတာေလ အဲ့တာေၾကာင့္ ဉီးကိုေသခ်ာေလး ကူညီေပးပါအုံးေနာ္"
" ဟုတ္ကဲ့... ဒါကလဲ ကြၽန္ေတာ္တာဝန္ပဲေလ "
" ဒါနဲ႕ မုကိုဘယ္ေခၚသြားေနတာလဲ ၿမိဳ႕ထဲေတာင္ေက်ာ္လာၿပီ "
" အဲ့...အဲ့..တာက ဆရာကေခၚခိုင္းတဲ့ေနရာပါ.. မု..မုျဒာ အဲကြင္းဖြင့္ေပးရမလား "
" ဖြင့္ပါ မုလဲအိုက္ေနတာနဲ႕ အေတာ္ပဲ "
ကိုလင္းမ်က္လုံးမ်ားက ေယာင္ယက္ခတ္ေနၿပီး လက္ကလည္း တုန္ခ်ိစြာျဖင့္ ကားအဲကြင္းခလုတ္ကို ႏွိပ္လိုက္၏ ။အစထဲက အေနေအးသူမို႔လားေတာ့မသိ ကိုလင္းမုကို စကားမေျပာေတာ့ေခ်။အနည္းငယ္ခ်မ္းဆိမ့္၍ မူးေဝလာသည္ကို စတင္ခံစားရေတာ့ မု မ်က္လုံးအား အတင္းဖြင့္ရန္ႀကိဳးစားခဲ့သည္။သို႔ေသာ္ ႏွာေခါင္းတြင္း ဝင္ေရာက္လာေသာ ေလထုတို႔က မုကို အရာအားလုံးဆီမွ အဆက္သြယ္ျပတ္ေစခဲ့သည္။
တစ္ခုေသာ ေဆာင္းရာသီရဲ႕ ေန႕စြဲေတြထဲက တစ္ရက္မွာေတာ့ လူတစ္စုေၾကာင့္ ကြၽန္ေတာ္ရဲ႕ အႏြေးဓာတ္ကေတာ့ မရွိေတာ့ၿပီ။ လူေၾကာက္တတ္ေသာ ထိုေကာင္ေလးအား လူမ်ားရဲ႕ ေလွာင္ရီသံမ်ားက စကားနာထိုးလ်က္။ေၾကမြမ်က္စိေနေသာ မ်က္မွန္အား လက္ျဖင့္ တစမ္းစမ္းရွာေနေသာ္လည္း မည္သူမွ် သနားညွာတာျခင္း အလ်င္းမရွိ။ျပန့္က်ဲေနေသာ စာအုပ္မ်ားရဲ႕ အလယ္မွာ ထိုေကာင္ေလးက ေခါင္းေတာင္မေဖာ္ခဲ့ ။
" ဟဲ့မုမု နင္တဣသိုလ္မတတ္တဲ့ ငါတို႔ႏွစ္ေယာက္ကို ေက်ာင္းထဲေခၚလာတာ ဘာသေဘာလဲ "
" သင္းသန့္ ဒီဒီ...ဒီက မုမုကိုမသနားဘူးလား ငါတစ္ေယာက္ထဲကို နင္တို႔က ေသာင္းျပင္လြတ္တဲ့ ေခြးေလးလုပ္ခိုင္းေနတာလား "
" အဲ့ေကာင္မ စကားကေတာ့ ရွယ္တက္ "
" အျပန္မုန့္ဝယ္ေကြၽးမယ္ ငါလဲ ေက်ာင္းသားကဒ္လာထုတ္႐ုံပဲ "
" ေအးပါဟယ္ "
" ဟိုမွာ ၾကည့္စမ္းဘာျဖစ္ေနတာလဲ မသိဘူး "
" မုမုအဲ့တာကို ေက်ာင္းတြင္းအနိုင္က်င့္တာလို႔ ေခၚတယ္ တဣသိုလ္ေက်ာင္းသူပဲ ျဖစ္ေနၿပီ ဒါေတာင္မသိဘူး "
" အဲ့လိုႀကီး ရွိလို႔လား "
" နင့္မ်က္ျမင္ပဲေလ "
အမ်ားက ဝိုင္းသေရာ္ေနေသာလည္း ထိုေကာင္ေလးကေတာ့ ေခါင္းေလးတငုတ္ငုတ္မို႔ မုစိတ္ထဲ သည္းမခံနိုင္ေတာ့ပါ။ဆရာမႀကီးေတာ့ မဟုတ္ေပမဲ့ အကူညီလိုေနေသာ သူေတြကိုေတာ့ လက္မကမ္းပဲမေနနိုင္။ဘယ္ေခတ္ကလူေတြမို႔ ဒီေလာက္ေတာင္ ေအာက္တန္းက်ရတာလဲလို႔ ေတြးမိသည္။မုကေတာ့ ေျခလွမ္းက်ဲက်ဲျဖင့္ လူအုပ္ထဲ ဝင္တိုးလိုက္၏ ။ေနာက္က သူငယ္ခ်င္းမႏွစ္ေယာက္ကေတာ့ မုအေၾကာင္းကို သိေတာ့ အေနာက္က အျမန္လိုက္ရသည္။
