《Only She (တစ်ဉီးတည်းသောသူမ) Completed》Only She ( Episode 29 )
Advertisement
တခါမှ မနက်အစောမထတဲ့ မုက အခုတော့ မနက်စောစော ကုပ်ချောင်းကုပ်ချောင်းနှင့် သူမအခန်းထဲသို့ ပြန်ပြေးရသည်။ဒီနေ့တော့ မုနှင့် လျှောက်လည်ဖို့ တွေးထားသည်။မုမိဘတွေကို ခွင့်တောင်ပြီး အင်းထဲသွားဖို့ စီစဉ်လိုက်သည်။သူမပေးထားသည့် ဆွယ်တာအင်ကျီလေးက တောင်ကြီး၏ ရာသီဉတုနှင့် ကွက်တိပင်။ထိုကြောင့် ဆွယ်တာအင်ကျီကို ဂျင်းဘောင်းဘီထဲ့ ထည့်ဝတ်ကာ လူငယ်ဆန်ဆန်ပြင်ဆင်ထားတာကြောင့် အသက်ကြီးတဲ့ လူနှင့်တောင်မတူတော့ ။
" မုကိုယ် အဆင်သင့်ဖြစ်ပြီး သွားကြမယ်လေ "
" မုလဲ လာပါပြီ ဉီးရဲ့ "
အိမ်ထဲမှ ရင်ဖုံးဝမ်းဆက်လေးနှင့် ထွက်လာသော မုမှာ အရုပ်မလေးလိုပင်။ဆံပင်ကို အမြင့်လေးထုံးပြီး အလယ်ခွဲဆံမြိတ် ဝဲဝဲလေးဖြင့် ရှုတိုင်းလှနေသည်။အဝါရောင်ရင်ခံလေးကို အပေါ်ထပ် ဇာအပါးအနက်ရောင် ရင်ဖုံးလေးဖြင့် ထဘီမှာလဲ အမဲပေါ် အဝါရောင်လိုင်းချိတ်ပိုးလေးနှင့်။ရင်လေးမှာလည်း ကျွန်တော်လက်ရာဖြင့် ပုံဖော်ခံရသည်မို့ မသိမသာထွားလာပြီး ခါးမှာလဲ ပုရွတ်ဆိတ်ခါးလေးကဲ့သို့ တင်ကလေးမှာလဲ တကယ်ကို စစ်ကိုင်းအိုးလေးအလား။သူမကို အသေကောင်လို ရပ်ကြည့်နေသော အောင်စစ်မှူးကြောင့် မုပင် ရှက်လာ၏ ။
" ကြည့်နေတာ ရပ်လိုက်ပါတော့ မုရှက်လာပြီ "
" ရှက်နေတာလား မုက ကိုယ်ကမသိပါဘူး ပါးလေးရဲနေတော့ မျောက်ဖင်နီမလေးထင်လို့ "
" လူကို လှောင်နေတာ တော်လိုက်တော့ တတ်သွားမယ် "
" ဘယ်ပေါ်တတ်ကမှာလဲ "
" ဆိုင်ကယ်ပေါ်လေ "
" ကားနဲ့ သွားမယ်လေ "
" မသွားချင်ဘူး အိမ်ကကားက ဖေဖေယူသွားလို့ ညောင်ရွှေရောက်ရင် လှေသမားအိမ်မှာ ကားထားခဲ့ရမှာ ဉီးကားကြီးက စျေးကြီးတယ် BMWမို့ မုဆိုင်ကယ်နဲ့ပဲ သွားမယ် ညောင်ရွှေနဲ့ တောင်ကြီးကလဲ သိပ်မမောင်းရဘူး "
" အဲ့တာဆို ကိုယ်မောင်းမယ် "
" မောင်းတတ်လို့လား "
" ဆိုင်ကယ်မပြောနဲ့ လေယာဉ်တောင်မောင်းတတ်တယ် "