" မင္းလို စာၾကမ္းပိုးေၾကာင့္ ငါတို႔အၿမဲအဆူခံရတာ ေနာက္ဆုံးႏွစ္ေရာက္တာေတာင္ ေကာင္းက်ိဳးမေပးဘူး "
" ၾကည့္ပါလား ဘယ္ေလာက္ေတာ္တဲ့ စာေတာ္ေက်ာင္းသားျဖစ္ျဖစ္ ႏုံအေနရင္ အၿမဲခံရမွာပဲ ေဟ့ေရာင္ မင္း..သြားတိုင္ရဲလား မင္းကိုခ်ီးမြန္တဲ့ ဆရာေတြကိုသြားတိုင္ေလ... သြား "
" ဟဲ့ လူေတြ...သူသြားမတိုင္ရဲေပမဲ့ ငါသြားတိုင္ရဲတယ္ "
အေဝးမႈန္ေနေသာ မ်က္လုံးေရွ႕တြင္ နီးကပ္လာေသာ သူမမ်က္ႏွာလွလွေလးကိုေတာ့ ျပတ္သားစြာျမင္ခဲ့ရသည္။ဆံပင္ဂုတ္ခြဲေလးႏွင့္ မ်က္ႏွာေသးေသးေလးမွ ေပးစြမ္းေသာ ခြန္အားေၾကာင့္ ေၾကာက္႐ႊံမႈတဝက္ေလ်ာ့ခဲ့ၿပီ ။
" ေက်ာင္းတြင္းအနိုင္က်င့္တယ္ေပါ့ အရႈးေတြ အုပ္စုဖြဲ႕ေဟာင္မေနၾကနဲ႕ လာေလ ေယာက်ာ္းေတြမလား လာၾကေလ တစ္ေယာက္ခ်င္း "
" ေဟ့ေရာင္ေတြလစ္မယ္...မိန္းမေတြနဲ႕ ဖက္မျဖစ္ခ်င္ဘူး အဲ့ေကာင္ကို ေနာက္တစ္ေခါက္မွ အျပတ္ရွင္းမယ္ "
" သြားၾက! !! မသာေတြ သြား ေဝးေဝးကို ေသခ်င္းဆိုး ကာလနာေတြ "
မုလည္း စိတ္ရွိတိုင္းဆဲဆိုၿပီး ေနာက္မွ ေကာင္ေလးအား စာအုပ္ဝိုင္းေကာက္ေပးလိုက္သည္။အနိုင္က်င့္ခံရတာလဲ မေျပာနဲ႕ လူကအူတူတူပါဆို ဆံပင္ကလည္း ညွင္းသိုးသိုး ေခါင္းကလည္း အၿမဲလိပ္လို အခြံထဲလ်ိဳဝင္လို႔။အားသြတ္လွ်ာသြတ္မုကပဲ စကားအရင္စလိုက္သည္။
" ေနာက္ဆုံးႏွစ္စီနီယာ ထင္တယ္ေနာ္ ညီမက နန္းမုျဒာပါ "
" ဟုတ္..ဟုတ္ကဲ့ "
" ဟယ္...ၾကည္ပါအုံး မ်က္မွန္ေတာင္က်ိဳးသြားတာပဲ"
" ရ...ရ..ပါတယ္ "
" ဘာကိုရတာလဲ မ်က္မွန္မပါပဲ ဘယ္လိုလမ္းသြားမလဲ မုလဲ ေလးလုံးမို႔သိတယ္ မ်က္မွန္မပါရင္အကန္းလိုပဲ မုမ်က္ႏွာကိုၾကည့္ မ်က္ကပ္မွန္ေတြ႕လား အဲ့တာဆို မ်က္မွန္မလိုေတာ့ဘူး "
" ဟို...ဟိုေလ အပန္းမႀကီးရင္...ကြၽန္...ကြၽန္ေတာ္ကိုလဲ အဲ့လို ဟာ...ဟာေလးလိုက္လုပ္ေပးပါလား "
" သြားၾကတာေပါ့ စီနီယာႀကီး "
" ဘယ္...ဘယ္ကို "
" မ်က္မွန္ဆိုင္ကိုေလ ကူညီရင္ အဆုံးထိကူညီတတ္တာ မုအက်င့္ေလ "
သူမကိုယ္သူမ လက္ညွိုးေလးထိုးျပၿပီး ၿပဳံးေနတဲ့ ႏႈတ္ခြန္းခ်ိဳတို႔က လူကို အၾကည့္မလႊဲေစနိုင္ခဲ့။အၿမဲ လူတိုင္းကို မျမင္သလို သတ္မွတ္ထားေသာ အျမင္အာ႐ုံက သူမေၾကာင့္ လင္းလက္လာခဲ့သည္။အၿမဲေရထဲနစ္ခံရေသာ မြန္းကပ္ေသာခံစားခ်က္တို႔ဟာ သူမေၾကာင့္ ရွင္သန္လာခဲ့သည္။စမ္းတဝါးဝါးျဖစ္ေနေသာ လက္တစုံအား ေသခ်ာဆုတ္ကိုင္ေပး၍ မ်က္မွန္ဆိုင္ထိ မုကပဲ ေခၚသြားေပးရေတာ့သည္။ေဘးတြင္ အစစအရာရာ ကူညီေပးေသာ သူမဟာ တကယ္ကို ေစတနာအျပည့္။မ်က္စိစမ္းၿပီ ျပန္ထြက္လာသည့္အခါမွေတာ့ သူမမရွိေတာ့ၿပီ။
" ဟို...ဟိုေလ ေငြရွင္းခ်င္လို႔ "
" ေအာ္ ရွင္အတြက္ကို အတူပါလာတဲ့ ေကာင္မေလးက ရွင္းခဲ့ေပးပါတယ္ ၿပီးေတာ့ ဒီစာေလးပါ ေပးခိုင္းလို႔ရွင့္ "
( Hi စီနီယာႀကီး ညီမက Eေမဂ်ာ ပထမႏွစ္ေက်ာင္းသူ နန္းမုျဒာပါ အခုေတာ့ မုေက်ာင္းကို ျပန္ေျပးရလို႔ ပိုက္ဆံရွင္းေပးခဲ့လို႔ တမ်ိဳးမထင္ပါနဲ႕ မိတ္ျဖစ္ေဆြျဖစ္ေပါ့ ဒါေပမဲ့ ေနာက္တစ္ခါ ဆက္ဆက္ေတြ႕ရင္ေတာ့ အစ္ကိုနာမည္ေလးသိပါရေစ)
မုသားမပါပဲ အရိုးခံစိတ္ထားေလးျဖင့္ ေရးထားေသာ ထိုစာေလးကို အၿမဲတယုတယသိမ္းထားမိခဲ့သည္။အၿမဲ ထိုမိန္ကေလးကို ရွာေဖြမိေနေပမဲ့ ႏွစ္ႏွစ္အၾကာမွာေတာ ့သူမဟာ မယွဥ္သာတဲ့ ၿပိဳင္ဖက္ဆီတြင္ေပၚလာခဲ့သည္။ေနာက္တစ္ခါ ဆက္ဆက္ေတြ႕ခ်င္လို႔ ဆုေတာင္းခဲ့သည္မွာ အခုလိုမ်ိဳးမဟုတ္။
" မုြဒာကို ေနာက္တခါေတြ႕ရင္ ေျပာျပခ်င္ခဲ့တဲ့ ကြၽန္ေတာ္နာမည္က ကိုလင္းပါ "
အရာအားလုံးကို မသိေသးပဲ တစ္ေယာက္ထဲ အေပ်ာ္လြန္ခဲ့သူကေတာ့ ေအာင္စစ္မႉးသာ။
" မုကိုယ့္ကို လက္ထပ္ပါေနာ္...မဟုတ္ဘူး အဲ့လိုကသိပ္မေကာင္းေသးဘူး မု Do you marry me? ဒါႀကီးကလဲ လူတိုင္းေျပာေနၾကတာ မု အရာအားလုံးထက္ မင္းကို ပိုခ်စ္တာမို႔ ကိုယ္ရဲ႕ သတိုးသမီးေလးျဖစ္ေပးပါေနာ္ Yes! !! ဒါပဲ ဒီလိုက အေကာင္းဆုံး "
ဒူးေထာက္လိုက္ ေနာက္ေက်ာေပးၿပီး ျပန္လွည့္လိုက္ လမ္းေလ်ာက္ရင္းက်င့္လိုက္ျဖင့္ မုေတာ့မသိ ကိုယ္ေတာ့ စိတ္ေတာ္ေတာ္လႈပ္ရွားေနသည္။အန္တီျမင့္ကလည္း လက္စြတ္အားေသခ်ာ အႏုစိတ္လုပ္ေပးၿပီး စိန္ပါထည့္သြန္းထားတာမို႔ လက္စြတ္ေလးမွာ အေရာင္တလက္လက္ျဖင့္။သူမႏွင့္ ပထမဆုံးအနမ္းေပးခဲ့ေသာ ေခါင္မိုးထပ္ကိုသာ ေ႐ြးထားၿပီး ထိုေနရာေလးမွာပဲ လက္ထပ္ခြင့္ေတာင္၍ အမွတ္တရျဖစ္ေစခ်င္သည္။တစ္ခုလုံးတြင္ ေရာင္စုံေဘာလုံးမ်ားႏွင့္ သူမဝင္လာတာနဲ႕ တေယာဆရာကိုလည္း အသင့္သံစဥ္ တီးခတ္ရန္ျပင္ဆင္ထားသည္။မုက တခမ္းတနားေတြ သိပ္မႀကိဳက္တာသိေပမဲ့ တသတ္မွာတစ္ခါမို႔ ေသခ်ာလုပ္ေပးခ်င္သည္။ျဖစ္သြားမဲ့ အမူရာေလးကိုလည္း ကိုယ့္မွာ ၾကည္ႏႈးရျပန္၏ ။ေလတိုက္တာေတာင္ သူမကိုေစာင့္ရင္း ေယာက္ယတ္ခတ္လို႔ ။ေရာက္သင့္ေနၿပီမို႔ နာရီကိုၾကည့္လိုက္ေတာ့လည္း ေက်ာ္ေနၿပီ။ခဏေနေရာက္မွာပါလို႔ ေတြးရင္ ထပ္ေစာင့္ေတာ့လည္း သုံးနာရီေလာက္သာ ေက်ာ္သြားၿပီ ေရာက္မလာခဲ့။