" ဉီးရဲ့တော်ကီကတော့ အသက်အတိုင်းပဲ အိုနေပြီ "
" ကိုယ့်ကို အသက်ကြီးတယ်ဆိုပြီး နိမ့်တာလား "
" မဟုတ်ရပါဘူး မုကဒီနယ်သူမို့ လမ်းကြောင်းကျွမ်းတယ်လေ မြန်မြန်ရောက်ချင်လို့ပါ ဘယ်သူက မုရဲ့ Daddy ပေါက်စလေးကို နိမ့်ရက်မှာလဲ "
မုက တောင်ကြီးသူလို့ ပြောစရာမလိုအောင် ဆိုင်ကယ်မောင်းကျွမ်းကျင်သည်။ တောင်ဆင်း တောင်တတ်လမ်းကိုတောင် ဆိုင်ကယ်ကလစ်ဘီးဖြင့် ချောချောမွေ့မွေ။အရှိန်ကလဲ မြန်တာမို့ ညောင်ရွှေကို တစ်နာရီလောက်ပဲ မောင်းပြီး လှေဆိပ်ကိုရောက်လာကြသည်။လှေဆိပ်နားက အိမ်တစ်အိမ်ထဲသို့ မုဆိုင်ကယ်ထိုးရပ်လိုက်တာနဲ့ အိမ်ထဲမှ ပအို့လူကြီးတစ်ယောက်က မပီကလာပီကလာဖြင့် စကားဆိုသည်။
" မုမု...အင်းထဲ သွားဖို့လား "
" ဟုတ်တယ် ဉီးထွမ်း လှေရှိသေးလား "
" လှေကတော့...မရှိတော့ဘူး ဒီနေ့က ရေပေါ်စျေးနေ့ဆိုတော့ အိမ်စီးလှေနဲ့ပို့ပေးမယ် "
" ကျေးဇူးပါနော် မုကလဲ ဧည့်သည်ပါတော့ ဖုန်းကြိုမဆက်မိဘူး "
" ဘယ်ပို့ပေးရမလဲ မမြင့်ရက်ကန်းရုံလား "
" အန်တီမြင့်ဆီလဲ ဝင်မယ်ပြီးတော့ ဖောင်တော်ဦးဘုရားလဲ ပို့ပေးပါ "
" အဲ့တာဆို နောက်ဖေးပေါက်ကိုလာခဲ့ ညည်းအမိုးဆီက နှီး ခမောက်တွေယူသွားအုံး "
" ဟုတ်ကဲ့ ဉီးထွမ်း "
ဉီးထွမ်း၏ အိမ်အနောက်ဘက်မှာ အင်းနှင့်ဆက်နေတာမို့ လှေများကို အိမ်နောက်ဖေးပေါက်တွင် ရပ်ထားလေ့ရှိသည်။အင်းထဲ သွားလည်ပါက ဆိပ်ကမ်းတွင်ရပ်ထားသောလှေများအား ငှားမည်ဆို အတန်မဆစျေးခေါ် ကြသည်။အကြောင်းသိ နယ်ခံတွေကတော့ ဆိပ်ကမ်းဘေးက လှေပိုင်ရှင်များကိုသာ တိုက်ရိုက်ငှားကြသည်။မုဆို အင်းထဲကို အားရှိသရွေ့သွားနေကြမို့ အကြောင်းပိုသိ၏ ။
" ဒီကိုလာ ဉီး "
" အဲ့နှီးခမောက်ကြီး ကိုယ်မဆောင်းချင်ဘူး ဆံပင်ပုံပျက်လိမ့်မယ် "
" ဆံပင်ပုံက ပျက်ရင်ပြန်ပြင်လို့ရတယ် အင်းထဲမှက နေတအားလောင်တာ မရဘူး မုစကားနားထောင် "
" ဟုတ်ကဲ့ပါဗျာ "