" လူႀကီးမင္း ေခၚဆိုေသာ တယ္လီဖုန္းမွာ စက္ပိပ္ထားပါတယ္ရွင့္ "
ကိုလင္းေရာ မုပါ ဆက္သြယ္လို႔မရေတာ့ ရင္ထဲမွာ ဗလာင္ဆူေနခဲ့ၿပီ။တစ္ခုခုမ်ားျဖစ္လို႔လား ကားမ်ားမဟုတ္ေလာက္ပါဘူးလို႔ ကိုယ့္စိတ္ကိုယ္သာ ေျဖေနရသည္။ကိုလင္းကိုေတာ့ သံသယ တစိုးတစိေလးေတာင္မဝင္ခဲ့ ။အရမ္းၾကာေနတာကိုလည္း ဘာလုပ္ရမွန္းမသိ။ ေစာင့္ဆိုင္းရင္းေရာက္မလာေသာ မုအား အိမ္ျပန္ရွာေတာ့လဲ မေတြ႕။ကိုလင္းကို ဖုန္းဆက္တိုင္ေခၚေတာ့လဲ မကိုင္။သူစိတ္ထဲတြင္ေတာ့ မု ဒုကၡေရာက္ေနၿပီဆိုတာကို သိလိုက္သည္။
ဖုန္နံ႕ေတြနဲ႕ ျပည့္ႏွက္ေနေသာ အခန္းတစ္ခန္းထဲတြင္ မုရဲ႕ လက္ကိုေရာ ေျခေထာက္ကိုပါ ခုံႏွင့္တြဲ၍ ခ်ည္ႏွောင္ထားခံရသည္ကို ခံစားမိသည္။ ေခါင္းမ်ားအား တူ႐ြင္းသံျဖင့္ ရိုက္ခံထားရသလို နာက်င္ၿပီး မ်က္လုံးကိုပင္ ဖြင့္ရန္မနည္းအားယူေနရသည္။ေဆးအရွိန္ေၾကာင့္ ကိုယ္တြင္းအပူခ်ိန္ကလည္း တေငြ႕ေငြ႕ႏွင့္ ႏုံးခ်ိေနသည္။မုေခါင္းေပၚတည့္တည့္တြင္သာ မီးလုံးရဲ႕ အလင္းသာရွိၿပီး က်န္ေနရာမွာေတာ့ ေမွာင္မိုက္ျခင္းမ်ားႏွင့္။လူရွိလိုရွိငွား ေအာ္ဟစ္အကူညီေတာင္းခံမိသည္။ကိုလင္းကိုလည္း မေတြ႕တာေၾကာင့္ ဘယ္ေရာက္လို႔ေရာက္မွန္းလဲမသိ။ သို႔ေသာ္လည္း အကူညီမဲ့႐ုံသာရွိသည္။မုလူတိုင္းကို မေကာင္းစိတ္မထားခဲ့သလို မေကာင္းႀကံျခင္းလဲမရွိခဲ့ပါ။အတတ္နိုင္ဆုံး ဘဝကို ရိုးရွင္းစြာျဖတ္သန္းခဲ့တဲ့ မုက်မဳ ဘာလိုအခုလို ဖမ္းခ်ဳပ္တာကို ခံရတာလဲ။မုကလဲက်ေတာ့ ဘာလို႔ ကူညီမဲ့သူမရွိရတာလဲ ။အခုခ်ိန္မွာ ဉီးကိုေတြ႕ခ်င္မိလို႔ မ်က္ရည္မ်ားပင္က်မိေတာ့သည္။
" တစ္ေယာက္ေယာက္ရွိလား ကယ္ၾကပါအုံး လူရွိလား...ဘာလို႔မုကို ဖမ္းထားရတာလဲ ဘာလို႔မုကိုလဲ ကယ္ၾကပါအုံး တစ္ေယာက္ေယာက္ေလာက္ မုကို ကယ္ေပးၾကပါ "
မုဖတ္ခဲ့ဖူးတဲ့ စာအုပ္ထဲက စာေၾကာင္းေလးတစ္ခုကို ႐ုတ္တရက္ သတိရလိုက္သည္။
" တကယ္ခ်စ္တဲ့လူက ခ်စ္လား
ေမးဖို႔မလိုေအာင္ သူရဲ႕အရာ
အားလုံးကို ခံစားမိျမင္နိုင္တယ္ "ဆိုတဲ့အတိုင္း ဉီးလဲ မု ဒုကၡေတြ႕ေနတာကိုလည္း သိေပးပါေနာ္။ဉီးတကယ္ခ်စ္တယ္ဆိုတာကို ယုံၾကည္တာမို႔ မုဆီေရာက္လာေပးပါေနာ္။
Episode 32 Coming Soon
ပထမဆုံးေရးတာမို႔ အမွားပါရင္ သည္းခံေပးၾကပါ။ 🙏🙏🙏
Advertisement
- In Serial2275 Chapters
My Sweetie,You're so hot
Shen Shu thought she was so lucky.Born in a wealthy family,she was arranged to marry Fu Shenyan,the guy she loved the most.However,she had never thought her husband would hate her so deeply.within the two-year marriage,he only slept with her once and never stayed with her for a whole night.all this tenderness was given to another woman,when she decided to give up this marriage ,she suddenly found she was pregnant.didn't want to lose her baby,she chose to hide its existence.but when she prepared the divorce agreement,Fu Shenyan refused to sign his name....
8 2379 - In Serial35 Chapters
Living Selfishly While Working Towards A Peaceful Life
It was a Tuesday. Shouldn't it be Thursday? It was sunny outside. Shouldn’t it be cold? It was hot in his room. Wasn’t it supposed to be winter? He was burning up. Did he prefer being cold or hot? He was hungry. Didn’t he have dinner right before this? His parents were arguing. Didn’t he stop living with them a long time ago? His sister was crying. Why did that sound fill him with dread? It took him a moment to realize, but then it became clear Bai Li had been reborn. Looking at his new life, he resolved to live a peaceful life. He was determined to selfishly avoid his family and not work any more than necessary. Why was nothing turning out the way he planned? Wait, who is this man that has taken an interest in him? Go away. He is 100% straight. More than that, he doesn't want to be involved in messy things. Content warning: Contains themes of homosexual relationships. BoyXBoy. Yaoi.
8 156 - In Serial23 Chapters
Whirl