" နှီးခမောက်ဆောင်းရမယ် Maskလဲ တပ်ထား ပြီးတော့ နေကာမျက်မှန် မျက်နှာချောချောလေး မထိခိုက်အောင် အင်ကျီကလက်ရှည်ဆိုတော့ ထပ်ဖုံးစရာမကျန်တော့ဘူး "
ပြောဆိုရင်း သူကို အကုန်ဖုံးပေးပြီး မုကိုယ်တိုင်လည်း နေမလောင်အောင်သေချာ ဖုံးရသည်။ရေပြင်ကျယ်ကျယ်တွင် နေရောင်ခြည်က တိုက်ရိုက်ထိတွေ့တာကြောင့် အင်းထဲကပြန်လာတိုင်း မျက်နှာတွေရဲစပ်တတ်သည်။သို့သော်လည်း အင်းရဲ့ အလှတရားကတော့ ထိုသို့သွားရတာလည်းတန်သည်။ပြာလဲ့သော မိုးကောင်ကင်ရောင်ထင်ဟပ်နေသော ကန်ရေပြင်ကျယ်ကြီးအား မြစိမ်းရောင် တောင်တန်းကြီးများ ဝန်းကာထားပြီး အင်းထဲတွင်ကျက်စားနေသော ဇင်ယော်ငှက်များကလည်း ဘေးတွင်တဝဲဝဲ။ရေပေါ်တွင် စိုက်ပျိုးထားသောခရမ်းချဉ်သီးခင်းများ
ပညာတတ် အင်ဂျင်နီယာများတောင်မမှီသော စနတ်တကျ ဆောက်လုပ်ထားသည့် ရေပေါ်အိမ်အမျိုးမျိုးတို့က လာသောလူတိုင်းရဲ့ မျက်စိကို အပြည့်ဝဖမ်းစားနိုင်သည်။အထူးသဖြင့် နိုင်ငံခြားသားဧည့်သည်များကိုပေါ့။မုကတော့ လှေဉီးထိပ်သွားပြီး ပိုစ့်အမျိုးမျိုးထုတ်ကာ လူကို ဓာတ်ပုံဆရာလိုပင်။ အမြဲလာနေကျသူက ကိုယ်ပဲ ဖြစ်နေသလို။
ရေပေါ်ရွာတွေ တစ်ရွာပြီးတစ်ရွာဖြတ်ပြီးတဲ့နောက်မှာတော့ ကျက်သရေအပေါင်းနှင့်ပြည့်စုံသော ဖောင်တော်ဉီးဘုရားဆီသို့ ရောက်လာကြသည်။ဉီးထွမ်းကတော့ ဒီဒေသကမို့မလိုက်ပဲ သမီးရည်းစားနှစ်ယောက်ကိုသာ အလိုက်တသိ လှေစောင့်နေခဲ့သည်။မုနဲ့ ဘုရားရော စျေးတန်းတွေကိုပါ ပတ်လျှောက်ခဲ့ကြသည်။တကယ်ကို ရှမ်းလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရမှန်းသိသာလှသည်။ဆင်းတုတော်ရဲ့ ရွှေရောင်အဆင်းမှလဲ ဝင်းဝင်းတောက်လျက်။
" ဉီးဟိုက ဟင်သာဖောင်တော်ကြီးကိုတွေ့လား အဲ့ဖောင်တော်ကြီးနဲ့ ပွဲတော်ချိန်ရောက်တိုင်း အင်းကိုပတ်ပြီး ပူဇော်ကြတာ မုငယ်ငယ်ကဆို အင်းဘုရားပွဲတိုင်း အရမ်းပျော်တာ"
" မုငယ်ငယ်က အရမ်းချစ်ဖို့ကောင်းမှာပေါ့နော် "
" သေချာတာပေါ့ ငယ်ငယ်ကဆို အင်းထဲကိုလာတိုင်း အင်းထဲက ကလေးတွေလို ခြေထောက်နဲ့ လှေမလှော်တတ်လို့ ငိုဖူးတယ် ပိုဆိုးတာက ဝေဝေကလှော်တတ်တော့ မုထက်သာတယ်လို့ ခံစားရလို့လေ "
" အဲ့ကောင်လေးက မုထက်ဘာမှမသာဘူး ကိုယ်တကယ်ပြောတာ "
" ကိုယ်ငါးချဉ် ကိုယ်ချဉ်နေပြန်ပြီ လာသွားမယ် နောက်တစ်နေရာကို "
Advertisement
မုခေါ်လာတဲ့ နောက်တစ်နေရာကတော့ အင်းထဲက ရက်ကန်းရုံနဲ့ ငွေထည်ဆိုင်ပင်။ဆိုင်လို့သာပြောတာ ရက်ကန်းရုံရော အိမ်ရောမို့ ကျယ်ဝန်း၏ ။ မုကိုမြင်တာနဲ့ ပိုင်ရှင်အမျိုးသမီးမှ သမီးလာသလို ဝမ်းပန်းတသာနှင့်။
" အန်တီမြင့်ရေ...အန်တီမြင့် မုလာတယ် "
" အယ်...မုမုလေး ဘယ်တုန်းက တောင်ကြီးရောက်တာလဲ ဝေဝေကတောင် အန်တီကိုမပြောဘူး "
" အဲ့ကောင်စုတ်ကိုတော့ ပြောမနေနဲ့တော့ အန်တီမြင့်ရယ် "
" မုမုလာတာနဲ့ အတော်ပဲ ဒီနေ့က ချည်ဆေးဆိုးတဲ့နေ့လေ သမီးအမြဲ ကြည့်ချင်တဲ့ ချည်ဆေးဆိုးနည်းကြည့်သွားပါလား "
" ပျော်စရာကြီး မုအမြဲ ကြည့်ချင်နေတာ အခုမှသတိရတယ် လာရင်းအကြောင်းကို မေ့နေတာ တကယ်တော့ အန်တီမြင့်ကို မိတ်ဆက်ပေးစရာ လူတစ်ယောက်ရှိတယ် ဒီမှာလေ မုချစ်သူ အောင်စစ်မှူး လို့ခေါ်တယ် "
မုဘေးက အောင်စစ်မှူးအား လက်မောင်းလေးချိတ်၍ ပြောလိုက်သည်။
" အမယ်လေး...မုမုတောင် အရွယ်ရောက်လာပြီပဲ ချစ်သူတောင်ရလို့ တွေ့ရတာဝမ်းသာပါတယ်ကွယ် မုမုရဲ့ သွေးမတော်သားမစပ်အဒေါ်ပါ "
" ဟုတ်ကဲ့ ကျွန်တော်လဲ တွေ့ရတာဝမ်းသာပါတယ် "
" ဒါက ဝေဝေရဲ့ အဒေါ်လေ မုက ငယ်ငယ်ထဲက လာလည်ရင်း ကိုယ့်အဒေါ်လိုဖြစ်သွားတာ အခုလာတာကလဲ မုချစ်သူကို မိတ်ဆက်ပေးချင်လို့လေ...ဒါဆို ဉီးကို အန်တီမြင့်ပဲလိုက်ပြလိုက်တော့လေ မုချည်ဆေးဆိုးတာ သွားကြည့်လိုက်အုံးမယ် ဉီးရတယ်မလား "
" ကိုယ်ကရတယ် မုသာသေချာကြည့်ပြီး ပြန်လာခဲ့နော် "
" မုမုက အရမ်းလူကြီးဆန်တယ်မလား "
" ဟုတ်တယ် ကျွန်တော်လဲ သူက အမြဲ လူငယ်လို မနေလို့ အံြ သမိတယ် "