a flower shop worker and an infamous CEOcollide livesin a whirl wind romanceCopyright © 2021 The Queen Slushie
8 148 - In Serial35 Chapters
Frenemies
"Why can't you just admit that you like me?" you piped, grinning evilly."Because I don't," Jungkook snapped, jaw clenching, "and I never will."-You owe your ex-boyfriend 20k. Why? Don't ask, read to find out. And in order to help that money fly back into his wallet faster, you helplessly rob, use, and exploit Jungkook (& the rest of the band). He thinks of you as a crazy Dora-the-Explorer-Swiper-lookin'-ass; in other words, a criminal with borderline obsessions with him. Jungkook despises you, while you, you're just trying to survive and clear your name and reputation. ~ come for a read and enjoy the ride ~
8 253 - In Serial17 Chapters
The Perfect Mate
All Denise had ever wanted was a little bit of love, affection and acceptance. All she ever got was hate, scorn and rejection. From Ethan, her dead mate to Cory, her Alpha turned ex-lover. When she meets Fabian, her second chance mate, she expects another rejection. But will he prove her wrong or continue with the long line of pain in her life?
8 78 - In Serial64 Chapters
Bastard
**This is a SEQUEL you need to read Feral first**Wolves. They're family oriented creatures and werewolves are no different. Returning home after being missing for nine years should've felt amazing, but for Cloud, it was hell. Returning to his pack reminded him of all the things he hating growing up - the rumors, insults, loneliness.After a fighting with his brother, Cloud decides he's had enough of the Dark Woods Pack and decides to leave the pack and his past behind. But his plans are derailed when he crosses into the Howling Night Pack and meets Raiden Beckett, his mate.
8 88