" အန်တီက မုမုငယ်ငယ်လေးထဲက တွေ့လာတော့ သူအကြောင်းကောင်းကောင်းသိတယ် အရမ်းတော်တဲ့ကလေးမလေး ကျောင်းတတ်ထဲက စာလဲတော်ပြီး လူချစ်လူခင်လဲပေါတယ် သူများတွေကိုလဲ အမြဲ သနားတတ်တယ် "
" မုရဲ့ သနားတဲ့ စိတ်ကြောင့်ပဲ ကျွန်တော်တို့် ဆုံခဲ့တာ သူကို ကြည့်ရင် အမြဲတက်ကြွပြီး စိတ်ပျက်အားငယ်တာလဲ မတွေ့ဖူးဘူး "
" မုမုက အမြဲကြိတ်ခံစားတတ်တာ သူမှာ ပင်ပန်းစရာရှိရင်တောင်ထုတ်မပြတတ်ဘူး သူဆယ်တန်းဖြေပြီးတော့ အိမ်နဲ့ စိတ်ဆိုးပြီး အန်တီဆီပြေးလာဖူးတယ် "
" ဘာအကြောင်းကြောင့်လဲ "
" မုမုက အရမ်းစာတော်တာ အဲ့တာမို့ ဆယ်တန်းကို နာမည်ကြီးဘော်ဒါဆောင်ပို့လိုက်ပေမဲ့ သူမက အန်တီဆီလာလည်ရင်း Designerဖြစ်ချင်သွားတော့ စာမေးပွဲကို သေချာမဖြေခဲ့ဘူးလေ အမှတ်စာရင်းထွက်တော့ မိဘတွေကလဲမယုံနိုင်ပေါ့ နောက်ပြီး သူကပါ Designerပဲ လုပ်ချင်တယ်ပြောတော့ ပိုဆိုးသွားတာ သုံးလလောက် အန်တီဆီလာနေပေမဲ့ အမြဲပြုံးနေပြီ လူတွေမရှိရင်တော့ ကြိတ်ငိုရော အမြဲအဲ့လို ဖွင့်မပြောတတ်သူမို့ မင်းကပဲ မုမုကို ရှေ့လျောက် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးပါ "
" စိတ်ချပါ အန်တီ "
" လာ...အန်တီ ဟိုဘက် ငွေထည်သွန်းတာတွေလိုက်ပြမယ်"
ငွေထည်လက်ရာများမှ ရွှေလောက် အဖိုးမတန်သောလည်း အတော်လက်ဝင်လှသည်။ငွေထည်လုပ်ငန်းဟာ အင်းသူအင်းသားများရဲ့ အဓိကစားဝတ်နေရေးထဲက တစ်ခုအပါဝင်လည်း ဖြစ်သည်။ အန်တီမြင့်က ငွေထည်လက်ဝတ်ရတနာ အကြောင်းတွေကို သေချာရှင်းပြတော့ ခေါင်းထဲမှာ အကြံတစ်ခု ပြေးဝင်လာသည်။
" အန်တီမြင့် ကျွန်တော်ကို ငွေထည် လက်စွတ်လေးတကွင်းသွန်းပေးပါလား "
" မုမုအတွက်လား လက်တိုင်းကရော "
" ကျွန်တော်လက်သန်းက သူ့လက်သည်းကြွယ်နဲ့အတူတူပဲ"
" မုမုကို လက်ထပ်ခွင့်တောင်းတော့မယ်ပေါ့ "
" သူမသွားခင်ကြိုးစားကြည့်ရမှာပဲ ဖိအားလဲ သိပ်မမေးချင်ဘူး ငယ်သေးတော့ "
" ဟုတ်ပါပြီ... အန်တီမြင့် ဉီးစားပေးစီစဉ်ပေးလိုက်မယ် "
" ကျေးဇူးပါ အန်တီမြင့် "
°°°°°°°°°°°
တောင်ကြီးကနေ မုကတော့ စိုင်းဝေကိုတောင်မစောင့်ပဲ အောင်စစ်မှူးနဲ့အတူ ပြန်လိုက်လာခဲ့သည်။ရန်ကုန်ရောက်ထဲက မုသူငယ်ချင်းတွေနဲ့ မနေတော့ပဲ ကျွန်တော်အိမ်ကိုသာ လိုက်ပြောင်းနေသည်။မိဘနဲ့ခွဲတာ သိပ်မကြာသေးလို့လား သူငယ်ချင်းတွေနဲ့ ခွဲရလို့လားမသိ ဒီရက်ပိုင်း မုမျက်နှာသိပ်မကောင်းချေ။သူမကတော့ အမြဲပျော်နေသယောင်။အခုရက်ပိုင်းလဲ ဂိုဏ်းထဲက ထွက်ဖို့လုပ်နေတာနဲ့ ရှုပ်နေတာကို မုသိတာကြောင့်လဲပါမည်။အိမ်ပြန်နောက်ကျတိုင်း မုကလဲမမေးပဲ တစ်ခုခုကို ဝမ်းနည်းနေတာတော့ သေချာသည်။
" Hello...မု ကိုယ်ဒီနေ့ Meeting ရှိလို့ သင်တန်းဆင်းပွဲမလာဖြစ်တော့ဘူး စိတ်မဆိုးနဲ့နော် "
" ရပါတယ် မုသဘောပေါက်တယ် ဉီးကအလုပ်များတဲ့လူလေ မုကြောင့်အနှောင့်ယှက်မဖြစ်ရင်ပဲတော်ပါပြီ "
" ကိုယ်က လျှောက်ပွေနေတာလဲ မဟုတ်ဘူးနော် ကိုယ်ကို အိမ်မှာသာ စောင့်နေ ဒီနေ့မုကို ဂုဏ်ပြုညစာစားပွဲ လုပ်ပေးမယ် "
" မုကို အရမ်းမရှင်းပြပါနဲ့လား မသိရင် အိမ်ကမိန်းမ ရစ်မှာကြောက်နေတဲ့လူကျနေတာပဲ "
" အဲ့လိုပဲဟာကို "
" သိပါပြီရှင်...Meeting သာ မြန်မြန်လုပ်ပြီး ပြန်လာပါ မုစောင့်နေမယ် "
" ဒါဆို See you အရမ်းချစ်တယ် "
" မုရောပဲ အရမ်းချစ် "
တကယ်တော့ မုအိမ်ပြန်ရမှာကို လုံးဝမပျော်ပါ။အိမ်ကလည်း အရမ်းကျယ်ပြီး တစ်ယောက်ထဲ ပြန်သွားတိုင်း အမြဲအထီးကျန်ရသည်။သို့ပေမဲ့ ထိုအိမ်ကြီးတွင် တစ်ယောက်ထဲနေခဲ့ရသော ဉီးကိုလဲ အမြန်ပြန်လာပါလို့ မပြောရက်။မုအတွက်ဆို အရာရာစွန့်လွတ်ရဲတဲ့ ဉီးကို ထပ်ပြီး အပူမပေးချင်။သူဒီလောက်လုပ်ပေးထားတာတောင် မုမပျော်တာသိရင် စိတ်မကောင်းဖြစ်မည်ကိုလဲ မလိုလား။စိတ်အားတင်းပြီးတော့သာ နှေးကွေးသော ခြေလှမ်းများနှင့် အိမ်ကိုအရောက်ပြန်လာခဲ့သည်။အိမ်ရှေ့ရောက်တာတောင် တံခါးကိုမဖွင့်နိုင်။အတန်ကြာအောင် ရပ်နေမိပြီး ဒါငါနဲ့ဉီးနှစ်ယောက်နေတဲ့ အိမ်ပါလေးလို့ နှလုံးသွင်းပြီး ဖွင့်လိုက်တာနဲ့ တပြိုင်နက်......
Advertisement
( ဖောင်း...ဖောင်း...ဖောင်း... )
" Congratulation ပါမုမု "
" နောက်ဆုံးတော့ ငါတို့ရဲ့ ကလေးလေး Designer ဖြစ်ပြီ "
" နင် နာမည်ကြီး Designerဖြစ်ရင် နင့်ဝတ်စုံနဲ့ ငါကို Catwallk ပေးလျှောက်ရမယ်နော် "
" ဒေါ်လေးရေ Designer ဖြစ်သွားလို့ ဝမ်းသာပါတယ်နော် "
ဘယ်ကနေဘယ်လိုရောက်လာလဲတော့မသိ မုရဲ့ ခေါင်းပေါ်သို့ ဂုဏ်ပြုကြိုးမျှင်လေးတွေ ဖောက်ပြီး Supriseလာလုပ်ပေးကြတဲ့ လူလေးယောက်ကြောင့် မုယုံတောင်မယုံကြည်နိုင်ခဲ့။
" ကိုမဟာ...ဒီဒီ ဒါဒါ...သင်းသန့် ဘယ်ကနေဘယ်လို တော်သေးတာပေါ့ ဉီးမရှိရင်တောင်နင်တို့ကြောင့် ငါအရမ်းပျော်တာပဲ "
" ဟဲ့ နင်ဉီးက ဒီနေ့ရဲ့ အဓိကပွဲစီစဉ်သူနော် "
" ဟမ်! !! ဉီးက... "
" ကိုယ့်ရဲ့ မျောက်မလေးရေ ဒီကိုလာပါအုံး "
မြင်ကွင်းရှေ့ကွယ်ထားတဲ့ လေးယောက် ဖယ်ပေးလိုက်တာနဲ့ လက်ထဲတွင် နှင်းဆီအပွင့်တစ်ရာပါသော ပန်းစည်ကြီးကို ကိုင်ပြီး အချိုသားဆုံးအပြုံးတွေဖြင့် မုကို ကြိုဆိုနေသော ဉီးကြောင့် ရင်ထဲမှမျက်ရည်များ လှိုက်ဖိုလာခဲ့ပြီ....။
Episode 30 Coming Soon
ပထမဆုံးရေးတာမို့ အမှားပါရင် သည်းခံပေးကြပါ။ 🙏🙏🙏
#Zawgyi
" မုလဲ လာပါပြီ ဉီးရဲ့ "
" ဘယ်ပေါ်တတ်ကမှာလဲ "
" ဆိုင်ကယ်ပေါ်လေ "
" ကားနဲ့ သွားမယ်လေ "
" မသွားချင်ဘူး အိမ်ကကားက ဖေဖေယူသွားလို့ ညောင်ရွှေရောက်ရင် လှေသမားအိမ်မှာ ကားထားခဲ့ရမှာ ဉီးကားကြီးက ဈေးကြီးတယ် BMWမို့ မုဆိုင်ကယ်နဲ့ပဲ သွားမယ် ညောင်ရွှေနဲ့ တောင်ကြီးကလဲ သိပ်မမောင်းရဘူး "
" မောင်းတတ်လို့လား "
" လှေကတော့...မရှိတော့ဘူး ဒီနေ့က ရေပေါ်ဈေးနေ့ဆိုတော့ အိမ်စီးလှေနဲ့ပို့ပေးမယ် "
" ဟုတ်ကဲ့ ဉီးထွမ်း "
" ဒီကိုလာ ဉီး "
" ဟုတ်ကဲ့ပါဗျာ "
" ဟုတ်တယ် ကျွန်တော်လဲ သူက အမြဲ လူငယ်လို မနေလို့ အြံ သမိတယ် "
" ဘာအကြောင်းကြောင့်လဲ "
" စိတ်ချပါ အန်တီ "
" ကျေးဇူးပါ အန်တီမြင့် "
" အဲ့လိုပဲဟာကို "
" မုရောပဲ အရမ်းချစ် "
( ဖောင်း...ဖောင်း...ဖောင်း... )
" ဟမ်! !! ဉီးက... "
Advertisement
- In Serial63 Chapters
Alphas Betrayal
Abandoned by the world, Octavia Johnson is destined to suffer. The pain is fleeting. Momentarily wounding her. But the betrayal. The betrayal is carved so deeply into her memories. Permanently residing in the darkest parts of her mind, never letting her forget the years of torture and abuse That face that is burned into her mind, the face she will never forget. Never forgive. Alpha JudaHis rejection comes as no surprise but what follows will shock her to the core. Will Octavia survive these trials given by the moon goddess herself?Will she finally get her happily ever after?Cover credit [email protected](Check out her work! Fantastic)MATURE AUDIENCE ONLY 18++⚠️⚠️ book has triggers. Mentions rape, abuse, suicide & violence ⚠️⚠️🌶🌶🌶 contains smutty content🌶🌶🌶
8 66266 - In Serial9 Chapters
Teaching Submission
Have you ever thought about sleeping with your math teacher for a grade? Well I have. And I did... 16 and failing math class. No need to freak out, happens to just about every 16 year old out there right? My names Ali. Or Allison Perez. You see, I have this class with this teacher whom is ridiculously hot! Thing is, I'm failing that class and with some self persuasion I've come up with a stupid plan. 26 and teaching students of South Brook high school. I'm James Freedman. I enjoy my job, and my students. Some more than others but I still enjoy them. But when a failing student that you've come to see takes a liking to you, offers to sleep with you...what do you do then? There's the obvious answer but then, there's the stupid answer that you just can't turn away from.
8 183 - In Serial6 Chapters
Fairy Godmother Inc. (Apollo's Angel- Book 1)
"All you must do is sign on the dotted line and all your romantic dreams will come true," the Fairy Godmother says with a twinkle in her eye. This is what happens when you do not read the fine print in a very detailed contract, you miss all the things that are immediate deal breakers. Viola Vonsula, a proud resident of New Orleans, lives on the top floor of an old Victorian mansion on a very normal street. But normal is no longer a word she can use to describe her life since signing the official contract of Fairy Godmother Inc. They forgot to tell her that she would be competing against other women in a very dangerous game. A game where she would be thrust into an alien world for the mere hope of catching the dashing Prince's heart. And let me say this, this prince is one hot alpha-male that has a serious attitude problem. We do not get along save for the fact that he can turn my insides to mush with one look. But the silver lining here is that you can have a happily-ever-after if you survive. You can't fall in love if you're dead. It tends to spoil the romance. Just a couple reviews "I just finished reading the book and I'm telling you YOU WILL NOT REGRET READING IT! ITS ONE OF THE BEST BOOKS IVE EVERR READ AND THAT IS SAYING A LOT!" -LoveYouToo200624 "I love you so much much for creating such a masterpiece. It's absolutely awesome. It deserves to be published. Can I advertise it on my board?💞💞💞💕🔥💕💜💙💛🧡💝💝♥️💖❣️❣️" -Bop-Jae "OMGGGGG IM CRYING THIS BOOK IS ONE OF MY FAVORITES" -thisbitchisahoe "Okay so this is my 3 favorite book of all time in my whole short time of existence" -EscurasRain "I loved this story. I cannot wait until the next story gets posted ❤️❤️❤️" -whatsmyusername17 "Oh God, oh god, oh god I can't believe I haven't read your book before!!! U r an amazing writer, DAMN it got me hooked, I finished ur 1st book in like 3 hrs" -Sleepy_headd
8 181 - In Serial105 Chapters
Lusting for you-completed
Kira Allen and Lucian Pall are no love struck strangers. Instead they have known each other their whole lives and while Kira considers Lucian the love of her life. He thinks of her as nothing more than mere food. Will Lucian love her back or is it a bite all he's after.
8 78 - In Serial73 Chapters
Oneshot Per Day
A one shot a day keeps writers block away! This book will be filled with weird shit and fluff and angst and pure CrAcK. Some of your favorite ships and others that you didn't know existed.I will take requests but I don't write smut or lemon or anything in betweenI'm a liar, updates have become irregular/not every dayRANKINGS 🏆#15 in Knickle#9 in Silvercandle#21 in Fantube #222 in Lightbrush (used to be 25 😭🔫)#18 in onehfj#72 in Payjay#4 in Salter#7 in Salt x pepper#1 in knifebrush#7 in Suitloon
8 73 - In Serial54 Chapters
Im a villainess that is destined to die
Im Stella De- oh wait....i was Stella Devan right now im reborn as a baby and u might be wondering how i got here well... ( cue drumrolls ) I died, u surprised yet?...I died because of a stupid fire that broke out on my apartment (im not toxic)..well anyways i died and now im here, this time im gonna live a happy and luxurious life!...IM IN AN OTOME GAME AND IM THE VILLAINESS?!?!?!i dont want to die again! ill make sure ill survive,let the games begin.| all pictures used are NOT mine, all credits belong to the owners | This is my first novel so expect some grammar mistakes and stuff, ill try my best to update! enjoy reading ^^
8 165